Geno Public Health

Geno Public Health Health

https://youtu.be/H_sgwf-aoC0
09/09/2022

https://youtu.be/H_sgwf-aoC0

နှာရည်ယိုတာက နေ့စဉ်လှုပ်ရှားမူတိုင်းအတွက် စိတ်အနှောက် အယှက်ဖြစ်ရပါတယ်။ တရွှဲရွှဲထွက်နေတဲ့ နှာရည်ကို တချိ...

24/07/2022

Monkeypox မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေဟု WHO က ယနေ့ကြေညာ။ ၇၄ နိုင်ငံထိ လက်ရှိကူးစက်နေ

BA5 က တော်တော်ခံရပါတယ်Omicron အစနဲ့ BA.2 ထက် သုံးလေးဆ ပိုထိတယ်ကူးစက်တာ အရမ်းမြန်တယ်၊ စကားလေးငါးခွန်းပြောလိုက်တာနဲ့ ချက်ခ...
18/07/2022

BA5 က တော်တော်ခံရပါတယ်
Omicron အစနဲ့ BA.2 ထက် သုံးလေးဆ ပိုထိတယ်
ကူးစက်တာ အရမ်းမြန်တယ်၊ စကားလေးငါးခွန်း
ပြောလိုက်တာနဲ့ ချက်ချင်းကူးသွားနိုင်ပြီး
ကလေးတွေကိုပါ ကူးစက်ပြီး ခံစားရစေပါတယ်။

Day 1 - ချမ်းစိမ့်ပြီး ကိုယ်လက်တွေ
မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊
သိသိသာသာကြီး အားနည်းလာမယ်

Day 2 - တစ်ဝက်လောက်က စဖျားမယ်၊
ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင်
ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ
ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊
အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူး ဖြစ်လာမယ်

Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ
တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊
အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့
လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး
အောက်စီဂျင် သွေးတွင်းပမာဏကို
စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ
ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားမယ်

Day 4 - နှာစစီးလာမယ်၊ နှာ‌ရည်ယိုမယ်၊
နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့
ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊
တချို့လူတွေမှာ chest painလို့ ခေါ်တဲ့
ရင်ဘတ်အောင့်တာပါဖြစ်မယ်၊
ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ
ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊
အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက
အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့
အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊
အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း
အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို
အအေးမမိအောင်လည်း နေရတယ်၊
ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊
ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်

Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ
စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative
ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအား
နည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊
ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်
ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်

Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ
ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် ( သို့ )
Swab test Positive ပြနေသေးရင် ( သို့ )
အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊
ဆေးရုံဆေးခန်းမှ လိုအပ်‌သည့် အကူအညီ
အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicron အစလို မပေါ့ပါနဲ့

တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိ ကိုဗစ်
ကူးစက်ခံရသည့် လူနာတော်တော်များများမှာ
အထက်ပါလက္ခဏာအများစုကို
ပြင်းထန်စွာခံစားရပါတယ်

Home_Q လုပ်ပြီး အိမ်မှာပဲနေမယ့်
လူအများစု လိုအပ်မည့် ဆေးတွေကတော့

Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

Vit C , D, Zinc အစရှိတာတွေနဲ့အတူ
အရေးကြီးဆုံးက ORS ခေါ် လူကြီးတိုင်း
ကလေးတိုင်းအတွက် ဓါတ်ဆားပါပဲ၊
သောက်ချင်ချင် မသောက်ချင်ချင်
တစ်ရက်ကို 1 ~ 2 Liter လောက် သောက်ပါ
အိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါ

ဆီးချိုသမားတွေ
အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို
သွေးတိုးနှလုံးသမားတွေက
သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊
တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း
မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း
မိမိအခြေအနေကို အားမရဘူးဆို
ဆရာဝန်တစ်ယောက်‌ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး
အကူအညီရယူဆောင်ရွက်တာက အကောင်းဆုံးပါပဲ


#ကိုဗစ်

https://youtu.be/lIczd1sR9Gk
14/07/2022

https://youtu.be/lIczd1sR9Gk

"သားအိမ်ခေါင်းကင်ဆာ အကြောင်း သိကောင်းစရာများ"သားအိမ်ခေါင်းကင်ဆာအကြောင်းပဲ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဟ...

သင်ကိုယ်တိုင်နှင့် အခြားသူများဖျားနာခြင်းမှ ကာကွယ်ပါ။👐 လက်ဆေးပါ။🧼 ချောင်းဆိုး နှာချေပြီးနောက်🧼 ဖျားနာတဲ့အခါ ဂရုစိုက်ပါ။🧼...
13/07/2022

သင်ကိုယ်တိုင်နှင့် အခြားသူများဖျားနာခြင်းမှ ကာကွယ်ပါ။

👐 လက်ဆေးပါ။

🧼 ချောင်းဆိုး နှာချေပြီးနောက်
🧼 ဖျားနာတဲ့အခါ ဂရုစိုက်ပါ။
🧼 အစားအ​သောက်​ မပြင်​ဆင်​ခင်​နှင့်​ ​ပြင်ဆင်ပြီးနောက်​ပိုင်း
🧼 အစာမစားမီ
🧼 အိမ်သာတက်ပြီးရင်
🧼လက်တွေညစ်ပတ်နေလျှင်
🧼တိရိစ္ဆာန်နှင့်တိရိစ္ဆာန်အညစ်အကြေးများကိုင်တွယ်ပြီးရင်

Protect yourself & others from getting sick:

Wash your hands 👐

🧼 after coughing or sneezing
🧼 when caring for the sick
🧼 before, during & after you prepare food
🧼 before eating
🧼 after toilet use
🧼 when hands are visibly dirty
🧼 after handling animals or animal waste


#ကိုဗစ်

13/07/2022
Covid လှိုင်း အသစ် Omicron BA.4  and BA. 5*🦠Omicron ပေါ် စ မှာ BA 1 လို နာမည် ပေး ခဲ့ ပြီး သူ က ရောဂါ ပိုး ပြန့် တာ အရမ်...
12/07/2022

Covid လှိုင်း အသစ်
Omicron BA.4 and BA. 5

*🦠Omicron ပေါ် စ မှာ BA 1 လို နာမည် ပေး ခဲ့ ပြီး
သူ က ရောဂါ ပိုး ပြန့် တာ အရမ်း မြန်ပေမဲ့ လူသေဆုံးမှုလျော့နည်းခဲ့ပါတယ်။

*🦠နောက်မှာ BA 2ပေါ် လာ ပြီး
BA 2 က BA 1ထက် ပိုး အကူး မြန် ပြီး
ပို ဆိုး ပါတယ်။
ခု တော့ BA 1 နဲ့ 2 က ငြိမ်သွား ပါပြီ။

* 🫠နောက် BA 1 လဲ ခဏ ပေါ် လာ ပြီး သူ က မရှိ
သလောက် ရှား ပါ တယ်

* 😫ခု တော့ BA 4 နဲ့ 5ပေါ် လာ ပြီး ကာကွယ် ဆေး ၂
ကြိမ် ထိုး ထား သူ တွေ ရော COVID ရောဂါ ဖြစ် ပြီး သူ တွေပါ ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

ယိုးဒယား နဲ့ မလေးရှား မှာ ပြန့် နေ ပြီဖစ်တဲ့အတွက်

မြန်မာပြည် ကို လဲ BA 4နဲ့ 5 မကြာမှီ‌ ရောက်လာ နိုင်ပါတယ်။

#ရောဂါ လက္ခဏာများ

နှာစေးခြင်း နှာ‌ချေခြင်း
နှာရည်ယိုခြင်း
ချောင်းဆိုးခြင်း
လည် ချောင်း နာခြင်း
ခေါင်းကိုက်ခြင်း
ကိုယ် လက် ကိုက်ခဲခြင်း
လူနုံးခွေ့ခြင်းစသည်တို့ပဲဖြစ်ပြီးအခြားထူးခြားမှုရှာမတွေ့သေးပါ။

#ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်

Mask တပ်ပါ။😷😷

ရေနဲ့ ဆပ်ပြာအသုံးပြုပြီး အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် လက်ကို မကြာခဏ စနစ်တကျ ဆေးကြောပါ။(သို့မဟုတ်) Alcohol (အနည်းဆုံး ၆၀%)ပါတဲ့ လက် သန့်စင် ဆေးရည်ကို အသုံးပြုပါ(လက်ကို စနစ်တကျ မကြာခဏ ဆေးခြင်းအားဖြင့် လက်မှာကပ်ငြိနေတဲ့ ရောဂါပိုးတွေကို သေစေနိုင်ပါတယ်)🤲

• နှာချေ၊ ချောင်းဆိုးနေတဲ့သူတွေနဲ့ တွေ့ဆုံတဲ့အခါ အနည်းဆုံး (၁)မီတာ ((၃)ပေ) အကွာမှာနေပါ။ (ရောဂါပိုးရှိသူတွေ နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ သေးငယ် သော အမှုန်အမွှားတွေမှာ ရောဂါပိုးတွေ ပါရှိတတ်လို့ပါ)

မိမိရဲ့မျက်လုံးနှာခေါင်းနဲ့ ပါးစပ်တို့ကို မကြာခဏ ကိုင်တွယ်ခြင်း မပြုပါ(လက်မှာ ရောဂါပိုးတွေ ကပ်ငြိနေမယ်ဆိုရင် မျက်လုံးနှာခေါင်းနဲ့ ပါးစပ်တို့က နေတစ်ဆင့် ရောဂါပိုးတွေ ဝင်ရောက်နိုင်လို့ပါ။

• နှာချေ၊ ချောင်းဆိုးတဲ့အခါတိုင်း လိုက်နာရမယ့် ကျင့်ဝတ်တွေကို လိုက်နာပါ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံအောင် ဖုံးအုပ်ပါ။ သုံးပြီးသားတစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ လက်ကို စနစ်တကျပြန်ဆေးပါ။

နေမကောင်းဖြစ်လျှင် အိမ်မှာပဲ အနားယူပါ။ ဖျားနာ၊ ချောင်းဆိုးအသက်ရှူခက်ခဲခြင်း တွေဖြစ်ခဲ့လျှင် ဆေးကုသမှု ချက်ချင်းခံယူပါ။ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက လမ်းညွှန်ချက်အတိုင်း လိုက်နာပါ။

❤️❤️❤️(COVID-19) ရောဂါကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်က အရာဝတ္ထုမျက်နှာပြင်တွေပေါ် မှာ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်တာလဲ?

- အတိအကျ မသိရသေးပေမယ့် တခြား ကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ဖြစ်မယ်လို့ ယူဆရပါ တယ်။ တွေ့ရှိချက်တွေအရ အရာဝတ္ထုတွေရဲ့ မျက်နှာပြင် အမျိုးအစား၊ ပတ်ဝန်းကျင်၊ အပူချိန်၊ စိုထိုင်းဆတို့အပေါ်မူတည်ပြီး မျက်နှာပြင်တွေပေါ်မှာ နာရီအနည်းငယ်မှ ရက်ပေါင်း များစွာအထိ ရှိနေနိုင်ပါတယ်။

မျက်နှာပြင် ညစ်ပတ်နေကာ .. ကူးစက်နိုင်မယ်လို့ထင်ပါက ရိုးရိုးပိုးသတ်ဆေးရည်နဲ့ သန့်ရှင်းပါ။ မိမိရဲ့လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောခြင်း (သို့မဟုတ်) Alcohol အရက်ပြန်ပါဝင်တဲ့ လက်သန့်စင်ဆေးရည်နဲ့ ဆေးကြောခြင်းကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို လက်ဖြင့်ကိုင်တွယ်ခြင်းတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

(COVID-19) ရောဂါဖြစ်ပွားနေတဲ့ ဒေသတွေက ပို့တဲ့ပစ္စည်းတွေ၊ ပါဆယ်ထုပ်တွေကို လက်ခံတဲ့အခါ ဘေးကင်းရဲ့လား?

- လက်ခံလို့ ရပါတယ်။ ကူးစက်နိုင်ချေ အလွန်နည်းပါတယ်။

(COVID-19) ရောဂါကာကွယ်ရေးမှာ လွဲမှားနေတဲ့ အယူအဆတွေက ဘာတွေလဲ?
-ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ရေနွေးကြမ်းသောက်ခြင်း Mask များကို နှစ်ခုသုံးခုထပ်၍ သုံးခြင်း။🍺🍾🚬

ပဋိဇီဝဆေးများကို မိမိသဘောဖြင့် သုံးစွဲခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီနည်းတွေက (COVID-19) ရောဂါကူးစက်ခြင်းကို မကာကွယ်နိုင်တဲ့အပြင် (COVID 19)ရောဂါဖြစ်ပွားပါက ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကြောင့် ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

https://youtu.be/rSau-MyH4Gc




#ကိုဗစ်_၁၉

https://youtu.be/FG5C6pyaBkA
08/07/2022

https://youtu.be/FG5C6pyaBkA

အသက်ငါးနှစ်အောက်ကလေးများအားပြုစုစောင့်ရှောက်ခြင်းအသက်ငါးနှစ်အောက်ကလေးတွင် အောက်ပါလက္ခဏာများအနက်မှ တစ်....

https://youtu.be/Hsz8q6x9VZY
04/07/2022

https://youtu.be/Hsz8q6x9VZY

*တနေ့လျှင်လေ့ကျင့်ခန်း နာရီ၀က်ခန့်ပြုလုပ်ပေးပါ။*ရေနှစ်လီတာခန့်သောက်သုံးပေးပါ။*ကစီဓါတ်၊အဆီဓါတ်ပါသော အစား....

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Geno Public Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram