Lins Pyae Htet - International Medical Service

Lins Pyae Htet - International Medical Service Our experienced Health Care Specialists are serving the best International Medical Service in Myanma

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆေးရုံများသို့ ဆေးကုသမှုနှင့် ကျန်းမာရေးစစ်ဆေးခြင်း (Medical Check-Up) ပြုလုပ်လိုသော လူကြီးမင်းတို့အတွက် လင်းပြည့်ထက် (International Medical Service) မှ ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ဆေးဘက်ဆိုင်ရာကိစ္စများကို သေချာစွာ တိုင်ပင်ဆွေးနွေးပေးလျှက် ရှိပါတယ် 🙏

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️
👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

Lins Pyae Htet - International Medical Service
Contact No: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။

👨‍⚕️ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့📑 "လက္ခဏာ ၁၀" ခု 🩺 ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းလွယ်ခြင်း၊ အာရုံစူးစိုက...
07/10/2022

👨‍⚕️ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့
📑 "လက္ခဏာ ၁၀" ခု

🩺 ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းလွယ်ခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း
🔰 ကျောက်ကပ်ရဲ့လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာတာနှင့်အမျှ သွေးအတွင်းမှာလဲ အဆိပ်အတောက်များနှင့်အညစ်ကြေးများ ပိုမိုစုပုံလာစေပါတယ်။
🔰 ထိုစုပုံလာခြင်းသည် လူကို ပင်ပန်းနွမ်းနယ်စေပြီး အာရုံစူးစိုက်ရန် ခက်ဲခလာစေပါတော့တယ်။
🔰 ဘေးထွက်ဆိုးကျိုးထဲမှ တစ်ခု အပါအဝင်ဖြစ်သော Anemia လို့ခေါ်တဲ့ သွေးအားနည်းခြင်း ကြောင့်လဲ အားနည်းခြင်း မောပန်းခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။

🩺 ကောင်းကောင်း အိပ်မပျော်ခြင်း
👆 အပေါ်မှာ ဖေါ်ပြခဲ့သလို ကျောက်ကပ်အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အခါ သွေးတွင်းမှာရှိတဲ့ အဆိပ်အတောက်များဟာ ဆီး မှတဆင့် ခန္ဓာကိုယ်မှထွက်ခွာမည့်အစား သွေးထဲမှာဘဲ ဆက်လက်ရှိနေပါတယ်။
🔰 ထိုအဆိပ်အတောက်များသည် လူကို ကောင်းကောင်း အိပ်မပျော်ခြင်းဖြစ်စေပါတယ်။
🔰 နာတာရှည်ကျောက်ကပ်ရောဂါ သည် အဝလွန်ခြင်းနှင့်တွဲဖြစ်လေ့ရှိပြီး အိပ်မပျော်ခြင်းသည် အဝလွန်ပြီး ကျောက်ကပ်ရောဂါဖြစ်နေတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။

🩺 အသားရည်ခြောက်ကပ်ခြင်း၊ ယားယံခြင်း
🔰 ကျန်းမာနေတဲ့ကျောက်ကပ်တစ်ခုရဲ့ အဓိကလုပ်ဆောင်နိုင်စွမ်းတွေကိုပြောပြဆိုရင်တော့အများကြီးပါဘဲ။
🔰 ခန္ဓာကိုယ်မှအညစ်ကြေးများကိုဖယ်ရှားပေးခြင်း သွေးနီဥ(ဆဲလ်)တွေကိုဖန်တီးပေးရန်အကူညီပေးခြင်း အရိုးများကို သန်မာစေပြီးတော့ သွေးတွင်းရှိ သတ္တုဓာတ် ပမာဏကို မှန်ကန်စွာထိန်းသိမ်းပေးခြင်း စသဖြင့်ပေါ့။
🔰 အသားရည်ခြောက်ခြင်းနှင့် ယားယံခြင်းတို့ခံစားရခြင်းသည် ကျောက်ကပ်ပျက်စီးလာပြီး သွေးထဲမှာ သတ္တုဓာတ်နဲ့ အာဟာရမျှတအောင် မထိန်းနိုင်တော့သည်ဟု ပြသမည့် ရောဂါလက္ခဏာတစ်ခုဖြစ်နေနိုင်ပါသည်။

🩺 ပုံမှန်ထက်ပိုပြီး ဆီးသွားခြင်း
🔰 ကျောက်ကပ်မှာရှိတဲ့ အညစ်အကြေးကိုစစ်ပေးတဲ့ဇကာလေးတွေပျက်စီးသွားတဲ့အခါ ဆီးသွားချင်စိတ်ကို တိုးလာစေနိုင်ပါတယ်။
🔰 အထူးသဖြင့် ညဘက်တွေမှာ မကြာခဏ ဆီးသွားရန်လိုအပ်သည်ဟု ခံစားရတာမျိုးကိုပြောတာပါ။ တစ်ခါတစ်ရံမှာတော့ ဆီးခဏခဏသွားချင်တာဟာ ဆီးပိုးဝင်ခြင်း (သို့) အမျိုးသားများတွင်ဖြစ်တတ်တဲ့ ဆီးကျိတ်ရောင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။

🩺 ဆီးထဲမှာသွေးပါခြင်း
🔰 ကျန်းမာနေတဲ့ကျောက်ကပ်ဟာ ယေဘူယျအားဖြင့် သွေးအတွင်းမှာရှိတဲ့အညစ်ကြေးများကိုစစ်ထုတ်ပေးပြီးတော့ ဆီးဖြစ်စေပါတယ်၊ သွေးဆဲလ်များကိုလည်း ခန္ဓာကိုယ်အတွင်းမှာဘဲရှိစေပါတယ်။ ကျောက်ကပ်မှာရှိတဲ့အညစ်တွေကိုစစ်ထုတ်ပေးနေတဲ့ ဇကာလေးတွေပျက်စီးလာပြီဆိုရင် သွေးဆဲလ်လေးတွေဟာ ဆီးထဲသို့ပါလာပါတော့တယ်။
🔰 ဆီးထဲသွေးပါလာပြီဆိုရင်တော့ ကျောက်ကပ်ရောဂါအပါအဝင် အကျိတ်နှင့်ဆီကျောက်တည်ခြင်း ဖြစ်နိုင်သည်ဟုပြသနေတဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

🩺 ဆီးသွားတဲ့အခါအမြှုပ်များသာမန်ထက်ပိုများနေခြင်း
🔰 ဆီးသွားတဲ့အခါ ရေခဏခဏဆွဲချမှပြောင်တဲ့အထိ အမြှုပ်တွေများနေတယ် ကြက်ဥမွှေတဲ့အခါထွက်လာတဲ့အမြှုပ်တွေမျိုးဖြစ်နေတယ် ဆိုရင်တော့ (Albumin)လို့ခေါ်တဲ့ ပရိုတင်းတွေဆီးထဲပါလာခြင်းကြောင့်ဖြစ်ပါတယ်။

🩺 မျက်လုံးတစ်ဝိုက်ရောင်ရမ်းခြင်း
🔰 ဆီးထဲမှာ ပရိုတင်းပါလာတယ်ဆိုထဲက ကျောက်ကပ်ဇကာစတင်ပျက်စီးလာပြီဆိုတာကိုပြတဲ့ လက္ခဏာဖြစ်ပါတယ်။ မျက်လုံးတစ်ဝိုက်ရောင်းရမ်းလာတာဟာ ပရိုတင်းတွေ ခန္ဓာကိုယ်အတွင်းမှာရှိနေရမည့်အစား ကျောက်ကပ်ဇကာပျက်စီးခြင်းကြောင့် ဆီးထဲသို့အမြောက်အများပါလာခြင်းကြောင့်ဖြစ်ပါတယ်။

🩺 ခြေထောက်ဖေါရောင်ခြင်း
🔰 ကျောက်ကပ်ရဲ့လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာတာနှင့်အမျှ ခန္ဓာကိုယ်က Sodium ဆိုဒီယမ် ဓါတ်ကို ပမာဏကိုလိုအပ်တာထက်ပိုပြီးထိန်းသိမ်းထားပါတယ်။ နောက်ဆက်တွဲအနေဖြင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များရဲ့ပြင်ပမှာရှိသော အရည်ပမာဏများလာပါတယ်။(ခြေဖဝါး၊ ခြေကျင်းဝတ်တဝိုက်မှာ ဖေါရောင်ခြင်းဖြစ်စေပါတယ်)

🩺 ခံတွင်းပျက်ခြင်း
🔰 ခံတွင်းပျက်တိုင်းတော့ ကျောက်ကပ်ရောဂါဖြစ်နေပြီလို့ဆိုလိုခြင်းမဟုတ်ပါ။ ကျောက်ကပ်အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုကောင်းကောင်းမစွန့်ပြစ်နိုင်တော့ဘဲ စုပုံလာပြီး ခံတွင်းပျက်တာ အစားစားချင်စိတ်မရှိတာ ဖြစ်စေပါတယ်။

🩺 မကြာခဏကြွက်တက်ခြင်း
🔰 ကျောက်ကပ်မကောင်းတော့ရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေကိုလည်းထိန်းမထားနိုင်တော့ဘဲ (Electrolyte Imbalance)ဖြစ်ပြီးတော့ မကြာခဏ ကြွက်တက်ခြင်း၊မူးဝေခြင်း၊ နှလုံးခုံမမှန်ခြင်း၊စိတ်ရှုပ်ခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။
🔰 Electrolyte ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေး၊ဆီး၊တစ်ရှူး၊အရည်များမှာပျော်ဝင်နေတဲ့ သတ္တုဓါတ်ကိုဆိုလိုပါတယ်။ ခန္ဓာကိုယ်ရဲ့ရေဓါတ်ကိုမျှတစေပါတယ်။

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️
👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

🌟 Lins Pyae Htet - International Medical Service
🏣Yangon Office
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။
Hot Line: 099 7039 0766
Address: စွယ်တော် အထူးကုဆေးရုံ - အမှတ် ၄၅၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ယာဉ်ဝင်းဟောင်းလမ်း)၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။
Messenger: m.me/LinsPyaeHtetInternationalMedicalService

, , , , ,

စွယ်တော် အထူးကုဆေးရုံနှင့် လင်းပြည့်ထက် (Lins Pyae Htet - International Medical Service) တို့လက်တွဲပြီး ထိုင်းနိုင်ငံဘန်...
26/09/2022

စွယ်တော် အထူးကုဆေးရုံနှင့် လင်းပြည့်ထက် (Lins Pyae Htet - International Medical Service) တို့လက်တွဲပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆေးရုံကြီးများတွင် ဆေးကုသမှု ခံယူနိုင်ရန်အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့် 🙏

ကျန်းမာရေးနယ်ပယ်မှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိသောပညာရှင်များကိုယ်တိုင် လူကြီးမင်းတို့၏ ကျန်းမာရေးအခက်အခဲများကို တိုက်ရိုက် တိုင်ပင်ဆွေးနွေးပေးလျှက်ရှိပါတယ်။

လင်းပြည့်ထက်ရဲ့ Before, During & After Service များကြောင့် လူကြီးမင်းတို့ ခံစားနေရတဲ့ရောဂါဝေဒနာများကို အထိရောက်ဆုံး ကုသမှုခံယူနိုင်တဲ့အပြင် လူကြီးမင်းတို့ အချိန်မကုန်၊ ကုန်ကျစရိတ်သက်သာပြီး သက်သောင့်သက်သာဖြစ်စေရန် အကောင်းဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနေတယ် 👍

🌟 Before, During & After Service ဆိုတာဘာလဲ?
👨‍⚕️ Before Service:
လူကြီးမင်းတို့ နိုင်ငံရပ်ခြားသို့ မသွားခင် ကျန်းမာရေးအခြေအနေများကို စနစ်တကျ အခမဲ့ ဆွေးနွေးပေးပြီး လိုအပ်ပါက လူကြီးမင်းတို့​၏ ဆေးမှတ်တမ်းများကို ထိုင်းနိုင်ငံရှိ အထူးကုဆရာဝန်ကြီးများထံသို့ ပေးပို့ပြီး ရောဂါအခြေအနေ၊ ဆေးကုသမှုအခြေအနေနှင့် ကုန်ကျစရိတ်ခန့်မှန်းခြေများကို စနစ်တကျတွက်ချက်၍ အကောင်းဆုံး တိုင်ပင်ဆွေးနွေးပေးနေပါသည်။ အကယ်၍ ပြည်ပမှာ ဆေးကုသမှုခံယူရန်လိုအပ်ပါက လူကြီးမင်းတို့ရောဂါကုသမှုအတွက် သင့်လျှော်မည့် ဆေးရုံနှင့် အထူးကုဆရာဝန်များကို ရွေးချယ်ကုသနိုင်ရန်အတွက်လည်း အထူးအကြံပေးဆောင်ရွက်ပေးပါတယ်။

👨‍⚕️ During Service: 🏥
လူကြီးမင်းတို့ ပြည်ပထွက်ခွါရန် ဗီစာ၊ လေယာဉ်လက်မှတ်စသည်တို့ကို စီစဉ်ပေးတဲ့အပြင် ဆေးကုသစဉ် ပြည်ပမှာနေထိုင်ရန်အတွက်လည်း စီစဉ်ပေးပါတယ်။ ပြည်ပကိုရောက်ရင်လည်း လေဆိပ်အထိကြိုပေးပြီး သက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်ပေးပါတယ်။ ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးရာတွင် အခက်အခဲမဖြစ်စေရန် ဘာသာပြန်များကို ထားရှိပေးပါတယ်။ ပြည်ပမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း လူကြီးမင်းတို့ရဲ့ အခက်အခဲများနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပါတယ်။

👨‍⚕️ After Service:
ပြည်ပမှဆေးကုသမှုခံယူပြီး မြန်မာနိုင်ငံသို့ပြန်ရောက်ပြီး နောက်တစ်ကြိမ်(Follow Up) ကျန်းမာရေးပြန်လည်စစ်ဆေးမှုများနှင့် ရောဂါအခြေအနေများကိုလည်း တိုင်ပင်ဆွေးနွေးပေးပါတယ်။ ပြည်ပသို့ လူကိုယ်တိုင်ပြသရန် မလိုအပ်ပါက ပြည်ပမှအထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက် Online မှတဆင့်ပြသပေးခြင်းကိုလည်း ဝန်ဆောင်မှုပေးထားပါတယ်။ လိုအပ်သောဆေးဝါးများကိုလည်း ပြည်ပဆေးရုံကြီးများမှ မှာယူပေးပါတယ်ရှင့် 👍
🌟 သတင်းကောင်းအနေဖြင့် ဒီနှစ်အတွင်း ဝိဖဝတီ ဆေးရုံ(Vibhavadi International Hospital)မှ Medical Package များအတွက် 30% Discount ရှိပါတယ်ရှင့် 🥰

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️

👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

🌟 Lins Pyae Htet - International Medical Service
🏣Yangon Office
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။

🏣 Bago Office (Swaltaw Specialist Hospital - စွယ်တော် အထူးကုဆေးရုံ)
Hot Line: 099 7039 0766
Address: စွယ်တော် အထူးကုဆေးရုံ - အမှတ် ၄၅၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ယာဉ်ဝင်းဟောင်းလမ်း)၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။

Messenger: m.me/LinsPyaeHtetInternationalMedicalService

, , , , ,

26/08/2022

✈️ ပြည်ပနိုင်ငံများသို့ ဆေးကုသမှုများအတွက် လူကြီးမင်းတို့၏ ဆေးမှတ်တမ်းများကို လင်းပြည့်ထက်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများမှ အခမဲ့ စစ်ဆေးပေးပြီး တိုင်ပင်ဆွေးနွေးပေးလျှက်ရှိပါတယ်။ လိုအပ်ပါက လူကြီးမင်းတို့​၏ ဆေးမှတ်တမ်းများကို ထိုင်းနိုင်ငံရှိဆေးရုံများမှ အထူးကုဆရာဝန်ကြီးများထံသို့ တိုက်ရိုက်ပေးပို့ပြီး ရောဂါအခြေအနေ၊ ဆေးကုသမှုအခြေအနေနှင့် ကုန်ကျစရိတ်ခန့်မှန်းခြေများကို စနစ်တကျတွက်ချက်၍ အကောင်းဆုံး တိုင်ပင်ဆွေးနွေးပေးနေပါသည် 👨‍⚕️

🌟 သတင်းကောင်းအနေဖြင့် ဒီနှစ်အတွင်း ဝိဖဝတီ ဆေးရုံ(Vibhavadi International Hospital)မှ Medical Package များအတွက် 30% Discount ရှိပါတယ်ရှင့် 🥰

🏥 ဆေးရုံများစွာထဲကမှ လူကြီးမင်းတို့နှင့်အသင့်တော်ဆုံး ဆေးရုံနှင့် အထူးကုဆရာဝန်များကို ရွေးချယ်ကုသနိုင်ရန်အတွက်လည်း အထူးအကြံပေးဆောင်ရွက်ပေးပါတယ်။

🛩️ ထိုင်းနိုင်ငံသို့ လူကိုယ်တိုင် ဆေးရုံလာပြရန်လိုအပ်ပါက Visa ကိစ္စများ၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ တည်းခိုရန်နေရာရှာပေးခြင်း၊ လေဆိပ်မှ ဆေးရုံသို့အကြိုအပို့စီစဉ်ခြင်း၊ ဆေးရုံရှိ အထူးကုဆရာဝန်ကြီးများနှင့် Appointment ယူပေးခြင်း၊ ဘာသာပြန်ရှာပေးခြင်း စတဲ့ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုများအားလုံးကို လင်းပြည့်ထက်မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါတယ် 👍

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️

👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

Lins Pyae Htet - International Medical Service
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။
Messenger: m.me/LinsPyaeHtetInternationalMedicalService

, , , , ,

အသက်ကြီးသူများတွင် အဖြစ်များတတ်သော ဒူးနာခြင်း (Osteoarthritis)🦵ဒူးနာရောဂါသည် အဆစ်အမြစ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွ...
15/08/2022

အသက်ကြီးသူများတွင် အဖြစ်များတတ်သော ဒူးနာခြင်း (Osteoarthritis)

🦵ဒူးနာရောဂါသည် အဆစ်အမြစ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်တတ်ပါသည်။ စစ်တမ်းများအရ အသက်ကြီးသူတွေမှာ အဖြစ်များပြီး တော်ရုံနှင့်မပျောက်နိုင်တဲ့ ဒုက္ခပေးတတ်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။

✳️ ဘာကြောင့် ဒူးနာလဲ?
အသက်ကြီးလာတာနဲ့အမျှ ဒူးဆစ်တွေမှာ ပျက်စီးမှုတွေရှိခြင်း၊ ဒူးဆစ်ရိုးများ ပွတ်တိုက်မှုရှိခြင်း၊ အရိုးနုများမှာ ဒဏ်ရှိခြင်း တို့မှတဆင့် ဒူးနာရောဂါဖြစ်လာပါတယ်။

မွေးရာပါ ဒူးဆစ်ပုံမှန်မဟုတ်ခြင်း၊ အဝလွန်ခြင်း၊ ကာလရှည်ကြာ ဒူးဆစ်ကို အားပြုလုပ်ရသော အလုပ်များ လုပ်ခဲ့ခြင်း၊ ဒူးဒဏ်ရာရထားဖူးခြင်း စသောသူများတွင် ဒူးနာရောဂါ အဖြစ်များတတ်ပြီး ဖြစ်ခဲ့ရင်လည်း သာမန်ထက် ပိုခံစားရနိုင်ပါသည်။

✳️ ဒူးနာရောဂါခံစားနေရပါက
😪 သွားလာလှုပ်ရှားမှုခက်ခဲခြင်း၊
😪 ဒူးကွေး ဒူးဆန့် နှင့် အထိုင်အထ ခက်ခဲခြင်း၊
😪 လှေခါးအတက်အဆင်း အဆင်မပြေဖြစ်ခြင်း၊
😪 ဒူးကွေးရခက်ပြီး ဒူးဆစ်ကွေးဆန့်ပြုလုပ်ရင် ဒူးဆစ်မှ ကြိတ်ဖိသံများ ကြားရခြင်း
😪 ဒူးဆစ်ရောင်ရမ်းခြင်း စတာတွေဖြစ်တတ်ပါတယ်

✳️ ဒူးနာရောဂါကို ဘယ်လိုကာကွယ်မလဲ?
💪 သတ်မှတ်ကိုယ်အလေးချိန်ရှိအောင် ထိန်းထားခြင်း
💪 အချိုနှင့် အငန်ကိုလျှော့စားခြင်း
💪 နေ့စဉ် မိမိနှင့်သင့်တော်သော လေ့ကျင့်ခန်းလုပ်ခြင်း
💪 ကယ်ဆီယမ်၊ သတ္တုဓာတ်၊ Omega 3၊ အသီးအနှံနှင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့အပြင် အရိုးနုကိုအားကောင်းစေတဲ့ ဂေါ်ဖီပန်းစိမ်းနှင့် ငရုတ်ပွတို့ကို စားသုံးပေးခြင်းဖြင့် ဒူးနာရောဂါကို ကာကွယ်နိုင်ပါသည်။

✳️ ဒူးနာရင် ဘယ်လိုလုပ်သင့်လဲ?
✅ ဒူးဆစ်ကိုက်ခဲခြင်းနှင့် ဒူးဆစ်တောင့်တင်းခြင်းတို့အတွက် အပူဓာတ်ဖြစ်တဲ့ ရေနွေးစိမ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ ဒူးစွပ်ဝတ်ခြင်းတို့ဖြင့် သက်သာစေနိုင်ပါသည်။ ရာသီဥတုအေးလျှင် သာမန်ထက်ပိုပြီး ကိုက်ခဲတတ်ပါသည်။
✅ လမ်းလျှောက်ရာမှာ အထောက်အကူပစ္စည်းများ အသုံးပြုသင့်ပါသည်။
✅ အဝလွန်သူများဖြစ်ပါက ပထမဆုံး ဝိတ်ချသင့်ပါတယ်။ ဒူးဆစ်မှာ သာမန်ခံနိုင်ရည်ရှိတာထက်ပိုပြီး ဝန်ထမ်းထားရခြင်းကြောင့် ဒဏ်ဖြစ်နိုင်ချေပိုများပါတယ်။
✅ ဒူးဆစ်နာကျင်ကိုက်ခဲမှုများရှိပါက ဆရာဝန်နှင့်တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးကို သောက်သင့်ပါတယ်။
✅ တခါတရံ သောက်ဆေးဖြင့် ဒူးနာရောဂါ မသက်သာဘဲ ခွဲစိတ်ကုသမှု ပြုလုပ်မှသာ သက်သာပျောက်ကင်းနိုင်ပါသည်။ ခွဲစိတ်ရမှာကိုကြောက်ပြီး ဒူးနာရင် အကိုက်အခဲပျောက်ဆေး (Pain Killer) များကိုလည်း ရေရှည်မသောက်သုံးသင့်ပါ။

ယခုအခါ ဆေးပညာများသည် အဆင့်မြင့်လာပြီး ဒူးဆစ်အစားထိုး ခွဲစိတ်ကုသမှုများသည်လည်း အကောင်းဆုံးရလဒ်များ ရှိနေပါတယ်။

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️
👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

Lins Pyae Htet - International Medical Service
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။
Messenger: m.me/LinsPyaeHtetInternationalMedicalService

, , ,

COVID (19) ကာကွယ်ဆေးအကြောင်းCOVID (19) ကာကွယ်ဆေးမှာ Primary Series နှင့် Booster Dose တို့ပါဝင်ပါတယ်။ ❇️ Primary Series ...
28/07/2022

COVID (19) ကာကွယ်ဆေးအကြောင်း

COVID (19) ကာကွယ်ဆေးမှာ Primary Series နှင့် Booster Dose တို့ပါဝင်ပါတယ်။
❇️ Primary Series မှာနှစ်ကြိမ်ထိုးရမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ကို ပထမအကြိမ်ထိုးပြီးနောက် (၂)ပတ် မှ တစ်လအတွင်း ထိုးရပါမည်။ Primary Series မှာ တူညီသောဆေးအမျိုးအစားတစ်မျိုးထဲကိုသာ ထိုးရမှာဖြစ်ပါတယ်။ သတိပြုရန်အနေဖြင့် ပထမအကြိမ်ထိုးသော ဆေးအမျိုးအစားသည် ပြင်းထန်သော Side Effects များဖြစ်ပေါ်ပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါတယ်။
❇️ Booster Shot ကို အသက် (၁၈)နှစ်နှင့်အထက် Primary Series ထိုးပြီးနောက် (၄)လ မှ (၆)လအတွင်း ထိုးလို့ရပါတယ်။
ယခုအခါ Covid-19 ရဲ့ Omicron မျိုးကွဲသစ် BA.4 နှင့် BA.5 ဟာ ယခင်ထက် ကူးစက်မှုနှုန်း မြင့်မားပါတယ်။ BA.4 နှင့် BA.5ကို ၂၀၂၂ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလမှာ တောင်အာဖရိကတွင် စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
🌟 Virus မျိုးကွဲအသစ်တွေ ဘာကြောင့် ဖြစ်လာရတာလဲ?
Virus ပွားတဲ့အခါ မူလမျိုးရိုးဗီဇကိုကူးပြီး အကောင်သစ်ဖြစ်လာပါတယ်။ Virus ပွားတာ အလွန်မြန်တဲ့အတွက် Copy ကူးတဲ့နေရာမှာ မူလမျိုးရိုးဗီဇကနေ ဖြစ်လာတဲ့ Virus ဟာ အနည်းငယ် ကွဲပြားသွားပါတယ်။
🟩 ကာကွယ်ဆေးမထိုးခင် ဘယ်လိုနေထိုင်သင့်လဲ?
✅ ဆေးမထိုးခင် အိပ်ရေးဝအောင်အိပ်ပါ
✅ ကိုယ်ခံအားကောင်းမဲ့ အစားများစားပါ
✅ နာတာရှည်ရောဂါရှိသူများ၊ စွဲသောက်နေရသောဆေးရှိသူများနှင့် ဆေးဓာတ်မတည့်မှု ရှိဖူးသူများ ဆရာဝန်နဲ့တိုင်ပင်ပါ
✅ ထိုးမဲ့နေ့မှာ သောက်ဖို့အကိုက်အခဲပျောက်ဆေး ဆောင်ထားပါ။ လိုအပ်မှသာ သောက်သုံးပါ
✅ ဆေးထိုးပြီးကိုယ်လက်ကိုက်ခဲမှုဖြစ်နိုင်ပါသဖြင့် လုပ်စရာအလုပ်များ ကြိုလုပ်ထားပါ
✅ အရက်ဘီယာ လုံးဝ မသောက်ပါနဲ့ (ဆေးမထိုးခင် ၂၄နာရီ၊ ထိုးပြီး ၂၄နာရီရှောင်ရန်)
ဆေးထိုးမဲ့နေ့ ဘယ်လိုပြင်ဆင်သွားသင့်သလဲ?
✅ လက်မောင်းအလွယ်တကူ ဖော်လို့ရသောအဝတ်အစား ဝတ်ပေးပါ
✅ ကော်ဖီ၊ လက်ဘက်ရည်ဖြစ်နိုင်ရင် ရှောင်ပါ
✅ ဆေးမထိုးခင် (၂) နာရီနဲ့၊ ထိုးပြီး( ၂) နာရီမှာ ရေပူနှင့် ရေချိုးခြင်းရှောင်ပါ
🟩 ဆေးထိုးပြီး ဘယ်လိုနေထိုင်သင့်လဲ
✅ ထိုးတဲ့နေရာရောင်နေ၊ နာနေပါက အဝတ်အေးသန့်သန့် (သို့မဟုတ်) ရေခဲအိတ်ကပ်ပေးခြင်းဖြင့် အနာသက်သာအောင်ပြုလုပ်ပေးပါ
✅ ဆေးထိုးထားတဲ့လက်ကို သွေးလည်ပတ်မှုကောင်းအောင် လှုပ်ရှားပေးပါ
✅ အနားယူပါ
✅ အရည်များများသောက်ပေးပါ
✅ အရက်ဘီယာ လုံးဝ မသောက်ပါနဲ့ (ဆေးမထိုးခင် ၂၄နာရီ၊ ထိုးပြီး ၂၄နာရီရှောင်ရန်)
ကာကွယ်ဆေး တုန့်ပြန်မှုဟာ (၃) ရက်ထိပဲ ကြာနိုင်ပြီး (၃) ရက်ကျော်တဲ့အထိ မသက်သာပါက သက်ဆိုင်ရာဆရာဝန်နဲ့ ပြပေးပါ
COVID (19) ကာကွယ်ဆေးက ဘယ်လိုကာကွယ်ပေးနိုင်လဲ?
✅ COVID (19) ကူးစက်ခံရမှုကို ကာကွယ်ပေးပါတယ်။
✅ အကယ်၍ကူးစက်ခံရပါက ရောဂါပြင်းထန်မှုကို သက်သာစေပါတယ်။
✅ မိတ်ဆွေများ၊ မိသားစုနှင့် ရပ်ရွာလူထုကို ရောဂါပြန့်ပွားခြင်းမှ ကာကွယ်ပေးရန် အထောက်အကူပြုပါသည်။ ဤသို့အားဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနိုင်ကြသူများအားလည်း ကာကွယ်ပေးပါသည်။
🟩 COVID (19) Booster အားဖြည့်ထိုးဆေး၏အာနိသင်
✅ COVID (19) ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးကူးစက်မှု
✅ ပြင်းထန်သော ရောဂါ
✅ COVID (19) ကြောင့် သေဆုံးမှုကို လျော့ချပေးပါတယ်
အားဖြည့်ထိုးဆေးများကို မဖြစ်မနေထိုးရမည်တော့ မဟုတ်ပါ။ သို့သော်လည်း COVID (19) အပေါ် ကိုယ်ခံအားကို ထိန်းထားစေရန်အတွက် ၎င်းအားဖြည့်ထိုးဆေးများ ထိုးရန်အကြံပြုပါသည်။
🟩 COVID (19) ပျံ့နှံ့မှုကို ဘယ်လိုကာကွယ်မလဲ?
🔴 အပြင်ထွက်လျှင် နှာခေါင်းစည်း ဝတ်ဆင်ပါ
🔴 ချောင်းဆိုး၊ နှာချေပါက လက်ဖြင့်အုပ်ထားပါ
🔴 သင်နဲ့အတူမနေသောသူများနှင့် အနည်းဆုံး (၆) ပေအကွာတွင်သာနေပါ
🔴 ဖြစ်နိုင်ပါက လူစုဝေးခြင်းများကို ရှောင်ရှားပါ
🔴 ပြင်ပအရာများထိတွေ့ပြီးတိုင်း သင့်လက်ကို မကြာခဏဆေးကြောပါ
🔴 အထိအတွေ့များသော မျက်နှာပြင်များကိုသန့်ရှင်းပြီး ပိုးသတ်ပါ
🔴 အပြင်သွားလာမှုကို လျှော့ချပါ
🔴 ကာကွယ်ဆေးထိုးပါ
🔴 မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများကို ကူညီပါ။
ကာကွယ်ဆေးထိုးထားသည့်တိုင် သင့်ကျန်းမာရေး၊ သင့်မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများ၏ ကျန်းမာရေးကို ဆက်လက်စောင့်ရှောက်ပါ။ သင်နာမကျန်းဖြစ်ပါက အိမ်တွင်နေပါ။ ထို့အပြင် မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများအား ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ကျန်းမာရေးဆိုင်ရာအထောက်အပံ့များ ရရှိနိုင်အောင်ကူညီပေးပါ။
ပန်းနာရင်ကြပ်၊ ဆီးချို၊ နှလုံးနှင့် အဆုတ်ရောဂါရှိသူများသည် COVID (19) ကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ချေများတဲ့အတွက် သတိပြုနေထိုင်သင့်ပါတယ်
ကပ်ရောဂါဘေးမှအမြန်ဆုံးလွတ်ကင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေရန် လင်းပြည့်ထက် မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်’🙏

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️
👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

Lins Pyae Htet - International Medical Service
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။

Messenger: m.me/LinsPyaeHtetInternationalMedicalService
, , ,

Ref: CDC, HG

ကူးစက်မြန်သော Omicron မျိုးကွဲသစ် BA.4, BA.5 နှင့် ကာကွယ်ဆေးအကြောင်းယခုအခါ Covid-19 ရဲ့ Omicron မျိုးကွဲသစ် BA.4 နှင့် B...
26/07/2022

ကူးစက်မြန်သော Omicron မျိုးကွဲသစ် BA.4, BA.5 နှင့် ကာကွယ်ဆေးအကြောင်း

ယခုအခါ Covid-19 ရဲ့ Omicron မျိုးကွဲသစ် BA.4 နှင့် BA.5 ဟာ ယခင်ထက် ကူးစက်မှုနှုန်း မြင့်မားပါတယ်။ BA.4 နှင့် BA.5ကို ၂၀၂၂ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလမှာ တောင်အာဖရိကတွင် စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

🌟 Virus မျိုးကွဲအသစ်တွေ ဘာကြောင့် ဖြစ်လာရတာလဲ?
Virus ပွားတဲ့အခါ မူလမျိုးရိုးဗီဇကိုကူးပြီး အကောင်သစ်ဖြစ်လာပါတယ်။ Virus ပွားတာ အလွန်မြန်တဲ့အတွက် Copy ကူးတဲ့နေရာမှာ မူလမျိုးရိုးဗီဇကနေ ဖြစ်လာတဲ့ Virus ဟာ အနည်းငယ် ကွဲပြားသွားပါတယ်။

🌟 Omicron BA.4-BA.5 ရဲ့ ကူးစက်ခံရပါက
🦠 အဖျားတက်ခြင်း
🦠 ပင်ပန်းနွမ်းနယ်ခြင်း
🦠 ခေါင်းကိုက်ခြင်း
🦠 လည်ချောင်းနာခြင်း
🦠 ချောင်းဆိုးခြင်း
🦠ကိုယ်လက်ကိုက်ခဲခြင်း
🦠 အနံ့၊ အရသာပျောက်ခြင်း
🦠 နှာစေး၊ နှာရည်ယိုခြင်း
🦠 ပျို့အန်ခြင်း
🦠 ၀မ်းသွားခြင်း
🦠 ရောဂါပြင်းထန်ပါက အသက်ရှူကျပ်ခြင်းနှင့် မောခြင်း စတာတွေဖြစ်တတ်ပါတယ်။ နေထိုင်မှုပုံစံ၊ ကိုယ်ခံအား၊ ရောဂါအခံနှင့် လက်ရှိသောက်သုံးနေသောဆေးဝါး စတဲ့အချက်များပေါ်မူတည်ပြီး တစ်ဦးနှင့်တစ်ဦး ရောဂါကူးစက်ခံရမှုအခြေအနေ ကွာခြားတတ်ပါတယ်။

🌟 Covid-19 ကာကွယ်ဆေးထိုးပြီးရင် ကာကွယ်နိုင်မလား?
လေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးထိုးပြီးသောသူများကိုလည်း ရောဂါကူးစက်နိုင်ပါတယ်။ ဒါပေမယ့်ကာကွယ်ဆေး (၂)ကြိမ်နှင့်အထက် ထိုးပြီးခဲ့ရင် ရောဂါပြင်းထန်မှုနှုန်းကို လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။

Booster Dose ထိုးထားရုံနဲ့လည်း အမြဲကာကွယ်မှု မပေးနိုင်ပါ။ Booster ထိုးပြီး 6 လကြာရင် Antibodies တွေက တဖြည်းဖြည်း လျော့နည်းလာလို့ အားဖြည့် Booster ကိုလည်း ဆရာဝန်များနှင့်တိိုင်ပင်ပြီး ထိုးသင့်ပါတယ်။

🌟 Covid-19 ကို အတူတကွ ဘယ်လိုခုခံကာကွယ်ကြမလဲ?
ကူးစက်ရာဂါ ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိသလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း အချင်းချင်း ဂရုစိုက်သတိပေးသင့်ပါတယ်။
✳️ ကိုယ်ခံအားကောင်းအောင် နေပါ။
✳️ အချိန်မှန် အိပ်ပါ။ စားပါ။
✳️ မိမိနှင့် သင့်တော်သော လေ့ကျင့်ခန်းတစ်ခု ပုံမှန်လုပ်ပေးပါ
✳️ မလိုအပ်ပဲ လူအများနှင့် ထိတွေ့ခြင်းကို ရှောင်ပါ
✳️ အပြင်ထွက်တိုင်း Mask စနစ်တကျ တပ်ပါ
✳️ ပြင်ပမှ အရာဝတ္တုများကို ထိတွေ့ပြီးတိုင်း လက်ကို စနစ်တကျ ဆေးပါ
✳️ ကာကွယ်ဆေးကိုလည်း စနစ်တကျထိုးပါ။

အကယ်၍ Covid-19 ကူးစက်ခံရပါကလည်း မပေါ့ဆဘဲ ထိရောက်တဲ့ကုသမှုကို အမြန်ဆုံး ခံယူသင့်ပါတယ်။
လူသားအပေါင်း ဘေးဘယာကင်းကွာပြီး ကပ်ဘေးများမှ အောင်မြင်စွာ အတူတူ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏🙏🙏

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️
👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏
Lins Pyae Htet - International Medical Service
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။
Messenger: m.me/LinsPyaeHtetInternationalMedicalService
, , ,

11/07/2022

မြတ်စွာဘုရားသည် နေဝင်လထွက်ချိန်မှာ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ပဥ္ဒဝဂ္ဂီငါးပါးကို တရားဦးဟောကြားတော်မူခဲ့သောနေ့သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက် (၈)ချက်ကတော့
🙏 ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်ခြင်း
🙏 ဂေါတမဘုရားလောင်း တောထွက်တော်မူသော နေ့ဖြစ်ခြင်း
🙏 ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသော နေ့ဖြစ်ခြင်း
🙏 ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့ဖြစ်ခြင်း
🙏 ဘုရားအဖြစ်ကို ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း
🙏 တရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း
🙏 သံဃာရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း
🙏 “ဧဟိ ဘိက္ခု” ဟူသောစကားကို စတင်ကြားရသော နေ့ဖြစ်ခြင်း တို့ဖြစ်ပါတယ်။

ယခုလို ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ကောင်းနေ့မြတ်လေးမှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များကို ပြုလုပ်ကြဖို့ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ် 🙏🙏🙏

Lins Pyae Htet - International Medical Service
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆေးရုံများသို့ ဆေးကုသမှုနှင့် ကျန်းမာရေးစစ်ဆေးခြင်း (Medical Check-Up) ပြု...
11/07/2022

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆေးရုံများသို့ ဆေးကုသမှုနှင့် ကျန်းမာရေးစစ်ဆေးခြင်း (Medical Check-Up) ပြုလုပ်လိုသော လူကြီးမင်းတို့အတွက် လင်းပြည့်ထက် (International Medical Service) မှ ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ဆေးဘက်ဆိုင်ရာကိစ္စများကို သေချာစွာ တိုင်ပင်ဆွေးနွေးပေးလျှက် ရှိပါတယ် 🙏

လင်းပြည့်ထက် ကုမ္မဏီနှင့် လက်တွဲလုပ်ကိုင်နေသည့် ဘန်ကောက်မြို့ရှိ ဝိဖဝတီဆေးရုံ (Vibhavadi Hospital)နှင့် မိတ်ဆက်ပေးချင်ပါတယ်။ ဝိဖဝတီဆေးရုံကို March လ 1ရက် 1986 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သက်တမ်းအားဖြင့် ၃၅နှစ်ကျော်ရှိသည့် ဆေးရုံကြီးတစ်ခုဖြစ်ပါသည်။

ဝိဖဝတီဆေးရုံသည် Medical Staff 95 ဦးနှင့် Medical Consultants 350 ဦးခန့်ရှိပြီး လက်ရှိ ကုတင်ပေါင်း 258ခုနှင့် ပြင်ပလူနာ 2000ကျော်တို့အား နေ့စဉ် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့်အပြင် ဆွေးနွေးကုသမှုအခန်း (Diagnosis Room) 200ကျော်ရှိသည့် ဆေးရုံကြီးတစ်ခုဖြစ်ပါသည်။

ဝိဖဝတီဆေးရုံသည် စတင်တည်ထောင်ခဲ့သည့် ၁၉၈၆ ခုနှစ်ထဲမှစတင်၍ ထူးချွန်သော ဝန်ဆောင်မှုများ နှင့် ထိရောက်သောကုသမှုများဖြင့် ဆေးရုံမှပေးသည့် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် အစဉ်တစိုက် ကြိုးစားလျှက်ရှိပါသည်။

ဆေးရုံသို့ ကုသမှုခံယူရန် ရောက်ရှိလာသည့် လူနာတိုင်းကိုလည်း ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာကိုလည်း အကူအညီပေးရန် အလွန်အလေးထားသော ဆေးရုံတစ်ခု ဖြစ်ပါသည်။ ဝိဖဝတီဆေးရုံမှ ဝန်ထမ်းတိုင်းသည်လည်း လူနာများဆေးရုံသို့လာရောက်သည့်အခါ သက်သောင့်သက်သာဖြစ်ရန်နှင့် နေရာထိုင်ခင်းကိုလည်း အကောင်းဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးရန် အမြဲ စိတ်အားထက်သန်နေကြသူများ ဖြစ်ပါသည်။

🏥 ဝိဖဝတီဆေးရုံအနေဖြင့် ပြင်ပလူနာဌာနတွင် လူနာတိုင်းအတွက် ပြီးပြည့်စုံသည့် ကုသခြင်းဆိုင်ရာ ဝန်ဆောင်မှုအား ၂၄ နာရီ ပေးလျှက်ရှိပြီး အောက်ဖော်ပြပါ အထူးကုဌာနများဖြင့် ဆေးရုံသို့ လာရောက်သည့် လူနာများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကို အကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါသည် 👍

🏥 ဝိဖဝတီ ဆေးရုံမှ Specialized Service များမှာ
✅ LASIK & Eye Center (လေဆာဖြင့် မျက်မှန် ပါဝါဖျောက်ခြင်း အထူးပြုသည့် မျက်စိဌာန)
✅ Pediatrics (ကလေး အထူးကုဌာန)
✅ Obstetrics (သားဖွားဌာန)
✅ Orthopedic Surgery (အရိုးအဆစ် ခွဲစိတ်ဌာန)
✅ Respiratory System (အသက်ရှုလမ်းကြောင်း စနစ် အထူးကုဌာန)
✅ Gastro-Intestinal & Liver (အစာအိမ်၊ အူနှင့် အသည်းဆိုင်ရာ အထူးကုဌာန)
✅ Surgery (ခွဲစိတ်ကုသမှုဆိုင်ရာ အထူးကုဌာန)
✅ Cardiovascular Center (Heart) (နှလုံး အထူးကုဌာန)
✅ Dental Care and Specialised Dental Care (သွားဘက်ဆိုင်ရာ အထူးကုဌာန)
✅ Neurology (ဦးနှောက်နှင့် အာရုံကြော အထူးကုဌာန)
✅ Hemodialysis Center (ကျောက်ကပ် အထူးကုဌာန)
✅ Emergency Department (အရေး‌ပေါ်ဌာန)
✅ Alternative Medical Services (Acupuncture, Hatthavej Thai Massage, Fitness Center) - အခြားသော ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ (အပ်စိုက်ကုသခြင်း၊ ထိုင်းနည်းဖြင့် နှိပ်ခြင်း၊ အားကစားခန်းမ)
တို့ဖြစ်ပါတယ်။

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️

👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

Lins Pyae Htet - International Medical Service
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။
Messenger: m.me/LinsPyaeHtetInternationalMedicalService

, , ,

Address

No. 532, 3rd Floor, Innwa Street, South Okkalapa 6 Ward
Yangon
11091

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959964301774

Website

Alerts

Be the first to know and let us send you an email when Lins Pyae Htet - International Medical Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lins Pyae Htet - International Medical Service:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram