Lifestyle and Nutri-Facts by Aaron

Lifestyle and Nutri-Facts by Aaron For healthy lifestyle

06/10/2020






အိမ်မှာအလွယ်တကူပြင်ဆင်သုံးဆောင်နိုင်သလို
ကျန်းမာရေးအတွက် အထောက်အကူပြု အာဟာရလည်း
ပြည့်ဝတဲ့ healthy meal လေးတစ်ခုပြင်ဆင်သုံးဆောင်ပုံ
ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ
Thank you so much!!!

24/09/2020



Thank you so much!!!

06/09/2020

Benefits of brown rice!!!

Thank you so much!!!

27/08/2020

Covid ကာလမှာ ကျန်းမာရေးအတွက်
သော်လည်းကောင်း, အစားအသောက်များအကြောင်း
Diet plan အသေးစိတ် သိချင်သူများ
Healthy food စစားချင်သူများ
Food တွေအကြောင်းနည်းစနစ်ကျကျ
သိပြီးစားချင်သူများ
Page cb ကတစ်ဆင့် ဆက်သွယ်နိုင်ပါပြီ
အခမဲ့ ဆွေးနွေးပေးမှာဖြစ်ကြောင်း
ဖော်ပြလိုက်ပါတယ်ခင်ဗျာ

Dr. Aaron Moe
M.B.,B.S (Ygn)
M.Sc nutrition & dietetics ( PG student )

Thank you so much!!!

25/08/2020

tips for weight loss
Weight ချတဲ့ ခရီးလမ်းအတွက် ဆောင်ရန်
ရှောင်ရန်အချက်များထဲမှ common ဖြစ်တဲ့ အချက်လေးများကို တင်ဆက်ပေးလိုက်ပါတယ်
Thank you so much!!!

20/08/2020




Thank you so much

🔆🔆၁၀ရက်အတွင်း ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့အဆီတွေကိုရှင်းထုတ်ရင်း ဝိတ်ချကြရမယ်🔆🔆 👉🏻👉🏻P.S (ပေါင်ချိန်ကိုထည့်မရေးရခြင်းအကြောင်း...
26/10/2019

🔆🔆၁၀ရက်အတွင်း ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့အဆီတွေကိုရှင်းထုတ်ရင်း ဝိတ်ချကြရမယ်🔆🔆
👉🏻👉🏻P.S (ပေါင်ချိန်ကိုထည့်မရေးရခြင်းအကြောင်းကတော့ လူတဦးနဲ့တဦး ခန္ဓာကိုယ်ဖွဲ့စည်းမှု၊အသက်အရွယ် ကြိုးစားအားထုတ်နိုင်စွမ်း၊စိတ်အားထက်သန်မှုခြင်းမတူညီလို့ပါ)

🛑အစားတွေအများကြီးလျှော့ခိုင်းပြီး မတရားချခိုင်းမှာမဟုတ်ပါဘူးနော်

Nutrition ပညာရပ်ကိုသင်ယူနေတဲ့ဆရာဝန်ကိုယ်တိုင်
အရပ်/ကိုယ်အလေးအချိန်/အသက် စသဖြင့်သေသေချာချာတွက်ချက်ပြီးမှ ခန္ဓာကိုယ်မှာလိုအပ်တဲ့ အဟာရတွေနဲ့အညီ အစားအသောက်၊အနေအထိုင်များကို အသေးစိတ်ဂရုစိုက်ပြီး ဝိတ်ချပေးမှာဖြစ်ပါတယ်

🔆🔆ပါဝင်မှုအသေးစိတ်များကတော့🔆🔆

💠မျက်နှာပုံမပါအားကစားဝတ်စုံနဲ့ ရှေ့/နောက်တပုံစီပို့ပေးရန်

💠Client ရဲ့ bodyအချိုးအစားကိုကြည့်ပြီး လိုအပ်တဲ့
လေ့ကျင့်ခန်းများကိုဖော်ပြပေးသွားဖြစ်လို့ ဓာတ်ပုံတောင်း
ရခြင်းဖြစ်ပါတယ်

💠မနက်/နေ့လည်/ညနေစာများတွင်လိုအပ်သော ကစီဓာတ်အဆီဓာတ်၊အသားဓာတ်များပါဝင်တဲ့အစားစာများကို
အချိုးကျကျလိုအပ်မှုပမာဏအတိုင်း ရွေးချယ်စားသောက်တတ်ဖို့ နေ့စဉ်နေ့တိုင်းတွက်ချက် ပြောပြပေး
သွားခြင်း

💠တနေ့တာတွင်လိုအပ်သော ရေဓာတ်ပမာဏနဲ့
ခန္ဓာကိုယ်ထဲမှာမလိုအပ်တဲ့ အဆိပ်အတောက်များကို ဖြေဖျောက်ပေးနိုင်မယ့် Detox water

💠တနေ့တာပြီးဆုံးတိုင်း Client ရဲ့ကိုယ်အလေးချိန်ကိုပိူ့ပေးရပါမယ်

💠Client တစ်ဦးချင်းစီရဲ့ data များကို သေချာမှတ်သား
ပြီးဂရုတစိုက် လုပ်ဆောင်ပေးခြင်း

💠Groupလိုက်လုပ်တာမဟုတ်ဘဲတဦးချင်းစီကိုဂရုစိုက်ပေး
တာဖြစ်လို့ယုံကြည်စိတ်ချစွာနဲ့ပြောဆိုဆက်ဆံနိုင်ပါတယ်

💠အသက်အရွယ် အပိုင်းအခြားအလိုက် စားသောက် နေထိုင်မှုပုံစံတွေကွဲပြားသွားမှာဖြစ်လို့ ရောဂါအခံရှိသူများ၊အသက်ကြီးသူများ စိုးရိမ်မှုမရှိဘဲ ဝိတ်ချနိုင်မှာပါ

🌟🌟စီးပွားရေးအရမဟုတ်ဘဲ တက်ကျွမ်းထားတဲ့ပညာကို ပြန်လည်အသုံးချချင်တာကြောင့်Memberကြေး
ပုံမှန်စျေး 20000 kyatsကို December လကုန်တဲ့အထိ
10000kyats နဲ့ ပါဝင်နိုင်မှာဖြစ်ပါတယ်🌟🌟

P.S (တရက်ကို ၁၀၀၀ နှုန်းနဲ့ ကျန်းမာစွာကိုယ်အလေးချိန် ညှိနှိုင်းလျော့ချနိုင်မှာနော်)

Weight loss mindset and tips!!!(၁)  ရည်မှန်းချက်ထားပါ>>>> ကောင်းမွန်သည့်ရလဒ်ကိုစောင့်စားပါ(၂) ရရှိလာမည့်ရလဒ်ကောင်းအတွက် ...
22/10/2019

Weight loss mindset and tips!!!

(၁) ရည်မှန်းချက်ထားပါ>>>> ကောင်းမွန်သည့်ရလဒ်
ကိုစောင့်စားပါ

(၂) ရရှိလာမည့်ရလဒ်ကောင်းအတွက် မိမိကြိုက်နှစ်သက်သည့် အစားအသောက်များကို
နည်းစနစ်ကျကျ ထိန်းချုပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို
အပြစ်ပေးပါ

(၃) ပြက္ခဒိန်ရက်စွဲများကို သေချာမှတ်သားပြီး
ဇောက်ချလုပ်ဆောင်ပါ-----ရက်ပေါင်းမည်မျှ
အကွာအဝေးရှိသောအခါတွင် မိမိလိုချင်သော
နေရာ​၏ မည်သည့်အစိတ်အပိုင်းတွင် ရောက်ရှိ
နေပြီကိုသုံးသပ်ပါ

(၄) မိမိရည်မှန်းချက်ကို တားဆီးမည့်အရာများ
စိတ်ဓာတ်အတွေးအခေါ်များကို သေချာကောက်နုတ်ပြီး
ကျော်လွှားနိုင်ဖို့စိတ်ပိုင်းဖြတ်ပါ

(၅) ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ စိတ်မလောပါနှင့်
ဖြည်းဖြည်းမှန်မှန် ဇွဲရှိရှိ လုပ်ဆောင်ပါ

(၆) အသက်ကိုဝအောင်ရှူပါ။အိပ်ချိန်ကိုဂရုတစိုက်
သတ်မှတ်ပြီးအိပ်ပါ

(၇) လမ်းတစ်ဝက်မှာရပ်မနေပါနှင့်၊လှည့်ပြန်ဖို့လည်း
မစဉ်းစားပါနှင့်၊သိပ်ပြီးမလိုတော့သည့်
အကွာအဝေးတွင် ရည်မှန်းချက်ပန်းတိုင်က
သင့်ကိုစောင့်ကြိုနေပါသည်။

Dr.Marble
(ကူးယူခြင်းမပြုပါရန်)

👉🏻👉🏻ဆရာ သမီးပိန်ချင်လို့ခုနောက်ပိုင်း”အဆီ”ဆိုလုံးဝမစားတော့ဘူး....အဲ့တာမှန်လား?????👈🏻👈🏻အခုဒီဆောင်းပါးမှာတော့ Fat အကြောင်း...
18/10/2019

👉🏻👉🏻ဆရာ သမီးပိန်ချင်လို့ခုနောက်ပိုင်း”အဆီ”ဆိုလုံးဝမစားတော့ဘူး....အဲ့တာမှန်လား?????👈🏻👈🏻

အခုဒီဆောင်းပါးမှာတော့ Fat အကြောင်းကို
အဓိကထားပြောသွားပါမယ်။ အားလုံးသိထားကြ
တဲ့အတိုင်း အဆီဖြစ်ပါတယ်။ အဝလွန်သူတွေ,
ဝဖို့တာဆူနေသူတွေ, body fit ဖြစ်ဖို့လုပ်ဆောင်နေသူ
တွေ စိုးရိမ်ကြောင့်ကြတဲ့ အရာတစ်ခုပါ၊
အစားအစာစားသောက်တဲ့အခါ fat ကိုချန်ပြီးစားသောက်
ဖို့ခက်ခဲသလို အလွန်အမင်းရှောင်ကြဉ်ဖို့လည်း
မလိုအပ်ပါဘူး။သင့်တင့်မျှတစွာ ရွေးချယ်စားသုံး
တတ်ဖို့သာလိုအပ်တာပါ။ အဆီဓာတ်သည် ခန္ဓာကိုယ်
အတွက်စွမ်းအင်ပေးသကဲ့သို့ ခန္ဓာကိုယ်အတွင်းပိုင်း
အင်္ဂါရပ်များ အလွှာတစ်ရပ်အနေဖြင့် ကာကွယ်မှုကို
လည်းပေးစွမ်းနိုင်ပါတယ်။ ကိုယ်ခန္ဓာအပူချိန်
ထိန်းညှိပေးရာမှာလည်း လိုအပ်ပါတယ်။
ခန္ဓာကိုယ်အတွက် အရေးပါသော vitamins များ
ထုတ်လုပ်မှုဖြစ်စဉ်တွင်ဆက်စပ်ပြီးပါဝင်ပတ်သက်သော
ကြောင့် သူ့ကိုပစ်ထားလို့မရသလို အထင်သေးလို့လည်း
မဖြစ်ပါဘူး။

Fats တွင်လည်း ပြည့်ဝဆီနှင့် မပြည့်ဝဆီဟူရျ်
Body အတွက်အကျိုးပြုသော fat နှင့် အကျိုးမပြုသော
Fat ဟူရျ်ကွဲပြားသည်။

ခန္ဓာကိုယ်အတွက် အကျိုးမပြုသော အဆီများကို
လုံးဝမစားရဟုမဆိုလိုပါ။ လိုအပ်သလောက်သာ
စားသုံးတတ်ဖို့အရေးကြီးသည်။အဆီများသောဝက်သား,ဝက်အဆီ,အဆီများသောအပိုင်းကို
ဖြတ်ထားသည့်အမဲသား,ကြက်အရေခွံ,ဆီကြော်စာများ
အသင့်သောက်အချိုရည်များ,အချိုများသော
Biscuits,cookies များ, cream များသောကိတ်မုန့်
Pizza ,ဟမ်ဘာဂါများ,ice cream,အာလူးကြော်များ အစရှိသည်တို့မှပြည့်ဝဆီကိုထုတ်လုပ်သည်။
စားအုန်းဆီ,အုန်းဆီ,အုန်းနို့တို့မှလည်း
ခန္ဓာကိုယ်အတွက် မကောင်းသော အဆီကို
ဖြစ်ပေါ်စေသည်။

မပြည့်ဝဆီကို ငါးကြီဆီ,နေကြာဆီ,အခွံမာသီး,
နေကြာဆီ,သံလွင်ဆီ,ထောပတ်သီး,ဆော်လမွန်ငါး
အစရှိသည်တို့မှရရှိသည်
ထိုအရာများမှီဝဲပါက ခန္ဓာကိုယ်အတွက်အကျိုးပြု
သည့်အရာများဖြစ်ပေါ်လာမည်မှာ မုချဧကန်ပင်။

ပြည့်ဝဆီများပါဝင်သော အစားအစာများ
လိုအပ်သည်ထက်ပိုစားပါက ကျန်းမာရေးအတွက်
အထောက်အကူပြုမည်မဟုတ်ပါ။
ဝဖြိုးလာခြင်း,အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း,
နှလုံးရောဂါ,သွေးတိုး,ဆီးချို,သွေးတွင်းမကောင်းသောအဆီဓာတ်များခြင်းတို့ ဖြစ်လာပေမည် ။
ဝဖြိုးခြင်းကြောင့် လှုပ်ရှားမှုနှေးကွေးခြင်း, အရွယ်တင်မှု
မရှိခြင်း,မိမိကိုယ်မိမိ ယုံကြည်မှုလျော့ကျခြင်းတို့
ဖြစ်ပေါ်လာစေနိုင်သည့်အပြင် စိတ်ဖိစီးစရာများပါတွေ့ကြုံလာနိုင်သည်။

ထို့ကြောင့် အစားအသောက်ကို ပညာရှိကဲ့သို့
မှန်ကန်စွာရွေးချယ်စားသောက်ပြီး
ကြံ့ခိုင်မှုအတွက်ခန္ဓာကိုယ်လေ့ကျင့်ခန်းများ
တွဲဖက်လုပ်ဆောင်ခြင်းဖြင့် သာယာလှပ
တက်ကြွသောနေ့များဆီ လျှောက်လှမ်းကြပါစို့။

Dr. Marble
(ကူးယူခြင်းမပြုပါရန်)

Address

Yangon

Telephone

+959979930425

Website

Alerts

Be the first to know and let us send you an email when Lifestyle and Nutri-Facts by Aaron posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram