Dr. So Pyay

Dr. So Pyay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. So Pyay, Doctor, Yangon.

Doctor | TEDx Speaker | Content Creator
Sharing trustworthy, research-based medical knowledge in a fun, relatable way.
🎓 | 1.9M+ followers | Viral medical skits |TEDx: Medical Scammers
📍Based in Myanmar | Helping people stay informed, healthy, and aware

29/03/2026

အပျော်တွေ ကူးစက်ခဲ့ရတဲ့ ပွဲလေးတစ်ခု...✨


#ဒေါက်တာစိုပြေ

27/03/2026

Mr. Bean ပြန်ကြည့်ပြီး ရီကြမယ်...🤣🤣


#ဒေါက်တာစိုပြေ

20/03/2026

***GCC က အဘိုးအဘွားတွေနဲ့ တစ်နေ့တာ***

မြန်မာနိုင်ငံရဲ့ပထမဦးဆုံး သက်ကြီးဘိုးဘွားတွေအတွက် ကျန်းမာရေးစောင့်ရှောက်ပေးတဲ့စင်တာတစ်ခုသန်လျင်မှာရှိနေတာကို သိပြီးကြပြီလား...ဒီနေ့တော့ ကျွန်တော်နဲ့ အတူတူ ဒီ Vlog လေးကနေတဆင့် GCC စင်တာ ကို သွားလေ့လာကြည့်လိုက်ကြရအောင်ပါဗျ!!


#ဒေါက်တာစိုပြေ

❗နောင်တစ်ချိန် ကျောက်ကပ်မပျက်စီးချင်ရင် အခုက စ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါတယ်...ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ထဲက အညစ်အ...
17/03/2026

❗နောင်တစ်ချိန် ကျောက်ကပ်မပျက်စီးချင်ရင် အခုက စ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါတယ်...

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စစ်ထုတ်ပေးပြီး၊ ရေဓာတ်နဲ့ သွေးတွင်းမှာရှိတဲ့ဓာတ်တွေကို ထိန်းညှိပေးတဲ့ အရေးကြီးအင်္ဂါတစ်ခုပါ။ ကျောက်ကပ်ပျက်စီးသွားပြီဆိုရင် ပြန်ကုသဖို့ခက်ခဲတဲ့အပြင် ကျောက်ကပ်ခဏခဏဆေးရတဲ့အခါ လူတိုင်းက မတတ်နိုင်ကြပါဘူး။

ဒါကြောင့် ကာကွယ်ဖို့အတွက် နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရေလုံလုံလောက်လောက် သောက်ပေးပါ
ရေဓာတ်ပြည့်ဝနေမှ ကျောက်ကပ်ကို အလုပ်လုပ်ရလွယ်ကူစေပါတယ်။ ဒါကြောင့် အချို့ရောဂါရှိသူတွေကလွဲလို့ ပုံမှန်လူတစ်ယောက်အနေနဲ့ နေ့စဉ် ရေလုံလောက်အောင်သောက်ပေးရပါမယ်။

(၂) အငန်လျှော့စားပါ
အငန်တွေများများစားခြင်းက သွေးဖိအားတက်စေပြီးတော့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆား/ အချိုမှုန့်များတဲ့အစားအစာတွေ၊ လျက်ဆား၊ အသင့်စားအစားအစာတွေနဲ့ အဆင့်ဆင့်ပြုပြင်ပြောင်းလဲထားတဲ့ Processed food တွေကို လျှော့စားရပါမယ်။

(၃) သွေးတိုး၊ ဆီးချို ထိန်းပါ
သွေးတိုးနဲ့ ဆီးချို က ကျောက်ကပ်ပျက်စီးစေရတဲ့ အဓိကအကြောင်းရင်းတွေပါ။ ဒါကြောင့် သွေးပေါင်နဲ့ ဆီးချိုကို ပုံမှန်တိုင်းပြီး ထိန်းထားဖို့၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ပုံမှန်သောက်ဖို့ အရေးကြီးပါတယ်။

(၄) အကိုက်အခဲပျောက်ဆေးတွေ မလိုအပ်ပဲမသောက်ပါနဲ့။
NSAIDs လို အကိုက်အခဲပျောက်ဆေးတွေကို မလိုအပ်ပဲ မကြာခဏ သောက်တာက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

(၅) ဆေးလိပ်ဖြတ်၊ အရက် လျှော့ပါ
ဆေးလိပ် နဲ့ အရက် က သွေးကြောတွေကို ထိခိုက်စေပြီးတော့ ကျောက်ကပ်ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

(၆) ကိုယ်အလေးချိန်ထိန်းပြီး လေ့ကျင့်ခန်းလုပ်ပါ
အဝလွန်ခြင်း ကလည်း ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်ပတ်ကို 3–4 ရက်လောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

(၇) ဆီးပိုးဝင်တာကို သတိထားပါ။
ဆီးကျဉ်၊ ဆီးအောင့်၊ ဆီးအရောင်ပြောင်းတာလိုမျိုး ဆီးပိုးဝင်တဲ့ လက္ခဏာတွေ ဖြစ်လာရင် ချက်ချင်းကုသဖို့လိုပါတယ်။ မကုပဲထားရင် ကျောက်ကပ်ထိ ထိခိုက်နိုင်လို့ပါ။

(၈) ကျောက်ကပ်ကို ပုံမှန်စစ်ဆေးပါ။
အထူးသဖြင့် သွေးတိုး၊ ဆီးချို ရှိသူတွေ၊ မိသားစုထဲမှာ ကျောက်ကပ်ရောဂါ ဖြစ်ဖူးသူတွေဆိုရင် ဆီးစစ်/ သွေးစစ်ပြီး ကျောက်ကပ်ကျန်းမာရေး ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။
----------
ကျောက်ကပ်ရောဂါတွေက အစောပိုင်းမှာ လက္ခဏာမပြတာများပါတယ်။ ဒါ့ကြောင့် သိတဲ့အချိန်မှာ ရောဂါပြင်းထန်နေတတ်ပြီးတော့ ကျောက်ကပ်ဆေး (Dialysis) လုပ်ရတဲ့အဆင့်ရောက်တဲ့အခါမှာ လူနာတွေအတွက် ဝေဒနာအပြင် ကျောက်ကပ်ဆေးရတဲ့ကုန်ကျစရိတ်၊ သွားလာစားသောက်ရတဲ့စရိတ်တွေကလည်း မနည်းလှပါဘူး။ ဒါက ခါးသီးတဲ့ အမှန်တရားတစ်ခုပါ။

ပုံလေးတွေကတော့ ကျန်ခဲ့တဲ့ World Kidney Day တုန်းက "ကရုဏာပါလ ကျောက်ကပ်သွေးသန့်စင်ကုသစင်တာ" ကို သွားခဲ့တုန်းကပါ။ သတင်းကောင်းအနေနဲ့ သိပ်မကြာခင်မှာပဲ ဒီစင်တာမှာ ကျောက်ကပ်ဝေဒနာရှင်တွေကို အခမဲ့ ကျောက်ကပ်ဆေးပေးတော့မယ်လို့သိရပါတယ်။ လက်ရှိမှာ စက် (၅) လုံးရှိပါတယ်။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း ကျောက်ကပ်ဝေဒနာရှင်တွေကများလွန်းတော့ စင်တာကိုကူညီပေးမယ့် အလှူရှင်တွေလည်း အများကြီးလိုအပ်နေပါသေးတယ်။

ဒီစင်တာက မြရွှေပင်သဒ္ဓမ္မသုခ ပရိယတ္တိစာသင်တိုက် ဆရာတော်အရှင်ခေမာသီရိက မေတ္တာနဲ့စတင်တည်ထောင်လှူဒါန်းထားပြီးတော့ အလှူရှင်တွေ၊ Rotary Club Members တွေ၊ ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်းတွေနဲ့ တည်ဆောက်နေတဲ့ လူမှုအကျိုးပြုစင်တာတစ်ခုပါ။ နောက်ပိုင်းမှာ B ပိုး၊ C ပိုး နဲ့ HIV ဝေဒနာရှင်တွေကိုပါ လက်ခံနိုင်ဖို့ ကြိုးစားနေတယ်လို့လည်းသိရပါတယ်။

ဒါကြောင့် ကျောက်ကပ်ဆေးဖို့လိုအပ်နေတဲ့ ဝေဒနာရှင်တွေအတွက်ရော၊ ကူညီဖေးမလှူဒါန်းချင်သူတွေအတွက်ရော သိစေနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
လိပ်စာအတိအကျနဲ့ ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်ကို ကွန်မန့်မှာရေးပေးထားပါမယ်။ အခြားသူတွေလည်း သိရအောင် မျှဝေပေးကြဖို့လည်း တိုက်တွန်းချင်ပါတယ်ဗျ။

အားလုံးပဲ ရောဂါဝေဒနာကင်းရှင်းပြီး အစစ၊ အရာရာ အဆင်ပြေကြပါစေခင်ဗျာ🙏

မေတ္တာဖြင့်
Dr. စိုပြေ

11/03/2026

***အိပ်နေရင်း အသက်ရှူရပ်တတ်တဲ့ OSA ရောဂါအတွက် Sleep Test လုပ်ခဲ့တဲ့ အတွေ့အကြုံ***

ကျွန်တော့်မှာ အိပ်နေရင်း ဟောက်ပြီး အသက်ရှူရပ်တတ်တဲ့ OSA ရောဂါ ရှိနေလားလို့ ဘန်ကောက် ထိုင်းနက္ကရင်ဆေးရုံမှာ Sleep Test လုပ်ပြီးစစ်ဆေးခဲ့တဲ့ Vlog လေးပါ။ Sleep test မလုပ်ခင် ဘာတွေလုပ်ရလဲ၊ဆေးရုံမှာတစ်ညအိပ်ပြီး စစ်တာကနေ အဖြေဘာထွက်ခဲ့လဲ၊ ဘာတွေဆင်ခြင်ရတော့မလဲ ဆိုတာ ကိုယ်တိုင်အတွေ့အကြုံကို အစအဆုံးပြောပြထားတာမို့လို့ Sleep Test လုပ်ချင်သူတွေအတွက် အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ဗျ။


#ဒေါက်တာစိုပြေ



06/03/2026

***နေ့ဆွမ်းလှူရင်း ကျန်းမာရေးဗဟုသုတမျှဝေခဲ့တဲ့နေ့***
တော်တော်ချောတဲ့ဒကာကြီးလို့ အခေါ်ခံလိုက်ရတော့ ကျေနပ်သွားပါပြီ😁

ကုသိုလ်ထပ်တူရကြပါစေခင်ဗျာ🙏🙏🙏

02/03/2026

***ဘန်ကောက်ဆေးရုံမှာလုပ်တဲ့ ကျန်းမာရေးဟောပြောပွဲမှာဘာတွေပြောသွားလဲ***

ရှေ့အပတ်က ဘန်ကောက်ဆေးရုံကြီးမှာ ဘန်ကောက်ဆေးရုံနဲ့ Sea Lion Medical Travel တို့ပူးပေါင်းကျင်းပတဲ့ CareConnect ပွဲလေးကို တက်
ရောက်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ "စိတ်
ခံစားမှု ကျန်းမာရေးတွေနဲ့ ဒူးနာ တင်ပါးစုံရိုးနာ အရိုးအဆစ်ကျန်းမာရေးအကြောင်း" မှတ်သားဖွယ်ရာတွေကိုဘန်ကောက်ဆေးရုံက အထူးကုဆရာဝန်ကြီးတွေက ဟောပြောပေးသွားတာမို့လို့ ဒီ video လေးကနေ ကျွန်တော်နဲ့အတူတက်ရောက် နားထောင်လိုက်ရအောင်နော်!


#ဒေါက်တာစိုပြေ
#ပွဲတက်



အပြင်မှာတွေ့တဲ့သူတိုင်းက "အပြင်မှာကျ ငယ်ငယ်လေးနော်"ဆိုပြီး ပြောပြောနေကြတော့ ဘယ်လိုပြောရမလဲ🤭 Video တွေထဲ အသက်ကြီးတဲ့ပုံမျ...
01/03/2026

အပြင်မှာတွေ့တဲ့သူတိုင်းက "အပြင်မှာကျ ငယ်ငယ်လေးနော်"ဆိုပြီး ပြောပြောနေကြတော့ ဘယ်လိုပြောရမလဲ🤭 Video တွေထဲ အသက်ကြီးတဲ့ပုံများ ပေါက်နေပြီလားလို့..တကယ်က Forever 18 ပါနော် 😜

Btw EvoSmart အင်္ကျီလေးလက်ဆောင်ပေးထားတဲ့ EvoMotion ကို ကျေးဇူးပါဗျ။ ဝတ်ရတာ အရမ်းကြိုက်နေပါတယ်✨

အခုနက ကျွန်တော့်ရဲ့ ကင်ဆာ Webinar လေး နားထောင်လိုက်ရတဲ့သူတွေရှိလားဗျ။ သေချာ ရှယ်ပြင်ဆင်ထားပြီး အစပိုင်းမှာ Camera error ...
28/02/2026

အခုနက ကျွန်တော့်ရဲ့ ကင်ဆာ Webinar လေး နားထောင်လိုက်ရတဲ့သူတွေရှိလားဗျ။ သေချာ ရှယ်ပြင်ဆင်ထားပြီး အစပိုင်းမှာ Camera error ကြောင့် ယောက်ယက်ခတ် သွားပေမယ့် ထွက်မသွားပဲ အဆုံးထိနားထောင်ပေးတဲ့သူတွေရှိလို့ ဝမ်းသာပါတယ်ဗျ။
နားထောင်လိုက်ရတဲ့သူတွေရှိရင် မှတ်မိတဲ့ အချက်တစ်ချက်လောက် မန့်ခဲ့ကြနော်!
Webinar ကို စီစဉ်ပေးတဲ့ Dai-ichi Life Myanmar ကိုရော နားထောင်ပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးပါခင်ဗျာ✨👨‍⚕️

သန်ဘက်ခါ စနေနေ့ကျရင် ကျွန်တော်ပြောပြမယ့် ကင်ဆာအကြောင်း Zoom Webinar လေးရှိတယ်နော်..! မသိလို့ လွတ်သွားတဲ့သူတွေရှိမှာစိုးလ...
26/02/2026

သန်ဘက်ခါ စနေနေ့ကျရင် ကျွန်တော်ပြောပြမယ့် ကင်ဆာအကြောင်း Zoom Webinar လေးရှိတယ်နော်..! မသိလို့ လွတ်သွားတဲ့သူတွေရှိမှာစိုးလို့ Register မလုပ်ရသေးဘူးဆိုရင် လုပ်လို့ရအောင် ကွန်မန့်မှာ လင့်ခ်ချပေးထားပါတယ်👇👇👇
အခမဲ့ဖြစ်တဲ့အပြင် Limited seat မို့လို့ နားထောင်ချင်တယ်ဆိုရင် အမြန်လုပ်ထားလိုက်ကြနော်။ အားလုံးပဲ စနေနေ့ ည ၇ နာရီကျရင် တွေ့ပါမယ်ဗျ✨👨‍⚕️

24/02/2026

***ဆီးချိုရှိရင် ငှက်ပျောသီးစားလို့ရလား***


#ဒေါက်တာစိုပြေ



အခုခေတ်မှာဆိုရင် ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ အသက်ငယ်သူတွေမှာပါ ကင်ဆာရောဂါတွေအဖြစ်များလာတာကို သတိထားမိကြမှာပါ...
22/02/2026

အခုခေတ်မှာဆိုရင် ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ အသက်ငယ်သူတွေမှာပါ ကင်ဆာရောဂါတွေအဖြစ်များလာတာကို သတိထားမိကြမှာပါ။

ကျွန်တော် နောက်တစ်ပတ် စနေနေ့ ၊ Feb 28 ကျရင် Online Webinar လေးတစ်ခု ဟောပြောဖို့ရှိပါတယ်ဗျ။

ဒီ Webinar လေးမှာ ယောကျာ်းလေးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေနဲ့ မိန်းကလေးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေအကြောင်းကို နားလည်သဘောပေါက်လွယ်အောင် ရှင်းပြပေးသွားမှာပါ။

ယောကျာ်းလေးတွေနဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက မတူညီသလို တစ်ယောက်ဆီမှာပြတတ်တဲ့ ရှေ့ပြေးရောဂါလက္ခဏာတွေကလည်း မတူညီကွဲပြားပါတယ်။

ဒီ Webinar လေးကို နားထောင်မယ်ဆိုရင် ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေနဲ့ ကာကွယ်လို့ရတဲ့ကင်ဆာတွေကို ကာကွယ်
နိုင်မယ့်နည်းလမ်းတွေကို ဗဟုသုတရနိုင်မှာပါ။ကင်ဆာရောဂါတွေဆိုတာက စောစောစီးစီး ရှာဖွေသိရှိမယ်ဆိုရင် ကုသမှုတွေလုပ်နိုင်ဖို့ အခွင့်အရေးများစေနိုင်ပါလိမ့်မယ်။

ဒါကြောင့် အချိန်ရလို့ နားထောင်ချင်တယ်ဆိုရင် ဒီ Link လေးမှာ အခမဲ့ Register လုပ်ထားလိုက်နော်!👇👇👇
Registration Link: https://forms.office.com/r/P0gTQ4UieB

စာရင်းသွင်းပြီးသွားပြီဆိုရင် Webinar တက်ရောက်ရမယ့် Link ကို Viber ကနေ ပို့ပေးပါလိမ့်မယ်ခင်ဗျာ။

အားလုံးပဲ အချိန်ရရင် ဆုံချင်ပါတယ်ဗျ👨‍⚕️

Date : 28th Feb 2026 ( Saturday )
Time : 7 PM – 9 PM
Platform : Zoom ( Free Webinar )

"အမျိုးသား အမျိုးသမီးတိုင်းအတွက် ကြိုတင်ကာကွယ် ကင်ဆာရောဂါအန္တရာယ် အသိပေးဟောပြောပွဲ"
Pink & Blue : Gender-Specific Cancer Awareness Webinar

ဒီ Webinar လေးကိုတော့ ပူပန်မှုကင်းဝေးပြီး ကျန်းမာပျော်ရွှင်သောနေ့ရက်တွေကို ဖန်တီးနိုင်ဖို့အတွက် Dr. So Pyay နဲ့ Dai-ichi Life Myanmar တို့မှ ပူးပေါင်းပြီး စီစဥ်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။

ကင်ဆာရောဂါကင်းဝေးသော ကျန်းမာသော‌နေ့ရက်များဆီသို့…
Awareness -ichilife

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr. So Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. So Pyay:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category