16/03/2026
“ ကပ်သီးလေး လွဲသွားတာကွာ… နောက်တစ်ခါ ကျိန်းသေ ငါနိုင်မှာ…🗯️” ဆိုတဲ့ စိတ် နဲ့ အရုပ်ကောက်စက်🧸 ဂိမ်းစက်တွေရှေ့မှာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ဖူးကြလား?
ဟုတ်ပါတယ်…. ကိုယ်လိုချင်တဲ့ အရုပ်လေးက ကောက်လို့ရခါနီးမှာ ပြန်ပြုတ်ကျသွားတာမျိုး၊ ဂိမ်းကစားရင်း အနိုင်ရခါနီးမှ ကပ်ရှုံးသွားတာမျိုး၊ ဒါမှမဟုတ် အခုခေတ်မှာ ခေတ်စားနေတဲ့ Blind Box ဖောက်ရင်း ကိုယ်လိုချင်တဲ့ အရုပ်မရလိုက်တဲ့အခါမျိုးတွေမှာ ရပ်တန့်မယ့်အစား “တစ်ခါပဲ ထပ်ကြိုးစားလိုက်မယ်” ဆိုတဲ့ စိတ်နဲ့ နောက်ထပ် တစ်ခါပြီး တစ်ခါ ထပ်ခါထပ်ခါ ကြိုးစားနေမိတတ်ပါတယ်။
🧐ဘာကြောင့် ဒီလို ဖြစ်တာလဲ?
ဒီလို ကပ်လွဲသွားတဲ့ အခြေအနေ ကို Psychology အရ 𝐍𝐞𝐚𝐫-𝐌𝐢𝐬𝐬 𝐏𝐡𝐞𝐧𝐨𝐦𝐞𝐧𝐨𝐧 လို့ခေါ်ပြီး တကယ်တမ်း အနိုင်မရခဲ့သော်လည်း ကိုယ့်ရဲ့ ဦးနှောက်က ဒီအခြေအနေကို အောင်မြင်မှုနီးပါး, အောင်မြင်မှုနဲ့ဆင်တူတဲ့ အတွေ့အကြုံတစ်ခုလို သတ်မှတ်လိုက်ပါတယ်။
ဒါကြောင့်ပဲ “အနိုင်ရဖို့ နီးနေပြီ… နောက်တစ်ခါ ထပ်ကြိုးစားလိုက်ရင် ရနိုင်တယ်” ဆိုတဲ့ တွန်းအားပေး လှုံ့ဆော်မှုမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါ့အပြင် Neurological impact တစ်ခုအနေနဲ့ Near-Miss အခြေအနေတွေမှာ ဦးနှောက်ရဲ့ reward centers တွေ လှုံ့ဆော်ခံရပြီး ပျော်ရွှင်စိတ်လှုပ်ရှားမှု၊ အားတက်မှု၊ reward ကို မျှော်လင့်ရင်ခုန်မှုတွေနဲ့ ဆက်စပ်တဲ့ Dopamine တွေ ထွက်လာတတ်ပါတယ်။ ဒီ Dopamine response ကြောင့်လည်း တစ်ခါပြီးတစ်ခါ ထပ်ကြိုးစားချင်တဲ့ အပြုအမူ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒီလို Near Miss အခြေအနေတွေဟာ အရုပ်ကောက်စက်တွေမှမကပဲ ဆိုရှယ်မီဒီယာကို ဆက်တိုက် Scrolling လုပ်တာ , ဂိမ်းကစားတာ, gambling လုပ်တာ, slot machines တွေနှင့် စတော့ရှယ်ယာ ကစားခြင်း စတာတွေမှာလည်း ကြုံတွေ့နိုင်ပါတယ်။
❓အလွန်အကျွံ မဖြစ်စေဖို့ ဘယ်လို သတိထားပြုမူနိုင်မလဲ ?
ဒါတွေက ကောင်းတယ်ဆိုးတယ်လို့ ဆိုလိုခြင်းထက် ကိုယ့်ရဲ့ အပြုမူက လိုတာထက်ပိုပြီး အလွန်အကျွံ မပြုမိစေဖို့ မိမိတို့ဆီမှာ ဖြစ်ပေါ်တဲ့ ခံစားချက်လေးကို ကိုယ်တိုင် သတိပြုပြီး Control လုပ်ကြည့်လို့ရပါတယ်။
🌱 ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။
ဥပမာ - ဒီအရာကို ဆက်တိုက် လုပ်နေဖို့ တကယ်ရော ငါ့အတွက် လိုအပ်ရဲ့လား ? အနိုင်ရတယ်ဆိုတဲ့ ခံစားချက်လေးတစ်ခုကြောင့်ပဲ ဆက်သွားနေမိတာလား စသဖြင့် သုံးသပ်ကြည့်လို့ရပါတယ်။
🌱 Limit တစ်ခုသတ်မှတ်ပါ။
ဥပမာ - အရုပ်တစ်ခါကောက်ရင် ဘယ်လောက်ထိပဲ ကောက်မယ်, တစ်နေ့ကို Social Media အသုံးပြုချိန်ဘယ်လောက်ပဲထားမယ်, တစ်ပတ်မှာ ဂိမ်းကစားချိန် ဘယ်လောက်ထိပဲ ထားမယ် စသဖြင့် တဖြေးဖြေးနဲ့ ကိုယ့်ရဲ့ Dopamine Craving ကိုလျော့ချနိုင်ပါတယ်။
🌱 Healthy Dopamine တွေရဖို့ ကြိုးစားကြည့်ပါ။
လမ်းလျှောက်ခြင်း, Exercise လုပ်ခြင်း, စာဖတ်ခြင်း, Skill အသစ်လေ့လာခြင်း, ကိုယ်ချစ်ခင်ရသူတွေနှင့် meaningful conversation , Quality time ဖြတ်သန်းခြင်း စတဲ့ အရာလေးတွေ စမ်းကြည့်နိုင်ပါတယ်။
🌱ရေရှည်အတွက် Mindful Practices လေးတွေ ပြုလုပ်ကြည့်ပါ။
Mindful ဖြစ်ခြင်းကနေ ကိုယ့်ကိုကိုယ်ပိုပြီး Awareness ရနိုင်ဖို့ နှင့် ကိုယ်ပြုမူနေတဲ့ Action တွေကို ပိုပြီး သတိမူနိုင်ဖို့ ဖြစ်စေမှာပါ။ ဥပမာ - Deep Breathing, Meditation, Journaling စတာလေးတွေကို လုပ်ဆောင်နိုင်ပါတယ်။
ကိုယ့်ကိုပျော်ရွှင်မှုအစစ်ဖြစ်စေတဲ့ အရာလေးတွေကို တဖြေးဖြေးချင်း ရှာဖွေသွားကြည့်ရအောင်….🤍
Follow & Stay Connected with Mental Playground
Website: https://mentalplaygroundmm.com
YouTube: https://youtube.com/-j23?si=YjR2mXOdMqhsseUo
Telegram Channel: https://t.me/mentalplaygroundmyanmar TikTok: https://www.tiktok.com/?_t=ZS-8yOvfYsGWk3&_r=1
LinkedIn: https://www.linkedin.com/company/mental-playground/