Tarot By Karrot

Tarot By Karrot Tarot by Karrot is a divination compass that guides your journey through life, both spiritually and practically.

Consequently, it should help you take control of your better life and give clarity to make lucid decisions. Karrot's readings may help you understand what you need to know about a particular situation. The cards might not reveal what will happen, but instead, allow you to gain wisdom and guidance of a situation and determine the best course of action based on your current path at the time of the reading. Karrot's readings is not intended to answer specific yes or no questions or make decisions for you but will guide you to make the right decision yourself. To get the most out of the tarot sessions, you need to have an open mind, come prepared and avoid lying.

🥕Collective Message 🥕28.11.25 , နံနက် 9:11 am မှာ ဖတ်ဖြစ်တဲ့ကတ်ဟောကိန်းပါEnergy ကို ပြတဲ့ကတ်က 7 of Swords ဖြစ်နေတယ်သင်ဟာ...
28/11/2025

🥕Collective Message 🥕

28.11.25 , နံနက် 9:11 am မှာ ဖတ်ဖြစ်တဲ့ကတ်ဟောကိန်းပါ

Energy ကို ပြတဲ့ကတ်က 7 of Swords ဖြစ်နေတယ်

သင်ဟာလက်ရှိအချိန်မှာ ကိစ္စတစ်ခုကို ဗျူဟာတစ်ခုနဲ့ကိုင်တွယ်နေတာ၊ ကိုင်တွယ်ဖို့အစီစဉ်ဆွဲနေတာမျိုးသဘောမှာရှိနေပါတယ်

တချို့က ကိုယ့်ရဲ့ Dark side တွေ၊ လုပ်ပလိုက်ရဆိုတာတွေကိုပါးနပ်စွာ ကိုင်တွယ်နေပါတယ်
တချို့က ပြန်သမဖို့ Plan ဆွဲနေတာမျိုးလည်းဖြစ်နေတတ်ပါတယ်

မျက်နှာချင်းဆိုင်ရှင်းတာမျိုးမဟုတ်ပဲ အကွက်ကျကျ မဟာဗျူဟာချနေတာမျိုးပါ

တချို့က တစ်ယောက်ထဲကြိတ်လုပ်နေတာမျိုး သူများသိရင် ကိုယ့်အခွင့်ရေး သူများဆီပါသွားမစိုးလို့တိတ်တိတ်လေးကြံနေတာမျိုးဖြစ်န်ိုင်ပါတယ်

လူတွေကို မယုံလို့ ဆိုတဲ့စိတ်စစ်စစ်လား
ပြောလိုက်ရင် ကိုယ့်ထက်သာကုန်မှာစိုးလို့ဆိုတာမျိုးလားက ကိုယ့်စိတ်ကိုယ်စစ်ရမှာပါ
ကတ်မှာတော့ပြနေပါပြီ

Collective Reading Card က The Emperor+Foundation Issues
ပြီးတော့ The Strengthကတ်နဲ့ဟောကိန်းကပြီးသွားတယ်

Major Arcanaတွေချည်းပဲ

စီမံအုပ်ချုပ်မှုပိုင်း၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွေမှာ ကိုယ့်အတွင်းထဲက ဝုန်းလိုက်ချင်စိတ်တွေကို ကိုယ်သင်ယူလေ့လာခဲ့တဲ့တရားတွေ၊ သင်တန်းတွေက ပညာတွေနဲ့ မနည်းကြီး ပြန်အေးအောင်လုပ်နေရပါလား
မလုပ်သေးရင်လည်း လုပ်ရတော့မယ်ဆိုတာသိစတော့ပြုနေတာမျိုးလား
Fire Sign တွေက ဟောကိန်းဖတ်ရင်းရယ်နေမလားပဲ
“ ဟုတ်တယ်ဟေ့ ဟုတ်တယ်ဟေ့ “ ဆိုပြီး

ကိုယ်က နေ့စဉ်အလုပ်မှသည် လုပ်ငန်းအထိ Structure and Discipline သေချာတည်ဆောက်ထားတယ်
Foundation ချထားတယ်
ဒါပေမဲ့ အဲဒါက တခါတလေ သဲနန်းတော်လိုဖြစ်ဖြစ်သွားတာဒီတလောခံစားကြုံနေရတာမျိုး
ဖြစ်များနေလား

ကိုယ့်အားနည်းချက်က
Foundation အရမ်းခိုင်မာမနေတာလား
ယုံကြည်မှုလွန်ကုန်တာလား
ညှိနှိုင်းမှုအားနည်းပြီး အရေးဆို ထိပ်တုံး၂ညချပလိုက် ရှုပ်တယ် ဆိုတာမျိုးဖြစ်နေတာမျိုးလား
ဒန်ဇလုံတွေတော့ပြောမိပြီ မတတ်နိုင်😁

စည်းကမ်းတွေစနစ်တွေထားတယ်
Chaos တွေဖြစ်လာရင် မထင်မှတ်ထားတဲ့ Supriseတွေကြုံရရင် ပြာကုန်တာမျိုးလား
စိတ်လိုလက်ရ အခုလုပ်မယ်တော်ကြာမလုပ်ဘူး ဖြစ်တာမျိုးဖြစ်နေလား

လူတိုင်းမှာအားနည်းချက်ရှိတတ်သလို The Emperor ဘုရင်ကြီးမှာလည်း လိုအပ်ချက်လေးတွေရှိတတ်တာပေါ့
ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်ပါ သုံးသပ်ပါ အားမနာတမ်း မညှာတမ်းမေးပါ
မညှာတမ်း မညာတမ်းအဖြေထုတ်ပါ

You created structure. You set rules.
But when chaos hits… everything collapses ဆိုသလိုများဖြစ်နေလား

အဲဒီပြာကုန်တာတွေ စိတ်ရှုပ်တာတွေ အရေးဆို အဖြေမရှာဘူး ထိပ်တုံးဟေ့ ဆိုတာမျိုးတွေနိုင်အောင်မကိုင်ရင် မလွယ်ဘူးနော့

မိသားစုအချင်းချင်း၊ လုပ်ငန်းထဲကသူအချင်းချင်း၊ ရာထူးအငယ်ပါမကျန် ကိုယ့်ကိုမလေးမစားတွေတည့်တည့် သို့မဟုတ် ကွယ်ရာမှာ ဖြစ်ကုန်တတ်တယ်

စိတ်ကလေးပြာယာခတ်တယ်ပူတယ်ဆို အေးချမ်းမှပြောဆိုဆုံးဖြတ်
အေးအောင်လုပ်နည်းက မပြောတော့ဘူး
များလွန်းလို့ရှာသာဖတ်
ဆရာတွေများနေတာသိပြီးသားဒီက
ဆရာစုံတယ် သိတယ် မလုပ်တာ မေ့တာ ဆိုတာမျိုးတချို့ဖြစ်သွားတတ်တာလည်း ဒီကသိတယ်

ဘာပဲဖြစ်ဖြစ် ကိုယ့်စ်ိတ်လေးကိုယ်သတိကပ်ဉာဏ်နဲ့ပိုင်းခြားသိနိုင်ရင် အဆင်ပြေပါတယ်

တကယ်တော့ အုအုဟောတယ်ဆိုတာ တချို့တွေကိုယ့်ကိုယ်ကို မပြောရဲ ရင်မဆိုင်ရဲတာ၊ ရင်ဆိုင်ရမှာခါးလို့မသိမသာဘေးပို့ထားတာလေးတွေကို မီးမောင်းလေးထိုးပြလိုက်တယ်ဆိုတဲ့သဘောပါပဲ
“ ဒါလေးတွေမြင်နေရတယ်နော် “
“ ဒီလိုလေးတွေမြင်နေရတယ်နော် “
“ အမေ့ခံလိုက်တာ သိမ်းလိုက်တာမျိုးဆို ကြာရင်စုကုန်မယ်နော် “ ဆိုပြီး သိသူရှိကြောင်းလေး အသိပေးရုံသက်သက်ပါပဲ

ကျန်တာကာယကံရှင်ကိုယ်တိုင်ပြင်မှ အဖက်လုပ်ဆန်းစစ်မှ ပြောင်းလဲမှုဆိုတဲ့Result ရတာမျိုးပါ

ယတြာပေးဖို့မရှိပါဘူး

အပေါ်ကပြောသလိုကြုံနေရရင် အားပေးစကားလေးနဲ့ အကြံပေးမှုလေးတွေပဲလက်ဆောင်ပေးချင်ပါတယ်

ကျွန်မကတ်ပေါ်ကနေသုံးသပ်သွားတာလေးပါ တခါထဲမျှခဲ့ပါမယ်

Base of the deck က 7 of Swords ဖြစ်ပြီးဟောကိန်းကတ်တွေမှာက The Emperor ရနေတာမို့ 7 of Swords ကနေ The Emperor Energy ကိုပြောင်းဖို့လိုရင်
တစ်နည်းအားဖြင့် From Chaos to Wisdom and Power ဖြစ်ဖို့ဆိုရင် ကျွန်မတို့က Self reflection တွေအထပ်ထပ်လုပ်၊ Shadow Work တွေလုပ် ကောင်းတာထည့် မကောင်းတာဖြုတ်ရမှာဖြစ်ပါတယ်

ကိုယ့်စိတ်ကိုယ်မညာတမ်းမညှာတမ်းစစ်ပြီး မညာတမ်းမညှာတမ်းအဖြေထုတ်ပြီး ကောင်းမွန်တဲ့မိမိကိုတိုးတက်စေတဲ့အလေ့ကျင့်ကောင်းတွေပိုအားကောင်းအောင်လုပ်စေပြီး မိမိတိုးတက်မှုကိုတားဆီးနေတဲ့ အလေ့အကျင့်တွေကို ရပ်ရမှာဖြစ်ပါတယ်

The Emperor အဖြစ်လွန်ရင်လည်း Overconfidence တွေဖြစ်ပြီး အတ္တတွေကြီးပြီး ငါဦးဆောင်နေရတာ ငါလုပ်နေရတာ ငါပဲ အကုန်ငါပဲဆိုပြီး မိသားစု၊ အလုပ်ကသူတွေနဲ့ တိုင်ပင်မှု ညှိနှိုင်းမှု မရှိတော့ပဲ ငါမှငါ ဆိုတဲ့ပုံဖြစ်သွားတတ်ပါတယ်
“ မတိုင်ပင်ဘူး မညှိဘူး မသိချင်ဘူး လာမပြောနဲ့
အာရုံလာနောက်လို့ကတော့ ထိပ်တုံးပဲ “ ဆိုတာမျိုးဖြစ်သွားတတ်ပါတယ်
သဘောပြောတာနော် ထိပ်တုံးက😁
ဖြစ်နေလားမိမိကိုယ်မိမိမေးရမှာဖြစ်ပါတယ်
မိမိကိုယ်မိမိ မညာတမ်းမညှာတမ်းအဖြေထုတ်ရမှာဖြစ်ပါတယ်
တချို့က အဖြေထွက်ရင်တောင် ပြင်မယ်အဖွဲ့ရှိသလို မပြင်ချင်တာမျိုးလည်းဖြစ်တတ်ပါတယ်
ဒါကတော့ ဆရာမနဲ့ မဆိုင်တော့ပါဘူး😁

ဘေးမှာ The Strength ကတ်ရှိနေတာမို့ ခြင်္သေ့ကို ထိန်းရခက်တာသိလည်း ထ်ိန်းနည်းသိရင်လွယ်ပါတယ်ဆိုသလို မိမိတို့ စိတ်ထဲမှာ King of the Jungle တောဘုရင်ခြင်္သေ့လို ဟိန်းချင်ဝုန်းချင်စိတ်တွေဖြစ်လာပြီဆိုရင်လည်း နောက်စိတ်ကသတိကပ် ဉာဏ်နဲ့ပိုင်းခြားသိပေးပါ
ဒါဆိုရင် A very perfect taming to the King of the Jungle ပါပဲ

ဒါဆိုရင် အားလုံးမေတ္တာရရှိသော အများလေးစားရသော ကိုယ့်ကိုယ်ကိုလည်းပြန်လေးစားရသော “ The Emperor “ Energy ကို မိမိတို့ပြောင်းနိုင်ရင် ပြောင်းနိုင်သလောက် ရရှိလာမှာဖြစ်ပါတယ်
Self Leadership skills တွေ ကောင်းတာထက်ကိုပိုကောင်းပြီး သာ၍သာ၍ ဘဝဟာကျေနပ်စရာဖြစ်လာမှာပါ

ကတ်ကပြောတာကို တိုတိုနဲ့ရှင်းရှင်းလေးပြောရရင်တော့

The Emperor teaches structure.
Strength teaches emotional mastery.
Together, they create sustainable power.

ကိုယ်ကသတိနဲ့ဉာဏ်နဲ့ပိုင်းခြားသိပြီး Emotional Mastery Level ကနေ အလှဆုံးအလုပ်လုပ်သွားနိုင်ရင် အရမ်းကောင်းပဲ

Emotionအဖြစ်လွန်ရင် Drama King တို့ Drama Queen တို့ဖြစ်သွားတတ်ပါတယ်

ဘုရင်ကြီးအဖြစ်လွန်ရင် ကင်မ်ချီဖြစ်သွားတတ်ပါတယ်

ကိုယ့်ကို ကြောက်လို့ (သို့မဟုတ်) ထိပ်တုံးကြောက်လို့ (သို့မဟုတ်) နားပူမခံနိုင်လို့ မပြောတာသာရှိမှာပါ

ကိုယ့်နားကနေ ခွါသွားပြီး ကိုယ်တလွဲလုပ်နေရင်တောင် ကူညီသူပြင်ပေးသူမရှိ သတိပေးသူမရှိပဲ ကန္တာရထဲက မင်းကြီးများဆို ဘုရားထူးသူမရှိတဲ့ ဘုရင်ကြီးဖြစ်သွားနိုင်ပါတယ်
သတိထားပါ

ကျွန်မက တချိန်က မသိခဲ့လို့ Coach ဆုံးမလည်း Coach စေတနာကို မြင်နိုင်တဲ့ဉာဏ်အားနည်းခဲ့လို့ Kimchi Drama Queen ဖြစ်ခဲ့ဖူးပါတယ်
ဒါကြောင့်သတိပေးရတာပါ
ကိုယ့်တုန်းက ဆုံးမသူကို နားညီးတယ်ဆိုတာမျိုးတောင် ငြင်းဆန်ခဲ့တာပါ

ဒီနေ့ဟောကိန်းကCard တွေကို
Collective Energy
Reader Energy
Theory
Logical Thinking
Critical Thinking
Intuition
Psychic Ability
Self assement
Self reflection
Self leadership
Micro-achievements
စတာတွေ အကုန်ဝေ့ကြည့်ပြီး ရောသမမွှေဖတ်သွားတာပါ

ကျွန်မကိုယ်တိုင်လည်း ကျွန်မပရိတ်သတ်ပါပဲ
ကျွန်မ 7 of Swords Energy မှာ Stuck ဖြစ်နေရင် ကျွန်မလုပ်ကွက်လုပ်ချက် ချပြဖို့အစီစဉ်ရှိမှာမဟုတ်ပါဘူး
လျှိုထားမှာ😁

အဲဒီ Energy ကြီး မကြိုက်လို့ Shift လုပ်လိုက်တာပါ
သင်တန်းမဟုတ်သလို ဆရာလည်းမဟုတ်ပါဘူး
Just sharing is caring ပါ
Card တွေကဆရာကျတယ် ရေလည်သင်တာဆိုတာမျှဝေတဲ့သဘောပါ

ရှိသမျှ အိတ်သွန်ဖာမှောက်အကုန်ပြောရမည်မဆိုလိုပါဘူး
ပြောသင့်တာ မပြောသင့်တာ သတိနဲ့ဉာဏ်နဲ့ပိုင်းခြားသိရမှာပါ

ချစ်ရတဲ့ပရိတ်သတ်လည်း ဒီဟောကိန်းလေးဖတ်ပြီး လိုတာလေးတွေဖြည့်ဖို့လိုရင်ဖြည့်ပြီး မလိုတာလေးတွေရပ်ကာ အကောင်းဆုံးမိမိကိုယ်မိမိဦးဆောင်နိုင်သူများဖြစ်ပါစေ
ဖြစ်ပြီးသားသူတွေလည်း သာ၍ သာ၍ အတိုင်းထက်အလွန်တိုးတက်အောင်မြင်ပါစေဟုဆုတောင်းပေးရင်း…..

ချစ်တဲ့🫶🏽
အုအု🐰🥕

Feel free to share
ပုံလေးက အုအု Creationပါ Tarot Card ပုံမဟုတ်ပါဘူး

Lately, I’ve been discovering something simpleyet quietly powerful —the kind of understanding that appearsonly when we s...
22/11/2025

Lately, I’ve been discovering something simple
yet quietly powerful —
the kind of understanding that appears
only when we start paying attention to our own mind.

I’m not a teacher.
I’m not here to preach or guide.
I’m just someone learning to let go
of the heavy expectations I once carried.

There was a time when I judged people easily.
I thought I knew who was right,
who was wrong,
who should act how.
My mind was always ready to divide, label, and criticize.

But things feel different now.

When the urge to judge someone arises,
I can see it.
I can watch it.
And in that moment, a quiet voice answers back:

“Before you judge anyone,
remember —
they could judge you too,
just as easily.”

And suddenly, the urge softens.

When a friend grows distant,
I no longer take it personally.
Some distances are simply life’s way
of reshaping our paths.
We don’t have to cling.
We don’t have to resent.

I’ve learned that I don’t need to dislike someone
just because I don’t resonate with them.
And I don’t need to attach myself
just because I like someone.

Beyond all the labels we give ourselves and others,
the mind is actually very simple.
It rises, falls, appears, fades.
It becomes light
the moment we meet it with awareness.

And honestly—
it’s beautiful to watch.

This isn’t a lesson.
This isn’t a technique.
Just a gentle reminder
that your mind is worth observing.
It has so much to teach you
when you finally stop trying to control everything.

May the mountain within you stand steady through all winds ✨

Ou🐰🥕

You are welcome to share this content.
It may not be copied or reposted elsewhere.
The Original Version on this page is the primary and definitive source.

21/11/2025

အာညာစေရော

ပိုးတုံးလုံးလေးကိုသတိရမလားလို့လေ😁

မင်္ဂလာပါဒီနေ့ ကျွန်မပြောချင်တဲ့အကြောင်းရာက Message တစ်ခုဆိုလည်းဟုတ်တယ်Sharingတစ်ခုဆိုလည်းဟုတ်တယ်Chinese Ancestral Messa...
20/11/2025

မင်္ဂလာပါ

ဒီနေ့ ကျွန်မပြောချင်တဲ့အကြောင်းရာက Message တစ်ခုဆိုလည်းဟုတ်တယ်
Sharingတစ်ခုဆိုလည်းဟုတ်တယ်
Chinese Ancestral Message or Ancestral Guidance တစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်

I felt inspired by Chinese Ancestral energy.
It felt like a message coming through my intuition.

ကျွန်မအရမ်းအိပ်ချင်နေလို့ ထိုင်ခုံပေါ်တောင်အိပ်သွားတာ
ဒါပေမဲ့ ကျွန်မဒီညဒီအလုပ်မလုပ်ပဲအိပ်မရဘူး
ကျွန်မလည်း အလူးအလဲအကောင်းကြီးကနေ အရမ်းကိုငိုတော့တာ
သိတော့သိနေတယ် အလုပ်လာပြီဆိုပြီး

ဒီတော့ သိသင့်သူ သိရမည့်သူတွေ သိမှာ မြင်မှာပါ

ဒီနေ့ပြောမှာက “ အဆင်သင့်မဖြစ်ကြသူများ “ တဲ့

သင့်ဘဝမှာ
သင့်မိတ်ဆွေတွေက ဒါတွေလာပြောရင် ငြင်းဖူးလား၊ ငြင်းနေရလား

၁)မုန့်သွားစားရအောင်
၂)ခရီးတူတူထွက်ရအောင်
၃)သင်တန်းတူတူတက်ရအောင်
၄)မတွေ့တာကြာလို့သူငယ်ချင်းတွေဆုံရအောင်
၅)စုလှူရအောင်
၆)ဒီနေရာမှာဒါလိုတယ်၊ ဟိုနေရာမှာဟိုဟာလိုတယ်၊ လှူလိုက်ပါလား

ဟုတ်ပြီ
တချို့က “ အမြဲ “ လို့ ကျွန်မကိုဖြေမှာပေါ့
တချို့က “ ခဏခဏ “
တချို့က “ ရံခါ “
တချို့က “ တခါတလေ “
တချို့က “ ရှားပါတယ် “ ပေါ့

ကျွန်မက အဲဒီအားလုံးကိုဒီလိုလေး နာမည်တပ်လိုက်မယ်
“ အဆင်သင့််မဖြစ်ကြသေးသူများ “

အဲဒီနေရာကို သင်ခုရောက်နေပြီဆို ဘယ်သူမှ နားမလည်ရင်တောင် ကျွန်မက ကောင်းကောင်းနားလည်တယ်

သင့်ကို နားလည်ပေးတဲ့သူဒီကမ္ဘာလောကကြီးမှာရှိနေတယ်ဆိုတာကို သိစေချင်တယ်

သင်ဟာ ရှင်းပြချင်စိတ်ကုန်ခမ်းအောင်ကိုပင်ပန်းနေတာမို့ မောင်းသူမဲ့ယာဉ်တစ်စီးလို သွားနေရတာလည်းဖြစ်နိုင်တယ်

ကျွန်မက သင်တို့ကိုယ်စား လူတွေကို ရှင်းပြပေးမယ်ဆိုရင်ရော…

အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့သူတွေဟာ တကယ်တော့ အရာရာကို အဖက်ဖက်က ခြုံတွေးသူတွေများပါတယ်

သူတို့ကရေတိုအပျော်ကိုဦးစားမပေးဘူး
ရေရှည်အတွက် သူတို့ကိုယ်သူတို့ အများကြီး တည်ဆောက်ထားတာ
ခိုင်မာစွာတည်ဆောက်နေကြတာ

ခုရှိသမျှ အကုန်လှူချလိုက်လို့ အရေးဆို သူ့ကိုဘယ်သူက ဘာလာကူညီမှာလဲလေ

သူဟာသူရုန်းကန်နေရတာတွေရှိချိန် သူ့ဘဝ၊ သူ့မိသားစုအတွက် ၊ သူ့ရဲ့ ကြီးမားသော Self transformation ကာလကိုဖြတ်သန်းနေချိန်မှာသူဟာ အားနာမှုကို သော့ကိုပိတ်ထားတော့တာ
သူ့ကိုယ်သူအဖက်ဖက်ကအသားကုန် တည်ဆောက်တော့တာ

ဒီအချိန်မှာ သူဟာ တချိန်မှာ လိပ်ပြာလိုလှပပြည့်စုံနေဖို့ အရာရာကူညီနေနိုင်ဖို့ ခုပိုးတုံးလုံးဘဝမှာ ပိုးအိမ်ထဲမှာ လိုအပ်တဲ့ ကြံ့ခိုင်မှုတွေစုဆောင်းနေတာ
သူဟာသူ့ပိုးအိမ်ကို အချိန်မတိုင်မီ ဘယ်ဖြဲကာထွက်မလဲလေ
သူ့အချိန်ဆိုတာ မရောက်မီထိ သူဟာ သင်တို့အတွက် အဆင်သင့်ဖြစ်မှာကိုမဟုတ်ပါဘူး

တစ်ဦးနဲ့တစ်ဦးရဲ့အဆင်သင့်ဖြစ်ချိန်ဆိုတာလည်း မတူကြပါဘူး

ဒီတော့ အဆင်သင့်မဖြစ်သေးသူတွေကို သင်တို့နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ ကျွန်မကတော့ ရင်ထဲကကိုနားလည်ပါတယ်

သူတို့လည်းတချို့အရာတွေကို မငြင်းချင်ပါဘူး
ဒါပေမဲ့ ဖြစ်ချင်တာတွေထက်ဖြစ်သင့်တာကိုဦးစားပေးလိုက်ကြတဲ့သူရဲကောင်းတွေပါ

သူတို့ဟာ နောင်တကိုမလိုချင်ကြပါဘူး
သူတို့ပိုးအိမ်ထဲနေတုန်းတော့ သူတို့ပိုးအိမ်လေးကို ကာကွယ်ကြမှာပါပဲ

ထပ်ပြောချင်တာက ကျွန်မတို့က အဲဒီပိုးအိမ်လေးကိုလည်း သွားမဖွင့်ဖို့လိုပါတယ်
သင်ဟာ အဆင်သင့်မဖြစ်သေးသူများ ဆိုတဲ့အချိန်ကာလတစ်ခုကိုဖြတ်သန်းခဲ့သူဆိုရင်လည်း သင့်လိုအခြေအနေတစ်ခုကို လက်ရှိကျော်ဖြတ်နေရသူကို နားလည်ကိုယ်ချင်းစာပေးခြင်းဟာ အကောင်းဆုံး ကူညီခြင်းပါပဲ

သူဟာ သူ့ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို သူတစ်ထောင့်တစ်နေရာကကူညီပေးဖို့ ခုချိန်မှာ အားယူနေတာပါ
လာသမျှကို ငြင်းနေရတာပါ
သူလည်း အားနာကောင်းအားနာနေမှာပဲလေ

ဒါကြောင့်
သူရှင်သန်ပါစေ
သူလှပစွာပျံသန်းပါစေ…..

ခွင့်ပြုမယ်ဆိုရင် ပင်ပန်းနေတဲ့ အဆင်သင့်မဖြစ်ကြသေးသူ တစ်ဦးချင်းစီတိုင်းကို အဝေးကနေပဲအားပေးပွေ့ဖက်လိုက်ပါတယ်နော်
အရမ်းတော်တဲ့သူတစ်ဦးအနေနဲ့မဟုတ်ပါဘူး
အဲဒီဖက်ကဖြစ်နေတာကို နားလည်တဲ့သိတဲ့သူတစ်ဦးအနေနဲ့ပါ
ကျွန်မလည်းပိုးအိမ်ထဲကပိုးတုံးလုံးလေးလိုပါပဲ

I honor your cocoon because I remember my own.

ချစ်တဲ့🫶🏽
အုအု🐰🥕

လွတ်လပ်စွာ Share နိုင်ပါတယ်
တဆင့်ကူးတင်ခြင်းခွင့်မပြုပါရှင်
ကူးတင်မှုများရှိခဲ့ပါက မူရင်းပို့စ်သည်သာအတည်ဖြစ်ပါတယ်ရှင်

13/11/2025

မဖြစ်မနေ ပြောရမည့် Message တွေမို့ ရေးရင်လည်း ပြောတာကိုမမီနိုင်လောက်တာမို့ အများကြီးလည်းမရေးနိုင်တာမို့ Live ပဲလွှင့်လိုက်တော့တယ်ရယ်

စစချင်းမှာ ဟောထားတာပါတယ်

ပြီးတော့ ပြောရမည့်ကိုယ့်စိတ်လေးတွေကိုယ်စစ်ခဲ့ပုံတွေ ပြောပြခဲ့ပါတယ်

သူ့သဘောသူဆောင်တို့ သူ့အကုသိုလ်နဲ့သူပေါ့တို့ကို ရွှေအုကအားရပါးရ ကာရိုက်တာ နှစ်မျိုးနှင့်သရုပ်ဆောင်ထားတာကိုမြိုင်မြိုင်ဆိုင်ဆိုင်ကြီးရှုစားရမှာဖြစ်ပါတယ်

ပြီးတော့ မိမိကိုယ်ချစ်ခင်စောင့်ရှောက်တဲ့ ဘယ်ပုဂ္ဂိုလ်ကိုမဆိုလေးစားဖို့ မိမိအတ္တလား ပုဂ္ဂိုလ်လား သေချာသိဖို့တွေပြောခဲ့ပါတယ်

ဟောပြီး Goodnight ပြီးမှ ထပ်ဟောတာ Live ပြီးခါနီးမှာ ပါပါတယ်

ချစ်တဲ့🫶🏽
အုအု🐰🥕

လွတ်လပ်စွာ Share နိုင်ပါတယ်ရှင်

13/11/2025

9:30 pmတွေ့မယ်နော်

ခဏနှုတ်ဆက်မယ်
မင်္ဂလာပါတို့ဘာတို့

ပြီးရင် ခဏလေးစကားပြောမယ်
တိုတိုနဲ့လိုရင်းဖြစ်ဖို့အတတ်နိုင်ဆုံးကြိုးစားမယ်

လိုင်းတွေကလည်းမကောင်းတော့လေ
အုအုလည်းData 8Gb လောက်ဝယ်ထားတယ်
ဘဝကအဲလို

ပြောလက်စနဲ့မင်္ဂလာပါလေးတွေအကုန်ပြန်မဖြေဖြစ်ရင်နားလည်ပေးပါလို့

ဒီကနေ အရင်ပြောလိုက်ပြီ

မင်္ဂလာပါရှင်

ချစ်တဲ့
အုအု🐰🥕

Live က လွတ်လပ်စွာ Share နိုင်ပါတယ်
လူကတော့ဂါနေတာလေးတစ်ချက်နားလည်ပေး

အကြောင်းအရာကမဖြစ်မနေပြောရမှာမို့ ဟန်ရေးမပြနေတော့ပဲ မတိမ်းမစောင်းဗိန်းဗောင်းလွှင့်တာလို့

ဒီပုံလေးတအားသဘောကျလို့တင်လိုက်တာပါMobile Data ကို Package ဝယ်သုံးနေရတာကြာပြီရယ် ဟင့်၊ Wifi က ရလိုက်မရလိုက်ရယ်ပါPhoto Cre...
12/11/2025

ဒီပုံလေးတအားသဘောကျလို့တင်လိုက်တာပါ

Mobile Data ကို Package ဝယ်သုံးနေရတာကြာပြီရယ် ဟင့်၊ Wifi က ရလိုက်မရလိုက်ရယ်ပါ

Photo Credit ပါ

🥕Wednesday Message 🥕မြင်တဲ့အချိန် တခြားနေ့ဖြစ်လည်းရကိုယ်ရေးတဲ့နေ့ Wednesday မို့ Wednesday Message လို့ပြောလိုက်တာဘာလေးမ...
12/11/2025

🥕Wednesday Message 🥕

မြင်တဲ့အချိန် တခြားနေ့ဖြစ်လည်းရ

ကိုယ်ရေးတဲ့နေ့ Wednesday မို့ Wednesday Message လို့ပြောလိုက်တာ

ဘာလေးမှာချင်လည်းဆိုတော့ မိမိရဲ့အောင်မြင်မှုလေးတွေကို မြင်ယောင်ကြည့်ပါ
သေးသေးလေးတွေကအစ အဖက်လုပ်ပေးပါ

ဥပမာ

ကိုယ်ကအရင်က အိမ်ချက်ရတယ် အိုးကြီးချက်မနိုင်သေးဘူး ကနေ အခု အလှူတွေမှာ အိုးကြီးချက်ကိုအေးဆေး ဘာဘယ်လိုထည့်လေ ဆိုပြီးပြောနိုင်တဲ့အထိ အရမ်းတွေ Skill ကောင်းလာတာမျိုး
This is your achievementပါနော်
အဲဒါဝမ်းသာဖို့ ကိုယ့်ကိုယ်ကို ကျေနပ်ပီတိဖြစ်ဂုဏ်ယူဖို့မေ့နေမစိုးလို့

အရင်က ကားမောင်းရင် ကြောက်တယ်
အခုက အမလေး ရတယ် လာထား မိုးရွာလည်းရတယ် ကားရှုပ်လည်းရတယ် ဆိုတာမျိုး

အရင်က အိမ်ကသမီးကိုလေ ဘယ်လိုပြောပြော သူနဲ့ကိုယ်အတွေးမတူတော့ငြင်းရခုန်ရနဲ့
အခုလေ ကိုယ်က ဘယ်လိုလေးပြောင်းလိုက်တာ သမီးလုပ်သူကလည်း ဒီအမေပြောသမျှ အကုန်နားထောင်တာရယ်
သူအမေ့မေတ္တာကိုနားလည်သွားပြီဆိုတာမျိုး

ထီဆုကြီးပေါက်မှ မဟုတ်ဘူးလို့

အဲလိုမျိုးလေးတွေကို ကျေနပ်ပါ
ဝမ်းသာပါ
မိမိကိုယ်မိမိကျေးဇူးတင်ပါ
မိမိကိုယ်မိမိချီးကျူးပါလို့
အစ်မတို့လုပ်နိုင်ခဲ့တာလို့

မေ့နေမှာစိုးလို့

အကြောင်းရှိလို့တင်တာပါ

အရမ်းအိပ်ငိုက်နေတာလို့
ငိုက်တဲ့ကြားကတင်ရတဲ့ဘဝ

ချစ်တဲ့🫶🏽
အုအု🐰🥕

လွတ်လပ်စွာ Shareနိုင်ပါတယ်

ဒီပို့စ်ကိုစာလေးတွေထပ်တိုးထည့်ထားပါတယ်
11/11/2025

ဒီပို့စ်ကိုစာလေးတွေထပ်တိုးထည့်ထားပါတယ်

မလိုဒေါသ လိုလောဘ တွေချည်းပါပဲ
အရင်တုန်းကတော့ကိုယ့်လာထိရင် ပြန်သမတာ
မသမ ရရင်ကို စိတ်ထဲမယ် မပြီးနိုင်မစီးနိင်အပူထုတ်ထမ်းတာ
ကျိုက်ထီးရိုးတောင်တက်ထမ်းသလိုလဲ ပိုက်ဆံရတာမဟုတ်
ဆန်အိတ်သယ်သလိုလဲခေါက်ပြန်ကြေးရတာမဟုတ်
ကိုယ့်သဘောနဲ့ကိုယ်ကျေကျေနပ်နပ်ကြီးသယ်တာ

အခုက
အဲလိုငါတော်တယ် ငါမှန်တယ်
Only for Justice
ဘာညာတွေမှာအကုန်လိုက်စွဲတာနော်
အစွဲများ စွဲစရာမရှိကြံဖန်စွဲတာ
ဒီဆရာမ တက်တက်ကြွကြွကိုစွဲတာ ဘာစွဲသလည်းမမေးနဲ့

“ ငါကဒီလိုလူဖြောင့် “ ဆိုတာလည်းစွဲတယ်
“ ဒါကမှအမှန် “ ဆိုတာလည်းစွဲတယ်

စွဲဖို့ရန်မှာ တာဝန်သာဆိုသလိုပါ ကိုယ်တွေပြောပါတယ်

တစ်ချက်လေးမြင်သွားတော့ ဒီလိုပုံမျိုးရှဲတာတောင် ရှဲစိတ်က အရင်နဲ့မတူတာလေးသွားတွေ့တာရယ်

အရင်ဆို “ ကိုယ်ကဒီလိုလူနော်၊ ဒီပုံထဲကလိုနော်၊ ဒါကမှအမှန်နော် “ စသဖြင့် ပြောချင်တာ
“ ကိုယ်ကအတ္တမရှိဘူး၊ ကိုယ့်ကို မလေးမစားလုပ်လာရင်တော့ မင်းဟာမင်းဘာကြီးဖြစ်နေနေ ငါကတော့ ဖြတ်ကိုချမှာ လစ်မှာ “ ဆိုတာမျိုး အားကြီးနဲ့ပြောတာ
အမလေး သိစေချင်တာ သိစေချင်တာအရမ်း
ဒါကိုမှအရမ်းရင့်ကျက်တယ်ထင်တာ ကိုယ့်ကိုယ်ကိုဆရာကျတယ်ထင်တာ

ဒါကိုမရင့်ကျက်ဖူးမပြောဘူးနော်
ဒီပုံထဲက စာသည် အယူအဆလေးတစ်ခုပါပဲ
ကြိုက်သူရှိမယ် ၊ မကြိုက်သူရှိမယ်
လက်ခံသူရှိမယ်၊ လက်မခံသူရှိမယ်
သူ့သဘောသူဆောင်သွားမှာပါပဲ

ကျွန်မကတချိန်က ကိုယ်ရင့်ကျက်တယ်လို့ ကိုယ့်ကိုယ်ကိုဂုဏ်ယူကျေနပ်တာတွေ၊ တယ်ဟုတ်တဲ့ငါဆိုတာတွေ၊ ဒါကမှ Boundary ဆိုတာတွေ အပေါ်အကုန်ပြန်စွဲနေတာကိုမြင်သွားတာ

ခေါင်းပန်းလေးတစ်ချက်လှန်သလို ဉာဏ်လေးတစ်မျိုးပြောင်းသွားတာနဲ့ လူကအဲလိုကိုယ့်အကြောင်းကိုယ်ပြန်မြင်တော့တာ
( ရိုးရိုးဉာဏ်ပြောင်းတာပြောတာနော် ဘာတရားထူးမှမဟုတ် )

ကိုယ်က အယူဆတစ်ခုကို ကိုယ်တိုင်လည်းလက်ခံတယ်၊ ဒါကိုလည်း သဘောကျတယ်၊ မျှဝေတယ်
ဒါပေမဲ့ အဲဲဒီကိုယ့် ဆရာကျတယ်ဆိုတဲ့ Version ကြီးကို ကိုယ်ပြန်အထပ်ထပ်လက်ခံ သဘောတွေကျလွန်ပြီး စွဲသွားတတ်တာကြီးကိုမြင်သွားတာ
မြင်လေ လွှတ်ချလေ လွတ်ကျလေ စိတ်ကလေးလွတ်လပ်ပေါ့ပါးလေပါပဲ ကိုယ်တွေ့ပါ

ဘာစွဲစွဲ စွဲနေသမျှကတော့ပင်ပန်းတယ်
နည်းနည်းစွဲတော့ နည်းနည်းပဲပင်ပန်းတယ်
လုံးဝမစွဲလုံးဝစိတ်မပင်ပန်းဖူးပေါ့လေ

ဒါတောင် မျှဝေတဲ့ပို့စ်တွေအပေါ်ထပ်ကာထပ်ကာမစွဲဖို့ များကြီးလိုပါသေးတယ်လေ

ကမ္မသကာ

🐰🥕

လွတ်လပ်စွာ Share နိုင်ပါတယ်

😁တအားသဘောကျတဲ့ပုံလေးPhoto Creditပါ
11/11/2025

😁

တအားသဘောကျတဲ့ပုံလေး

Photo Creditပါ

မလိုဒေါသ လိုလောဘ တွေချည်းပါပဲ အရင်တုန်းကတော့ကိုယ့်လာထိရင် ပြန်သမတာမသမ ရရင်ကို စိတ်ထဲမယ် မပြီးနိုင်မစီးနိင်အပူထုတ်ထမ်းတာက...
11/11/2025

မလိုဒေါသ လိုလောဘ တွေချည်းပါပဲ
အရင်တုန်းကတော့ကိုယ့်လာထိရင် ပြန်သမတာ
မသမ ရရင်ကို စိတ်ထဲမယ် မပြီးနိုင်မစီးနိင်အပူထုတ်ထမ်းတာ
ကျိုက်ထီးရိုးတောင်တက်ထမ်းသလိုလဲ ပိုက်ဆံရတာမဟုတ်
ဆန်အိတ်သယ်သလိုလဲခေါက်ပြန်ကြေးရတာမဟုတ်
ကိုယ့်သဘောနဲ့ကိုယ်ကျေကျေနပ်နပ်ကြီးသယ်တာ

အခုက
အဲလိုငါတော်တယ် ငါမှန်တယ်
Only for Justice
ဘာညာတွေမှာအကုန်လိုက်စွဲတာနော်
အစွဲများ စွဲစရာမရှိကြံဖန်စွဲတာ
ဒီဆရာမ တက်တက်ကြွကြွကိုစွဲတာ ဘာစွဲသလည်းမမေးနဲ့

“ ငါကဒီလိုလူဖြောင့် “ ဆိုတာလည်းစွဲတယ်
“ ဒါကမှအမှန် “ ဆိုတာလည်းစွဲတယ်

စွဲဖို့ရန်မှာ တာဝန်သာဆိုသလိုပါ ကိုယ်တွေပြောပါတယ်

တစ်ချက်လေးမြင်သွားတော့ ဒီလိုပုံမျိုးရှဲတာတောင် ရှဲစိတ်က အရင်နဲ့မတူတာလေးသွားတွေ့တာရယ်

အရင်ဆို “ ကိုယ်ကဒီလိုလူနော်၊ ဒီပုံထဲကလိုနော်၊ ဒါကမှအမှန်နော် “ စသဖြင့် ပြောချင်တာ
“ ကိုယ်ကအတ္တမရှိဘူး၊ ကိုယ့်ကို မလေးမစားလုပ်လာရင်တော့ မင်းဟာမင်းဘာကြီးဖြစ်နေနေ ငါကတော့ ဖြတ်ကိုချမှာ လစ်မှာ “ ဆိုတာမျိုး အားကြီးနဲ့ပြောတာ
အမလေး သိစေချင်တာ သိစေချင်တာအရမ်း
ဒါကိုမှအရမ်းရင့်ကျက်တယ်ထင်တာ ကိုယ့်ကိုယ်ကိုဆရာကျတယ်ထင်တာ

ဒါကိုမရင့်ကျက်ဖူးမပြောဘူးနော်
ဒီပုံထဲက စာသည် အယူအဆလေးတစ်ခုပါပဲ
ကြိုက်သူရှိမယ် ၊ မကြိုက်သူရှိမယ်
လက်ခံသူရှိမယ်၊ လက်မခံသူရှိမယ်
သူ့သဘောသူဆောင်သွားမှာပါပဲ

ကျွန်မကတချိန်က ကိုယ်ရင့်ကျက်တယ်လို့ ကိုယ့်ကိုယ်ကိုဂုဏ်ယူကျေနပ်တာတွေ၊ တယ်ဟုတ်တဲ့ငါဆိုတာတွေ၊ ဒါကမှ Boundary ဆိုတာတွေ အပေါ်အကုန်ပြန်စွဲနေတာကိုမြင်သွားတာ

ခေါင်းပန်းလေးတစ်ချက်လှန်သလို ဉာဏ်လေးတစ်မျိုးပြောင်းသွားတာနဲ့ လူကအဲလိုကိုယ့်အကြောင်းကိုယ်ပြန်မြင်တော့တာ
( ရိုးရိုးဉာဏ်ပြောင်းတာပြောတာနော် ဘာတရားထူးမှမဟုတ် )

ကိုယ်က အယူဆတစ်ခုကို ကိုယ်တိုင်လည်းလက်ခံတယ်၊ ဒါကိုလည်း သဘောကျတယ်၊ မျှဝေတယ်
ဒါပေမဲ့ အဲဲဒီကိုယ့် ဆရာကျတယ်ဆိုတဲ့ Version ကြီးကို ကိုယ်ပြန်အထပ်ထပ်လက်ခံ သဘောတွေကျလွန်ပြီး စွဲသွားတတ်တာကြီးကိုမြင်သွားတာ
မြင်လေ လွှတ်ချလေ လွတ်ကျလေ စိတ်ကလေးလွတ်လပ်ပေါ့ပါးလေပါပဲ ကိုယ်တွေ့ပါ

ဘာစွဲစွဲ စွဲနေသမျှကတော့ပင်ပန်းတယ်
နည်းနည်းစွဲတော့ နည်းနည်းပဲပင်ပန်းတယ်
လုံးဝမစွဲလုံးဝစိတ်မပင်ပန်းဖူးပေါ့လေ

ဒါတောင် မျှဝေတဲ့ပို့စ်တွေအပေါ်ထပ်ကာထပ်ကာမစွဲဖို့ များကြီးလိုပါသေးတယ်လေ

ကမ္မသကာ

🐰🥕

လွတ်လပ်စွာ Share နိုင်ပါတယ်

ကြောက်စိတ်တွေဝင်လာရင် “သူ” ရှိတယ် ဆိုပြီး ကိုယ့်နောက်မှာ မားမားရပ်နေတဲ့ “ သူ “ နဲ့ ရှေ့က ကိုယ်ပေါက်စနလေးကိုမြင်လိုက်တာပါ...
08/11/2025

ကြောက်စိတ်တွေဝင်လာရင် “သူ” ရှိတယ် ဆိုပြီး ကိုယ့်နောက်မှာ မားမားရပ်နေတဲ့ “ သူ “ နဲ့ ရှေ့က ကိုယ်ပေါက်စနလေးကိုမြင်လိုက်တာပါပဲ

အလုပ်မလုပ်လို့ သိပ်မကြိုက်ချင်ဘူး

ဒီကလည်း ဆယ်ကျော်သက်လိုလို တခါတလေ ကလန်ကဆန် ကလုပ်ချင်တာရယ်

ဒါဆိုဘာလို့ပို့စ်တွေတင်နေတုန်း

ဘာလို့ အလုပ်တွေလုပ်နေတုန်း

အလုပ်မလုပ်ရင်မကြိုက်လို့🥹

တခါတလေ လူကထထအူချင်နေတာမျိုး
လွတ်နေတာ

အလုပ်မလုပ်ချင်တော့ဘူးတွေဘာတွေ ဆန်ဒပြတာ

အူချင်လဲအူလိုက်
လုပ်စရာရှိတာလုပ်
ထူးစရာရှိတာထူး ဆိုတာမျိုးကြီး

ကိုယ့် Birthchart လည်းလူတိုင်းကိုပေးမသိဘူးရယ်
ကျွတ်ဆင်ကြီးတွေပါနေလို့ ဥ ထားတာ

ရူးရင်ရူး မရူးရင်ထူးဇာတာမို့😁🤭

🪻

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Tarot By Karrot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tarot By Karrot:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram