ZEN Garden

ZEN Garden +959777788540

အကောင့်ပိုင်ရှင်ချစ်ရသူအမျိုးသမီးလေး‌အတွက် ခင်ပွန်းမှ Surprise Gift လေးမှာပေးထားပါတယ်ရှင့် 💌 မှာပေးထားတဲ့ ပစ္စည်းလေးတွေက...
20/11/2025

အကောင့်ပိုင်ရှင်ချစ်ရသူအမျိုးသမီးလေး‌အတွက် ခင်ပွန်းမှ Surprise Gift လေးမှာပေးထားပါတယ်ရှင့် 💌

မှာပေးထားတဲ့ ပစ္စည်းလေးတွေကတော့...

လစဉ် ဓမ္မတာဖြစ်ချိန်တွေမှာ ခံစားရတဲ့ pain တွေနဲ့ mood swing တွေကို သက်သာစေဖို့ အနားမှာရှိပေးမယ့် Cuddle Comfort Balm🧡

ဇာတ်‌ကြောတက်၊ ညောင်းညာကိုက်ခဲမှုတွေကိုသက်သာစေမဲ့ စန္ဒကူး ၊ လာဗင်ဒါနဲ့ စပါးလင်‌မွှေးအနံ့လေးပါဝင်တဲ့ Bloom အနှိပ်ဆီ 💚

ဆိုပြီး အမျိုးသမီးလေးအတွက်မှာပေးသွားပါတယ်ရှင့် 😍

"ချစ်ရသူအမျိုးသမီးလေးလဲ နေ့ရက်တိုင်းကိုကျန်းမာပျော်ရွှင်စွာ ချစ်ရသူနဲ့ အတူဖြတ်သန်းနိုင်ပါစေရှင့် ☘️ "

11/11/2025

ရာသီအကူးအပြောင်းမှာဖြစ်တက်တဲ့ နှာစေး၊ချောင်းဆိုး ဝေဒနာလေးတွေအတွက် Breath Easy Balm လေးကိုဆောင်ထားပါနော် ☘️🥰

🎑 4.11.2025(အင်္ဂါနေ့) မှာ ကျရောက်တဲ့တန်ဆောင်မုန်းလပြည့်နေမှစပြီး Customerများ ၊ မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း...
04/11/2025

🎑 4.11.2025(အင်္ဂါနေ့) မှာ ကျရောက်တဲ့တန်ဆောင်မုန်းလပြည့်နေမှစပြီး Customerများ ၊ မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး စီးပွားရေးများ ဒီရေအလား တိုးတက်ကြပါစေလို့ Zen Garden Team မှ ဆုတောင်းပေးလိုက်ရပါတယ်ရှင့်🙏🥰

🎑ကြည်နူးစရာအမှတ်တရ‌လေးတွေကို ဖန်းတီးရင်း.... သီတင်းကျွတ်လပြည့်‌နေ့လေးကို ချစ်ရတဲ့မိသားစုတွေနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သ...
06/10/2025

🎑ကြည်နူးစရာအမှတ်တရ‌လေးတွေကို ဖန်းတီးရင်း.... သီတင်းကျွတ်လပြည့်‌နေ့လေးကို ချစ်ရတဲ့မိသားစုတွေနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ Zen Garden မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်✨🤍

🏮ပျော်ရွှင်စရာသီတင်းကျွတ်လေးဖြစ်ပါစေရှင့်🤍

ဒူးနာခါးနာတဲ့ဝေဒနာတွေကြောင့် ဖေဖေမေမေတို့ ထိုင်ရထရမကောင်းတော့ပဲ တစ်ခါတစ်လေ အဲ့ဝေဒနာတွေကြောင့်ပဲ အိပ်မရတဲ့ထိပါ ဖြစ်လာတတ်က...
03/10/2025

ဒူးနာခါးနာတဲ့ဝေဒနာတွေကြောင့် ဖေဖေမေမေတို့ ထိုင်ရထရမကောင်းတော့ပဲ တစ်ခါတစ်လေ အဲ့ဝေဒနာတွေကြောင့်ပဲ အိပ်မရတဲ့ထိပါ ဖြစ်လာတတ်ကြတယ်နော်😥

ညဘက်ဆိုလည်း မိသားစုအတွက် ဟိုတွေးဒီတွေနဲ့ကောင်းကောင်းအိပ်မရတာ၊ ခဏခဏနိုးတတ်လို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာတွေကြောင့်လည်း မနက်နိုးလာရင်တောင် လန်းလန်းဆန်းမရှိတော့ပဲ အားနည်းလာတတ်ပြီး နောက်ဆက်တွဲရောဂါတွေပါ ဝင်လာတတ်ပါသေးတယ်။

ဒီလိုဝေဒနာတွေအားလုံးကို သက်သာစေတဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ဒီနှစ်သီတင်းကျွတ်မှာ Zen Garden ရဲ့ ချစ်ခြင်းလက်‌ဆောင်ဗူးလေးနဲ့အတူ ပေးနိုင်ပါပြီ🤍

Zen Garden ရဲ့ ချစ်ခြင်းလက်ဆောင်ဗူးလေးတွေနဲ့ ချစ်ရတဲ့မေမေနဲ့ဖေဖေကို ဂါရဝပြုမယ်ဆိုရင် ချစ်ခြင်းလက်ဆောင်ဗူးလေးထဲမှာ -

💙မေမေဖေဖေတို့ ဒူးနာခါးနာတာ‌ကြောင့် ထိုင်လို့ထလို့မကောင်းတာ၊ အရိုးအဆစ်ထုံကျဉ်ကိုက်ခဲတာ၊တစ်ခါတစ်လေ ကြွက်တက်တာနဲ့ လေအောင့်တာတွေကအစ ပွတ်လိမ်းပြီး နှိပ်နယ်ပေးရင် လန်းဆန်းစေတဲ့အနံ့လေးနဲ့အတူ သက်သာစေမယ့် အနှိပ်ဆီမွှေး Oasis၊

💜ဖေဖေမေမေတို့ ညဘက်တွေကောင်းကောင်းအိပ်မပျော်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ နဲ့ စိုးရိမ်ပူပန်မှုတွေများနေတဲ့အခါမှာလည်း စိတ်လေးကို ငြိမ်သက်စေပြီး anxiety တွေကို လျှော့ချပေးနိုင်တဲ့ Beauty Sleep Balm လိမ်းဆေး၊

💚ကိုယ်ခံအားနည်းပြီး ဖျားနာချင်တဲ့အခါ ခံစားရတဲ့ဝေဒနာတွေကိုသက်သာစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးမယ့်အပြင်၊ နှာစေးနှာပိတ်နဲ့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ဝေဒနာတွေကို အမြန်ဆုံးသက်သာစေဖို့ Breath Easy Balm လိမ်းဆေး၊

🤎ခေါင်းမူး၊ခေါင်းကိုက်၊စိတ်မကြည်လင်တာ၊ ပင်ပန်းနွမ်းနယ်သလိုခံစားရတဲ့အခါတွေမှာလည်း ရှူလိုက်ရုံနဲ့ သက်သာစေမယ့် ဆေးမြစ်စုံအနံ့ပြင်းရှရှလေးနဲ့ ပန်းပေါင်းစုံရှူဆေး Herbal Harmony နဲ့ လိမ္မော်၊မင့်အနံ့လေးနဲ့ ပန်းပေါင်းစုံရှူဆေး Rise & Shine တို့ တစ်ဗူးစီပါဝင်ပါတယ်။

🏮Zen Garden ရဲ့ ချစ်ခြင်းလက်ဆောင်ဗူးလေးက ဖေဖေ‌မေမေတို့ကို ဝေဒနာအမျိုးမျိုးကနေ သက်သာစေပြီး စိတ်ရောကိုယ်ပါကျန်းမာနေအောင် စောင့်ရှောက်ပေးမယ့် ဆေး ၅ မျိုးပါဝင်မှာမလို့ သီတင်းကျွတ်မှာ ဂါရဝပြုဖို့ အကောင်းဆုံးလက်ဆောင်လေးပဲ ဖြစ်မှာပါ🙏

ဒါကြောင့်မလို့ ဖေဖေမေမေတို့ကို နေ့ရက်တိုင်း သွက်လက် လန်းဆန်းကျန်းမာနေစေဖို့ သီတင်းကျွတ်မှာ Zen Garden နဲ့ ဂါရဝပြုဖို့မမေ့ပါနဲ့နော်။

ဈေးနှုန်း- ၆,၆၀၀၀ ကျပ်

🌟ဒီ set လေးမဟုတ်ပဲ ကိုယ့်ရဲ့ ဖေဖေမေမေတွေအတွက် သင့်တော်မယ့်ဆေးလေးတွေကို ကိုယ်တိုင်‌ရွေးချယ်ပြီးလည်းဝယ်လို့ရပါတယ်ရှင့်။

ဆေးသုံးစွဲပုံတွေနဲ့ အခြားအသေးစိတ် မေးမြန်းဆွေးနွေးလိုတာလေးတွေကို Zen Garden page messenger နဲ့ 09 7777 88540 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

🚛 ချစ်ခြင်းလက်ဆောင်လေးကို မြန်မာတစ်ပြည်လုံး အိမ်အရောက်ပို့ဆောင်ပေးပြီး၊ ကားဂိတ်တင်ပေးတဲ့ ဝန်ဆောင်မှုလည်းရှိတာမလို့ ကိုယ်ချစ်ရတဲ့သူတွေအတွက်ကို ‌အဝေးကနေဂရုတစိုက် ကျန်းမာရေးလက်ဆောင် ပို့ပေးချင်ရင်လည်းအဆင်ပြေပါတယ်နော်🥰

💳အိမ်အရောက် ပို့ဆောင်ပေးလို့ရတဲ့ဒေသတွေအတွက် အိမ်ရောက်ငွေချေစနစ်နဲ့ ငွေကြိုရှင်း နှစ်ခုလုံးရပြီး ကားဂိတ်တင်ပေးရမယ်ဆိုရင်တော့ ငွေကြိုရှင်းပေးရပါမယ်ရှင့်🤍

ZenGarden ကိုအမြဲဝယ်ယူအားပေးတတ်တဲ့ Beauty Consultant by MeMe ရဲ့ honest review လေးပါ။🤩 သေချာလေးစေတနာထားပြီးပြန်လည်မျှဝေပ...
05/06/2025

ZenGarden ကိုအမြဲဝယ်ယူအားပေးတတ်တဲ့ Beauty Consultant by MeMe ရဲ့ honest review လေးပါ။🤩 သေချာလေးစေတနာထားပြီးပြန်လည်မျှဝေပေးထားတဲ့ မမကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ ❤️

ဟော်မုန်းပြောင်းလဲမှုဖြစ်စဉ်များတတ်တဲ့ ရာသီ မလာခင်ရော၊ ရာသီလာနေတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ စိတ်ခံစားချက်တွေများနေတတ်ပြီး ခန္ဓာကိုယ်ကရောပင်ပန်းနေတတ်ပါတယ်။ အဲ့လိုချိန်ဆို မိမိကိုယ်ကို ကြင်နာပြီးဂရုစိုက်ပေးဖို့အလိုအပ်ဆုံးပါ။ Zen Garden ရဲ့ Cuddle Comfort Balm လေးက Period ကြောင့်ခံစားရတဲ့ ဝေဒနာတွေအတွက် အထူးဖော်စပ်ထုပ်လုပ်ထားတာကြောင့်အဖော်မွန်ကောင်းဆိုလည်းမမှားပါဘူးနော်


💁🏼‍♀️ Zen Garden ရဲ့ product တွေကို ကိုယ်ချစ်ရတဲ့သူတွေဆီ ပို့ပေးချင်ရင်လည်း Zen Garden ကနေ မြန်မာတစ်နိုင်ငံလုံးကို အိမ်အရောက်ပို့ဆောင်ပေးပြီး၊ ကားဂိတ်ကနေယူချင်းလည်း ဂိတ်တင်ပေးပါတယ်ရှင့်။

📞အသေးစိတ်ကို Page messenger မှာမေးမြန်းနိုင်သလို၊ ဖုန်း ၀၉ ၇၇၇၇ ၈၈၅၄၀ ရဲ့ viber နဲ့ဖုန်းကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လစဉ်လတိုင်း တစ်လတစ်ခါ ကြုံနေရတဲ့ စိတ်မကြည်မှုတွေကို သက်သာအောင် ME အတွက်တော့ သူရှိမှဖြစ်တာတော့ အမှန်ပဲ။

ရာသီလာချိန်ဆို ဗိုက်တွေအောင့်တယ် စိတ်တွေလည်း မကြည်ဘူး စတဲ့ပြသနာက ကြုံရလို့ Zen Garden ကထုတ်တဲ့ Cuddle Comfort Balm လေးဆောင်ထားဖြစ်တာ ၂ နှစ်လောက်တောင်ရှိတော့မယ်။

Zen Garden မှာ ဒီလို Balm လေးတွေထုတ်ထားတာ ၃ မျိုးရှိတယ် ၁ မျိုးဆီမှာလည်း မတူတဲ့အကျိုးအာနိသင်လေးတွေရှိတယ်။ ME ဆီမှာလည်း ၃ မျိုးစလုံးရှိပါတယ်။

အခုပုံထဲက Cuddle Comfort Balm လေးကတော့ Period Time မှာဖြစ်တတ်တဲ့ ဗိုက်အောင့်တာတွေကို သက်သာချင်ရင် အောင့်နေတဲ့ နေရာမှာ လိမ်းပေးတယ်။ ဆေးသောက်သလို အောင့်တာနာတာက ချက်ချင်းရပ်သွားတာမျိုးတော့မဟုတ်ပဲ လိမ်းလိုက်တဲ့နေရာမှာအနည်းငယ်လေးပူရှိန်းရှိန်ခံစားရပြီး နေလို့ကောင်းသွားတာမျိုးပါ။ ပရုပ်ဆီလိမ်းသလို တအားပူတာမျိုးမဟုတ်ပါ။

အဲ့ရနံ‌လေးရှုရင်လည်း စိတ်လေးကြည်သွားတာ ခဏတာစိတ်ကို ငြိမ်သက်သွားစေတဲ့ ခံစားချက်ကိုရတယ်။ ဘာလို့ အဲ့လိုဖြစ်ရတာဆိုရင် Essential Oil စစ်စစ်တွေသုံးထားပြီး Aromatherapy ကုထုံးနဲ့ အညီ ဖန်တီးထားတဲ့ Balm လေးဖြစ်နေလို့ပါ။

Lavender, Clary Sage, Rosemary, Geranium, Ginger စတဲ့ Essential Oil တွေပေါင်းစပ်ထားတဲ့ ပန်းပေါင်းစုံရနံလေးမှာ ပူရှိန်းရနံလေးလည်းပါတာမျိုး အရမ်းကိုမှ ရှုလို့ကောင်းတာပါ။

ME ရဲ့အနားမှာ Aromatherapy နဲ့ ပက်သက်တဲ့ Product တွေကအမြဲရှိတယ်။ အခု Zen Garden ကထုတ်ထားတဲ့ Balm လေးတွေကလည်း သွားလေရာပါတယ်။ အိတ်တွေ ဘယ်လိုပဲ ပြောင်းကိုင်ကိုင် ဒီ Balm လေးတွေကတော့ အမြဲပါအောင်သယ်ဖြစ်ပါတယ်။

(၃) မျိုးရှိတဲ့အထဲ Cuddle Comfort Balm ကိုပဲ Highlight လုပ်ပြီးပြောဖြစ်တာက အသုံးအများဆုံးနဲ့ အကြိုက်ဆုံးဖြစ်နေလို့ပါ။

ဘယ်ကဝယ်ရလဲဆို ZEN Garden မှာပဲမေးပါ ME လည်း Page ကပဲမှာခဲ့တာမို့ပါ။ ဈေးနှုန်းကလည်း ၁ သောင်းကျော်လေးပါပဲ။



အားလုံးမျှော်နေတဲ့ Bloom နဲ့ Oasis အနှိပ်ဆီမွှေး ပြန်မှာလို့ရပါပြီ🤩💬"အနှိပ်ဆီ 30ml ဘူးလေးတွေကို လိမ်းရတာအားမရဘူး၊ ဘူးကြီ...
21/10/2024

အားလုံးမျှော်နေတဲ့ Bloom နဲ့ Oasis အနှိပ်ဆီမွှေး ပြန်မှာလို့ရပါပြီ🤩

💬"အနှိပ်ဆီ 30ml ဘူးလေးတွေကို လိမ်းရတာအားမရဘူး၊ ဘူးကြီး ထုတ်ပေးပါလား"

ဆိုတဲ့အမာခံအားပေးသူတွေရဲ့ တောင်းဆိုမှုများတာကြောင့်လည်း...အခုဘူးသစ်လေးတွေကို 50ml ဘူးကြီးတွေနဲ့ ပြောင်းလိုက်ပါပြီ💚

ဒီတခါတော့ တဘူးဝယ်ပြီး ကြာကြာပိုလိမ်းလို့ရပြီနော်🥰

👉ပစ္စည်းလေးပျက်သွားတဲ့အချိန်မှာလည်း Pre Order မှာပြီး စိတ်ရှည်ရှည် စောင့်ပေးခဲ့တဲ့ Zen Garden ရဲ့ အမာခံ Customer တွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်🙆🏼‍♀️ 💙

မမှာရသေးရင်လည်း အခုပဲ Page Messenger နဲ့ 09 7777 88540 ကိုဆက်သွယ် မှာလို့ရပြီနော်😉

စျေးနှုန်း -​23,000 ကျပ်

🌕သီတင်းကျွတ်လပြည့်နေ့မှာ ဖေဖေမေမေ၊ ဘိုးဘိုးဘွားဘွားတို့ကို ဂါရဝပြုရင်း🪔 နွေးထွေးပျော်ရွှင်စရာ မိသားစု အချိန်လေး ဖြတ်သန်း...
17/10/2024

🌕သီတင်းကျွတ်လပြည့်နေ့မှာ ဖေဖေမေမေ၊ ဘိုးဘိုးဘွားဘွားတို့ကို ဂါရဝပြုရင်း🪔 နွေးထွေးပျော်ရွှင်စရာ မိသားစု အချိန်လေး ဖြတ်သန်းနိုင်ပါစေလို့ 𝐙𝐞𝐧 𝐆𝐚𝐫𝐝𝐞𝐧 𝐓𝐞𝐚𝐦 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏

🪔ဆီမီးတွေ ထိန်ထိန်လင်းတဲ့ သီတင်းကျွတ်ညလို...ချစ်ရတဲ့ မေမေနဲ့ ဖေဖေတို့ရဲ့အပြုံးတွေလည်း အမြဲတောက်ပနေဖို့ Worry Free Bundle...
14/10/2024

🪔ဆီမီးတွေ ထိန်ထိန်လင်းတဲ့ သီတင်းကျွတ်ညလို...
ချစ်ရတဲ့ မေမေနဲ့ ဖေဖေတို့ရဲ့အပြုံးတွေလည်း အမြဲတောက်ပနေဖို့ Worry Free Bundle လေးနဲ့ သီတင်းကျွတ် ဂါရဝပြုနိုင်ပါတယ်✨

Worry​ Free Bundle ဆိုတာ လူကြီးတွေအတွက် နေ့စဥ်ဘဝမှာ လိုအပ်နေတဲ့ ရနံ့ကုထုံးလိမ်းဆေး Beauty​ Sleep​ Balm, Breath-Easy Balm နဲ့ ပန်းပေါင်းစုံရှူဆေးလေးတွေပါတဲ့ ဂါရဝပြုလက်ဆောင်လေးပါ💁🏼‍♀️

💜စိုးရိမ်စိတ်များတတ်တဲ့ လူကြီးမိဘတွေနဲ့ ညညဆို အိပ်ပျော်ဖို့ခက်တဲ့ ဘိုးဘိုးဘွားဘွားတို့အတွက် Beauty Sleep Balm လေးက သောက်ဆေးတွေမလိုဘဲ စိတ်ကိုငြိမ်သက်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးမှာပါ။

💚ရာသီအပြောင်းအလဲတိုင်း ကြုံရတဲ့ နှာစေး၊ လည်ချောင်းနာ၊ ကိုယ်လက်မအီမသာဖြစ်တာနဲ့ နှာခေါင်းပိတ်လို့ စိတ်ညစ်ရတာတွေအတွက်တော့ လီမွန်၊ သစ်ကြပိုးအနံ့လေးနဲ့ ပွတ်လိမ်းပေးရုံနဲ့ သက်သာစေမယ့် Breath-Easy Balm လေးပါဝင်ပါတယ်။

💙ခေါင်းမကြည်လင်တာ၊ မအီမသာဖြစ်ပြီး စိတ်မကြည်လင်တာနဲ့ စိတ်ရှုပ်တဲ့အချိန်တိုင်းမှာ ရှူဆေးလေးအမြဲဆောင်ထားဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတို့အတွက် Essential Oils နဲ့ မြန်မာ့ဆေးမြစ်တို့ ပေါင်းစပ်ပြီးထုတ်ထားတဲ့ ပန်းပေါင်းစုံရှူဆေး Herbal ​Harmony နဲ့ Rise & Shine လည်း ပါဝင်ပါတယ်နော်။

🎁October 20 ရက်နေ့ထိ Worry Free Bundle​လေးနဲ့ သီတင်းကျွတ်ဂါရဝပြုမယ်ဆိုရင်
🎆 Special ​Promotion ​10% Discount အပြင် လက်ဆောင်ပေးလို့လှမယ့် Zen Garden ရဲ့ လက်ဆောင်စက္ကူဘူးလေးနဲ့ ထည့်ပေးသွားမှာပါနော်။

အသေးစိတ်ကိုတော့ Zen Garden Page Messenger နဲ့ 09 7777 88540 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

တစ်ရှိုက်ရှူရုံနဲ့ မူးမောမှုမှန်သမျှ ပြေစေမယ့် ပန်းပေါင်းစုံရှုဆေး🫧💁🏼‍♀️ခေါင်းမူးခေါင်းကိုက်၊ မူး၀ေတဲ့အခါဖြစ်ဖြစ်🌸ပင်ပန်...
07/10/2024

တစ်ရှိုက်ရှူရုံနဲ့ မူးမောမှုမှန်သမျှ ပြေစေမယ့် ပန်းပေါင်းစုံရှုဆေး🫧💁🏼‍♀️

ခေါင်းမူးခေါင်းကိုက်၊ မူး၀ေတဲ့အခါဖြစ်ဖြစ်🌸
ပင်ပန်းနွမ်းနယ်ပြီး စိတ်မကြည်မလင်တဲ့အချိန်ဖြစ်ဖြစ်🌸 Zen Garden ရဲ့ပန်းပေါင်းစုံရှူဆေးလေးက လန်းဆန်းသက်သာစေဖို့ တာဝန်ယူပေးမှာပါ🥰

🌿Essential ​Oils နဲ့ မြန်မာ့ဆေးမြစ်တို့ပေါင်းစပ်ထုတ်ထားတဲ့ Zen Garden ရဲ့ပန်းပေါင်းစုံရှူဆေးက....

လိမ္မော်၊ပါပါးမင့်နဲ့ စပါးလင်မွှေးနံ့လေးနဲ့ ပန်းပေါင်းစုံရှူဆေး Rise & Shine ၊
သစ်ကြပိုး၊ယူကလစ်နဲ့ လေးညှင်းလိုဆေးမြစ်နံ့ပြင်းရှရှလေးနဲ့ ပန်းပေါင်းစုံရှူဆေး Herbal Harmony ဆိုပြီး ရွေးချယ်စရာအနံ့နှစ်မျိုးနဲ့

ဘယ်သွားသွားယူသွားဖို့လည်း ပေါ့ပါးလွယ်ကူပါတယ်😉

စျေးနှုန်း -​၇,၅၀၀ ကျပ်

🔔October 21 ရက်နေ့ကစပြီး စျေးနှုန်းအပြောင်းအလဲလေးရှိတာမလို့
လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ် ဝယ်ယူချင်ရင်တော့ ကြိုဝယ်ထားဖို့ တိုက်တွန်းချင်ပါတယ်နော်💚

Address

No. 36-38 (A), Ground Floor, Grand Myay Nu Condo, Myay Nu Street, Sanchaung Tsp
Yangon
11111

Telephone

+959777788540

Website

Alerts

Be the first to know and let us send you an email when ZEN Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram