WidyaHerbal

WidyaHerbal Strengthen Your Lung Function with Visudha Badhana (VB)!

ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ အမျိုးသားနေ့ မြန်မာပြည်သူပြည်သားအားလုံး ရောဂါဘေး၊ကပ်ဘေးမှကင်းဝေးပြီ...
07/12/2023

ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ အမျိုးသားနေ့ မြန်မာပြည်သူပြည်သားအားလုံး ရောဂါဘေး၊ကပ်ဘေးမှကင်းဝေးပြီး ကျန်းကျန်းမာမာနဲ့စီးပွားဥစ္စာများတိုးတက်ကြပါစေကြောင်း WidyaHerbal မှဆုမွန်ကောင်းတောင်းအပ်ပါတယ်။



လူရယ်လို့ဖြစ်လာရင် သက်ရှည်ကျန်းမာချင်ကြသူတွေချည်းပါပဲ။ ဒီအတွက်လည်းလက်တွေ့အသုံးဝင်တဲ့နည်းလမ်းကောင်းတွေအများကြီးရှိပါတယ်။ ...
05/12/2023

လူရယ်လို့ဖြစ်လာရင် သက်ရှည်ကျန်းမာချင်ကြသူတွေချည်းပါပဲ။ ဒီအတွက်လည်းလက်တွေ့အသုံးဝင်တဲ့နည်းလမ်းကောင်းတွေအများကြီးရှိပါတယ်။ ဒီလိုနည်းလမ်းကောင်းတွေထဲကမှ အရေးကြီးဆုံးလို့ပြောရမယ့်အချက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းပါ။ ဘဝကိုကျန်းကျန်းမာမာနဲ့အသက်ရှည်ရှည်ဖြတ်သန်းချင်သူတိုင်းလိုက်နာသင့်တဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းနည်းတွေကတော့...

(၁)မျှတအာဟာရခြင့်ချိန်ကာစားသောက်မှ
- အစားအသောက်စားရာမှာ ဝပြီလို့ထင်တဲ့အချိန်မှာရပ်တန့်လိုက်ခြင်းအားဖြင့် အလွန်အကျွံစားမိခြင်းကိုရှောင်ရှားနိုင်ပါတယ်။
- အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ပဲအမျိုးမျိုး ၊ ကျန်းမာစေသောအဆီဓာတ်များကိုပြည့်စုံမျှတစွာစားသောက်ပါ။
- အသင့်စားအစားအသောက်တွေ၊ ဓာတုဗေဒနည်းအရအမျိုးမျိုးပြန်လည်ပြုပြင်ထားတဲ့ စားစရာမျိုးတွေကိုစားသုံးတဲ့အခါ အလွန်အကျွံစားသုံးခြင်းရှောင်ကြဉ်ပါ။
- အဆီများသောအစားအစာများ၊ဆီကြော်များ၊ အချိုရည်နှင့်အချိုလွန်ကဲသောအစားအစာများဟာလည်း ကိုယ်အလေးချိန်သိသိသာသာတိုးစေပြီး အဝလွန်ခြင်းအထိဖြစ်စေနိုင်တာကြောင့်လျှော့ပေါ့စားသုံးပါ။

(၂)ရေဓာတ်ပြည့်ဝကျန်းမာစိုပြေသောဘဝ
- နေ့စဉ်အနည်းဆုံး ရေ(၂)လီတာခန့် သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းလည်ပတ်မှုတိုင်းကိုချောမွေ့စေပြီး၊ နေ့စဉ်ရေဓာတ်လိုအပ်ချက်ကိုဖြည့်ဆည်းပြီးသားဖြစ်စေပါတယ်။ ရေဓာတ်ပြည့်ဝတဲ့အခါ ကိုယ်ခံအားစနစ်ပါမြင့်တက်လာပြီး အသားအရေစိုပြေလှပစေကာ ဆီးနှင့်ဝမ်းမှန်ဖို့အထောက်အကူဖြစ်စေပြီး ကိုယ်အလေးချိန်တိုးမလာအောင်ထိန်းသိမ်းပြီးသားဖြစ်စေပါတယ်။

(၃)ရောဂါကင်းဝေးဝိတ်မတက်ရေး ပုံမှန်ကိုယ်လက်လှုပ်ရှားပေး
- နေ့စဉ် အနည်းဆုံးနာရီဝက်ခန့် လမ်းလျှောက်ခြင်းကဲ့သို့သောကိုယ်လက်လှုပ်ရှားမှုများ၊အားကစားများပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာသွေးလည်ပတ်မှု၊ကြွက်သားနှင့်အရိုးအဆစ်ကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။ ကိုယ်ခံအားပိုကောင်းလာပြီး နှလုံးရောဂါမှစ၍ အခြားသော နာတာရှည်ရောဂါများကိုပါကာကွယ်ပြီးသားဖြစ်စေပါတယ်။ အထူးသဖြင့် အဆီပိုနှင့်ကယ်လိုရီများကိုလောင်ကျွမ်းစေပြီး ကိုယ်ရည်စစ်ကာ ကိုယ်အလေးချိန်တက်မလာအောင်ထိန်းညှိဖို့နည်းလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။

(၄)နှစ်ခြိုက်စွာအိပ်စက်ပါမှအားအင်ပြည့်ဝကာကျန်းမာ
- နေ့စဉ်အနည်းဆုံး (၇)နာရီ မှ (၉)နာရီအထိ အိပ်ရေးဝဝအိပ်စက်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာ၊ အထူးသဖြင့် မျက်လုံး နှင့် ဦးနှောက်ကိုကောင်းမွန်စွာအနားပေးရာရောက်ပါတယ်။ ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေပြီး အားအင်ပြည့်ဝကာ ကိုယ်ရောစိတ်ပါလန်းဆန်းစေပါတယ်။အိပ်ရေးပျက်များသူတွေမှာ ဟော်မုန်းမညီမျှမှုတွေဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန်တိုးကာ ဝလာစေကြောင်းသိရှိထားသင့်ပါတယ်။

(၅)ကျန်းကျန်းမာမာဝိတ်ချနည်းများကိုလေ့လာပါ
- ကျန်းမာရေးဆောင်းပါးများဖတ်ရှုခြင်းဖြင့် ကျန်းမာရေးနဲ့ညီညွတ်သောမှန်ကန်သောဝိတ်ချနည်းများကိုသိရှိနိုင်မည့်အပြင် ကျန်းမာရေးအသိပညာဗဟုသုတတွေတိုးပွားစေတာမို့ ကိုယ်အလေးချိန်ထိန်းသိမ်းချင်သူတိုင်း ကျန်းမာစွာကိုယ်အလေးချိန်ထိန်းသိမ်းနည်းများကိုလေ့လာသင့်ပါတယ်။

စတဲ့နည်းလမ်းတွေအတိုင်းလိုက်နာကာ ကိုယ်အလေးချိန်ထိန်းညှိပါမှ အသက်ရှည်ရှည်ရောဂါကင်းကင်းနဲ့ ကျန်းမာစွာနေထိုင်နိုင်မှာဖြစ်ကြောင်းအသိပေးမျှဝေလိုက်ပါရစေရှင်။


ပေါ့ရွှတ်ရွှတ်နဲ့ မစားတတ်ဘူးလို့ ပြောလေ့ရှိကြတဲ့ မြန်မာ့ဓလေ့မြန်မာလူမျိုးတို့ရဲ့အကြိုက်ဟာ ဟင်းဆိုရင်လေးလေးပင်ပင်ရှိမှကြိ...
01/12/2023

ပေါ့ရွှတ်ရွှတ်နဲ့ မစားတတ်ဘူးလို့ ပြောလေ့ရှိကြတဲ့ မြန်မာ့ဓလေ့မြန်မာလူမျိုးတို့ရဲ့အကြိုက်ဟာ ဟင်းဆိုရင်လေးလေးပင်ပင်ရှိမှကြိုက်ကြပါသတဲ့။ ဒီလိုစားခြင်းအားဖြင့် ထမင်းမြိန်ပြီး ပိုစားကောင်းလို့ စားရသောက်ရတာပိုတင်းတိမ်တယ်လို့လည်းဆိုစမှတ်ရှိကြပါတယ်။ ဒီလိုဆားလေးလေးပင်ပင်ပါတဲ့ ဟင်းတွေအစားအသောက်တွေ ၊ အငန်ဓာတ်များတဲ့အစားအသောက်တွေဟာ ရေရှည်မှာကျန်းမာရေးကိုထိခိုက်စေသလားဆိုတာစဉ်းစားမိသူနည်းလိမ့်မယ်ထင်ပါတယ်။

ငန်တဲ့အစားအသောက်တွေစားခြင်းဟာ ကျန်းမာရေးရှုထောင့်အရ ချင့်ထောက်ကြည့်လျှင်...

(၁) သွေးပေါင်ချိန်တိုးခြင်းနှင့် နောက်ဆက်တွဲနှလုံးရောဂါ၊ လေဖြတ်ခြင်းများဖြစ်ပေါ်လာနိုင်ခြင်း

(၂) ကိုယ်ခန္ဓာတွင်းအရည်အိတ်တည်ခြင်း နှင့် ဖောရောင်ခြင်းများကိုပိုဖြစ်စေခြင်း

(၃) ကျောက်ကပ်ရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေပြီး ကျောက်ကပ်ပြဿနာများဖြစ်ပေါ်စေနိုင်ခြင်း

(၄) ခန္ဓာကိုယ်တွင်းရေဓါတ်လျင်မြန်စွာခန်းခြောက်စေနိုင်ခြင်း

(၅) အစာအိမ်မှဂတ်စ်များပိုမိုထွက်ရှိအောင်လှုံ့ဆော်ပေးခြင်း

(၆) ကယ်လ်ဆီယမ်စုပ်ယူနိုင်မှုကိုလျော့ကျစေပြီး အရိုးကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်း

စတဲ့ကျန်းမာရေးဆိုးကျိုးများခံစားရနိုင်ပါတယ်။ လျှော့ပေါ့ဆင်ခြင်စားသုံးသင့်တဲ့ Sodium လိုခေါ်တဲ့အငန်ဓာတ်မြင့်မားတဲ့အစားအသောက်တွေကတော့...

- ငါးပိ၊ငံပြာရည်၊ငါးဆားနယ်၊ငါးခြောက်၊ဝက်ပေါင်ခြောက်ကဲ့သို့သောအသားခြောက်များ

- ပြန်လည်ပြုပြင်ထားသောအသားချောင်းမျာား

- စည်သွပ်ဗူးများ၊ အသင့်စားခေါက်ဆွဲများ

- အငံဓာတ်မြင့်မားသော သရေစာများ

- ဆီတို့ဟူးနှင့် ဆားရေစိမ်ထားသောစားစရာများ

- ဆားလေးလေးဖြင့်ချက်ပြုတ်ထားသောဟင်းလျာများ

စတဲ့အစားအသောက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်လိုအပ်တဲ့အငန်ဓာတ်ပါပမာဏအတိုင်းသာလုံလောက်စွာစားဖို့ ဆင်ခြင်ထိန်းချုပ်မှသာ ကျန်းမာစွာစားသောက်မှုပုံစံဖြစ်စေမှာပါရှင်။


ကျန်းမာနုပျိုနေသူတိုင်းမှာ လျို့ဝှက်တဲ့ပုံပြင်တစ်ပုဒ်စီရှိတတ်ကြတယ်။မင်တို့ရဲ့ Herbal သဘာဝဆေးဓာတ်စာကို သုံးစွဲနေသူတွေမှာတ...
29/11/2023

ကျန်းမာနုပျိုနေသူတိုင်းမှာ လျို့ဝှက်တဲ့ပုံပြင်တစ်ပုဒ်စီရှိတတ်ကြတယ်။
မင်တို့ရဲ့ Herbal သဘာဝဆေးဓာတ်စာကို သုံးစွဲနေသူတွေမှာတော့ ဒီလျှို့ဝှက်ချက်ဟာ တန်ကေး (Tangkil Kusiko) ပါပဲ။

မင်တို့လိုလူသားတွေကိုအဓိကအိုမင်းရင့်ရော်စေတဲ့အကြောင်းတရားတွေက အသက်အရွယ်တစ်ခုတည်းမဟုတ်ပါဘူး။ Free Radical လို့ခေါ်တဲ့ မီးခိုးတွေ၊ chemical စွန့်ပစ်ပစ္စည်းတွေ၊ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေ နဲ့ထိတွေ့မိတဲ့အခါ အရေပြားကတစ်ဆင့် ဆဲလ်တွေ၊မော်လီကျူးတွေကိုပျက်စီးစေပါတယ်။ ဒါကို Oxidative stress လို့ခေါ်ပါတယ်။ ဒီလို Free Radical တွေက အိုမင်းရင့်ရော်မှုကိုလျင်မြန်စေရုံသာမက ကင်ဆာရောဂါဖြစ်နိုင်ချေကိုလည်းမြင့်တက်စေပါတယ်။

ဒါကြောင့် Free Radical တွေကိုတိုက်ဖျက်ဖို့ဆိုရင် ဆေးကောင်းတစ်လက်ကတော့လိုနေတာအမှန်ပဲ။
ဒီအတွက်အကောင်းဆုံးရွေးချယ်စရာကလည်း Tangkil ရှိနေပါတယ်။

တန်ကေး မှာ...

- သခွားသီးမှုန့်

- ဘယ်ရီသီးမှုန့်

- ပဲပိစပ်မှုန့်

- မုန်ညှင်းမှုန့်

- ပန်းဂေါ်ဖီစိမ်းမှုန့်

- ထောပတ်သီးမှုန့်

- ကိုချိမှုန်

- အနီရောင်သစ်သီးအစုံ

စတဲ့ Anti oxidant ကြွယ်ဝပြီး သဘာဝကရတဲ့ အဆီအနှစ်နဲ့ဖော်စပ်ထားတာကြောင့် Free Radical တွေကိုရှင်းလင်းပေးပြီးအရွယ်တင်နုပျိုစေပါတယ်။ ကင်ဆာရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးပြီး ကျန်းမာအသက်ရှည်စေတဲ့ အာနိသင်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့သဘာဝဆေးဓာတ်စာတစ်မျိုးလည်းဖြစ်ပါတယ်။

ဒါကြောင့်လူလတ်ပိုင်းကနေစပြီးကိုယ့်ရဲ့ကျန်းမာရေးနဲ့ အရွယ်တင်နုပျိုဖို့ကိုအလေးထားသူတိုင်း Tangkil ဟာနောင်တမရှိတဲ့ရွေးချယ်မှုဖြစ်စေမှာပါလို့ထပ်လောင်းပြောလိုက်ပါရစေရှင်။



WidyaHerbal ရဲ့ မိတ်ဟောင်းမိတ်သစ်အပေါင်း သာယာချမ်းမြေ့တဲ့ တန်ဆောင်မုန်းလပြည့် နေ့လေးမှာ ကျန်းမာပျော်ရွှင် စီးပွားလာဘ်လာဘ...
27/11/2023

WidyaHerbal ရဲ့ မိတ်ဟောင်းမိတ်သစ်အပေါင်း သာယာချမ်းမြေ့တဲ့ တန်ဆောင်မုန်းလပြည့် နေ့လေးမှာ ကျန်းမာပျော်ရွှင် စီးပွားလာဘ်လာဘတွေတိုးပွားပါစေလို့ WidyaHerbal မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။



ဒီတစ်ခေါက်မှာတော့ WidyaHerbal ရဲ့ချစ်ပရိသတ်ကြီးများအတွက် ရာသီအကူးအပြောင်းမှာနေမကောင်းဖျားနာခြင်းမျိုးမကြုံရလေအောင် ဘယ်လိ...
24/11/2023

ဒီတစ်ခေါက်မှာတော့ WidyaHerbal ရဲ့ချစ်ပရိသတ်ကြီးများအတွက် ရာသီအကူးအပြောင်းမှာနေမကောင်းဖျားနာခြင်းမျိုးမကြုံရလေအောင် ဘယ်လိုနေထိုင်ပြီးကာကွယ်ရမလဲဆိုတဲ့အချက်လေးတွေကိုဝေမျှပေးချင်ပါတယ်။

(1) တစ်ကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ပါ
- လက်ကို ဆပ်ပြာ (သို့) လက်သန့်ဆေးဖြင့် မကြာခဏဆေးကြောခြင်း
- မျက်စိ၊နား၊နှာခေါင်းများကို လက်ဖြင့်ထိကိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း

(2) ကိုယ်ခံအားကိုမြှင့်တင်ပါ
- လတ်ဆတ်သောအသားငါး၊အသီးအရွက်၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်များကိုမျှတစွာစားသောက်ခြင်း
- ရေများများသောက်ခြင်း
- အိပ်ရေးဝဝအိပ်ခြင်း
- နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ခြင်း

(3) ရာသီအလိုက်ဝတ်စားဆင်ယင်ပါ
- အေးတဲ့အချိန် နွေးထွေးသောအဝတ်စားများဝတ်ဆင်ခြင်း
- ပူအိုက်သောရာသီဥတုတွင် ချောင်ချောင်ပွပွအဝတ်အစားများဝတ်ဆင်ခြင်း

(4) လူအများကြားသွားလာရသည့်အခါ Mask-နှာခေါင်းစည်းတပ်ဆင်ပါ

(5) ရာသီတုပ်ကွေးကဲ့သိုသော ကူးစက်ရောဂါပိုးမွှားများမှကြိုတင်ကာကွယ်ရန် ကာကွယ်ဆေးထိုးပါ

(6) ဖျားနာသူများနှင့်တိုက်ရိုက်ထိတွေ့ခြင်းရှောင်ကြဉ်ပါ

(7) ဆေးဖက်ဝင်သစ်ဥသစ်ဖုများဖြင့်ဖော်စပ်ထားသော သဘာဝဆေးဓာတ်စာများကိုပုံမှန်မှီဝဲပါ


လမ်းလျှောက်ခြင်းဆိုတာ ကိုယ်ခန္ဓာကျန်းမာခြင်းအတွက် များစွာအကျိုးရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးဖြစ်ပါတယ်။လမ်းလျှောက်ခ...
21/11/2023

လမ်းလျှောက်ခြင်းဆိုတာ ကိုယ်ခန္ဓာကျန်းမာခြင်းအတွက် များစွာအကျိုးရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးဖြစ်ပါတယ်။လမ်းလျှောက်ခြင်းဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတော်တော်များများကိုအသုံးပြုပြီးလှုပ်ရှားရတဲ့အတွက်ကြောင့် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းအဖြစ် တစ်နေ့လျှင်နာရီဝက်ခန့်လမ်းလျှောက်ပေးသင့်ပါတယ်။

ပုံမှန်လမ်းလျှောက်နေကြသူများမှာ အထူးသဖြင့်...

- လမ်းလျှောက်ခြင်းဖြင့် နှလုံးသွေးလည်ပတ်မှုကိုအားကောင်းစေပြီး သွေးတိုးနှင့်ကိုလက်စထရောကိုကျစေတဲ့အတွက် သွေးတိုးနှင့် နှလုံးရောဂါအမျိုးမျိုးကို မဖြစ်ပေါ်အောင်ကာကွယ်တားဆီးပေးပါတယ်။

- ခန္ဓာကိုယ်အနှံ့လှုပ်ရှားရတဲ့အတွက် ကယ်လိုရီနဲ့ အဆီပိုများကိုလောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းပေးပြီး ကိုယ်ရေစစ်ကာကျစ်လျစ်လှပစေပါတယ်။

- ပုံမှန်လမ်းလျှောက်ပေးခြင်းဟာ အဆစ်အမြစ်များကိုဟန်ချက်ညီညီပုံမှန်လှုပ်ရှားစေတဲ့အတွက် လေးဖက်နာဝေဒနာရှိသူများ နှင့်မကြာခဏအဆစ်အမြစ်ကိုက်ခဲတတ်တဲ့သူများကိုပါ သက်သာလျော့ပါးစေပါတယ်။

- လမ်းလျှောက်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး စိတ်လက်ပေါ့ပါးလန်းဆန်းပြီး အတွေးဉာဏ်များကိုကွန့်မြူးစေပါတယ်။
အင်ဒိုဖင်ဆိုတဲ့ဟော်မုန်းကိုလည်းထွက်ရှိစေတာကြောင့် စိတ်ပျော်ရွှင်တဲ့ခံစားချက်မျိုးကိုလည်းခံစားရစေပါတယ်။

- အမျိုးမျိုးသောကြွက်သားအစုအဝေးများ နဲ့ အရိုးများကို ဟန်ချက်ညီစွာလှုပ်ရှားစေတဲ့အတွက် အရိုးသိပ်သည်းဆကိုတိုးလာစေပြီး ခါးနာခြင်း၊ခါးကိုက်ခြင်းဝေဒနာများကိုပါလျော့ပါးသက်သာစေပါတယ်။

- လမ်းလျှောက်ခြင်းဖြင့် အူနှင့်အစာအိမ်လမ်းကြောင်းရဲ့ အစာချေခြင်းလုပ်ငန်းစဉ်ကိုအထောက်အကူဖြစ်စေတာကြောင့် အစာကြေစေပြီး ဝမ်းချုပ်ခြင်းလျော့နည်းစေကာအူလမ်းကြောင်းကိုပိုမိုကျန်းမာစေပါတယ်။

- ပုံမှန်လမ်းလျှောက်ခြင်းဟာ ကိုယ်ခံအားစနစ်ကိုပိုမိုကောင်းမွန်စေတာကြောင့် တော်ရုံဖျားနာခြင်းမျိုးမရှိတော့ဘဲ ကူးစက်ရောဂါပိုးမျိုးကိုခံနိုင်ရည်ရှိစေပါတယ်။

- ကိုယ်လက်လှုပ်ရှားမှုကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေလို့ အိပ်ပျော်ဖို့ခက်သူများအတွက်လည်းလမ်းလျှောက်ခြင်းဟာများစွာအထောက်အကူဖြစ်စေပါတယ်။

- ပုံမှန်လမ်းလျှောက်သူတစ်ယောက်မှာ သွေးလည်ပတ်စီးဆင်းမှုအားကောင်းပြီး အောက်ဆီဂျင်များကို လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ဆဲလ်များဆီ ကောင်းမွန်စွာပို့ဆောင်ပေးတဲ့အတွက် အဆုတ်ကိုကျန်းမာစေလို့ မောပန်းခြင်းဒဏ်ကိုပိုမိုခံနိုင်ရည်ရှိစေပြီးသက်လုံပိုကောင်းစေပါတယ်။

ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့ဆိုရင် လမ်းလျှောက်ခြင်းကို နေ့စဉ်လေ့ကျင့်ခန်းတစ်ခုအဖြစ်ပုံမှန်သတ်မှတ် လုပ်ဆောင်သင့်ကြောင်းအကြံပြုပြောကြားလိုက်ပါရစေရှင်။


ကိုယ်ခန္ဓာသွယ်လျလှပမှုဟာ မိန်းကလေးတိုင်းပိုင်ဆိုင်ချင်တဲ့အရာတစ်ခုပါ။ သို့ပေမယ့် ယနေ့ခေတ်ရဲ့ အစားအသောက်ပုံစံပြောင်းလဲလာမှ...
17/11/2023

ကိုယ်ခန္ဓာသွယ်လျလှပမှုဟာ မိန်းကလေးတိုင်းပိုင်ဆိုင်ချင်တဲ့အရာတစ်ခုပါ။ သို့ပေမယ့် ယနေ့ခေတ်ရဲ့ အစားအသောက်ပုံစံပြောင်းလဲလာမှုများနဲ့ ဇိမ်ခံပစ္စည်းများပေါ်မူတည်ပြီး ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ခက်ခဲလာပါတယ်။

အထူးသဖြင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးများ နဲ့ အိမ်ထောင်ရှင်အမျိုးသမီးများဟာ ကိုယ်အလေးချိန်တက်ဖို့ လွယ်ကူနေတဲ့အတွက်အခက်ကြုံနေကြပါတယ်။ ကိုယ်အလေးချိန်တက်လာပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာပါတယ်။ ထိုဆိုးကျိုးများထဲမှအချို့အချက်များကတော့...

- သွေးတိုးရောဂါ

- နှလုံးရောဂါ

- ဆီးချိုသွေးချိုရောဂါ

- လေးဖက်နာရောဂါ

စတဲ့နာတာရှည်ရောဂါများရရှိလာနိုင်ပါတယ်။

ဒါကြောင့်ကိုယ်အလေးချိန်ထိန်းသိမ်းဖို့အစားအသောက်နဲ့အနေအထိုင်ကိုဂရုစိုက်ဆင်ခြင်ရပါတယ်။
အစားအသောက်ပိုင်းဆိုင်ရာဆင်ခြင်ရမယ့်အချက်တွေကတော့...

- ဆီကြော်များ၊ ဆီပြန်ဟင်းလျာများ ကိုလျှော့ချစားသုံးခြင်း

- ရေခဲမုန့်ကဲ့သို့သော ခရမ်ပါဝင်သောအစားအသောက်များကို လျှော့ချစားသုံးခြင်း

- ကိုလာကဲ့သို့သော ကာဗိုဟိုက်ဒရိုတ်ပါဝင်သော အချိုရည်များသောက်သုံးခြင်းကိုလျှော့ချခြင်း

- သကြားနှင့် အချိုဓာတ်လွန်ကဲသောအစားအသောက်များကိုလျှော့ချစားသုံးခြင်း

- ပြုပြင်ထားသောအသင့်စားအသားချောင်း/အသားပြားများစားသုံးခြင်းမှလျှော့ချခြင်း

- ထမင်းကဲ့သို့သော ကာဗိုဟိုက်ဒရိုက်ကြွယ်ဝတဲ့အစားအသောက်များကို အခြားအာဟာရဓာတ်များနှင့်မျှတစွာစားသုံးခြင်း

- အမျှင်ဓာတ်ကြွယ်ဝသောအသီးအနှံများကိုရွေးချယ်စားသုံးခြင်း

- အရက်ဘီယာကို လျှော့ချသောက်သုံးခြင်း

စတာတွေပဲဖြစ်ပါတယ်။

အပြူအမူအနေအထိုင်ပိုင်းဆိုင်ရာမှာလုပ်ဆောင်သင့်တဲ့အချက်များကတော့...

- နေ့စဉ်လမ်းပုံမှန်လျှောက်ပေးခြင်း

- ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးခြင်း

- အားကစားတစ်ခုခုကိုလုပ်ခြင်း

- ဆီးနှင့်ဝမ်းကိုပုံမှန်ဂရုစိုက်ပေးခြင်း

- အထိုင်များသောနေထိုင်မှုပုံစံအားပြုပြင်ခြင်း

စတဲ့အချက်များအတိုင်းအလေ့အကျင့်ပြုလုပ်ကာလိုက်နာသင့်ပါတယ်။

အဝလွန်ခြင်းကင်းပြီး အဆီပိုတွေကင်းဝေးကာသွယ်လျလှပဖို့အတွက်နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ နီဗားတယား (Nirvataya) ပါပဲ။ နီဗားတယားမှာ ခန္ဓာကိုယ်တွင်းအဆီပိုများကိုလောင်ကျွမ်းစေပြီး၊ သွေးတွင်းမကောင်းသောအဆီဓာတ်(ကိုလက်စထရော)များကိုလျော့ကျစေတဲ့ ဂျင်းနက်နဲ့ ကိုချိမှုန့်ကိုအဓိကထားဖော်စပ်ထားပါတယ်။

ဒါကြောင့် အဝလွန်ခြင်းနဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ရောဂါဘယတွေကင်းဝေးပြီး ကျန်းကျန်းမာမာနဲ့အဆီကျလှပချင်သူတိုင်း နီးဗားတယားဆိုတဲ့ သဘာဝဆေးဓာတ်စာကိုပုံမှန်သောက်သုံးကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါရစေရှင်။


နဂါးမောက်သီးဆိုတာဆေးဖက်ဝင်တယ်ကင်ဆာကာကွယ်တယ်လို့လူသိများတဲ့အသီးတစ်မျိုးပါ။ထူးခြားတဲ့အသွင်အပြင်နဲ့ အရသာကြောင့်ကြိုက်နှစ်သက...
16/11/2023

နဂါးမောက်သီးဆိုတာဆေးဖက်ဝင်တယ်ကင်ဆာကာကွယ်တယ်လို့လူသိများတဲ့အသီးတစ်မျိုးပါ။
ထူးခြားတဲ့အသွင်အပြင်နဲ့ အရသာကြောင့်ကြိုက်နှစ်သက်သူလည်းများကြပါတယ်။

နဂါးမောက်သီးမှာ Vitamin-C ၊ Vitamin-B အုပ်စုဝင်များဖြစ်ကြတဲ့ (B1,B2,B3) များပါဝင်ပြီး သံဓာတ်၊ ကယ်လ်ဆီယမ်နှင့် ဖော့စပရက် နှင့်အမျှင်ဓာတ်များပါဝင်ပါတယ်။ Vitamin-C အဓိကပါဝင်တဲ့အတွက် ကိုယ်ခံအားကောင်းစေပြီး ကူးစက်ရောဂါနဲ့ ဖျားနာခြင်းအမျိုးမျိုးမှလည်းကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းကင်းကာ အစာအိမ်နှင့်အူလမ်းကြောင်းကိုကျန်းမာစေပါတယ်။

ကိုယ်ခန္ဓာအိုမင်းရင့်ရော်မှုနဲ့ လေထုညစ်ညမ်းမှုအဆိပ်အတောက်များကိုပြေလျော့စေတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်တဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ သွေးတွင်းကမကောင်းတဲ့အဆီပိုများ(ကိုလက်စထရော)ကိုလျော့ကျစေပြီး နှလုံးနှင့်ပတ်သက်တဲ့ရောဂါတွေမဖြစ်အောင်လည်းကာကွယ်တားဆီးပေးပါတယ်။

နဂါးမောက်သီးဟာ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိလို့ ဆီးချိုသွေးချိုဝေဒနာရှင်များစားသုံးဖို့သင့်တော်တဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

သံဓာတ်ကြွယ်ဝတဲ့ နဂါးမောက်သီးဟာ သွေးအားနည်းခြင်းကိုကာကွယ်ပေးပြီး သွေးအားနည်းခြင်းကြောင့်ဖြစ်တတ်တဲ့ မူဝေခြင်း၊ အားနည်းခြင်းများကိုလည်းသက်သာစေပါတယ်။ နောက်ထပ်ဓာတ်တစ်မျိုးဖြစ်တဲ့ beta-carotene ဟာခန္ဓာကိုယ်ထဲရောက်ရှိသွားချိန်မှာ Vitamin-A အဖြစ်ပြောင်းလဲသွားတဲ့အတွက်ကြောင့် မျက်လုံးကျန်းမာရေးအတွက်ပါအားထားရတဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

အရည်ရွှမ်းတဲ့အသီးတစ်မျိုးဖြစ်တာကြောင့်လည်း ခန္ဓာကိုယ်ရေဓာတ်ဖြည့်စွက်ရာမှာအထောက်အကူဖြစ်စေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီးကယ်လိုရီနည်းပါးတဲ့သစ်သီးတို့ရဲ့ထုံးစံအတိုင်း စားသုံးသူကို အဆာပြေစေပြီး ကိုယ်အလေးချိန်တိုးမလာအောင်ပါ ထိန်းညှိပေးပါတယ်။
ဒါကြောင့်ကျန်းမာရေးရှုထောင့်အရကောင်းကျိုးများစွာပါဝင်တဲ့ နဂါးမောက်သီးကိုမကြာခဏစားသုံးပေးခြင်းဖြင့် ကျန်းမာတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ Widya Herbal မှဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။


တချို့လူများဟာ ပင်လယ်ငါးကို အကြောင်းအမျိုးမျိုးပြပြီး စားဖို့ရှောင်ကြဉ်လေ့ရှိကြပါတယ်။တကယ်တော့ ပင်လယ်ငါးစားသုံးခြင်းဟာ ကျ...
15/11/2023

တချို့လူများဟာ ပင်လယ်ငါးကို အကြောင်းအမျိုးမျိုးပြပြီး စားဖို့ရှောင်ကြဉ်လေ့ရှိကြပါတယ်။
တကယ်တော့ ပင်လယ်ငါးစားသုံးခြင်းဟာ ကျန်းမာရေးအရအကျိုးကျေးဇူးများစွာရှိတဲ့အတွက်
ပုံမှန်စားသုံးပေးသင့်တဲ့အစားအစာတစ်မျိုးပါ။

ပင်လယ်ငါးအမျိုးအစားတွေဖြစ်ကြတဲ့ ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါး အစရှိတဲ့ငါးတွေမှာ
Omega-3 Fatty acids ကြွယ်ဝစွာပါဝင်ပါတယ်။ Omega-3 ပါဝင်ခြင်းကြောင့် ဦးနှောက်နှင့် နှလုံးကျန်းမာရေး
ကိုအထူးကောင်းမွန်စေပြီး ရောင်ရမ်းမှုတွေကိုသက်သာစေပါတယ်။ ဒါကြောင့် omega-3 ကြွယ်ဝတဲ့ ပင်လယ်ငါး
ကိုအမြဲလိုလိုစားသုံးခြင်းဟာ ရုတ်တရက်နှလုံးရပ်ခြင်း နဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေများကိုလျော့ကျစေပါတယ်။

ပင်လယ်ငါးမှာပါဝင်တဲ့ ပရိုတိန်းဓာတ်ဟာ အကောင်းဆုံးအရည်အသွေးရှိတဲ့ အသားဓာတ်အမျိုးအစားဖြစ်လို့ ကိုယ်ခံအားစနစ်တည်ဆောက်ခြင်း၊
ကြွက်သားများတည်ဆောက်ခြင်း နဲ့ ခန္ဓာကိုယ်ရှိတစ်ရှူးများပြုပြင်ခြင်း ဖွဲ့စည်းခြင်းများအတွက်အကောင်းဆုံးအထောက်အပံ့ဖြစ်စေပါတယ်။

ဒါ့အပြင် ပင်လယ်ငါးမှာ ဗီတာမင်-D ၊ ဗီတာမင်-B12 ၊ အိုင်အိုဒင်း၊ စီလီနီယမ်၊ ဇင့် စတဲ့သက်စောင့်ဓာတ်များလည်းကြွယ်ဝစွာပါဝင်ပါတယ်။
ပင်လယ်ငါးကိုပုံမှန်စားသုံးသူတွေမှာ ဆီးချိုသွေးချိုရောဂါ နဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေနည်းပါးတာကိုလည်းတွေ့ရပါတယ်။ အခြားသောနာတာရှည်ရောဂါများကိုလည်းကြိုတင်ကာကွယ်ပေးပြီး
အရိုးအဆစ် နှင့် မျက်လုံးကျန်းမာရေးကိုပါအထောက်အကူဖြစ်စေပါတယ်။

သို့သော်လည်း ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ပင်လယ်ငါးစားသုံးမယ်ဆိုရင်တော့ ပြဒါးဆိပ်သင့်ပြီးသန္ဓေသားရဲ့အာရုံကြောစနစ်ကိုထိခိုက်နိုင်ခြေရှိတာကြောင့်
ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ပြသတိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။




တဖြေးဖြေး ရာသီဥတုက အေးမြတဲ့ဆောင်းတွင်းကိုချဉ်းကပ်လာပါပြီ။ ဒီလိုပြောင်းလဲလာတဲ့အပူချိန်ကိုလိုက်ပြီး ခန္ဓာကိုယ်ကထိန်းညှိရတဲ...
13/11/2023

တဖြေးဖြေး ရာသီဥတုက အေးမြတဲ့ဆောင်းတွင်းကိုချဉ်းကပ်လာပါပြီ။ ဒီလိုပြောင်းလဲလာတဲ့အပူချိန်ကိုလိုက်ပြီး ခန္ဓာကိုယ်ကထိန်းညှိရတဲ့အခါ ကိုယ်တွင်းအပူတွေကအပြင်ကိုတိုးထွက်လာပါတယ်။ ဒီလိုအရှိန်အဟုန်နဲ့ အပူချိန်ထိန်းညှိခြင်းကို ဒေသအခေါ်အဝေါ်အရ အပူကန်ခြင်းလို့ခေါ်ပါတယ်။

ဒီလိုအပူကန်တဲ့အချိန်မှာ...
- လည်ချောင်းနာခြင်း
- ခံတွင်း၊ ပါးစောင်၊ လျှာတို့မှာ အပူဖု၊အနာပေါက်ခြင်း
- နှုတ်ခမ်းခြောက်၊ နှုတ်ခမ်းကွဲခြင်း
- သွားဖုံးကြွခြင်း၊ သွားဖုံးရောင်ခြင်း
- ခန္ဓာကိုယ်အချို့နေရာများတွင်အပူဖု၊အကျိတ်များပေါက်ခြင်း
- ခြေဖနောင့်ကွဲခြင်း
- မျက်စိနာခြင်း
- မျက်စိစွံခြင်း
- အသားပတ်၊အသားခြောက်ခြင်း
စတဲ့လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။

ဒီလိုအပူကန်တဲ့လက္ခဏာတွေကိုကာကွယ်ဖို့နဲ့သက်သာစေဖို့ဆိုရင်...
- ရေများများသောက်ခြင်း
- ဒိန်ချဉ်သောက်ခြင်း
- အုန်းရည်သောက်ခြင်း
- တရုတ်နံနံစားခြင်း
- ပျားရည်သောက်ခြင်း
စတဲ့နည်းလမ်းတွေကိုအသုံးပြုနိုင်ပါတယ်။

မိမိကိုယ်တိုင်က ဆောင်းတွင်းတင်မကဘဲ အခြားအချိန်တွေမှလည်း ခဏခဏအပူကန်တတ်သူ အပူများသူဆိုရင်တော့ ဆေးနည်းကောင်းလေးရှိပါတယ်။
အဲ့ဒါကတော့ Widya Herbal ကနေ သဘာဝဆေးဖက်ဝင်ပစ္စည်းများနဲ့ဖော်စပ်ထားတဲ့ ဂျန်နရင်း (Genering Tistis)ဆေးဓာတ်စာပဲဖြစ်ပါတယ်။ ဂျန်းနရင်းကို ပုံမှန်သောက်သုံးပေးခြင်းဖြင့်အပူကန်ခြင်းကိုကာကွယ်နိုင်သလို အပူကန်ခြင်းကြောင့်ဖြစ်တတ်တဲ့ဝေဒနာတွေကိုလည်းသက်သာပျောက်ကင်းစေနိုင်ပါတယ်ရှင်။



နှလုံးအဆီဖုံးခြင်းဆိုတာ အဝလွန်သူတွေမှာအဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးပါ။ ပြည့်ဝဆီစားသုံးမှုများခြင်း၊ ဆီးချိုရောဂါရှိခြင်း...
01/11/2023

နှလုံးအဆီဖုံးခြင်းဆိုတာ အဝလွန်သူတွေမှာအဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးပါ။ ပြည့်ဝဆီစားသုံးမှုများခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ လှုပ်ရှားမှုနည်းခြင်း နှင့် မျိုးရိုးဗီဇ စတဲ့အကြောင်းအရင်းများကြောင့်
နှလုံးအဆီဖုံးခြင်းရောဂါဖြစ်နိုင်ပါတယ်။ ဒါဆိုရင် နှလုံးအဆီဖုံးရောဂါခံစားသူတွေအနေနဲ့ ထောပတ်သီးစားလို့ရသလားလေ့လာကြည့်ရအောင် !

ထောပတ်သီးဟာ သဘာဝအားဖြင့် အဆီများတဲ့အသီးတစ်မျိုးပါ။ ဒါပေမယ့်ထောပတ်သီးမှာပါဝင်တဲ့အဆီတွေဟာ monounsaturated Fat လို့ခေါ်တဲ့ မပြည့်ဝတဲ့အဆီဖြစ်လို့ နှလုံးကျန်းမာရေးကိုများစွာအထောက်အကူဖြစ်စေပါတယ်။
ဘာကြောင့်လဲဆိုတော့ ထောပတ်သီးမှာပါဝင်တဲ့အဆီဓာတ်ဟာ နှလုံးအဆီဖုံးခြင်းကိုအဓိကဖြစ်စေတဲ့ Cholesterol ခေါ် သွေးတွင်းမကောင်းတဲ့အဆီများကို ဖယ်ရှားပေးလို့ပဲဖြစ်ပါတယ်။

နောက်ထပ် ထောပတ်သီးမှာ Omega-3 Fatty acid လိုခေါ်တဲ့အဆီဓာတ်တစ်မျိုးပါဝင်လို့ ရောင်ရမ်းခြင်းတွေကိုသက်သာစေပြီး နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ်လို့ခေါ်တဲ့ သွေးတွင်းဖိအားခေါ် သွေးပေါင်ချိန်ကိုအဓိကထိန်းညှိပေးတဲ့ သတ္တုဓာတ်ပမာဏကလည်း ထောပတ်သီးမှာမြင့်မားစွာပါဝင်နေပါတယ်။

Antioxidant လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ အမျှင်ဓာတ်ပါဝင်မှုကြောင့် ကိုလက်စထရောကိုကျစေပြီး နှလုံးသွေးကြောများရောင်ရမ်းခြင်းမှကာကွယ်ပေးပါတယ်။

ဒါကြောင့် ထောပတ်သီးဟာ နှလုံးရောဂါခံစားနေရသူများ ၊ အထူးသဖြင့် နှလုံးအဆီဖုံးခြင်းဝေဒနာခံစားနေရသူများအတွက်အထူးသင့်လျော်သလို အဆိုပါရောဂါများကိုကြိုတင်ကာကွယ်ပေးလို့ လူတိုင်းအရွယ်မရွေးစားသုံးသင့်တဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်ရှင်။



Address

No. K/18, Bayint Naung Broker Sale Center, (1)Quarter, Mayangone Township
Yangon
11061

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959977835279

Alerts

Be the first to know and let us send you an email when WidyaHerbal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to WidyaHerbal:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram