Kyaw Clinic - ကျော် ဆေးခန်းနှင့် ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Kyaw Clinic - ကျော် ဆေးခန်းနှင့် ဆေးဆိုင်

Kyaw Clinic - ကျော် ဆေးခန်းနှင့် ဆေးဆိုင် ကျော် အထွေထွေရောဂါကုဆေးခန်းနှင့် ဆ?

💠G6PDချို့တဲ့ခြင်း (G6PD Deficiency) အကြောင်းသိကောင်းစရာG6PD ရဲ့ နာမည်အရှည်ကတော့ Glucose-6-Phosphate-Dehydrogenase Enzym...
24/06/2022

💠G6PDချို့တဲ့ခြင်း (G6PD Deficiency) အကြောင်းသိကောင်းစရာ

G6PD ရဲ့ နာမည်အရှည်ကတော့ Glucose-6-Phosphate-Dehydrogenase Enzyme ဖြစ်ပါတယ်။ G6PD ချို့တဲ့ခြင်းကိုတော့ G6PD Deficiency လို့ခေါ်ပါတယ်။ G6PD ချို့တဲ့ခြင်းဟာ အဖြစ်အများဆုံး သွေးနီဥနဲ့ဆိုင်တဲ့ Enzyme ချို့တဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့လူသန်းပေါင်း ၄၀၀ ခန့်မှာ G6PD deficiency ရှိပါတယ်။

💠G6PD ဆိုတာဘာလဲ?

G6PD ဆိုတာ Enzyme တစ်ခုပါ။ ပုံမှန်ဆိုရင် G6PD enzyme ဟာ လူတွေမှာအလုံအလောက်ရှိနေရမှာဖြစ်ပြီး သူ့ရဲ့တာဝန်ကသွေးနီဥတွေကို ဓာတ်တိုးပစ္စည်းတွေရဲ့ ဘေးအန္တရာယ်ကနေကာကွယ်ပေးတာပါ​။ သွေးနီဥတွေ သက်တမ်းစေ့နေနိုင်အောင် ကာကွယ်ပေးပါတယ်။

သွေးနီဥဆိုတာကတော့ ကိုယ်ခန္ဓာကို အောက်ဆီဂျင်တွေရောက်ရှိအောင်လုပ်ဆောင်ပေးပါတယ်။ G6PD ချို့တဲ့တဲ့အခါ သွေးနီဥတွေကို free radical လို့ခေါ်တဲ့ဓာတ်တိုးပစ္စည်းတွေက ဖျက်ဆီးလိုက်နိုင်ပါတယ်။ ဒါကြောင့် သွေးနီဥတွေ ပေါက်ကွဲပျက်စီးနိုင်ပါတယ်။ ဆီးမည်းမည်းတွေသွားပြီး ကလေးကချက်ချင်းဖြူဖျော့သွားတာမျိုးရှိပါတယ်။

မိဘတွေပြောလေ့ရှိတဲ့စကားရှိပါတယ်။ ကျွန်တော်တို့ကလေးက G6PD ရှိတယ်ဆိုပြီးပါ။ တကယ်တော့ G6PD Deficiency ရှိတယ် သို့မဟုတ် G6PD ချို့တဲ့နေတယ်ဆိုပြီးပြောရမှာပါ။

G6PD ချို့တဲ့ခြင်းဟာ ယောကျာ်းလေးမှာအဖြစ်များပါတယ်။ Genetic disorder လို့ခေါ်တဲ့ မျိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ X chromosome မှာ mutation လို့ခေါ်တဲ့ ထွန်းခြင်း ဖြစ်ပေါ်နေတာကို မျိုးရိုးလိုက် လက်ဆင့်ကမ်းလာတာမျိုးပါ။

💠G6PD ချို့တဲ့ခြင်း​၏လက္ခဏာများ

G6PD ချို့တဲ့တဲ့လူနာများမှာ မတည့်တာနဲ့မတွေ့မချင်း လက္ခဏာမပြတာများပါတယ်။ G6PD ချို့တဲ့တဲ့မွေးကင်းစကလေးများမှာတော့ အသားဝါခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မတည့်တဲ့အစားအစာ၊ ဆေးဝါး တိုက်ကျွေးမိရင် သို့မဟုတ် ရောဂါပိုးတစ်ခုခုဝင်ရင် သွေးနီဥပျက်စီးပြီး သွေးအားနည်းခြင်းမျိုးဖြစ်တတ်ပါတယ်။

လက္ခဏာများအနေနဲ့

နှလုံးခုန်မြန်ခြင်း
မောခြင်း
ဆီးအရောင်ရင့်ခြင်း/ဆီးမည်းမည်းသွားခြင်း
​ဖျားခြင်း
နုံးခြင်း
မူးဝေခြင်း
ဖြူဖျော့ခြင်း
အသားဝါခြင်း စတဲ့လက္ခဏာများတွေ့ရနိုင်ပါတယ်။

💠G6PD ချို့တဲ့ခြင်းဖြစ်နိုင်ခြေများသူများကတော့

အမျိုးသားများ
အာဖရိကန်လူမျိုးများ
အရှေ့အလယ်ပိုင်းဒေသမှဆင်းသက်သူများ
G6PD ချို့တဲ့ခြင်းမျိုးရိုးရှိသူများ ပဲဖြစ်ပါတယ်။

💠G6PD ချို့တဲ့ခြင်းရှိမရှိဘယ်လိုသိရှိနိုင်မလဲ?

ခုနောက်ပိုင်းမှာတော့ မွေးကင်းစကလေးများအသားဝါရင် G6PD ချို့တဲ့မှုကြောင့်ဟုတ်မဟုတ် သိရအောင် သွေးဖောက်စစ်ဆေးကြပါတယ်။ ဒီလို blood test ကနေတဆင့်သိရှိနိုင်ပါတယ်။ မလိုအပ်ရင်တော့ မစစ်ပါဘူး။

-မွေးကင်းစကလေးအသားဝါခြင်းဟာ Phototherpy ပေးသော်လည်း အဝါဓာတ်မလျော့သေးတဲ့အခါမျိုး

-မိသားစုထဲမှာ G6PD ချို့တဲ့သောရောဂါရာဇဝင်ရှိတဲ့အခါ

-တောင်ကြီးပဲလှော်လိုအစားအစာ၊ Sulphur ပါတဲ့ဆေးဝါး တိုက်ကျွေးပြီးရင်/ ပရုတ်လုံးလိုအရာတွေနဲ့ထိတွေ့ပြီးရင် ကလေးနဲ့မတည့်ဘဲသွေးနီဥပျက်စီးမှုဖြစ်တဲ့အခါမျိုးမှာ G6PD Deficiency ရှိမရှိစစ်ဆေးကြပါတယ်။

💠G6PD ချို့တဲ့မှုအဆင့်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ WHOက G6PD ပြောင်းလဲမှုမျိုးကွဲများကို အဆင့်၅ဆင့်သတ်မှတ်ထားပါတယ်။

Class I - G6PD ချို့တဲ့မှုပြင်းထန်သူ (enzyme 10% အောက်သာ အလုပ်လုပ်သူ)

Class II - G6PD ချို့တဲ့မှုပြင်းထန်သူ (သွေးအားနည်းမှုဖြစ်လိုက်ပျောက်လိုက်ရှိနေသူ၊ enzyme 1-10 % သာ အလုပ်လုပ်သူ)

Class III - G6PD ချို့တဲ့မှု အလယ်အလတ်ပြင်းထန်သူ ( သွေးအားနည်းမှုဖြစ်လိုက်ပျောက်လိုက်ရှိနေသူ၊ enzyme 10-60 % အလုပ်လုပ်သူ)

Class IV - G6PD ချို့တဲ့မှုမရှိသူ ( enzyme 60-150% အလုပ်လုပ်သူ)

Class V - Enzyme အလုပ်လုပ်မှုများနေသူ (>150%ကျော် activity ရှိသူ)

💠ကုသနည်း

G6PD ချို့တဲ့ခြင်းဟာ မွေးရာပါရောဂါမို့ပျောက်ကင်းအောင်ကုသလို့မရပါ။ ကာကွယ်တဲ့နည်းလမ်းကတော့ မတည့်တဲ့အစားအစာတွေနဲ့ ဆေးဝါးတွေကို မှတ်သားပြီးရှောင်ကြဉ်တာဟာ ကာကွယ်ရာရောက်သလို ကုသရာပါရောက်ပါတယ်။ မတည့်တာတစ်ခုခုစားမိပြီး သွေးနီဥပေါက်ကွဲခြင်းဖြစ်ရင်တော့ အမြန်ဆုံးဆေးရုံပြရပါမယ်။

💠G6PD ချို့တဲ့မှုရှိတဲ့ကလေးများ ရှောင်ကြဉ်ရမည့် အစားအစာများ/ဆေးဝါးများ

အစားအစာ

* Fava Beans (တောင်ကြီးပဲ)

ဆေးဝါးများ

* 2-Naphthol
* Acetylphenylhydrazine
* Aldesalfone Sodium
* Arsine
* Ascorbic acid
* Beta Naphthol
* Brizolamide
* Bupivacaine
* Ciprofloxacin
* Dapsone
* Diethylamine
* Dimenidrinato
* Dimercaprol
* Dorzolamide
* Enoxacin
* Furazolidone
* Gliclazide
* Glimeripride
* Glipizide
* Glucosulfone
* Hydroxychloroquine
* Lomefloxacin
* Mefloquine
* Menadione
* Menadione sodium bisulfite
* Methylene blue
* Naphtalene,Pure
* Niridazole
* Nitric oxide
* Nitrofural
* Nitrofurantoin
* Nitroglycerin
* Noramidopyrine
* O-Acetylsalicylic acid + Ascorbic Acid
* O-Acetylsalicylic acid +Paracetamol
* Pamaquine
* Pefloxacin
* Pentaquine
* Phynylhydrazine
* Pipemidic acid
* Probenecid
* Primaquine
* Quinidine+Phynylhydrazine
* Sodium Nitroprusside
* Spiramycin
* Stibophen
* Sulfacetamide
* Sulfadimidine
* Sulfamethoxazol
* Sulfanilamide
* Sulfapyridine
* Sulfasalazine
* Thiamphenicol
* Tolonium chloride
* Trimethoprim+Sulfamethoxazole

အထက်ပါဆေးဝါးများဟာ G6PD Deficiency Association မှထုတ်ပြန်ထားတဲ့ G6PD ချို့တဲ့သူများအားလုံးအတွက် high risk ဖြစ်တဲ့ ရှောင်သင့်တဲ့ဆေးဝါးတွေဖြစ်ပါတယ်။ Medium Risk ဖြစ်တဲ့ဆေးဝါးတွေရှိနေပါသေးတယ်။

ဒါပေမယ့်အထက်ပါဆေးဝါးများ အများစုဟာ ဆရာဝန်ညွှန်ကြားနဲ့မှသာပေးတဲ့ဆေးတွေဖြစ်ပါတယ်။ OTC drugs လို့ခေါ်တဲ့ မိမိဘာသာ ဆေးကောင်တာမှာဝယ်နိုင်တဲ့ဆေးတွေမပါတာများပါတယ်။ ဒါကြောင့် စိတ်ပူစရာအများကြီးမလိုဘူးလို့ပြောတာဖြစ်ပါတယ်။ မိဘများအနေနဲ့ မိမိရဲ့ကလေးကို ဆေးခန်းပြတဲ့အခါ G6PD ချို့တဲ့ကြောင်း ဆရာဝန်ကိုပြောပြဖို့လိုအပ်ပါတယ်။

💠G6PD ချို့တဲ့မှုနဲ့ပတ်သက်ပြီး အမေးများသောမေးခွန်းများ

▪️G6PD ချို့တဲ့သောကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးလို့ရမရ?

G6PD ချို့တဲ့သော ကလေးငယ်တိုင်းဟာ National Immunization Program (အမျိုးသားကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်)မှာပါတဲ့ သူတို့ထိုးရမယ့်ကာကွယ်ဆေးအားလုံးနဲ့တည့်ပါတယ်။ စိတ်ချလက်ချထိုးနိုင်ပါတယ်။

▪️G6PD ချို့တဲ့တာကို ပထမတစ်ကြိမ်စစ်ပြီးရင်ပြန်စစ်ဖို့လိုလား?

ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေအရ အဖြေမသေချာနိုင်တဲ့အခြေအနေမျိုးဆိုရင် နောက်တစ်ကြိမ်ပြန်စစ်ရပါတယ်။ ၄ပတ်မှ ၆ပတ် သို့မဟုတ် ၂လအကြာမှာပြန်စစ်တာမျိုးရှိကောင်းရှိနိုင်ပါတယ်။ဒါကို ဆရာဝန်များကဆုံးဖြတ်ရပါတယ်။ ဒါသည်လည်း ကလေးငယ်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအရ G6PD ချို့တဲ့တာကို ချို့တဲ့မှုမရှိဘူးလို့ထွက်လာမှာစိုးလို့ပါ။ အဖြေသည် ဆရာဝန်က confirm လို့ပြောရင် တစ်သက်လုံးအတွက် confirm ဖြစ်ပါတယ်။

▪️G6PD ချို့တဲ့တဲ့ကလေးဟာ ပုံမှန်လူလိုပဲနေနိုင်မှာလား? စိုးရိမ်ရလား?

ကလေးတွေအတွက်သတိထားရှောင်ကြဥ်ရမယ့်အစားအစာနဲ့ဆေးဝါးတွေကို လိုက်နာပေးရင် ကျန်းမာသောဘဝကိုပုံမှန်အတိုင်းနေနိုင်ပါတယ်။ အများကြီးထူးပြီး စိုးရိမ်ပူပန်စရာ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စရာမရှိပါဘူး။ ရောဂါပြင်းထန်မှုလည်း G6PD ချို့တဲ့တဲ့ကလေးတိုင်းမတူနိုင်ပါဘူး။ ဒါကြောင့်လွန်ကဲစွာစိုးရိမ်ပူပန်စရာမလိုပါဘူး။

▪️ကလေးနဲ့မတည့်တဲ့ပရုပ်လုံးကိုလူကြီးရောသုံးလို့ရလား?

ကလေးကိုအနီးကပ်ပြုစုထိန်းကျောင်းတဲ့ လူကြီးတွေကတော့ ပရုပ်လုံးမသုံးသင့်ပါဘူး။ ပရုပ်ဆီလည်းမသုံးသင့်ပါဘူး။

▪️ကလေးကို ကျွေးဖို့ ပဲအမျိုးအစားအကုန်လုံးရှောင်ရမှာလား?

အဓိကရှောင်ရမှာကတော့ ပဲကြား၊တောင်ကြီးပဲဖြစ်ပါတယ်။ အချို့သောကလေးများကတော့ ပဲပိစပ်မတည့်ပါဘူး။ တခြားသောပဲ (ဥပမာ ပဲနီလေး၊ စားတော်ပဲ၊ ကုလားပဲ ကျွေးချင်ရင် ကျွေးကြည့်နိုင်ပါတယ်။) ဒါပေမယ့် Hemolysis သွေးနီဥပြိုကွဲခြင်းဖြစ်တဲ့လက္ခဏာများဖြစ်တဲ့ ဖြူဖျော့ခြင်း၊ ဆီးအရောင်ရင့်ခြင်းများဖြစ်ရင်တော့ ဆေးရုံပြရပါမယ်။

​▪️G6PD ချို့တဲ့သောကလေးဟာ အပြင်စာတွေနဲ့တည့်လား?

ဆိုးဆေးတွေပါနိုင်တဲ့အစားအစာများ၊ အရောင်ဆိုးထားသောအသီးခြောက်၊ဟင်းသီးဟင်းရွက်ခြောက်များမကျွေးသင့်ပါဘူး။

▪️G6PD ချို့တဲ့တာက ပြန်ကောင်းမှာလား?

G6PD ချို့တဲ့ခြင်းဟာ Genetic disorder လို့ခေါ်တဲ့ မျိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ X chromosome မှာ mutation လို့ခေါ်တဲ့ ထွန်းခြင်း ဖြစ်ပေါ်နေတာကို မျိုးရိုးလိုက် လက်ဆင့်ကမ်းလာတာမျိုးပါ။ ကလေးအထူးကုဆရာဝန်က သေချာတယ် G6PDချို့တဲ့တယ်လို့ပြောရင် ပြန်စစ်စရာမလိုပါဘူး။ တစ်သက်လုံးချို့တဲ့မှာဖြစ်ပါတယ်။

▪️ကလေးမှာ G6PD ချို့တဲ့မှုမဖြစ်အောင် ကိုယ်ဝန်ဆောင်မိခင်ကရော ဘာတွေဆောင်ရရှောင်ရမလဲ?

အထက်မှာပြောထားသလို မျိုးဗီဇကြောင့်ဖြစ်တဲ့အခြေအနေမို့ မိခင်အနေနဲ့ ဘာမှလုပ်လို့မရပါဘူး။ အစားအသောက်ရှောင်လို့ G6PD ကိုလည်းမကာကွယ်နိုင်ပါဘူး။ အချို့သော တိုင်းရင်းဆေးတွေကတော့ သွေးနီဥပေါက်ကွဲခြင်းကိုဖြစ်စေတတ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေကိုရှောင်ခိုင်းတာပါ။

🔶ကလေးမှာ G6PD ချို့တဲ့မှုပါလာတယ်ဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။ Enzyme ဓာတ်တစ်ခု ချို့တဲ့ရုံပဲဖြစ်တဲ့အတွက် အကြံပြုချက်တွေကို အတတ်နိုင်ဆုံး လိုက်နာသွားမယ်ဆိုရင် လုံလောက်ပါပြီ။

ဒါဆိုရင်တော့ G6PD ချို့တဲ့တယ်ဆိုတာဘာလဲနဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို သိရှိသွားပြီလို့ထင်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။


ျို့တဲ့ခြင်း


💠ကျန်းမာရေးဆောင်းပါးများ Link

https://www.facebook.com/290558198291445/posts/972978136716111/?d=n

သက်ြန်တွင်း အသားအရည်ထိန်းသိမ်းချင်တဲ့ ကိုကို၊ မမတွေအတွက် 4K Plus Night Cream လေးရောက်ရှိနေပါပြီ။  #ခရီးတွေထွက်နေရလို့ အသ...
30/03/2022

သက်ြန်တွင်း အသားအရည်ထိန်းသိမ်းချင်တဲ့ ကိုကို၊ မမတွေအတွက် 4K Plus Night Cream လေးရောက်ရှိနေပါပြီ။

#ခရီးတွေထွက်နေရလို့ အသားအရည်ကြမ်းနေတာ ဝက်ခြံ တွေထွက်လာတာမျိုးတွေအတွက်လည်း အသားအရေ ထိန်းသိမ်းဖို့အတွက် အသုံးပြုလို့ရပါတယ်။

care တွေအဆင့်ဆင့် လုပ်စရာမလိုဘဲ တစ်မျိုးတည်းလိမ်းဖို့ အထူးသင့်လျော်တဲ့ Night Cream လေးပါ။

arbutin




တို့ပါဝင်လို့ အသားအရည်ပိုမို ဖြူစင် ဝင်းပလာစေမှာ ဖြစ်ပါတယ်။

တင်းတိပ် ဝက်ခြံ မှဲ့ခြောက် နေလောင်ဒဏ်နဲ့
အမဲစက်တွေကိုလည်း တပတ်အတွင်းသိသိသာသာပျောက်ကင်းစေပါတယ်။

အမျိူးသားရော အမျိုးသမီး ပါ သုံးစွဲလို့ရပါတယ်။

Whitening Night Cream လေးအစား မျက်နှာသစ် ဆပ်ပြာလေးလည်း ရှိတာမို့ ကြိုက်နှစ်သက်ရာကို ရွေးချယ် သုံးစွဲနိုင်ပါတယ်။

စျေးနှုန်းက
4K Whitening Night Cream တစ်ဘူး ၁၈၅၀၀ ကျပ်
4K Whitening ဆပ်ပြာ တစ်ခု ကို ၈၅၀၀ ကျပ်ဖြစ်ပါတယ်။

ကျန်းမာလှပတဲ့ အသားအရည်လေးတွေရရှိပိုင်ဆိုင်နိုင်ကြပါစေရှင့်။


ကျော်
အ​ထွေ​ထွေ​ရောဂါကု ​ဆေးခန်းနှင့် ​ဆေးဆိုင်

လှိုင်သာယာမြို့နယ်အတွင်း ၂၀၀၀၀ ဖိုးနှင့်အထက် ၀ယ်သူများကို အခမဲ့ အိမ်​အ​ရောက်ပို့​ဆောင်​ပေးပါသည်။

အမှတ် (၄၃၁-B) ဆရာစံလမ်းမ၊ ၁၈ရပ်ကွက်၊လှိုင်သာယာ အ​နောက်ပိုင်းမြို့နယ်။
ဖုန်း - 09979600648

ဆိုင်တွင်ရရှိနိုင်သော အမျိုးသမီးအားဆေးများVitamin ENature vit EENAT 400EposoftFerrovitOramin FFenza(ကိုယ်ဝန်ဆောင်အားဆေး)...
28/03/2022

ဆိုင်တွင်ရရှိနိုင်သော အမျိုးသမီးအားဆေးများ
Vitamin E
Nature vit E
ENAT 400
Eposoft
Ferrovit
Oramin F
Fenza(ကိုယ်ဝန်ဆောင်အားဆေး)


🔹ဆီးကျောက်တည်ရောဂါ ဖြစ်ရသည့်အကြောင်းအရင်း🔹ဆီးကျောက်တည်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းကို အဓိကအားဖြင့် လွယ်ကူစေရန် အုပ်စ...
25/03/2022

🔹ဆီးကျောက်တည်ရောဂါ ဖြစ်ရသည့်အကြောင်းအရင်း🔹

ဆီးကျောက်တည်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းကို အဓိကအားဖြင့် လွယ်ကူစေရန် အုပ်စုကြီး (၂) ခု ခွဲနိုင်ပါသည်။

ပထမအုပ်စုမှာ နဂိုရောဂါအခံကြောင့် ဆီးကျောက်တည်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆီးလမ်းကြောင်းထဲသို့ ကျောက်တည်စေနိုင်သည့် ထုံးဓာတ်၊ အောက်ဇလိတ်၊ ယူရစ်အက်ဆစ်၊ ဆစ်စတင်းစသည့် ဓာတ်ပစ္စည်းများကို များများစွန့်ထုတ်ပေးသည့် ရောဂါများဖြစ်သည်။ ဥပမာ-ဂေါက်ရောဂါရှိသည့် လူတစ်ယောက်သည် သူ၏ သွေးထဲတွင်သာမက ဆီးထဲ၌ပါ ယူရစ်အက်ဆစ် အမှုန်လေးများ သာမန်ရှိသင့်သည်ထက် ပိုများနေတတ်ပါသည်။ ထိုလူများသည် ယူရစ်အက်ဆစ်ကျောက် ဖြစ်လွယ်သောကြောင့် ဆီးကျောက်တည်ရောဂါ ကုသမည်ဆိုပါက ဂေါက်ရောဂါကို ဦးစွာ ကုသရန် လိုအပ်ပါသည်။ နောက်ထပ် ဥပမာတစ်ခုမှာ ပါရာသိုင်းရွိုက်ဂလင်း (Parathyroid gland) အလုပ်ပိုလုပ်သဖြင့် ပါရာသိုင်းရွိုက်ဟော်မုန်းများ ပိုမိုထွက်ရှိကာ (Hyperparathyroidism) သွေးထဲတွင် ထုံးဓာတ်များလာပြီး ကျောက်တည်ခြင်းမျိုး ဖြစ်သည်။ ယင်းကို သက်ဆိုင်ရာ ဆေးပညာရှင်များကသာ ရှာဖွေကုသပေးနိုင်မည် ဖြစ်သည်။

ဒုတိယအုပ်စုမှာ မည်သည့်ရောဂါအခံမျှ မရှိဘဲ အနေအထိုင်၊ အစားအသောက်မှားယွင်းသော ကြောင့် ဆီးကျောက်တည်ခြင်း ဖြစ်သည်။ ယင်းကို မိမိဘာသာ သိရှိနားလည်ပြီး ပြုပြင်နေထိုင် စားသောက်ခြင်းဖြင့် ဆီးကျောက်တည်ရောဂါ မဖြစ်စေရန် ကာကွယ်နိုင်ပါသည်။ ရောဂါဖြစ်လာ လျှင်လည်း သက်သာပျောက်ကင်းစေရန်အတွက် အနေအထိုင် အစားအသောက် မှန်ကန်အောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါသည်။

အဆိုပါအုပ်စုနှစ်ခုလုံးတွင် ဆီးကျောက်တည်ရန် အားပေးအားမြှောက်ပြုသော ရောဂါပိုးတစ်မျိုးရှိပြီး ယင်းကို နာနိုဘက်တီးရီးယား (Nano-bacterium) ဟုခေါ်ပါသည်။ အလွန်သေးငယ်သော ဘက်တီးရီးယားတစ်မျိုး ဖြစ်သည့် နာနိုဘက်တီးရီးယားအကြောင်းကို ဆက်လက် ဖော်ပြပေးသွားပါမည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆီးကျောက်တည်ရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

ကျော်
အ​ထွေ​ထွေ​ရောဂါကု ​ဆေးခန်းနှင့် ​ဆေးဆိုင်

အမှတ် (၄၃၁-B) ဆရာစံလမ်းမ၊ ၁၈ရပ်ကွက်၊လှိုင်သာယာ အ​နောက်ပိုင်းမြို့နယ်။
ဖုန်း - 09979600648

ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံကသွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကို ထိ...
24/03/2022

ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံကသွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကို ထိုင်းရဲတပ်ဖွဲ့ဝင်များနဲ့ FDA မှ တာဝန်ရှိသူများဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဆေးရပုလင်းတစ်ပုလင်းမှာ စတီးရွိုက်ဆေးပြား အပြား၇၀ နဲ့ အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ ထိ ထည့်သွင်းထားတာတွေ့ရပါတယ် ။ အဲဒီဆေးဟာ မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ သုံးစွဲနေကြပြီး ရောဂါသက်သာမှုလျှင်မြန်တာကြောင့် ဒူးနာ ခါးနာ အရိုးအကြော သမားတွေအပြင် ရောဂါ အမျိုးမျိုးအတွက် အသုံးပြုနိုင်တယ်လို့ ကြော်ညာရောင်းချနေတာကြောင့် ရေပန်းစားနေပါတယ် ။ ဆေးပုလင်းမှာ ပမာဏများပြားစွာပါဝင်တဲ့ ဆေးပြားတွေကြောင့် သောက်သုံးပြီးအစမှာရောဂါသက်သာသလိုရှိပေမဲ့ နောက်ပိုင်းမှာ ကျာက်ကပ်ကိုဆိုးရွားစွာ ထိခိုက်ပျက်ဆီးစေနိုင်ပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ် ။ ကျေးဇူးပြုပြီးတော့ မိမိတို့ရဲ့မိဘဆွေမျိုးတွေ နဲ့ မိတ်ဆွေတွေ ဒီဆေးသုံးစွဲနေတာတွေ့ရင် ဒီသတင်းလေးပြောပြပေးကြပါ။

Thai FDA page မှကူးယူဖော်ပြပါသည်
မူရင်းလင့်
https://www.facebook.com/100067846073593/posts/295596919378508/?d=n

ကျွန်တော်တို့ဆေးဆိုင်မှာ ရရှိနိုင်တဲ့ကလေးအားဆေးတွေပါAppeton taurineAppeton syrup Vitamark BaB (growth and appetite)20000...
24/03/2022

ကျွန်တော်တို့ဆေးဆိုင်မှာ ရရှိနိုင်တဲ့ကလေးအားဆေးတွေပါ
Appeton taurine
Appeton syrup
Vitamark
BaB (growth and appetite)
20000ဖို့အထက်ဝယ်ယူပါ လှိုင်သာယာမြို့နယ်တွင်း အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးပါတယ်။

ကျော်
အထွေထွေရောဂါကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ်(၄၁၃- ဘီ)၊ဆရာစံလမ်းမ၊အမှတ်(၁၈)ရပ်ကွက်၊လှိုင်သာယာမြို့။

#ကလေးအားဆေး

Hello👋👋👋ကိုယ့်ရဲ့ကလေးငယ်အတွက် နေ့စဉ်‌သောက်သုံးပေးသင့်တဲ့ Enervon-C kids ကလေးအားဆေး ဆိုင်တွင်ဝယ်ယူနိုင်ပါပြီ။သင့်ကလေးငယ် ...
19/03/2022

Hello👋👋👋
ကိုယ့်ရဲ့ကလေးငယ်အတွက် နေ့စဉ်‌သောက်သုံးပေးသင့်တဲ့ Enervon-C kids ကလေးအားဆေး ဆိုင်တွင်ဝယ်ယူနိုင်ပါပြီ။

သင့်ကလေးငယ် ပုံမှန်အတိုင်းကြီးထွားဖွံ့ဖြိုးလာဖို့
တနေ့တာလုံးလန်းဆန်းတက်ကြွစေဖို့ လိုအပ်တဲ့
Vitamin C ‌နဲ့ သတ္တုဓာတ်များစွာပါဝင်တဲ့အပြင်

ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး စိတ်ဖိစီးမှုနဲ့ ရောဂါပိုးများမှ ကာကွယ်ပေးပါတယ်။

သွားဖုံး၊သွားများနဲ့အရိုးများကိုလည်း ကြံ့ခိုင်စေပါတယ်။


Hello မာမီတို့ရေ🧑‍🍼🧑‍🍼🧑‍🍼အိမ်မှာရှိတဲ့Babiesလေးတို့အတွက် Paracetamol syrup တွေဝယ်ယူလို့ရပါပြီ(၂၀၀၀၀ဖို့အထက်ဝယ်ယူပါက လှို...
15/03/2022

Hello မာမီတို့ရေ🧑‍🍼🧑‍🍼🧑‍🍼
အိမ်မှာရှိတဲ့Babiesလေးတို့အတွက်
Paracetamol syrup တွေဝယ်ယူလို့ရပါပြီ
(၂၀၀၀၀ဖို့အထက်ဝယ်ယူပါက လှိုင်သာယာမြို့နယ်တွင်းအိမ်အ‌ရောက်deli ပို့ဆောင်ပေးပါတယ်)

ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရနေတဲ့
Para ဆေးရည်တွေက ကလေးငယ်တွေအတွက် ဘယ်လိုအသုံးဝင်သလဲ။

ကိုယ့်ရဲ့ကလေးငယ်က ဖျားနာမှုကြောင့်ဖြစ်ဖြစ်
ခွဲစိတ်မှုတစ်စုံတခုကြောင့်ဖြစ်ဖြစ် နာကျင်ကိုက်ခဲတဲ့အခါ ဝေဒနာသက်သာစေဖို့အသုံးပြုနိုင်ပါတယ်
Para ဆေးရည်သောက်ခြင်းဖြင့် နာကျင်မှုကနေ ခဏတာပဲ သက်သာစေနိုင်ပါတယ်
နာကျင်စေတဲ့အကြောင်းအရင်းကိုတော့ မပျောက်ကင်းစေနိုင်ပါဘူး။

ကိုယ့်ရဲ့ကလေးကို para တိုက်နေတာ ၂ရက်ထက်ကျော်လွန်လာပြီး မသက်သာသေးရင်တော့ ဆရာဝန်ထံသွားရောက်ပြီး အ‌ဖြေရှာ ကုသမှုခံယူသင့်ပါတယ်။

အသက်၁၀နှစ်အောက်ကလေးငယ်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသောက်သုံးသင့်ပါတယ်

ကျွန်တော်တို့ဆေးဆိုင်မှာ para‌ ဆေးရည် အမျိုးစုံလင်စွာရရှိနိုင်ပြီး သားသားမီးမီး ကျန်းမာရေးအတွက်
ကလေးဆရာဝန်နဲ့ လာ‌ရောက်တိုင်ပင်ပြသနိုင်ပါတယ်။

ကျော်
အထွေထွေရောဂါကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ်(၄၁၃-ဘီ)၊‌ဆရာစံလမ်းမ၊အမှတ်(၁၈)ရပ်ကွက်၊လှိုင်သာယာမြို့နယ်။
၀၉-၉၇၉၆၀၀၆၄၈

[Unicode]Hello 👋🤗မင်္ဂလာပါဗျနေ့စဉ်နေထိုင်စား‌သောက်မှုပုံစံ‌ life style တွေက ကိုယ့်ရဲ့ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုတွေ...
12/03/2022

[Unicode]Hello 👋🤗
မင်္ဂလာပါဗျ

နေ့စဉ်နေထိုင်စား‌သောက်မှုပုံစံ‌ life style တွေက ကိုယ့်ရဲ့ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိမလဲ
ကိုယ့်ရဲ့ကျန်းမာရေးကို ပိုမိုဆိုးရွားစေမှာလား
ဒါမှမဟုတိ ပိုမိုကောင်းမွန်စေမှာလား

🔴နေ့စဉ်အရက်ပုံမှန်သောက်တယ်

🔴အစားစားချိန်တွေမမှန်ဘူး

🔴အသင့်အစားအစာready-madeတွေပဲ စားဖြစ်နေတယ်

🔴ကိုယ်လက်လှုပ်ရှားမှုလည်း ပုံမှန်မရှိဘူး

🔴ဆေးဝါးတွေသောက်သုံးနေရတယ်

🔴ဆေးလိပ်ပုံမှန်သောက်တယ်

🔴ရေ‌အသောက်နည်းတယ်

🔴ပုံမှန်အိပ်ချိန်မရှိဘူး

🔴အဆီအဆိမ့်အစားများတယ်

ဒီလိုတွေပဲ နေ့စဉ်လုပ်မိနေရင် ကိုယ့်ရဲ့အသည်းကျန်းမာရေးကို ထိခိုက်စေပါတယ်
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းတွေကို အသည်းကထုတ်လုပ်ပေးရပါတယ်
အသည်းပုံမှန်အလုပ်မလုပ်နိုင်ရင်အသည်းလုပ်ဆောင်နိုင်စွမ်းကျဆင်းလာပြီဆိုရင်
အသည်းမှာအဆိပ်အတောက်တွေစုပုံလာရင်
ခန္ဓာကိုယ်ကျန်းမားရေးဆိုးရွာလာမှာဖြစ်တယ်

ကိုယ့်ရဲ့ life style ကိုလည်းပြောင်းလဲမယ်
လိုအပ်တဲ့သည်းအားဆေးကိုလည်း နေ့စဉ်ပုံမှန်သောက်ပေးရင်တော့ ကျန်မာသန်စွမ်းတဲ့နေ့ရက်တွေပိုင်ဆိုင်မှာဖြစ်ပါတယ်
သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ပြုလုပ်ထားတဲ့
Liv-up နဲ့ Vitaminများစွာပါဝင်တဲ့ livolin အသည်းအားဆေးများ ဆိုင်မှာရရှိနိုင်ပါတယ်ဗျ
အားလုံးပဲကျန်းမာသန်စွမ်းတဲ့နေ့ရက်တွေပိုင်ဆိုင်ပါစေဗျာ

ကျော်
အထွေထွေရောဂါကုဆေးခန်းနှင့်ဆေးဆိုင်
-up

ညပိုင်း ​လင်း​နေချိန်​လေး ​ဆေးဆိုင်ပုံရိပ်ကျော် အ​ထွေ​ထွေ​ရောဂါကု ​ဆေးခန်းနှင့် ​ဆေးဆိုင် အမှတ် (၄၃၁-B) ဆရာစံလမ်းမ၊ ၁၈ရပ...
11/03/2022

ညပိုင်း ​လင်း​နေချိန်​လေး ​ဆေးဆိုင်ပုံရိပ်

ကျော်
အ​ထွေ​ထွေ​ရောဂါကု ​ဆေးခန်းနှင့် ​ဆေးဆိုင်

အမှတ် (၄၃၁-B) ဆရာစံလမ်းမ၊ ၁၈ရပ်ကွက်၊လှိုင်သာယာ အ​နောက်ပိုင်းမြို့နယ်။
ဖုန်း - 09979600648

Hello👋👋👋ဒီနေ့ရောက်လာတဲ့ဆေးလေးကတော့အမြင်အာရုံဝေဝါးခြင်း၊ အော့အန်ခြင်းနဲ့အတူဖြစ်တဲ့ ‌ခေါင်းတခြမ်းကိုက်ဝေဒနာ၊အတက်ရောဂါ၊စိတ်...
11/03/2022

Hello👋👋👋
ဒီနေ့ရောက်လာတဲ့ဆေးလေးကတော့
အမြင်အာရုံဝေဝါးခြင်း၊ အော့အန်ခြင်းနဲ့အတူဖြစ်တဲ့ ‌ခေါင်းတခြမ်းကိုက်ဝေဒနာ၊
အတက်ရောဂါ၊စိတ်ရောဂါ စတဲ့ အာရုံကြောနဲ့ပတ်သတ်တဲ့ဆေးပဲဖြစ်ပါတယ်။

နေထိုင်မရအောင် ခေါင်းကိုက်လာတဲ့အခါ
ခေါင်းကိုက်ပျောက်ဆေးတွေ ဝယ်ယူသောက်သုံးကြပါတယ် ‌ဒါ‌ ပေမဲ့ကိုယ့်ရဲ့ခေါင်းကိုက်ဝေဒနာက ရက်ရှည်လာတဲ့အခါ
မြန်မြန်ပျောက်ကင်းသွားချင်ရင်တော့
ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးစွဲသောက်တာဖြစ်ဖြစ်၊
သင့်တင့်တဲ့ဆေးဝါးတွေနဲ့ ကုသသင့်ပါတယ်
ကျွန်တော်တို့ဆေးခန်းမှာ လာရောက်တိုင်ပင်ပြသနိုင်သလို အရေးပေါ်လိုအပ်လာတဲ့အခါ အခုဆေး‌ လေးကို လာရောက်ဝယ်ယူနိုင်ပါတယ်ဗျ။

ကျော်
အထွေထွေရောဂါကုဆေးခန်းနှင့်ဆေးဆိုင်
အမှတ်(၄၁၃-ဘီ)၊ဆရာစံလမ်းမ၊အမှတ်(၁၈)ရပ်ကွက်၊လှိုင်သာယာမြို့နယ်။


Address

413(B) Sayar San Street, Hlaingtharyar, Myanmar (Burma)
Yangon
11401

Telephone

+959979600648

Website

Alerts

Be the first to know and let us send you an email when Kyaw Clinic - ကျော် ဆေးခန်းနှင့် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kyaw Clinic - ကျော် ဆေးခန်းနှင့် ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram