Swan Htet Thu Clinic

Swan Htet Thu Clinic For better health and best service
Swan Htet Thu is always ready for you

14/01/2023

Credit: ပါမောက္ခ သန်းသန်းအေး

မက်ဖော်မင် မနက်တစ်လုံး၊ ညနေ တစ်လုံး
------------------------------------

“မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး အမြဲသောက်နေပါတယ်” ။ ဒါကတော့ နေ့စဉ် ကြားနေရတဲ့ ဆီးချိုသွေးချိုလူနာတွေရဲ့ ဖြေကြားသံလေးတွေကို ပဲ့တင်ထပ်ပြီး ပြန်ပြောလိုက်ရခြင်းဖြစ်ပါတယ်။ ထပ်ခါတလဲလဲ ကြားနေကျဖြစ်ပြီး လူနာအသစ်ရောက်လာတိုင်း ဒီလေသံမျိုး ထပ်ကြားရဦးမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ ရပါတယ်။
ဒီလောက် ထပ်တူထပ်မျှ တူညီနေတဲ့ “မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး” ကုထုံးနဲ့ပဲ သောက်နေကျသူတွေ နောက်ထပ် ဘယ်လောက်များ ရှိနေမလဲဆိုတာ လေ့လာကြည့်ဖို့ အလွန်ကောင်းနေပါတယ်။ ဘယ်သူက ဒီလိုသောက်ဖို့ ညွှန်ကြားထားတာလဲလို့ မေးစရာဖြစ်နေပါတယ်။ ဆရာဝန်တွေက ညွှန်ကြားထားလို့ သောက်တာရှိနိုင်သလို သူငယ်ချင်းမိတ်ဆွေတွေက အချင်းချင်း ညွှန်ကြားပြီး သောက်နေတာကို အတုယူပြီး မိမိသဘောနဲ့ လိုက်သောက်နေတာလဲ ရှိပါတယ်။ မက်ဖော်မင်ကို ဒီလိုပဲ မှီဝဲပြီး သောက်နေတဲ့ အလေ့အထဟာ နောင်တစ်နေ့မှာ အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုတာ သိရှိဖို့ လိုပါတယ်။
ဒီလိုပြောလိုက်တော့ စာဖတ်သူတွေရဲ့စိတ်ထဲမှာ မက်ဖော်မင်ကြောင့် ကျောက်ကပ် ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ကို ပြောတော့မှာလားလို့ ထင်ကောင်းထင်မိမှာပါ။ “မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်တတ်တယ်” ဆိုတဲ့ စကားသံကလည်း လူနာနဲ့ လူနာရဲ့ မိသားစုတွေထံမှ အမြဲတမ်းကြားနေရတဲ့ အသံတွေ ဖြစ်ပါတယ်။ ဒီလို သောက်နေတာက ကျောက်ကပ်တွေ ပျက်စီးနိုင်တဲ့ အန္တရာယ်ရှိတယ် ဆိုတဲ့ အချက်က မှန်ပေမယ့် မက်ဖော်မင်က ကျောက်ကပ်ကို ဖျက်နေတာ မဟုတ်ပါဘူး။
ဒါဆို ဘယ်အချက်က ကျောက်ကပ်ပျက်အောင် လုပ်နေတာလဲဆိုတာ စာဖတ်သူများ သိချင်ကြမှာ ဖြစ်ပါတယ်။ တကယ်တော့ တရားခံ အစစ်က ဒီလို မက်ဖော်မင်ကို တစ်နေ့ နှစ်ကြိမ်သောက်နေပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဘာမှမလုပ်မိလို့သာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်ကို ကြုံရသူတွေ အများကြီးရှိနေပါတယ်။ “မက်ဖော်မင်သောက်နေတာ အခုလည်း နေလို့ကောင်းနေတာပဲ။ ဘာတွေထပ်လုပ်ရဦးမှာလဲ” စတဲ့ မှားယွင်းနေတဲ့ အယူအဆတွေလည်း ရှိပါတယ်။
“လုပ်သင့်လုပ်ထိုက်တာ” တွေက ဘာတွေလဲ
လုပ်သင့်လုပ်ထိုက်တာတွေကတော့ “ဆီးချိုသွေးချို စောင့်ရှောက်ခြင်း” ဆိုတဲ့ Diabetes Care ပဲဖြစ်ပါတယ်။ ဒါတွေ မပါဘဲ မက်ဖော်မင်တွေသောက်နေမိတာက ကျောက်ကပ်ပျက်ခြင်းရဲ့ အဓိက တရားခံပဲဖြစ်ပါတယ်။
လူနာတွေလုပ်ဖို့ လိုအပ်တာတွေကတော့ ……

၁။ မိမိရောဂါအကြောင်း မိမိ သေချာစွာ အသေးစိတ် သိအောင် မလုပ်မိခြင်း၊ ဆီးချိုပညာပေးမှု မရှိခြင်း။ (Lack of Diabetes Education)
ဆီးချိုရောဂါက မိမိနဲ့ အမြဲ အတူရှိနေပြီး ဆရာဝန်တွေနဲ့ ခဏတာပဲ ထိတွေ့နိုင်တာဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ မိမိပိုင်ဆိုင်ပြီး မိမိနဲ့ တစ်သက်လုံး အတူတကွရှိနေမယ့် ရောဂါပဲဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုနားလည်ဖို့ အလွန်အရေးကြီးလှပါတယ်။

၂။ ဘဝနေထိုင်မှု ပုံစံပြုပြင်ခြင်း (Lifestyle Modification) ကို မသိရှိခြင်း၊ မဆောင်ရွက်ခြင်း။
သွက်လက်စွာ ကိုယ်လက်လှုပ်ရှားနေထိုင်ခြင်းနှင့် အစားအသောက် ပြုပြင်ပြောင်းလဲခြင်းဟာ ဆီးချိုသွေးချိုအတွက် ဆေးတစ်ခွက်ဖြစ်လို့ မလစ်ဟင်းစေသင့်ပါဘူး။

၃။ တတ်ကျွမ်းတဲ့ ပညာရှင်တွေ (ဆရာဝန် သို့မဟုတ် ဆရာဝန် မရှိရင် သူနာပြု) နဲ့ ပြသဆွေးနွေးမှုကို မပြုလုပ်မိခြင်း (Proper Diabetes Management) မရရှိခြင်း
ဆီးချိုရောဂါရဲ့ အဓိက ပြဿနာကတော့ “နေကောင်းနေသေးတာ” ပဲဖြစ်ပါတယ်။ နာခြင်း၊ ဖျားခြင်း မရှိ၊ တခါတရံ ဆီးရွှင်တာ၊ နည်းနည်းပိန်သွားတာ၊ နုံးသလိုဖြစ်တာကလည်း လူတိုင်း အလုပ်ပင်ပန်းရင် ဖြစ်နေကျ တွေ့နေကျ လက္ခဏာလေးပဲ၊ သွားသွားလာလာနဲ့ လမ်းမှာ နေကောင်းလား နှုတ်ဆက်ရင် “အရမ်းကောင်း၊ စားကောင်း သောက်ကောင်းပါပဲ” လို့ ပြန်ဖြေကြတဲ့လူတွေ များပါတယ်။ ဆရာဝန်ပြဖို့ အခြေအနေ မဟုတ်သေးတာကြောင့် မိမိဘာသာ နေကောင်းတယ်ထင်ပြီး ဂရုမစိုက်ဘဲ လွှတ်ထားတာများပါတယ်။
တကယ်တော့ ဆီးချိုသွေးချိုရောဂါက အစောပိုင်းမှာ ရောဂါလို့ အမည်မတပ်လည်း မှန်နေသလိုပါပဲ။ သွေးချိုပုံမှန်ထက် မြင့်နေသူ များရယ်လို့ပဲ သတ်မှတ်ရင် ရမှာပါ။ ဘာလို့လဲဆိုတော့ နေကောင်းနေကြလို့ပါပဲ။ သွေးချိုအရမ်းများလာမှ ဆီးများပြီး ရေငတ်တာဖြစ်ပါတယ်။ အကြောတတ်တာ၊ ကျင်တာကလည်း လူတိုင်းမဖြစ်ပါဘူး။ ဆေးကုတာက ဒီဝေဒနာတွေ သက်သာပြီဆိုရင် လုံလောက်ပြီလို့ ထင်နေကြသူတွေများပါတယ်။ တကယ်တော့ ဆီးချို ကုသခြင်း၊ ပြုစုခြင်းဟာ ကာကွယ်ရေးလုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။
ရောဂါပေါင်း မြောက်မြားစွာကို ဖြစ်စေဖို့ တာစူနေတဲ့ အခြေအနေတစ်ခုကို တားဆီးကာကွယ်နေတဲ့ အလုပ်တစ်ခုပါပဲ။ ကာကွယ်လို့လည်း ရပါတယ်။ စောစောလုပ်မှလည်း ထိရောက်ပါတယ်။ ဒါကြောင့် တခြားရောဂါတွေနဲ့ မတူဘဲ ဆီးချိုရောဂါက နေကောင်းသူတွေကပဲ ကုနေကြရတာပါ။ အလားတူ သွေးတိုးနဲ့ သွေးအဆီဓါတ် များသူတွေဟာလဲ ဒီသဘောတရားအတိုင်းပါပဲ။ ဒါတွေက ပြုပြင်ဖို့၊ ကာကွယ်ဖို့ သိပ်မခက်ခဲလှပါဘူး။ နေကောင်းစဉ်မှာ ဆရာဝန်တွေနဲ့ အချိန်မှန်မှန်တိုင်ပင်ပြီး ပြုပြင်ပါ။ နေမကောင်းတဲ့ နောက်ဆက်တွဲရောဂါဝင်တဲ့ အဆင့်ရောက်ရင် တစ်နည်းအားဖြင့် တခြားအထူးကုတွေ ပါဝင်လာရပြီဆိုရင် ရောဂါရှိတဲ့ လူနာအစစ်ဖြစ်သွားပါပြီ။ ဒီအဆင့်ရောက်မှ ဆီးချိုစကုတဲ့သူတွေအဖို့ အများကြီး နောက်ကျခဲ့ပြီဖြစ်ပါတယ်။ ဒီအဖြစ်မျိုးတွေ အများကြီးတွေ့နေရတာမို့ ဒီနေ့နေကောင်းပေမယ့် ဆရာဝန်မှန်မှန်ပြရမှာဖြစ်ပါတယ်။ မိမိဘာသာ မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံးနဲ့ ပေါ့နေ၊ ခိုနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် “ပြပါ”၊ တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို ပြပါလို့ ဆိုလိုပါတယ်။ ဆရာဝန်တွေကလည်း မက်ဖော်မင် တစ်မျိုးပဲ ဆက်သောက်ခိုင်းပြီး Diabetes Care ဆီးချိုစောင့်ရှောက်မှု လုပ်သင့်တာတွေ မလုပ်မိတာမျိုး မဖြစ်အောင်သတိပြုရပါမယ်။

၄။ မက်ဖော်မင်ပဲသောက်နေပြီး မိမိကိုယ်မိမိစောင့်ရှောက်ခြင်း (Self care) ကို မလုပ်တတ်ခြင်း၊ မလုပ်ဖြစ်ခြင်း။
ဆီးချိုစင်တာရှိရာ သွားရောက်မှသာ လူနာတွေကို “မိမိကိုယ်တိုင်စောင့်ရှောက်ခြင်း” များပြုလုပ်နိုင်ရန်သင်ကြားပေးမှာ ဖြစ်ပါတယ်။
မိမိကိုယ်မိမိ ဘာတွေစောင့်ရှောက်ရမလဲဆိုရင် …
(က) အိမ်၌ မိမိဘာသာစစ်ဆေးတဲ့ သွေးချို (SMBG) ကို နည်းလမ်းမှန်ကန်စွာ သတ်မှတ်ထားသလို အချိန်နဲ့ စစ်ဆေးခြင်း၊
(ခ) မှန်ကန်စွာ ဇယားများအတိုင်း မှတ်တမ်းများ ပြုစုခြင်း၊
(ဂ) အဖြေကိုအနည်းအများ သုံးသပ်နိုင်ပြီး အစားအစာကိုသော်လည်းကောင်း၊ ဆေးကိုသော်လည်းကောင်း အနည်းငယ်ပြုပြင်တာတွေ လုပ်နိုင်အောင် သင်ကြားပေးခြင်း၊
(ဃ) သွေးချိုဓာတ် အကျလွန်ခြင်းအကြောင်းကို အသိပေးထားပြီး ဖြစ်လာရင် မိမိကိုယ်မိမိ ပြုပြင်နိုင်ဖို့လိုပါတယ်။ သွေးချိုအကျလွန်ခြင်းအကြောင်းကို ဆီးချိုလူနာတိုင်းသိအောင် လုပ်ထားပေးဖို့ လိုပါတယ်။

၅။ သွေးချိုထိန်းကောင်း၊ မကောင်း ဆုံးဖြတ်ပေးတဲ့ ၃ လပျမ်းမျှသွေးချို HbA1c (အေဝမ်းစီ) ကို လုံးဝမစစ်ဘဲ ကုသနေခြင်း။

၆။ HbA1c မစစ်ဆေးဘဲ နေ့စဉ်သွေးချိုပဲ စစ်ထားတဲ့အတွက် ဆီးချိုဆေးကို အချိန်နဲ့တပြေးညီ ထိရောက်အောင် ပြုပြင်ခွင့် မရဘဲ နှောင့်နှေးနေခြင်း။
ဒီလို ကြန့်ကြာနေတာက ဆရာဝန်တွေထံ လူနာက မသွားရောက်တာကြောင့် ဖြစ်နိုင်သလို၊ သွားရောက်သော်လည်း ဆရာဝန်တွေက ထိရောက်အောင် မပြုပြင်ပေးမိဘဲ ဒီအတိုင်းဆေးဆက်သောက်စေခြင်း၊ ဆက်လက်စောင့်ကြည့်နေမိခြင်း၊ မှန်မှန်လာပြဖို့မညွှန်ကြားဘဲ လွှတ်ထားမိခြင်း စတာတွေကြောင့်လည်းပါကြောင်း သတိပြုစေလိုပါတယ်။ HbA1c ကို ၇ ရာခိုင်နှုန်းကို မရောက်မချင်း တစ်ခုခုပြုပြင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။

၇။ ဆီးချိုသွေးချို နောက်ဆက်တွဲရောဂါတွေကို ရှာဖွေပြီး စောစော ကာကွယ်ကုသခြင်းတွေလုပ်ရမယ့် အချိန်မှာ မလုပ်ဘဲနေခြင်း
စစ်ဆေးမှုတွေ ဘာမှမလုပ်မိလို့ နောက်ဆက်တွဲရောဂါ ရရှိနေမှန်းမသိဖြစ်ကာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး လွတ်သွားတာဖြစ်နိုင်ပါတယ်။
“မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး” ဆယ်နှစ်လောက် ဒီအတိုင်း ဆေးမညှိဘဲ သောက်နေပြီး ကျောက်ကပ်ပျက်၊ မျက်စိကွယ်သွားတော့မှ ကျန်းမာရေး ဌာနဆေးခန်းတွေကို ရောက်လာသူတွေတွေ့နေရလို့ ဒီဆောင်းပါးကို ရေးလိုက်တာဖြစ်ပါတယ်။ ဒီအချိန်မှာ နောင်တရနေမိရင်လည်း မတတ်နိုင်တော့ပါဘူး။ ဒါက တိုင်းရင်းဆေး တစ်ခုခုကို မနက် (၅) လုံး၊ ညနေ (၅) လုံး သွေးစစ်စရာမလိုဘဲ သောက်နေတာနဲ့ ချွတ်စွတ်တူနေပါတယ်။
နောက်ဆုံး မှာကြားလိုတာက ဒီဆောင်းပါးကို ဖတ်မိသူတွေ မိမိကိုယ်ကိုပဲ ဖြစ်စေ မိမိဆွေမျိုး မိတ်ဆွေတွေပဲဖြစ်စေ မက်ဖော်မင် မနက်တစ်လုံး ညနေတစ်လုံးနဲ့ မက်ဖော်မင်ကိုပဲ စွဲသောက်နေသူတွေရှိရင် ဒီနေ့ပြန်ပြင်ကြစေလိုပါတယ်။ အရင်ဦးဆုံး ဆီးချိုသွေးချိုထိန်းတဲ့ HbA1c ၃ လပျမ်းမျှ သွေးချိုစံနှုန်း ၇ ရာခိုင်နှုန်းကို မှီပြီလား စစ်ကြည့်လိုက်ပါ။ ကျောက်ကပ်အတွက် ဆီးကို မိုက်ခရိုအယ်လ်ဗြူမင်ခေါ် အသားဓာတ်တွေ ရှိ၊မရှိ စစ်ကြည့်ပါ။ “မက်ဖော်မင် မနက်တစ်လုံး ညနေတစ်လုံး” နဲ့ မှိန်းနေတဲ့ အိပ်ရာမှ နိုးထပြီး အမြန်ဆုံး ပြုပြင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

Credit: ပါမောက္ခ သန်းသန်းအေး၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။Credit: ပါမောက္ခ သန်းသန်းအေး

Credit: ပါမောက္ခ သန်းသန်းအေး၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

July 28 ရက်​နေ့တွင်ကျ​ရောက်​သော ကမ္ဘာ့အသည်း​ရောဂါ​နေ့အား ဂုဏ်ပြု​သောအားဖြင့်စွမ်းထက်သူ​ဆေးခန်းတွင် အသည်း​ရောင်အသားဝါ ဘီပ...
27/07/2022

July 28 ရက်​နေ့တွင်ကျ​ရောက်​သော ကမ္ဘာ့အသည်း​ရောဂါ​နေ့အား ဂုဏ်ပြု​သောအားဖြင့်စွမ်းထက်သူ​ဆေးခန်းတွင် အသည်း​ရောင်အသားဝါ ဘီပိုးနှင့်စီပိုးစစ်​ဆေးခြင်းကို july 27 မှ july 30 ရက်​နေ့အထိ 50% Discount ဖြင့်စစ်​ဆေး​ပေး​နေပါပြီ။

စွမ်းထက်သူ​ဆေးခန်း
၂၂(A)သီရိ(၈)လမ်း
(၂)ရပ်ကွက်
လှိုင်မြို့နယ်
09943462776

​ဆေးခန်းဖွင့်ချိန် (​နေ့စဥ်)
နံနက်-၈:၃၀-၁၂:၀၀
ည -၄:၃၀-၈:၀၀

အိုမီခရွန် BA.4 နဲ့ BA.5 ကူးစက်ခံရလျှင် ဘာလက္ခဏာ​တွေပြသလဲ?   အခု ကမ္ဘာ့နိုင်ငံအများစု နဲ့ အိမ်နီးချင်းနိုင်ငံအချို့မှာ (...
15/07/2022

အိုမီခရွန် BA.4 နဲ့ BA.5 ကူးစက်ခံရလျှင် ဘာလက္ခဏာ​တွေပြသလဲ?
အခု ကမ္ဘာ့နိုင်ငံအများစု နဲ့ အိမ်နီးချင်းနိုင်ငံအချို့မှာ (ကျွန်​တော်တို့ နိုင်ငံတွင်ပါစတင်​တွေ့ရှိ​နေပြီ) ဖြစ်ပွားမှုများ​နေတဲ့ Omicron မျိုးကွဲအသစ် BA.4 နဲ့ BA.5 ကူးစက်ခံရလျှင် ခံစားရမဲ့ လက္ခဏာ​တွေက​တော့
-လည်​ချောင်းနာခြင်း ( 58%)
-​ခေါင်းကိုက်ခြင်း(49%)
-နှာပိတ်ခြင်း(40%)
-​ချောင်း​ခြောက်ဆိုး
ခြင်း(40%)
-နှာရည်ကျခြင်း(40%)
-​ချောင်းဆိုးခွဲပါခြင်း(37%)
-အသံသြခြင်း(35%)
-နှာ​စေးခြင်း(32%)
-နုံး​ခွေခြင်း(27%)
-ကြွက်သားနာကြင်ကိုက်ခဲခြင်း(25%)
-ဦး​ခေါင်းအနည်းငယ်မူး​ဝေ၍ကိုက်ခဲခြင်း(18%)
-လည်ပင်းအကျိတ်များ​ယောင်ရမ်းခြင်း(15%)
-မျက်လုံးအိမ်နာကျင်ခြင်း(14%)
-အနံ့​ပြောင်းခြင်း(13%)
-ရင်ဘတ်တင်းကျပ်၍နာခြင်း(13%)
-အဖျားတက်ခြင်း(13%)
-ချမ်းတုန်ခြင်း(12%)
-အသက်ရှုကြပ်ခြင်း(11%)
-နားကိုက်ခြင်း(11%)
-အနံ့​ပျောက်ခြင်း(10%)
တို့ခံစားရနိုင်ပါတယ် ကာကွယ်​ဆေးအပြည့်ထိုူထားသူများပါ ကူးစက်နိုင်​ပေမဲ့ ​ရောဂါပြင်းထန်မှုနည်းပါတယ်
​ရောဂါကာကွယ်ဖို့အတွက်က​တော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း
-လူစုလူ​ဝေး​ရှောင်ကျဥ်ခြင်း
-mask တပ်ခြင်း
-ထိကိုင်ပြီးပါက လက်​ကို​ဆေး​ကြောခြင်း
-ခပ်ခွာခွာ​နေခြင်း
-ကာကွယ်​ဆေးထိုးခြင်းတို့ဖြင့် ​ရောဂါပျံနှံ့ခြင်းကိုကာကွယ်နိုင်ပါတယ်

ကပ်​ရောဂါ​ဘေးမှ ကင်း​ဝေးကြပါ​စေ....

စွမ်းထက်သူ​ဆေးခန်း
(22)A သီရိ(8)လမ်း
(2)ရပ်ကွက်
လှိုင်မြို့နယ်
09943462776
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
နံနက်- ၈:၃၀ မှ ၁၁:၀၀ ထိ
ည -၄:၃၀ မှ ၈:၀၀ ထိ

လက်​မောင်းတွင်းသ​န္ဓေတားပစ္စည်း ထည့်ခြင်း/ ထုတ်ခြင်းများကို စွမ်းထက်သူ​ဆေးခန်းတွင် ​စျေးနှုန်းချိုသာသွာဖြင့် ပြုလုပ်​ပေး...
26/06/2022

လက်​မောင်းတွင်းသ​န္ဓေတားပစ္စည်း ထည့်ခြင်း/ ထုတ်ခြင်းများကို စွမ်းထက်သူ​ဆေးခန်းတွင် ​စျေးနှုန်းချိုသာသွာဖြင့် ပြုလုပ်​ပေး​နေပါပြီ။

စွမ်းထက်သူ​ဆေးခန်း
22 A သီရိ( ၈) လမ်း
(၂ )ရပ်ကွက်
လှိုင်မြို့နယ်
09943462776

​ဆေးခန်းဖွင့်ချိန်
နံနက်- ၈ :၃၀ မှ ၁၁:၀၀
ည -၄:၃၀ မှ ၈:၀၀

12/06/2022

စွမ်းထက်သူ​ဆေးခန်း သီရိ (၈) လမ်း လှိုင်မြို့နယ်တွင်
၁၂.၆.၂၂ မှ ၈.၈.၂၂ အထိ ​အောက်ပါ ဓါတ်ခွဲစမ်းသပ်မှုများကို ၁၀% ​Discount ဖြင့်စစ်​ဆေး​ပေး​နေပါပြီ။
​သွေး​ရောဂါစစ်​ဆေးခြင်း
-CP
-Hb%
-PCV
-ESR
-Plt count
​သွေးခဲမှုစစ်​ဆေးခြင်း
-BT, CT
-PT
​လေးဖက်နာ​ရောဂါစစ်​ဆေးခြင်း
-RA
-A*O
-ANF
​သွေးဖြင့်ဇီဝဖြစ်စစဥ်စစ်​ဆေးခြင်း
-T&DP
-Total protein
-Albumin
-Globulin
-Liver function test (အသည်းစစ်​ဆေးခြင်း)
-Total billirubin
-Renal function test (​ကျောက်ကပ်စစ်​ဆေးခြင်း)
-Urea and electrolytes
-Urea
-Creatinine

-Bicarbonate
-Troponin I
-Hb A1c
-Uric acid
-CRP
-Ca 2+
-OGTT
လည်ပင်းကြီး​ရောဂါစစ်​ဆေးခြင်း
-TSH
ခုခံဓါတ်စစ်​ဆေးခြင်း
-HIV 1&2 Ab
-HBs Ag
-HBs Ab
-HBe Ag
-HBc Ab
-Syphillis
-VDRL
-TB
-Malaria
-Widal test
- H pylori Ab
-Urine HCG
အကျိတ်အလုံးအတွက်စစ်​ဆေးခြင်း
-AFP
-CEA
-PSA
ဆီးစစ်​ဆေးခြင်း
-Urine RE
-Urine Albumin
ဝမ်းစစ်​ဆေးခြင်း
-Stool RE
-Stool for occult blood
ပိုးမွှားစစ်​ဆေးခြင်း
-Bld for MP ( ငှက်ဖျား​ရောဂါ )
-Pap test ( သားအိမ်​ခေါင်းကင်ဆာစစ်​ဆေးခြင်း )

​ဆေးခန်းဖွင့်ချိန်
နံနက်-၈:၃၀ မှ၁၁:၀၀ထိ
ည​နေ-၄:၃၀မှ ည ၈:၀၀ထိ
စွမ်းထက်သူ​ဆေးခန်း
တိုက် (22 A)
သီရိ (၈)လမ်း လှိုင်မြို့နယ်
Ph-09943462776

07/06/2022

သွေးလွန်တုပ်ကွေး​ရောဂါ

မသီတာ- မဂ်လာပါဆရာ
ဆရာ- မဂ်လာပါ မသီတာ​ရေ
ဘာ​တွေများကူညီ​ပေးရမလဲခင်ဗျ
မသီတာ- ​​နေမ​ကောင်းတာ​တော့မဟုတ်ပါဘူး ဆရာ သိချင်တာ​လေး ​မေးချင်လို့ပါ
ဆရာ- ​မေးပါဗျား ကျွန်​တော်တို့ဆရာဝန်ဆိုတာလည်း ကျန်မာ​ရေးအ​ကြောင်းဆိုရင် သိပ်​ပြောချင်​နေတာ...
မသီတာ- အခုလို မိုးရာသီမှာအဖြစ်များတဲ့ ​သွေးလွန်တုပ်​ကွေး ​ရောဂါအ​ကြောင်း​လေးသိချင်လို့ပါဆရာ
ဆရာ- ဟုတ်ကဲ့ ​ကောင်းပါပြီဗျာ မသီတာသိချင်တဲ့​သွေးလွန်တုပ်​ကွေး​ရောဂါအ​ကြောင်း ကျွန်​တော်​သေ​သေချာချာရှင်းပြပါ့မယ်
​သွေးလွန်တုတ်​ကွေး​ရောဂါဟာ ဗိုင်းရပ်စ်ပိုး​ကြောင့်ဖြစ်ရတာပါဗျ ဒန်ဂီးဗိုင်းရပ်စ်( Dengue virus)လို့​ခေါ်တယ်ဗျ ဒီဗိုင်းရပ်စ်က အ​ကောင်​လေးမျိုးရှိတယ်ဗျ
DEN-V1
DEN-V2
DEN-V3
DEN-V4 ဆိုပြီးနာမည်​ပေးထားပါတယ်ဗျ
ဗိုင်းရပ်စ်တစ်မျိုးဝင်ပြီးရင်ခန္ဓာကိုယ်ထဲ တစ်ခါဝင်ပြီးရင် တစ်သက်တာခုခံဓါတ်(Antibody) ရသွားပါတယ်ဗျ အ​ကောင်​လေးမျိုးရှိတာ​​ကြောင့် လူတစ်​ယောက်ဟာတစ်သက်မှာ ​သွေးလွန်တုပ်​ကွေး ​လေးခါဖြစ်နိုင်ပါသဗျ
မသီတာ- ​သွေးလွန်တုပ်​ကွေးက ဘယ်လိုကူးစက်နိုင်သလဲဆရာ
ဆရာ- ဒန်ဂီးဗိုင်းရပ်ပိညးက လူခန္ဓာကိုထဲကို တိုက်ရိုက်ဝင်​ရောက်ပြီး မကူးစက်နိုင်ဘူးဗျ Vector ဆိုတဲ့ သူ့ကိုသယ်​ဆောင်​ပေးမဲ့ကြားခံအ​ကောင်လိုအပ်တယ်ဗျ ကြားခံသယ်​ဆောင်​ပေးတဲ့အ​ကောင်က​တော့ မသီတာတို့ သိပြီးသားဖြစ်တဲ့ ​အေးဒီးစ်ခြင်ကြား​ပေါ့ဗျာ ဒီ​နေရာမှာ တစ်ခု​ပြောချင်တာက ခြင်ကြားကိုက်တိုင်း ​သွေးလွန်တုပ်​ကွေးဖြစ်တာ​တော့မဟုတ်ဘူးဗျ ဒန်ဂီးဗိုင်းရပ်ဝင်​နေတဲ့သူကိုကိုက်ထားတဲ့ခြင်ကြား တနည်းအားဖြင့်​တော့ ဒန်ဂီးဗိုင်းရပ်စ်သယ်​ဆောင်ထားတဲ့ခြင်ကြားကိုက်မှကူးစက်ခံရတာပါဗျ
မသီတာ- ​သွေးလွန်တုပ်​ကွေး​ရောဂါက ဘယ်သူ​တွေမှာ ဖြစ်နိုင်လဲဆရာ
ဆရာ- ​သွေးလွန်တုပ်​ကွေး​ရောဂါက လူတိုင်းမှာ ဖြစ်နိုင်ပါတယ်ဗျ က​လေး​တွေမှာအဖြစ်များပြီး​တော့ ​ရောဂါပြင်းထန်တတ်ပါတယ်ဗျ
မသီတာ- ​ရောဂါလက္ခဏာ​တွေ​ရော ရှင်းပြ​ပေးပါဦးဆရာ
ဆရာ- ဟုတ်ကဲ့ ​ရောဂါအဆင့်​လေးဆင့်ရှိတယ်ဗျ
အဆင့်(1)
သာမန်တုပ်​ကွေးမိသလိုဖျားတယ် Hess test လို့​ခေါ်တဲ့ ​ဆေးခန်းမှာ​သွေး​ပေါင်ချိန်စက်အသုံးပြုပြီးစမ်းသပ်မှုလုပ်ရင် အနီစက်​တွေ​ပေါ်တယ် ဖျားပြီးသွားရင်ပြန်​ကောင်းသွားတယ်
အဆင့်(2)
အဖျားပိုကြီးလာပြီး ​ကော်ဖီ​ရောင်​တွေအန်တယ်သွားဖုံး​သွေးယိုတယ် နှာ​ခေါး​သွေးလျှံတယ် ကတ္တရာ​စေးလိုဝမ်းမဲမဲ​တွေသွားတယ်
အဆင့်(4)
အ​ပေါ်ကလက္ခဏာ​တွေအပြင် က​လေးကမှိန်းလာတယ်​ခြေဖျားလက်ဖျား​တွေ​အေးစက်လာတယ် သတိလစ်သွားတာ​တွေဖြစ်တတ်ပါတယ် ဒီလက္ခဏာ​တွေက​တော့​သွေးလန့်ခြင်း(shock) ရ​တော့မယ့်လက္ခဏာ​တွေ​ပေါ့ဗျာ ​သွေးလွန်တုပ်​ကွေးမှာ စိုးရိမ်ရတဲ့အဆင့်​ပေါ့
အဆင့်(4)
ဒီအဆင့်က​တော့အ​ကြောက်ရဆုံးအဆင့်၊ ​သေဆုံးနိုင်တဲ့အဆင့်​ပေါ့ဗျာ ဒီအဆင့်မှာ ​သွေး​ပေါင်ချိန်လို့မရ၊​သွေးခုန်နှုန်းတိုင်းလို့မရ​တော့ပါဘူး
မသီတာ - ​သွေးလွန်တုပ်​ကွေူဖြစ်ပြီဆိုရင် ဘယ်အချိန်က​ကြောက်စရာအ​ကောင်းဆုံးလဲဆရာ
ဆရာ- ဒီ​မေးခွန်းက အင်မတန်​မေးသင့်တဲ့​မေးခွန်းပါ မသီတာ​ရေ ​သွေးလွန်တုပ်​ကွေးမှာ​ကြောက်စရာအ​ကောင်းဆုံးအချိန်က​တော့ ​သွေးလန့်ခြင်း (shock ) ဖြစ်တဲ့အချိန်ပါပဲ အဆင့်(4) ​ပေါ့ဗျာ ပုံမှန်က​တော့​သွေးလွန်တုပ်​ကွေးဖြစ်ရင် ၅ ရက်က​နေ ၇ ရက်အထိဖျားတတ်ပြီးတုပ်​ကွေးလက္ခဏာ​တွေပြတတ်ပါတယ် shock က​တော့ စဖျားပြီး ၃ ရက်​မြောက်​နေ့မှ ၅ ရက်​မြောက်​နေ့အတွင်းမှာ ရတတ်တာများပါတယ် shock က အဖျားစကျတဲ့​နေ့မှာ ရ​လေ့ရှိပါတယ် မိဘများအ​နေနဲ့က အဖျားကျသွားပြီဆိုပြီး​ပေါ့မိတတ်ပါတယ်ဗျ ဒါ့​ကြောင့် ​သွေးလွန်တုပ်​ကွေးဖြစ်တဲ့က​လေး​တွေမှာ အဖျားစ ကျတဲ့​နေ့မှာ အဆင့် 3 နဲ့ အဆင့် 4 ကအချက်​တွေကို အထူးသတိပြု​စောင့်ကြည့်ရမှာ ဖြစ်ပါတယ်ဗျ ဒီလက္ခဏာ​တွေဖြစ်လာရင်​တော့ ​ဆေးခန်း​တွေသွားမ​နေ​တော့ပဲ ​ဆေးရုံကို အချိန်မဆိုင်းဘဲ ချက်ချင်းသွားသင့်ပါတယ်ဗျ ဘာပြုလို့အချိန်မဆိုင်းသင့်တာလဲဆို​တော့ ​သွေးလွန်တုပ်​ကွေး​ရောဂါဟာ နာရီဝက်တစ်နာရီအတွင်းမှာကို ဆိုးရွားတဲ့အဆင့်ကို အမြန်ပြောင်းလဲ​လေ့ရှိလို့ပါပဲဗျ
မသီတာ- ​သွေးလွန်တုတ်​ကွေးဖြစ်ရင် ဘာ​တွေ​ရှောင်ကျဥ်သင့်လဲဆိုတာလဲရှင်းပြ​ပေးပါဦးဆရာ
ဆရာ-ဟုတ်ကဲ့ပါ မသီတာ​ရေ
ကိုယ်ပူတဲ့က​လေးကို အဝတ်​တွေ အထပ်ထပ်အထူကြီးဝတ်မ​ပေးသင့်ပါဘူးဗျ အဝတ်​တွေ​ကြောင့် ကိုယ်ပူပိုတက်နိုင်ပါတယ် ချည်ထည်လက်ရှည်ပွပွ​လေးဝတ်​ပေးရင်လုံ​လောက်ပါပြီ အဟာရပြည့်ဝ​အောင်မ​ကျွေးဘဲ ဆန်ပြုတ်​ခေါက်ဆွဲပြုတ်ချည်းမ​ကျွေးသင့်ဘူးဗျ အဟာရပြည့်ဝ​အောင့် အသားငါးအသီးအနှံစုံ​အောင်​ကျွေးသင့်ပါတယ်ဗျ ​နောက်တစ်ခုက မက်က​လောင်​ဖောက်တာမျိုးလည်းမလုပ်သင့်ပါဘူးဗျာ ​သွေးလွန်တုပ်​ကွေး​ကြောင့်မ​သေဘဲ မက်က​လောင်​ဖောက်ရာမှပိုးဝင်ပြီး​သွေးဆိပ်တက်ပြီး​သေဆုံးနိုင်လို့ပါဗျ အညို​ရောင်ရှိတဲ့အစားအစာ(​ကော်ဖီ၊အိုဗာတင်း၊မိုင်လို၊​ချောကလက်) ​တွေလဲ​ရှောင်သင့်ပါတယ်ဗျ သူတို့က​တော့ မတည့်တာ​တော့မဟုတ်ဘူးဗျ ဒါ​တွေစားပြီးပြန်ကန်ရင် ​ရောဂါ​ကြောင့်​ကော်ဖီ​ရောင်အန်တာနဲ့မှားနိုင်လို့​ရှောင်ခိုင်းတာပါဗျ
မသီတာ- ​သွေူလွန်တုပ်​ကွေးဖြစ်တဲ့က​လေးကို ​ဆေးခန်းမပြခင်အိမ်မှာ ဘာ​တွေလုပ်​ပေးလို့ရပါလဲဆရာ
ဆရာ- ဟုတ်ကဲ့ အိမ်မှာ​တော့ အဖျားကျ​အောင် ပါရာစီတ​မော့ ​ဆေးတိုက်​ကျွေးခြင်း ဓါတ်ဆားရည်တိုက်ခြင်း အပူကျ​အောင်တစ်ကိုယ်လုံး​ရေပတ်တိုက်ခြင်း​တွေလုပ်​ပေးနိုင်ပါတယ်ဗျ ဒါ​ပေမဲ့ က​လေးက သုံးရက်ထက်ပိုဖျားမယ်ဆိုရင်​တော့နီးစပ်ရာ​ဆေးခန်းမှာပြသသင့်ပါတယ်ဗျ
မသီတာ- ​သွေးလွန်တုပ်​ကွေ​ရောဂါ​သေချာ​အောင် ဘယ်လိုစစ်​ဆေးမှု​တွေလုပ်လို့ရပါသလဲဆရာ
ဆရာ-​ဆေးခန်းမှာ​တော့ လက်​မောင်းမှာ​သွေး​ပေါင်ချိန်တဲ့လက်ပတ် ပတ်ပြီး Hess test လို့​ခေါ်တဲ့စမ်းသပ်မှည လုပ်နိုင်ပါတယ် ပို​သေချာတဲ့စစ်​ဆေးမှုလုပ်ချင်ရင်​တော့ NS 1Ag လို​ခေါ်တဲ့​သွေးအနည်းငယ်​ဖောက်ပြီးစစ်ရတဲ့စစ်​ဆေးမှုလုပ်နိုင်ပါတယ်ဗျ Hess test ရဲ့အားနည်းချက်က​တော့ အဖျား ၃ ရက်နဲ့အထက်မှ စစ်လို့ရသလို တစ်ခြားဗိုင်းရပ်စ်ပိုး​ကြောင့်ဖျားတာမှာလည်း (+)ပြနိုင်ပါတယ်ဗျ NS1Ag က​တော့ စ ဖျားတဲ့​နေကစပြီးစစ်နိုင်သလို ပိုပြီး​တော့လဲတိကျတဲ့အ​ဖြေ​ပေးနိုင်ပါတယ်ဗျ
မသီတာ -​ရောဂါအ​ကြောင်းလဲ​တော်​တော်​လေး​ပြောပြီးသွားပြီဆို​တော့ ​ရောဂါမဖြစ်​အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာလဲ ရှင်းပြ​ပေးပါဦးဆရာ
ဆရာ-ဟုတ်ကဲ့ပါဗျ ​သွေးလွန်တုပ်​ကွေးဟာ ခြင်ကျား​ကြောင့်ဖြစ်တာဆို​တော့ ခြင်ကြားမကိုက်​အောင်​နေရမှာ​ပေါ့ဗျာ ခြင်ကြားက ​မှောင်ရီပျိုးစအချိန်ထွက်ရတတ်တာဆို​တော့ မနက်​စော​စောနဲ့ည​နေပိုင်း​တွေသတိပြုသင့်ပါတယ် အိမ်မှာခြင်မ​အောင်းနိုင်​အောင်အလင်း​ရောင်​ကောင်း​ကောင်းဝင်ဖို့လိုအပ်ပါတယ်ခြင်က ​ရေကြည်​ရေသန်မှာ​ပေါက်ဖွားနိုင်တာမို့ အိမ်ကဘုရားပန်းအိုး တာယာအ​ဟောင်း​ရေအိုး​ရေကန်များကို ဖုံး၊သွန်၊လဲ၊စစ် လုပ်ခြင်း သုံး​ရေကန်များကို အဘိတ်​ဆေးခပ်ခြင်း က​လေးများကိုခြင်မကိုက်ရ​အောင် အကျီ်လက်ရှည်​ဘောင်းဘီရှည်များဝတ်ဆင်​ပေးခြင်းခြင်မကိုက်သည့်​ဆေးလိမ်း​ပေးခြင်းအိမ်ပတ်ဝန်းကျင်မှ ခြင်ခို​အောင်းနိုင်​သောခြုံများရှင်းလင်းခြင်း ​ရေ​မြောင်းများ​ရေစီး​ရေလာ​ကောင်း​အောင်လုပ​ဆောင်​ပေးခြင်းများပြုလုပ်​ပေးနိုင်ပါတယ်ဗျ
မသီတာ-အခုလိုရှင်းပြ​ပေးတဲ့အတွက်​ကျေးဇူးတင်ပါတယ်ဆရာ
ဆရာ-ဟုတ်ကဲ့ပါဗျာ ကျွန်​တော်ကလည်း အခုလိုစိတ်ဝင်တစား​မေးမြန်းလာတာကိုရှင်းပြခွင့်ရတာကိုဝမ်းသာလှပါတယ်ဗျာ

ပြည်သူများ​သွေးလွန်တုပ်​ကွေး​ရောဂါ​ဘေးမှကင်း​ဝေးကြပါ​စေ...

စွမ်းထက်သူ​ဆေးခန်းတွင်
​သွေးလွန်တုပ်​ကွေး​ရောဂါ
အတွက် NS1Ag ကိုစစ်​ဆေး​ပေး​နေပါပြီ
​ဆေးခန်းဖွင့်ချိန်
​နေ့စဥ်
နံနက် ၈:၃၀ မှ ၁၁:၃၀ ထိ
ည​နေ ၄:၃၀မှ၈:၀၀ထိ
Ph- 09943462776

စွမ်းထက်သူ​ဆေးခန်းတွင် ရရှိနိုင်​သော ဝန်​ဆောင်မှုများ(၁) လုပ်သက် ၁၅ နှစ်ရှိဆရာ     ဝန်နှစ်ဦးမှ လူနာများကို ရ     င်းနှီ...
06/06/2022

စွမ်းထက်သူ​ဆေးခန်းတွင် ရရှိနိုင်​သော ဝန်​ဆောင်မှုများ
(၁) လုပ်သက် ၁၅ နှစ်ရှိဆရာ
ဝန်နှစ်ဦးမှ လူနာများကို ရ
င်းနှီး​နွေး​ထွေးစွာဖြင့် ကု
သ​ပေး​နေပါသည်။
(၂) အမျိုးသမီးများအတွက်
အမျိုးသမီးဆရာဝန်၊ အ
အမျိုးသားများအတွက်
အမျိုးသားဆရာဝန်ဖြင့်
သာပြသလိုသူများ မိမိတို့
ဆန္ဒ အတိုင်း​ရွေးချယ်ပြ
သနိုင်ပါသည်။
(၃) ​ဆေးခန်းတွင် ECG ဆွဲ​
​ပေးခြင်း၊ ​သွေးအုပ်စု စစ်
​ဆေး​ပေးခြင်း ၊​သွေးလွန်
တုပ်​ကွေး​ရောဂါရှိ/မရှိ​
​သွေးစစ်​ပေးခြင်း ၊ လက်​
​မောင်းအတွင်းသ​န္ဓေတား
ပစ္စည်း ထည့်သွင်း​ပေး
ခြင်း၊ ထည့်ထား​သောသ
သ​​န္ဓေတားပစ္စည်းပြန်ထုတ်​
​ပေးခြင်း၊ အလုံး၊အကျိတ်
ပြည်တည်နာ အမျိုးမျိုးခွဲ
စိတ်ကုသ​ပေးခြင်း၊ ဒူးနာ
ပခုံးနာ ဖ​နောင့်နာ​ရောဂါ
များအတွက် အဆစ်နှင့် ဖ​
ဖ​နောင့်အတွင်း​ဆေးထိုး
ကုသ​ပေးခြင်းများ​
​ပြုလုပ်​ပေး​နေပါသည်။
(၄) ​သွေးတွင်းဓါတ်ခွဲစစ်​
​ဆေးခြင်းအမျိုးမျိုး၊အ
အသည်း​ရောဂါ ၊ ​
​ကျောက်ကပ်​ရောဂါ၊
ဆီးချို/​သွေးချို​ရောဂါ၊
​ဟော်မုန်း​ရောဂါအမျိုး
မျိုး၊ ​လေးဖက်နာ /အရိုး
အ​​ကြော​ရောဂါအမျိုး
မျိုး ၊ ​သွေးတွင်းအဆီ
ဓါတ်စစ်​ဆေးခြင်းစ​သော
ဓါတ်ခွဲစစ်​ဆေးမှုများ ​
​ဆောင်ရွက်​ပေး​နေပါ
သည်။
(၄) လုပ်သက် ၁၅နှစ်ရှိ
MRCP (UK) ဘွဲ့ရ
ဆရာဝန်နှင့် ဆီးချို၊​သွေး
တိုး၊​ကျောက်ကပ်၊ ​ဟော်
မုန်း​ရောဂါအမျိုးမျိုးတို့ကို
ပြသနိုင်ပါသည်။
(၅)အထူးကုဆရာဝန်ကြီး
များ ဖြင့်ပြသထားပြီးအ
ချိန်အခက်အခဲ​ကြောင့်
ဆရာဝန်ကြီးများနှင့်​​​ရော ဂါအကြောင်း​ဆွေး​နွေးခွင့်
ရသူများ ၊ မိမိသို့မဟုတ်​
​ဆွေမျိုးသားချင်းများ၏
​ရောဂါအ​ကြောင်းရှင်းလင်း
စွာသိရှိလိုသူများအား​အ
ထူးသက်သာ​သောနှုန်းထား
ဖြင့်​ဆေးမှတ်တမ်းများကို
ဖတ်ရှု၍ ​သေချာစွာရှင်းပြ​
​ပေး​နေပါသည်။

​ဤ page မှကျန်းမာ​ရေးပညာ​ပေးစာများ အခါအား​လျော်စွာတင်ပြ​ပေးသွားပါမည်။ like & share လုပ်ခြင်းဖြင့် မိတ်​ဆွေများကို သတင်းစကားမျှ​ဝေ​ပေးနိုင်ပါသည်။

​ဆေးခန်းဖွင့်ချိန်_
နံနက် : ၈:၃၀ မှ ၁၁:၀၀ နာရီ
အထိ
ည​နေ: ၄:၃၀ မှ ၈:၀၀နာရီ
အထိ
ပိတ်ရက်မရှိဝန်​ဆောင်မှု​ပေး​နေပါပြီ။
Ph: 09943462776

စွမ်းထက်သူ​ဆေးခန်းကို သီရိ (၈) လမ်း လှိုင်မြို့နယ်မှာ ဖွင့်လှစ်လိုက်ပါပြီ
05/06/2022

စွမ်းထက်သူ​ဆေးခန်းကို သီရိ (၈) လမ်း လှိုင်မြို့နယ်မှာ ဖွင့်လှစ်လိုက်ပါပြီ

Address

Thiri (8) Street
Yangon

Telephone

+959943462776

Website

Alerts

Be the first to know and let us send you an email when Swan Htet Thu Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram