Ear Pro Hearing Care Center

Ear Pro Hearing Care Center We are professional hearing care center providing hearing tests and wide ranges of hearing aids.

နားထဲမှာ "တဝီဝီ၊ တစီစီ" နဲ့ အသံတွေ ကြားနေရလို့ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား?ဒီလိုဖြစ်တာကို Tinnitus (နားထဲအသံမြည်ခြင်း...
12/02/2026

နားထဲမှာ "တဝီဝီ၊ တစီစီ" နဲ့ အသံတွေ ကြားနေရလို့ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား?

ဒီလိုဖြစ်တာကို Tinnitus (နားထဲအသံမြည်ခြင်း) လို့ ခေါ်ပါတယ်။ ဒါက ရောဂါတစ်ခုထက်စာရင် နောက်ကွယ်က ကျန်းမာရေးပြဿနာတစ်ခုခုရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် -

‼️စက်ရုံအလုပ်ရုံတွေ ဒါမှမဟုတ် နားကြပ်နဲ့ အသံအကျယ်ကြီး နားထောင်တာတွေကြောင့် အကြားအာရုံဆဲလ်တွေ ထိခိုက်တဲ့အခါ ဖြစ်တတ်ပါတယ်။

‼️အသက်ကြီးလာတဲ့အခါ အကြားအာရုံကြောတွေ အားနည်းလာပြီး နားထဲမှာ အသံတွေ မြည်လာတတ်ပါတယ်။

‼️နားထဲမှာ နားဖာချေးတွေ အများကြီးပိတ်နေတဲ့အခါမှာလည်း အသံမြည်တာမျိုး ဖြစ်နိုင်ပါတယ်။

‼️သွေးတိုးတာ ဒါမှမဟုတ် သွေးလည်ပတ်မှု မမှန်တာတွေကြောင့်လည်း နားထဲမှာ တဒုတ်ဒုတ် ဒါမှမဟုတ် တဝီဝီ မြည်တတ်ပါတယ်။

ဒီလိုအသံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတယ်ဆိုရင်တော့ အချိန်မဆွဲဘဲ Ear Pro မှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ လာရောက်ဆွေးနွေးတိုင်ပင်ဖို့ တိုက်တွန်းပါရစေနော်… 👩‍⚕️🩺

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



ကျန်းမာရေးလို့ ပြောလိုက်ရင် နှလုံး၊ အဆုတ်၊ အစာအိမ် စတာတွေကိုပဲ အလေးထားမိတတ်ကြပေမယ့် တကယ်တော့ "နား" ကလည်း ခန္ဓာကိုယ်အတွက်...
10/02/2026

ကျန်းမာရေးလို့ ပြောလိုက်ရင် နှလုံး၊ အဆုတ်၊ အစာအိမ် စတာတွေကိုပဲ အလေးထားမိတတ်ကြပေမယ့် တကယ်တော့ "နား" ကလည်း ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ 👂✨

နားကျန်းမာရေးက ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုရင် -

✅လမ်းလျှောက်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ ယိုင်မလဲအောင် ထိန်းညှိပေးတဲ့ အဖွဲ့အစည်းဟာ နားထဲမှာ ရှိတာပါ။ နားကျန်းမာရေးမကောင်းရင် မူးဝေတာနဲ့ ဟန်ချက်ပျက်တာတွေ ဖြစ်နိုင်ပါတယ်။

✅အကြားအာရုံချို့ယွင်းလာရင် ဦးနှောက်က အသံတွေကို နားလည်ဖို့ ပိုပြီးအားစိုက်ရပါတယ်။ ဒါက ရေရှည်မှာ မှတ်ဉာဏ်ချို့ယွင်းမှု နဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။

✅လမ်းသွားလမ်းလာတဲ့အခါ / အလုပ်ခွင်ထဲမှာ အန္တရာယ်ရှိတဲ့ အသံတွေကို ကြိုတင်ကြားနိုင်မှသာ ဘေးကင်းအောင် နေထိုင်နိုင်မှာပါ။

ဒါကြောင့် နားကျန်းမာရေးဟာ တစ်ကိုယ်ရေကျန်းမာရေးရဲ့ အခြေခံအုတ်မြစ်တစ်ခုပါပဲ။ သင့်ရဲ့အကြားအာရုံကို ဂရုစိုက်ဖို့ Ear Pro ရှိနေပါပြီ။ 👩‍⚕️

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



09/02/2026

🙏ရုံးပိတ်ရက်ကြော်ငြာခြင်း🙏

(12.2.2026 နှင့် 13.2.2026) ရက်နေ့တို့တွင်
Ear Pro Hearing Care Center ၏ဝန်ဆောင်မှုများကို ခေတ္တခဏရပ်နားထားမည်ဖြစ်ပြီး (14.2.2026) တွင်ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းဖြစ်ကြောင်းအသိပေးအပ်ပါသည်။





အလယ်နားချွဲပိတ်ခြင်း!
29/01/2026

အလယ်နားချွဲပိတ်ခြင်း!

နားကြားကိရိယာကို ပထမဆုံးစသုံးတော့မယ်ဆိုရင် အသုံးပြုသူတွေအနေနဲ့ မှားယွင်းတတ်တဲ့ အယူအဆလေးတွေ ရှိတတ်ပါတယ်။ဒါကြောင့်မို့ သတိ...
28/01/2026

နားကြားကိရိယာကို ပထမဆုံးစသုံးတော့မယ်ဆိုရင် အသုံးပြုသူတွေအနေနဲ့ မှားယွင်းတတ်တဲ့ အယူအဆလေးတွေ ရှိတတ်ပါတယ်။

ဒါကြောင့်မို့ သတိထားသင့်တဲ့ လွဲမှားတဲ့ အယူအဆလေးတွေကို နားကြားကိရိယာ စသုံးမယ့်သူတွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

📌 နားပြန်ကောင်းမယ်လို့ထင်တာ

တကယ်တော့ Hearing Aid တွေက နေ့စဉ်ဘဝမှာ အဆင်ပြေလွယ်ကူစေမယ့် နည်းပညာမြင့် ကိရိယာလေးတွေသာဖြစ်ပါတယ်။ အသံတွေ ပီသစွာကြားရအောင် အကူအညီပေးနိုင်ပေမယ့် နားပြန်ကြားအောင်လို့တော့ မလုပ်ပေးနိုင်ပါဘူး။

📌 စတပ်တပ်ချင်း အဆင်မပြေလို့စိတ်ညစ်တာ

ဘယ်နားကြားကိရိယာမဆို စတပ်တပ်ချင်းမှာတော့ အသံတွေနားထောင်ရတာ အသားကျမှာ မဟုတ်ပါဘူး။ အချိန်တစ်ခုကြာတဲ့အထိ အသုံးပြုလာရင်းနဲ့မှ မိမိရဲ့နားကြားနှုန်းနဲ့ အံဝင်ဂွင်ကျဖြစ်ပြီး အသားကျသွားမှာပါ။

📌 အသံမှန်သမျှ အကုန်ချဲ့ပေးမယ်လို့ထင်တာ

တကယ်တော့ Hearing Aid တွေဆိုတာ စကားသံတွေ၊ အာရုံစူးစိုက်နားထောင်ရတဲ့ အသံတွေကိုသာ Algorithm အရ ကျယ်ပေးမှာဖြစ်ပြီး မလိုအပ်တဲ့ Background Noises တွေကိုတော့ လျှော့ချပေးမှာပါ။

📌 နားကြားကိရိယာတစ်ဖက်ပဲတပ်တာ

တစ်ချို့ကြတော့ နားတစ်ဖက်တည်းကပဲ မကြားတဲ့အတွက် Hearing Aid ကိုလည်း တစ်ဖက်ပဲတက်ချင်ကြပါတယ်။ အဲ့ဒါက လွဲမှားတဲ့အယူအဆဖြစ်ပြီး နားကြပ်နှစ်ဖက်လုံး တပ်ဆင်မှသာ သဘာဝကျပြီး ကြည်လင်တဲ့အသံတွေကို ကြားရမှာပါ။

ဒါကြောင့် နားကြားကိရိယာကို အခုမှစသုံးမယ်ဆိုရင် ဒီလိုလွဲမှားနေတဲ့အချက်လေးတွေကို သတိထားဖို့လည်း မမေ့ပါနဲ့ဦးနော်။

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



နှစ်သစ်မှာ အကြားအာရုံပြဿနာရှိတဲ့ လူကြီးမိဘတွေအတွက် မွန်မြတ်တဲ့လက်ဆောင်ကို ပေးချင်ပါသလား⁉️ဒါဆိုရင်တော့….. 👉နားကြားနှုန်းစ...
21/01/2026

နှစ်သစ်မှာ အကြားအာရုံပြဿနာရှိတဲ့ လူကြီးမိဘတွေအတွက် မွန်မြတ်တဲ့လက်ဆောင်ကို ပေးချင်ပါသလား⁉️

ဒါဆိုရင်တော့….. 👉နားကြားနှုန်းစစ်ပေးတာပဲဖြစ်ဖြစ်၊
👉နားကြားကိရိယာတပ်ဆင်ပေးတာပဲဖြစ်ဖြစ်၊
👉တခြားနားနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်

နားကြားကိရိယာမျိုးစုံရှိပြီး ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် စမ်းသပ်စစ်ဆေးပြီး တပ်ဆင်ပေးနေတဲ့ Ear Pro Hearing Care Center ဆီသာ လူကြီးမိဘတွေကို ခေါ်ဆောင်လာခဲ့လိုက်ပါ။

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



နားအူတယ်ဆိုတိုင်း အကြားအာရုံအားနည်းတယ်လို့ ထင်နေရင်တော့ မှားနေပြီနော်။ တကယ်တော့ နားအူရခြင်း အကြောင်းအရင်းများစွာ ရှိပါတယ...
02/01/2026

နားအူတယ်ဆိုတိုင်း အကြားအာရုံအားနည်းတယ်လို့ ထင်နေရင်တော့ မှားနေပြီနော်။ တကယ်တော့ နားအူရခြင်း အကြောင်းအရင်းများစွာ ရှိပါတယ်။

💢 အသက်အရွယ်ကြီးတာ
💢 အိပ်ရေးပျက်တာ
💢 သောက်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးရှိတာ
💢 ဦးခေါင်းနဲ့လည်ပင်းမှာ ဒဏ်ရာရတာ
💢 သွေးတိုးတာ
💢 စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်တာ
💢 နားပိုးဝင်တာ
💢 နားပြည်တည်တာ
💢 နားဖာချေးပိတ်တာ တွေကြောင့်လည်း နားအူတတ်ပါတယ်။

တစ်ခါတစ်လေမှာ နားအူတာက သူ့ဟာသူ ပျောက်ကင်းသွားတတ်ပေမယ့် တော်ရုံနဲ့မပျောက်ဘဲ ခဏခဏ ပြန်ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



အေးချမ်းနှစ်လိုဖွယ်ကောင်းတဲ့ နှစ်သစ်အကြိုအချိန်ကာလမှာ ပြည်သူပြည်သားများအားလုံး ကပ်ကြီး(၃)ပါး ကျော်လွှားနိုင်ပြီး စိတ်ချမ...
31/12/2025

အေးချမ်းနှစ်လိုဖွယ်ကောင်းတဲ့ နှစ်သစ်အကြိုအချိန်ကာလမှာ ပြည်သူပြည်သားများအားလုံး ကပ်ကြီး(၃)ပါး ကျော်လွှားနိုင်ပြီး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် နှစ်သစ်မှာ ယုံကြည်မှုအပြည့် ၊ ခွန်အားသစ်တွေနဲ့ စတင်နိုင်ပါစေလို့ Ear Pro Hearing Care Center မိသားစု မှ လေးနက်စွာဆုတောင်းပြုလိုက်ပါတယ်။✨


Rexton မှာဆိုရင် အကြားအာရုံကို အထောက်အပံ့ပေးတဲ့ နည်းပညာအသစ်များပါဝင်တဲ့အပြင် ✅ နေ့စဉ်ဘဝမှာ အံဝင်ဂွင်ကျဖြစ်စွာ အသုံးပြုနိ...
31/12/2025

Rexton မှာဆိုရင် အကြားအာရုံကို အထောက်အပံ့ပေးတဲ့ နည်းပညာအသစ်များပါဝင်တဲ့အပြင်

✅ နေ့စဉ်ဘဝမှာ အံဝင်ဂွင်ကျဖြစ်စွာ အသုံးပြုနိုင်ခြင်း
✅ အကြမ်းခံခြင်း
✅ Battery အားကျဆင်းမှု နည်းပါးခြင်း
✅ အလွယ်တကူအားပြန်သွင်းနိုင်ခြင်း
✅ အသံဖမ်းယူမှုအားကောင်းခြင်း

စတဲ့ အားသာချက်များကြောင့် အကြားအာရုံ ချို့ယွင်းသူတွေနဲ့ အကိုက်ညီဆုံး နားကြားကိရိယာ အမှတ်တံဆိပ်ဖြစ်ပါတယ်။

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



ဘယ်သူခေါ်ခေါ် မကြားဘဲဖြစ်နေတဲ့ သင့်ရဲ့နားအခြေအနေကြောင့် စိတ်ညစ်နေရပြီလား။ဘာအသံကိုမှ ကွဲကွဲပြားပြားမကြားရတဲ့ အကြားအာရုံပြ...
29/12/2025

ဘယ်သူခေါ်ခေါ် မကြားဘဲဖြစ်နေတဲ့ သင့်ရဲ့နားအခြေအနေကြောင့် စိတ်ညစ်နေရပြီလား။

ဘာအသံကိုမှ ကွဲကွဲပြားပြားမကြားရတဲ့ အကြားအာရုံပြဿနာကို ဖြေရှင်းပေးဖို့ Ear Pro ရှိနေပါပြီ။

🦻အကြားအာရုံစမ်းသပ်စစ်ဆေးမှုများလုပ်ဆောင်ပြီး
🦻လိုအပ်ရင် နားကြားကိရိယာများကိုပါ တပ်ဆင်ပေးနေတဲ့အတွက်

အကြားအာရုံနဲ့ပတ်သက်တဲ့ ကုသမှုတိုင်းကို Ear Pro မှာ လာရောက်လုပ်ဆောင်နိုင်ပါပြီ။

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



🎄Merry Christmas To You All 🎄ဒီ Christmas အခါသမယမှာ မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်...
25/12/2025

🎄Merry Christmas To You All 🎄

ဒီ Christmas အခါသမယမှာ မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဆန္ဒနှင့်ဘဝတစ်ထပ်
တည်းကျကာ ပြည့်စုံပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်
နိုင်ကြပါစေကြာင်း Ear Pro Hearing Care Center မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

နားကြားကိရိယာ အားကုန်သွားမှာကို စိတ်ပူစရာမလိုဖို့အပြင်သွားတဲ့အချိန် နားကြပ်ဓာတ်ခဲ အားကုန်သွားရင် တော်တော်လေး အခက်တွေ့နို...
14/12/2025

နားကြားကိရိယာ အားကုန်သွားမှာကို စိတ်ပူစရာမလိုဖို့

အပြင်သွားတဲ့အချိန် နားကြပ်ဓာတ်ခဲ အားကုန်သွားရင် တော်တော်လေး အခက်တွေ့နိုင်ပါတယ်။

🦻 နေ့စဉ်ဘဝမှာ ပြောဆိုဆက်သွယ်ဖို့ ဒီနားကြပ်လေးကို အားကိုးနေရတာမို့ Battery အလွယ်တကူရှာမရတဲ့ အချိန်မျိုးမှာဆို စိတ်သောကရောက်ရမှာပါ။

ဒါကြောင့်မို့ နားကြားကိရိယာ အားကုန်တော့မယ်ဆိုရင် ကြိုတင်သိရှိနိုင်ဖို့ Ear Pro မှာ Battery Tester လေးတွေ ဝယ်ယူနိုင်ပါပြီနော်။

အိတ်ဆောင်အရွယ်လေးမို့ ဘယ်သွားသွား သယ်ဆောင်ရလွယ်ကူပြီး ပေါ့ပါးတဲ့အပြင်
Result ကလည်းတိကျလို့ နားကြားကိရိယာ သုံးတဲ့သူတိုင်းရှိထားသင့်တဲ့ ပစ္စည်းလေးပဲဖြစ်ပါတယ်။

ဒါကြောင့် နားကြပ်အားကုန်ခါနီးရင် အလွယ်တကူသိရှိနိုင်ပြီး အခက်အခဲမရှိစေဖို့ အခုပဲ Ear Pro မှာ ဝယ်ယူလိုက်တော့နော်။

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



Address

No. 420 Banyardala Road, Tamwe Tsp, Yangon. ( Near Shin Par Gu Hospital )
Yangon
11211

Alerts

Be the first to know and let us send you an email when Ear Pro Hearing Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ear Pro Hearing Care Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram