ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း

ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း ဆေးခန်းဖွင့်ချိန် - မနက် ၇နာရီမှ ည ၈နာရီ

“လာမည့် အောက်တိုဘာ ၅၊၆ ရက်နေ့ များတွင် ဆေးခန်း ပိတ်ထားပါမည်ဖြစ်ကြောင်း”ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယဖြစ်ကြပါစေလို့ ကော...
01/10/2025

“လာမည့် အောက်တိုဘာ ၅၊၆ ရက်နေ့ များတွင် ဆေးခန်း ပိတ်ထားပါမည်ဖြစ်ကြောင်း”

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယဖြစ်ကြပါစေလို့ ကောင်းဆုမိသားစု မှ ဆုတောင်းပေးလိုက်ပါတယ် 🪷🙏🏻

မင်္ဂလာရှိသော နှစ်သစ် အခါသမယလေးဖြစ်ပါစေကြောင်း ကောင်းဆု နားနှာခေါင်းလည်ချောင်း ဆေးခန်းမှ နှစ်သစ် ဂါရဝပြု ဆုမွန်ကောင်း တေ...
01/01/2025

မင်္ဂလာရှိသော နှစ်သစ် အခါသမယလေးဖြစ်ပါစေကြောင်း ကောင်းဆု နားနှာခေါင်းလည်ချောင်း ဆေးခန်းမှ နှစ်သစ် ဂါရဝပြု ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်ရှင့် 💞✨

23/11/2024

မန္တလေးမြို့ရှိ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ လူနာများ အဆင်ပြေ ချောမွေ့စေရန်အတွက်
ကောင်းဆု နား၊ နှာခေါင်း၊ လည်ချောင်းဆေးခန်းကို
ဗထူးကွင်းအနောက်ဘက်- ရွှေလှံရပ်၊ 29A လမ်း. 71-72 ကြား ချမ်းအေးသာဇံ မြို့နယ်၌ ပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်။

09885038850, 09771715685

ဆေးခန်း ဖွင့်ချိန်
ရုံးဖွင့်ရက် ညနေ ၄-၅.၃၀
ရုံးပိတ်ရက် နေ့လည် ၁၂နာရီ

#ကောင်းဆု #နားနှာခေါင်းလည်ချောင်း #ကောင်းဆုမန္တလေး #မန္တလေး

ဆေးခန်းဖွင့်ချိန် - မနက် ၇နာရီမှ ည ၈နာရီ

ကဆုန်လပြည့်နေ့ အချိန်အခါသမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း "ကောင်းဆု နား၊နှာခေါင်း၊လည်...
22/05/2024

ကဆုန်လပြည့်နေ့ အချိန်အခါသမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း "ကောင်းဆု နား၊နှာခေါင်း၊လည်ချောင်း" ဆေးခန်းမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Pic crd.

သကြ်န်ပိတ်ရက် ၁၂.၄.၂၀၂၄ မှ ၁၈.၄.၂၀၂၄ အထိ ရန်ကုန် ဆေးခန်း ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း လေးစားစွာ ပန်ကြားအပ်ပါသည်ရှင်။ ၁၉....
12/04/2024

သကြ်န်ပိတ်ရက် ၁၂.၄.၂၀၂၄ မှ ၁၈.၄.၂၀၂၄ အထိ ရန်ကုန် ဆေးခန်း ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း လေးစားစွာ ပန်ကြားအပ်ပါသည်ရှင်။ ၁၉.၄.၂၀၂၄ တွင် ပုံမှန် ပြန်လည်ဖွင့်လှစ်ပါမည်။ မန်းလေးဆေးခန်းကတော့ ဖွင့်ပါတယ်။ ပျော်ရွှင်ဖွယ် အတာနှစ်ကူး ဖြစ်ပါစေကြောင်း ကောင်းဆုနားနှာခေါင်းလည်ချောင်း ဆေးခန်းမှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်ရှင်။

နားမကြားခြင်းအကြောင်းသိကောင်းစရာပြောပြချက်အရ၊သူ့မဟေသီလေးက၊ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်မွေးပေးပြီး တစ်သားမွေး တစ်သွေး...
11/03/2024

နားမကြားခြင်းအကြောင်းသိကောင်းစရာ

ပြောပြချက်အရ၊သူ့မဟေသီလေးက၊ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်မွေးပေးပြီး တစ်သားမွေး တစ်သွေးလှ လာပေမယ့် နားအကြားအာရုံ ကတော့ လျော့သွားတယ်တဲ့ ဒါအပြင် နားထဲမှာလည်း အသံတွေကြားနေရတယ်လို့ ဆိုပါတယ်
သူပြောပြချက်တွေအရOtosclerosisလို့ခေါ်တဲ့အလယ်နားအရိုးခိုင်တဲ့ရောဂါ ဖြစ်နိုင်ပါ တယ်၊ဒါနဲ့နားကိုစက်နဲ့စမ်းသပ်ကြည့်ဖို့ညွှန်လိုက်ပါတယ်။အဖြေရလာတော့၊ထင်တဲ့အတိုင်းပါပဲ။

Otosclerosis ဟာ အမျိုးသမီးတွေမှာအမျိုးသားတွေထက်နှစ်ဆလောက်ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်တာ၊သွေးဆုံးတာတွေကြောင့်ပိုဆိုးလာနိုင်ပါတယ်။

ရောဂါလက္ခဏာများ
၁။နားအကြားလျော့ခြင်း
အသံလှိုင်းသယ်ဆောင်တဲ့လမ်းကြောင်းမှာရောဂါဖြစ်နေတာမို့နားအကြားလျော့ပါတယ်။ဘေးနားမှာ ဆူနေမှ ပိုကြားတာမျိုးလည်း တွေ့ရပ်တယ်။

၂။နားထဲတွင် အသံများကြားနေခြင်း
လူနာတွေရဲ့(၇၅)ရာခိုင်နှုန်းလောက် တွေ့ရတယ်။

၃။ချာချာလည်မူးခြင်း
သိပ်အဆိုးကြီးမဟုတ်ဘူး။အကြာကြီးလည်းမဖြစ်ဘူး။ခဏလောက်ပါပဲ။နားကိုစမ်းသပ်ကြည့်ရင် လူနာတွေရဲ့(၁၀)ရာခိုင်နှုန်းလောက်အလယ်နားထဲကသွေးကြောတွေထောင်နေလို့ အပြင်ကကြည့်ရင်နားစည်မှာပန်းရောင်သန်းနေတာကိုတွေ့ရတယ်။Shwartz'sSignလို့ခေါ်တယ်။

စမ်းသပ်ချက်များ
အရေးကြီးတဲ့ စမ်းသပ်ချက်ကတော့ နားကိုစက်နဲ့စမ်းတာပါ။အဲဒီလိုစမ်းတဲ့အခါ လေလမ်းကြောင်းက သွားတဲ့အသံကိုသိပ်မကြားရဘဲ အရိုးကနေသွားတာကို 2KHzကလွဲလို့ကောင်းကောင်းကြားတယ်။အဲဒီနေရာမှာအကြားလျော့သွားတာကိုတွေ့ရင် ဒီရောဂါလို့ သတ်မှတ်ကြတယ်။

ကုသနည်းများ
၁။ဆိုဒီယမ်ဖလူအိုရိုက် - ပေးမယ်၊မပေးဘူးနဲ့ငြင်းနေတုန်းပါပဲ။
၂။နားကြားကိရိယာ -ခွဲစိတ်စရာမလိုဘဲ ချက်ချင်းကြားသွားတာပေါ့။တချို့ကတော့ သိပ်မတပ်ချင်ဘူး။လှချင်တာကိုး။အခုတော့သိပ်မသိသာတဲ့ နားကြားကိရိယာတွေ ရှိနေပါပြီ။
၃။ခွဲစိတ်ခြင်း(Stapedectomy) - ခိုင်နေတဲ့အရိုးStapes ကိုဖြုတ်ပြီး အစားထိုးပစ္စည်း ထည့်တာပါ။မခွဲခင်မှာခွဲစိတ်တာနဲ့ပတ်သက်တာအားလုံးရှင်းပြရပါမယ်။Counselling ကောင်းကောင်းလုပ်ရပါမယ်။ခွဲစိတ်ပြီး ညွှန်ကြားချက်တွေကလည်း အ​ရေးကြီးပါတယ်။
ဒီခွဲစိတ်ခြင်းဟာလည်း တခြားခွဲစိတ်တာတွေလိုပဲ နောက်ဆက်တွဲ ပြဿနာတွေ ရှိနိုင်ပါတယ်။နားစည်ပေါက်သွားတာ၊အာရုံကြောထိခိုက်တာ၊အတွင်းနားထိခိုက်တာ၊အစားထိုးပစ္စည်း ပြုတ်ထွက်တာ စတာတွေပေါ့။

အတွင်းနားသို့ရောက်ရှိခြင်း(Cochlear Otosclerosis)
ရောဂါဖြစ်တဲ့ဖြစ်စဥ်မှာ၊Cochleaလိုခေါ်တဲ့အကြားအာရုံနဲ့ဆိုင်တဲ့အတွင်းနားအထိရောက်လာနိုင်ပါတယ်။အမေ၊အမ၊ညီမစတဲ့မိသားစုဝင်တစ်ယောက်ယောက်မှာဒီရောဂါရှိတဲ့သူမှာ ပိုဖြစ်တက်တယ်လို့ဆိုပါတယ်။
ကျမသူငယ်ချင်းရဲ့ မဟေသီလေးကတော့ နားကြားကိရိယာအကောင်းစားလေးတပ်​ပြီးပြန်သွားပါတယ်။

နားကျန်းမာရေးပညာပေးစာစောင် ရေးသားသူ
ပါမောက္ခ ဒေါက်တာ ဒေါ်ခင်လှလှ(အနာဂတ်အတွက် သောတရောင်နီ စာစုများ)

ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း ရန်ကုန်
အမှတ် ၆၇၂/A ၄/၆ ဗြဟ္မစိုရ် တောင်ဥက္ကလာ
ဖုံးနံပါတ် 09880142268. 09880142269

ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း
မန္တလေး
၆၉လမ်း ၄၁-၄၂ကြား
မဟာမြိုင်(၁) အပိုင်း (၉)မဟာအောင်မြေမြို့နယ်
09885038850 09759291608
ညနေ ၄ နာရီ မှ ၅.၃၀

‼️ကင်ဆာအကြောင်း သိကောင်းစရာ ‼️ ကင်ဆာရောဂါသည် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးတွင် ဖြစ်ပွားနိုင်သည့် ရောဂါအုပ်စုတစ်ခုဖြစ်ပါသ...
03/01/2024

‼️ကင်ဆာအကြောင်း သိကောင်းစရာ ‼️

ကင်ဆာရောဂါသည် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးတွင် ဖြစ်ပွားနိုင်သည့် ရောဂါအုပ်စုတစ်ခုဖြစ်ပါသည်။ ၎င်းတို့အားလုံးတွင် တူညီသောလက္ခဏာတစ်ခုမှာ ပုံမှန်ကလာပ်စည်းများ အထိန်းအကွပ်မဲ့ပွားများကာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပြန့်ပွားသွားခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် သေဆုံးမှုအများဆုံးဖြစ်စေသောအကြောင်းများတွင် ကင်ဆာရောဂါမှာ ဒုတိယလိုက်၏။ သို့သော် လွန်ခဲ့သောအနှစ် ၂၀ အချိန်နှင့်နှိုင်းယှဉ်ပါလျှင် သေဆုံးမှုနှုန်းမှာ လျှော့ကျသွားပြီဖြစ်သည်။ ကင်ဆာရောဂါဖြစ်ပွားမှုကို ဖြစ်စအချိန်တွင်တွေ့ရှိပြီး ခေတ်မီကုသနည်းများနှင့် ကုသမှုကြောင့် အသေအပျောက်နည်းသွားခြင်းဖြစ်သည်။ ရောဂါစူးစမ်းလေ့လာမှုများမှတွေ့ရှိသည်မှာ ကင်ဆာဖြစ်စေနိုင်သည့် နေထိုင်စားသောက်မှု အလေ့အကျင့်များကို ရှောင်ကြဉ်၍၊ ကောင်းသော အလေ့အကျင့်များကို လိုက်နာကျင့်သုံးခြင်းအားဖြင့်၊ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါသည်။

သာမန်ကလာပ်စည်းများသည် စနစ်တကျပွားခြင်း၊ သတ်မှတ်သည့်အချိန်တွင် ပွားများမှုရပ်တန့်ခြင်းတို့ရှိသော်လည်း ကင်ဆာကလပ်စည်းများတွင် ထိုသဘာဝညွှန်ကြားထိန်းချုပ်မှုများ မရှိတော့ပါ။ သာမန်ကလာပ်စည်းများသည် သက်ဆိုင်ရာအင်္ဂါအစိတ်အပိုင်းတွင်သာ တည်ရှိသော်လည်း၊ ကင်ဆာကလာပ်စည်းများသည် လျှင်မြန်စွာပွားများပြီး၊ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားတတ်ပါသည်။

🔸️ကင်ဆာရောဂါစတင်ဖြစ်ပေါ်ပုံ

ဗီဇကလာပ်စည်းများ မျိုးကွဲတစ်ခုအသစ်ဖြစ်ပေါ်စေခြင်းကြောင့် ကင်ဆာစတင်ဖြစ်ပေါ်စေပါသည်။ ကင်ဆာကလာပ်စည်းများသည် သာမန်မဟုတ်သော လျင်မြန်စွာမျိုးပွားခြင်းမျိုးဖြင့်ပွား၍ ကလာပ်စည်းအစုအဝေး၊ အဖုအကျိတ်တို့ဖြစ်ပေါ်စေပြီး သားငန်ရည်အကြောများမှတဆင့် ခန္ဓာကိုယ်၏အခြားနေရာများသို့ ပြန့်ပွားသွားစေပါသည်။ ဥပမာ ရင်သားကင်ဆာမှ အဆုတ်သို့ပြန့်သွားခြင်း။ ပုံမှန်ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်သောသွေးဥများ အဆမတန်ပွားများ၍ သွေးကင်ဆာဖြစ်ခြင်း။

🔸️ကင်ဆာရောဂါဖြစ်ပွားမှု အတိုင်းအတာ

အမေရိကန်နိုင်ငံကင်ဆာရောဂါအသင်း၏ထုတ်ပြန်ချက်အရ၊ ယောက်ျား (၂)ဦးတွင် (၁)ဦး၊ မိန်းမ (၃)ဦးတွင် (၁)ဦးတို့သည် ၎င်းတို့သက်တမ်းတွင် ကင်ဆာရောဂါဖြစ်နိုင်ခြေရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ကင်ဆာရောဂါဖြစ်ပွားသူ ၁၆.၉ သန်းရှိခဲ့ပါသည်။ ၎င်းတို့အထဲတွင် အဖြစ်အများဆုံး ကင်ဆာများမှာ -
• အမျိုးသမီးများတွင်ဖြစ်သော ရင်သားကင်ဆာမှာ ပထမအဖြစ်အများဆုံးဖြစ်သည်။ ကျားရင်သားကင်ဆာမှာ ၁ % သာရှိပါသည်။
• အဆုတ်ကင်ဆာမှာ ဒုတိယအဖြစ်အများဆုံးဖြစ်၍၊ အမျိုးအစား နှစ်မျိုးရှိခွဲခြားထားပါသည်။
• ကျား ဆီးကျိတ်ကင်ဆာ၊ ကျား ၉ ဦးတွင် ၁ ဦးဖြစ်နိုင်ခြေရှိသည်။
• အူမကြီးနှင့် ဝမ်း/မစင်အိမ် ကင်ဆာ
• သွေးကင်ဆာ၊ သွေးဖြူဥနှင့် သားငန်ရည်အကျိတ်ကင်ဆာများ

🔸️ကင်ဆာရောဂါဖြစ်နိုင်ခြေရှိသူများ

• သက်ရှိသတ္တဝါအားလုံး ကင်ဆာရောဂါဖြစ်နိုင်သည်။ သို့သော် မျိုးရိုး၊ ကျားမ တို့အပေါ်မူတည်၍ဖြစ်သည်။ အမျိုးသားများမှာ အမျိုးသမီးများထက် ပိုအဖြစ်များသည်။
• လူမည်းအမျိုးသားများမှာ အခြားမျိုးနွယ်များထက်ပိုအဖြစ်များသည်။
• အမေရိကန်ဒေသခံလူနီရိုင်းများနှင့် အလက်စကားဒေသမှအမျိုးသမီးများတွင် ပိုအဖြစ်များသည်။


🔸️ကင်ဆာရောဂါလက္ခဏာများနှင့် ကင်ဆာဖြစ်စေသည့် အကြောင်းရင်းများ

ကင်ဆာရောဂါသည် ရှုပ်ထွေးသောရောဂါတစ်ခုဖြစ်ပါသည်။ ကင်ဆာရောဂါမှာ နှစ်ပေါင်းများစွာဖြစ်နေသော်လည်း လက္ခဏာမပြဘဲရှိနေနိုင်သည်။ ထိုကဲ့သို့ လက္ခဏာမပြဘဲ ငုတ်လျှိုးနေသော ကင်ဆာရောဂါများမှာ - ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အမျိုးသမီး မျိုးဥအိတ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ (pancreatic cancer)၊ အူမကြီးနှင့်ဝမ်းအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာတို့ ဖြစ်ပါသည်။ ၎င်းတို့ကို စတင်ဖြစ်ချိန်တွင် တွေ့ရှိနိုင်ရန် ပုံမှန်ကျန်းမာရေးဆေးစစ်ခြင်းကို ပြုသင့်ပါသည်။

တစ်ခါတစ်ရံ သိသာမြင်သာသောကင်ဆာရောဂါလက္ခဏာများပြပြီးနောက် အလွန်လျှင်မြန်စွာ ရောဂါအခြေအနေဆိုးရွာသွားစေပါသည်။ များသောအားဖြင့်ကင်ဆာရောဂါလက္ခဏာများသည် အခြားသာမန်ရောဂါများ၏ လက္ခဏာများနှင့်တူနေတတ်ရာ၊ လက္ခဏာအချို့ပြရုံဖြင့် ကင်ဆာဖြစ်နေပြီဟု မပြောနိုင်ပါ။ ထို့ကြောင့် နှစ်ပတ်ထက်ပိုကြာသော ရောဂါလက္ခဏာတစ်ခုပေါ်လာပါက တတ်ကျွမ်းသောဆေးဘက်ဆိုင်ရာနှင့် ပြသဆွေးနွေးရပါမည်။

မူရင်း Dr. Aung Ko 👨🏻‍⚕️
မှီငြမ်းမှု What is Cancer? Symptoms, Signs, Types & Causes, Cleveland Clinic

📍နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာ ရောဂါဝေဒနါ အလုံး​စုံကို ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်းတွင် ဆရာဝန်ကြီးများနှင့် လာရောက်ဆွေးနွေးပြသနိုင်ပါသည်ရှင့်။

လိပ်စာ - အမှတ်(၆၇၂/က) ဗြဟ္မစိုရ်လမ်း၊ (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်း - 09 880142268, 09 880142269 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လိပ်စာ - ၆၉လမ်း၊ ၄၁-၄၂လမ်း ကြား ၊ မဟာမြိုင် ၁၊ အပိုင်း ၉ ၊ မဟာအောင်မြေ မြို့နယ်၊ မန္တလေးမြို့။
☎️ဖုန်း- 09885038850/ 09759291608 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လူနာတယောက် ဆေးခန်းလာပြပါတယ် နှာခေါင်းတွေ အမြဲပိတ်ပိတ်နေလို့ပါ ဒါနဲ့ ကျွန်မ  တစ်ခုခု ပိတ်ဆို့နေလို့ပဲထင်ပြီး သေချာအောင် မ...
15/11/2023

လူနာတယောက် ဆေးခန်းလာပြပါတယ် နှာခေါင်းတွေ အမြဲပိတ်ပိတ်နေလို့ပါ ဒါနဲ့ ကျွန်မ တစ်ခုခု ပိတ်ဆို့နေလို့ပဲထင်ပြီး သေချာအောင် မှန်ပြောင်းကောက်ကြည့်လိုက်တယ် ပုံမှာ ပြထားတဲ့အတိုင်းတွေ့ပါတယ်
ဒါကဘာလဲဆိုတော့ တကယ် ပိတ်ဆို့တဲ့အရာကဘာမှ မရှိပါဘူး ဒိုးရိုပေါက် ပွင့်နေပါတယ် နှာခေါင်းရဲ့ အတွင်းဘက်နံရံတွေအားလုံးက ရှုံတွ ပိန်ခြောက်ကပ်နေတယ် နားလည်အောင်ပြောပြရမယ်ဆို ရှိသင့်ရှိထိုက်တဲ့ အရည် တင်းတင်းရင်းရင်း မရှိတော့ပါဘူး အပေါယံအလွှာပျက်ဆီးနေပါပြီ ဒါနဲ့ သေချာမေးကြည့်တယ် ထင်တဲ့အတိုင်း ဆေးရွက်ခြောက်တွေ ခဏခဏထည့်ရှုတယ် လက်လည်း မကြာခဏ နှိုက်တယ် ကြာတော့ ဒဏ်ဖြစ်သွားတယ်ထင်တယ် လက်ဆိပ်က ပြင်းပါတယ် မြင်တဲ့အတိုင်းဒိုးရိုပေါက်ပွင့်နေသောလည်းပိတ်နေတာ ကို ခံစားရတော့တာဖြစ်ပါတယ် ဒါကြောင့် နှာခေါင်းကျန်းမာရေး အတွက် အကြံပေးချင်တာက မနှိုက်ပါနဲ့ မကိုင်ပါနဲ့ မထိပါနဲ့ မတို့ပါနဲ့ ယားရင် ရေနဲ့ ဆေးပါ အဝတ်သန့်သန် ပဝါသန့်သန့် တဘက်သန့်သန့်နဲ့ သုတ်ပါ သန့်တာမရှိရင် မသုတ်ပါနဲ့ လေနဲ့ပဲ ရိုးရိုး အခြောက်ခံလိုက်ပါ
နှာခေါင်းရောဂါများမှ ကင်းစင်ကြပါစေ

ပါမောက္ခဒေါက်တာယဉ်ယဉ်ထွေး
နားနှာခေါင်းလည်ချောင်းအထူးကု ဆရာဝန်ကြီး

ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း ရန်ကုန်
အမှတ် ၆၇၂/A ၄/၆ ဗြဟ္မစိုရ် တောင်ဥက္ကလာ
ဖုံးနံပါတ် 09880142268. 09880142269
မနက််၈နာရီမှ ည ၇နာရီ

ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း မန္တလေး မိန်းရှေ့ဘက်။ ၆၉လမ်း ၄၀-၄၂ကြား
မဟာမြိုင်(၁)မဟာအောင်မြေမြို့နယ်
09885038850 09771715685
ညနေ ၄ မှ ၆နာရီ ထိ
မနက်ပိုင်း ဖုံးဆက်ဘိုကင်ယူရပါသည် (ခွဲခန်းရှိလျင် မထိုင်သောကြောင့်ပါ)

ကောင်းဆုဆေးခန်းမှ ဆုတောင်း မေတ္တာပို့သပါသည်။ 🙏🙏🙏
29/10/2023

ကောင်းဆုဆေးခန်းမှ ဆုတောင်း မေတ္တာပို့သပါသည်။ 🙏🙏🙏

21/10/2023

🧑🏻‍⚕️စောစောစီးစီး ရောဂါသိအောင်လုပ်ပါ တစ်ဆို့ဆို့ဖြစ်ခြင်းနှင့်စတဲ့ရောဂါ အစာရေမျိုထိပ်ပိုင်းကင်ဆာပါ

🔺️ ကင်ဆာဆိုသည်မှာ လူ့ခန္ဓာကိုယ် အတွင်းဆဲလ်များ လိုအပ်သည် ထက် ပိုပြီးပွားများ လာခြင်းဖြစ်ပါတယ်။ အစာရေမျိုပြွန်ထိပ်ပိုင်းမှာ လည်ချောင်းမှသည် အစာရေမျိုပြွန် အစပိုင်းအထိပါ၀င်ပါတယ်။ အစာရေမျိုပြွန်ဟာ အစာစားလိုက်တဲ့အချိန်မှာ အစာကို အစာအိမ်အတွင်းသို့ရောက်ရှိအောင် ကူညီသယ်ယူ ပို့ဆောင်ပေးတဲ့ ပြွန်လမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ အစာရေမြိုပြွန်ထိပ်ပိုင်း ကင်ဆာဆိုသည် အကြမ်းအားဖြင့် အစာရေမျိုပြွန်မစခင် အတွင်းတစ်လျှောက်တွင် မြစ်ပွားနာဖြစ်ပွားခြင်း သို့မဟုတ် အလုံး အကြိတ်ဖြစ်ပွားခြင်းဖြစ်ပါတယ်။ အမျိုးသားများမှာ ပိုမိုဖြစ်ပွားပါတယ်။ နိုင်ငံတကာမှာ ဖြစ်ပွါးမှုနှုန်းကို ဖော်ပြထားတာကတော့ လူတစ်သိန်းမှာ တစ်ယောက်ဖြစ်ပါတယ်။
ဖြစ်ပွားမှုနှုန်းကတော့ နေရာဒေသ၊ အနေအထိုင် အစားအသောက်၊ ဆေးလိပ်၊ ကွမ်း၊ ဆေးရွက်ကြီး၊ အရက်၊ အ၀လွန်ခြင်း စတဲ့အချက်တွေပေါ်မူတည်နေပါတယ်။

🔺️ ရောဂါလက္ခဏာများမှာ အစာမျိုရန်ခက်ခဲခြင်း၊ ကိုယ်အလေးချိန်ကျခြင်း ၊ လည်ပင်းထဲတစ်ဆို့ဆို့ဖြစ်ခြင်း ရင်ဘတ်အောင့်ခြင်း ရင်ပူခြင်း ချောင်းဆိုးခြင်း၊ အသံ၀င်ခြင်း၊ အသံပြောင်းလဲခြင်း၊ လည်ပင်း အကျိပ်ထွက်လာခြင်း၊ နားကိုက်ခြင်း စတဲ့ လက္ခဏာများဖြစ်ပါတယ်။ ဘယ်အချိန် ဆရာ၀န်ပြသသင့်လဲဆိုတာကတော့အထက်ပါရောဂါလက္ခဏာတွေတွေ့ကြုံနေပြီဆိုရင် ဆရာ၀န်နှင့် ပြသ ဆွေးနွေးရန်လိုအပ်ပါတယ်။ ရောဂါဖြစ်နိုင်ခြေတွေ ကိုလဲရှာဖွေဖော်ထုတ် ကုသဖို့လိုပါတယ်။

‼️ဖြစ်နိုင်ခြေတွေကတော့ ဆေးလိပ်အရက်သောက်တာ အစာအိမ်ထဲမှအစာခြေရေ နောက်ပြန်စီးဆင်း၍ လည်ချောင်းထဲပြန်တက်တာမျိုးဖြစ်လာတာ၊ အစာရေမျိုပြွန်နံရံပြောင်းလဲလာတာ၊ညအလွန်ပူစပ်တဲ့အစားအသောက်တွေသောက်တာ၊ သွေးအားနည်းနေခြင်းနှင့် အသီးအရွက် လုံလုံလောက်လောက်မစားတာ၊ ရင်ဘတ်၊ ၀မ်းဗိုက်ရောဂါ တခုခုကြောင့် ဓာတ် ရောင်ခြည် ကုသမှုခံယူခဲ့တာတွေ အစာရေမျိုပြွန်ကင်ဆာ ဖြစ်ပွားနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။

✅️ ရောဂါရှာဖွေကုသရာမှာတော့ လူနာရောဂါအခြေအနေပေါ်မှာ မူတည်ပါတယ်။အစာရေမျိုပြွန်ကို မှန်ပြောင်းကြည့်ခြင်း အစာရေမျိုပြွန်အတွင်း Barium ခေါ် ဆေးရည်တစ်မျိုး မျိုပြီး ဓာတ်မှန် ရိုက်တာ၊ ကွန်ပျူတာဓာတ်မှန်ရိုက်တာ၊ တီဗွီဓာတ်မှန်ရိုက်တာ၊ အစာရေမျိုပြွန်ကနေ အသားစယူတာ စတာ တွေနဲ့ ရောဂါရှာဖွေလို့ ရပါတယ်။

✅️ ကုသရာမှာတော့ ခွဲစိတ်ကုသမှုကတော့ ရောဂါဖြစ်ပွားမှု အစောပိုင်း အဆင့်ဆို ခွဲစိတ်ကုသလို့ရပါတယ်။ ခွဲစိတ်တဲ့နည်းကတော့ အစာရေမျိုပြွန် အတွင်းမှာရှိတဲ့ ကင်ဆာတစ်ရှူးတွေကိုခွဲစိတ်ဖယ်ရှားပြစ်လိုက်တာဘဲဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုနှင့်လည်း ကုသလို့ရပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးပေးပြီး အစာရေမျိုပြွန်အတွင်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်ခြင်းဖြစ်ပါတယ်။ ကင်ဆာဆေးတွေသွင်းပြီး ကုသလို့လဲရပါသေးတယ်။ အစာရေမျိုတွင် အထက်ပါ ရောဂါဝေဒနာများ ခံစားရပါက ကောင်းဆုနားနှာခေါင်းလည်ချောင်းဆေးခန်းတွင် နားနှာခေါင်းလည်ချောင်းဆရာဝန်ကြီးများနှင့် လာရောက်ဆွေးနွေးကုသနိုင်ပါသည်ရှင့်။

ရန်ကုန်📍

လိပ်စာ - အမှတ်(၆၇၂/က) ဗြဟ္မစိုရ်လမ်း၊ (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်း - 09 880142268, 09 880142269

မန္တလေး📍

လိပ်စာ - ၆၉လမ်း၊ ၄၁-၄၂လမ်း ကြား ၊ မဟာမြိုင် ၁၊ အပိုင်း ၉ ၊ မဟာအောင်မြေ မြို့နယ်၊ မန္တလေးမြို့။
☎️ဖုန်း- 09885038850/ 09771715685 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင်။

ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း မိသားစု၏ အလှု ဝေသာလီ မဟာဂန္ဓာရုံကျောင်းတိုက်ချမ်းမြသာယာရပ်ကွက်ပြည်ကြီးတံခွန်မြို့...
30/07/2023

ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း မိသားစု၏ အလှု

ဝေသာလီ မဟာဂန္ဓာရုံကျောင်းတိုက်
ချမ်းမြသာယာရပ်ကွက်
ပြည်ကြီးတံခွန်မြို့နယ်
မန္တလေးမြို့

မြန်မာနှစ်သစ်ကူးပိတ်ရက် (၁၃.၄.၂၃) မှ (၁၈.၄.၂၃) ထိ ဆေးခန်းကို ခေတ္တ ပိတ်ထားမည့်အကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင်။ ၁၉....
10/04/2023

မြန်မာနှစ်သစ်ကူးပိတ်ရက် (၁၃.၄.၂၃) မှ (၁၈.၄.၂၃) ထိ ဆေးခန်းကို ခေတ္တ ပိတ်ထားမည့်အကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင်။ ၁၉.၄.၂၃ တွင် ဆေးခန်းကို ပြန်လည်ဖွင့်လှစ်ပါမည်ရှင်။
ပျော်ရွှင် ချမ်းမြေ့ဖွယ်ရာ နှစ်သစ်ကူး အချိန်အခါလေး ဖြစ်ပါစေကြောင်း ကောင်းဆုနားနှာခေါင်းလည်ချောင်း ဆေးခန်းမှ ဆု​မွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

Address

No. (672/A), ByaMaSo Street, Ward 4, South Oakkalapa Township
Yangon
11091

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959880142268

Website

Alerts

Be the first to know and let us send you an email when ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကောင်းဆု နားနှာခေါင်းလည်ချောင်းဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category