ထူးထက်-Htoo Htet Pharmacy

ထူးထက်-Htoo Htet Pharmacy နိုင်ငံခြားဆေးနှင့် တိုင်းရင်းဆေးမျိုးစုံ ရောင်းဝယ်ရေး

ဒီနေ့မှာကျရောက်တဲ့ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခါသမယတွင် အများပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့ ကု...
01/08/2023

ဒီနေ့မှာကျရောက်တဲ့ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခါသမယတွင် အများပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့ ကုသိုလ်ဘာဝနာ ပွားများနိုင်ကြပါစေကြောင်း ထူးထက်ဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

ဆီးပိုးဝင်တဲ့ရောဂါအတွက် သတိထားစေချင်တဲ့အချက်လေးတွေ
27/06/2023

ဆီးပိုးဝင်တဲ့ရောဂါအတွက် သတိထားစေချင်တဲ့အချက်လေးတွေ

ဆီးပိုးဝင်တဲ့ရောဂါ (𝗨𝗧𝗜) ကို နောက်တစ်ကြိမ် ပြန်မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ❓❓

အဓိကအနေနဲ့

🔸ရေ မကြာခဏသောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ၂ လီတာလောက်ကုန်အောင် သောက်ပေးပါ။ ရေများများသောက်ရင် ဆီးမကြာခဏသွားတဲ့အတွက် သွားတဲ့ဆီးနဲ့အတူ အန္တရာယ်ပေးမယ့် ဘက်တီးရီးယားတွေပါ အပြင်ကိုရောက်သွားမှာ ဖြစ်ပါတယ်။ ရေသောက်နည်းရင် ဆီးအိမ်ထဲမှာ ဆီးက အကြာကြီးနေနေတဲ့အတွက် ရောဂါပိုးတွေ ပိုပြီးပေါက်စေမှာ ဖြစ်ပါတယ်။ ရေသာမက ရေနွေးကြမ်း ဒါမှမဟုတ် သဘာဝ သစ်သီးဖျော်ရည်တွေပါ သောက်နိုင်ပါတယ်။

🔸ဆီးသွားချင်ရင် အောင့်ထားတဲ့အကျင့် မလုပ်ရပါဘူး။ အမြန်ဆုံး သွားပေးရပါမယ်။ ဆီးအိမ်ထဲမှာ ဆီးတွေတင်းနေခဲ့ရင် ဆီးအိမ်ထဲက ဆီးတွေဟာ Backward pressure နဲ့ ဆီးလမ်းကြောင်းရဲ့အပေါ်ပိုင်းကို တက်သွားပြီး ကျောက်ကပ်ထဲကို ပိုးတွေ ရောက်သွားနိုင်ပါတယ်။ အဲ့ဒီအခါမှာ ပိုပြီးဆိုးဝါးတဲ့ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးသွားချင်ရင် ကြုံတဲ့နေရာမှာပဲ အမြန်ဆုံးသွားဖို့ကြိုးစားပါ။

🔸တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုပြုပါ။ အတွင်းခံအဝတ်များကို သေချာလျှော်ဖွပ် သန့်စင်ပြီးမှ အသုံးပြုပါ။ အိမ်သာတက်ပြီး ရေနဲ့ဆေးကြောသန့်စင်တဲ့အခါ အနောက်မှ အရှေ့သို့ သန့်စင်ခြင်းကို ရှောင်ကြဉ်ပါ။

🔸ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အထောက်အကူပြုစေတဲ့ အရည်တွေ သောက်သုံးမှုကိုတော့ ရှောင်ရပါမယ်။ ဥပမာ အရက်၊ ဘီယာနဲ့ အချိုရည် (Soft drink) တို့ဖြစ်ပါတယ်။ ကော်ဖီသောက်ရင်လည်း မကောင်းဘူးလို့ အခုနောက်ပိုင်း သုတေသနစာတမ်းတွေက ဆိုပါတယ်။ သဘာဝ သစ်သီးဖျော်ရည်တွေကို သောက်ရင်တောင် ဒီအတိုင်းညှစ်သောက်တာထက် ရေနဲ့ အနည်းဆုံးဆတူရောပြီးမှသာ သောက်သင့်ပါတယ်။

🔸ဗီတာမင်အေ ရစေနိုင်တဲ့ ကယ်ရိုတီနွိုက်ကြွယ်ဝတဲ့ အစားအစာတွေ မကြာခဏ စားပေးသင့်ပါတယ်။ ဥပမာ သင်္ဘောသီး၊ မုန်လာဥနီစတဲ့ အဝါရောင်ရှိတဲ့သစ်သီးတွေကို စားရင် ဆီးလမ်းကြောင်းအတွင်း နံရံမှာရှိတဲ့ဆဲလ်တွေကို ခိုင်ခံ့စေတဲ့အတွက် ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် ကာကွယ်ပေးပါတယ်။

🔸သဘာဝအစားအစာတွေထဲမှာ ဆီးလမ်းကြောင်းပိုးဝင်တာ မဖြစ်ရလေအောင် တားဆီးနိုင်စွမ်းရှိတဲ့ အစွမ်းအထက်ဆုံး အစားအစာကတော့ ကရမ်ဘယ်ရီသီး (Cranberry) ပဲဖြစ်ပါတယ်။ ကရမ်ဘယ်ရီအသီးကို အစိမ်းစားလို့ပဲဖြစ်ဖြစ်၊ သစ်သီးဖျော်ရည် (Fruit juice) အနေနဲ့ပဲဖြစ်ဖြစ်၊ စပျစ်သီးခြောက်လိုအသီးကို အခြောက်လှမ်းထားလို့ပဲဖြစ်ဖြစ် ပုံမှန်စားသုံးပေးခဲ့ရင် ဆီးလမ်းကြောင်းပိုးဝင်ရောဂါ ဖြစ်ဖို့ အလားအလာ အလွန်နည်းတယ်လို့ သုတေသနစာတမ်းတွေအရ သိရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

13/05/2023

အေအာတီ (ART) ဆေးဝါး သောက်သုံးနေသူ သူငယ်ချင်းမိတ်ဆွေများခင်ဗျာ...

ဘေးအန္တရာယ်တခုခု ကြုံတွေ့၍ အေအာတီဆေးဝါးများ ပြတ်လပ်မှုများမဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံအိပ်ချ်အိုင်ဗွီနှင့်နေထိုင်သူများအသင်း (အမ်ပီဂျီ) ၏ တိုင်ပင်ဖော် Hotline ဖုန်းနံပါတ် - ၀၉ ၇၉၇ ၂၁၁ ၉၁၉, ၀၉ ၇၉၇ ၂၁၁ ၄၁၄ သို့ လိုအပ်ပါက ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

အမ်ပီဂျီ မှ ကူညီရန် အတွက် အမြဲအသင့်ရှိနေပါသည်။

"ကဆုန်လပြည့်" မြတ်ဗုဒ္ဓအခါတော်နေ့လူသားအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ထူးထက်ဆေးဆိုင်မှ ဆုမွန်ကော...
03/05/2023

"ကဆုန်လပြည့်" မြတ်ဗုဒ္ဓအခါတော်နေ့
လူသားအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ထူးထက်ဆေးဆိုင်မှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။


#ကဆုန်လပြည့်နေ့

🙋ကာကာ တို့ ရေ အခုချိန် မှာ ရာသီဥတု အလွန် ပူပြင်းတဲ့ အတွက် Heat Stroke အဖြစ်များနေကြတယ်။ သူရဲ့ လက္ခဏာ တွေကတော့ ကိုယ်အတွင်...
29/04/2023

🙋ကာကာ တို့ ရေ အခုချိန် မှာ ရာသီဥတု အလွန် ပူပြင်းတဲ့ အတွက် Heat Stroke အဖြစ်များနေကြတယ်။ သူရဲ့ လက္ခဏာ တွေကတော့ ကိုယ်အတွင်း အပူချိန်မြင့်တက်လာခြင်း၊ချွေး အလွန်အကျွံ ထွက်ခြင်း၊ခေါင်းကိုက်မူးဝေခြင်း၊ကိုယ်လက်ထုံကျဉ်လာခြင်း၊နှလုံးခုန် မမှန်ခြင်း စတဲ့ လက္ခဏာ တွေ ဖြစ်နိုင်ပါတယ်။ Heat Stroke မဖြစ်ရအောင် အပြင်က ပြန်ရောက်ရင် ရေခဲရေ သောက်ခြင်း၊ရေချိုးခြင်းတို့ ရှောင်ပါ။ နေပူထဲသွားရင် ထီး၊ဦးထုပ် သို့မဟုတ် နေပူဒဏ် ကာကွယ်နိုင်သော ပစ္စည်း ယူဆောင်ပါ။ ရေ ကို များများ သောက်ပေးပါ။
❌တချို့ကာကာ တွေက ကိုယ်လက်ကိုက်ခဲ သည့်အခါတိုင်း နေမကောင်းဘူး ထင်၍ ချွေးထွက်အောင် ပါရာစီတမော(Paracetamol) သောက်တတ်ကြတယ်၊အဲ့အခါကြရင် Heat Stroke ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။
✅အကယ်၍ အခုလို လက္ခဏာ မျိုးဖြစ်လာခဲ့ရင် နီးစပ်ရာ ဆေးရုံ များကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့🎆ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင် ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏က...
07/11/2022

တန်ဆောင်မုန်းလပြည့်နေ့🎆

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင် ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့် ပြည့်စုံ၍ လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေကြောင်း ထူးထက်ဆေးဆိုင်မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။


#တန်ဆောင်မုန်းလပြည့်နေ
#သာမညဖလအခါတော်နေ့

29/04/2022

"𝐌𝐘𝐁𝐀𝐂𝐈𝐍 𝐋𝐎𝐙𝐄𝐍𝐆𝐄 ငုံဆေးဝယ်ယူရာတွင် သတိပြုရန် "

𝐌𝐘𝐁𝐀𝐂𝐈𝐍 𝐋𝐎𝐙𝐄𝐍𝐆𝐄 ငုံဆေးကို ထိုင်းနိုင်ငံ Greater Phama Co.,Ltd မှထုတ်လုပ်ပြီး မြန်မာနိုင်ငံသို့ Grand Master Int Co.Ltd မှ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဉီးစီးဌာန (FDA) တွင် တရားဝင်မှတ်ပုံတင် ရယူကာ တစ်ဉီးတည်း ကိုယ်စားလှယ်အဖြစ် ဖြန့်ချီရောင်းချခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ်ကျော် ရှိပြီဖြစ်ပါသည်။

ယခုအခါ ဈေးကွက်အတွင်း မြန်မာနိုင်ငံ FDA ထောက်ခံချက်မရှိပဲ တရားမဝင် တင်သွင်းလာသော 𝐌𝐘𝐁𝐀𝐂𝐈𝐍 𝐋𝐎𝐙𝐄𝐍𝐆𝐄 ငုံဆေးများလည်း တွေ့ရှိနေရသောကြောင့် စားသုံးသူများ အနေဖြင့် အရည်အသွေး အာမခံချက် မရှိသော ဆေးဝါးများ စားသုံးမိခြင်း မဖြစ်ပေါ်စေရန် အလိုငှာ အောက်ဖော်ပြပါ ကွာခြားချက်ကို ခွဲခြား စိစစ်ပြီးမှသာ ဝယ်ယူအားပေးနိုင်ရန် ဖော်ပြလိုက်ပါသည်။

🥰မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးအချိန်အခါသမယလေးမှစ၍ နောင်နှစ်များစွာအထိ မြန်မာပြည်သူ မြန်မာပြည်သားအားလုံး စိတ်ချမ်းသာ ကို...
13/04/2022

🥰မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးအချိန်အခါသမယလေးမှစ၍ နောင်နှစ်များစွာအထိ မြန်မာပြည်သူ မြန်မာပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ လိုအင်ဆ‌န္ဒပြည့်ဝနိုင်ပါစေလို့ ထူးထက်ဆေးဆိုင် မှာဆုမွန်ကောင်းတောင်းလိုက်ပါတယ်🥰🥰

28/03/2022

"သူ ပြောင်းလဲသွားပြီနော်"

အလင်းရောင်ကြောင့် Collagen ရဲ့ အာနိသင်တွေ လျော့နည်းထိခိုက်တာ မရှိစေဖို့ LOT - 001 CLG, MFD - MAR 2022 ကစပြီး Capsule အကြည်တွေအစား အလင်းမဖောက်နိုင်တဲ့ အရောင်ပါ Capsule တွေနဲ့ ပြောင်းလဲထုတ်လုပ်လိုက်ပါပြီ။

ဒါကြောင့် Capsule အရောင်သစ်လေးတွေ့ရင် အတုလား၊ အစစ်လား ဒွိဟဖြစ်နေစရာမလိုပဲ စိတ်ချလက်ချ သောက်သုံးလို့ရပါတယ်။ ဆေးဘူးခွံထဲမှာလည်း Capsule အရောင်ပြောင်းထားတဲ့ အသိပေးစာ ကပ်ပေးထားပါတယ်။

သောက်လက်စ Capsule အကြည်နဲ့ဆိုလည်း စိတ်မပူပါနဲ့။ ဆေးဘူးကို အဖုံးသေချာပိတ်ပြီး သူ့ရဲ့စက္ကူဘူးခွံထဲပြန်ထည့်ပြီး သေချာထားရင် အာနိသင်ပြည့်ဝကြာရှည်ခံပါတယ်ရှင်။

🥵နွေရာသီ ရောက်ပြီဆိုတော့ အောက်ပါအကြောင်းအရင်းတွေကြောင့် သားသားမီးမီးလေးတွေ နေထိုင်မကောင်းအဖြစ်များကြတယ်👉 ချွေးထွက်များပြ...
18/03/2022

🥵နွေရာသီ ရောက်ပြီဆိုတော့ အောက်ပါအကြောင်းအရင်းတွေကြောင့် သားသားမီးမီးလေးတွေ နေထိုင်မကောင်းအဖြစ်များကြတယ်

👉 ချွေးထွက်များပြီး ရေဓာတ်ခန်းခြောက်တာ

👉 မသန့်ရှင်းတဲ့ အစာတွေ စားမိလို့ ဝမ်းလျှောတာနဲ့

👉 အပူအအေး မမျှတာကြောင့် ဖျားနာတတ်တာ

🙋ဒါကြောင့် မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေ မသန့်ရှင်းတဲ့ အစားအစာတွေ မစားမိအောင် ဂရုစိုက်ပေးသင့်သလို ဝမ်းလျှောတာ သက်သာပြီ ရေဓာတ်ပြည့်ဝနေဖို့အတွက်လည်း WHO ဖော်မြူလာအသစ်နဲ့ ဖော်စပ်ထားတဲ့ 𝗢𝗿𝗮𝘀𝗲𝗹 & Peditral ဓါတ်ဆားများကို တိုက်လို့ရပါတယ်။

💁 ဓာတ်ဆားတစ်ထုပ်ကို ရေသန့် တစ်လီတာဘူးထဲ ရောစပ်ပြီး သောက်နိုင်ပါတယ်ရှင့်။ ဖျော်ပြီးသား ဓာတ်ဆားရည်ကို ၂၄နာရီအတွင်း ကုန်အောင်သောက်ဖို့တော့ မမေ့နဲ့နော်။ 🥰

😍ဒီနှစ်နွေရာသီလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို အကောင်းဆုံး ကျော်ဖြတ်နိုင်ကြပါစေ🌟

Address

Yangon
11131

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+9595171421

Website

Alerts

Be the first to know and let us send you an email when ထူးထက်-Htoo Htet Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ထူးထက်-Htoo Htet Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram