ဒေါက်တာ သွေး

ဒေါက်တာ သွေး "သွေးဆိုတာ ရေထက် ပျစ် တယ်
လူနာကို
မိသားစု ဝင်တွေ နဲ့ထပ်တူ ချစ်တယ် "

မမြဲသော သင်္ခါရတရားများ ကြားထဲမှ မိုးဥတု ရာသီတဖန်ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ် ... ခဏတဖြုတ်လေး မိုးစိုသွားရုံ နဲ့ နှာချ...
02/06/2023

မမြဲသော သင်္ခါရတရားများ ကြားထဲမှ မိုးဥတု ရာသီတဖန်ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ် ...
ခဏတဖြုတ်လေး မိုးစိုသွားရုံ နဲ့ နှာချေချောင်းဆိုးပြီး ဖျားနာ လာရင် လူလဲ ထိခိုက်တဲ့ အပြင် ငွေကြေးကုန်ကျမှုလဲ များပါတယ် ...🤥

ကြိုတင်ကာကွယ်ခြင်း သည် ကူသမှုထက် သိသာစွာပိုမို ထိရောက် နိုင်ခြင်းကြောင့် "မိုးရာသီတုတ်ကွေး ကာကွယ်ဆေး - VaxigripTetra" ထိုးနှံလိုပါက
ကျွန်တော်တို့ Page ရဲ့ CB (သို့) သွေး ဆေးကုခန်း- ဒေါပုံ ဖုန်းနံပါတ် 09441416445 သို့ ဖုန်းဆက်ကြိုတင်စာရင်းပေးသွင်းပြီး လာရောက် ထိုးနှံနိုင်ပါတယ်

(၅ယောက်(သို့)၁၀ယောက် နှင့်အထက် ထိုးနှံလိုသူများအတွက် အိမ်အရောက်ထိုးနှံပေးခြင်း ဝန်ဆောင်မှု ရှိပါတယ်)
(Company များ နှင့် အသင်းအဖွဲ့များ အတွက်လည်း လူဦးရေပေါ်မူတည်ပြီး ဈေးနှုန်းများ ညှိနှိုင်းပေး ပါတယ်)
Vaxigrip Tetra (FDA approved) - 35000 ကျပ်

❤️သွေး အထွေထွေရောဂါကုဆေးခန်း - အမှတ်၁၇၇ , အောင်သီရိလမ်း , မြို့သစ်ရပ်ကွက် ,ဒေါပုံမြို့နယ်


.Thway

သားသား မီးမီးတို့ရော ရာသီတုတ်ကွေး ကာကွယ်ဆေးထိုးသင့်လား?👧👦~~~~~~~~~~~~~~~~~ ကာကွယ်ဆေးထိုးထားရင်-📍 တုတ်ကွေးရဲ့ နောက်ဆက်တွဲ...
27/05/2022

သားသား မီးမီးတို့ရော ရာသီတုတ်ကွေး ကာကွယ်ဆေးထိုးသင့်လား?👧👦
~~~~~~~~~~~~~~~~~

ကာကွယ်ဆေးထိုးထားရင်-

📍 တုတ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ/
ဆေးရုံတက်ရခြင်းတွေ လျော့နည်းသွားမယ်
📍 စာသင်ပျက်/မိဘတွေ အလုပ်ပျက်တာ
ကာကွယ်ပြီးသားဖြစ်မယ်
📍ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုကို မနှောင့်ယှက်အောင် ကာကွယ်ပြီးသားဖြစ်မယ်
📍 အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ထိ
ရောဂါမပြင်းထန်တော့ဘူး
📍 မိသားစုတွေဆီကို ရောဂါကူးစက်မှုနှုန်းလဲ
လျှော့ချပေးတယ်

❓ဘယ်အရွယ်ဆို ထိုးလို့ရပြီလဲ? ( 𝐀𝐠𝐞 𝐭𝐨 𝐬𝐭𝐚𝐫𝐭)

👨‍⚕️ အသက်(၆)လမှ စတင်ထိုးနှံနိုင်ပါတယ်

❓ဘာဆေးထိုးရမှာလဲ??? ( 𝐕𝐚𝐜𝐜𝐢𝐧𝐞 𝐁𝐞𝐬𝐭 𝐂𝐡𝐨𝐢𝐜𝐞 )

👨‍⚕️ Tetra Flu Vaccine
((Myanmar FDA)Approved
Made in France ) ကို ကလေးများမှာ
စိတ်ချယုံကြည်စွာ ထိုးနှံနိုင်ပါတယ်

❓ဘယ်နှကြိမ်ထိုးရမှာလဲ? ( 𝐅𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 )

👨‍⚕️ အသက်(၆)လမှ (၈)နှစ်အထိ ကလေးငယ်များ ပထမဆုံးအကြိမ် ထိုးမည်ဆိုပါက
တစ်လခြားပြီး (၂)ကြိမ် ထိုးနှံရမည်ဖြစ်ပါသည်။

👨‍⚕️ အသက် (၈)နှစ်အထက်ဖြစ်ပါက
တစ်ကြိမ်သာထိုးရန် လိုအပ်ပါသည်။

❓တုတ်ကွေးကာကွယ်ဆေးကြောင့် တုတ်ကွေးရောဂါရသွားတတ်တယ်ဆိုတာ ဟုတ်လား? ( 𝐓𝐚𝐛𝐨𝐨𝐬 )

👨‍⚕️ လုံးဝ မဟုတ်ပါဘူး။ ကာကွယ်ဆေးဟာ အသက်မရှိတော့တဲ့ ဗိုင်းရပ်စ်ပိုး(သို့မဟုတ်) ထိုဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို တီထွင် ထုတ်လုပ်ထားတာဖြစ်လို့ ဆိုးကျိုးမရှိပါဘူး

❓တစ်နှစ်တစ်ခါ ဘာလို့ ထိုးနေရတာလဲ? ( 𝐀𝐧𝐧𝐮𝐚𝐥𝐥𝐲 )

👨‍⚕️ ဗိုင်းရပ်စ်ဖြစ်တာမို့ မျိုးရိုးဗီဇ ပြောင်းလဲမှု
ရှိနေတတ်တာကြောင့် တစ်နှစ်တစ်ခါ
ကာကွယ်နေရခြင်းဖြစ်ပါတယ်

💉ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည်သာလျှင် ငွေကုန်ကြေးကျ အနည်းဆုံးနှင့်
အထိရောက်ဆုံး လုပ်ဆောင်မှုတခုဖြစ်ပါတယ်။

🩸သွေး အထွေထွေရောဂါကုဆေးခန်းမှာ ရာသီတုတ်ကွေး ကာကွယ်ဆေးကို စိတ်ချယုံကြည်စွာ ထိုးနှံနိုင်ပါပြီ

💸 𝟐𝟓𝟓𝟎𝟎 𝐤𝐲𝐚𝐭𝐬 💸

🏨လိပ်စာ- အမှတ်၁၇၇ , အောင်သီရိလမ်း , မြို့သစ်ရပ်ကွက် ,ဒေါပုံမြို့နယ်

☎️ဖုန်း - 09422601150 , 09441416445




☔မိုးရာသီမှာထီးဆောင်းကြတာဘာလို့လဲ?🤗မိုးရေစိုမှာစိုးလို့ပေါ့ 🙄 ဒါပေမယ့် မိုးရေစိုချင်စိုပလေ့စေ      ထီးဆောင်းရတာ  ရှိုးပဲ...
22/05/2022

☔မိုးရာသီမှာထီးဆောင်းကြတာဘာလို့လဲ?

🤗မိုးရေစိုမှာစိုးလို့ပေါ့

🙄 ဒါပေမယ့် မိုးရေစိုချင်စိုပလေ့စေ
ထီးဆောင်းရတာ ရှိုးပဲ့တယ်/မကြိုက်ဘူးဆိုတဲ့
သူတွေလည်း ရှိတယ်မလား

🤒 ပြီးရင် သူတို့ရှေ့ဆုံးက ဖျားကြပါလေရော

☔ ကဲ အဲ့ဒီ့တော့ မိုးရာသီမှာ
ထီး ဆောင်းရတာပျင်းရင်
🤒 မိုးရေ​လေးနည်းနည်းစိုတာနဲ့ ဖျားတတ်ရင်တော့

💉 မိုးရာသီ တုပ်ကွေးကာကွယ်ဆေး
ထိုးထားမှဖြစ်မယ်နော်

💉 ကာကွယ်ဆေးထိုးနှံထားခြင်းက
အရမ်းပြင်းထန်တဲ့ဖျားနာခြင်းတွေကို
မကာကွယ်နိုင်ပေမယ့်
တော်ရုံ မိုးစို အအေးမိရုံလောက်နဲ့
နာမကျန်းဖြစ်မှုတွေကို ကာကွယ်ထားနိုင်ပါတယ်။

☔ဒါ့အပြင်
👶၆လမှ ၁၁နှစ်အရွယ် ကလေးငယ်တွေ
👵အသက်၆၀အထက်လူကြီးတွေ
🤒 နှလုံးသွေးတိုးဆီးချိုအစရှိတဲ့ နာတာရှည်ရောဂါနဲ့ ကင်ဆာရောဂါအခံရှိသူတွေ
🤧 ကိုယ်ခံအားနည်းပြီးကျန်းမာရေးမကောင်းတဲ့သူတွေ
👩‍👦 နို့တိုက်မိခင်တွေဟာဆိုရင်လည်း
မိုးရေလေးထိတာနဲ့ အလွယ်တကူ
ဖျားနာလွယ်ကြပါတယ်။

💉 ဒီလိုလူမျိုးတွေအတွက်လည်း တုပ်ကွေးကာကွယ်ဆေးထိုးဖို့ လိုကိုလိုအပ်လာပါပြီ

💉 တုပ်ကွေးဆိုတာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပြီး လူတစ်ဦးမှတစ်ဦးကို
ကူးစက်နိုင်တာကြောင့်
🤵လူအများနဲ့ထိတွေ့ဆက်ဆံနေရသူတွေ
👩‍⚕️ ကျန်းမာရေးဝန်ထမ်းတွေ
👦 Covid ဖြစ်ပြီး အဆုတ်ထိထားသူတွေလည်း
Vaccineထိုးထားသင့်ပါတယ်နော် ☺

👩‍⚕️ Vaccineကို တုပ်ကွေးရောဂါအဖြစ်များချိန်မှထိုးရင် ပိုပြီးလည်းစျေးကြီးပြီး ကူးစက်ခံရနိုင်ချေများတာမို့ ကြိုတင်ကာကွယ်ထားဖို့အတွက်

❤️ "သွေး" အထွေထွေရောဂါကုဆေးခန်းမှာ
ရာသီတုတ်ကွေး ကာကွယ်ဆေးထိုးနှံနိုင်ပါပြီ။

💉ပြင်သစ်နိုင်ငံမှ ထုတ်လုပ်ထားပြီး
Myanmar FDA Approvedရထားတဲ့
Vaxigrip Tetra (Influenza Vaccine) တစ်လုံးကို
💸25500 Ks ကျပ်ထဲနဲ့ ထိုးနှံပြီးရာသီတုပ်ကွေးရောဂါဖြစ်ခြင်းမှကာကွယ်လိုက်ကြရအောင် 🤗

👩‍⚕️ ၁၀ယောက် နှင့်အထက် ထိုးနှံလိုသူများအတွက်
အိမ်အရောက်ထိုးနှံပေးခြင်း ဝန်ဆောင်မှု ရှိပါတယ်။

👩‍⚕️ Company များ နှင့် အသင်းအဖွဲ့များ အတွက်လည်း လူဦးရေပေါ်မူတည်ပြီး ဈေးနှုန်းများ ညှိနှိုင်းနိုင်ပါတယ်။

❤️သွေး အထွေထွေရောဂါကုဆေးခန်း -
🏥 အမှတ်၁၇၇ , အောင်သီရိလမ်း , မြို့သစ်ရပ်ကွက် ,ဒေါပုံမြို့နယ် မှာ ကိုယ်တိုင်လာရောက်
ထိုးနှံနိုင်ပါတယ်

👩‍⚕️ ဒေါက်တာသွေး Page (သို့)
☎ 09422601150 , 09441416445 ကိုလည်း
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။




#ရာသီတုပ်ကွေးကာကွယ်ဆေး
.Thway_Clinic

ရေသောက်နည်းတဲ့  ငပျင်းလေးတွေအတွက်ရေသောက်များအောင်လုပ်နည်း 🤗💦 ရေတစ်နေ့ကို ဘယ်လောက်သောက်သင့်သလဲဖြေကြည့်ပါဦး 👂👂💦ဟုတ်ပါတယ် ...
18/05/2022

ရေသောက်နည်းတဲ့ ငပျင်းလေးတွေအတွက်ရေသောက်များအောင်လုပ်နည်း 🤗

💦 ရေတစ်နေ့ကို ဘယ်လောက်သောက်သင့်သလဲ
ဖြေကြည့်ပါဦး 👂👂

💦ဟုတ်ပါတယ် .... အားလုံးသိကြတဲ့အတိုင်း
တစ်နေ့ကို ဖန်ခွက် ၈ခွက် သို့မဟုတ် ၃လီတာလောက် သောက်သင့်ပါတယ်။

💦ဒါပေမယ့်လည်း အလုပ်မအားတာနဲ့ မေ့နေတာနဲ့
တစ်နေ့လုံးမှ တစ်လီတာတောင်မသောက်ဖြစ်တဲ့နေ့တွေက ပိုများနေတယ်မလား 😏

💦 ဒါဆိုရင်တော့ ရေသောက်နည်းတဲ့ ငပျင်းလေးတွေအတွက် ရေများများသောက်ဖြစ်အောင် Tips
လေးတွေ ပြောပြမယ်နော်....

💦 ဘာလုပ်လုပ် ဘယ်သွားသွား ရေဘူးတစ်ဘူး အမြဲဘေးမှာဆောင်ထားပါ။

💦အလုပ်စားပွဲပေါ်တင်ထားတာပဲဖြစ်ဖြစ်၊ကားထဲထားတာပဲဖြစ်ဖြစ်၊ ကိုင်နေကြအိတ်ထဲ ဘူးသေးတစ်ခုနဲ့ဆောင်ထားတာပဲဖြစ်ဖြစ် ရေဘူးတစ်ဘူးသွားလေရာ အမြဲဆောင်သွားပါ။

💦 ကိုယ်က ရေထက် အချိုရည်ကိုသောက်ရတာ နှစ်သက်တဲ့သူဆိုရင် ရေခဏခဏသောက်ချင်အောင်
လုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်

💦မာလကာသီး၊ မက်မွန်သီးတို့လို အနံ့မွှေးတဲ့သကြားလုံးတစ်လုံးချေထည့်ထားကြည့်ပါ။

💦 မွှေးမွှေးလေးနဲ့ချိုချိုလေးမို့ သောက်ပြီးရင်းသောက်ချင်နေမှာပါနော် 😍

💦 နောက်တစ်ခုက Detox water လုပ်တာပါ။

💦 Detox Water လုပ်နည်းတွေအများကြီးရှိပါတယ်။

💦အလွယ်ကူဆုံးလုပ်နည်းလေးကတော့
🍋သံပုရာသီးအကွင်း ၃ ကွင်း
🥒 သခွားသီး ၄ ကွင်း
🥗 အနံ့မွှေးနေဖို့ ပူစီနံ ၄ရွက် ကို
အဝကျယ်တဲ့ ဖန်ခွက်ထဲ ရေ ၁လီတာ ၂လီတာလောက်ထည့် ၁နာရီလောက်စိမ်ပြီးတာနဲ့ သောက်လို့ရပါပြီနော်

💦 ကုန်သွားရင် ရေထပ်ဖြည့်ပြီးသောက်ရုံပဲမို့
ပုံမှန်နေ့တွေထက်ရေပိုသောက်ဖြစ်နေမှာပါ။

💦 မိမိနှစ်သက်ရာ ရာသီပေါ်အသီးအနှံတွေ ဖြစ်တဲ့
ဖရဲသီး ပန်းသစ်တော် စတော်ဘယ်ရီ စတာတွေကိုလည်း ပါးပါးလှီးပြီး ထည့်သောက်လေ့ရှိကြပါတယ်။

💦 အခုခေတ်စားနေတဲ့ 2 li ရေဘူးအကြီးကြီးတစ်ဘူးဘေးမှာဆောင်ထားရုံနဲ့လည်း ပုံမှန်ထက်ရေပိုသောက်ဖြစ်နေမှာ အသေအချာပါပဲနော်

💦 ကဲ ရေသောက်ပျင်းတဲ့ငပျင်းလေးတို့ရေ
အရသာရှိတဲ့ရေလေးတွေသောက်ဖို့တော့ မပျင်းကြနဲ့တော့နော် 😊
ကျေးဇူးများစွာဖြင့် .....

ဒေါက်တာသွေး ❤️

🎈တစ်နှစ်တစ်ခါ ရောက်လို့လာ /ရာသီတုတ်ကွေး ကာကွယ်ရေး /အသိဉာဏ်ယှဉ်၍ ကာကွယ်ပေး 🎈~~~~~~~~~~~~~~~~~~~~~~ရာသီတုတ်ကွေးရောဂါဆိုတာ ...
22/04/2022

🎈တစ်နှစ်တစ်ခါ ရောက်လို့လာ /ရာသီတုတ်ကွေး ကာကွယ်ရေး /အသိဉာဏ်ယှဉ်၍ ကာကွယ်ပေး 🎈
~~~~~~~~~~~~~~~~~~~~~~
ရာသီတုတ်ကွေးရောဂါဆိုတာ
📍အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး လူတစ်ဦးမှ တစ်ဦးသို့ လွယ်ကူစွာ ကူးစက်စေနိုင်ပါသည်။
📍မိုးရာသီတွင် ဖြစ်ပွါးမှု မြင့်မားတတ်ပြီး မိုးရာသီ မတိုင်မီ ကြိုတင်ကာကွယ်ထားသင့်ပါတယ်။
Tetra Flu Vaccine ((Myanmar FDA)Approved (Made in France 🇫🇷)ကိုထိုးနှံထားခြင်းအားဖြင့် ရာသီတုတ်ကွေး (Seasonal Flu Strains 4) မျိုးဖြစ်တဲ့ -
📍A/H1N1
📍A/H3N2
📍B/Washington
📍B/Phuket ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

Q:ဘယ်အရွယ်မှ စထိုးလို့ရပါသလဲ?
🎈အသက် ၆ လအထက်မှစ၍ ထိုးနိုင်ပါတယ်။
Q:ဆေးအာနိသင် ပြဖို့ အချိန်?
🎈 ဆေးထိုးပြီး ၂ ပတ်အတွင်း ဆေးအာနိသင်စရပါတယ်။
Q:ဘယ်သူတွေ မဖြစ်မနေထိုးသင့်ပါလဲ?
🎈-အသက် ၆၅ နှစ်အထက် လူကြီးများ
-ကိုယ်ဝန်ဆောင်မိခင်များ
-ကျောင်းနေစအရွယ် ကလေးငယ်များ
-G6PD ရောဂါအခံရှိသော ကလေးငယ်များ
-ကိုယ်ခံအားနည်း ရောဂါဝေဒနာ ရှိသူများ
-ကင်ဆာ ဝေဒနာရှင်များ
-သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ
- အဆုတ်ရောဂါ ဝေဒနာရှင်များ
- ဆေးလိပ်သောက်သုံးသူများ
-လူအများနှင့် ထိတွေ့၍ လုပ်ငန်းခွင် ဝင်ရသောသူများ
-ကျန်းမာရေးဝန်ထမ်းများ

Q:တုတ်ကွေးကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ ထိုးလို့ ရပါသလား?
🎈ကိုယ်ဝန်ဆောင်များ /နို့တိုက်မိခင်များလည်း ထိုးနှံနိုင်ပါသည်။

✅ရာသီတုတ်ကွေးကာကွယ်ဖို့
• မကြာခဏ လက်ဆေးမယ်
• လူထူထပ်တဲ့နေရာတွေကို ရှောင်မယ်
• နှာစေး၊ချောင်းဆိုး နေတယ်ဆို နှာခေါင်းစည်းနဲ့နေမယ်
• အိပ်ရေးဝဝ အိပ်မယ်
• အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပြီး
• ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်မယ်

"ဒေါက်တာသွေး"ဆေးကုခန်းမှာ ရာသီတုတ်ကွေး ကာကွယ်ဆေးထိုးနှံနိုင်ပါပြီ။
၅ယောက်(သို့)၁၀ယောက် နှင့်အထက် ထိုးနှံလိုသူများအတွက် အိမ်အရောက်ထိုးနှံပေးခြင်း ဝန်ဆောင်မှု ရှိပါသည်။Company များ နှင့် အသင်းအဖွဲ့များ အတွက်လည်း လူဦးရေပေါ်မူတည်ပြီး ဈေးနှုန်းများ ညှိနှိုင်းပေး ပါမည်။

ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည်သာလျှင် ငွေကုန်ကြေးကျ အနည်းဆုံးနှင့် အထိရောက်ဆုံး လုပ်ဆောင်မှုတခုဖြစ်ပါသဖြင့် ကာကွယ်ဆေးထိုးနှံလိုသူများ ကျွန်တော်တို့ ရဲ့ CB (သို့) 09422601150 , 09441416445 တွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ဒေါပုံမြို့နယ်ရှိ "သွေး" အထွေထွေရောဂါကု ဆေးခန်း သို့လည်း လာရောက်ထိုးနှံနိုင်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည် ❤️

❤️သွေး အထွေထွေရောဂါကုဆေးခန်း - အမှတ်၁၇၇ , အောင်သီရိလမ်း , မြို့သစ်ရပ်ကွက် ,ဒေါပုံမြို့နယ်


.Thway_Clinic

အသည်းမကွဲဖူးတဲ့သူ ရှိလား? 💔..................................................ဒေါက်တာသွေးလဲ အသည်းကွဲဖူးပါတယ် 🥺အတော်များမျ...
20/02/2022

အသည်းမကွဲဖူးတဲ့သူ ရှိလား? 💔..................................................
ဒေါက်တာသွေးလဲ အသည်းကွဲဖူးပါတယ် 🥺အတော်များများလဲ ကွဲဖူးကြမှာပါ
ကျွန်တော် ယခု ဆွေးနွေးပေးမယ့် အသည်းကွဲရောဂါက ချစ်ခြင်း၊ မုန်းခြင်းကြောင့် ဖြစ်တဲ့ အသည်းကွဲ နှလုံး‌အောင့်ခြင်းမဟုတ်ပါဘူး။ 🤗

💥ကမ္ဘာပတ်ဒုက္ခပေးခဲ့ ပေးနေဆဲ ပေးလတ္တံ့ဖြစ်တဲ့ ငဗစ်*ကိုဗစ်ရောဂါကူးစက်ခံရပြီး ဖြစ်တတ်တဲ့ နှလုံးရောဂါအကြောင်း ဆွေးနွေးပြောပြပေးမှာပါ 👊

❓ဘာလို့ဖြစ်တာလဲ
ကူးစက်ခံခဲ့ရသူတွေဟာ အနည်းနဲ့အများ စိတ်ဖိစီးမှုတွေ ကြောက်စိတ်/စိတ်ဒဏ်ရာတွေ ရခဲ့ကြပါတယ်
စိတ်ဖိစီးတဲ့အခါ Adrenaline ဟော်မုန်းတမျိုးထွက်လာပြီး နှလုံးကြွက်သားတွေအပေါ် ထိခိုက်မှုတွေ ဖြစ်ကာ နှလုံးရောဂါအသွင်ပြောင်းသွားတတ်ပါတယ်

❓ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ
ယခင် စိုးရိမ်လွန်ရောဂါ/စိတ်ကျရောဂါအခံ ရှိသူများမှာ ယခုလို နှလုံးအောင့်တဲ့ လက္ခဏာမျိုး ပိုမို ခံစားရနိုင်ခြေရှိပါတယ်
အသက်အားဖြင့်တော့ အသက်(၅၀) ကျော်သူတွေမှာ ပိုမိုခံစားရနိုင်ပါတယ်
အထူးသဖြင့် အမျိူးသမီးတွေမှာ ပိုများပါတယ်

❓တွေ့ရှိနှုန်းများလား?
ချစ်ရသူဆုံးရှုံးရ/ လမ်းခွဲရ/ကွာရှင်းပြတ်ဆဲရချိန်မျိုးတွေမှာ ဖြစ်တတ်တဲ့ နှလုံးအောင့်တဲ့ ခံစားရမှုမျိုးဟာ ကိုဗစ်ကူးစက်ခံခဲ့ရသူ အယောက်(၁၀၀)မှာ ပျမ်းမျှ (၂)ဦးနှုန်းလောက် ရှိနေတတ်ပါတယ်
လက္ခဏာတွေကရော
ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝခြင်းနဲ့ မူးဝေခြင်းတို့ ဖြစ်တတ်ပါတယ်

❓ဘာတွေ ပြုလုပ်ပေးရမလဲ?
ဒီလို လက္ခဏာတွေ သက်သာအောင်
👉 လေ့ကျင့်ခန်းလုပ်ပေးတာ၊
👉 တရားထိုင်တာ၊
👉 သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စကားပြောဆက်သွယ်တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။
နေ့စဉ်ဘဝကိုပါ အဆင်မပြေဖြစ်နေပြီဆိုလျှင်တော့ ကျန်းမာရေးပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

🩸ကျန်းမာရေး အသိပညာများကို မျက်ခြေမပြတ် တင်ပြဆွေးနွေးပေးမှာမို့ ဒေါက်တာ သွေးPage ကို Like and Follow လုပ်ထားပြီး မိမိချစ်ရသူများကို ကျန်းမာရေးအသိများ မျှ‌ဝေပေးကြပါစို့လားရှင်







Ref:
၁) https://www.deseret.com/coronavirus/2022/2/13/22925338/broken-heart-syndrome-covid-19-rise-cases
၂) https://komonews.com/news/local/cases-of-broken-heart-syndrome-on-the-rise
၃) https://health.clevelandclinic.org/how-coronavirus-is-causing-broken-heart-syndrome/

Photo_Google

ဒေါက်တာသွေးနဲ့ ဥမ္မာခင်..............................................ဖေဖော်ဝါရီလ ပထမအပတ်ကုန်ခါနီးမှာ ဖျားနာလူနာတွေ ရုတ်တ...
13/02/2022

ဒေါက်တာသွေးနဲ့ ဥမ္မာခင်..............................................
ဖေဖော်ဝါရီလ ပထမအပတ်ကုန်ခါနီးမှာ ဖျားနာလူနာတွေ ရုတ်တရက် များလာတာနဲ့ ဒေါက်တာသွေးတစ်ယောက် နှာခေါင်းတွေ နှိုက်ကြည့်ရပြန်တော့တယ်လေ 🧐
အိမ်း ထင်တဲ့အတိုင်းပါပဲ နာဖျား(၇)ယောက်မှာ (၆)ယောက်က ကိုဗစ်ပိုး ရှိနေပါလေ‌ရော 😱
အဲ့(၆)ယောက်မှာ (၅)ယောက်က ကာကွယ်ဆေးမထိုးထား 😞
ဒယ်လတာလား ဥမ္မာခင်လားတော့ ဒေါက်တာသွေးလဲ မသိ!

စာတွေ ရှာဖတ်တော့ အမေရိကားမှာ ဇန်နဝါရီ (၂၀၂၂) ပထမပတ်မှာ ကိုဗစ်ပိုးတွေ့ရှိ (၁)သန်းကနေ နောက်အပတ်အတွင်းမှာ (၇)သန်းကို ခုန်တက်သွားတယ်တဲ့ 👽

ကာကွယ်ဆေးမထိုးထားတဲ့သူဟာ ထိုးထားသူထက်-
👉 ကိုဗစ်ကူးစက်ခံရဖို့ (၃)ဆ ပိုများတယ်
👉ပြင်းထန်အဆုတ်ရောင် အောက်ဆီဂျင်ကျပြီး ဆေးရုံတက်နှုန်းက (၂၃)ဆ ပိုများတယ်

အိုမီခရွန်နဲ့ ပတ်သက်ပြီး သတိထားစေလိုတာလေးတွေ ထပ်ဆင့်ရှဲပေးလိုက်ပါတယ်။
📌၁) ကာကွယ်ဆေးတွေဟာ အိုမီခရွန်မျိုးကွဲမှာရော နောင်မျိုးကွဲ အသစ်မှာရော ထိရောက်မှု ရှိတယ်
📌၂) အိုမီခရွန်ဟာ သာမန်အအေးမိတာလို မရိုးရှင်းဘူး နာတာရှည်ကိုဗစ်လို ဒုက္ခပေးနိုင်တာတွေ မေ့ထားလို့ မရဘူး
📌၃) အိုမီခရွန်ဟာ အရင်မျိုးကွဲတွေထက် မပြင်းထန်ဘူးဆိုပေမယ့် ကာကွယ်ဆေးမထိုးထားသူတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ဆေးရုံတက်ရနှုန်းတွေ သေဆုံးနှုန်းတွေ ရှိနေတယ်
📌၄) မျိုးကွဲအဟောင်း ကူးစက်ခံရသူတွေမှာလဲ အိုမီခရွန် ထပ်မံကူးစက်ခံရနိုင်သေးတယ်
-ဆိုတော့ အိုမီခရွန်ဟာ ကျန်းမာရေးစနစ်ကို ထိခိုက်နေဆဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေဆဲ ဖြစ်တယ်
🥊ကာကွယ်ခြင်းနည်းတွေ ဖြစ်တဲ့ ကာကွယ်ဆေးထိုးတာ၊ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ လူချင်းခပ်ခွာခွာနေတာတွေကတော့ ဘယ်မျိုးကွဲမှာပဲဖြစ်ဖြစ် အရေးကြီးတာမို့ ပြည်သူများ အားလုံး မမေ့မလျော့ ဆင်ခြင်နိုင်စေဖို့ မေတ္တာများစွာဖြင့် ဆွေးနွေးရေးသားလိုက်ပါတယ်ရှင်

😍ကျန်းမာရေး အသိပညာများကို မျက်ခြေမပြတ် တင်ပြဆွေးနွေးပေးမှာမို့ ဒေါက်တာသွေး Page ကို Like and Follow လုပ်ထားပြီး မိမိချစ်ရသူများကို ကျန်းမာရေးအသိများ မျှ‌ဝေပေးကြပါစို့လားရှင်
🍀စာဖတ်သူ တစ်ဉီးချင်းစီတိုင်း ကျန်းမာရွှင်လန်း အဆင်ပြေသော နေ့ရက်များ ပိုင်ရှင်ဖြစ်ကြပါစေ။







Ref:
1) https://www.healio.com/news/infectious-disease/20220201/hospitalization-rate-23-times-higher-for-unvaccinated-vs-boosted-during-omicron
2) https://www.euro.who.int/en/health-topics/health-emergencies/pages/news/news/2022/01/the-omicron-variant-sorting-fact-from-myth
3) https://jamanetwork.com/journals/jama/fullarticle/2787776

New Covid Pills (ကိုဗစ်ပိုးသတ်ဆေး သောက်ဆေး အသစ်) Molnupiravir………………........................................................
03/02/2022

New Covid Pills (ကိုဗစ်ပိုးသတ်ဆေး သောက်ဆေး အသစ်) Molnupiravir
……………….............................................................
ရောဂါလက္ခဏာပေါ်ပြီး အစောပိုင်းရက်တွေမှာ ကိုဗစ်ရောဂါ အတည်ပြုပြီးတာနဲ့ ကုသနိုင်သော ဆေးဝါးအသစ် - ကိုဗစ် ပိုးသတ်ဆေး သောက်ဆေး အသစ်ဖြစ်ပါတယ်💥
ကိုယ်တွေနိုင်ငံမှာတော့ ကောက်ရိုးတမျှင်လဲ ဆွဲသင့်ဆွဲရမှာပါပဲ

အနောက်နိုင်ငံတွေမှာတော့ ရွေးချယ်စရာများတယ်
1) Pfizer ထုတ် Paxlovid နဲ့
2)Merck ထုတ် molnupiravir ဆိုပြီး ရှိတယ်။
ဆေးရုံတက်နှုန်းနဲ့ သေဆုံးနှုန်းကို Paxlovid က ၈၈ % လျှော့ချပေးပြီး molnupiravir က ၃၀ % လျှော့ချပေးတယ်

အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီး ဖြစ်တဲ့အလျောက် အရင် မျိုးကွဲတွေတုန်းက အသက်ကယ်နိုင်ခဲ့တဲ့ Monoclonal Antibodies တွေဟာ အိုမီခရွန်မှာ အလုပ်မဖြစ်ပေမယ့် 😕
ယခု molnupiravir သောက်ဆေးအသစ်ဟာ ကိုဗစ်ဗိုင်းရပ်စ်ရဲ့ မျိုးပွားမှုနှုန်းကို တားဆီးပေးကာ (၃) ရက်အတွင်း သိသိသာသာ ပိုးကောင်ရေ လျှော့ချပြီး ရလဒ်ကောင်းမွန်ကြောင်း အတိုင်းအတာတစ်ခုထိ ဝမ်းသာစရာတွေ့ရှိရပါတယ် 🙂
(၂၀၂၁)နှစ်ကုန်ပိုင်းမှာ ဆယ်သန်းကျော် ထုတ်လုပ်ထားခဲ့ပြီး ယခု ရှေ့နှစ်ဝက်အတွင်းမှာ ကမ္ဘာအနှံ့သို့ ရောက်ရှိလာတော့မှာပါ

သောက်ပုံသောက်နည်းမှာ -800 mg မနက် ၁ကြိမ် ည ၁ကြိမ် (၅) ရက် သောက်ရန် လိုပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတာမို့ ကာကွယ်ဆေးထိုးထားကြပြီး လက်ဆေး၊ Mask တပ်၊ ခပ်ခွာခွာနေကြဖို့ကို မမေ့လျော့ကြပါနဲ့ဉီးနော်😍
ကျန်းမာရေး အသိပညာများကို မျက်ခြေမပြတ် တင်ပြဆွေးနွေးပေးမှာမို့ ဒေါက်တာ သွေးPage ကို Like and Follow လုပ်ထားပြီး မိမိချစ်ရသူများကို ကျန်းမာရေးအသိများ မျှ‌ဝေပေးကြပါစို့လားရှင် 🥰

🍀စာဖတ်သူ တစ်ဦးချင်းစီတိုင်း ကျန်းမာရွှင်လန်း အဆင်ပြေသော နေ့ရက်များ ပိုင်ရှင်ဖြစ်ကြပါစေ။






Ref:
1) https://www.reuters.com/business/healthcare-pharmaceuticals/mercks-covid-pill-is-last-choice-us-patients-global-use-varies-2022-01-31/
2) https://homelandprepnews.com/stories/75761-preclinical-studies-demonstrate-mercks-oral-antiviral-molnupiravir-effective-against-covid-19-omicron-variant/
3) https://homelandprepnews.com/stories/75704-fda-limits-monoclonal-antibodies-for-covid-19-treatment-due-to-ineffectiveness-against-omicron/
Photo_Google

"3rd Dose Booster ထိုးထားကြပါ  //  ငွေကြေးကုန်ကျနည်းစေဖို့ Booster Dose ကိုထိုးကြစို့"လူ့အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ...
30/01/2022

"3rd Dose Booster ထိုးထားကြပါ // ငွေကြေးကုန်ကျနည်းစေဖို့ Booster Dose ကိုထိုးကြစို့"

လူ့အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့တဲ့ ကိုဗစ်ရောဂါ ရဲ့ ကြောက်စရာ မျိုးစိတ်တခု ဖြစ်တဲ့ Omicron အမျိုးအစား ဟာကျွန်တော်တို့ နိုင်ငံတွင်းမှာ စတင်ရောက်ရှိနေပြီ လို့သတင်းများကြားရပါတယ်။ကြိုတင်ကာကွယ်ခြင်းဟာ ကုသမှုထက် ပိုမိုထိရောက်ပြီး ငွေကုန်ကြေးကျလဲ ပိုမို သက်သာစေပါတယ်။ထို့ကြောင့် ကာကွယ်ဆေးကို အနည်းဆုံး ၃ကြိမ်ပြည့်အောင် ထိုးနှံထား သင့်ပါတယ်။

📌ကျွန်တော်တို့ ဒေါက်တာသွေး Home Service Gp အနေဖြင့် - အဆိုပါ 3rd Dose Booster အတွက် COVIDSHIELD (India Made) အမျိုးအစားအား တဦးလျှင် ၃၅၀၀၀ ကျပ်ဖြင့် ထိုးနှံပေးနေပါတယ်📌

👉၅ယောက် နှင့် အထက် ထိုးမည်ဆိုပါက အထက်ပါနှုန်းထားအတိုင်း အိမ်အရောက် ထိုးနှံပေးခြင်းဝန်ဆောင်မှု ရှိပါတယ်
👉တဦးချင်း (သို့) ၅ယောက်အောက် ထိုးမည်ဆိုပါက "သွေး ဆေးကုခန်း/ဒေါပုံ" သို့ လာရောက်ထိုးနှံ နိုင်ပါတယ်"
👉Page ရဲ့ Chat box (သို့) 09422601150 သို့ ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါတယ်။

(၃)ကြိမ်မြောက်ထိုးသင့်တဲ့ ကိုဗစ်ကာကွယ်ဆေး အတွက် သိထားသင့်တဲ့ အချက်တွေကတော့-
🩸 ဒုတိယအကြိမ် ထိုးပြီးသည့်ရက်မှ ၃လ အကြာတွင် ထိုးသင့်ပါတယ်
🩸 ပထမ နှစ်ကြိမ် ထိုးထားသည့် ဆေး အမျိုးအစားနှင့် 'မတူသော'ဆေးအမျိုးအစား ကို ထပ်မံထိုးထားပါက ရောဂါခုခံနိုင်မှု ပိုမိုအားကောင်းစေပါတယ်
🩸 ယခင် Guideline များအရ ၂ကြိမ်ထိုးပြီးလျှင် ကာကွယ်​ဆေး အောင်/မအောင် စစ်ဆေးပြီးမှ တတိယအကြိမ် ထိုးရန် ပြောဆိုမှုများရှိသော်လည်း နောက်ဆုံးအယူအဆ အရ 3rd dose booster သည် မဖြစ်မနေထိုးသင့်သည့် အနေအထား တခုတွင်ရှိလာပါတယ်

ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတ/ဖြစ်စဉ် များကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်တဲ့ အတွက် Page လေးကို like&follow လုပ်ထားနိုင်ပါတယ် ❤️


#ဒေါက်တာသွေးHomeSevice
#သွေးGeneralClinic

📌ယခု အပတ်များအတွင်း 'ဒေါက်တာသွေး' ရဲ့လူနာ ဟောင်းများက Covid19 Vaccine ထိုးတဲ့ Service ရှိပါလား ဟု မကြာမကြာ လာရောက်မေးမြန...
29/01/2022

📌
ယခု အပတ်များအတွင်း 'ဒေါက်တာသွေး' ရဲ့လူနာ ဟောင်းများက Covid19 Vaccine ထိုးတဲ့ Service ရှိပါလား ဟု မကြာမကြာ လာရောက်မေးမြန်းကြပါသည်။အရေးကြီးသော Cold chain system ကိုသေသေချာချာ မလုပ်ဆောင်နိုင်သေးသောကြောင့် ကြန့်ကြာနေရခြင်းဖြစ်ပါသည်။ ယခုတော့ Cold chain အတွက် တိတိကျကျ စိတ်ချရပြီဖြစ်ပါသဖြင့် ကြေငြာလိုက်ရခြင်းဖြစ်ပါသည်။

"India နိုင်ငံထုတ် CovidShield ကာကွယ်ဆေး နှင့် ၁၈နှစ် အော​က် အတွက် Covaxin ကာကွယ်ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် ထိုးနှံ နိုင်ပြီး ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။👇

💉Covid Shield
ဆေး(၂)ကြိမ်စာ အတွက် 70000ကျပ်
(တကြိမ်လျှင် 35000ကျပ်)
Booster (3rd dose) အတွက် 35000ကျပ်
(2nd dose နှင့် သုံးလခြားပြီး Booster 3rd dose ကိုထိုးပါ)(Brand မတူတာ ထိုးလျှင် ထိရောက်မှုပိုမိုရရှိနိုင်ပါသည်)

💉Covaxin (၅နှစ် မှ ၁၈နှစ် အတွင်း)
ဆေး(၂)ကြိမ်စာ အတွက် 80000ကျပ် တို့ ဖြစ်ပါသည်။

🩸၅ယောက်(သို့)၁၀ယောက် နှင့်အထက် ထိုးနှံလိုသူများအတွက်အိမ်အရောက်ထိုးနှံပေးခြင်းဝန်ဆောင်မှုရှိပါသည်။
🩸တစ်ဦးချင်း (သို့) ၅ယောက် အောက် ထိုးနှံလိုသူများအတွက်လည်း စီစဉ်ပေးပါမည်။
🩸Company များ နှင့် အသင်းအဖွဲ့များ အတွက်လည်း လူဦးရေပေါ်မူတည်ပြီး ဈေးနှုန်းများညှိနှိုင်းပေးပါမည်။

ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည်သာလျှင် ငွေကုန်ကြေးကျ အနည်းဆုံးနှင့် အထိရောက်ဆုံး လုပ်ဆောင်မှုတခုဖြစ်ပါသဖြင့် ကာကွယ်ဆေးထိုးနှံလိုသူများ ကျွန်တော်တို့ ရဲ့ CB (သို့) ☎️ 09422601150 တွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

အားလုံးကိုကျေးဇူးတင်ပါသည်။
photo crd ;

ချစ်ခင်တန်ဖိုးထားရပါသော လူကြီးမင်းတို့ရှင်....အိုမီခရွန် ကိုဗစ် မျိုးကွဲမှာ ထူးထူးဆန်းဆန်း လက္ခဏာရှိနေတာ သိပြီးကြပါပြီလာ...
16/01/2022

ချစ်ခင်တန်ဖိုးထားရပါသော လူကြီးမင်းတို့ရှင်....အိုမီခရွန် ကိုဗစ် မျိုးကွဲမှာ ထူးထူးဆန်းဆန်း လက္ခဏာရှိနေတာ သိပြီးကြပါပြီလား ??😱

ကမ္ဘာအနှံ့ ပြန့်ပွားကူးစက်နေတဲ့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ
👉ဒယ်တာထက် ကူးစက်မြန်တဲ့အပြင်
👉ရောဂါလက္ခဏာပျိုးချိန် တိုတောင်းပါတယ် ( ၃ရက်မှ ၅ ရက်)

❓အိုမီခရွန်ရဲ့ လက္ခဏာတွေကရော အရင်ကိုဗစ်မျိုးကွဲတွေနဲ့ တူသေးရဲ့လား??
👉တူတာတွေ ရှိသလို မထင်ထားတဲ့ လက္ခဏာတွေလဲ ရှိနေပါတယ်။ အရင်မျိုးကွဲ‌ဟောင်းတွေလို
၁) လည်ချောင်းယားခြင်း
၂) နှာရည်ယို/ပိတ်ခြင်း
၃) ခေါင်း/ကိုယ်လက် ကိုက်ခဲခြင်း
၄) ချောင်းဆိုးခြင်း
၅) မောပန်းနွမ်းနယ်ခြင်းတွေ ဖြစ်နိုင်ပြီး အခြားမျိုးကွဲများနဲ့ မတူ တမူထူးခြားတာကတော့ 👇👇
💥ညည ချွေးအလွန်ထွက်ခြင်းပါတဲ့!!!!!!𝑵𝒊𝒈𝒉𝒕 𝑺𝒘𝒆𝒂𝒕 💥
နောက်ပြီး အနံ့ အရသာပျောက်တာတွေလဲ သိပ်မဖြစ်ကြပါဘူး ✖️

ညဘက်ချွေးထွက် လက္ခဏာရှိတဲ့ အခြားရောဂါ အမြောက်အမြားလဲ ရှိနှင့် ပြီးသားဖြစ်တဲ့အတွက်-
အခုကာလမှာတော့ အိီုမခရွန် ကိုဗစ်မျိုးကွဲကို သတိထားကြရမှာပါ

ဆောင်းရာသီဖြစ်နေသေးတာမို့ ရာသီတုတ်ကွေးနဲ့တူတူ ကိုဗစ်လဲ ပူးတွဲကူးစက်ခံရနိုင်တာကြောင့် ပြည်သူများ အားလုံး မမေ့မလျော့ ဆင်ခြင်နိုင်စေဖို့ မေတ္တာများစွာဖြင့် ဆွေးနွေးရေးသားလိုက်ပါတယ်ရှင် ✍️💖

နောက်တစ်ပတ်မှာ မင်မင်က-
ရိုးရိုးအအေးပတ်ခြင်း၊ ရာသီတုတ်ကွေး နဲ့ ကိုဗစ်ပြင်းထန်အဆုတ်ရောင်ရောဂါတို့ရဲ့ တူမယောင်နဲ့ ကွဲပြားတဲ့ အချက်တွေကို တိုတိုနဲ့ လိုရင်း ဆွေးနွေးတင်ပြပေးဖို့ ရှိတာမို့ ဒေါက်တာ သွေး Page ကို Like and Follow လုပ်ထားပြီး မိမိချစ်ရသူများကို ကျန်းမာရေးအသိများ မျှ‌ဝေပေးကြပါစို့လားရှင်💖

🍀စာဖတ်သူ တစ်ဉီးချင်းစီတိုင်း ကျန်းမာရွှင်လန်း အဆင်ပြေသော နေ့ရက်များ ပိုင်ရှင်ဖြစ်ကြပါစေ။




Photo Credit

Address

Aung Thiri Street/Daw Pone Township
Yangon

Telephone

+959422601150

Website

Alerts

Be the first to know and let us send you an email when ဒေါက်တာ သွေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဒေါက်တာ သွေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram