Tarot By Karrot

Tarot By Karrot Tarot by Karrot is a divination compass that guides your journey through life, both spiritually and practically.

Consequently, it should help you take control of your better life and give clarity to make lucid decisions. Karrot's readings may help you understand what you need to know about a particular situation. The cards might not reveal what will happen, but instead, allow you to gain wisdom and guidance of a situation and determine the best course of action based on your current path at the time of the reading. Karrot's readings is not intended to answer specific yes or no questions or make decisions for you but will guide you to make the right decision yourself. To get the most out of the tarot sessions, you need to have an open mind, come prepared and avoid lying.

25/03/2026

March is a time to remember the dogs who changed our lives forever. Their love, loyalty, and presence left marks that never fade. Even though they’re no longer beside us, they are never truly gone. They live on in every memory we hold close.

Happy Monday to you all 😊အုအု လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကပုံလေး
23/03/2026

Happy Monday to you all 😊

အုအု လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကပုံလေး

21/03/2026

မျှဝေချင်တာလေးတွေရှိလို့ ဒီLiveလေးကနေပြောခဲ့ပါတယ်

ဟောတာပါပေမဲ့ ဟောတာက ဒီLive က ကျွန်မပြောတဲ့အကြောင်းရာတွေကို နားထောင်ခဲ့တဲ့ Collectiveအတွက်သီးသန့်ပါ

Collectiveအားလုံးအတွက်မဟုတ်ပါဘူး

လွတ်လပ်စွာ Share နိူင်ပါတယ်

Live တစ်ခုလုံးသော်လည်းကောင်း၊ တစိတ်တပိုင်းသော်လည်းကောင်း တဆင့်ကူးတင်ခြင်းမပြုလုပ်ဖို့မေတ္တာရပ်ခံပါတယ်ရှင်🙏🙏🙏

ချစ်တဲ့🫶🏽
အုအု🐰🥕

ပုံနှစ်ပုံတင်ပေးလိုက်ပါတယ်Own Creationပါဒီလိုပဲအကြောင်းဖန်တော့ တင်ရပြန်တာပါပဲဒီပို့စ်ကြီးမရွေးချင်ဘူးဆို မရွေးလို့ရပါတယ်...
20/03/2026

ပုံနှစ်ပုံတင်ပေးလိုက်ပါတယ်
Own Creationပါ

ဒီလိုပဲအကြောင်းဖန်တော့ တင်ရပြန်တာပါပဲ

ဒီပို့စ်ကြီးမရွေးချင်ဘူးဆို မရွေးလို့ရပါတယ်

ရွေးချင်စိတ်ဖြစ်တယ်
စိတ်ထဲဘယ်လိုကြီးမှန်းမသိဘူးဆိုရင် ရွေးကိုရွေးချင်တာဆိုရင်
“ ဒီပုံပဲ “
“ ဒီပုံရွေးမှာ “
ဆိုပြီးစိတ်ထဲကဖြစ်သွားတဲ့ပုံကိုရွေးလိုက်ပါ

လူကြိုက်များတဲ့စတိုင်မျိုးရေးထားတာမဟုတ်ပါဘူး
Fairy, Fantasy, Legendary, Entertainment, Visualization တို့ရဲ့အလွန်ကနေရေးထားတာပါ
အကြောင်းတရားတွေကြောင့် အကျိုးတရားအနေနဲ့ တင်ဖြစ်သွားတဲ့ပို့စ်တစ်ခုရယ်ပါပဲ

နက်နက်တွေးရင် ဝေးဝေးမြင်ပါတယ်

ချစ်တဲ့🫶🏽
အုအု🐰🥕

လွတ်လပ်စွာ Share နိုင်ပါတယ်
တဆင့်ကူးတင်ခြင်းသည်းခံပါရှင်

မေးခွန်းလေးတွေမဖြေပါဘူး
တစ်ဦးချင်းမဟောပါဘူးရှင်

20/03/2026

နေ့တစ်နေ့မှာ
လွန်ခဲ့တဲ့တစ်ပတ်အတွင်းဖြစ်လောက်တယ်
ကိုယ်Visionရလေ့ရှိတဲ့ရေချိုးခန်းမှာ
တခုခုကြားရတယ်

လိုအပ်တာပဲရေးတော့မယ်
များကြီးရေးဘူး

March 29,30,31 ပုဗ္ဗဏှသုတ်ပူဇော်လို့အဆင်ပြေရင်ပူဇော်ပါ
အဓိပ္ပါယ်သိပြီးမှပူဇော်တာပိုကောင်းပါတယ်
အချိန်၊ အကြိမ် ကန့်သတ်ချက်မရှိပါ
Facebook, YouTube တို့မှာ ပုဗ္ဗဏှသုတ်ရှာလို့ရပါတယ်

နောက်ပိုင်းကတော့ မိမိတို့သဘောပါ

အဲ့ ၃ ရက်အတွက် အဲဒါလေး ပြောချင်လို့ပါ

၃ ရက်ထဲက တစ်ရက်ပဲဆိုရင်ရောဆို မသိဘူးဖြေမှာ
မြင်တာရေးခဲ့ပြီးပါပြီလို့

Shareလို့ရပါတယ်
Screenshotရိုက်တာ၊ တဆင့်ကူးတင်တာ၊ Share ပြီး ခေါင်းစဉ်နေရာမှာ အကုန်ပြန်ကူးတင်တာလေးမလုပ်ဖို့မေတ္တာရပ်ခံပါတယ်

ကွန်မန့်မှာမေးခွန်းလေးတွေမဖြေပါဘူး
တစ်ဦးချင်းမဟောပါဘူးရှင်

ချစ်တဲ့🫶🏽
အု🐰🥕

လူကဘလိုနေနေဟောရင်ရပြီမလားအစ်မတို့ဆံပင်ဘိုကေနဲ့ စပန့်ပဲဝတ်နိုင်တော့လို့တအားတွေပူဒီပုံထဲကထက်တအားထပ်တိုသွားပြီမတတ်နိုင်ဘူးဘ...
20/03/2026

လူကဘလိုနေနေဟောရင်ရပြီမလားအစ်မတို့
ဆံပင်ဘိုကေနဲ့ စပန့်ပဲဝတ်နိုင်တော့လို့
တအားတွေပူ

ဒီပုံထဲကထက်တအားထပ်တိုသွားပြီ
မတတ်နိုင်ဘူး
ဘယ်လိုနေနေချစ်ဖို့ကောင်းနေလို့တော်သေးတယ်ရယ်

ချစ်တဲ့🫶🏽
အု🐰🥕

17/03/2026
17/03/2026

အလှူမင်္ဂလာပွဲများနှင့် တောင်တက်ခရီးများ မြေပြန့်ခရီးများတွင် တိလေးများအား စီးနင်းခြင်း၊ အသုံးပြုခြင်း၊ ခိုင်းစေခြင်း

လူပုဂ္ဂိုလ််များ စိတ်အပန်းပြေစေရန် တိလေးများကို အဝိုင်းပေါ်တွင်လှိမ့်ခိုင်းခြင်း၊ အမြင့်ခုန်ခိုင်းခြင်း၊ အလှပြအသုံးတော်ခံစေခြင်း

တွားသွားသတ္တဝါ Reptiles များအား သူတို့သဘာဝနေရာတွင််မရှိစေပဲချုပ်နှောင်ထိန်းသိမ်းထားပြီး လက်ခုပ်ဩဘာနှင့်ငွေကြေးရစေရန် ကပြဖျော်ဖြေစေခြင်း တို့အား ဤPage Admin မှလုံးဝအားမပေးပါကြောင်း
ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ တစ်ခုမျှ မရှိပါကြောင်းအသိပေးအပ်ပါတယ်

စာကူးတင်ခြင်း၊ Screenshot ရိုက်ခြင်းခွင့်မပြုပါရှင်

Share ချင် Shareလို့ရပါတယ်

TBK🐰🥕

မင်္ဂလာပါအုအု ဟိုးအရင်ကတော့ အလှူတွေကို Albumမှာ ပုံတင်လေ့ရှိပါတယ်နောက်ပိုင်း အလှူပို့စ်တွေသိပ်မတင်တာက အောက်ပါအချက်တွေကြေ...
09/03/2026

မင်္ဂလာပါ

အုအု ဟိုးအရင်ကတော့ အလှူတွေကို Albumမှာ ပုံတင်လေ့ရှိပါတယ်

နောက်ပိုင်း အလှူပို့စ်တွေသိပ်မတင်တာက အောက်ပါအချက်တွေကြောင့်ပါ

၁) ပုံရိုက်ရတာ၊ ပုံတင်ရတာ၊ ပို့စ်ရေးရတာပျင်းလို့

၂) လှူပြီးပြီးရောပဲထားချင်လို့ ခေါင်းထဲဘာမှမမှတ်ချင်တော့လို့၊ လုပ်စရာတစ်ခုခုကျန်နေရင်စိတ်မလွတ်လပ်လို့

၃) ဘယ်လောက်ပဲ “အကျီ၊ရေမွှေးဝယ်တာ၊ မုန့်စားတာစသည် လုပ်ချင်တာလုပ်မှာနော် “ ဆိုပြီး ပြောပြော လှူပြရင်း ကိုယ့်အတွက်သုံးသလိုများဖြစ်နေလားဆိုတဲ့စိတ်ကြီးဖြစ်တာ မကြိုက်လို့ ( ဒါတောင်နော် ဟိုအရင်ထဲက တည့်ရေးတာ ကြိုက်တာလုပ်မှာဆိုပြီး )
ပရိတ်သတ်အသစ်တွေကဘာရေးနေလဲသိမှာမဟုတ်ဘူး
ဟိုအရင်တုန်းကပရိတ်သတ်ကသိတယ်
ဒီပို့စ်လေးအမြဲဖတ်ရတယ်

အဲတော့ 5.3.24 to 13.2.26 အလှူတွေမှတ်မိသလောက်တင်မယ်ဆုံးဖြတ်လိုက်ပါတယ်
အတော်အီစိမ့်လက်ဝင်တာပါ

အောက်ပါအဆင့်ဆင့်လုပ်ရတယ်

၁)စုဆောင်းထားသမျှ Screenshotတွေကို Albumသီးသန့်လုပ်ပြီးပြောင်းထည့်
ဖုန်းထဲကပုံသောင်းချီထဲက လိုက်ရှာရတာ

၂)စာရွက်မှာချရေး
အဓိကက K Pay Notes နေရာမှာ ကိုယ်ရေးခဲ့တဲ့Notesကိုလက်နဲ့ကူးတာ
တဖက်ကလက်ခံသူအမည်နဲ့ ဖုန်းနံပါတ်နောက်ဆုံးလေးလုံးပါရေးထားတာ ( အဲဒါတော့ပုံမှာမထည့်ဘူး တမင်ဖျက်ထားမှာပါ မထည့်ချင်လို့ )
ကိုယ့်စာအုပ်ထဲပဲမှတ်တမ်းအနေနဲ့ထားမှာ

၃)စာမျက်နှာတစ်ခုစီပုံရိုက်
လက်ခံသူ အမည်နဲ့ဖုန်းနံပါတ် နောက်ဆုံးလေးလုံးကို Eraser နဲ့ဖျက်

၄)စာပြန်ရိုက်တင်
ဒါက ကျွန်မရဲ့လက်တွေညောင်းပြီးစိတ်အရှည်ဆုံးထားရေးတဲ့ ကြောင်ခြစ်လက်ရေးမကြည့်နိုင်သူများအတွက်
စာရိုက်ဖို့က ဖုန်းအလေးကြီးကိုင်ရတာနဲ့လက်မနှစ်ချောင်းညောင်းတာခံရမှာကိုယ်မို့လိုတိုရှင်းပဲရေးမှာ
ဥပမာ
စာရွက်ဓာတ်ပုံမှာ
“ TBKမိသားစုမှ ဘာဖြစ်သွားတဲ့ ဘာလေးအတွက် လိုအပ်သလိုအသုံးပြုနိုင်ရန်လှူပါတယ်ရှင် “ လို့ ကျွန်မရေးထားတယ်ဆိုပါစို့
ဖုန်းနဲ့စာရိုက်ရင်
ရက်စွဲရယ်၊ဘာဖြစ်သွားတဲ့ဘာအတွက် ရယ်၊ ငွေပမာဏရယ် ဒါပဲပါပါမယ်
လိုတိုရှင်းပဲ
ခုတောင်လက်တွေအတော်ညောင်းတာရယ်

နောက်ပိုင်းPageမှာစနစ်တချို့ပြောင်းဖို့ရှိတာမို့ ဒါကတစ်ခေတ်တစ်ခါက အုအုစတိုင်လေးကို ပြန်ခြုံငုံပြတဲ့သဘောပါ

ကုသိုလ်ကို လွတ်လွတ် လှူတယ်ပြီးပြီ ပဲထားချင်လို့
ဘာဆိုဘာမှကို ဗာဟီရတွေမများချင်လို့ပါ

ဒီစာစီရင်းပြောချင်တာက ကျွန်မအလုပ်လုပ်ရင် အလွန်တိကျတာ
အသေးစိတ်Details လိုက်တယ်
တဖက်ကပေါ့ပေါ့လေးစကားပြောတာ လုပ်တာဆိုလည်းကျွန်မစံချိန်မမီရင် စကားများတတ်တယ်
ဒီပို့စ်ကိုကြည့်ရင် ကျွန်မ ဘာလို့တစ်ဦးချင်းဟောတွေလက်မခံသေးလဲသိပါလိမ့်မယ်

ဘယ်သူနဲ့မှ Appointment and Commitment တွေလုပ်ရတာမကြိုက်လို့ပါ
Perfectionistမို့ အသကုန်အသေးစိတ်လိုက်တော့ကျွန်မပင်ပန်းလို့
ကိုယ့်လိုမတိကျပဲပေါ့ပေါ့လေးတွေနဲ့ဆိုဒီပါးစပ်နဲ့တွေ့မစိုးလို့😁
ဟိုးအရင်တုန်းကပရိတ်သတ်က ကျွန်မအကြောင်းအရမ်းသိတာ
ကိုယ်သေချာမှာထားတဲ့အတိုင်းမလုပ်ပဲ လုပ်ချင်တာလုပ်ရင် Live ထဲကလည်းဝုန်းတယ်
ပို့စ်တင်ပြီးလည်းဝုန်းတယ်
Ss တင်ပြီးလည်းဝုန်းတယ်

Old Versionလေးအမှတ်တရပြောတာပါ
ခုက Activeမဖြစ်တာများတယ်Pageမှာ

Anyway
ကျွန်မပုံစံဟောင်းလေးကိုနားလည်ချစ်ခင်ပေးသူအားလုံး၊ ချစ်ခြင်းအားဖြင့် Happy Money တွေပေးခဲ့သူအားလုံး၊ ခုထိ K Pay Numberကြီးမတင်တာကြာတာတောင်သတိတရလွှဲတဲ့ပရိတ်သတ်အန်တီ၊ အစ်ကို၊ အစ်မ၊ မောင်၊ ညီမအားလုံးကို ရင်ထဲကကျေးဇူးတင်ပါတယ်

လွှဲခဲ့သမျှကို မုန့်စား၊ သင်တန်းတက်၊ အလှူ စသည် အကုန်ဘက်ပေါင်းစုံကသုံးခဲ့ပါတယ်
တိကယ်တာက ဟိုးအရင်ထဲကပါ
ဒါပေမဲ့ အဲ့ဒီပို့စ်လေးတွေပြရင်း တလက်စထဲ Thank you TBK Family ဆိုပြီး K Payပါပြတဲ့ကိုယ့်စိတ်ကိုယ်မကြိုက်တာ
Charity Ego Awareness ဖြစ်သွားတာ
ကုသိုလ်အကြောင်းပြုပြီး ပါးပါးလေး ငွေမျှော်တဲ့စိတ်ကိုတွေ့လိုက်ရတာ
ကုသိုလ်အကြောင်းပြုရာကနေ ကုသိုလ်ဗန်းပြပြီးဆိုတဲ့ လောဘဇောတိုက်ချမသွားမီမှာ ကျွန်မဘရိတ်အုပ်လိုက်နိုင်တာ တော်သေး

Happy Money ရဖို့လှူလိုက် လှူတဲ့ပို့စ်တင်လိုက် လှူတာပြလိုက်ဖြစ်နေတာကြီးမျိုးကိုယ့်စိတ်ကိုလည်းကိုယ်မြင်ရတယ်
မကြိုက်ဘူး
ဒါကြောင့် အပြတ်ဖြတ်ချလိုက်တော့တာ
ဒီလိုတည့်တိုးမပြောရင်အုအုမဟုတ်ဘူးလေနော့
စိတ်ကလေးက လုပ်ချင်တာလုပ်မှာနော်လို့ ဘယ်လောက်ပဲကျားကန်ပြောထားထား ကိုယ့်လောဘကိုယ်မသိပဲနေမလားလေ
ကိုယ့်စိတ်ကိုယ်စစ်ဆိုတာ တရားဆရာရင်း ကျေးဇူးတော်ရှင်သဲအင်းဂူဆရာတော်ကြီး ဆုံးမစကားပါ

အုအုဆိုတာကြီးဖြူစင်တဲ့ယုန်ကလေးလို့လူသိခံတာထက် အုအုမှာလည်းဒီလိုစိတ်တွေရှိပါတယ်လို့ကိုယ့်စိတ်ကိုယ်မညှာတမ်းမညာတမ်းစစ်ရင်း အသိပေးခဲ့တာပါ

ဘဝကတိုတိုလေး
ဘယ်အချိန်ကျွန်မနောက်ဆုံးအချိန်လည်းမသိပါဘူး
ပရိတ်သတ်ကိုလက်တစ်လုံးခြားလေးလုပ်တာက နောက်ဆုံးအချိန်မှာ ကျွန်မစိတ်မှာကုက္ကုစ္စဖြစ်ရင်သွားပြီပဲ ကျွန်မစွဲစိတ်နဲ့ ဘဝကူးကောင်းမှာမဟုတ်ဘူးရယ်
ဒါကြောင့်သတိထားမိကြမှာပါ
ကျွန်မနောက်ပိုင်း မတင်တော့တာလှူတာတွေ
တခါတလေတင်ရင်တောင် ကျွန်မK Payကို ကျွန်မလှူတဲ့ ကယ်တဲ့ပို့စ်တွေမှာတွဲမတင်ပါဘူး
တိဗန်းပြပြီးစားသူမဟုတ်ပေမဲ့ လိပ်ပြာဟာ ၁၀၀%သန့်မနေလို့ရပ်ချလိုက်တဲ့အပြင် ဒီလိုအရာတွေပရိတ်သတ်ကိုထုတ်ပြောတာ ကိုယ့်စိတ်ကိုယ်စစ်စေချင်လို့ပါ

လူဆိုတာကိုယ့်Shadowကိုယ်ပြောရတာခက်တယ်
ကျွန်မရှေ့ကနေအပီပြောပြတယ်ဆိုတာ မလုပ်ရဲသူ၊ မစစ်ရဲသူ၊ လုပ်ရခက်သူတွေကို ကျွန်မလူသိရှင်ကြားလုပ်ကြောင်းအလုပ်နဲ့သက်သေပြတာ
ရှေ့ကနေထွက်ချပြလိုက်တာ အေးရော
အဲဒါဟာအလွန်ကိုနေရတာအဆင်ပြေတာ
ပရိတ်သတ်ကို တကယ်တန်ဖိုးထားတာလည်းပါသလို ကျွန်မစိတ်ကျွန်မလျှော်ဖွပ်တာလဲပါပါတယ်

ကျွန်မအသိပေးရမည့်သူရှိရင်အသိပေးတာ တောင်းပန်ရမည့်သူရှိရင်တောင်းပန်တာက ကျွန်မအနေနဲ့ မိမိကိုယ်ကိုဂုဏ်အယူဆုံးအလုပ်ပါပဲ
သူတပါးကိုမလွှဲချ မထိုးချပဲ၊ မိမိကိုယ်မိမိပြန်မလှည့်စားပဲ၊ မိမိအပြစ်မိမိရင်မဆိုင်ရဲလို့ ရှောင်တာမျိုးမလုပ်ပဲ ကိုယ့်စိတ်ကိုယ်ပြန် ဇကာတိုက်ချပလိုက်တာပါ အေးရော

ပြောရရင်လေ မိတ်ဆွေတို့ကို ဒီလိုပို့စ်တွေဖတ်စေချင်တာ၊ ဟိုလို ဟောကိန်းတွေက ဝါသနာ entertainment
ဟိုဟာတွေက တစ်ခဏတာအမောပြေပဲ
ဒီလိုပို့စ်က ကျွန်မ ကုန်ကြမ်းအဖြစ်သုံးပြီး Talk တစ်ခုလုပ်လို့ရတယ်
Entrance Fees နဲ့ Zoomပွဲလုပ်လိုက်လို့ရတယ်
လူစိတ်ဝင်စားအောင်ရှယ်ခေါင်းစဉ်တပ်ချလိုက်ပြီး Course တစ်ခုဖန်တီးလိုက်လို့ရတယ်
မလုပ်တာ
လက်ညောင်းခံပြီးပွဲတစ်ခုစာရေးတာ
ကျွန်မစေတနာကိုတကယ်မြင်တယ်ဆိုတဲ့ ကွန်မန့်တွေဖတ်ရတာ ဘဝမှာအရမ်းပီတိဖြစ်တာ
ကိုယ့်စေတနာမြင်တယ်ဆိုပြီး ဒီကလူကအရမ်းပျော်တာ
ကိုယ်က Guru type teacherမဟုတ်ဘူး
သင်ရိုးတွေဟိတ်ဟန်တွေမရှိဘူး
ကျွန်မဘယ်လိုတစ်ဆင့်ပြီးတစ်ဆင့်စိတ်ကိုစစ်သွားလဲ
ပြောင်းလဲသွားလဲ
အဲ့နည်းနဲ့ပဲမျှဝေတာ
တီချယ် တီချယ်ခေါ်ကြလို့
တီချယ်မဟုတ်ပေမဲ့ တီချယ်ဆိုရင်တောင် Mirror type တီချယ်ပါ
ကျွန်မကိုယ်တိုင်က သင်ရိုးပါပဲ
ကျွန်မလုပ်တာတွေ၊ ပြောင်းလဲတာတွေ၊ Duality တွေအားလုံးက သင်ရိုးပါပဲ
အတွေ့ကြုံများစွာနဲ့ သင်ရိုးပါပဲ
အော် သူအစကဟိုလိုပါလား၊ ခုဒီလိုလေးဖြစ်သွားတာတော် ဆိုပြီး မိတ်ဆွေတို့က မြင်သွားတာဆိုရပြီ

ပရ်ိတ်သတ်ခမျာမှာလည်း ကျွန်မကိုအတော်သည်းခံရရှာတာပါ
သူတို့ပိုက်ဆံကိုယ့်ပေးတာတောင် စည်းကမ်းတစ်သိန်းလိုက်ဖတ်ရတာရယ်
ပြန်တွေးရင်အားနာမိသလို တကယ်လည်း ကိုယ်မပြည့်ဝတာရှက်မိပါတယ်
ကိုယ့်ဖက်က “ Happy Money “ တစ်လုံးလေးပဲရေးခြင်းဖြင့်ကူညီပါနော် ဆိုတဲ့ ယဉ်ကျေးတဲ့လေသံလေးရေးထားတာမဟုတ်ဘူးရယ်
စည်းကမ်းတစ်သိန်းရေးထားတာ
ဒါဖတ်ပြီးမှလွှဲပါ က ပါသေးတယ်

ဒီနေ့ထိ ၄ နှစ်တာအတွင်း ကိုယ့်ရဲ့ Integrated Version ကိုပဲ ဒန်ဇလုံတွေတည့်တိုးပြောပြီး အလုပ်နဲ့သက်သေပြခဲ့သူပါ

တည့်တိုးPromax တွေလည်း June နောက်ပိုင်းရှယ်ပြောသွားဦးမှာ
Juneလကုန်ထိတော့လုံးဝကိုမအားတာပါ

အုအုဖက်က အုအုကိုချစ်ခင်လို့မုန့်ဖိုးပေးသူတွေအပေါ်မောက်မာခဲ့တာတွေ၊ ရိုင်းစိုင်းခဲ့တာတွေ၊ Ss တင်ပြီး မာမာကျောကျောပြောခဲ့မိတာတွေရှိရင်လည်းဒီပို့်စ်လေးကနေတကယ်ကိုတောင်းပန်ပါရစေ🙏🙏🙏

အမယ် ဒီထိဖတ်ပြီး ကရုဏာတွေသက်မနေနဲ့ဦး

နောက်ဆိုဝေ့ဝိုက်မနေတော့ပဲဒဲ့မုန့်ဖိုးတောင်းတော့မှာပါ ဟိဟိ

လိုတိုရှင်းတွေပဲလာမှာပါလို့ဆို

ထပ်တူသာဓုခေါ်ဆိုနိုင်ရန် အလှူမှတ်မိသလောက်လေးရေးတင်လိုက်ပါတယ်
နှစ်ကြိမ်ရေးမိတာလည်းပါနိုင်ပါတယ်
တချို့ကျ ကျွန်မအလှူငွေလွှဲတယ်
ပို့စ်ပိုင်ရှင်တွေက ပို့စ်ဖျက်သွားကြတယ် အဲလိုကျ မသေချာလို့ ထည့်မရေးတော့တာမျိုးလဲရှိတယ်
ဘာပဲဖြစ်ဖြစ်ရသလောက်လေးတင်ပေးလိုက်ပါတယ်

Screenshot ရိုက်ခြင်း၊ တဆင့်အကုန်ကူးတင်ခြင်း၊ ပုံသိမ်းခြင်းမပြုလုပ်ဖို့မေတ္တာရပ်ခံပါတယ်
မှတ်မိသလို စာထပ်တိုးတာတို့ ပြင်တာတို့ Edit လုပ်တာမျိုးရှိနိုင်လို့ပါ

ချစ်တဲ့🫶🏽
အုအု🐰🥕

🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

1)5.3.25
TBKမိသားစုမှ မတ် 17 တွင်ဘေးမဲ့ပေးမည့်နွားလေးများအတွက် - 110,000

2)22.3.24
လောက်တွယ်ကလေးအတွက် - 20,000
သာကေတမှရေဖောက်ခံရတဲ့ကလေးအတွက် - 25,000
ရွှေပြည်သာကကလေးသားအိမ်ကျွံတာခွဲစိတ်ရန် - 20,000
သနားစရာအော်နေရတဲ့ကလေး X-Rayရိုက်ဖို့ - 20,000
တပေါင်းလပြည့်ရည်စူးအလှူအတွက် - 20,000

3)23.3.24
ခေါင်းမှာအနာကြီးနဲ့ဝုလေးအတွက် - 20,000

4)26.3.24
မျက်စိနှစ်ဖက်လုံးမရှိတော့တဲ့ဝုညိုလေးအတွက် - 20,000

5)29.3.24
ကျောက်ကလေးနှစ်ကောင်အတွက် - 30,000
ပြည်တွေကျနေတဲ့ကြောင်လေးအတွက် - 20,000

6)31.3.24
ငါးငါးလွှတ်ကုသိုလ် - 10,000

7)1.4.24
ဂုတ်အနာကြီးနှင့်ကလေးကိုလှူ - 20,000

8)3.4.24
အုအုရိပ်သာဝင်ရင်လိုအပ်တာတွေဝယ် - 115,000

9)7.4.24
ကြက် ၃ ပိဿာ - 24,000

10)14.4.24
ရိပ်သာသွားရင်း ဆရာတော်ကြီးကို နဝကမ္မလှူခဲ့ပါသည်
Amountမမှတ်မိတော့ပါ

11)18.4.24
ကမာကြည်နားက ဒဏ်ရာရတဲ့ဝုဖြူလေးအတွက် - 30,000
လှည်းတန်းနဝရတ်ကွန်ဒိုနားက ကျောကုန်းအနာကြီးနဲ့ဝုလေးအတွက် - 30,000

12)22.5.24
TBK မိသားစုမှ ရွေကြက်ယက်ဘုရားရွှေသင်္ကန်းလှူ - 11,000
TBK မိသားစုမှ ရွှေကြက်ယက်ဘုရား ဘက်စုံအလှူ - 11,000

13)30.5.24
မျက်စိမမြင်တဲ့ဝုညိုလေးအတွက် - 30,000

14)31.5.24
အရေးပေါ်အဆိပ်ချတာကိုကာကွယ်ဖို့လှူ - 50,000

15)7.6.24
မန်းလေးတောင် ကောဏာဂုံဘုရားတန်ဆောင်းအာရုံခံပြုပြင်ရန် - 18,000

16)14.6.24
ဝုလေးများအတွက်လိုအပ်တာသုံးဖို့ - 30,000

17)16.6.24
သူခိုးရိုက်သွားတဲ့ဝုလေးအတွက် - 30,000
အသားဝါကလေးတွေအတွက် - 30,000

18)17.6.24
ဝုလေးတွေပေါင်မုန့်ကျွေးတာအတွက် - 22,000

19)20.6.24
လှည်းကူးအကျော်အထိသွားခေါ်ရမည့်ဝုလေးအတွက် - 33,000
ခေါင်းမှာအနာကြီးနဲ့ဝုဖြူညိုစပ်ကြားလေးအတွက် - 33,000

20)21.6.24
နယုန်လပြည့်အလှူ ဝုလေး၊မြောင်လေးတွေအတွက် - 45,000

21)23.6.24
ကြက်သားဝယ်ရန် - 34,000
ကြက် ၃ ပိဿာ ထပ်မံလှူဒါန်း - 25,500

22)24.6.24
ငါးရံ့နှင့်ငါးရှဉ့် ဇီဝိတဒါနအတွက် - 63,000

23)27.6.24
မိတ်လိုက်တာမသိပဲဆေးထိုးမိတာဆိုတဲ့ဝုမလေးဆေးရုံတင်ရန်အတွက်လှူ - 30,000

24)28.6.24
ပါးစပ်အနာကြီးနဲ့ဆေးသွင်းနေရတဲ့ဝုလေးအတွက် - 20,000
ဗိုက်ဖောင်းနေတဲ့ဝုဖြူညိုလေးအတွက် - 40,000
သာကေတ(၁၀)ရပ်ကွက်ကဝုလေးဖြူမဆေးကုသမှုအတွက် - 20,000
သာကေတ(၁၀)ရပ်ကွက်က ဝုလေးဖြူမဆေးကုသမှုအတွက်ထပ်လှူ - 10,000

25)29.6.24
ဝုလေးတွေကျွေးဖို့ကြက်သားလှူ - 34,000

26)3.7.24
ကြောင်စာအတွက်လှူ - 35,000

27)4.7.24
တောင်ငူကကြောင်လေးဆေးခန်းပြတာအတွက်လှူ - 30,000

28)6.7.24
ကြောင်လေးတွေအတွက်လိုအပ်သလိုအသုံးပြုနိုင်ရန် - 30,000
ကြောင်လေးတွေအတွက်လိုအပ်သလိုအသုံးပြုနိုင်ရန် - 20,000
နေပူထဲပစ်ခံထားရတဲ့ကလေးအတွက်လှူ - 20,000

29)7.7.24
ဝုလေးများအတွက်ကြက်သားဝယ်ရန် - 18,000

30)21.7.24
တိလေးတွေကယ်ဆယ်ရေးအတွက်လိုအပ်သလိုအသုံးပြုနိုင်ရန် - 30,000

31)22.7.24
ဝုလေးများအတွက်လိုအပ်သလိုအသုံးပြုနိုင်ရန် - 20,000

32)22.8.24
အမရပူရမြို့နယ် မုံတောကျေးရွာ သမိုင်းဝင်ဆုတောင်းပြည့်နဂါးရုံဘုရား ကွန်ကရစ်လမ်းခင်းရန်၊ ဘက်စုံပြုပြင်ရန် - 45,000

33)29.8.24
From TBK Family - 20,000
နားကုပ်လေးနှင့်တုံးလုံးလေးဆေးကုသရန်လှူ - 44,000

34)13.9.24
ရေဘေးတိလေးများကယ်တင်ရာတွင်လိုအပ်သလိုအသုံးပြုနိုင်ရန် - 33,000
ရေဘေးကယ်ဆယ်ရေးအတွက်လိုအပ်သလိုအသုံးပြုနိုင်ရန် - 33,000

35)21.9.24
တိလေးများရေဘေးကယ်ဆယ်ရေးအတွက်လိုအပ်သလိုအသုံးပြုနိုင်ရန် - 65,000
မိုးရေထဲ ၂ ရက်ဝုနက်လေးအတွက် - 30,000

36)22.9.24
ဝုလေးများအတွက်လက်ဆောင် - 100,000
TBKမိသားစုမှလက်ဆောင် - 11,000

37)11.10.24
သုခရိပ်မြုံ မန္တလေး, ဆေးပဒေသာပင်လှူ - 90,000

38)18.1.25
သားအိမ်ကျွံဝုလေးအတွက် - 20,000
မေးရိုးပြုတ်သွားတဲ့ဝုလေးအတွက် - 20,000

39)25.1.25
လယ်ဝေးကဝုလေးကယ်တင်ရာတွင်လိုအပ်သလိုအသုံးပြုနိုင်ရန် - 30,000

40)26.1.26
သန်လျင်ဝုလေးတွေအစာကျွေးတာကြက်၂ပိဿာအတွက် - 24,000

41)1.2.25
သံသရာအေးဓမ္မရောင်ခြည်ပုထိုးတော်ပြုပြင်မွမ်းမံရာတွင်လှူ - 50,000

42)15.2.25
ဂွနဲ့ပစ်ခံရတဲ့ကလေးအတွက်လှူ - 20,000

43)21.2.25
အောင်ဗောဓိမြေဇင်းတောရဓမ္မရိပ်သာ သို့
မျက်နှာစည်း(တရားထိုင်) - 150,000
အထွေထွေနဝကမ္မ - 50,000
ရွှေဝိုင်း+TBKမိသားစုအလှူ

44)11.3.25
ကြောင်လေးတွေအတွက်လှူ - 40,000

45)25.3.25
ရေသန့်စက်အလှူအတွက် - 60,000

46)27.3.25
မဝင်းဝင်းရဲ့ဝုလေးတွေအတွက်လှူ - 20,000
ဘားအံကဝုလေးကယ်ဆယ်ရာတွင်လိုအပ်သလိုအသုံးပြုနိုင်ရန်လှူ - 20,000

47)31.3.25
မြောင်မေတ္တာစံအိမ်အတွက်လှူ - 20,000

48)1.4.25
စစ်ကိုင်းအတွက် သင်္ကန်း ၅စုံ၊ သီလရှင်ဝတ်စုံ ၂ စုံ - 220,000

49)5.4.25
ဝုလေးများအတွက်အသားဗူးအလှူ - 50,000
အမြန်လမ်းတလျှောက်ဝုလေးတွေပေါင်မုန့်ကျွေးတာအတွက်လှူ - 20,000

50)15.4.25
မြွေစာကျွေးခံရမည့်ကြောင်လေးတွေကယ်ဖို့လှူ - 20,000

51)10.6.25
မျက်လုံးထွက်သွားတဲ့ဝုလေးအတွက်လှူ - 35,000
လှည်းကူးမှကင်ဆာဝုလေးအတွက်လှူ - 45,000
စက်မှုဇုန်ကကလေးတွေအာဟာရဒါနအတွက်လှူ - 27,000

52)26.6.25
တဲရော့ဟောတဲ့အဖိုးအတွက်လှူ - 50,000
သမ္ဗာန်ဆိပ်မှူးအဖိုးအတွက်လှူ - 60,000
နပတတိုက်ပျက်တွေကြားကဝုလေးတွေအတွက်လှူ - 36,000
သားအိမ်ပြည်တည်နာဝုလေးအတွက်လှူ - 30,000
တိလေးတွေအတွက်လိုအပ်တာသုံးဖို့လှူ - 70,000

53)10.7.25
ဒိုးလုံးလေးcaseအတွက် - 100,000

54)ရက်စွဲအလှူစာရွက်တွင်မရေးထားပါ၊ မမှတ်မိပါ
1.8.25 ဟု ရွှေဝိုင်းမှ သတိတရ စာပို့ပါသည် ကျေးဇူးပါမမ ရက်စွဲရှာပေးတာ
ဆုတောင်းပြည့်ခိုနန်းရှင်မြတ်စွာဘုရားကြီးသို့လှူ
ရွှေဝိုင်း+TBKမိသားစု - 110,000

55)23.8.25
မန္တလေးကဆိုက်ကားနင်းတဲ့ဖိုးဖိုးအတွက်လှူ - 50,000

56)26.8.25
ခွေးထီးလေးကင်ဆာကုဖို့လှူ - 56,000

57)2.11.25
ခွေးလေးအတွက်ဇီဝိတဒါနကုသိုလ် - 40,000

58)8.1.26
ဝုလေးအတွက်လှူ - 30,000

59)13.2.26
တိုက်ကြားညပ်တဲ့ဝုလေးအတွက်လှူ - 30,000

60)12.2.25
မဟာမြတ်မုနိဘုရားကြီးဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်ရွှေဝိုင်းမိသားစုမှ Luxဆပ်ပြာလှူရာတွင် TBKမိသားစုမှပါဝင်လှူ - 290,000

05/03/2026

ပူပြင်းတဲ့ရာသီဥတုရဲ့နောက်ဆက်တွဲမှာ အရေဓာတ်ဆုံးရှုံးခြင်းနဲ့ ပတ်သက်တဲ့ ပူလောင်မှုတချို့မြင်ရတယ်
ဒီတော့ သတိထားပေါ့
အရမ်းကြီးစွတ်ဆက်ပြီး နေပူထဲကပြန်လာတာနဲ့အိုက်တယ်ဆိုပြီးရေတွေချိုးချတာမျိုးတွေ အန္တရာယ်များတာပေါ့နမူနာပြောပြတာ

တချို့တွေရဲ့ ရင်တွင်းအပူဟာတခါတလေ မီးတောင်တွေတစ်လုံးပြီးတစ်လုံးကွဲနေသလားတောင်မှတ်ရတယ်ဆိုတာကို ၅ လပိုင်း ဒုတိယပတ်နားလောက်တစ်ဝိုက်မှာမြင်ရတယ်

ဒီနေရာထိက မှန်ချင်လဲမှန်မယ် မမှန်ချင်လဲမမှန်ပါဘူး
အကုန်သေချာမြင်နေရင် ထီပဲလှီမ့်ထိုးနေပြီရယ်

ဒီလိုပဲရေးလိုက်တာပါ
ကုသိုလ်များများလုပ်ထားတော့ကောင်းတာပေါ့ ဆိုတာပြောချင်တာ
စိတ်အားကောင်းအောင်ပြင်ဆင်ထားရင်ကောင်းတယ်ပြောချင်တာ

ကိုယ်ဘာလုပ်လုပ်ရှေ့မရောက်နေဘူး သိသာမှုမရှိဘူး အားထည့်သလောက်အကျိုးပြန်မထွက်ဖူးဆို ခင်ပွန်းကြီးဆယ်ပါးကန်တော့ပါ
ဘာသာခြားများအတွက်ကျ ကျွန်မဗဟုသုတနည်းတော့မပြောတတ်ဘူးရယ်
မှားပြောမိမှာစိုးလို့ မပြောတာပါ

ကန်တော့တောင်းပန်ရင် နှုတ်ဖျားကရွတ်ရုံသက်သက်ကတော့ ရွတ်ရုံဆိုတဲ့အနေထားပဲပေါ့

တကယ်စိတ်ထဲကနှစ်နှစ်ကာကာတောင်းပန်တာပိုကောင်းပါတယ်
တော်ပေမဲ့ ရှေ့မရောက်နိုင်ပဲပိတ်ဆို့နေသူတွေတချို့ရှိခဲ့ရင်အဆင်ပြေစေဖို့ရေးပေးခဲ့တာပါ

ရေအလှူလုပ်ရင် အကျိုးများတာပေါ့

ဒီလိုပဲရေးမိရေးရာပေါ့

လိုင်းသုံးရင်ကိုယ့်မှာရှိတဲ့ရောဂါအတွက်တကယ်တတ်သိတဲ့ အထူးကုဆရာဝန်တွေပြောတဲ့Health Talk တွေ ရှာနားထောင်တာ လေ့လာဖတ်ရှုတာမျိုးလုပ်တာ အကျိုးရှိတယ်
မရှာတတ်သူတွေက ဖုန်းသေချာမသုံးတတ်သူတွေကကိုယ့်ကိုယ်ကိုချစ်ရင် ဆရာဝန်စစ်စစ်တွေဆီသွားတိုင်ပင် မသိတာမေးလို့ရတယ်
ထွေလီကာလီတွေလျှောက်ယုံတာအကျိုးမရှိပါဘူး

TBK🐰🥕

တစ်ဦးချင်းမဟောပါဘူး
တစ်နေ့ဟောချင်လည်းဟောမှာပါ
ခုထိတော့ မဟောပါဘူး
လာမေးရင်လက်ညောင်းမှာစိုးလို့ပါ
မြင်တာကြားတာတွေတောင်စိတ်ကုန်နေသူပါ

လွန်ခဲ့တဲ့ ၆ လကျော်က အမေ တရားထိုင်တုန်း လာစပ်စုပြီး ခေါင်းလေးခွေ့တဲ့ အမေ့သားလေးလပ်ကီးအဲဒီအချိန်တုန်းက တရားထိုင်နေတဲ့အုအု...
03/03/2026

လွန်ခဲ့တဲ့ ၆ လကျော်က အမေ တရားထိုင်တုန်း လာစပ်စုပြီး ခေါင်းလေးခွေ့တဲ့ အမေ့သားလေးလပ်ကီး

အဲဒီအချိန်တုန်းက တရားထိုင်နေတဲ့အုအုဟာ နောက် ထပ် ၆ လကျော်လောက်မှာ ဒီကလေးလေး အပြီးအပိုင်ထွက်ခွါသွားလိမ့်မယ်လို့ ဘယ်ထင်ထားမလဲလေ

တကယ်တော့ ကျွန်မ နေ့တစ်နေ့တုန်းက ထမင်းစားပွဲမှာတစ်ခုခုစားရင်း အန်တီလေးကိုခေါ်ပြောလိုက်တယ်

သမီးသူတို့သက်တမ်းမြင်တယ်
ဘယ်သူ ဘယ်နှစ်နှစ်
ဘယ်သူ ဘယ်နှစ်နှစ် ဆိုပြီး

ဒါပေမဲ့လေ
လူ့အတ္တဆိုတော့ ကျွန်မအဲလိုမြင်တာတွေက မှန်မှာမဟုတ်ဘူးဆိုပြီး တွေးကိုဆက်မတွေးတော့တာ

ဘာပဲဖြစ်ဖြစ် ဒီVideoလေးကြည့်ပြီး သားလေးကိုအရမ်းသတိရပါတယ်သားရယ်

အမေတရားနဲ့မဖြေနိုင်သေးပါဘူး

သားက စကားမပြောတတ်ပေမဲ့အရမ်းချစ်ဖို့ကောင်းတဲ့ကလေး
အမေ့မိတ်ဆွေတွေအိမ်လာတိုင်း သားကချွဲတာ

ခုလိုပဲ ခေါင်းလေးခွေ့ခွေ့ပြီးချွဲတာ

အမေ နေ့နဲ့ညတွေမှားတုန်းက မနက်ထိအမေမအိပ်သေးရင် သားက မနက် ၆:၀၀ လောက်ဆို နိုးတာနဲ့ အမေထိုင်တဲ့ဆက်တီနားလာပြီးအမေ့ကိုနှုတ်ဆက်တာ ခေါင်းလေးခွေ့ပြီး

သားမရှိတော့ သားသခင်ကိုအမေကိုချစ်တာလေးတွေသားအနေထားလေးနဲ့ပြသွားတာ အမေသတိရလို့ရင်တွေပါကွဲရပါတယ်သားရေ

တော်ရုံလောကဓံကြုံလဲ ဒီအမေကအေးဆေးအလုပ်မပျက် အဟောမပျက်ဆိုတာ သိကြပါတယ်အမေ့မိတ်ဆွေရင်းတွေ

ခုတော့ အမေဘာမှကို မဟောနိုင်တော့တာပါသားရယ်

ဒီနေ့ဆိုသားအဖေကို “ I want him back “ ဆိုပြီး အမေပြောမိတာရယ်

အမေတစ်နေ့ နေသားကျသွားမှာပါသား

Pageက ဦးဦး၊ အန်တီ၊ ကိုကို၊ မမ တွေ ကလည်း သားလေးကို ဝိုင်းပြီး ကောင်းရာသုဂတိလားဖို့ ဆုတောင်းပေးကြတယ်သားရေ
အမေ့မှာအဲဒီ Comment လေးတွေဖတ်ပြီး အားတွေရှိရသလို ကျေးဇူးလည်းတင်ရတာ
အမေ့သားလေးကို ဝိုင်းဆုတောင်းပေးကြတာသား

သားလေးကို အမေအရမ်းချစ်ပါတယ်

ချစ်တဲ့
အမေ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Tarot By Karrot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tarot By Karrot:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram