ငွေပြည် ဟိန်း

  • Home
  • ငွေပြည် ဟိန်း

ငွေပြည် ဟိန်း ဆေးနဝင်း တိုင်းရင်းဆေးကပ်ခွာ
ဆေးန၀င်း သွေးတိုးကျဆေး
ဆေးနဝင်း အကြောပြေ ဝမ်း‌မှန်ဆေး 📱09797811074
📱09691100109

နှစ်ပေါင်း နှစ်ဆယ်တိုင်အောင်အတူတကွ ရှိနေခဲ့ကြသောသွေးချင်းပမာ မိတ်ဆွေကောင်းများနှင့်အတူမန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊...
31/10/2025

နှစ်ပေါင်း နှစ်ဆယ်တိုင်အောင်
အတူတကွ ရှိနေခဲ့ကြသော
သွေးချင်းပမာ မိတ်ဆွေကောင်းများနှင့်အတူ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊လိမ်ပင်ရွာ ရှိ
ရွေဘုံသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့
ယနေ့သွားကြစဉ် အမှတ်တရ။

Donation and knowledge sharing section Ceremony..
30/10/2025

Donation and knowledge sharing section

Ceremony..

29.10.2025မှ 9.11.2025အထိအခြားသောအလုပ်တာဝန်များ‌ ၊ မန္တလေး မှာ ကျန်ခဲ့တဲ့ ကိုယ့်သရက်ခြံလေးကိုပြင်ဆင်မွမ်းမံဖို့ရယ် ၊ မန္...
27/10/2025

29.10.2025မှ 9.11.2025အထိ
အခြားသောအလုပ်တာဝန်များ‌ ၊

မန္တလေး မှာ ကျန်ခဲ့တဲ့ ကိုယ့်သရက်ခြံလေးကို
ပြင်ဆင်မွမ်းမံဖို့ရယ် ၊

မန္တလေးမြို့သို့ ခရီးထွက်ရမှာဖြစ်လို့
ချစ်စွာသော မိတ်ဆွေများအတွက်
ကြပ်ထုပ်ဘူး 50 ... နှင့်လိုအပ်သော ပစ္စည်းထပ်ဖြည့်ပြီးသောအခါ

ခုတော့ပြီးသွားပါပြီ။
Goodnight ?
Good morning ?

ဇွဲ၊လုံလ ၊ဝီရိယ အားစိုက်နိုင်သလောက်အားစိုက်နေပါတယ်။
ဒီအလုပ်လေးက်ုချစ်တယ်လေ....

ဒီအလုပ်လေးစလုပ်တဲ့နေ့ ထဲက ခုလို စဉ်ဆက်မပျက် အားစိုက်ခဲ့ရတာ ခုဆို လမ်းကြောင်းလေးတစ်ခု‌ ပေါ်ရောက်လာပြီ။ ကျေနပ်တယ် ဗျာ။

ဝေဒနာရှင်များကို ကူညီနိုင်ဖို့ရာ ဆက်လက်ကြိုးစားပါအုံးမည်။

28.10.2025
1:55 AM

Delivery fees တက်မယ်ဆိုတော့...
27/10/2025

Delivery fees တက်မယ်ဆိုတော့...

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ကို ယနေ့ချိန်ထိ ယုံယုံကြည်ကြည်
အားပေးလာတဲ့ ချစ်သော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအားလုံးကို ဦးစွာ
ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ 🙏❤️

ယခုအခါမှာ သယ်ယူပို့ဆောင်ရေး အထွေထွေ
ကုန်ကျစရိတ်တွေ မြင့်မားလာတာကြောင့် ပို့ဆောင်ခ
ဈေးနှုန်းအချို့ကို ပြောင်းလဲသတ်မှတ်ထားရပါတယ်။ 📈

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်နေ့မှစပြီး
𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရဲ့ ချောစာ၊ ပါဆယ်ပို့ဆောင်ခ
ဈေးနှုန်းများအားလုံးကို ပုံမှန်ဈေးနှုန်းထပ် (၅၀၀) ကျပ်တိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။ 📣💰

ခေတ်နဲ့အညီ ဝန်ဆောင်မှုအဆင့်အတန်းမြှင့်တင်ဖို့နဲ့
မြန်ဆန်ပြီး စိတ်ချရတဲ့ ပို့ဆောင်ရေးစနစ်ကို
ဆက်လက်ပေးစွမ်းနိုင်ဖို့အတွက် ပို့ဆောင်ခ ဈေးနှုန်းအချို့ကို
ပြောင်းလဲသတ်မှတ်ရတာမို့ ကာကာလေးတို့ နားလည်းပေးပါလို့
တောင်းဆိုအပ်ပါတယ်ရှင်။ 🥺🤝

“ဈေးနှုန်းအနည်းငယ် မြင့်တက်သွားလို့လည်း စိတ်မပူပါနဲ့နော်” 😉

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 က 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက်
ကီလိုဈေးနှုန်းများကို အသက်သာဆုံးနဲ့ ပို့ဆောင်လို့ရမယ့်
အစီအစဉ်လည်းရှိပါတယ်။ 🎁

ပုံမှန် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ‌တွေအတွက် (၂)ကီလိုအထိကို (၁)ကီလို
ဈေးနှုန်းနဲ့ ပို့ဆောင်လို့ရမှာဖြစ်ပြီး၊
စာချုပ်ချုပ်ဆိုထားတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် (၃)ကီလိုအထိကို
(၁)ကီလိုဈေးနှုန်းဖြင့် ပို့ဆောင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ ✨

ဈေးနှုန်းအသစ်ကို ကိုယ်တိုင်တွက်ချက်ချင်တယ်ဆိုရင်တော့
အောက်ပါ 𝐋𝐢𝐧𝐤 မှာ အလွယ်တကူ တွက်ချက်နိုင်ပါတယ် 👇 https://www.royalx.net/price-calculator

ဈေးနှုန်းအပြောင်းအလဲနဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 -
http://m.me/RoyalExpressMyanmar 💬
& 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 - (𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖) 📞 ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 😊

22/10/2025

မရွှေယု့လေးက ဆေးဝယ်တဲ့ မိတ်ဆွေတွေအပေါ်
ဦးကျော်ပြောသလိုမှ ဆက်ဆံပါရဲ့လား❓
အတင်မပြေတာများရှိရင် ပြုပြင်လို့ရအောင်
Comment မှာ ပြောပြပေးပါရှင့်။

အားနည်းချက်ရှိပါက အပြုသဘောဖြင့် ထောက်ပြခြင်းအား
ကြိုဆိုလျက်......

လေးစားစွာဖြင့်

အဖြစ်များတဲ့ ပျားရည်ဖတ်အနာImpetigo (ပျားရည်ဖတ်အနာ)ဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အနာတစ်မျိုး ဖြစ်ပါတယ်။ ဒီအနာဟာ ကူးစ...
21/10/2025

အဖြစ်များတဲ့ ပျားရည်ဖတ်အနာ

Impetigo (ပျားရည်ဖတ်အနာ)ဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အနာတစ်မျိုး ဖြစ်ပါတယ်။ ဒီအနာဟာ ကူးစက်လွယ်ပြီး ကလေးငယ်တွေ အများဆုံးဖြစ်ကြတယ်။ မွေးကင်းစမှ အသက် (၅)နှစ်အတွင်း အဖြစ်များတယ်။မျက်နှာ၊ လက်၊ ခြေထောက် စတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ impetigoကို မြန်မာလို အနာစက်လို့ ဘာသာပြန်ကြတယ်။ တကယ်တော့ ပိုးဝင်ကာစ red sore အဆင့်မှာပဲ အနာစက်လို့ ခေါ်ဝေါ်သင့်တယ်။ ဆေးရုံဆေးခန်းမှာရောက်လာတဲ့ impetigo အများစုဟာ အဝါရောင် ပျားရည်ဖတ်တွေကပ်နေတဲ့ အနာ (yellow-colored honey crust)ပုံစံမျိုးနဲ့ ရောက်လာလေ့ရှိပါတယ်။ပျားရည်ဖတ်အနာတွေဟာ ယားယံတတ်ပါတယ်။

Impetigo(ပျားရည်ဖတ်အနာ)ကို အဓိကဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုး နှစ်မျိုးရှိတယ်။ အဖြစ်အများဆုံးက Staphylococcus aureus ပိုးကြောင့် အဓိကဖြစ်တယ်။ Streptococcus pyogenes ပိုးကြောင့်လည်း ဖြစ်တတ်သေးတယ်။ သာမန်အားဖြင့် အဆိုပါပိုးတွေဟာ အရေပြားမှာ ပုံမှန်အတိုင်းနေထိုင်ကြတယ်။ အရေပြားမှာ ခြစ်ရာ၊ ပွန်းရာ၊ ရှရာ ဝင်ရုံလောက်နဲ့ impetigo အနာဖြစ်ဖို့ လုံလောက်ပါတယ်။

စဖြစ်ဖြစ်ချင်း အရေပြားပေါ်မှာ ရောင်ရမ်းတဲ့ အနာစက်ပုံစံဖြစ်လေ့ရှိတယ်။ ကြာရင် အနာကပေါက်ထွက်ပြီး အရည်တွေ စိမ့်ထွက်လာတယ်။ ဒီအရည်တွေကတဆင့် ပျားရည်ဆန်ဆန် အဝါဖတ်တွေဖြစ်ပေါ်လာတယ်။ အနာက ပေါက်ထွက်တဲ့အခါ တခြားနေရာကို ကူးစက်ပျံ့နှံ့လွယ်တယ်။ တခါတရံ အနာနဲ့အတူ အဖျားကြီးတာ၊ နာကျင်ကိုက်ခဲတာမျိုးရှိနိုင်တယ်။ တခါတရံ ပိုးကောင် အင်းဆက်ကိုက်ခံရတဲ့ဒဏ်ရာ (သို့မဟုတ်) နှင်းခူနာနဲ့ ဝက်ခြံလို အရေပြားရောဂါတွေက တဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး အနာဖြစ်လာတယ်။ အများစုဟာ နှာခေါင်း၊ ပါးစပ်၊ မေးစေ့တစ်ဝိုက်မှာ ဖြစ်ကြတယ်။

လက္ခဏာများ

(၁) Non-bullous Impetigo (ရိုးရိုးအနာစက်)
ရိုးရိုးအနာစက် (Non-bullous Impetigo) နဲ့ အရည်ကြည်ဖုအနာ (Bullous Impetigo) ဆိုပြီး နှစ်မျိုးရှိတယ်။ ဒီထဲမှာ Non-bullous Impetigo (ရိုးရိုးအနာစက်)က အဖြစ်များဆုံး ဖြစ်ပါတယ်။Staphylococcus aureus (၈၀%) နဲ့ Streptococcus pyogenes (၁၀%) ပိုးနှစ်မျိုးလုံးကြောင့် ဖြစ်နိုင်တယ်။ ကနဦးမှာ အနီရောင်အစက်ငယ်တွေ စတင်ဖြစ်ပေါ်လာတယ်။ ဒီအနာစက်တွေက ပြည်ဖုငယ် (vesicles/pustules)တွေ အဖြစ်မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတယ်။ ပြည်ဖုလေးတွေ ပေါက်ထွက်ပြီးနောက်ပိုင်း အဝါရောင် (ပျားရည်နှင့်တူတဲ့) အဖတ်များ ဖြစ်လာပါတယ်။ အနာကျက်ပြီး အညိုရောင် (သို့) အနီရောင် အမာရွတ်တွေ ကျန်ရစ်တတ်ပါတယ်။

(၂) Bullous Impetigo (အရည်ကြည်ဖုအနာ)
အရည်ကြည်ဖုထွက်တဲ့ impetigo အနာဟာ Staphylococcus aureus ပိုးကြောင့် ဖြစ်တယ်။ ပိုးဝင်ပြီးမကြာခင် အရေပြားမှာ အရည်ကြည်ဖုလုံး (bullae)တွေ စတင်ထွက်ပေါ်လာတယ်။ အရည်ကြည်ဖုဟာ အစပိုင်းမှာ ကြည်လင်နေသလောက် နောက်ပိုင်းမှာ ပြည်တည်နာဆန်ဆန် နောက်ကျိပါတယ်။ အရည်ဖုတွေ ပေါက်ထွက်သွားပြီး အဝါရောင်အဖတ်တွေ ကပ်လာပါတယ်။ အနာက နာကျင်ကိုက်ခဲတာမျိုး ရှိတတ်တယ်။

Impetigo (ပျားရည်ဖတ်အနာ) တွေဟာ အလွန်ကူးစက်လွယ်ပါတယ်။ ရောဂါရှိသူနဲ့ အရေပြားချင်း တိုက်ရိုက်ထိတွေ့မိရုံနဲ့ ကူးစက်နိုင်တယ်။ ရောဂါရှိသူ သုံးထားတဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ ရေချိုးဆပ်ပြာ စသည်တို့ကို မျှဝေသုံးစွဲမိခြင်းကြောင့်လည်း ကူးစက်နိုင်ပြန်တယ်။ တခါတရံ ရောဂါရှိသူကိုယ်တိုင်က ယားယံတဲ့ ပျားရည်ဖတ်အနာတွေကို ကုတ်ခြစ်မိပြီး အခြားနေရာသို့ ပြန့်ပွားစေနိုင်တယ်။ ဒါ့ကြောင့် လက်ကို သန့်ရှင်းဖို့ လိုပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ
အောက်ပါလက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။
· အနာတွေ ဆက်လက်ပြန့်ပွားနေခြင်း
· ကိုယ်ပူခြင်း
· အနာက နာကျင်လာခြင်း၊ နီရဲလာခြင်း၊ ရောင်ရမ်းလာခြင်း
· ဆီးသွားနည်းခြင်း (ကျောက်ကပ်ပြဿနာ လက္ခဏာ)
· မောပန်းနွမ်းနယ်ခြင်း

ကုသနည်း
Impetigo ရောဂါက ကုရလွယ်ပါတယ်။ ရောဂါမပြင်းထန်ရင် ပဋိဇီဝပိုးသတ်လိမ်းဆေး (Antibiotic Ointment)တွေ သုံးနိုင်တယ်။ Mupirocin လိမ်းဆေး သို့မဟုတ် Fusidic Acid လိမ်းဆေးတွေ ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲနိုင်တယ်။ ရောဂါအခြေအနေ ပြင်းထန်ရင် ဒါမှမဟုတ် ရောဂါပျံ့ပွားနေတဲ့အခါမျိုးမှာ ပဋိဇီဝသောက်ဆေး (Oral Antibiotics) တွေ သောက်ဖို့လိုပါတယ်။ cephalexin, cloxacillin, dicloxacillin စတဲ့ သောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်တယ်။

အိမ်တွင်းကုထုံး
· အနာကို သန့်ရှင်းအောင်ထားပါ။ ရေသန့်သန့်နဲ့ ဆပ်ပြာအသုံးပြုပြီး ဆေးကြောပါ။
· အနာပေါ်က အဖတ်တွေကို ဖယ်ရှားဖို့ ရေနွေးအိတ် သို့ ရေနွေးအဝတ်စ အုပ်ပေးနိုင်တယ်။
· အနာကို ပလာစတာ (သို့) ပတ်တီးစနဲ့ စည်းထားပါ။ ပိုးပြန့်ပွားမှုကို ကာကွယ်ပေးပါတယ်။
· ယားယံတဲ့အနာကို မကုတ်မိဖို့ အထူးဂရုပြုပါ။ ကလေးငယ်တွေမှာ လက်အိတ်စွပ်ပေးနိုင်ပါတယ်။

ကာကွယ်ခြင်း
· လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။
· ရောဂါရှိသူ သုံးစွဲထားတဲ့ အဝတ်အစား၊ အိပ်ရာခင်း၊ ပဝါများကို သီးသန့်လျှော်ဖွတ်ပါ။
· အရေပြားပေါ်ရှိ အနာ၊ ခြစ်ရာ၊ ကိုက်ခံရဒဏ်ရာများကို သန့်ရှင်းအောင်ထားပါ၊ ဆေးထည့်ပါ။
· ရောဂါရှိသူသည် ဆေးကုသမှုစတင်ပြီး ၂ရက်အတွင်း (သို့) ခြောက်သွေ့ပြီး အနာကျက်တဲ့အထိ ကျောင်း/အလုပ်မှ နားပြီး အိမ်မှာနေသင့်တယ်။

ဒေါက်တာအေးမင်းထူး
၂၀.၁၀.၂၀၂၅

Crd..

🪷လေးစားချစ်ခင်ရပါသော မိတ်ဆွေများ၏🪷ငွေပြည်ဟိန်း‌ ဆေးတိုက်မှ ထုတ်လုပ်သောဆေးနဝင်းအမှတ်တံဆိပ် တိုင်းရင်းဆေးဝါးများကိုယုံကြည်...
20/10/2025

🪷လေးစားချစ်ခင်ရပါသော မိတ်ဆွေများ၏

🪷ငွေပြည်ဟိန်း‌ ဆေးတိုက်မှ ထုတ်လုပ်သော
ဆေးနဝင်းအမှတ်တံဆိပ် တိုင်းရင်းဆေးဝါးများကို
ယုံကြည်စွာမှာယူသုံးစွဲပေးကြလို့ ကျေးဇူးအများကြီး
တင်ရှိနေပါမည်ဖြစ်ကြောင်း ၊

🪷ညွန်းဆိုပေးတဲ့အတိုင်းဆေးပတ်လည်အောင် သုံးစွဲကြပြီး
လက်တွေ့သက်သာပျောက်ကင်းကြလို့ အချင်းချင်း
ပြန်လည်ညွန်းဆိုပေးကြတာမို့ ဝယ်ယူသူတွေအားလုံးအတွက်
အနာနဲ့ဆေးတွေ့ပြီး ထပ်မံသက်သာပျောက်ကင်းကြပါစေကြောင်း မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်။

🪷ယနေ့အတွက်
ရန်ကုန်မြို့တွင်းအမှာများ
တောင်တွင်းကြီး၊ ပုသိမ်၊ပြင်ဦးလွင်၊ ဘုရားကြီး
မန္တလေး၊ မုံရွာ၊ ပြည် ..မြို့များသို့ အ်မ်အရောက်ငွေချေ
Royal အမြန်ချောဖြင့်ပို့ဆောင်ပေးလိုက်ပါပြီရှင်။

🪷ချစ်ခြင်းအားဖြင့်
မရွှေယု့လေး
ငွေပြည်ဟိန်းတိုင်းရင်းဆေးတိုက်။
09449696556

U S.A က မမမွှေးအတွက် ဆေးကပ်ခွာ 25ဘူး  အမှာ ကမာရွတ်အိမ်ကိုပို့ပေးရန်။Oversea အထိ ကိုယ်တိုင်ပို့ပေးချင်တာ။ကိုယ့်စာရိတ်နဲ့က...
17/10/2025

U S.A က မမမွှေးအတွက်
ဆေးကပ်ခွာ 25ဘူး အမှာ
ကမာရွတ်အိမ်ကိုပို့ပေးရန်။

Oversea အထိ ကိုယ်တိုင်ပို့ပေးချင်တာ။
ကိုယ့်စာရိတ်နဲ့ကိုယ် သွားပါမယ်။✈️✈️✈️✈️✈️

🌀ခါးကိုက်၊ ဒူးနာ၊ အဆစ်အမျက်နာကျင်ကိုက်ခဲခြင်းတွေကြောင့် စိတ်ညစ်နေပြီလား❓🌀အလုပ်လုပ်ရင်း၊ အိမ်မှုကိစ္စတွေလုပ်ရင်း ခါးနာတာ၊...
16/10/2025

🌀ခါးကိုက်၊ ဒူးနာ၊ အဆစ်အမျက်
နာကျင်ကိုက်ခဲခြင်းတွေကြောင့် စိတ်ညစ်နေပြီလား❓

🌀အလုပ်လုပ်ရင်း၊ အိမ်မှုကိစ္စတွေလုပ်ရင်း ခါးနာတာ၊
ဒူးနာတာတွေက လူတော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။

🌀ဒီလိုနာကျင်ကိုက်ခဲမှုတွေက နေ့စဉ်ဘဝကို အများကြီးအနှောက်အယှက်ပေးနိုင်ပါတယ်။

🌀ဘာကြောင့် ဒီလိုနာကျင်ကိုက်ခဲမှုတွေ ဖြစ်ရတာလဲ❓

🌀အဓိကအကြောင်းအရင်းတွေကတော့ -
❌ ကြွက်သားတွေ အားနည်းတာ
❌အနေအထိုင် မမှန်ကန်တာ
❌လေ့ကျင့်ခန်း မလုပ်တာ
❌အသက်အရွယ်ရလာတာ
❌ထိခိုက်ဒဏ်ရာရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

🌀ဒီလို နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့
ဘာတွေလုပ်သင့်လဲ❓

✅အနေအထိုင်ကို ဂရုစိုက်ပါ။
✅ခါးကိုကုန်းပြီး အကြာကြီးထိုင်တာမျိုး ရှောင်ပါ။
✅လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ။
✅ကြွက်သားတွေကို သန်မာစေမယ့် လေ့ကျင့်ခန်းတွေလုပ်
ပေးပါ။
✅ အလေးအပင် မ ခြင်း မပြုပါနဲ့။
✅မဖြစ်မနေ သယ်ရမယ်ဆိုရင် ခါးကိုမကုန်းဘဲ
ဒူးကိုကွေးပြီး သယ်ပါ။

📌နောက်ထပ် သက်သာစေမယ့် နည်းလမ်းတစ်ခုအနေနဲ့

🎯ငွေပြည်ဟိန်းဆေးတိုက်ကထုတ်လုပ်တဲ့
ဆေးနဝင်းအမှတ်တံဆိပ်အရိုးအကြောအဆစ် ဘက်စုံသုံး
တိုင်းရင်းဆေးကပ်ခွာကို သုံးကြည့်လို့ရပါတယ်။

🌳ဆေးကပ်ခွာမှာ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ
ပါဝင်တာကြောင့် နာကျင်ကိုက်ခဲမှုကို သက်သာစေပြီး
သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

🎯ဆေးကပ်ခွာလေးက

📌ထိခိုက်ဒဏ်နာ၊ ဇက်ကြောတက်ခြင်း၊ဇက်ကျီးပေါင်း
📌လက်မောင်းကပ်ခြင်း၊၊ခါးနာ၊ ခါးကျီးပေါင်း၊
📌 ဒူးနာ၊ဒူးကျီးပေါင်း၊အဆစ်အမျက်နာကျင်ကိုက်ခဲခြင်းနှင့်📌ကြွက်သားများ တောင့်တင်းနာကျင်ကိုက်ခဲခြင်း၊
📌ဓမ္မတာလာစဉ် ကိုက်ခဲခြင်းတို့အတွက် သုံးစွဲနိုင်ပါတယ်။

💯ဆေးကပ်ခွာလေးကို ဆေးကပ်သင့်သောနေရာတွေ 💯လုံလောက်အောင်ကပ်ခြင်း၊ဆေးပတ်လည်အောင်
💯ကပ်ခြင်းဖြင့် လက်တွေ့သက်သာပျောက်ကင်းကြလို့
ဆေးတိုက်ရဲ့ အားအထားရဆုံး ဆေးစွမ်းကောင်းလေးဖြစ်ပါတယ်။

🎯ခံစားနေရသော ဝေဒနာများကိုဆေးနဝင်းအမှတ်တံဆိပ်ဆေးကပ်ခွာလေးက စောင့်ရှောက်နိုင်ပါတယ်။

စိတ်ဝင်စားရင် 09449696556 (သို့) CB ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🎯ဆေးတစ်ဘူး တန်ဖိုး 9️⃣0️⃣0️⃣0️⃣ ကျပ်။
🎯ဆေးမှုန့်+ပလာစတာ 🔟 ခု ပါ ဝင်ပါသည်။

🎯 ပြည်တွင်းအတွက် Royal အမြန်ချောရောက်သော‌ မြို့နယ်များသို့ ပို့ဆောင်ခ 3000ကျပ်၊အိမ်ရောက်ငွေချေ စနစ် ဖြင့် ပို့ဆောင်ပေးပါသည်။

#အရိုးအကြော #အဆစ်နာ #ခါးနာ #ဒူးနာ #အကိုက်အခဲ #တိုင်းရင်းဆေး #ငွေပြည်ဟိန်း

❣️ချစ်ခင်ရပါသောလေးစားရပါသော လူကြီးမင်းများခင်မျာ❌ခုချိန်ထိ ဖုန်းကိုပြူးပြဲကြည့်နေတော့✅ဖြစ်ပြီပေါ့ဗျာ ဂုတ်ကျီးပေါင်း........
13/10/2025

❣️ချစ်ခင်ရပါသောလေးစားရပါသော လူကြီးမင်းများခင်မျာ

❌ခုချိန်ထိ ဖုန်းကိုပြူးပြဲကြည့်နေတော့
✅ဖြစ်ပြီပေါ့ဗျာ ဂုတ်ကျီးပေါင်း.......

📌ဒါဆိုရင် .....
📌ဆေးနဝင်းအမှတ်တံဆိပ် တိုင်းရင်းဆေးကပ်ခွာကို
📌ညအိပ်ယာဝင် ကပ်၍ အိပ်လိုက်ပြီး

💚* မြ *အမှတ်တံဆိပ် အာရုံကြောအားတိုးဆေးကို
💚ပုံမှန်မှီဝဲပေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း အကြံပြုပါရစေ
ဗျို........

10/10/2025

‼️ခံစားနေရတဲ့ဝေဒနာနဲ့ တိုက်ဆိုင်နေပြီလား❓❓❓

‼️မိတ်ဆွေ.....Video ကို လေ့လာကြည့်ရအောင်

♦️ဇက်၊ခါးဒူး.... ကျီးပေါင်း
♦️ဇက်၊ခါး၊ဒူး၊နာခြင်း
♦️လက်မောင်းကပ်

♦️လေးဘက်နာကြောင့်အဆစ်အမျက်နာကျင်ကိုက်ခဲခြင်း။
♦️ခြေဖနောင့်အတက်ထွက်ခြင်း
♦️ကြွက်သားများတောင့်တင်းနာကျင်ခြင်း
♦️ခြေလက် ထုံ ကျင်ကိုက်ခဲခြင်း

♦️ဝမ်းချုပ်ခြင်း
♦️သွေးတိုးရောဂါဖြစ်ခြင်း။
♦️ဆီးကျောက်၊သည်းခြေကျောက် တည်ခြင်း

♦️အာရုံကြောအားနည်းရောဂါ
♦️အတွင်းလိပ်၊အပြင်လိပ်ခေါင်းဝေဒနာ...

♦️ဖော်ပြပါဝေဒနာများခံစားနေရပြီဆိုရင်
♦️တိုင်းရင်းဆေးစွမ်းကောင်းများဖြင့် ကူညီပေးဖို့

🎯လက်တွေ့ပျောက်ကင်းခဲ့‌ သော
ဝေဒနာများနှင့် ဖြစ်ရပ်မှန်များ။😱😱😱

🎯 video လေးက အချိန် ကြာပေမယ့် နားထောင်နိုင်ရင်
အကျိုးထူးပါလိမ့်မယ်။

🎯ငွေပြည်ဟိန်းဆေးတိုက်မှ ထုတ်လုပ်သော

🎯ဆေးနဝင်းအမှတ်တံဆိပ်

🎯တိုင်းရင်းဆေးကပ်ခွာ .(၁၀)ခုပါ တစ်ဘူး ၉၀၀၀ကျပ်။

🎯ဆေးကြပ်ထုပ်....................................၂၀,၀၀၀ကျပ်။

🎯သွေးတိုးရောဂါသောက်ဆေး.................၇၀၀၀ ကျပ်။

🎯အကြောပြေဝမ်းမှန်ဆေး.......................၇၀၀၀ကျပ်။

🎯ဒဏ်ကျေလိမ်းဆေးဆီ..........................၅၀၀၀ကျပ်။

🎯ဆီးကျောက်ကျေ သောက်ဆေး............၂၅၀၀၀ ကျပ်။

🎯လိပ်ခေါင်းရောဂါ သောက်ဆေး၊လူးဆေး

🎯တိုင်းရင်းဆေးဝါးများကို သုံးစွဲလိုသူမိတ်ဆွေများ
Messenger (သို့မဟုတ်) 09-449696556*သို့
ဆက်သွယ်နိုင်ပါတယ် ရှင့်။

🎯မိတ်ဆွေများလိုအပ်သောဆေးများကို

💢 Royal အမြန်ချောရောက်ရှိသော ဒေသများသို့
💢 အိမ်အရောက်ငွေချေ။
💢 ပို့ဆောင်ခ 3000ဖြင့် ပို့ဆောင်ပေးနေပါပြီ။

💛မယု့လေး ( health care)
💛ငွေပြည်ဟိန်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
💛သာကေတ မြို့နယ်။
💛ရန်ကုန်။
🧧09449696556

Address

Alerts

Be the first to know and let us send you an email when ငွေပြည် ဟိန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram