05/05/2025
သားသမီး ရတနာ ရလိုသော် ဆောင်ရမည့် တားရော့ကဒ်ပြား။
ကျွန်တော့်ရဲ့ Tarot by Bhone Pyae - တားရော့ဂန္ဓာရီ မိတ်ဆွေ များထဲမှာ သား၊သမီး ရတနာ ရလိုသူ၊ အိမ်ထောင်သက်တမ်း အတိုင်းအတာတခု အထိ သား၊သမီး မထွန်းကား၍ သား၊သမီး ရတနာ ရလိုသူများ အတွက် ဆောင်ရမည့် ကဒ်ပြား ဖြစ်ပါတယ်။
ခင်ပွန်း၊ ဇနီး နှစ်ဦးစလုံး ဆောင်ဆောင် ၊ တဦးဘဲ ဆောင်ဆောင် ရပါတယ်။
လုပ်ဆောင်ရမယ့် အဆင့်လေးတွေ ပြောပြပါမယ်။
၁။ ပူးတွဲတင်ထားသည့် တားရော့ကဒ်ပြားအား အိတ်ဆောင်အရွယ် ကာလာဖြင့် ပုံထုတ်ပါ။
၂။ ပလတ်စတစ် လောင်းပါ။ (အပေါက်ဖောက်ရန်မလိုအပ်)
၃။ ပလတ်စတစ် လောင်းပြီးက ကဒ်ပြားအား မိမိ မွေးရက် (သို့) တနင်္ဂနွေ နေ့တွင် စဆောင်ပါ။ ကဒ်ပြား စဆောင်ပါက ဘုရားရှိခိုး၊ အမျှအတန်း ပေးဝေ၍ ကဒ်ပြားအား လက်ဖြင့် ကိုင်၍ မေတ္တာသုတ် ၉ ခေါက်၊ ရွတ်ဖတ်ပူဇော်ပါ။ မိမိ ဖြစ်လိုသော သား၊သမီး ရတနာ ရလိုကြောင်း ဆုတောင်းပါ။
၄။ ကဒ်ပြားအား နိမ့်ကျသောနေရာတွင် မထားရ။ (မိမိ ပိုက်ဆံအိတ်၊ စာကြည့်စားပွဲ ၊ နံရံ တွင် ကပ်ခြင်း ရ၏)
၅။ မကြာခဏ ဆိုသလို ကဒ်ပြားအား မိမိအသုံးပြုသော အမွှေး နံသာ ပတ်ဖြန်း၍ သား၊သမီးရတနာ ရလိုကြောင်း ပြော၍ မေတ္တာဓာတ်ဖြင့် နမ်းရှိုက်ကာ ဆုတောင်းပါ။
မှတ်ချက် ။ ခင်ပွန်းကော၊ ဇနီးကော လုပ်ဆောင်၍ ရပါသည်။
#၇ရက်သားသမီးများ
#သားသမီး
#ရတနာ
#ကလေး
#ကလေးရလိုသော်