17/08/2022
Specialist Opinion ဒီမှာ ရယူပါ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
“Pediatric Specialist Advice Support” Page နဲ့ Telegram channel ဟာ ကလေးအထူးကုဆရာဝန် မရှိတဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသ၊ စစ်ဘေးရှောင်ဒေသများ၊ သွားရေးလာရေး ခက်ခဲတဲ့ ဒေသများမှာ ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြတဲ့၊ ပြည်သူ့ဘက်မှ ရပ်တည်နေကြတဲ့ ကျန်းမာရေးနယ်ပယ်မှ ဆရာဝန်၊ သူနာပြုတွေအတွက် ရည်ရွယ်ပြီး စတင်ခဲ့ခြင်းဖြစ်ပါတယ်။
💢 ဒီ Telegram channel - https://t.me/pediatric_specialist_advice
မှတဆင့် ကလေးကျန်းမာရေးအတွက် Specialist opinion လိုအပ်လာရင် ၂၄ နာရီ အချိန်မရွေး အကြံဉာဏ်တောင်းယူနိုင်ပြီး Spring Doctors for Children မှ ကလေးအထူးကုဆရာဝန်များက အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် ဝန်ဆောင်ခပေးစရာမလိုဘဲ အခမဲ့ အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသောကလေး၏ အောက်ဖော်ပြပါအချက်အလက်များကို ပေးပို့မေးမြန်းစေလိုပါတယ်။
▶️ Patient ID - Age, S*x, Body weight
▶️ Current problem
▶️ Relevant physical examination findings
▶️ Relevant Pictures or videos
▶️ Already done Investigations
▶️ Current Treatment (if possible, please mention dosage given)
▶️ Relevant Past Medical history, Birth history, Development history, Immunization history
▶️ Relevant Family and Social history
▶️ Your Concern about patient's condition to consult
▶️ Referral township if possible
✅ ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြုစေမယ့် သတင်းစကားများကို FB page နဲ့ Telegram Channel ကတဆင့် စဉ်ဆက်မပြတ်တင်ပေးသွားမှာဖြစ်တာမို့ “Pediatric Specialist Advice Support” Page ကို Like & Follow လုပ်ထားဖို့နဲ့ Telegram channel - https://t.me/+mQL06ZkhIrIxZGY9
ကို subscribe လုပ်ပေးထားဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။
🔺🔺🔺 ဤဝန်ဆောင်မှုသည် ကျန်းမာရေးဝန်ထမ်းမဟုတ်သူများအတွက် မဟုတ်ပါ။
✅ မိဘများအနေနဲ့ ကလေးကျန်းမာပြဿနာများမေးမြန်းလိုပါ “Spring Doctors for Children” Page မှာ Teleconsultation ရယူနိုင်ပါတယ်။ ဒီစာမျက်နှာမှာ မေးမြန်းလို့မရပါရှင်။