21/04/2026
လိင်အင်္ဂါမှိုစွဲခြင်း (Ge***al Candidiasis) ဟာ အမျိုးသားရော အမျိုးသမီးပါ အဖြစ်များလေ့ရှိပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ဝေဒနာတစ်ခုပါ။ အဓိကအားဖြင့် Candida လို့ခေါ်တဲ့ မှိုအမျိုးအစားကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။
အမျိုးသားများတွင် ဖြစ်ပွားခြင်း
အမျိုးသားတွေမှာတော့ အမျိုးသမီးတွေလောက် အဖြစ်မများသော်လည်း ဖြစ်ပွားပါက စိတ်အနှောင့်အယှက် များစွာဖြစ်စေပါတယ်။အမျိုးသမီးများတွင် ဖြစ်ပွားခြင်း
အမျိုးသမီး ၄ ဦးမှာ ၃ ဦးခန့်ဟာ ဘဝမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ဒီဝေဒနာကို ခံစားရလေ့ရှိပါတယ်။
သတိပြုရန်နှင့် ကာကွယ်ရန်
၁။ သန့်ရှင်းခြောက်သွေ့ပါစေ: ရေချိုးပြီးနောက် သို့မဟုတ် အိမ်သာတက်ပြီးနောက် လိင်အင်္ဂါတစ်ဝိုက်ကို ခြောက်သွေ့အောင် ထားခြင်းက အကောင်းဆုံး ကာကွယ်မှုပါ။
၂။ ချည်သားအတွင်းခံ ဝတ်ဆင်ပါ: လေဝင်လေထွက်ကောင်းပြီး အစိုဓာတ်မအောင်းစေတဲ့ ချည်သား (Cotton) အတွင်းခံတွေကို ရွေးချယ်ဝတ်ဆင်ပါ။
၃။ ဆေးဝါးကုသမှု: များသောအားဖြင့် မှိုသတ်ဆေး (Antifungal cream or tablets) များဖြင့် အလွယ်တကူ ကုသပျောက်ကင်းနိုင်ပါတယ်။
☎️ 09- 667,162,676
ရွှေဝါ၂လမ်းအနီး၊အင်းစိန်မြို့နယ်၊ရန်ကုန်မြို့။