Zwe Marn Medical Clinic

Zwe Marn Medical Clinic ZweMarn Medical Clinic and Lab ဆေးခန်းကို နေ့လည် (3) နာရီမှ ညနေ (6) နာရီထိအချိန်ပြောင်းလဲ ဖွင့်လှစ်ထားပါသည်။
ဖုန်းဖြင့် booking ပေးနိုင်ပါသည်။ 09768515701

Merry Christmas to you all..
25/12/2025

Merry Christmas to you all..

Happy Karen New Year..Wishing good health and prosperity..
19/12/2025

Happy Karen New Year..
Wishing good health and prosperity..

16/12/2025

ယနေ့ခေတ်မှာ အများစုကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုက အိပ်မပျော်ခြင်းပါ
ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ အကြမ်းအားဖြင့်
😴 စိတ်ဖိစီးမှု
😴 စိုးရိမ်ပူပန်မှု
😴 လုပ်ငန်းခွင် သို့ လူမှုဘဝ ဖိအားများ
😴 ဖုန်း၊ tablet၊ ကွန်ပျူတာများ ညအိပ်ယာမဝင်မီ အချိန်ကြာ အသုံးပြုခြင်း
😴 အိပ်ပျော်ခြင်းကို ဟန့်တားစေတဲ့ ရောဂါတစ်ခုခု
ဒီအကြောင်းရင်းတွေကြောင့် အိပ်ရေးပျက်ညတွေ များများလာတာပါ

အိပ်ချိန်မလုံလောက်တာကြောင့် နေ့ခင်းဖက်တွေမှာ မောပန်းလွယ်မယ်၊ အာရုံမစူးစိုက်နိုင်တော့ဘူး၊ စိတ်မတည်ငြိမ်မှုတွေ ခံစားရတတ်ပါတယ်
မိမိအိပ်စက်ချိန်ကို ပိုကောင်းအောင်
🛌ညတိုင်း အိပ်ယာဝင်ချိန်မှန်ရမယ်
🛌ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေ ရှောင်ရမယ်
🛌စိတ်ကိုတည်ငြိမ်အောင် သီချင်းအေးအေးလေးတွေနားထောင်ရင် ပိုပြီးအိပ်ပျော်မယ်
🛌စာဖတ်ပါ အိပ်လို့ပိုကောင်းပါတယ်
🛌အသက်ရှူလေ့ကျင့်ခန်းလုပ်ရင်လဲ အိပ်စက်ခြင်းကို အားပေးပါတယ်
🛌စိတ်ဖိစီးမှု များနေတယ်ဆိုရင်တော့ တိုင်ပင်ပြီး ကုသရပါမယ်

ကျန်းမာတဲ့ အိပ်စက်မှုက ကိုယ်စိတ်နှစ်ပါး ကျန်းမာခြင်းအတွက် အရေးကြီးပါတယ်

ဇွဲမာန် အထွေထွေရောဂါကုဆေးခန်း
အမှတ်(၁၇) ၊ ၁၁၁ လမ်း
မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းအနီး
09768515701

27/09/2025

မိုးလေကင်းလွတ် သီတင်းကျွတ်ကာလကိုလဲရောက်တော့မယ် ကျောင်းတွေလဲပိတ်တော့မှာဆိုတော့ ပျော်ရွှင်စရာ ပိတ်ရက်လေးများဖြစ်ပါစေလို့ ဇွဲမာန်ဆေးခန်းမှ ဆုတောင်းပေးလိုက်ပါတယ်။

ဆေးခန်းဖွင့်ချိန်
( မနက် ၉ နာရီ မှ ၁၂ နာရီထိ )
( ညနေ ၄ နာရီမှ ၈ နာရီထိ ) ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်။
09768515701 ကိုဖုန်းဆက်၍လည်း booking ယူနိုင်ပါတယ်။

ဒါ့အပြင် #သီတင်းကျွတ်လပြည့်နေ့ (၆.၁၀.၂၀၂၅) မှာ ဆေးခန်းလာရောက်ပြသသော လူနာများအတွက် #ဆရာဝန်စမ်းသပ်ကြည့်ရှုခ" အခမဲ့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သတင်းပါးလိုက်ရပါတယ်

ဇွဲမာန် အထွေထွေရောဂါကုဆေးခန်း
အမှတ်(၁၇) ၊ ၁၁၁ လမ်း (လမ်းဆုံးထိဝင်လာပေးဖို့မမေ့ပါနဲ့နော်)
မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းအနီး
09768515701

ညကလဲ စောစောအိပ်ပါတယ် အိပ်လိုက်ရင် တစ်ချိုးထဲပဲဒါပေမယ့် မနက်ကျရင် ခေါင်းမူးနေတယ်ဘာဖြစ်လို့ပါလိမ့်🤔🤔ဒီလို အိပ်ယာထတဲ့အချိန်...
23/09/2025

ညကလဲ စောစောအိပ်ပါတယ် အိပ်လိုက်ရင် တစ်ချိုးထဲပဲ
ဒါပေမယ့် မနက်ကျရင် ခေါင်းမူးနေတယ်
ဘာဖြစ်လို့ပါလိမ့်🤔🤔

ဒီလို အိပ်ယာထတဲ့အချိန်မှာ မူးနေရခြင်းဟာ သင်သတိမထားမိတဲ့ ရောဂါတွေရဲ့ လက္ခဏာတခုဖြစ်နေနိုင်ပါတယ်။
အထူးသဖြင့် အိပ်နေရာကနေ စထိုင်လိုက်တဲ့အချိန် ဒါမှမဟုတ် မတ်တပ်ရပ်လိုက်တဲ့ အချိန်မှာဆိုရင် အခန်းတစ်ခုလုံး ချာချာလည်နေတာမျိုး၊ လေထဲလွင့်နေသလိုမျိုး ခံစားရတတ်ပါတယ်။ ဖြစ်တဲ့ အကြောင်းအရင်းပေါ်မူတည်၍လည်း ပျို့အန်ချင်တာတွေ၊ ခေါင်းကိုက်တာတွေ၊ အာရုံစူးစိုက်မှုအားနည်းတာတွေ စသဖြင့် အခြားသောလက္ခဏာတွေကိုလဲ ခံစားရတတ်ပါတယ်။

အိပ်လို့တော့ကောင်းပါရဲ့ ဒါဆိုဘာ့ကြောင့် အိပ်ယာနိုးနိုးချင်း ခေါင်းမူးနေရတာလဲ?

ဒီလိုမျိုး အိပ်ယာထမှာ ခေါင်းမူးတယ်ဆိုတာ သာမာန်ရေဓါတ်ခန်းခြောက်တာကစလို့ နားအတွင်းထဲကပြဿနာမျိုး၊ အာရုံကြောနဲ့ ဆိုင်တဲ့ ရောဂါမျိုးတွေ အစရှိသည်တို့ကြောင့်လဲ ဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ လှဲနေရာကနေ ရုတ်ချည်း မတ်တပ်ရပ်လိုက်တဲ့ အခါမျိုးမှာ ခန္တာကိုယ်ကနေ သွေးလည်ပတ်မှုကို မထိန်းညှိနိုင်တဲ့အချိန်မျိုး၊ ဟန်ချက်မထိန်းနိုင်တဲ့ အချိန်မျိုးတွေမှာလဲ ခေါင်းမူးဝေတာမျိုး ဖြစ်တတ်ပါတယ်။
အချို့သော အကြောင်းအရာတွေကြောင့် ဖြစ်တတ်တဲ့ မူးဝေခြင်းမျိုးဟာ အလွယ်တကူအဖြေရှာ ကုသနိုင်တာလဲရှိသလို သေသေချာချာ တိုင်ပင်ဆွေးနွေး အဖြေရှာပြီးမှသာ ဘယ်လိုရောဂါမျိုးကြောင့် ဖြစ်တာလဲဆိုတာသိနိုင်မှာဖြစ်ပါတယ်။

ဒါဆိုဘယ်လိုအခြေအနေမျိုးတွေက ဒီလိုဖြစ်စေသလဲဆိုတာ ဆက်ကြည့်ရအောင်

😵‍💫 Orthostatic Hypotension

ဒါကတော့ လှဲနေရာကနေ သို့မဟုတ် ထိုင်နေရာမှ ရုတ်တရက် မတ်တပ်ရပ်လိုက်တဲ့ အချိန်မျိုးမှာ သွေးပေါင်ကျသွားတဲ့ အခြေအနေပါ။ ကိုယ်နေဟန်ထား ရုတ်တရက် ပြောင်းလဲလိုက်တဲ့ အခါမျိုးမှာဆိုရင် ခေါင်းမူးတာတွေ၊ ဟန်ချက်မထိန်းနိုင်တာမျိုး ကြုံဖူးကြမှာပါ။ ဒါဟာ ရုတ်တရက် သွေးပေါင်ကျသွားတဲ့ အခါမျိုးမှာ ဦးနှောက်ထဲကို သွေးစီးဆင်းမှု ယာယီလျော့နည်းသွားတာကြောင့်ပါ။ အိပ်ယာနိုးစမှာ ရုတ်ချည်းမတ်တပ်ရပ်လိုက်တာမျိုးဆိုရင် ပိုပြီးမူးဝေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို အသက်ကြီးပိုင်းတွေ၊ အာရုံကြောရောဂါရှိသူတွေမှာ ပိုတွေ့ရတတ်ပြီး ရေဓါတ်ခန်းခြောက်ခြင်းကြောင့် ပိုပြီးပြင်းပြင်းထန်ထန် မူးဝေတာမျိုးရှိတတ်ပါတယ်။

😵‍💫ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး

အချို့သော ဆေးဝါးတွေဟာဆိုရင်လဲ ခေါင်းမူးခြင်း စတဲ့မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများဖြစ်တတ်ပါတယ်။ အိပ်ဆေးတွေ၊ နှာစေးပျောက်ဆေးတွေ၊ ရင်ကြပ်ရောဂါကုသတဲ့ဆေးတွေဟာဆိုရင်လဲ မနက်အိပ်ယာထရင် ခေါင်းမူးတာမျိုး ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်းတွေ ပိုပြီးသတိထားသင့်ပါတယ်။

😵‍💫သွေးအားနည်းခြင်း

သွေးအားနည်းတယ်ဆိုတာ ခန္တာကိုယ်ထဲမှာ အောက်စီဂျင်ကို သယ်ယူပေးတဲ့ သွေးနီဥတွေ လုံလုံလောက်လောက်မရှိတဲ့ အခြေအနေမျိုးပါ။ သွေးနီဥနည်းလို့ ခန္တာကိုယ်ထဲမှာ အထူးသဖြင့် ဦးနှောက်က အောက်စီဂျင်လုံလောက်စွာ မရရှိတဲ့အခါမျိုးမှာလဲ မူးဝေတတ်ပါတယ်။ မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်း တို့ကိုလဲခံစားရတတ်ပါတယ်။

😵‍💫နားအတွင်းထဲကပြဿနာများ

နားအတွင်းထဲမှာရှိတဲ့ ဟန်ချက်ထိန်းတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ ပြဿနာ ရှိနေတယ်ဆိုရင် ချာချာလည်ပြီး မူးဝေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုမူးဝေ တာမျိုးဟာ မိနစ်ပိုင်းမှ နာရီပိုင်း ရက်ပိုင်းအထိကြာတတ်ပါတယ်။

😵‍💫အချိုဓါတ်နည်းခြင်း

ဆီးချိုသွေးချိုရှိတဲ့ လူနာတွေမှာဆိုရင် အချိုဓါတ်နည်းခြင်းကြောင့်လဲ ဖြစ်စေတတ်ပါတယ်။ ဆီးချိုရောဂါမရှိတဲ့ ကျန်းမာတဲ့သူတွေမှာတောင် တစ်ခါတစ်ရံ သွေးတွင်းအချိုဓါတ်ကျပြီး အာရုံမစိုက်နိုင်တာ၊ ရင်တုန်တာ၊ ဇောချွေးတွေထွက်တာမျိုးလဲ ဖြစ်တတ်ပါတယ်။

ဒါဆိုရင် ဘယ်အချိန်မှာ ကုသမှုခံယူရမလဲ?

အိပ်ယာထတဲ့ အချိန်မှာ မူးဝေနေတာဟာ

🧐 မိနစ်အနည်းငယ်ကြာတဲ့အထိလဲမကောင်းသွားဘူး

🧐ကိုယ်နေဟန်ထား ပုံစံပြောင်းလိုက်လဲ မသက်သာသွားဘူး

🧐ဖြစ်နေတာဟာ ခနခန စိပ်စိပ်လာတယ်၊ ပိုပြီးလဲဆိုးလာတယ်

🧐မူးလဲတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာတွေ နဲ့ ဦးနှောက်နှင့်အာရုံကြောလက္ခဏာတွေဖြစ်တဲ့ မြင်ကွင်းနှစ်ခုဖြစ်တာ၊ အမြင်ဝေဝါးတာ၊ စကားမပီတော့တာ၊ ခြေလက်လှုပ်ရှားမှု အားနည်းလာတာတွေ

အစရှိတဲ့ လက္ခဏာမျိုးတွေ ခံစားရပြီဆိုရင် တိုင်ပင်ဆွေးနွေး ကု
သမှုခံယူရန် လိုအပ်လာပါပြီ။

🛌မနက်အိပ်ယာထတဲ့အချိန်မှာ ကြည်ကြည်လင်လင် နိုးထနိုင်
အောင်ဒီလို အခြေခံ အချက်လေးတွေ လိုက်လုပ်ကြည့်ရအောင်

🥱အိပ်ယာမှ ဖြည်းဖြည်းချင်းထပြီး ကုတင်စောင်းမှာ ခဏထိုင်ပါ။ ပြီးမှ ဖြည်းဖြင်းချင်း မတ်တပ်ရပ်ပါ။
🥱အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
🥱အိပ်ယာအနားတွင် စားစရာတစ်ခုခုထားထားပါ။
🥱ပြသနေသော ဆရာဝန်နှင့်တိုင်ပင်၍ မူးဝေစေတတ်သော ဆေးများပါလျှင် ဆေးသောက်ချိန်၊ ဆေးပမာဏကို ပြန်လည်တိုင်ပင်ဆွေးနွေးပါ။

အေးချမ်းစွာအိပ်စက်၍ ကျန်းမာပျော်ရွှင်စွာ နိုးထနိုင်ကြပါစေ

Dr.229
ဇွဲမာန်ဆေးခန်း
အမှတ်(၁၇)၊ ၁၁၁ လမ်း (လမ်းဆုံးထိဝင်လာပါ)
မင်္ဂလာတောင်ညွန့်ရဲစခန်းအနီး
09768515701

ရင်သွေးလေးကို Dumex တိုက်နေတဲ့မေမေများ ဆင်တူယိုးမှား အတုအပ သတိထားရအောင်ပါ
20/09/2025

ရင်သွေးလေးကို Dumex တိုက်နေတဲ့မေမေများ
ဆင်တူယိုးမှား အတုအပ သတိထားရအောင်ပါ

ခေတ်ကာလတိုးတက်လာသည်နှင့်အမျှ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာကြောင့် ကင်ဆာရောဂါဖြစ်ပွားနှုန်း သိသိသာသာများပြားလာ...
17/09/2025

ခေတ်ကာလတိုးတက်လာသည်နှင့်အမျှ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာကြောင့် ကင်ဆာရောဂါဖြစ်ပွားနှုန်း သိသိသာသာများပြားလာပါတယ်။
WHO ကနေကင်ဆာရောဂါဖြစ်ပွားနှုန်း လျှော့ချပေးနိုင်မယ့် နည်းလမ်း (၁၀)ချက်ကို တရားဝင်ထုတ်ပြန်ထားတာကို ပြန်လည်မျှဝေပါရစေ။

၁။ Do not smoke, do not use any form of to***co 🚭
💁 ဆေးလိပ်အပါအဝင် မည်သည့်ဆေးရွက်ကြီးအမျိုးအစားကိုမဆို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် အဆုတ်ကင်ဆာ အပါအဝင် ခံတွင်းကင်ဆာအမျိုးမျိုးဖြစ်တဲ့ သွားဖုံးကင်ဆာ၊ လျှာကင်ဆာစသည်တို့ကို ကာကွယ်ပေးနိုင်ပါတယ်

၂။ Make your home smoke-free 💨
💁 သင့်ပတ်ဝန်းကျင်မှာ မိသားစုအတွက် ဆေးလိပ်ကင်စင်နေရာအဖြစ် ကြိုးစားဆောင်ရွက်သင့်ပါတယ်။ သို့မှသာ နေ့စဉ်ဘဝမှ သန့်ရှင်းသော လေကောင်းလေသန့် ရရှိနိုင်ပြီး ဆေးလိပ်ငွေ့ကြောင့် ဖြစ်လာနိုင်တဲ့ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာအပြင် အခြားကင်ဆာရောဂါများကိုလဲ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

၃။ Be physically active 🏃
💁 ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။ မိမိအသက်နဲ့ သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားတမျိုးမျိုးကို နေ့တိုင်းလုပ်ဆောင်ပါ။ ကျန်းမာရေးအတွက် နေ့စဉ်လမ်းလျှောက်၍ လေကောင်းလေသန့်ရှူရှိုက်ပါ။

၄။ Healthy diet 🥗
💁 ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ စားသောက်ပါ။ ဆန်၊ ဂျုံ၊ ပြောင်းနှင့် အသီးအရွက်၊ အသီးအနှံ၊ ငါး စသည်တို့ကိုပိုမိုစားသုံးပြီး အသားများကို လျှော့စားပါ။ တိရစ္ဆာန်အဆီ၊ ပြည့်ဝဆီ၊ ပြန်ကြော်ထားသောဆီများကို ရှောင်ရှားပါ။ အချိုဓါတ်လျှော့စားပါ။

၅။ Limit your alcohol intake 🍻
💁 အရက်ကို အလွန်အကျွံ သောက်သုံးခြင်းဟာလဲ ခံတွင်း၊ အစာရေမျိုလမ်းကြောင်းနှင့် အစာအိမ်တို့ကို ထိခိုက်စေနိုင်ပြီး ကြာရှည်သောက်သုံးတဲ့သူတွေမှာ ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ်။ အရက်ကြောင့် အသည်းခြောက်ခြင်း၊ ကြာလာလျှင် အသည်းကင်ဆာထိ ဖြစ်စေနိုင်ပါတယ်။

၆။ Avoid too much sun & use sun protection ☀️
💁 နေရောင်ခြည်ဟာ ခန္တာကိုယ်အတွက် ဗီတာမင် D ထုတ်လုပ်ဖို့ အကူအညီပေးသော်လဲ ပြင်းထန်သောနေရောင်ခြည်နှင့် အထိအတွေ့များလာလျှင် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာ ဖြစ်စေနိုင်ပါသည်။ ဒါ့ကြောင့် ပြင်းထန်တဲ့ နေရောင်ခြည်အထိအတွေ့များသူတွေအနေနဲ့ ထီး၊ဦးထုပ်၊ နေရောင်ကာကွယ်သော cream များ လိမ်းပြီးမှသာ နေရောင်ထဲထွက်သင့်ပါတယ်။

၇။ Breastfeeding 🍼
💁 မိခင်နို့တိုက်ကျွေးခြင်းဟာ အမျိုးသမီးတွေမှာ ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်ရော ရင်သွေးပါ အကျိုးကျေးဇူး များစွာရရှိနိုင်ပါတယ်။

၈။ Reduce indoor and outdoor air pollution 😷
💁 ကား၊ ဆိုင်ကယ်၊ စတဲ့ယာဉ်တွေကနေထွက်သော မီးခိုးငွေ့များ၊ အမှိုက်မီးရှို့ခြင်း၊ မီးသွေး၊ ထင်းတို့မှထွက်သော မီးခိုးငွေ့များသည် လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းတလျှောက် များစွာအန္တရာယ်ပေးနိင်ပါတယ်။ နေ့စဉ်ရှူရှိုက်နေသောလေမှာ အဆိပ်အတောက်ကင်းစင်၍ မီးခိုး၊ဖုန်မှုန့်မပါဝင်သော သန့်ရှင်းသောလေဖြစ်ရန် အရေးကြီးပါတယ်။

၉။ Vaccinate your child against Hepatitis B and HPV 💉
💁 ကလေးငယ်များကို အသည်းရောင်အသားဝါ ဘီးပိုးကာကွယ်ဆေးနှင့် မိန်းကလေးတွေဆိုလျှင် သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးထိုးပေးပါ။ အသည်းရောင်အသားဝါ ဘီပိုးဟာ နာတာရှည်အသည်းရောင်ရောဂါ၊ အသည်းခြောက်ခြင်းတို့အပြင် အသည်းကင်ဆာရောဂါထိ ဖြစ်ပွားစေတတ်ပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါပိုးကူးစက်ခံရခြင်းမှလဲ ကာကွယ်နိုင်သလို ကင်ဆာရောဂါဖြစ်ပွားခြင်းမှလဲ ကာကွယ်နိုင်ပါတယ်။ HPV လို့ခေါ်တဲ့ Human Papilloma Virus သည်လဲ လူအများစုမှာတွေ့ရတတ်တဲ့ ကြွက်နို့ရောဂါ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်ပြီး လိင်ဆက်ဆံရာမှ အဓိကကူးစက်တတ်ပါတယ်။ ကူးစက်ခံသူ အမျိုးသမီးများမှာ သားအိမ်ခေါင်းရောင်ရမ်းမှုဖြစ်ပြီး ကြာလျှင် သားအိမ်ခေါင်းကင်ဆာရောဂါထိ ဖြစ်ပွားစေတတ်ပါတယ်။ ဒါ့ကြောင့် ငယ်စဉ်ကထဲက မိန်းကလေးများကို HPV vaccine သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ပေးနိုင်ပါတယ်။

၁၀။ Take part in cancer screening programs 🏥
💁 ကင်ဆာရောဂါစစ်ဆေးတဲ့ အစီအစဉ်များတွင် ပါဝင်ခြင်း၊ (သို့) Medical Checkup လုပ်ခြင်းဖြင့် ကင်ဆာရောဂါများကို စောလျင်စွာ သိရှိနိုင်ပြီး ပျောက်ကင်းမှု ရာခိုင်နှုန်းများပါတယ်။
ရင်သားကင်ဆာ ကြိုတင်စစ်ဆေးခြင်းအတွက် မိမိရင်သားကို မိမိကိုယ်တိုင် လစဉ်ဓမ္မတာလာပြီးချိန်တွင် စနစ်တကျ စမ်းသပ်စစ်ဆေးခြင်းနှင့် နှစ်စဉ် ရင်သားဓါတ်မှန်ရိုက်ခြင်း၊ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် နီးစပ်ရာဆေးခန်းတွင် သားအိမ်ခေါင်းအချွဲစစ်ဆေးခြင်း၊ အူမကြီးကင်ဆာအတွက် ဝမ်းတွင်းသွေးပါခြင်းရှိမရှိ တစ်နှစ်တစ်ကြိမ်စစ်ဆေးခြင်းနှင့် လိုအပ်ပါလျှင် မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းတို့ကိုပါ အသက်အရွယ်အလိုက် ပုံမှန်လုပ်ဆောင်သင့်ပါတယ်။

ကင်ဆာရောဂါဘေးဆိုးမှ ကင်းဝေးနိုင်ကြပါစေ။

Dr.229
ဇွဲမာန်ဆေးခန်း
အမှတ်(၁၇)၊ ၁၁၁ လမ်း (လမ်းဆုံးထိဝင်လာပေးပါ)
မင်္ဂလာတောင်ညွန့်မြို့နယ်
09768515701

🦠H. Pylori 🦠 —————————အစာအိမ်ထဲက ရန်သူများမိတ်ဆွေတို့ရဲ့ အစာအိမ်ထဲမှာ ဒီပိုးလေးတွေရှိနေသလားဆိုတာလေ့လာဆန်းစစ်ကြည့်ရအောင်ပ...
16/09/2025

🦠H. Pylori 🦠
—————————
အစာအိမ်ထဲက ရန်သူများ

မိတ်ဆွေတို့ရဲ့ အစာအိမ်ထဲမှာ ဒီပိုးလေးတွေရှိနေသလားဆိုတာ
လေ့လာဆန်းစစ်ကြည့်ရအောင်ပါ

💁 မကြာခဏဆိုသလို ရင်ညွန့်နားတဝိုက်အောင့်နေပါသလား
💁 ခဏခဏ လေချဉ်တက်တာမျိုးရော ရှိနေပါသလား
💁 ရင်ပြည့်ရင်ကယ် မကြာခဏ ဖြစ်နေတတ်ပါသလား
💁 မစားချင် မသောက်ချင်နဲ့ ပိန်သွားတယ်လို့ရော ခံစားရပါသလား
💁 ဘယ်လောက်မှမစားရသေးဘူး အစာကမကြေချင်၊ ရင်တွေကပူ ဒါမျိုးတွေရော ဖြစ်နေပါသလား

ဒီလိုလက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့ အစာအိမ်ပိုး 🦠
H. pylori လေးကို သတိထားသင့်ပါပြီ
(ကြားဖြတ်။ လက္ခဏာတွေ မပြတဲ့လူနာတွေမှာတောင် အစာအိမ်မှန်ပြောင်းကြည့်ရင်းမှ ပိုးတွေ့တာမျိုးတွေလဲ
ရှိနေတတ်ပါတယ်)

🦠ဒီပိုးလေး အစာအိမ်ကို အန္တရာယ်မပေးရလေအောင် သေချာကုသမှုခံယူပြီး နောက်ဆက်တွဲအနေနဲ့ အစာအိမ်ကင်ဆာရောဂါထိ မဖြစ်လာအောင် ကြိုတင်ကာကွယ်လို့ရပါတယ်

🙄ဘယ်လိုစစ်ဆေးကြမလဲ
💁 ဝမ်းထဲမှာ ပိုးရဲ့ antigen ရှိ/မရှိ စစ်ဆေးလို့ရသလို
🎈 Urea Breath Test ပူဖောင်းမှုတ်ပြီးလဲ စစ်ဆေးလို့ရပါတယ်
🔎 အစာအိမ်မှန်ပြောင်းကြည့်ပြီး အသားစကို စစ်ဆေးလို့လဲရပါသေးတယ်

ကာကွယ်နိုင်မယ့်နည်လမ်းများ
👍 သန့်ရှင်းသော ရေကိုသောက်ပါ
👍 မသန့်ရှင်းသော အစားအစာများ ရှောင်ကျဉ်ပါ
👍 အစာမစားမီ လက်ကိုသေချာ ဆေးကြောသန့်စင်ပါ
👍 ပန်းကန်၊ခွက်ယောက်များ တကိုယ်ရည်သာအသုံးပြုပါ

🩺 ဘယ်လိုကုသကြမလဲ
စပ်ဆေးတွေ ဒါမှမဟုတ် H pylori kit တွေဟာ လုံးဝပျောက်ကင်းနိုင်ဖို့ နည်းလမ်းမဟုတ်ပါဘူး
သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပိုးသတ်ဆေးတွေကို အချိန်အတိုင်းအတာတခုအထိ သောက်မှသာလျှင် ပျောက်ကင်းနိုင်ပြီး
ဒီပိုးရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ အစာအိမ်အနာဖြစ်တာတွေ၊ အစာအိမ်ကင်ဆာဖြစ်တာတွေအထိပါ ကာကွယ်ပြီးသားဖြစ်ပါမယ်

အပေါ်က ဖော်ပြထားတဲ့ လက္ခဏာမျိုးတွေ ရှိနေပြီလား
မပေါ့ဆပါနဲ့နော်
သေချာတိုင်ပင် စစ်ဆေးပြီး ကုသမှုယူ၍ အစာအိမ်လေးကို ကြင်နာလိုက်ပါ ❤️

အရသာရှိတာတွေ များများစားနိုင်ကြပါစေ

ဇွဲမာန်ဆေးခန်း
အမှတ်(၁၇) ၊ ၁၁၁ လမ်း (လမ်းဆုံးထိဝင်လာပေးပါ)
မင်္ဂလာတောင်ညွန့်မြို့နယ်
09768515701

15/09/2025

ခုလိုရာသီမှာ အဖြစ်များနေပါတယ်
ကြိုတင်ကာကွယ်ပြီး ဂရုစိုက်ကြပါ

ဇွဲမာန်အထွေထွေရောဂါကုဆေးခန်းအမှတ် (၁၇)၊ ၁၁၁ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် (မင်္ဂလာတောင်ညွန့် ရဲစခန်းအနီး)။We are open ...
08/09/2025

ဇွဲမာန်အထွေထွေရောဂါကုဆေးခန်း
အမှတ် (၁၇)၊ ၁၁၁ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် (မင်္ဂလာတောင်ညွန့် ရဲစခန်းအနီး)။

We are open 🗓️
နေ့စဉ်
မနက် (09:00) မှ နေ့လည် (12:00) ထိ
ညနေ (04:00) မှ ည(08:00) ထိ
(ပိတ်ရက်မရှိပါ)

Phone - 09768515701
ဖုန်းဖြင့် Booking ကြိုတင်ယူ၍ လာရောက်ပြသနိုင်ပါသည်။

16/05/2025

ရာသီတုပ်ကွေးကာကွယ်ဆေးအား နှစ်စဉ်ထိုးနှံခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ
၁။ တုပ်ကွေးဗိုင်းရပ်များကြောင့် ဖြစ်ပွားသော ရာသီတုပ်ကွေးရောဂါ လက္ခဏာများကို လျော့ချနိုင်ပြီး ကူးစက်မှုကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကာကွယ်ဆေးထိုးထားပါက တုပ်ကွေးကြောင့် အဆုတ်ရောင်ခြင်း၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ဆေးရုံတက်ရန် လိုအပ်မှုများကို လျော့ကျစေနိုင်သည်။

၃။ ကာကွယ်ဆေးထိုးခြင်းဖြင့် မိသားစု၊ သူငယ်ချင်းများနှင့် (အထူးသဖြင့် ကိုယ်ခံအားနည်းသူများ)၊ လူမှုပတ်ဝန်းကျင်ကို တုပ်ကွေးမကူးစက်အောင် ကာကွယ်နိုင်သည်။

၄။ ကာကွယ်ဆေးထိုးခြင်းဖြင့် ခန္ဓာကိုယ်၏ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသည်။

ထို့ကြောင့် အမြဲတစေ ပြောင်းလဲနေသော တုပ်ကွေးဗိုင်းရပ်စ်များအား ကာကွယ်နိုင်ရန် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံသင့်ပါသည်။

ယခုလို အကျိုးကျေးဇူးများတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကို ဇွဲမာန်ဆေးခန်းတွင် ကြိုတင်စာရင်းပေး၍ ထိုးနှံနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

"ဇွဲမာန်အထွေထွေရောဂါကုဆေးခန်း"
အမှတ် (၁၇)၊ ၁၁၁ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်
(မင်္ဂလာတောင်ညွန့် ရဲစခန်းအနီး)
Phone - 09768515701

၁၃၈၇ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ဇွဲမာန်ဆေးခန်းတွင်ဆေးခန်းလာရောက်ပြသလိုသူများအနေနှင့် မဟာသင်္ကြန် အကြိုနေ့၊ အကျနေ့၊ အကြတ...
09/04/2025

၁၃၈၇ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ဇွဲမာန်ဆေးခန်းတွင်
ဆေးခန်းလာရောက်ပြသလိုသူများအနေနှင့် မဟာသင်္ကြန် အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့ များတွင် ယခင်ဆေးခန်းဖွင့်ချိန်အတိုင်း လာရောက်ပြသနိုင်ပါသည်။

မဟာသင်္ကြန်အတက်နေ့ ၁၆.၄.၂၀၂၅ နှင့်
နှစ်ဆန်းတစ်ရက်နေ့ ၁၇.၄.၂၀၂၅
(၂) ရက်သာ ဆေးခန်း ပိတ်မည်ဖြစ်ပါသည်။

၁၈.၄.၂၀၂၅ မှစ၍ ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း သီတင်းပါးအပ်ပါသည်။
ကျန်းမာပျော်ရွှင်သော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။

"ဇွဲမာန်အထွေထွေရောဂါကုဆေးခန်း"
အမှတ် (၁၇)၊ ၁၁၁ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်
(မင်္ဂလာတောင်ညွန့် ရဲစခန်းအနီး)...
Phone - 09768515701
ဆေးခန်းဖွင့်ချိန်
နံနက် ၉ နာရီ မှ ၁၂ နာရီထိ
ညနေ ၄:၃၀ နာရီ မှ ၇:၃၀ နာရီထိ

Address

No. 17, 111 Street, Mingalar Taung Nyunt
Yangon
11221

Opening Hours

Monday 09:00 - 12:00
16:00 - 19:00
Tuesday 09:00 - 12:00
16:00 - 19:00
Wednesday 09:00 - 12:00
16:00 - 19:00
Thursday 09:00 - 12:00
16:00 - 19:00
Friday 09:00 - 12:00
16:00 - 19:00
Saturday 09:00 - 12:00
16:00 - 19:00
Sunday 09:00 - 12:00
16:00 - 19:00

Telephone

+959768515701

Website

Alerts

Be the first to know and let us send you an email when Zwe Marn Medical Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram