လဝီသာယာ ၂၄ နာရီအထူးကုဆေးခန်းနှင့်သားဖွားခန်း Lawi Tharyar Specialist Clinic

  • Home
  • Myanmar
  • Yangon
  • လဝီသာယာ ၂၄ နာရီအထူးကုဆေးခန်းနှင့်သားဖွားခန်း Lawi Tharyar Specialist Clinic

လဝီသာယာ ၂၄ နာရီအထူးကုဆေးခန်းနှင့်သားဖွားခန်း Lawi Tharyar Specialist Clinic လဝီသာယာ ၂၄ နာရီ အထူးကုဆေးခန်းနှင့်သ?

အထူး ပရိုမိုရှင်း နဲ့ ကျန်းမာ​ရေး စစ်​ဆေးခြင်း 🦄ကရင်နှစ်သစ်ကူး အထူး ပရိုမိုရှင်း အ​နေနဲ့ ကျန်းမာ​ရေး စစ်​ဆေးခြင်း medica...
10/01/2024

အထူး ပရိုမိုရှင်း နဲ့ ကျန်းမာ​ရေး စစ်​ဆေးခြင်း
🦄ကရင်နှစ်သစ်ကူး အထူး ပရိုမိုရှင်း အ​နေနဲ့ ကျန်းမာ​ရေး စစ်​ဆေးခြင်း medical check up ကို အထူး discount ​စျေးနှုန်းများနှင့် ၁၁.၁.၂၄ ရက်​နေ့မှ ၂၁.၁.၂၄ ရက်​နေ့ အထိ စစ်​ဆေးနိုင်ပါပြီ
🦄Basic package 113000 တန်ကို 82500 နှုန်းဖြင့် ၎င်း
🦄အမျိုးသား Super package 170000 တန်ကို 154000 နှုင်းဖြင့် ၎င်း
🦄အမျိုးသမီး Super package 194000 တန်ကို 174000 နှုန်းဖြင့် ၎င်း
🦄အမျိုးသား Premium package ကို 239000 တန်ကို 214000 နှုန်းဖြင့် ၎င်း
🦄အမျိုးသမီး Premium package 309000 တန်ကို 279000 နှုန်းဖြင့် စစ်​ဆေးနိုင်ပါပြီရှင့်

အထူး ပရိုမိုရှင်း နဲ့ ကျန်းမာ​ရေး စစ်​ဆေးခြင်း 🦄ကရင်နှစ်သစ်ကူး အထူး ပရိုမိုရှင်း အ​နေနဲ့ ကျန်းမာ​ရေး စစ်​ဆေးခြင်း medica...
10/01/2024

အထူး ပရိုမိုရှင်း နဲ့ ကျန်းမာ​ရေး စစ်​ဆေးခြင်း
🦄ကရင်နှစ်သစ်ကူး အထူး ပရိုမိုရှင်း အ​နေနဲ့ ကျန်းမာ​ရေး စစ်​ဆေးခြင်း medical check up ကို အထူး discount ​စျေးနှုန်းများနှင့် ၁၁.၁.၂၄ ရက်​နေ့မှ ၂၁.၁.၂၄ ရက်​နေ့ အထိ စစ်​ဆေးနိုင်ပါပြီ

10/01/2024

ကိုယ်ဝန်ဆောင်မိခင်လောင်းများ ရိုးရိုး မွေးဖွားခြင်း အတွက် လဝီသာယာ ၂၄ နာရီ အထူးကုဆေးခန်းနှင့် သားဖွားခန်း မှ ၂၄ နာရီဝန်ဆောင်မှု ပေးနေပါပြီ

သန့်ရှင်းစိတ်ချရသောသားဖွားခန်းဝန်ဆောင်မှု
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးကိုယ်တိုင် ​​မွေးဖွားခြင်း
ရင်သွေးငယ်လေးအား ကလေးအထူးကု ဆရာဝန်ကြီးကိုယ်တိုင် စမ်းသပ်ကြည့်ရှုပေးခြင်း
မွေးကင်းစကလေးငယ်အတွက် ဘီပိုးကာကွယ်ဆေး အပြင် vit K ဆေးထိုးနှံပေးခြင်း
မွေးစာရင်းအတွက်ဝန်ဆောင်မှုများ

အစရှိသည့် ဝန်ဆောင်မှုများကို စျေးနှုန်းချိုသာ စိတ်အေးချမ်းသာစွာမွေးဖွားနိုင်ပါပြီ။

ရိုးရိုးမွေးဖွားခြင်း package 350000 (ဆရာဝန်ကြီးများ ဝန်ဆောင်မှု ပါပြီး)
ခွဲမွေးခြင်း package 950000
(ဆရာဝန်ကြီးများ ဝန်ဆောင်မှု ပါပြီး)

ခွဲစိတ်မှုများကို လဝီသာယာ ဆေးခန်းနှင့် ချိတ်ဆက်ထားသည့် ဆေးရုံများတွင် ခွဲစိတ်ပေးပါသည်

သိလို သည့် အကြောင်းအရာများကို ၀၉၇၈၄၇၁၂၀၃၉ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လိပ်စာ. အမှတ် ၁၂၅၆၊ ကံ့ကော် လမ်း၊ ၁၂ရပ်ကွက်၊ ရွေ့ပြည်သာ
ပုလဲလမ်း ၈၁ဂိတ်ဟောင်းမှတ်တိုင် တွင်ဆင်းပါ

ရွှေပြည်သာမြို့နယ်မှ မဟုတ်သည့် လူနာများ၏
သားဖွားမီးယပ် ကိစ္စများအတွက် သားဖွားမီးယပ် ဆရာဝန်ကြီးများနှင့် online မှ ဖုန်းဖြင့် teleconsultation တိုင်ပင်ပြီး ခွဲစိတ်ခြင်း package များကိုလည်း ရန်ကုန်မြို့ရှိ မြို့နယ်များ အလိုက် စီစဉ်ပေးပါသည်

labour
#ရိုးရိုးမွေး package
# ခွဲမွေးခြင်း package
#လဝီသာယာ
#ဆေးရုံ

🔔လဝီသာယာ အထူးကုဆေးခန်းနှင့် သားဖွားခန်းတွင်📢သူနာပြုအကူ(မ) ၂ဦး အလိုရှိသည်။📢ရွှေပြည်သာမြို့တွင်းနေထိုင်သူ ၊အိမ်ထောင်မရှိသူ...
11/09/2023

🔔လဝီသာယာ အထူးကုဆေးခန်းနှင့် သားဖွားခန်းတွင်

📢သူနာပြုအကူ(မ) ၂ဦး အလိုရှိသည်။

📢ရွှေပြည်သာမြို့တွင်းနေထိုင်သူ ၊
အိမ်ထောင်မရှိသူ ဖြစ်ရမည်။

📢အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း
ပညာအရည်အချင်း : ၈တန်းအောင်
Nurse aid လက်မှတ် ရှိသူ ဦးစားပေးပါမည်။

📢လူနာများအား နွေးထွေးပျူငှာစွာဆက်ဆံနိုင်ရမည့်သူ ဖြစ်ရမည်။

🕗အလုပ်ချိန် တစ်ရက် ၈နာရီ
လစာ ညှိနှိုင်း

🚨CV form အား 17.9.2023 မနက် ဆယ်နာရီနောက်ဆုံးထားတင်ပေးရန်
🗣️ရွေးချယ်ခံရသူများအား 18.9.23.နေ့လည် 12နာရီ interview ရှိပါမည်။

☎️ဆက်သွယ်ရန်ဖုန်း - 09784712039

🚗 ဆေးခန်းလိပ်စာ - အမှတ် ၁၂၅၆၊ ကံ့ကော်လမ်း၊ ၁၂ရပ်ကွက် ရွှေပြည်သာမြို့နယ်

(ပုလဲလမ်း ၈၁ ဂိတ်ဟောင်းမှတ်တိုင်အနီး ရင်သွေးဇုန် မူကြိုနောက်ကျော)

16/06/2023

ကိုယ်ဝန်ဆောင်မိခင်လောင်းများ ရိုးရိုးမွေးဖွားခြင်းအတွက် လဝီသာယာ ၂၄ နာရီ အထူးကုဆေးခန်းနှင့် သားဖွားခန်း မှ ၂၄ နာရီဝန်ဆောင်မှု ပေးနေပါပြီ

သန့်ရှင်းစိတ်ချရသောသားဖွားခန်းဝန်ဆောင်မှု
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးကိုယ်တိုင် ေမွးဖွားပေးခြင်း
ရင်သွေးငယ်လေးအား ကလေးအထူးကု ဆရာဝန်ကြီးကိုယ်တိုင် စမ်းသပ်ကြည့်ရှုပေးခြင်း
မွေးကင်းစကလေးငယ်အတွက် ဘီပိုးကာကွယ်ဆေး အပြင် vit K ဆေးထိုးနှံပေးခြင်း
မွေးစာရင်းအတွက်ဝန်ဆောင်မှုမ​ျား

အစရှိသည့် ဝန်ဆောင်မှု မ​ျားကို စျေးနှုန်းချိုသာ စိတ်အေးချမ်းသာစွာမွေးဖွားနိုင်ပါပြီ။

သိလို သည့် အကြောင်းအရာများကို ၀၉၇၈၄၇၁၂၀၃၉ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လိပ်စာ. အမှတ် ၁၂၅၆၊ ကံ့ကော် လမ်း၊ ၁၂ရပ်ကွက်၊ ရွေ့ပြည်သာ
ပုလဲလမ်း ၈၁ဂိတ်ဟောင်းမှတ်တိုင် တွင်ဆင်းပါ

05/01/2023

သူနာပြုအကူအလိုရှိသည်။

🔔လဝီသာယာ အထူးကုဆေးခန်းနှင့် သားဖွားခန်းတွင်

📢သူနာပြုအကူ(အမျိုးသမီး) ၂ဦး အလိုရှိသည်။

📢ရွှေပြည်သာမြို့တွင်းနေထိုင်သူ ၊
အိမ်ထောင်မရှိသူ ဖြစ်ရမည်။

📢အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း
ပညာအရည်အချင်း : ၈တန်းအောင်
Nurse aid လက်မှတ် ရှိသူ ဦးစားပေးပါမည်။

📢လူနာများအား နွေးထွေးပျူငှာစွာဆက်ဆံနိုင်မည့်သူ ဖြစ်ရမည်။

🕗အလုပ်ချိန် တစ်ရက် ၈နာရီ
လစာ ညှိနှိုင်း

🚨CV form အား 8.1.2023 မနက် ဆယ်နာရီနောက်ဆုံးထားတင်ပေးရန်
🗣️ရွေးချယ်ခံရသူများအား 8.1.23.နေ့လည် ၂နာရီ interview ရှိပါမည်။

☎️ဆက်သွယ်ရန်ဖုန်း - 09784712039, 09964395705

🚗 ဆေးခန်းလိပ်စာ - အမှတ် ၁၂၅၆၊ ကံ့ကော်လမ်း၊ ၁၂ရပ်ကွက် ရွှေပြည်သာမြို့နယ်

(ပုလဲလမ်း ၈၁ ဂိတ်ဟောင်းမှတ်တိုင်အနီး ရင်သွေးဇုန် မူကြိုနောက်ကျော)

05/01/2023

🔔လဝီသာယာ အထူးကုဆေးခန်းနှင့် သားဖွားခန်းတွင်

📢သူနာပြုအကူ(အမျိုးသမီး) ၂ဦး အလိုရှိသည်။

📢ရွှေပြည်သာမြို့တွင်းနေထိုင်သူ ၊
အိမ်ထောင်မရှိသူ ဖြစ်ရမည်။

📢အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း
ပညာအရည်အချင်း : ၈တန်းအောင်
Nurse aid လက်မှတ် ရှိသူ ဦးစားပေးပါမည်။

📢လူနာများအား နွေးထွေးပျူငှာစွာဆက်ဆံနိုင်ရမည့်သူ ဖြစ်ရမည်။

🕗အလုပ်ချိန် တစ်ရက် ၈နာရီ
လစာ ညှိနှိုင်း

🚨CV form အား 8.1.2023 မနက် ဆယ်နာရီနောက်ဆုံးထားတင်ပေးရန်
🗣️ရွေးချယ်ခံရသူများအား 8.1.23.နေ့လည် ၂နာရီ interview ရှိပါမည်။

☎️ဆက်သွယ်ရန်ဖုန်း - 09784712039, 09964395705

🚗 ဆေးခန်းလိပ်စာ - အမှတ် ၁၂၅၆၊ ကံ့ကော်လမ်း၊ ၁၂ရပ်ကွက် ရွှေပြည်သာမြို့နယ်

(ပုလဲလမ်း ၈၁ ဂိတ်ဟောင်းမှတ်တိုင်အနီး ရင်သွေးဇုန် မူကြိုနောက်ကျော)

13/11/2022

SLEEP STUDYအိပ်ပျော်နေစဥ် အသက်ရှူလမ်ကြောင်း
ပိတ်၍​ဟောက်သောသူများအတွက် စမ်းသပ်ပေးခြင်း နှင့်
ကုသမှုပေးခြင်း
============================
▶️OSA & RFA treatment ကုထုံး
====================
OSA ၏ အရှည်မှာ Obstructive
Sleep Apnea ဖြစ်ပါသည်။ ထိုအခြေအနေသည်
အဖြစ်များသော ရောဂါတစ်မျိုး ဖြစ်ပါသည်။
အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်း ပိတ်ဆို့၍
အသက်ရှုရပ်သွားခြင်းကြောင့် Oxygen (လေ) လုံ
လောက်စွာ မရနိုင်သော ရောဂါကိုခေါ်ပါသည်။
(၁) ညဘက်အိပ်ပျော်နေစဉ် ဟောက်တက်ပါသလား ???

▶️OSA ရောဂါ၏လက္ခဏာများ
ℹ️ အိပ်နေစဉ် မကြာခဏကျယ်လောင်စွာဟောက်ခြင်း
ℹ️ အိပ်နေစဉ် အသက်ရှုမွန်းကျပ်ခြင်း
ℹ️ အိပ်ယာနိုးလျှင် စိတ်မကြည်လင်ခြင်း ၊ ခေါင်းကိုက်ခြင်း
ℹ️ နေ့အချိန်တွင် အိမ်ငိုက်ခြင်း
ℹ️ အားအင်ကုန်ခန်းခြင်း နှင့် အားရုံစူးစိုက်မှုအားနည်းခြင်း

▶️ နောက်ဆက်တွဲပြဿနှင့် ဖြစ်နိုင်သော ရောဂါများ
ℹ️ အိပ်စက်ခြင်းကို နှစ်ခြိုက်စွာ မရသည့်အတွက်
ℹ️ စိတ်တိုဒေါသထွက်လွယ်ခြင်း
ℹ️ လုပ်ငန်းခွင်အတွင်းအ်ိပ်ပျော်သွားခြင်း
ℹ️ နှလုံးခုန်မမှန်ခြင်း
ℹ️ စိတ်ဓာတ်ကျခြင်း
ℹ️ သွေးတိုးရောဂါ
ℹ️ လေဖြတ်ခြင်း
ℹ️ အိပ်ငိုက်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ခြင်း ၊ လုပ်ငန်းခွင်
မတော်တဆ ထိခိုက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုး
များကို ရရှိနိုင်ပါသည်။
အထက်ပါ အချက်အလက်များ ဖြစ်နေပါက သင့်တွင်
OSA ရောဂါ (Obstructive Sleep Apnea ရောဂါဖြစ်
ရှိနေပြီဖြစ်သည်။

(၂) မည်သူတွေမှာ အဖြစ်များပါသလည်း ???

▶️OSA ဖြစ်နိုင်ခြေများသူများ
ℹ️ အ၀လွန်သူများ
ℹ️ သွေးတိုးရောဂါရှိသူ
ℹ️ ဆီးချိုသွေးချိုး ရောဂါရှိသူ
ℹ️ အမျိုးသမီး / အမျိုးသားများတွင် မေးရိုးတိုသူများ/
လည်ပင်းတိုသူများ
ℹ️ အာသီးကြီးတတ်သူများ
ℹ️ အိပ်ဆေးများစွဲသောက်သူများ

(၃) OAS ရောဂါရှိမရှိ ဘယ်လိုစမ်းသပ် သိရှိနိုင်ပါသလဲ ???
OSA ရောဂါစမ်းသပ်ရှာဖွေခြင်း
OSA ရောဂါရှိမရှိကို Overnight Sleep Study ဟု
ခေါ်သော အိပ်ပျော်စဉ် (Polysomnography) PSG စက်
နှင့် တပ်ဆင်ထား၍ မှတ်တမ်းယူပြီး ရောဂါစမ်းသပ်ရှာဖွေ
နိုင်ပါသည်။

(၄) ရောဂါဖြစ်လာပါက မည်သို့ ကုသမည်နည်း။
OSA အတွက်ကုသမှုများ

1. ရောဂါဖြစ်စေသော အခြေခံအကြောင်းအရင်းကို
ကုသခြင်း(ဥပမာ-ကိုယ်လေးချိန်လျော့ခြင်း ဆေးလိပ် ၊
အရက်ဖြတ်ခြင်း ၊ သွေးပေါင်ချိန်ထိန်းခြင်း)

2. ခွဲစိတ်ကုသခြင်း နှင့် သွားဘက်ဆိုင်ရာ ကိရိယာတပ်၍
ကုသခြင်း

3. CPAP (Continuous Positive Airway Pressure)
ဟုခေါ်သော ကိရိယာတပ်ဆင်၍ နှာခေါင်းမှ အသက်ရှု
လမ်းကြောင်းအထိ Oxygen /လေအလုံအလောက်
ရရှိအောင် ပေးသော ကုထုံးဖြင့် ကုသခြင်း။

4. RFA (Radio Frequency Ablation )ဟုခေါ်သော
လျှပ်စီးအား အနည်းငယ် ပေး၍ တွဲကျနေသော အာခေါင်
ပျော့အားကုသခြင်းဖြစ်ပါသည်။ RFA နှင့် ကုသခြင်းဖြင့်
အာခေါင်ပျော့ကျုံ့သွား၍ အိပ်ပျော်စဉ် အသက်ရှု
လမ်းကြောင်း ပိတ်ခြင်းကိုကာကွယ် နိုင်ပါသည်။
ထိုကုသခြင်းသည် ထုံဆေးဖျန်း၍ နာရီ၀က် (မိနစ် ၃၀)
ခန့်သာ ကြာမြင့်ပါသည်။ လူနာ၏ တိုးတက်ပြောင်း
လဲမှုကို မှုတည်၍ ကုသရသော အကြိမ်ကို ဆရာ၀န်ကြီးမှ
ဆုံးဖြတ်နိုင် ပါသည်။

▶️RFA ကုထုံး၏ ကောင်းကျိုးများ
ℹ️ ခွဲစိတ်ရန် မလိုအပ်ခြင်း ၊ လွယ်ကူမြန်ဆန်ခြင်း
ℹ️ ထုံဆေးဖြင့်သာ အသုံးပြု၍ အချိန်တိုအတွင်းပြီးမြောက်ခြင်း
ℹ️ အသက်ရှုလမ်းကြောင်း ပိတ်ဆို့ခြင်းကို တားဆီးပေးခြင်း
ℹ️ အသက်ရှုလမ်းကြောင်းချဲ့ပေးခြင်း
ℹ️ OSA ရောဂါကို ကိရိယာ တပ်ဆင်ရန်မလိုဘဲ ၊ သက်တောင့်
သက်သာ အိပ်ဆက်နိုင်ခြင်း
ℹ️ ငွေကုန်ကျေးကြသက်သာခြင်း ။
OSA & RFA treatment ကုထုံး ကို OSC ဆေးရုံတွင်
နား၊နှာခေါင်း၊လည်ချောင်း ဆရာ၀န်ကြီးများမှ ကျွမ်းကျင်စွာ
စမ်းသပ်ကုသပေးနေသည်ဖြစ်ပါသည်။
-------------------------------------------------------------
အသေးစိတ်သိရှိလိုပါက
01-4706622, 09-43208326
သို့ ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
===============================
⚕️⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။⚕️⚕️
==============================


.oschospitalmm.com

13/11/2022

(Otoacoustic Emissions)

မွေးကင်းစကလေးငယ် အကြားအာရုံချို့ယွင်းမှု ရှိ / မရှိကို
ဘယ်လို သိနိုင်မလဲ???

ကလေးငယ်တွေဟာ သင်ယူလေ့လာမှုများအတွက် အကြားအာရုံဟာ အရေးကြီးပါတယ်။ ဆရာဝန်များနှင့် ကျွမ်းကျင်သူများက စက်နှင့် စမ်းသပ်ပေးခြင်းဖြင့် သင့်ကလေးအကြားအာရုံပုံမှန်ဟုတ်မဟုတ် သိရှိနိုင်ပါတယ်။

မွေးကင်းစကလေး နားအကြားအာရုံစမ်းသပ်ခြင်း Otoacoustic Emissions (OAE Test) ပြုလုပ်ခြင်းဖြင့် မွေးရာပါ နားမကြားခြင်း ၊ နားအကြားအာရုံချို့ယွင်းခြင်းတို့ကို စောစီးစွာ သိရှိ၍ အချိန်မီ ကုသမှုခံယူ နိုင်မည်ဖြစ်ပါသည်။

OAE Test ဆိုသည်မှာ ကလေးငယ်၏ အတွင်းနားမှ ထုတ်လွှတ်သော အသံလှိုင်းများကို တိုင်းတာခြင်းဖြစ်ပါသည်။ ကလေး၏ နားအတွင်းသို့ စမ်းသပ်ကိရိယာတပ်ဆင်ပြီး အသံလှိုင်းများ၏ ပြန်လည်တုန့်ပြန်မှုကို တိုင်းတာခြင်းဖြစ်ပါသည်။ လွယ်ကူမြန်ဆန်ပြီး ကလေးအား နာကျင်မှုမရှိ ၊ ထိခိုက်မှု မရှိဘဲ စမ်းသပ်နိုင်ပါသည်။

အကြားအာရုံချို့တဲ့မှုရှိကြောင်း သိရှိရပါက နားလည်တတ်ကျွမ်းသော ကလေး အထူးကုဆရာဝန်ကြီးများ ၊ အကြားအာရုံပညာရှင်များနှင့် တိုင်ပင်၍ လိုအပ်သော ကုသမှု များကို စောလျင်စွာ ခံယူရန်လိုပါသည်။

ပထမဆုံး စစ်ဆေးသည့် OAE Test အဖြေကောင်းမွန်ပါလျှင်လည်း ကလေး၏ ဖွံ့ဖြိုးမှုကို အမြဲတစေ ကြည့်ရှု၍ အကြားအာရုံချို့ယွင်းမှု ရှိ/ မရှိ ဂရုပြုရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော အချို့သော ကလးသူငယ်နားလေးရောဂါများသည် မွေးကင်းစတွင် စမ်းသပ်၍ မရဘဲ အသက်ကြီးလာသည်နှင့်အမျှ တဖြေးဖြေးပေါ်လာတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

“မိမိရင်သွေးငယ် ကလေးများ၏ နားအကြားအာရုံချွတ်ယွင်းမှု ရှိခဲ့ပါလျှင် အချိန်မီကုသရန်အတွက် စမ်းသပ်စစ်ဆေးသင့်ပါသည်။”

===============================
အသေးစိတ်သိရှိလိုပါက Hotline: 09-880441013
09-765485563 ၊ 09-43208326 သို့
ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
===============================
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။
==============================

.oschospitalmm.com

13/11/2022

👶 မွေးကင်းစကလေးအသားဝါခြင်း

❣ မွေးကင်းစကလေး အသားဝါနေလျှင်

✅ ဆေးရုံသို့ ချက်ချင်းပြပါ

✅ ချိန်းဆိုထားသည့်နေ့ မဟုတ်ပါကလည်း အချိန်မရွေး ပြန်ပြပါ

✅ လိုအပ်ပါက ဆေးမီးချောင်းပြခြင်း (Phototherapy) ကုသမှုခံယူရပါမည်

✅ စိုးရိမ်ရသည့် ပြင်းထန်အသားဝါခြင်းကို သွေးလဲလှယ်သည့်ကုထုံးဖြင့် ကုသရပါမည်ဖြစ်ပါသည်



❣ မွေးကင်းစကလေး အသားဝါခြင်းသည်

✅ (၂) ရက်သားမှ (၁၄) ရက်သားအတွင်းတွင် ပုံမှန်ဖြစ်တတ်ပါသည်။ ကူးစက်ရောဂါမဟုတ်ပါ

✅ မျက်နှာမှစတင်ပြီး ခန္ဓာကိုယ်အောက်ပိုင်းအထိ အဝါရောင်ပျံ့နှံသွားလေ့ရှိပါသည်

✅ ရောဂါပြင်းထန်ခြင်းအဆင့်ကို သိရှိနိုင်ရန် လုံလောက်‌သောနေအလင်းရောင်အောက်တွင် အသားဝါခြင်းအမှတ်အတိုင်း ကြည့်နိုင်ပါသည်။ သို့မဟုတ် သွေးထဲတွင်ရှိသော အသားဝါဓာတ် (Bilirubin) ကို သွေးဖောက်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါသည်။



❣ မွေးကင်းစကလေးများ အသားဝါရသည့် အကြောင်းအရင်း

✅ မွေးကင်းစကလေး၏ အသည်းသည် အပြည့်အဝဖွံဖြိုးခြင်း မရှိသေးသည့်အတွက် သွေးထဲတွင် ပုံမှန်ထွက်ရှိလာသော Bilirubin များအား ခန္ဓာကိုယ်အပြင်သို့ စွန့်ထုတ်နိုင်ရန် နှောင့်နှေးခြင်း

✅ မိခင်သွေးအုပ်စုသည် Rh (-) ဖြစ်ပြီး ယခင်က Rh (+) ကလေး မွေးဖူးခဲ့ပါက နောက်ထပ်မွေးလာသော ကလေးတွင် Rh သွေးအုပ်စုဓာတ်မတည့်မှု ဖြစ်ပွားခြင်း

✅ ကလေးတွင် မွေးရာပါ G6PD အင်ဇိုင်းဓာတ်ချို့တဲ့ခြင်း

✅ မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက်ပိုင်းတွင် Bacteria (သို့မဟုတ်) Virus ရောဂါပိုးမွှားများ ဝင်ရောက်ပြီး ကလေးတွင် သွေးအဆိပ်တက်ခြင်း



❣ အောက်ပါအခြေအနေများတွင် မွေးကင်းစကလေးအသားဝါခြင်းသည် အလွန်အရေးကြီးသဖြင့် ချက်ချင်းဆေးကုသမှုခံယူရမည် ဖြစ်ပါသည်

✅ မွေးပြီး (၂၄) နာရီအတွင်း အသားဝါလာခြင်း ‌(သို့မဟုတ်) မွေးပြီး (၁၄) ရက်သားအထိ အသားဆက်ဝါနေသေးခြင်း

✅ အချိန်တိုအတွင်းတွင် တစ်ကိုယ်လုံးပျံ့နှံသွားခြင်း (သို့မဟုတ်) ခြေဖဝါး၊ လက်ဖဝါးအထိဝါခြင်း

✅ ကလေးနို့စို့နည်းသွားခြင်း (သို့မဟုတ်) နို့မစို့တော့ခြင်း

✅ ကလေးမှိန်းနေခြင်း/ နှိုးရခက်ခြင်း ‌‌(သို့မဟုတ်) ခန္ဓာကိုယ် တောင့်တင်းနေခြင်း

✅ ချက် (သို့မဟုတ်) အရေပြားတို့တွင် ပြည်တည်နာများရှိခြင်း

❣ ပြင်းထန်သော အသားဝါခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ဦးနှောက်ဆဲလ်များထိခိုက်ပျက်စီးခြင်း (Kernicterus) ဖြစ်ပွားလျှင် ခန္ဓာကိုယ် လှုပ်ရှားမှုများ မထိန်းချုပ်နိုင်ခြင်းနှင့် အကြားအာရုံ ပျက်စီးခြင်းများ ခံစားရနိုင်သည့်အပြင် အသက်ပင်လျှင် ဆုံးရှူံးနိုင်ပါသည်။



☎ 01-554412, 554413, 543278, 540455, 09-965120735

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်




---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

13/11/2022

🤰💦 မီးတွင်းကာလ ချွေးထွက်များခြင်း

မီးဖွားပြီးမေမေအများစုဟာ ရက်သတ္တပတ်ပေါင်းများစွာကြာတဲ့အထိ အထူးသဖြင့် ညဘက်ဆိုရင် ချွေးထွက်များလေ့ ရှိကြပါတယ်။ ချွေးထွက်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာရှိခဲ့တဲ့ ပိုလျှံနေတဲ့ရေတွေကို ခန္ဓာကိုယ်ထဲက စွန့်ထုတ်တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မေမေ့ရဲ့ချွေးပေါက်တွေဟာ အပိုဆောင်းအလုပ်လုပ်ရတာပေါ့။ ဒါ့အပြင် ကျောက်ကပ်ဟာလည်း အလုပ်ပိုမိုလုပ်ဆောင်တာကြောင့် မီးဖွားပြီးနောက်မှာ ဆီးခဏခဏ သွားတတ်ပါသေးတယ်။ မီးဖွားပြီးနောက် စိတ်ဖိစီးမှုတွေကြောင့်လည်း ချွေးထွက်များတတ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို အတိအကျမသိရသေးပေမယ့် မီးဖွားပြီးနောက်မှာ အီစထိုဂျင်ဟော်မုန်းပမာဏ ရုတ်တရက် ကျဆင်းသွားတာကြောင့် ဖြစ်နိုင်ခြေရှိပါတယ်။

ဒါတင်မကသေးပါဘူး၊ ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ရေတွေ ကုန်ဆုံးသွားပြီးနောက်မှာလည်း မိခင်နို့တိုက်ကျွေးနေတဲ့အတွက် အရင်ကထက် ချွေးပိုထွက်နေနိုင်ပါသေးတယ်။ မိခင်နို့တိုက်ကျွေးနေတဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲနဲ့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်များကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် မီးဖွားပြီးနောက်ချွေးထွက်များခြင်းဟာ ပုံမှန်ဖြစ်စဉ်တစ်ခုလို့ ဆိုနိုင်ပေမယ့် အဖျားရှိနေပါက ရောဂါပိုးဝင်ရောက်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ထည့်တွေးစရာအနေနဲ့ ချွေးထွက်များခြင်းဟာ သိုင်းရွိုက်ဂလင်း လိုတာထက်ပိုပြီးအလုပ်လုပ်နေတာလိုမျိုး ကျန်းမာရေးပြဿနာတစ်ချို့နဲ့လည်း ဆက်စပ်မှုရှိပါတယ်။ အကောင်းဆုံးကတော့ မီးဖွားပြီးချွေးထွက်များနေရင် ပုံမှန်ဟုတ်မဟုတ်ကို ဆရာဝန်နဲ့ပြသကာ စစ်ဆေးမှုခံယူဖို့ အကြံပြုလိုက်ရပါတယ်။

ခွဲပေးလိုက်ပြန်ပြီ နောက်ထပ်အဆီကျိတ်တစ်လုံးတင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာလူနာကတောင်ချုပ်ရိုးဖြေတော့မယ်
17/10/2022

ခွဲပေးလိုက်ပြန်ပြီ နောက်ထပ်အဆီကျိတ်တစ်လုံး

တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာ

လူနာကတောင်ချုပ်ရိုးဖြေတော့မယ်

Address

No 1256, Kant Kaw Street, 12 Ward, 81 Bus Stop, Shwe Pyi Thar Township
Yangon
11411

Telephone

+959784712039

Website

Alerts

Be the first to know and let us send you an email when လဝီသာယာ ၂၄ နာရီအထူးကုဆေးခန်းနှင့်သားဖွားခန်း Lawi Tharyar Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လဝီသာယာ ၂၄ နာရီအထူးကုဆေးခန်းနှင့်သားဖွားခန်း Lawi Tharyar Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram