Ma Har Myaing Hospital

Ma Har Myaing Hospital Ma Har Myaing Hospital is a place that provides health care services.

🙏မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ လူကြီးမင်းတို့အတွက် တီဘီရောဂါနဲ့ပတ်သက်လို့ သိထားသင့်သမျှ ကျန်းမာရေးဗဟုသုတလေးများကို မျှဝေ...
14/01/2026

🙏မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ လူကြီးမင်းတို့အတွက် တီဘီရောဂါနဲ့ပတ်သက်လို့ သိထားသင့်သမျှ ကျန်းမာရေးဗဟုသုတလေးများကို မျှဝေပေးချင်ပါတယ်ခင်ဗျာ👨🏼‍⚕️

🩺“ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်းဘဲ ကျန်းမာရေးဆိုတာ ငွေနဲ့ဝယ်လို့မရတဲ့ ရတနာတစ်ပါးပါ💎ဒီရတနာလေး ရှိနေတုန်းမှာ တန်ဖိုးထားတတ်ဖို့က အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အနည်းငယ် ချို့ယွင်းလာပြီဆိုရင် ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာနေပါစေ စိတ်ချမ်းသာမှုကို အပြည့်အဝ မရနိုင်တော့ပါဘူး။
👉ကြီးမားတဲ့ ရောဂါဝေဒနာတွေ မဖြစ်လာအောင် သေးငယ်တဲ့ အစပျိုးလက္ခဏာလေးတွေကို ကြိုတင်သတိပြုမိဖို့ အလွန်အရေးကြီးပါတယ်👈
📍ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ သာမန်ချောင်းဆိုးတာလေးပဲဆိုပြီး မပေါ့ဆကြပါနဲ့။ ဒါပေမယ့် တစ်ခါတလေမှာ ကျွန်တော်တို့ဟာ သာမန်ချောင်းဆိုးတာပဲ၊ အလုပ်ပင်ပန်းလို့ နေမကောင်းတာပါဆိုပြီး ကိုယ့်ခန္ဓာကိုယ်က ပေးနေတဲ့ အချက်ပေးလက္ခဏာတွေကို လျစ်လျူရှုမိတတ်ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အဖြစ်များနေဆဲဖြစ်တဲ့ “တီဘီရောဂါ”ဟာ အချိန်မှီ မကုသရင် အသက်အန္တရာယ်ရှိနိုင်သလို၊ အချိန်မှီ ကုသမှုခံယူရင်လည်း ၁၀၀% အမြစ်ပြတ် ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

✅တီဘီရောဂါဆိုတာ ရှက်စရာမဟုတ်ပါ။
ရှေးယခင်က တီဘီရောဂါကို လူတောမတိုးတဲ့ရောဂါ၊ မျိုးရိုးလိုက်တဲ့ရောဂါလို့ မှားယွင်းစွာ ယူဆခဲ့ကြပါတယ်။ တကယ်တော့ တီဘီရောဂါဟာ ဘက်တီးရီးယားပိုး (Mycobacterium Tuberculosis) ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်ခုသာ ဖြစ်ပါတယ်။ လေထဲကနေတစ်ဆင့် ကူးစက်တတ်တာကြောင့် ဘယ်သူ့မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် တီဘီရောဂါဖြစ်တာဟာ ရှက်စရာမဟုတ်သလို၊ ခွဲခြားဆက်ဆံခံရမယ့် ကိစ္စလည်း မဟုတ်ပါဘူး။

✅သတိထားကြည့်ရမယ့် အချက်ပေးလက္ခဏာများ
သာမန်အအေးမိနှာစေးတာနဲ့ တီဘီရောဂါရဲ့ လက္ခဏာတွေက ဆင်တူယိုးမှား ရှိတတ်ပါတယ်။ ဒါပေမဲ့ အောက်ပါအချက်တွေ ခံစားနေရပြီဆိုရင်တော့ တီဘီဟုတ်/မဟုတ် စစ်ဆေးဖို့ အရေးကြီးနေပါပြီ။
👉ရှည်ကြာသောချောင်းဆိုးခြင်း-ချောင်းဆိုးတာ (၂) ပတ်ထက်ကျော်နေပြီလား? ဒါဟာ အဓိက အချက်ပေးလက္ခဏာပါပဲ။
👉ကိုယ်အလေးချိန်ကျခြင်း-အစားအသောက် ပုံမှန်စားသော်လည်း သိသိသာသာ ပိန်ကျလာခြင်း။
👉ဖျားခြင်း-အထူးသဖြင့် ညနေစောင်း (ဒါမှမဟုတ်) ညဘက်တွေမှာ အဖျားငွေ့ငွေ့လေး ဖျားခြင်း။
👉ညဘက်ချွေးထွက်ခြင်း-အခန်းအပူချိန် ပုံမှန်ရှိနေသော်လည်း ညဘက်မှာ ချွေးတွေ ရွှဲနေအောင် ထွက်ခြင်း။
👉ရင်ဘတ်အောင့်ခြင်းနှင့် သလိပ်ထဲသွေးပါခြင်း-ရောဂါအနည်းငယ် ရင့်လာပါက အသက်ရှူရခက်ခြင်းနှင့် သလိပ်ထဲမှာ သွေးစအနည်းငယ် ပါလာတတ်ပါတယ်။

✅ဘယ်လိုကူးစက်သလဲ? ဘယ်သူတွေ ပိုသတိထားရမလဲ?
တီဘီရောဂါပိုးဟာ ရောဂါရှိသူက 🤧ချောင်းဆိုး၊ နှာချေ၊ စကားပြောတဲ့အခါ လေထဲကို ပျံ့နှံ့သွားပါတယ်။ အဲဒီလေကို ရှူမိတဲ့သူတွေဆီ ကူးစက်နိုင်တာပါ။ အထူးသဖြင့် ကိုယ်ခံအားနည်းသူတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံတစ်ခုခုရှိနေသူတွေဟာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

✅တီဘီရောဂါကိုပျောက်ကင်းအောင်ကုသဖို့အတွက် "လမ်းတစ်ဝက်မှာတင် လက်မလျှော့လိုက်ပါနဲ့"
တီဘီရောဂါရဲ့ ထူးခြားချက်က ဆေးသောက်ပြီး (၂) ပတ်လောက်ဆိုရင်ပဲ သိသိသာသာ နေကောင်းလာတာပါ။ အဲဒီအခါမှာ လူနာအများစုက ပျောက်ပြီအထင်နဲ့ ဆေးကို ရပ်လိုက်တတ်ကြပါတယ်။ ဒါဟာ အလွန်အန္တရာယ်ကြီးပါတယ်။ ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း (၆) လ (သို့မဟုတ်) ထိုထက်မက ရက်ပြည့်အောင် မသောက်ရင် "ဆေးယဉ်ပါးတီဘီ" အဖြစ် ပြောင်းလဲသွားနိုင်ပြီး ကုသရတာ ပိုခက်ခဲသွားတတ်ပါတယ်🚨

🤒လူကြီးမင်းတို့အနေနဲ့ မိမိမှာ အထက်ပါရောဂါလက္ခဏာတွေ ရှိနေရင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးမှာ သံသယရှိရင်ဖြစ်စေ မပေါ့ဆဘဲ နီးစပ်ရာဆေးရုံ/ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းအပ်ပါတယ်။
👉တီဘီရောဂါဟာ စောစောသိ၊ စောစောကုရင် အမြန်ဆုံး ပျောက်ကင်းနိုင်ပါတယ်👈

🏥လူကြီးမင်းတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ တိုင်ပင်ဆေးနွေးကုသဖို့လိုအပ်လာရင် ကျွန်တော်တို့မဟာမြိုင်ဆေးရုံကို အစဉ်အမြဲ ယုံကြည်စိတ်ချစွာ လာရောက်နိုင်ပါတယ်ခင်ဗျာ🚑
😊လူကြီးမင်းတို့ရဲ့ကျန်းမာရေးကို အစဉ်အမြဲ ဦးစားပေးစောင့်ရှောက်နိုင်ဖို့အတွက် ကျွန်တော်တို့မဟာမြိုင်ဆေးရုံရဲ့ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကိုလည်း လူကြီးမင်းတို့ထံ သတင်းကောင်းပါးအပ်ပါတယ်။
👩‍❤️‍👨လူကြီးမင်းတို့ရဲ့ချစ်ရတဲ့မိသားစုဝင်များ၊ သူငယ်ချင်းများနဲ့အတူ ရောဂါဘယကင်းဝေးပြီး ပျော်ရွှင်ကျန်းမာတဲ့ ဘဝလေးများကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ မဟာမြိုင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏

🏥မဟာမြိုင်ဆေးရုံ- အမှတ်(၃၀၈) ၊ပြည်လမ်း (မဟာမြိုင်မှတ်တိုင်အနီး) စမ်းချောင်းမြိုနယ်၊ရန်ကုန်မြို့။
အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Booking ပေးခြင်းများအတွက် ☎️Hot line phone no.- 09 940 299 990, 09 940 299 991 သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ👨🏼‍⚕️




#အသက်ကလေးရယ်တဲ့ရှည်စေလိုမဟာမြိုင်ရိပ်ကိုခို
#တီဘီရောဂါ

✅Medical field ထဲမှာ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေရှာဖွေနေတဲ့သူတွေအတွက် မဟာမြိုင်ဆေးရုံကြီးမှာ ဝန...
12/01/2026

ďżź
✅Medical field ထဲမှာ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေရှာဖွေနေတဲ့သူတွေအတွက် မဟာမြိုင်ဆေးရုံကြီးမှာ ဝန်ထမ်းခေါ်ယူနေပါပြီရှင့်
ďżź
▫️Customer Service staff - Female (2)posts
▫️Security staff - Male (2)posts

စိတ်ပါဝင်စားလို့ လာရောက်လျှောက်ထားလိုပါက
hrmanagr@maharmyainghospital.com
Viber No - 09787041997 သို့ ဆက်သွယ်လာရောက်လျှောက်ထားနိုင်သလို
ďżź
No.308,Pay Road,SanChaung
သို့လည်း လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါတယ်ရှင့်

💚ကျွန်တော်တို့ မဟာမြိုင်ဆေးရုံကြီးရဲ့ ဌာနအသီးသီးမှာ အားတက်သရော တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းမိသားစုဝင်တွေအားလုံးကို🎉ဂုဏ်...
12/01/2026

💚ကျွန်တော်တို့ မဟာမြိုင်ဆေးရုံကြီးရဲ့ ဌာနအသီးသီးမှာ
အားတက်သရော တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းမိသားစုဝင်တွေအားလုံးကို
🎉ဂုဏ်ပြုတဲ့အနေနဲ့ "Annual Staff Party" ညစာစားပွဲလေးကို
(၅.၁.၂၀၂၆) နဲ့ (၆.၁.၂၀၂၆) ရက်နေ့တွေမှာ ပျော်ပျော်ပါးပါး ကျင်းပပေးခဲ့ပါတယ်။🎉

🎊ကျွန်တော်တို့ မဟာမြိုင်ဆေးရုံအနေနဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို
အမြဲတစေ အသိအမှတ်ပြု တန်ဖိုးထားသလို၊ ပျော်ရွှင်စရာကောင်းတဲ့
လုပ်ငန်းခွင်လေးဖြစ်အောင်လည်း အစဉ်အမြဲ ဖန်တီးပေးလျက်ရှိပါတယ် ခင်ဗျာ။
💚ဒီလိုမျိုး စည်းလုံးညီညွတ်တဲ့ အင်အားနဲ့အတူ လူနာများအပေါ်မှာလည်း အကောင်းဆုံးနဲ့
အပြည့်ဝဆုံး ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အစဉ်အမြဲကြိုးစားသွားမှာ
ဖြစ်ပါတယ်ခင်ဗျာ။




#အသက်ကလေးရယ်တဲ့ရှည်စေလိုမဟာမြိုင်ရိပ်ကိုခို

🙏မဟာမြိုင်ဆေးရုံရဲ့ မိတ်ဆွေများအားလုံးအတွက် ပျော်ရွှင်စရာ (၂၀၂၆) နှစ်သစ်ကူး အချိန်ကာလမှစတင်၍  မိသားစု မိတ်ဆွေသူငယ်ချင်း ...
31/12/2025

🙏မဟာမြိုင်ဆေးရုံရဲ့ မိတ်ဆွေများအားလုံးအတွက်
ပျော်ရွှင်စရာ (၂၀၂၆) နှစ်သစ်ကူး အချိန်ကာလမှစတင်၍ မိသားစု မိတ်ဆွေသူငယ်ချင်း နှင့်အတူ
ဘေးဘယာအပေါင်းမှ ဝေးကွာပြီး ကျန်းမာ ချမ်းသာလန်းဖြာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏

"🎄 ပျော်ရွှင်စရာ ခရစ္စမတ်အခါသမယ ဖြစ်ပါစေ 🎄ယခုကျရောက်သော ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ပွဲတော်ရက်မြတ်မှာ လူသားအားလုံး ရောဂါဘယများ ...
25/12/2025

"🎄 ပျော်ရွှင်စရာ ခရစ္စမတ်အခါသမယ ဖြစ်ပါစေ 🎄
ယခုကျရောက်သော ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ပွဲတော်ရက်မြတ်မှာ လူသားအားလုံး ရောဂါဘယများ ကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ။
ခရစ္စမတ်ရဲ့ မေတ္တာတရားတွေက သင့်ကို ပိုမိုကျန်းမာသန်စွမ်းပြီး အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ခွန်အားတွေ ပေးစွမ်းနိုင်ပါစေကြောင်း မဟာမြိုင်ဆေးရုံ (Ma Har Myaing Hospital) မိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ 🎅✨
"

🙏မင်္ဂလာပါရှင်😊🏥ကျွန်မတို့ မဟာမြိုင်ဆေးရုံမှာ ပြသနိုင်တဲ့အထူးကုဆရာဝန်ကြီးများရဲ့ ဆေးခန်းထိုင်ချိန်များနဲ့ ပြသနိုင်တဲ့နေ့...
23/12/2025

🙏မင်္ဂလာပါရှင်😊
🏥ကျွန်မတို့ မဟာမြိုင်ဆေးရုံမှာ ပြသနိုင်တဲ့
အထူးကုဆရာဝန်ကြီးများရဲ့ ဆေးခန်းထိုင်ချိန်များနဲ့ ပြသနိုင်တဲ့နေ့ရက်များကို လူကြီးမင်းတို့အတွက် အသိပေးအပ်ပါတယ်ရှင့်☺️

☺️လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို အစဉ်အမြဲ ဦးစားပေးစောင့်ရှောက်နိုင်ဖို့အတွက် ကျွန်မတို့မဟာမြိုင်ဆေးရုံရဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကိုလည်း လူကြီးမင်းတို့ထံ သတင်းကောင်းပါးအပ်ပါတယ်ရှင့်🙏

👩🏻‍⚕️ဆရာဝန်ကြီးများရဲ့ ဆေးခန်းထိုင်ချိန်နဲ့ နေ့ရက်များမှာ
အခြေအနေအရ အပြောင်းအလဲရှိနိုင်ပါသဖြင့်
ကြိုတင် Appointment Booking ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🙏

📍 မဟာမြိုင်ဆေးရုံ
အမှတ် (၃၀၈)၊ ပြည်လမ်း (မဟာမြိုင်မှတ်တိုင်အနီး)
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

📞 အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Booking ပြုလုပ်လိုပါက
Hotline ဖုန်းနံပါတ်များ ဖြစ်တဲ့
09 940 299 990 ၊ 09 940 299 991 သို့
အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🙏

◽️ဒီအပတ်မှာတော့ ရင်သားကင်ဆာရောဂါအကြောင်းကို ကျန်းမာရေးဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ် ခင်ဗျာ။◽️ရင်သားကင်ဆာရောဂါဟာ ကမ္ဘာတစ်...
11/12/2025

◽️ဒီအပတ်မှာတော့ ရင်သားကင်ဆာရောဂါအကြောင်းကို ကျန်းမာရေးဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ် ခင်ဗျာ။

◽️ရင်သားကင်ဆာရောဂါဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖြစ်အများဆုံး အမျိုးသမီးကင်ဆာရောဂါ တွေထဲက တစ်ခုဖြစ်ပြီးတော့ ရောဂါဖြစ်ပွားနှုန်းဟာ အမျိုးသမီးကင်ဆာအားလုံးရဲ့ ၃၀% ခန့်လောက်ကိုရှိပါတယ်။

◽️ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် စစ်တမ်းများအရ အမျိုးသမီးဦးရေ ၂.၃ သန်းခန့်ဟာ နှစ်စဉ် ရင်သားကင်ဆာဖြစ်ပွားလျက်ရှိပြီးတော့ ၆၇၀,၀၀၀ ခန့် သေဆုံးနေပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားမှာလည်း ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် ၃% ခန့် တိုးတက်လျက်ရှိပါတယ်။

✅ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းဟာ ကမ္ဘာအနှံ့ကွဲပြားနေပေမယ့်လည်း ယေဘုယျအားဖြင့် နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ဆက်စပ်မှုရှိပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာ အမျိုးသမီး ၁၂ ဦးမှာ ၁ ဦးနှုန်း ရင်သားကင်ဆာတွေ့ရှိရတတ်ပြီး ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာတော့ အမျိုးသမီး ၂၇ ဦးမှာ ၁ ဦးနှုန်း တွေ့ရှိရတတ်ပါတယ်။ အဲဒီကွာခြားမှုရဲ့ အဓိကအကြောင်းရင်းတွေကတော့ ရာသီသွေးပေါ်ခြင်းနဲ့ မျိုးဆက်ပွားခြင်းဆိုင်ရာ သမိုင်းကြောင်းကွာခြားမှုတွေကြောင့် ဖြစ်ပါတယ်။

✅ချမ်းသာတဲ့ နိုင်ငံတွေမှာနေထိုင်ကြတဲ့ အမျိုးသမီးများဟာ ရာသီသွေးပေါ်စောလေ့ရှိပြီးတော့ ကလေးမွေးချိန်နောက်ကျတတ်တာကြောင့် ဒီအချက်နှစ်ခုစလုံးဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတဲ့ အချက်တွေဘဲဖြစ်ပါတယ်။ ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာနေထိုင်ကြတဲ့ လူများကတော့ ရင်သားကင်ဆာ စစ်ဆေးကုသမှုများကို ရရှိနိုင်ဖို့ ပိုမိုခက်ခဲတဲ့အတွက် ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းမှာတော့ ပိုမိုမြင့်မားနေလေ့ရှိပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာ အမျိုးသမီး ၇၁ ဦးမှာ ၁ ဦးနှုန်း ရင်သားကင်ဆာကြောင့် နှစ်စဉ်သေဆုံးပြီး ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာတော့ အမျိုးသမီး ၄၈ ဦးမှာ ၁ ဦးနှုန်း သေဆုံးနေပါတယ်။

❗️ရင်သားကင်ဆာရဲ့ ရှေ့ပြေး ရောဂါလက္ခဏာတွေကတော့-
၁။ ရင်သားမှာ အလုံးအကျိတ်များ ပေါ်လာခြင်း။
• ရင်သား (သို့မဟုတ်) ချိုင်းကြားအောက်မှာ အရင်တုန်းက မရှိခဲ့ဘဲ အသစ်ပေါ်လာတဲ့ အလုံးအကျိတ်များကို စမ်းမိခြင်းဟာ အဖြစ်အများဆုံးနဲ့ အစောဆုံးသော ရောဂါလက္ခဏာဖြစ်ပါတယ်။
၂။ အရေပြားမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း။
• အရေပြားတွန့်ခြင်း-ရင်သားအရေပြားဟာ ချိုင့်ခွက်ဝင်နေခြင်း၊ တွန့်လိပ်နေခြင်း (သို့မဟုတ်) လိမ္မော်သီးခွံ ကဲ့သို့ မျက်နှာပြင်ပုံစံ ပြောင်းလဲသွားခြင်း။
• နီမြန်းရောင်ရမ်းခြင်း-ရင်သားအရေပြားဟာ နီရဲပြီး ပန်းရောင် (သို့မဟုတ်) ခရမ်းရောင် ဖျော့ဖျော့သို့ ပြောင်းလဲသွားခြင်း။
• အရေပြားကွာခြောက်ခြင်း- ရင်သား/နို့သီးခေါင်းပေါ်မှာရှိတဲ့ အရေပြားဟာ အချပ်လိုက်ကွာကျခြင်း (သိုမဟုတ်) ကွဲအက်ခြောက်သွေ့နေခြင်း။
၃။ နို့သီးခေါင်းမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း။
• အရည်များစိမ့်ထွက်ခြင်း-နို့သီးခေါင်းကနေ ပုံမှန်မဟုတ်တဲ့ အရည်များ (ဥပမာ - သွေးနှင့်ရောနေတဲ့ အရည်များ) စိမ့်ထွက်နေခြင်း။
• အတွင်းဘက်သို့ ချိုင့်ဝင်သွားခြင်း-နို့သီးခေါင်းဟာ ရုတ်တရက် အတွင်းဘက်သို့ စုပ်ဝင်သွားသလို ဖြစ်သွားခြင်း။
• ယားယံအနီကွက်ထခြင်း-နို့သီးခေါင်းပတ်လည်မှာ လုံးဝပျောက်ကင်းမသွားဘဲ ယားယံတဲ့ အနီကွက်များထနေခြင်း။
၄။ ရင်သားရဲ့ ပုံသဏ္ဍာန် သို့မဟုတ် အရွယ်အစား ပြောင်းလဲခြင်း။
• ရင်သားနှစ်ဖက်ဟာ ပုံသဏ္ဍာန် (သို့မဟုတ်) အရွယ်အစား ကွဲလွဲမှု (Asymmetry) ဖြစ်လာခြင်း။
၅။ ချိုင်းကြားတွင် အလုံးပေါ်ခြင်း။
• ချိုင်းကြားအောက်တွင် အသစ်ပေါ်လာတဲ့ အလုံး (သို့မဟုတ်) ရောင်ရမ်းခြင်း။
၆။ နာကျင်မှုခံစားရခြင်း
• ဓမ္မတာလာချိန်နှင့် မဆိုင်ဘဲ ရင်သား (သို့မဟုတ်) နို့သီးခေါင်းမှာ ကြာရှည်စွာ နာကျင်ကိုက်ခဲခြင်း။
စတဲ့ ရောဂါလက္ခဏာတွေ ခံစားလာရပြီဆိုရင်တော့ မပေါ့ဆဘဲ သက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးကုသဖို့ အကြံပြုချင်ပါတယ် ခင်ဗျာ။

❗️ရင်သားကင်ဆာကို ဘယ်လို ကာကွယ်ကြမလဲ?
ရင်သားကင်ဆာကို အပြည့်အဝကာကွယ်ဖို့ဆိုတာ မလွယ်ပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချလို့ရတဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။

❗️ကိုယ်တိုင်စမ်းသပ်စစ်ဆေးပါ-တစ်လတစ်ခါ ရင်သားကို ကိုယ်တိုင်စမ်းသပ်ပြီး အဖုအကျိတ်ရှိ/မရှိ စစ်ဆေးတာဟာ အရေးကြီးဆုံးပါပဲ။
ပုံမှန် ဆေးစစ်ပါ-အသက် ၄၀ ကျော်လာပြီဆိုရင် Mammogram (ရင်သားဓာတ်မှန်) ကို ပုံမှန်ရိုက်သင့်ပါတယ်။

❗️ကျန်းမာတဲ့နေထိုင်မှုပုံစံ-ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
ရင်သားကင်ဆာဆိုတာ စောစောစီးစီး သိရှိပြီး ကုသနိုင်ရင် ပျောက်ကင်းနိုင်ခြေ အရမ်းများတဲ့ ရောဂါတစ်ခုပါ။

❗️ ဒါကြောင့် ပုံမှန်စစ်ဆေးဖို့နဲ့ ကိုယ့်ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တာတွေ တွေ့ရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးကြောင်း သတိပေးချင်ပါတယ်။
✅ဒီအကြောင်းအရာလေးတွေကတော့ လူကြီးမင်းတို့အတွက် ရင်သားကင်ဆာရောဂါအကြောင်းကို ပိုပြီး နားလည်လွယ်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။

👉ရင်သားကင်ဆာရောဂါနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေး၊ ကုသဖို့ လိုအပ်လာရင် ကျွန်တော်တို့ မဟာမြိုင်ဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးများနဲ့ အချိန်မရွေး လာရောက်တိုင်ပင်ဆွေးနွေးပြီး ကုသလို့ရနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

✅လူကြီးမင်းတို့ရဲ့ချစ်ရတဲ့မိသားစုဝင်များနဲ့ သူငယ်ချင်းများကိုလည်း ရင်သားကင်ဆာရောဂါအန္တရာယ်ကနေ ကာကွယ်နိုင်ကြပါစေ လို့ မဟာမြိုင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။

✅မဟာမြိုင်ဆေးရုံ- အမှတ်(၃၀၈) ၊ပြည်လမ်း (မဟာမြိုင်မှတ်တိုင်အနီး) စမ်းချောင်းမြိုနယ်၊ရန်ကုန်မြို့။
အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Booking ပေးခြင်းများအတွက် Hot line phone no.- 09 940 299 990, 09 940 299 991 သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ။




#မဟာမြိုင်ဆေးရုံ
#ရင်သားကင်ဆာအကြောင်း


#အသက်ကလေးရယ်တဲ့ရှည်စေလိုမဟာမြိုင်ရိပ်ကိုခို

🛑 အသည်းရောင် အသားဝါ (ဘီပိုး) ဆိုတာ ဘာလဲ? (Hepatitis B Information)🚨 သိထားသင့်တဲ့ အချက်များအသည်းရောင် အသားဝါ ဘီပိုး (Hepa...
05/12/2025

🛑 အသည်းရောင် အသားဝါ (ဘီပိုး) ဆိုတာ ဘာလဲ? (Hepatitis B Information)
🚨 သိထားသင့်တဲ့ အချက်များ
အသည်းရောင် အသားဝါ ဘီပိုး (Hepatitis 😎 ဟာ အသည်းကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုး 🦠 တစ်မျိုးဖြစ်ပြီး စနစ်တကျ မကုသရင် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ♋️ စတဲ့ အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
🩸 ဘီပိုး ဘယ်လို ကူးစက်သလဲ?
ဘီပိုးဟာ အောက်ပါ ကိုယ်တွင်းအရည်များ (Body Fluids) မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
သွေး: 💉 သွေးသွင်းခြင်း၊ ပိုးမသန့်စင်သော ဆေးထိုးအပ်/ပစ္စည်းများ သုံးစွဲခြင်း။
လိင်ဆက်ဆံခြင်း: 💑 ကာကွယ်မှုမရှိဘဲ လိင်ဆက်ဆံခြင်း။
မိခင်မှကလေးသို့: 🤰 မွေးဖွားချိန်တွင် မိခင်မှ ကလေးသို့ ကူးစက်ခြင်း။
❌ သတိပြုရန်- နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ အတူစားသောက်ခြင်း တို့ဖြင့် လုံးဝ မကူးစက်နိုင်ပါ။
🛡 ကာကွယ်ခြင်းနှင့် ကုသခြင်း
ဘီပိုးကို ထိရောက်စွာ ကာကွယ်ကုသနိုင်ပါပြီ! ✅
ကာကွယ်ဆေး ထိုးခြင်း (Vaccination):
ဘီပိုးကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးနည်းလမ်း 👍 ဖြစ်ပါတယ်။
ကလေးငယ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘီပိုးရှိသူနှင့် အတူနေသူများ မဖြစ်မနေ ထိုးသင့်ပါတယ်။
ပုံမှန် စစ်ဆေးခြင်း (Screening):
ရောဂါလက္ခဏာ မပြဘဲ ခံစားနေရနိုင်လို့ သွေးစစ်ဆေးမှု 🔬 ပြုလုပ်ရန် အရေးကြီးပါတယ်။
အချိန်မီ ကုသခြင်း (Treatment):
နာတာရှည် ဘီပိုးရှိသူများအတွက် ဗိုင်းရပ်စ်ပိုးပွားမှုကို ထိန်းချုပ်ပေးနိုင်တဲ့ဆေးဝါးများလဲ 💊 ရှိပါတယ်ရှင့်။
ပုံမှန် ဆရာဝန်နှင့် ပြသပြီး ကုသမှု ခံယူခြင်းဖြင့် အသည်းပျက်စီးမှုကို အတိုင်းအတာ တစ်ခုထိတော့ ကာကွယ်နိုင်ပါတယ်။
🏥 လူကြီးမင်းတို့၏ချစ်ရတဲ့ မိသားစုဝင်များနှင့် သူငယ်ချင်းများ အသည်းရောင်အသားဝါ ဘီပိုးရောဂါမှ ကင်းဝေးစေဖို့...
✨ ဘီပိုးရှိ/မရှိ သွေးစစ်ပါ!
✨ ဘီပိုး ကာကွယ်ဆေး ထိုးပါ!
✨ နာတာရှည် ဘီပိုးရှိပါက ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ!
ကျွန်မတို့ မဟာဆေးရုံရဲ့ ကျွမ်းကျင်တဲ့ အသည်းအထူးကု ဆရာဝန်ကြီးများနဲ့လည်း အချိန်မရွေး တိုင်ပင်ဆွေးနွေးလို့ရနိုင်ပါတယ်ရှင့့််။
📍 လိပ်စာ: No.308, Pyay Road, SanChaung Township, Yangon
☎️ ဖုန်းနံပါတ်များ: 09 940299990, 09 940299991

✅Medical field ထဲမှာ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေရှာဖွေနေတဲ့သူတွေအတွက် မဟာမြိုင်ဆေးရုံကြီးမှာ ဝန်...
28/11/2025

✅Medical field ထဲမှာ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေရှာဖွေနေတဲ့သူတွေအတွက် မဟာမြိုင်ဆေးရုံကြီးမှာ ဝန်ထမ်းခေါ်ယူနေပါပြီရှင့်
▫️ SR.Medical.Medical Officer - Male/Female (4)posts
စိတ်ပါဝင်စားလို့ လာရောက်လျှောက်ထားလိုပါက
hrmanagr@maharmyainghospital.com
Viber No - 09787041997 သို့ ဆက်သွယ်လာရောက်လျှောက်ထားနိုင်သလို
✅No.308,Pay Road,SanChaung
သို့လည်း လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါတယ်ရှင့်

🙏လူကြီးမင်းတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်သော ကိစ္စအဝဝအတွက် ဆွေးနွေးတိုင်ပင်ပြသဖို့ အခက်အခဲရှိနေပါသလား?😊🏥👩🏻‍⚕️ကျွန်မတို့ မဟာမ...
27/11/2025

🙏လူကြီးမင်းတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်သော ကိစ္စအဝဝအတွက် ဆွေးနွေးတိုင်ပင်ပြသဖို့ အခက်အခဲရှိနေပါသလား?😊

🏥👩🏻‍⚕️ကျွန်မတို့ မဟာမြိုင်ဆေးရုံကြီးမှာ အတွေ့အကြုံပြည့်ဝတဲ့ အထွေထွေရောဂါကုသမားတော်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးပြသဖို့အတွက် အခုဘဲ Booking လုပ်ထားလိုက်တော့နော်😊

🏥မဟာမြိုင်ဆေးရုံ- အမှတ်(၃၀၈) ၊ပြည်လမ်း (မဟာမြိုင်မှတ်တိုင်အနီး) စမ်းချောင်းမြိုနယ်၊ရန်ကုန်မြို့။

☎️Hot line phone no.- 09 940 299 990, 09 940 299 991 သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်👩🏻‍⚕️

#အသက်ကလေးရယ်တဲ့ရှည်စေလိုမဟာမြိုင်ရိပ်ကိုခို



ကဲ ... ဒီတစ်ပတ်မှာတော့ Vertigo လို့လူသိများကြတဲ့ “ချာချာလည်အောင်ခေါင်းမူးဝေခြင်း” ဆိုတဲ့ အကြောင်းအရာလေးကို ကျန်းမာရေးဗဟု...
19/11/2025

ကဲ ... ဒီတစ်ပတ်မှာတော့ Vertigo လို့လူသိများကြတဲ့ “ချာချာလည်အောင်ခေါင်းမူးဝေခြင်း” ဆိုတဲ့ အကြောင်းအရာလေးကို ကျန်းမာရေးဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်ရှင့် ... ။

🌀 Vertigo (ချာချာလည်အောင်ခေါင်းမူးဝေခြင်း) ဆိုတာ သာမန်ခေါင်းမူးနေခြင်းမျိုး (လုံးဝ) မဟုတ်ပါဘူး။

👨‍⚕️အဲ့ဒီလိုမျိုး မကြာခဏဆိုသလို မူးနေတတ်တယ်ဆိုရင်တော့ လူကြီးမင်းတို့အနေနဲ့ နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာဝန်ကြီးများနဲ့ ပြသကြည့်ဖို့ လိုအပ်လာပါပြီရှင့်။
ခေါင်းမူးပြီဆိုတာနဲ့ ...
✨ ချာချာလည်အောင်မူးဝေသွားတယ်၊
✨ ချား/ရဟတ်စီးသလိုမျိုး လှည့်ပတ်နေသလိုခံစားရတယ်၊
✨ တစ်ခါတစ်လေကျရင် မိုက်ခနဲဖြစ်ပြီးမှ ခေါင်းထဲမှာချာချာလည်သွားတယ်၊
✨ လမ်းသွားရင် ဒယီးဒယိုင်ဖြစ်နေတတ်တယ် ... ဆိုရင်တော့ ဒီလက္ခဏာတွေဟာ Vertigo လို့ခေါ်တဲ့
နားထဲမှာရှိတဲ့ Balance ထိန်းညှိပေးတဲ့ System ပျက်ခြင်း ရဲ့အဓိကလက္ခဏာတွေပါဘဲ။
❗️ Vertigo ဆိုတဲ့ရောဂါကို “အိပ်ပျော်အောင်အိပ်လိုက်ရင်တော့သက်သာသွားလိမ့်မယ်” လို့ မထင်လိုက်ပါနဲ့။

Vertigo ကို ဖြစ်စေတတ်တဲ့ အဓိကအကြောင်းအရင်းတွေကတော့-
🔸 Benign Paroxysmal Positional Vertigo (နားထဲမှာရှိတဲ့ ကမ္ဘာမြေဆွဲအားနဲ့ ခန္ဓာကိုယ်ရဲ့Balance ကိုအာရုံခံပေးတဲ့ Otoconia Crystal လေးတွေနေရာမမှန်ခြင်းကြောင့်ခေါင်းမူးခြင်း)
🔸 Ménière’s Disease (နားအတွင်းပိုင်းမှာရှိတဲ့ Endolymph လို့ခေါ်တဲ့ အရည်ဖိအားများလာပြီး Balance system ပျက်သွားခြင်းကြောင့် ခေါင်းမူးခြင်း)
🔸 Vestibular Neuritis (နားအတွင်းမှာရှိတဲ့ ခန္ဓာကိုယ် Balance ကိုထိန်းညှိပေးတဲ့အာရုံကြောရောင်ရမ်းခြင်း) စတဲ့ အကြောင်းအရင်းတွေကတော့ Vertigo ဖြစ်စေတဲ့ အဓိကအဖြစ်အများဆုံး အကြောင်းအရင်းတွေဘဲဖြစ်ပါတယ်။
အဖြစ်အနည်းဆုံးအကြောင်းအရင်းတွေကတော့-
🔸 Stroke (ဦးနှောက်သွေးကြောပိတ်၍လေဖြတ်ခြင်း)
🔸Brain Tumor (ဦးနှောက်အတွင်း အဖုအကျိတ်ရှိခြင်း)
🔸Head injury/trauma (ဦးခေါင်းထိခိုက်ခြင်း)
🔸 Stress (စိတ်ဖိစီးမှုများခြင်း)
🔸 Migraine (ခေါင်းတခြမ်းကိုက်ခြင်း)
🔸 Ear Pressure Imbalance (နားနှစ်ဖက်အတွင်းဖိအားမညီမမျှဖြစ်ခြင်း) စတဲ့အကြောင်းအရာတွေဘဲဖြစ်ပါတယ်။

➡️ ဒီရောဂါဟာ သေသေချာချာ မစစ်ဆေးမကုသရင် ပိုဆိုးလာနိုင်ပြီး
အလုပ်လုပ်မရ၊ သွားလာရခက်နဲ့ နေ့စဉ် Life style ကိုပါထိခိုက်လာနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

👉 ဒါကြောင့်မို့ Vertigo ဆိုတဲ့ရောဂါဆိုတာ ရိုးရိုးသာမန်ခေါင်းမူးခြင်းမျိုး မဟုတ်ဘဲနဲ့ ကုသမှုနောက်ကျရင်ရောဂါပြင်းထန်စေမယ့်ကိစ္စမို့
စောစောလာရောက်စစ်ဆေးကုသဖို့ အကြံပေးချင်ပါတယ်❤️

👩‍⚕️လူကြီးမင်းတို့အနေနဲ့ အတွေ့အကြုံပြည့်ဝတဲ့ နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာဝန်ကြီးများနဲ့ တိုက်ရိုက်တိုင်ပင်ဆွေးနွေးပြီး စောစောစီးစီး စစ်ဆေးကုသနိုင်ဖို့အတွက် ကျွန်မတို့မဟာမြိုင်ဆေးရုံသို့ အချိန်မှီ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်🙏

👩‍❤️‍👨လူကြီးမင်းတို့ရဲ့ချစ်ရတဲ့မိသားစုဝင်များ၊ သူငယ်ချင်းများနဲ့အတူ ရောဂါဘယကင်းဝေးပြီး ပျော်ရွှင်ကျန်းမာတဲ့ ဘဝလေးများကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မတို့ မဟာမြိုင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ရှင့်🙏

🏥မဟာမြိုင်ဆေးရုံ- အမှတ်(၃၀၈) ၊ပြည်လမ်း (မဟာမြိုင်မှတ်တိုင်အနီး) စမ်းချောင်းမြိုနယ်၊ရန်ကုန်မြို့။

👩🏻‍⚕️အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Booking ပေးခြင်းများအတွက် ☎️Hot line phone no.- 09 940 299 990, 09 940 299 991 သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်👩🏻‍⚕️

✅အခုပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကျွန်မတို့ မဟာမြိုင်ဆေးရုံမှာ ✅ခေတ်မှီတိကျတဲ့ စက်ကိရိယာများနဲ့ အတွေ့အကြုံပြည့်ဝတ...
14/11/2025

✅အခုပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကျွန်မတို့ မဟာမြိုင်ဆေးရုံမှာ

✅ခေတ်မှီတိကျတဲ့ စက်ကိရိယာများနဲ့
အတွေ့အကြုံပြည့်ဝတဲ့ ဆရာဝန်ကြီးများရဲ့
ကျန်းမာရေးစောင့်ရှောက်မှုဖြင့်
X-Ray နဲ့ Ultrasound ဓာတ်မှန်ဝန်ဆောင်မှုများကို
ရရှိနိုင်ပါပြီရှင့်။

🩺 Ultrasound ဝန်ဆောင်မှုများအဖြစ်
📌 Abdomen & Pelvic (ဝမ်းဗိုက်)
📌 Breast & Axilla (ရင်သားနှင့် ဂျိုင်း)
📌 Doppler & Vascular (သွေးကြောများကိုကြည့်ရှု၍ရသော Doppler Ultrasound)
📌 Neck (လည်ပင်း)
📌 Sc***um (ကပ္ပါယ်အိတ်)
📌 TVS (မိန်းမကိုယ်တွင်းရိုက် Ultrasound) စတဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်ပါတယ်။

✅X-Ray ဓာတ်မှန်ဝန်ဆောင်မှု အနေနဲ့ကတော့ (၂၄)နာရီလုံး ရရှိနိုင်မှာဖြစ်ပါတယ်ရှင့်။

✅ဒါကြောင့် လူကြီးမင်းတို့ရဲ့ချစ်ရတဲ့မိသားစုဝင်များရဲ့ကျန်းမာရေးအတွက် X-ray နဲ့ Ultrasound ဓာတ်မှန်စစ်ဆေးမှုတိုင်းမှာ တိကျမှု၊ မှန်ကန်မှု၊ စျေးနှုန်းမျှတမှု ရှိစေရန်အတွက် ကျွန်မတို့မဟာမြိုင်ဆေးရုံကို ယခုဘဲဆက်သွယ်လိုက်ပါနော်။

✅ဓာတ်မှန်အထူးကုဆရာဝန်ကြီးများနှင့်လည်း အချိန်မရွေးတိုင်ပင်ဆွေးနွေးလို့ ရနိုင်ပါတယ်ရှင့်။

လိပ်စာ-မဟာမြိုင်ဆေးရုံ၊ အမှတ်(၃၀၈) ၊ပြည်လမ်း (မဟာမြိုင်မှတ်တိုင်အနီး) စမ်းချောင်းမြိုနယ်၊ရန်ကုန်မြို့။

▫️အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Booking ပေးခြင်းများအတွက် Hot line phone no.- 09 940 299 990, 09 940 299 991 သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။





#မဟာမြိုင်ဆေးရုံ
#အသက်ကလေးရယ်တဲ့ရှည်စေလိုမဟာမြိုင်ရိပ်ကိုခို

Address

No. (308), Pyay Road, Sanchaung
Yangon
11111

Website

Alerts

Be the first to know and let us send you an email when Ma Har Myaing Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category