09/12/2022
💥💥💥သွေးတိုးရောဂါ (Hypertension) 💥💥💥
သွေးတိုးရောဂါ ဆိုသည်မှာ - သွေးပေါင်ချိန် ၁၄၀/၉၀ နှင့် အထက်ရှိပါက သွေးတိုးရောဂါ ဟု သတ်မှတ်ပါသည်။
သွေးတိုးရောဂါ ဖြစ်ရခြင်း အကြောင်းအရာများမှာ-
(၁) အငန်၊ အဆီအနှစ် အစားများသူများ
( ၂) မိဘမျိုးရိုးသွေးတိုးရောဂါ ရှိသူများ
(၃) အရက်သောက်သုံးသူများ🍾🍷🍹🍺
(၄) ဆေးလိပ်သောက်သုံးသူများ🚬
(၅) အဝလွန်ကဲသူများ
(၆) ဆီးချိုရောဂါ အခံရှိသူများ
(၇) ကျောက်ကပ်ရောဂါရှိသူများ
(၈) ကိုယ်ဝန်ဆောင်မိခင်များ
သွေးတိုးရောဂါရှိသူများရဲ့ ရောဂါ လက္ခဏာများ
(၁) ခေါင်းကိုက်ခြင်း
( ၂) ဇာတ်ကြောတက်ခြင်း
(၃) မူးဝေခြင်း
(၄) မျက်နှာနှင့် ခြေကျင်းဝတ် ခြေဖအိုးများ ယောင်အမ်း
လာခြင်း
အထက်ပါ လက္ခဏာများ ခံစားလာရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍ သွေးပေါင်ချိန်စက်ဖြင့် သေချာ တိုင်းတာသင့်ပါသည်။
သွေးတိုးရောဂါ ဖြစ်လာလျင် ဆရာဝန် ညွှန်ကြားသော အစားအစာများနှင့် ဆေးဝါးများအား ပုံမှန်မှီဝဲသင့်ပါသည်။
ဆရာဝန် ညွှန်ကြားချက်အတိုင်း မလိုက်နာပါက သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားကြရမည်
ဖြစ်ပါသည်။
သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ -
(၁) လေဖြတ်/ လေငန်းရောဂါ🧠🧠🧠
( ၂) နှလုံးရောဂါ💔💔💔
(၃) ကျောက်ကပ်ပျက်စီးသောရောဂါ
(၄) မျက်စိကွယ်သောရောဂါ👁
သွေးတိုးရောဂါ သည် နာတာရှည် ရောဂါ ဖြစ်သောကြောင့်
ကာကွယ်ရန် လိုအပ်ပါသည်။
သွေးတိုးရောဂါ ကာကွယ်ရန်
- အငန်လွန်ကဲသော အဆီလွန်ကဲသော အစားအစာများကို
စားသုံးခြင်းမှ ရှောင်ရှားပါ။ 🍕🌭🥪🧀
- လတ်ဆတ်သော အသားငါးနှင့် ဟင်းသီးဟင်းရွက်များအား
စားသုံးပါ။ 🍖🍗🥩🥕🍅🥬
- အမျင်ဓါတ်ပါသော ဟင်းသီးဟင်းရွက် အသီးအနှံများကို
စားသုံးပါ။ 🥦🥬🥒🥕🌽
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ပါ။🏃♂️🏃♀️🏇⛷🏌️♂️
- အဝလွန်ကဲမှု မရှိအောင် ဂရုစိုက်နေထိုင်စားသောက်ပါ။
- မှန်ကန်သော သွေးပေါင်ချိန်စက်ဖြင့် သွေးပေါင်ပုံမှန်ချိန်
ပါ။
ကျန်းမာပျော်ရွှင်သော သွေးတိုးရောဂါ ကင်းဝေးသော ဘဝများ ပိုင်ဆိုင်ပါစေလို့ အေးမေတ္တာ ဆေးဆိုင် မိသားစုမှ မေတ္တာပို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။ 🙏🙏🙏🙏🙏
ကျန်းမာရေးနှင့်ပတ်သတ်၍ ဆွေးနွေးတိုင်ပင်လိုပါက (သို့) ဆေးဝါးများ ဝယ်ယူလိုပါက ဖုံနံပါတ် ၀၉ - ၆၉၉၉၉၄၆၀၄
သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။