MYAT THUTA သူနာပြုအကူ-ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်း

  • Home
  • Myanmar
  • Yangon
  • MYAT THUTA သူနာပြုအကူ-ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်း

MYAT THUTA သူနာပြုအကူ-ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်း အမြင့်မြတ်ဆုံးစိတ်ထားဖြင့်သုတမျို?

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်(၁) ဆေးလိပ် မသောက်ပါနှင့်။ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် ...
20/07/2022

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်

(၁) ဆေးလိပ် မသောက်ပါနှင့်။

ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။

(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။

ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။

ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်သည်။

(ကျမ္မာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

(၃) လ္ဘက်ရည် မသောက်ပါနှင့်။

လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတို့က ထမင်း ဟင်းထဲတွင် ပါရှိသည့် ပရိုတင်း များကို အနှောင့်် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။

ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

(၅) ရေ မချိုးပါနှင့်။

ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာအိမ်ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။

ရှေး လူကြီးမျာက “ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား” ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

အကြောင်းရင်း မှာ …. ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။

(၇) မအိပ်ပါနှင့်။

ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေသည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ၀င်စေသည်။

(၈) အားကစား မလုပ်ပါနှင့်။

အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ သို့မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

Credit:(ဆောင်းပါးရှင်…ပေါက်ပေါက်၏ ဆောင်းပါးအား
ကူးယူမျှဝေပါသည်)

#ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ

21/04/2022

အချိန်တိုအတွင်း ဘဝအာမခံချက်ပေးမဲ့အသက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်လိုပါသလား?

ပြည်တွင်းနိင်ငံမှာကော ပြည်ပနိင်ငံမှာကောအသုံးဝင်တဲ့သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်း{မြတ်သုခ}တိုက်တွန်းပါရစေ🤗

သင်တန်းကြေးကိုလဲ ၂ခါခွဲသွင်းလို့ရတယ်
ဆိုတော့အဆင်ပြေပြီး

1.Scrub suit

2.သွေးပေါင်ချိန်စက်၊

3.နားကြပ် ၊

4.သာမိုမီတာ ၊

5.သင်ရိုးညွှန်းစာအုပ် တွေကိုသင်တန်းမှ
လက်ဆောင်ပြန်ပေးအုံးမှာနော်🤭

6.နိုင်ငံခြားမှာအလုပ်လုပ်ချင်သူများအတွက်လဲ
English (or)Chinese ဘာသာစကား
အခမဲ့သင်ကြားပေးပါမှာနော်🤝

နိုင်ငံခြားသွားမည့်သူများအတွက် လိုင်စင်ရအေဂျင်စီ
(၂)ခုနှင့် တရားဝင်ချိတ် ထားပါတယ်ရှင်👩🏻‍⚕️👩🏻‍💻

ကျယ်ဝန်းလှတဲ့သင်တန်း ခန်းမနဲ့အတူ
အထက်မြင့်မှာ လေကောင်းလေသန့်ရူရိုက်ရင်း 🌿

စိတ်ကြည်နူးစွာ စာသင်ကြားနိင်စေရန်
ဆောင်ရွက်ပေးထားပါသည်။🌤

နယ်ကလာမဲ့သူတွေ ကိုလဲ
အဝေးပြေးကွင်းနဲ့နီးတော့ရန်ကုန်မြို့တွင်းကားဂိတ်အရောက်လာကြိုပေးပါသေးတယ် ။ 🚌

Batch တခုစီတိုင်းမှာ ဆရာနှင့်တပည့်
တိုက်ရိုက်မေးမြန်းနိုင်အောင်

လူဦးရေကန့်သတ်ထားတာမို့
မြန်မြန်စာရင်းလေး ပေးသွင်းဖို့

သတင်းကောင်းပါးအပ်ပါတယ်ရှင်🥳

☎️09961871346

သင်တန်းလိပ်စာလေးကတော့

မြောက်ဥက္ကလာ ၆ကေွ့ မှတ်တိုင် စံပယ် (၂)လမ်း ဂရေဟမ်ဘဲလ်ဖုန်းဆိုင်နောက််ကျော တိုက်ခန်း

21/04/2022

Address

Yangon

Telephone

+959961871346

Website

Alerts

Be the first to know and let us send you an email when MYAT THUTA သူနာပြုအကူ-ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MYAT THUTA သူနာပြုအကူ-ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်း:

Share