PYAE WA Pharmacy

PYAE WA Pharmacy Pharmacy

02/01/2023

📣📣ပြည့်ဝဆေးဆိုင်အား📣📣
(၄-၁-၂၃)ရက်နေ့ မှ (၇-၁-၂၃)ရက်နေ့
ထိ ၄ရက် ပိတ်ပါမည် ခင်ဗျာ။

02/11/2022

ပြည့်ဝဆေးဆိုင်

ပြန်ဖွင့်ပါပြီခင်ဗျာ

08/12/2021

10.12.21ရက်နေ့

ဆိုင်ပိတ်ပါသည်။

COVID 19 Delta မျိုးစိတ်တွေ့ရှိ၍ ပိုမိုဂရုစိုက်ကြပါ
01/09/2021

COVID 19 Delta မျိုးစိတ်တွေ့ရှိ၍ ပိုမိုဂရုစိုက်ကြပါ

နယ်စပ်ကနေ O^2Concentrationစက်တွေ အလုံးထောင်မက တင်သွင်းတာ တရုတ်စက်တွေ ဗီယက်နမ်စက်တွေ ထိုင်းစက်တွေ ပတ်ပတ်သွင်း၀င်နေလိုက်တာ...
16/07/2021

နယ်စပ်ကနေ O^2Concentrationစက်တွေ အလုံးထောင်မက တင်သွင်းတာ တရုတ်စက်တွေ ဗီယက်နမ်စက်တွေ ထိုင်းစက်တွေ ပတ်ပတ်သွင်း၀င်နေလိုက်တာ
၀ယ်တဲ့သူတွေလည်း အပေါ်က အကြံပြုချက်လေးတွေကို ဖတ်သိနားလည်ပြီး စုံစမ်း‌၀ယ်စေချင်တယ် ။
ရောင်းတဲ့သူကလည်း တင်သွင်းတဲ့သူကလည်း
အမျိုးစားကောင်းကောင်း တင်သွင်းစေချင်တယ်။
ပြည်ပဈေးနဲ့ ပြည်တွင်းရောက်စေက တစ်ချို့ဆို သိန်းချီကွာနေလိုက်တာ တအားပဲ။
အကယ်၍ လိုအပ်ပဲဖြင့်ဖြင့် ကြို၀ယ်ပဲဖြင့်ဖြင့် compressorကောင်းကောင်း အားကြီးတာ၀ယ်ကြပါ ခင်ဗျ။
ကျွန်တော်တောင် တင်သွင်းတာ ဟိုလူလက်ဆောင်ပေးရ
ဒီလူလက်ဆောင်ပေးရ ဟိုလူကတောင်း ဒီလူကတောင်း
အကုသိုလ်စိတ်ဖြစ်မိသွားလို့ ကျွန်တော် (မိမိပါ)မလုပ်တော့ပါကြောင်း။
မိမိကိုယ်တာ မိမိစောင့်ရှောက်ပြီး ကျန်းမာအောင်တာ ကံပြုနေရပါကြောင်း...
လူတိုင်းနေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေ....
🙏🙏🙏တစ်ကယ်ဖြစ်ပြီးသားသူတွေကသတိပေးတယ် အစ်မ လျှောက်မဝယ်နဲ့နော်တဲ့ သူတို့အိမ်မှာ 5L 8L တွေတကယ်အောက်စီဂျင်လိုတဲ့အခါပေးလို့မရဘူး အလကားဖြစ်ကုန်တာ Liter တစ်ခုထဲကြည့်မဝယ်နဲ့… ပြီးတော့ စက်ပြန်သန့်ဖို့ လေ ပြန်သန့်ရှင်းရေးလုပ်တာတွေလည်းအရေးကြီးတယ် အောက်က အချက်တွေရှိတဲ့ဟာနဲ့ စိတ်ချယုံကြည်ရတဲ့ ဟာပဲဝယ်ပါတဲ့ နို့မို့ဆို ပိုက်ဆံလည်းကုန် စိတ်လည်းညစ်ရတယ် တကယ်အသုံးတဲ့တဲ့ပစ္စည်းထပ်ဝယ်ဖို့မလွယ်သလိုပိုက်ဆံလည်းအရမ်းကုန်ပါမယ်တဲ့ အပူပေါ်အပူဆင့်နေရမယ်နော်တဲ့…

Oxygen concentrator ရောင်းတဲ့သူတွေကလည်းသေချာနားလည် ပြီး သေချာသိ မှ သွင်းပေးပါနော် oxygen concentrator ဆိုပြီးသွင်းမလာကြပါနဲ့ 10Lဆိုပြီးလည်းမရောင်းကြပါနဲ့…. မရှိတာထက်စာရင်ဆိုတာက တကယ်ဖြစ်ရင်သုံးလို့မရတာပါ။
​
Oxygen Concentrator စက်က Liter တစ်ခုထဲပေါ်မှာ အခြေခံတာမဟုတ်ဘူး

အောက်ကရေးပြထားတဲ့ အချက် (၄) ချက်ပေါ်မှာ အခြေခံတာ

Concentration (%)
* 90% -96% ရရင် ဝယ်
*အဲ့လောက်မှ မရရင် မဝယ်နဲ့
*အပြင်အလကားရတဲ့လေသာရှူကြ

Output Pressure (kpa)
* 30kpa - 60kpa ရရင် ဝယ်
* အဲ့ဒါအဆုတ်အတွက်အကောင်းဆုံး Range
* အဲ့ထက် ပိုနေ/ လိုနေလဲ အဆင်မပြေ

Flow rate (liter/min)
* Medical grade မှာ တစ်မိနစ်တိုင်း 1 liter ကနေ 5 liter အထိပေးလဲ concentration 96% မှာ အငြိမ်ရှူနေရုံပဲ (10 liter ဆိုတာမပါဘူးနော် သေချာကြည့်)
* Non Medical မှာတော့ တစ်မိနစ်တိုင်း liter များလေလေ concentration ကျလေလေပါပဲ
* အဲ့တော့ အပြင်မှာ အလကားရတဲ့လေကလဲ 25% ရနေတာပဲလေ ငွေနဲ့ဝယ်ရှူမနေနဲ့

Consumption (Watt)
* 300W - 400W လောက်ရမှဝယ်ကြ
* အဲ့လောက် watt ရမှ Compressor ကကောင်းကောင်းအလုပ်လုပ်နိုင်မှာ
* အဲဒါမှ လိုချင်တဲ့ Oxygen Pure (%) ထိရောက်အောင်လုပ်ပေးနိုင်မှာ
* အဲ့လောက်မှ မရရင် compressor အတွက်က အပိုပဲ ဝယ်မနေနဲ့

10 Liter က covid အတွက်ပိုကောင်းတယ်လို့
ဘယ်သူညှော်တာလဲ
သူများက 10 Liter ဆိုတိုင်း 10 Liter နေကြတာ
ကိုယ်ကဘာအတွက်တုန်းမှာလဲ သေချာစဉ်းစား သေချာရွေး
10 Liter ဆိုပြီး စျေးတွေအဆမတန်တင်ရောင်းနေကြ
ဘယ်နိုင်ငံကမှ လက်မခံတဲ့ တရုတ်နိုင်ငံကတချို့စက်တွေကို Online Shopping မှာ အဝတ်အစားဝယ်သလိုနဲ့အလုအယက်ဝယ်နေကြတဲ့ ငါတို့ပြည်သူတွေကိုသနားလွန်းလို့ပါ

Medical Grade များသာဝယ်ဖို့လိုပါတယ်

Photo to. fb. .

07/07/2021

Oxygen ပြတ်ပြီး သေနေတာတွေဟာ Oxygen ရှာရခက်လို့/ Oxygen ဘယ်လောက်ပဲ ကြာကြာခံတော့မယ်ဆိုတာ ကြိုတင်မတွက်ဆထားကြလို့ ဒုက္ခရောက်ကြတာ များပါတယ်.

ခုချိန်မှာ Covid ကြောင့် Oxygen level နည်းနေတဲ့လူနာကို တစ်နေရာကနေ တစ်နေရာကို လွှဲပြောင်းတော့မယ်ဆိုရင် ခုလက်ရှိ Tank ထဲက Oxygen ဟာ ဘယ်လောက် အချိန်အတိုင်းအတာထိပဲ လုံလောက်မှုရှိမယ်ဆိုတာ တွက်ချက်ထားရပါမယ်. မတွက်ထားပေးရင် Oxygen ပြတ်ပြီး လူနာသေပါလိမ့်မယ်.

မြန်မာပြည်မှာ များသောအားဖြင့် သုံးနေတဲ့ Oxygen tank တွေဟာ များသောအားဖြင့် Tank D လို့ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်) နဲ့ Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 600 L ဝန်းကျင်) တွေ ဖြစ်ပါတယ်.

လူနာရှူနေတဲ့ Oxygen flow rate နဲ့ ရှေ့ခရီးဆက်ရင် Tank ထဲက Oxygen ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ မြန်မြန်သိချင်ရင် သင်္ချာအခြေခံ ( နုတ်, မြှောက်, စား) ကို အခြေခံဝန်ထမ်းတစ်ယောက်အနေနဲ့ သိနေရပါမယ်.

1) Tank pressure ကို ညွှန်ပြတဲ့ လက်တံလေးကို ဖတ်လိုက်, eg. 1200 PSI)
2) ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်လိုက် (eg. 1200-200 = 1000 PSI)
3) ပြီးရင် ကိန်းသေနဲ့ မြှောက်ပါဦး (ဖြတ်လမ်းအားဖြင့် အိုးတိုအတွက်ဆို ကိန်းသေ 0.16, အိုးရှည်အတွက်ဆို ကိန်းသေ 0.28 ဆိုတာကို မှတ်ထား)
4) မြှောက်လို့ရလာတဲ့ အဖြေကို Oxygen flow rate နဲ့ စားလိုက်ပါ (eg. 5 L/min)

ဒီတော့ အပေါ်က Eg မှာ သယ်ရလွယ်တဲ့ အိုးတိုအတွက်ဆိုရင်
1200-200 = 1000
1000 * 0.16 = 160
160÷5 = 32 (မိနစ်) ပဲ ခံပါတော့မယ်. ၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ.

ဒီတော့ ခြုံငုံပြောရရင် ခရီးအကွာအဝေးအလိုက် Oxygen ကို လူနာတင်ကားပေါ်မှာ လုံလောက်စွာ သယ်သွားရပါမယ်. Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် သေသွားနိုင်ပါတယ်.

ခုခေတ်လူတိုင်းနီးပါးရဲ့ ဖုန်းမှာ Calculator ရှိပါတယ်. တွက်ရတာ လွယ်လွန်းပါတယ်. ခက်လည်း မခက်ပါဘူး. ဒါလည်း Covid ကာလမှာ လူနာအသက်ကယ်နည်းတစ်မျိုးပါပဲ. အရေးကြီးပါတယ်. ဉာဏ်သုံးပြီး အားလုံးအဆင်ပြေကြပါစေ.

ဗီဇပြောင်း Covid 19  ရောဂါလက္ခဏာများ~~~~~~~~~~~~~~~~~~~~~~~~~~~~~ထိုင်းနိုင်ငံတွင် ကူးစက်ပျံ့ပွားနေသည့် ဗြိတိသျှမျိုးစိတ...
20/04/2021

ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံတွင် ကူးစက်ပျံ့ပွားနေသည့် ဗြိတိသျှမျိုးစိတ်အသစ် ကိုဗစ်ရောဂါသည် စိုးရိမ်ဖွယ်ကောင်းသည့် ကူးစက်မြန်၊ ပျံ့နှံ့လွယ်အဆင့်သုိ့ ရောက်ရှိလာပြီဖြစ်သည်။

မျိုးဗီဇပြောင်းဖြစ်ကြောင်းကိုလည်း စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ကူးစက်မှုသည် ယခင်ကထက် ၃၀ မှ ၅၀ ရာနှုန်းအထိ ပိုမိုပြင်းထန် အားကောင်းပါသည်။

ထို့ကြောင့် လူတိုင်း သတိရှိရန် လိုအပ်ပါသည်။

🔴 ဗီဇပြောင်း Covid 19 လက္ခဏာများ 🔴

🔴 ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရ။ှိ
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

🔴 ၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5°C ဖြစ်သည်။ သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

🔴 ၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5°-36.7°C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

🔴 ၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37° C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ၀မ်းလျှော၍ အော့အန်မည်။

🔴 ၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4°-37.8°C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်။
၄။ အပြင်းအထန် ၀မ်းလျှောမည်။
၅။ အော့အန်မည်။

🔴 ၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38°C +++ အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

🔴 ၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။

ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

-----
Info from the hospital. Chulalongkorn
* The outbreak that is coming from yesterday and today is breed B. 1.1.7 or British variant that has gone viral.
(Genome check confirmed)
The outbreak will be 30 to 50 % stronger. should be careful.
Covid-19 signal. Summary from Sathorn.
Face will help each other.
#อาการวันต่อวัน
Day 1-3
1. looks like a cold.
2. little sore in neck
3. No fever, no tiredness.
4. eat / drink normally
…………
Day 4
1. little sore throat
2. talk starts hurting in the neck
3. Fever looks normal 36.5°C
Lol disturbing with eating
Lol little headache lol
6. light belly.
Lol feel like getting drunk
…………
Day 5
1. pain in the neck. Talk _ hurt
Lol little bit tired
3. mercury fever 36.5°-36.7°C
3. Tired, joint pain.
……………
Day 6
1. Mercury. Fever 37° C+
2. dry cough.
3. neck pain while eating / talking
4. tired, nauseous
5. occasional difficulty breathing
6. inches feels pain
7. diarrhea, vomit.
…………
Day 7
1. fever 37.4°-37.8°C
2. consecutively coughing with phlegm.
3. body / head ache
4. very diarrhea
5. vomit
……………
Day 8
1. fever 38°C +++
2. difficult to breathe.
3. consecutive coughing
4. Headache, joints, muscles
5. limb and bottom pain
……………
Day 9
1. no better and worse
2. very high fever
3. symptoms have collapsed.
4. fighting to breathe
Symptoms on the 9th. Need blood test CT Scan chest.
For mutual benefit, you can share or pass on information.
Thank you.

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

CREDIT

20/02/2021
31/12/2020

မိတ်ဟောင်း မိတ်သစ်များ နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ ကျန်းမာ ချမ်းသာကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

နတ်လူ သာဓုခေါ်စေသော်....
28/10/2020

နတ်လူ သာဓုခေါ်စေသော်....

15/09/2020

#ကိုဗစ်ပညာပေးဆောင်းပါး

ရုတ်တရက် အနံ့ ပျောက်သွားရင် ဘာလုပ်ရမလဲ မေးရင်
ကိုယ့်ဘာသာ Home Q ကြရမယ်. .

သူငယ်ချင်းတစ်ယောက် အနံ့ပျောက်နေတယ်
ဆိုလို့ ရေးဖြစ်ပါတယ်။
အများစုက ဆေးရုံရောက်ရင်
တော်တော်နဲ့ပြန်မဆင်းရမှာ ရယ်၊
အိမ်ကို ဝတ်ဖြူစင်ကြယ်တွေ လာပိတ်မှာရယ်၊ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေမခံချင်တာရယ် တွေနဲ့
မသွားကြဘဲကုချင်နေကြပါတယ်။

ဆရာဝန်တွေကိုယ်တိုင်က P သမားကို ဆေးရုံမတင်ဖို့ Home Q ထားဖို့ ဝိုင်းပြောနေချိန်၊ ကိုယ်ကလဲ ထောက်ခံတဲ့ဖက်ကဖြစ်ပါတယ်။

အနံ့ပျောက်မယ်
ဖျားမယ်
Positive သမားနဲ့ Contact နီးနီးစပ်စပ်ရှိခဲ့မယ်၊
(၅ မိနစ်အထက်)ဆိုရင်
ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။

ဘယ်လို Q မလဲ ....

#အိမ်မှာ အခန်း ရှိရင် ခွဲနေပါ၊
ဘယ်သူမှ အခန်းထဲမဝင်ပါစေနဲ့။

#အခန်းသတ်သတ်မရှိရင်
လေဝင်လေထွက်ကောင်းတဲ့နေရာမှာ
ကန့်ပြီးနေပါ။ ပြတင်းပေါက်
အမြဲဖွင့်ထားပါ။ဘယ်သူမှ မလာပါစေနဲ့။
ကိုဖြစ်နိုင်ရင် အမြဲတပ်ထားပါ။
ဘယ်သူမှ မလာရင်၊
အလုံပိတ်အခန်းဆိုရင် မတပ်လို့ ရပါတယ်။

#နေ့စဉ်စားသောက်စရာကို
အခန်းဝ ချထားခိုင်းပါ။ လူမရှိမှ ထွက်ယူပါ။

#စားပြီးပန်းကန်ထည့်ရန် အခန်းဝတွင်
ဆပ်ပြာရည်ဇလုံတစ်ခုထားပေးပါ။
ဇလုံထဲက ဆေးစရာတွေကို
နာရီဝက်ကျော်မှ လာယူပါစေ။

#အဝတ်ဟောင်းများထည့်ရန်
အခန်းဝတွင် ဆပ်ပြာရည်ပုံးတစ်ခု
ထားပေးပါ။ နာရီဝက်ကျော်မှ လာယူပါစေ။

#အိမ်သာ ရေချိုးခန်းသွားမယ်ဆို
လူတွေ အကုန်ရှောင်ခိုင်းပါ။
ကိုယ်ဖြတ်သွားချိန် Mask တပ်သွားပါ။
လမ်းတွင် ဘာမှ မထိ မကိုင်ပါနှင့်။

#နေ့စဉ် စီဗစ် 500mg
(MPF BPI ဆိုလျှင် ၅ လုံး) အထိ သောက်ပါ။

#အားဆေးများအား
အလွန်အကျွံမသောက်ပါနှင့်။
သောက်ချင်လျှင် ကြိုက်ရာတစ်မျိုး
တစ်နေ့တစ်လုံးသာ သောက်ပါ။
အားဆေးသောက်ခြင်းကို အားမပေးပါ။
(တချို့ အားဆေးရဲ့ ဗူးပေါ်မှာ Vit C တစ်လုံးမှာ 1000 mg နဲ့ အခြားဟာတွေပါတယ်တဲ့၊ ၂ ကြိမ်
မလိုတာကြီးကို Vit C တစ်နေ့ 2000 mg သောက်ခိုင်းနေတာ အဓိပ္ပါယ်မရှိပါဘူး)

#ပါရာစီတေမာ
ဖြစ်နိုင်လျှင် အဖျားရှိလျှင်တောင်
အဖျားမကြီးလျှင် မသောက်ပါနှင့်။
ပါရာစီတမောဝင်လျှင်
အသည်းက ပိုအလုပ်လုပ်ရပါသည်၊
အစာအိမ်ထိပါသည်။
ပါရာစီတမောသည် ကိုယ်ပူ ခေတ္တ
ကျစေတာဖြစ်ပြီး ကိုဗစ်ကို မပျောက်စေ
မသက်သာစေနိုင်ပါ။
(ကိုဗစ်ကြောက်လို့ သိပ်သောက်ချင်ရင် နေ့စဉ် စီဗစ်ပြောင်းသောက်ပါ )
၇၀ ရာခိုင်နှုန်းကျော်မှာ လုံးဝမဖျားဘဲ လူကောင်းအတိုင်းသာ ကိုဗစ်ပျောက်သွားပါသည်။

#အားရှိစေရန်အတွက်
ကွကျဥ၊ အသားငါး၊
အသီးအရွက်များများစားပါ၊
ကိုယ်ခံအားတက်စေမည့် ဗီတာမင်နှင့် အခြားဓါတ်များသည် အသီးအရွက်များတွင် အဓိကပါသည်။
အားဆေးမလိုပါ။

#နေ့စဉ် ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်းလုပ်ပါ။
၂နာရီခန့်ကြာအောင် နားလိုက် လုပ်လိုက်ဖြင့်
ချွေးပြိုက်ပြိုက်ထွက်သည်အထိ လုပ်ပါ။
လေ့ကျင့်ခန်းသည် ကိုယ်ခံအား ပိုကောင်းလာစေသည်။

#ဆားရေနွေး တနေ့ ၃ကြိမ် ငုံပေးပါ။
#အသက်ရှူလေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
အဆုံးအထိ ရှူသွင်းပြီး
ဖြေးညှင်းစွာ ရှူထုတ်သည်ကို
၁၅ မိနစ် နာရီဝက်ခန့် နေ့စဉ်လုပ်ပေးပါ။

#ဆေးလိပ်အရက်သောက်သူများ
#ဖြတ်ထားပါ။

#နွေးနွေးထွေးထွေးနေပါ။
အအေးမခံပါနှင့်၊ အဲကွန်းရှေ့ ပန်ကာရှေ့
တိုက်ရိုက်လေထိသည့်နေရာ မနေပါနှင့်၊
မအိပ်ပါနှင့်။ အေးစက်ခြင်းသည်
ကိုယ်ခံအားကိုကျစေသည်။
(ရေချိုးလျှင် ရေနွေးဖြင့်ချိုးနိုင်ချိုး။)
ညအိပ်လျှင် ရင်ဘတ်ကို စောင်တင်ပြီး
နွေးနွေးထွေးထွေး ထားပါ။

#ဘယ်အချိန်ဆေးရုံသွားရမလဲဆို
ကိုယ်ပူချိန် အရမ်းတက်သွားလျှင်၊
အသက်ရှူကြပ်လာရင်ဆေးရုံကို ဖုန်းဆက်ခေါ်ပါ။
အနံ့ပျောက်သည် ဘာညာဆိုလျှင် လာခေါ် လိမ့်မည်။
(ကိုယ်ပူချိန်အရမ်းတက်လျင် အိပ်လျှင် ညဉ်းပါသည်၊ ကယောင်ကတမ်းတွေပြောပါသည်)

#အသက်ရှူကြပ်လျှင်
#ဆေးရုံကားမလာခင်
#မှောက်ရက်နေပါ။
#သက်သာပါသည်

#ဆီးချို သွေးတိုး နှလုံး အသည်း ကင်ဆာ
စသည့်ရောဂါကြီးများ အခံရှိလျှင်၊
ဆေးလိပ်အလွန်အကျွန်သောက်သူဖြစ်လျှင်၊
အသက် ၇၀ အထက်ဖြစ်လျှင် အနံ့ပျောက်သည်နှင့် ဆေးရုံသို့ တန်းသွားပါ။

#အနံ့ပျောက်ပြီး ၁၄ ရက်ပြည့်လို့
ဘာမှမဖြစ်ဘူးဆိုလျှင် ထွက်လို့ရပါပြီ။
မိမိအခန်းကို နေရောင်ပြပါ။
လေဝင်လေထွက်ကောင်းအောင်ထားပါ။

ကျန်းမာချမ်းသာကြပါစေ။
Dr.Moe Moe Thi

13/09/2020

မိဘပြည်သူများရှင်၊
အရေးကြီးလို့ သတိပေးတောင်းဆိုပါရစေ။
အဓိက လူနာအရေအတွက်ရှေ့ပြေးနေတဲ့
ကျွန်မတို့ မြို့ရွှေရန်ကုန်က မိဘပြည်သူများ-
၁။တတ်နိုင်သမျှ အိမ်ပြင်မထွက်ဘဲနေလို့ရလျှင် အိမ်ထဲမှာနေရန်။
၂။လိုအပ်၍လမ်းထွက်တိုင်း Mask ကို နှာခေါင်းနှင့်ပါးစပ်တို့ကို လုံအောင်တပ်ပါ။
၃။မေးစေ့တွင်လုံးဝမချိတ်ပါနဲ့။ မေးစေ့တွင်ချိတ်ထားစဉ် နှာခေါင်း၊ ပါးစပ်ပတ်ဝန်းကျင်တွင် ပိုးများကပ်နေနိုင်ခြင်း၊ (သို့) အသက်ရှူစဉ်ပါသွားခြင်း၊ (သို့) မေးစေ့ကနေ အပေါ်သို့ ဆွဲအုပ်လိုက်ပါက အကယ်၍ ရောဂါပိုးရှိ‌ နေသော ပတ်ဝန်းကျင်ဖြစ်နေပါက ရောဂါပိုးများ အလုံးလိုက်အုပ်ရှူခိုင်းသလို ဖြစ်တဲ့အတွက် အန္တရာယ်အထူးများပါတယ်။
၄။သုံးပြီးသား Mask အလွယ်တကူ လွှင့်မပစ်ပါနဲ့။
၅။Face Shield ထပ်တပ်လိုက တပ်နိုင်ပါသည်။
သို့သော် Mask မတပ်ဘဲ Face Shield တခုတည်းတပ်၍ ရောဂါ ကူးစက်မှုကိုမကာကွယ်နိုင်ပါ။
၆။အပြင်က ပြန်လာသည်နှင့် လက်ဆေးပါ။
အဝတ်အစား တခါတည်း ဆပ်ပြာရည်စိမ်ပါ။
ရေချိုးလျှင်အကောင်းဆုံးပါ။
အသုံးပြု ပြီးMask ကို ဆပ်ပြာရည် စိမ်ထားသော
အလုံပိတ်ဗူးနှင့်အိမ်အဝင်တွင်ထား၍ စွန့်ပစ်ပါ။
၇။အပြင်ထွက်လျှင် Hand Gel ဆောင်ပါ။
၈။အိပ်ရေးဝအောင်အိပ်၍ အာဟာရပြည့်ဝအောင်စားပါ။
၉။အချိန်နှင့်တပြေးညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်သော သတင်းများကို တိကျစွာလိုက်နာပါ။
၁၀။အနည်းဆုံး ၂ ပတ်လောက် အနေအထိုင်၊ အပြုအမူ၊ အသွားအလာ ထိန်းပေးပါ။
မိမိအသိစိတ်ဖြင့် Semi Lock Down လုပ်ပါ။
၁၁။မိမိ စားဝတ်နေရေးအတွက် အပြင်ထွက်
စီးပွားရှာရင်း၊ အိမ်သို့ ရောဂါပိုးများ ပြန်သယ်မသွားဖို့သည်တစ်ဦးစီ၏လိုက်နာထိန်းသိမ်းရမည့် ကျင့်ဝတ်ဖြစ်ပါသည်။
၁၂။ဆေးရုံတွေမှာ အနံ့မရ၊ အရသာမရှိ၊ဖျား၍
ရောက်ရှိလာသော လူနာအရေအတွက်
Suspected Case တွေ များပြားလာနေတာမို့
မိဘပြည်သူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ
အစွန်းအထင်း အပွန်းအပဲ့ မခံလိုသဖြင့်
မိမိ မဆင်ခြင်မိတဲ့ခဏတွင်
အိမ်က ဘိုးဘိုးဖွားဖွား နာတာရှည်လူနာများ
သားငယ်၊သမီးငယ်များကို မထိခိုက်စေပါရန်
အားလုံးစောင့်ထိမ်း လိုက်နာပေးကြပါလို့
မေတ္တာထားသတိပေးပါရစေ။
Dr.ဝင်းသန္တာဖြူ
ဆေးရုံအုပ်
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး

Address

No. B/16, Main Road Of Pyi Taw Thar Quarter, Hlegu
Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959973992094

Website

Alerts

Be the first to know and let us send you an email when PYAE WA Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to PYAE WA Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram