Paolo Hospital - Myanmar Representative Office, Yangon

Paolo Hospital - Myanmar Representative Office, Yangon Paolo Hospital Phaholyothin
Bangkok, Thailand
Myanmar Representative Office

🍀 မိသားစုတိုင်း ကာကွယ် …                          ရာသီတုပ်ကွေး ရန်စွယ် 🍀မိုးရာသီကို ရောက်ရှိနေပြီဖြစ်လို့ မိသားစုတိုင်း ...
24/06/2021

🍀 မိသားစုတိုင်း ကာကွယ် …
ရာသီတုပ်ကွေး ရန်စွယ် 🍀

မိုးရာသီကို ရောက်ရှိနေပြီဖြစ်လို့ မိသားစုတိုင်း သိထားသင့်တဲ့ ရာသီတုပ်ကွေးရောဂါအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ …

❇️ ရာသီတုပ်ကွေးရောဂါ ( Seasonal Influenza) သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး Influenza Virus ပိုးကြောင့်ဖြစ်ပွါးရခြင်းဖြစ်ပါတယ်

❇️ ရာသီတုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ပျံ့နှံ့နိုင်ပြီး ရောဂါပိုးရှိသူ နှာချေခြင်း/ ချောင်းဆိုးခြင်းတို့က ထွက်ပေါ်လာသော အစက်အမှုန် (droplet) များကို တိုက်ရိုက်ရှူသွင်းမိရာကနေ ကူးစက်ခံရနိုင်ပါတယ် ၊ ဒါ့အပြင် ရောဂါပိုးရှိသူ နှာချေ/ ချောင်းဆိုးခြင်းက ထွက်ပေါ်လာသော droplets များ တင်ကျန်ကပ်ငြိနေသော အသုံးအဆောင်ပစ္စည်းများ၊ အရာဝတ္ထုများကို ထိတွေ့ပြီးနောက် မိမိ မျက်နာ/နှာခေါင်းများကို ကိုင်တွယ်မိခြင်းမှ တဆင့်လည်း ကူးစက်ခံရတာမျိုး ဖြစ်ပွါးနိုင်ပါတယ်ခင်ဗျာ

❇️ ရောဂါပျိုးရက်မှာ ၁ ရက်မှ ၄ ရက်ခန့်ဖြစ်ပြီး ရောဂါလက္ခဏာမပြမီ ၁ ရက်မှ စတင်၍ ရောဂါလက္ခဏာ စတင်ခံစားရပြီးနောက် ၇ ရက်အထိ ကူးစက်ပြန့်ပွါးနိုင်ပါတယ်

❇️ ရောဂါလက္ခဏာများအနေနဲ့
- အဖျားရှိခြင်း ( အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် နှင့် အထက် )
- ချောင်းဆိုးခြင်း
- နှာချေခြင်း
- နှာရည်ယိုခြင်း
- လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း
- ကိုယ်လက်ကိုက်ခဲခြင်းနှင့်
- နုံးခွေခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်ခင်ဗျာ

❇️ ကူးစက်ခံရသူ အများစုကတော့ ဖျားခြင်း အပါအဝင် အခြားရောဂါလက္ခဏာများကို တစ်ပတ်အထိခံစားရနိုင်ပြီး ကုသမှု ခံယူရန်မလိုအပ်ပဲ ပြန်လည်သက်သာလာတတ်ပေမယ့် အချို့မှာတော့ နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင် နမိုးနီးယား ရောဂါများခံစားရနိုင်ပါတယ်

❇️ ကလေးငယ်များ ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ၊ ခုခံအားကျဆင်းမှုရှိသူများမှာတော့ ရောဂါပိုမိုပြင်းထန်နိုင်ပြီး နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ချေ မြင့်မားပါတယ်

❇️ ရာသီတုပ်ကွေးကူးစက်ခံရလျှင် ကောင်းမွန်စွာ အနားယူခြင်း၊ အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်း အစရှိတဲ့ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်ပြုမူခြင်းများဖြင့် ရောဂါပြန်လည်သက်သာလာနိုင်ပါတယ်

❇️ ရောဂါလက္ခဏာများ စတင်ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် ပြင်ပလူနာအဖြစ် သွားရောက်ပြသသင့်ပြီး ၊ အောက်ဖော်ပြပါ ပြင်းထန် လက္ခဏာများ ပေါ်ပေါက်ပါက ဆေးရုံတွင် စနစ်တကျ တက်ရောက်ကုသမှုခံယူရန် လိုအပ်ပါတယ်

❇️ ပြင်းထန် လက္ခဏာများ

- အဖျားကြီးလွန်းခြင်း
- အသက်ရှူကြပ်ခြင်း နှင့် အသက်ရှူရခက်ခဲခြင်း
- သတိလစ်ခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်း

❇️ ရာသီတုပ်ကွေးရောဂါ ကူးစက်မခံရအောင် တစ်နှစ်တစ်ကြိမ် ပုံမှန် တုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်းဖြင့်လည်း ကာကွယ်ထားနိုင်ပါတယ်

ဒါ့အပြင်

- နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ခြင်း
- ရေနှင့်ဆပ်ပြာကို အသုံးပြုပြီး လက်ကို မကြာခဏ သေချာဆေးကြောခြင်း
- လူစုလူဝေးကို ရှောင်ပြီး တတ်နိုင်သမျှ အိမ်တွင်နေထိုင်ခြင်း
- လူထူထပ်သော နေရာများ သွားလာရန် လိုအပ်ပါက နှာခေါင်းစည်း Mask ကို စနစ်တကျအသုံးပြုခြင်း တို့ဖြင့်လည်း ကာကွယ်နိုင်ပါတယ်

မိသားစုများအားလုံးပဲ ယခုနှစ် မိုးရာသီမှာ ရာသီတုပ်ကွေး ကူးစက်မခံရအောင် အထူးသတိပြုဆင်ခြင် နေထိုင်နိုင်ကြပြီး ကျန်းမာလုံခြုံကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ခင်ဗျာ 😇😇

┏━━━━━━━━━━━┓   🚨Health Tips for Women🚨    ┗━━━━━━━━━━━┛✅ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိမိကိုယ်တိုင်တောင် ...
18/05/2021

┏━━━━━━━━━━━┓
🚨Health Tips for Women🚨
┗━━━━━━━━━━━┛

✅ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိမိကိုယ်တိုင်တောင် သတိမထားမိနိုင်တဲ့ သိသင့်သိထိုက်တဲ့ အချက်လေးတွေကို ရှာဖွေဖော်ပြပေးလိုက်ရပါတယ် …


✅ စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးတွေဟာ ကလေးမရခြင်း၊ ရာသီသွေးမမှန်ခြင်း၊ အဝလွန်ခြင်း နှင့် အစားအသောက်ပျက်ခြင်း အစရှိတဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ ထို့အပြင် နောက်ဆက်တွဲအနေနဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်းနဲ့ နှလုံးရောဂါတွေဟာ စိတ်ဖိစီးမှုရဲ့ မိတ်ဖက်တွေလိုမျိုး ကပ်ပြီးပါလာတတ်ပါတယ်။ Stress လျှော့ချဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ပြုမူပုံတွေ မတူကွဲပြားသလို နေထိုင်မှုပုံစံတွေကလည်း မတူကြတဲ့အတွက် ကိုယ့်ကိုကိုယ် စိတ်ဖိစီးမှုများနေပြီလို့ သံသယဝင်လာတဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုခုအပေါ် အာရုံစိုက်ပြီး လုပ်လိုက်တာမျိုးနဲ့ ဖြေလျှော့သင့်ပါတယ်။

✅ ဝိတ်လျှော့ကျတယ်။

⚠️များသောအားဖြင့် ကိုယ်အရမ်းကြိုက်တဲ့ အစားအစာတွေကို ချက်ချင်း တိခနဲ ဖြတ်လိုက်တတ်ကြတယ်။ ဒါက အစာစားချင်စိတ်ကို အနှောင့်အယှက်ပေးနိုင်ပြီး မလိုလားအပ်တဲ့ အစာအိမ်ပြဿနာတွေ ပေါ်ပေါက်လာနိုင်စေပါတယ်။ သင့်တင့်မျှတတဲ့ အာဟာရကသာ သင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးတွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ အမျှင်ဓာတ်ပါတဲ့အစားအစာ၊ လတ်ဆတ်တဲ့အသီးအရွက်တွေကို ပိုပြီးစားသုံးသင့်ပါတယ်။ နွားနို့၊ ဆယ်လမွန်ငါး၊ သီဟိုဠ်စေ့တွေလည်း စားသုံးနိုင်ပါတယ်။ ဒါက ကိုယ်အလေးချိန်ကို ကျစေရုံတင်မဟုတ်ပဲအမျိုးသမီးတွေအတွက် လိုအပ်တဲ့ ကယ်လဆီယမ်ဓာတ်ကို ကြွယ်ဝစေပါတယ်။

✅ Gym တွေဆော့လာကြတယ်။

အဓိကရည်ရွယ်ချက်က ခန္ဓာကိုယ်လှပဖို့ဆိုပေမယ့် ကျန်းမာကြံ့ခိုင်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေကာ ‌နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကို ကာကွယ်ပေးပါတယ်။

⚠️ အမျိုးသမီးတွေဟာ အသက် (၃၀) ကျော်လာလေ ကိုယ်ဝန်ဆောင်နိုင်စွမ်း လျော့နည်းလာလေ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးယူဖို့ စဉ်းစားတဲ့အမျိုးသမီးတွေဟာ အသက် (၃၀) မကျော်ခင်မှာ သင့်ရဲ့ကိုယ်ဝန်ဆောင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အကယ်၍ အသက်ငယ်ရွယ်တဲ့ အိမ်ထောင်ရှင်တွေဆိုရင်တော့ ဘယ်သားဆက်ခြားနည်းက မိမိ အတွက် အသင့်တော်ဆုံးဖြစ်မလဲ ဆိုတာကို အဓိကတိုင်ပင်သင့်ပါတယ်။ သားဆက်ခြားခြင်းဟာ ရာသီစက်ဝန်းကို ပုံမှန်ဖြစ်စေသလို သားအိမ်နဲ့ သားဥအိမ်ကင်ဆာတွေကို ရာခိုင်နှုန်းတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။
ဒါပေမယ့် HPV virus ကြောင့် ဖြစ်နိုင်တဲ့သားအိမ်ခေါင်းကင်ဆာကတော့ အရွယ်ရောက်ပြီးသားမိန်းကလေးတိုင်း စစ်ဆေးထားသင့်တဲ့ရောဂါ ဖြစ်ပြီး ရောဂါရှိမရှိစစ်ဆေးပြီးလို့ မရှိဘူးဆိုတာနဲ့ ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားသင့်ပါတယ်။

✅Screen time များလာတဲ့ ဒီဘက်ခေတ်မှာ အိပ်ရာဝင်နောက်ကျခြင်း‌၊ ခေါင်းကိုက်ခြင်း စတာတွေကို လူငယ်လူလတ်ပိုင်းတွေဟာ အများဆုံးခံစားကြရပါတယ်။ အာရုံစူးစိုက်မှုအားနည်းခြင်း၊ ပင်ပန်းလွယ်ခြင်းတွေအပြင် နှလုံးနဲ့ အာရုံကြောဆိုင်ပြဿနာတွေ ခံစားရနိုင်တဲ့အတွက် တတ်နိုင်သမျှ Screen time ကိုလျှော့ပါ။ အိပ်ရေးဝဝအိပ်ပါ။

✅သင့်မိသားစုမှာ သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ နာတာရှည်ရောဂါတွေ ဖြစ်ဖူးတဲ့ ရာဇဝင်ရှိခဲ့ရင် သင့်အတွက် ပုံမှန် ကျန်းမာရေး စစ်ဆေးနေဖို့လိုပါတယ်။ ထိုရောဂါတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက်တွေကို လေ့လာပါ။ သင့်မိသားစုဆရာဝန်နဲ့ စနစ်တကျ ညှိနှိုင်းပြီးတော့ သင့်အတွက် လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို အမြဲစစ်ဆေး စောင့်ကြည့်နေပေးဖို့လိုအပ်ပါတယ်။


💙 ကျွန်တော်တို့ Paolo အထူးကု ဆေးရုံကြီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သက်တမ်း ၄၄ နှစ်ကြာရပ်တည်လာသော ပုဂ္ဂလိကဆေးရုံ ကြီး ဖြစ်ပြီးတော့ နောက်ဆုံးပေါ်နည်းပညာ များကို အသုံးပြုပြီး စျေးနှုန်း အထူးသက်သာစွာဖြင့် မြန်မာနိုင်ငံမှ ဆေးကုသမှုခံယူချင်သူများအတွက် အထူးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်

💙 ဘန်ကောက်သို့ လာရောက်ကုသရန် ခန့်မှန်းကုန်ကျစရိတ် မေးမြန်းခြင်း၊ အသေးစိတ် အချက်အလက်များ စုံစမ်းခြင်း၊ ဆရာဝန်နှင့် ကြိုတင်ရက်ချိန်းယူခြင်းများ ပြုလုပ်လိုပါက

☎️09792777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

🎉🎉 ဘန်ကောက် သို့ အရေးပေါ် သွားရောက် ဆေးကုသလိုသူများအတွက် သတင်းကောင်း 🎉🎉✅ အရေးပေါ်ကုသမှု ခံယူလိုသူများအနေဖြင့်ရန်ကုန် မှ ...
14/07/2020

🎉🎉 ဘန်ကောက် သို့ အရေးပေါ် သွားရောက် ဆေးကုသလိုသူများအတွက် သတင်းကောင်း 🎉🎉

✅ အရေးပေါ်ကုသမှု ခံယူလိုသူများအနေဖြင့်
ရန်ကုန် မှ ဘန်ကောက်သို့ အခါအားလျော်စွာ ပြေးဆွဲပေးလျက်ရှိသော ကယ်ဆယ်ရေး (Relief Flight) များတွင် နာမည်စာရင်းပေးသွင်း၍ သွားရောက်ကုသမှုခံယူနိုင်ပါပြီခင်ဗျာ

✳️ အဓိက လိုအပ်သည့်အချက်အလက်များ -

👉🏻 ထိုင်းနိုင်ငံအတွင်း ဝင်ခွင့်လက်မှတ်
👉🏻 ကျန်းမာရေးထောက်ခံစာ
👉🏻 ၇၂နာရီအတွင်း ရရှိထားသော Covid-19 ရောဂါကင်းရှင်းကြောင်းထောက်ခံချက်
👉🏻 အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ ကျန်းမာရေး အာမခံ
👉🏻 ဆေးဖက်ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ပေးသော နိုင်ငံမှ ထွက်ခွာခွင့်လက်မှတ်
👉🏻 ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးသော (၁၄)ရက်အနည်းဆုံးရှိသည့် ဆေးရုံအတွင်းရောဂါမကူးစက်စေရန်ခွဲခြားနေထိုင်ရန် ခွင့်ပြုချက်
👉🏻 မြန်မာနိုင်ငံမှအထွက် စိစစ်ချက်

✅အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံမှသာ လေယာဉ်လက်မှတ် ရောင်းချပေးမည့် ခရီးသည်စာရင်းတွင် အမည်စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်

❇️သွားရောက်ကုသမှုခံယူလိုသူများအတွက် အဆင့်ဆင့် လွယ်ကူချောမွေ့မှုရှိစေရန်
ကျွန်တော်တို့ Visionary Healthcare Service မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ

အသေးစိတ်အချက်အလက်များကို
☎️ 09 792 777799 / 09 772 777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်

┏━━━━━━━━━━━┓      ❤️    ဘန်ကောက်မသွားပဲ                ဆေးခန်းပြကြမယ်      ❤️    ┗━━━━━━━━━━━┛👉🏼 သူငယ်ချင်းတွေကိုလဲ သတင...
02/06/2020

┏━━━━━━━━━━━┓ ❤️ ဘန်ကောက်မသွားပဲ
ဆေးခန်းပြကြမယ် ❤️
┗━━━━━━━━━━━┛

👉🏼 သူငယ်ချင်းတွေကိုလဲ သတင်းပေးလိုက်ပါဦးနော်

❤️ ဘန်ကောက်မြို့ Paolo ဆေးရုံကြီး၏ အထူးအစီအစဉ် ❤️

❌ ဘန်ကောက် သို့ လုံးဝ လာရန် မလို ❌

👉 လူနာဟောင်း / လူနာသစ်များအတွက် အဆင်ပြေစေရန် Paolo အထူးကု ဆေးရုံကြီးမှ အထူးအစီအစဉ်အနေနဲ့ မိမိတို့အိမ်မှာပဲနေပြီး Viber သို့မဟုတ် Line ကဲ့သို့ Applications များကို အသုံးပြု၍ Online မှတဆင့် ဆရာဝန်နဲ့ ပြသ
တိုင်ပင်လို့ရနိုင်မယ့် Telemedicine အစီအစဉ်ကို စတင်လိုက်ပါပြီခင်ဗျာ

👉 မည်ကဲ့သို့သောလူနာများ အသုံးပြုသင့်သလဲ ?

✅ ဆေးရုံ ရက်ချိန်း ပြန်ပြရန်လိုအပ်နေသူများ
✅ ဆေးကုန်လို့ ဆေးထပ်ဝယ်ချင်သူများ
✅ ခွဲစိပ်ကုသရန် လို/မလို တိုင်ပင်ချင်သူများ

အထက်ပါလူနာများ အတွက် အထူးပဲ သင့်လျော်တဲ့ အစီအစဉ်လေး ဖြစ်ပါသည်။

📌အသေးစိတ်ကို ...

☎ 09 772 777799 / 09 792 777799
✉️ page
တို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်တယ်ခင်ဗျာ 🙏🏻

🔥 ယခုအချိန်အခါတွင် ကမ္ဘာတစ်လွှား၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ Covid-19 ရောဂါ ကူးစက်ပျံ့ပွါးလျက်ရှိပါသည်။ယခုကဲ့သို့အခြေအနေမ...
21/04/2020

🔥 ယခုအချိန်အခါတွင် ကမ္ဘာတစ်လွှား၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ Covid-19 ရောဂါ ကူးစက်ပျံ့ပွါးလျက်ရှိပါသည်။ယခုကဲ့သို့အခြေအနေမျိုးတွင် လူကြီး လူငယ် မရွေး မိမိကိုယ်ခံအားကို အမြင့်ဆုံးမြှင့်တင်ထားနိုင်ရန်ကလည်း အရေးကြီးသော အချက်တစ်ခုပင်ဖြစ်သည်။ သို့မှသာ ရောဂါကူးစက်ခံရနိုင်ခြေ လျော့ပါးစေနိုင်ပြီး အကယ်၍ ကူးစက်ခံရလျှင်လည်း ဆိုးရွားစွာပြင်းထန်မှု မရှိပဲ ကျော်လွှားနိုင်မှာဖြစ်ပါသည်။

🔥 သို့ဖြစ်ပါ၍ ကိုယ်ခံအားကောင်းမွန်စေရန် လုပ်ဆောင်သင့်သည့် သဘာဝနည်းလမ်းလေးများကို ဝေမျှလိုက်ရပါသည်။

📌အိပ်ရေးဝအောင် အိပ်စက်ခြင်း

တစ်နေ့ ကိုအိပ်ချိန်အနည်းဆုံး ၇ နာရီ ထား၍ အိပ်စက်အနားယူရန် အရေးကြီးပါသည်။ ကိုယ်ခန္ဓာအတွင်းရှိ ပုံမှန်လုပ်ငန်းဆောင်တာများလည်ပတ်နိုင်ရန်နှင့် ပျက်စီးသည်များကိုပြုပြင်ရန်အတွက် အိပ်ရေးဝဖို့လိုပါသည်။

📌ကိုယ်လက်လှုပ်ရှားမှု ပြုပေးခြင်း။

နေ့စဉ် နာရီဝက် လေးဆယ်ငါးမိနစ်ခန့် သို့မဟုတ် တစ်ပတ် ငါးရက်ခန့် ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားခြင်း ၊ အားကစားပြုပေးခြင်း ၊ ယောဂကစားခြင်းများသည် ကိုယ်ခံအားကို ကောင်းစေရုံသာမက စိတ်ဖိဆီးမှုကိုပါ လျှော့ချပေးနိုင်ပါသည်။ သို့ရာတွင် အပြင်းအထန်လေ့ကျင့်ခန်းပြုလုပ်မှုများသည် ကိုယ်ခံအားကိုကျစေနိုင်သဖြင့် ဆင်ခြင်သင့်ပါသည်။

📌ကိုယ်ခံအားမြှင့်တင်ပေးနိုင်သည့်အစားအသောက်များစားသုံးခြင်း

ကြက်သွန်ဖြူ၊ ဂျင်း၊ Vitamin C ကြွယ်ဝသော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်စွပ်ပြုတ်၊ ဒိန်ချဉ် များကို စားသုံးခြင်းဖြင့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပါသည်။

📌နေပူစာလှုံခြင်း

နံနက်ခင်း ၆ နာရီမှ ၈ နာရီအတွင်းရရှိသော သဘာဝနေရောင်ခြည်သည် Vitamin D ကြွယ်ဝသဖြင့် ကိုယ်ခံစွမ်းအားကို မြင့်မားစေပါသည်။ သို့ရာတွင် အလွန်အကျွံနေရောင်ခြည်ခံခြင်းကြောင့် အရေပြားကင်ဆာ ရောဂါ ဖြစ်နိုင်သည်ကို ဆင်ခြင်သင့်ပါသည်။

📌စိတ်ဖိစီးမှုလျှော့ချခြင်း

အထက်ပါအချက်အလက်များအားလုံးလိုက်နာရန်အပြင် စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချရန်လဲ အရေးကြီးပါသည်။ စိတ်ဖိစီးမှုလျှော့ချရန် မိမိဝါသနာပါသည့်အလုပ်များကို လုပ်ကိုင်ခြင်း၊ စာဖတ်ခြင်း သီချင်းနားထောင်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ မိမိချစ်ခင်သူတို့နှင့်စကားစမြည်ပြောဆိုခြင်း၊ တရားထိုင်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပါသည်။

🍀အားလုံးပဲ ဤကပ်ရောဂါဆိုးကြီးကို ကြံ့ကြံ့ခိုင်၍ ကျော်လွှားနိုင်စေရန် ဆုတောင်းမေတ္တာပို့လိုက်ရပါတယ်ခင်ဗျာ။

❓❓❓ကျီးပေါင်းဆိုတာဘာလဲ ❓❓❓👉တော်တော်များများပြောနေကျ ကျီးပေါင်းတက်လို့ခါးနာနေတယ်၊ ခါးကျီးပေါင်း၊ လည်ပင်းကျီးပေါင်းတက်တယ်ဆ...
05/03/2020

❓❓❓ကျီးပေါင်းဆိုတာဘာလဲ ❓❓❓

👉တော်တော်များများပြောနေကျ ကျီးပေါင်းတက်လို့ခါးနာနေတယ်၊ ခါးကျီးပေါင်း၊ လည်ပင်းကျီးပေါင်းတက်တယ်ဆိုပြီး အရပ်ထဲပြောလေ့ရှိပါတယ်။

👉ကျွန်တော်တို့ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို တည့်မတ်နေစေရန် ထောက်ပံ့ပေးသော ကျောရိုးဆစ်များဟာ အသက်အရွယ်ကြီးမြင့်လာချိန်နှင့်အမျှ ပျက်စီးယိုယွင်းလာတတ်ပါတယ်။

👉ကျီးပေါင်းဆိုတာ အမှန်တကယ်တော့ ကျောရိုးဆစ်များပုံမှန်ချောမွတ်နေရာမှ အနားသတ်များမညီမညာဖြစ်၍ အပိုအတက်တွေဖြစ်လာခြင်းကိုခေါ်ပါတယ်။ ကျောရိုးဆစ် တစ်လျှောက် ခါးဆစ်ရိုးများမှာဖြစ်လျှင် ခါးကျီးပေါင်း၊ လည်ပင်းဆစ်ရိုးများမှဖြစ်လျှင် လည်ပင်းကျီးပေါင်းဆိုပြီးခေါ်ဝေါ်လေ့ရှိပါတယ်။

👉လူ့ခန္ဓာကိုယ်ရှိ ပင်မအာရုံကြောမကြီးဟာ ကျောရိုးဆစ်အခေါင်းပေါက်အတွင်းမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ ဆက်သွယ်ပေးထားပြီး ၎င်းအာရုံကြောမကြီးသို့ တိုက်ရိုက် ဖြစ်စေ အာရုံကြောအတက်အလက်များသို့ဖြစ်စေ ထိခိုက်မိပါက ခါးနာခြင်း၊ ဇက်ကြောတက်ခြင်းနှင့် ပိုမိုဆိုးရွားပါက ခြေလက်များထုံကျဉ်သည်အထိ ဖြစ်တတ် ပါတယ်

👉ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ တစ်ဦးနှင့်တစ်ဦးမတူညီကြပဲ အဓိက အားဖြင့်………

📌ကျောရိုးဆစ်ကြားခံ အရိုးနုပြားကျွံခြင်း(ခါးဆစ်ရိုး၊ လည်ပင်းဆစ်ရိုး)
📌ကျောရိုးဆစ်များ ရောင်ရမ်းခြင်း၊
📌ကျောရိုးဆစ်များ ဖောင်းပွခြင်း
📌ကျောရိုးဆစ်အခေါင်းပေါက် ကျဉ်းမြောင်းလာခြင်းတို့ကြောင့်ပဲ ဖြစ်ပါ တယ်။

💙 Paolo အထူးကု ဆေးရုံကြီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သက်တမ်း ၄၄ နှစ်ကြာရပ်တည်လာသော ပုဂ္ဂလိကဆေးရုံကြီးဖြစ်ပြီးနောက်ဆုံးပေါ်နည်းပညာ များဖြင့် စျေးနှုန်း အထူးသက်သာစွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ

♥️ ဘန်ကောက်သို့လာရောက် ဆေးကုသရန်
ခန့်မှန်းကုန်ကျစရိတ် မေးမြန်းခြင်း, အသေးစိတ် အချက်အလက်များ မေးမြန်းခြင်း, ဆရာဝန်နှင့် ကြိုတင်ရက်ချိန်းယူခြင်းများပြုလုပ်လိုပါက

☎️ 09772777799 / 09792777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Paolo Myanmar Office

┏━━━━━━━━━━━┓🚨သားအိမ်ခေါင်း ကင်ဆာဆိုတာ 🚨    ┗━━━━━━━━━━━┛👉🏻သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ကူးစက်မှုကြေ...
25/02/2020

┏━━━━━━━━━━━┓
🚨သားအိမ်ခေါင်း ကင်ဆာဆိုတာ 🚨
┗━━━━━━━━━━━┛

👉🏻သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ကူးစက်မှုကြောင့်အများဆုံးဖြစ်ရပြီးတော့ အခြားသော အကြောင်းရင်းများကြောင့်လည်းဖြစ်ပွားနိုင်ပါတယ်။

👉🏻သားအိမ်ခေါင်းကင်ဆာရဲ့ကနဦးအဆင့်တွေက ရောဂါလက္ခဏာမပြသတတ်တဲ့အတွက် လူနာအများစုက သတိမထားမိကြပဲ အချိန်အတော်ကြာမှသာ စစ်ဆေးတွေ့ရှိမျိုးရှိတတ်ကြပါတယ်။

ဒါကြောင့်မို့ ရာသီသွေးမဟုတ်ပဲ သွေးမကြာခဏဆင်းတာ၊ အဖြူဆင်းတဲ့အခါ အနံ့အရမ်းနံတာ၊ တင်ပါးဆုံနဲ့ခါးနာကျင်တာမျိူးရှိခဲ့ရင် သားအိမ်ခေါင်းကင်ဆာ ကို သတိထားမိပြီးတော့ အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။

👉🏻သားအိမ်ခေါင်းကင်ဆာဟာ လိင်ဆက်ဆံဖေါ်များသူတွေ၊ အသက်ငယ်ငယ်လိင်ဆက်ဆံတဲ့သူတွေ၊ တခြားသော လိင်မှတဆင့်ကူးစက်တတ်သောရောဂါရှိသူတွေ (ဥပမာ- HIV/AIDS ရှိသူတွေ၊ ဆစ်ဖလစ်နဲ့ ဆီးပူညောင်းကျရောဂါရှိသူတွေ)၊ ကိုယ်ခံအားနည်းသူတွေ၊ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ ပိုမိုပြီးတော့အဖြစ်များပါတယ်။

👉🏻သားအိမ်ခေါင်းကင်ဆာက အခုဆိုရင် မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ပါပြီ ။ Pap Smear ခေါ် သားအိမ်ခေါင်းအကျိအချွဲစစ်ပြီးတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးကာကွယ်နိုင်ပါတယ်။

👉🏻ဆေးလိပ်ဖြတ်သင့်ပါတယ်။ အကာကွယ်မဲ့ လိင်ဆက်ဆံတာတွေကို ရှောင်ပါ။ သားအိမ်ခေါင်းကင်ဆာရှိမရှိကို သားအိမ်ခေါင်းချွဲစစ်ဆေးခြင်းနဲ့ သိနိုင်သလို အသားစယူခြင်း၊နဲ့လည်းသိနိုင်ပါတယ်။ CT, MRI နဲ့ PETCT စတဲ့စစ်ဆေးမှုတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။

👉🏻သားအိမ်ခေါင်းကင်ဆာ‌ ခံစားနေရပြီဆိုပါက အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်

Chemotherapy (ကင်ဆာဆေးသွင်းကုသခြင်း)၊Trachelectomy (သားအိမ်ခေါင်းဖြတ်ထုတ်ခြင်း)၊ Hysterectomy (သားအိမ်ထုတ်ခြင်း)၊
Radiation (ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း)
စတာတွေနဲ့ကုသနိုင်ပါတယ်။

💙 Paolo အထူးကု ဆေးရုံကြီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သက်တမ်း ၄၄ နှစ်ကြာရပ်တည်လာသော ပုဂ္ဂလိကဆေးရုံကြီးဖြစ်ပြီးနောက်ဆုံးပေါ်နည်းပညာ များဖြင့် စျေးနှုန်း အထူးသက်သာစွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ

♥️ ဘန်ကောက်သို့လာရောက် ဆေးကုသရန်
ခန့်မှန်းကုန်ကျစရိတ် မေးမြန်းခြင်း, အသေးစိတ် အချက်အလက်များ မေးမြန်းခြင်း, ဆရာဝန်နှင့် ကြိုတင်ရက်ချိန်းယူခြင်းများပြုလုပ်လိုပါက

☎️ 09772777799 / 09792777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Paolo Myanmar Office

🚨 သားအိမ်အလုံးတည်ခြင်း 🚨👉သားအိမ်အလုံးတည်ခြင်း Myoma Uterus ဆိုသည်မှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ရောဂါတစ်ခုဖြစ်...
17/02/2020

🚨 သားအိမ်အလုံးတည်ခြင်း 🚨

👉သားအိမ်အလုံးတည်ခြင်း Myoma Uterus ဆိုသည်မှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ရောဂါတစ်ခုဖြစ်ပါတယ်။ အများအားဖြင့် ရောဂါဖြစ်ခါစမှာ ကြိုမသိနိုင်ပဲ Ultrasound ရိုက်တဲ့အခါမှသိတတ်ပါတယ်။ ပုံမှန်မဟုတ်ပဲ ဓမ္မတာစောလာတာ၊ ရာသီသွေးအများကြီးဆင်းတာ၊ ဆီးခဏခဏသွားတာ၊ တင်ပါးဆုံကွင်းအတွင်းနာကျင်တာ၊ ဆီးမထိ်န်းနိုင်တာ စတာတွေ ခံစားရတတ်ပါတယ်။ အလုံးတည်ရှိတဲ့နေရာနဲ့ အရွယ်အစားပေါ်မူတည်ပြီးတော့ ခံစားရတာနဲ့ ကုသမှုပုံစံတွေကွာခြားပါတယ်။ သားအိမ်နံရံရဲ့ အတွင်းမြုပ်နေတဲ့ fibroid (အလုံး)၊ သားအိမ်ထဲမှာဖြစ်တဲ့ fibroid ၊ သားအိမ်ပြင်ပမှာဖြစ်တဲ့ fibroid ရယ်လို့ ရှိနေပါတယ်။ Myoma / Fibroid တွေဟာ ဟော်မုန်ပြောင်းလဲမှုတွေကြောင့် ဖြစ်နိုင်သလို မျိုးဗီဇကြောင့် ဆဲလ်ကွဲပွားမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။

👉တချို့အကြိတ်တွေက ကြီးလာတတ်သလို တချို့တွေကတော့ တဖြည်းဖြည်းသေးပြီး ပြန်ပျောက်သွားတာတွေလည်းရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အခါ မှာလည်း ပျောက်သွားတတ်ပါတယ်။ အဝလွန်သူတွေ၊ အသက်ငယ်ငယ်နဲ့ ရာသီစလာသူတွေ၊ အနီရောင်ရှိတဲ့ အသားတွေကို အလွန်အကျွံစားပြီးတော့ အသီးအရွက်နဲ့ သစ်သီးတွေကို မျှတအောင်မစားသုံးသူတွေမှာ ပိုပြီးဖြစ်နိုင်ချေများပါတယ်။

👉Myoma / Fibroid ကြောင့် ကင်ဆာဖြစ်နိုင်ချေနည်းပေမယ့် အကြိတ်ရဲ့ အရွယ်အစားပေါ်မှာ မူတည်ပြီးတော့ သွေးဆင်းတာများတဲ့ အခါ သွေးအားနည်းခြင်း (Anaemia) ကို ဖြစ်စေတတ်သလို ကိုယ်ဝန်ဆောင်တဲ့အခါ ကလေးစောမွေးခြင်း၊ အချင်းကွာထွက်ခြင်းနဲ့ သန္ဓေသားဖွံ့ဖြိုးမှုနှေးခြင်းကို ဖြစ်စေတတ်ပါတယ်။ Ultrasound ရိုက်ခြင်း၊ သားအိမ်တွင်းမှန်ပြောင်းကြည့်ခြင်းတွေနဲ့ အလုံးရှိမရှိသိနိုင်ပြီးတော့ ဟော်မုန်းထိန်းညှိသည့်သောက်ဆေးများပေး၍ စောင့်ကြည့်ခြင်း၊ ခွဲစိတ်ခြင်း (Myomectomy) စတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။ ဒါ့အပြင် တိုးတက်လာတဲ့ ဆေးပညာနည်းလမ်းတွေကို သုံးပြီးမခွဲစိတ်ရပဲ ကုနိုင်တဲ့ နည်းတွေလဲ ရှိပါတယ်။ စက်ရုပ်လက်တံတွေကိုသုံးပြီး ဝမ်းဗိုက်မှာဖောက်ထားတဲ့ အပေါက်ကလေးတွေကနေ သားအိမ်ထဲက အကြိတ်ကို ဖယ်ထုတ်ခြင်း (Laproscopic myomectomy)၊ အကြိတ်ကို ထောက်ပံ့ပေးတဲ့ သွေးကြောတွေကို ခဲသွားစေတဲ့ ဆေးတစ်မျိုးထိုးပေးပြီးတော့ အကြိတ်တွေကို ဆက်ကြီးမလာတော့အောင် သတ်လိုက်ခြင်း ( Uterine Artery Embolization)၊ သွေးဆင်းများတဲ့ လူနာတွေမှာ အပူပေးတဲ့ ပစ္စည်းတစ်မျိုးသုံးပြီး သွေးတိတ်အောင် ပြုလုပ်ခြင်း (Endometrial Ablation) စတဲ့နည်းတွေနဲ့လဲ ကုသနိုင်ပါတယ်။

💙 Paolo အထူးကု ဆေးရုံကြီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သက်တမ်း ၄၄ နှစ်ကြာရပ်တည်လာသော ပုဂ္ဂလိကဆေးရုံကြီးဖြစ်ပြီးနောက်ဆုံးပေါ်နည်းပညာ များဖြင့် စျေးနှုန်း အထူးသက်သာစွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ

♥️ ဘန်ကောက်သို့လာရောက် ဆေးကုသရန်
ခန့်မှန်းကုန်ကျစရိတ် မေးမြန်းခြင်း, အသေးစိတ် အချက်အလက်များ မေးမြန်းခြင်း, ဆရာဝန်နှင့် ကြိုတင်ရက်ချိန်းယူခြင်းများပြုလုပ်လိုပါက

☎️ 09772777799 / 09792777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Paolo Myanmar Office

💥 ယခုတလော နိုင်ငံတကာမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ Corona Virus(Wuhan) virus အလွယ်တကူ ကူးစက်ခြင်းမခံရအောင် ကြိုတင်က...
31/01/2020

💥 ယခုတလော နိုင်ငံတကာမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ Corona Virus(Wuhan) virus အလွယ်တကူ ကူးစက်ခြင်းမခံရအောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးများကို ဝေမျှပေးလိုက်ရပါတယ်နော် 💥

မြန်မာပြည်သူပြည်သား အားလုံးအတွက် အမြဲ အသင့်ရှိနေမယ် ပေါင်လို ဆေးရုံကြီး 🙏🏻🙏🏻

ဆက်သွယ်ရန် 👇🏻👇🏻
☎️ 09792777799
☎️ 09772777799

🌟🌟 မြန်မာငွေ ကျပ်ငါးသိန်း ဝန်းကျင် နဲ့ ဘန်ကောက် မှာဆေးစစ်ကြမယ် 🌟🌟👉🏻ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာအဆင့်မှီ ပေါ...
16/01/2020

🌟🌟 မြန်မာငွေ ကျပ်ငါးသိန်း ဝန်းကျင် နဲ့ ဘန်ကောက် မှာဆေးစစ်ကြမယ် 🌟🌟

👉🏻ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာအဆင့်မှီ ပေါင်လိုဆေးရုံကြီးတွင် ပြီးပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှု ခံယူလိုသူများအတွက် အထူးအခွင့်အရေး 🥳🥳🥳

🚨မြန်မာငွေကျပ် ငါးသိန်းဝန်းကျင်သာ🚨

👉🏻အတန် တကာ့ အတန်ဆုံးမို့ လက်မလွှတ်စေနဲ့နော် 🎉🎉

📌ကျန်းမာသောခန္ဓာနှင့်ပျော်ရွှင်သောဘဝများ
ပိုင်ဆိုင်ကြစေရန်
ကျွန်ုပ်တို့ ဘန်ကောက်မြို့ Paolo အထူးကု ဆေးရုံကြီးမှ ပြီးပြည့်စုံသော ဝန်ဆောင်မှုများဖြင့်
ကြိုဆိုလျှက်ရှိပါတယ်ခင်ဗျာ 😇😇

📌ဒါ့အပြင် Paolo ဆေးရုံကြီးမှ 👇🏻👇🏻

👉🏻လေဆိပ် ကြို/ပို့ အခမဲ့ ✈️
👉🏻ဟော်တယ်ကြို/ပို့ အခမဲ့ 🚐
👉🏻ကျွမ်းကျင်မြန်မာစကားပြန်အခမဲ့🙏

တို့ဖြင့်လည်း အကောင်းဆုံးဝန်ဆောင်မှုများပေးလျက်
ရှိပါတယ်ခင်ဗျာ 🎉🎉🎉

အသေးစိတ်ကို ...
☎ 09 772 777799 / 09 792 777799
✉️ page
တို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်တယ်ခင်ဗျာ 🙏🏻

🛑 ဘာကြောင့် Medical Checkup ပုံမှန်စစ်ဆေးသင့်သလဲ ❓❓👉🏻ကျန်းမာ​ရေး စရိတ်​သက်​သာခြင်းကျန်းမာ​ရေးစစ်​ဆေးခြင်းက သင့်​အတွက်​ကု...
08/01/2020

🛑 ဘာကြောင့် Medical Checkup ပုံမှန်စစ်ဆေးသင့်သလဲ ❓❓

👉🏻ကျန်းမာ​ရေး စရိတ်​သက်​သာခြင်း

ကျန်းမာ​ရေးစစ်​ဆေးခြင်းက သင့်​အတွက်​ကုသစရိတ်​ကို အဆ​ပေါင်းများစွာ သက်​သာ​စေပါတယ်​။ ကာကွယ်​ခြင်းသည်​ကုသခြင်းထက်​ကောင်းတဲ့ဆိုတဲ့အတိုင်း​ရောဂါကို မဖြစ်​ခင်​ကြိုတင်​ကာကွယ်​ခြင်း ၊ ကျွမ်းကျင်​တဲ့ဆရာဝန်​နဲ့​ဆွေး​နွေးပြီး ဘယ်​အရာ​တွေကို လုပ်​သင့်​တယ်​၊မလုပ်​သင့်​ဘူးဆိုတာ အကြံဥာဏ်​ယူနိုင်​ပါတယ်​။ ဒါမှသာ ကျန်းမာပျော်ရွှင်ပြီး​တော့ သင့်​စီးပွားရေးနဲ့ မိသားစုအတွက်​အချိန်​ပို​ပေးနိုင်​မှာ ဖြစ်​ပါတယ်​။

👉🏻စောလျင်စွာ​ရောဂါကို သိရှိခြင်း

အကယ်​၍​ရောဂါတစ်ခုခု ရှိ​နေခဲ့ရင်​တောင်​လက္ခဏာမပြ​သေးခင်​ရောဂါနု​နေစဉ်​မှာပဲ ထိ​ရောက်​စွာကုသနိုင်​ပါတယ်​။ ဒါ့​ကြောင့်​ဆေးကုသစရိတ်​သက်​သာသလို
​ရောဂါနုစဉ်​မှာ ကုသတဲ့အတွက်​လူ​နာ အတွက်လည်း ခံစားရတဲ့​ဝေဒနာ အများကြီးသက်​သာစေပါတယ်​။

👉🏻ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များကို အသေးစိတ် ဆန်းစစ်နိုင်ခြင်း

​သွေးစစ်​ခြင်းက​နေ သင့်​မှာရှိ​နေတဲ့ ကျန်းမာ​ရေးအ​ခြေအ​နေ​တွေကို စစ်ဆေးသိရှိနိုင်​ပါတယ်​။​သွေးအားနည်းခြင်း ၊ သွေးတွင်း အဆီဓာတ်များခြင်း ၊ ဆီးချို ၊​သွေးတိုးနဲ့ အခြား ကူးစက်ရောဂါ​တွေကို စောလျင်စွာသိရှိနုိင်​ပါတယ်​။ ဒါ့အပြင်​ခန္ဓာကိုယ်​ရဲ့ အ​ရေးကြီး အင်္ဂါအစိတ်​အပိုင်း​တွေဖြစ်​တဲ့​ကျောက်​ကပ်​၊ အသည်း ၊ နှလုံး​တွေရဲ့ လုပ်​ဆောင်​ချက်​တွေကိုပါ အတိအကျ သိရှိနိုင်​တာမို့ အလွန်အကျိုးရှိပါတယ်

👉🏻သင့်​ကျန်းမာ​ရေးနဲ့ ပတ်​သက်​တဲ့ အဖိုးတန်အချက်​အလက်​များရရှိနိုင်ခြင်း

Medical checkup လုပ်​ခြင်းကရလာတဲ့ ရလဒ်​အ​ဖြေ​တွေက သင့်​ကိုကုသမှုပေးမယ့် ဆရာဝန်​အတွက်​အင်​မတန်​အကျိုးရှိတဲ့ ကျန်းမာ​ရေး အ​ထောက်​အကူ​တွေပါ ။ ဥပမာအ​နေနဲ့​အ​ဆီများ​နေလျှင်​နလုံး​သွေး​ကြော ပိတ်​နိုင်​တဲ့အတွက်​အဆီ​ရှောင်​စားဖို့ တိုက်​တွန်းနို​င်​ပါတယ်​။ ဆရာဝန်​ရဲ့ တိုက်​တွန်းချက်​ကို နား​ထောင်​ပြီး လူ​နေမှုပုံစံ အနည်းငယ်​ပြောင်းလဲလိုက်​ရင်​ကျန်းမာပြီးပျော်ရွှင်တဲ့ လူ​နေမှုဘ၀ကို တည်​ဆောက်​နိုင်​မှာ ဖြစ်​ပါတယ်​။

အားလုံးပဲ ကျန်းမာပြီးပျော်ရွှင်သော မိသားစုဘဝလေးကို
ပိုင်ဆိုင်နိုင်ကြပါစေ 👨‍👩‍👦👨‍👩‍👦

👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာအဆင့်မီ
ပေါင်လိုဆေးရုံကြီးတွင်
ကျန်းမာရေးစစ်ဆေးမှု ခံယူလိုသူများအနေဖြင့်

☎️ ​09772 777 99 , 09792 777 99​
✉️ chat box မှတစ်ဆင့် အသေးစိတ်
ဆက်​သွယ်​စုံစမ်းမေးမြန်းနိုင်ပါတယ်​ခင်​ဗျာ

Paolo Myanmar Office

ပတ်ကေ့ အနည်းငယ်ပဲ ကျန်တော့တာမို့ ...အမြန်ဆုံး ဆက်သွယ်ဝယ်ယူထားမှ စိတ်ချရပါမယ်ခင်ဗျာ 🎉🎉🎉
05/01/2020

ပတ်ကေ့ အနည်းငယ်ပဲ ကျန်တော့တာမို့ ...

အမြန်ဆုံး ဆက်သွယ်ဝယ်ယူထားမှ စိတ်ချရပါမယ်ခင်ဗျာ 🎉🎉🎉

💥💥💥 ၂၀၂၀ ကို ကြိုဆိုရင်း Buy 1 Get 1 နဲ့ဆေးစစ်ကြမယ် 💥💥💥

💢 နှစ်သစ်ကူးအတွက် ပေါင်လိုဆေးရုံကြီးရဲ့
အထူးအစီအစဉ်လေးပါနော် 💢

✔️စုံလင်လှတဲ့ ကျန်းမာရေးစစ်ဆေးမှု
အမျိုးအစားပေါင်း(35)မျိုးကျော်ပါ ပတ်ကေ့ ကို
တစ်ယောက် ဝယ်ရင် တစ်ယောက် အခမဲ့
စစ်ဆေးခွင့်ရမည့်အပြင် ......

အထူးလက်ဆောင်အနေနဲ့ 👇👇👇

Baiyoke Bouquite Hotel မှာ တစ်ညတာ
တည်းခိုခွင့် 🏩

(သို့မဟုတ်)

Curise Dinner Ticket 🛳️ ညစာစားခွင့်

လက်ဆောင်များ လည်းရရှိနိုင်ဦးမှာပါ ❗️❗️

📌 အရေအတွက်ကန့်သတ်ထားတာမို့
အခုပဲ ကြိုတင်စာရင်းပေးလိုက်ကြဖို့မမေ့နဲ့နော်

📌 စစ်ဆေးမည့်ရက်ကိုလည်း
2020 January 1 ရက်နေ့မှ 31 ရက်နေ့အထိ
မိမိကြိုက်နှစ်သက်ရာရက်ကို စိတ်တိုင်းကျ
ရွေးချယ်စစ်ဆေးနိုင်မှာမို့ အဆင်ပြေဆုံးပဲနော်

🎆 ကိုယ်တိုင်ပဲ စစ်မလား
🎇 မိဘ လူကြီး များကိုပဲ စစ်ပေးမလား

အရမ်းကိုတန်တဲ့ အစီအစဉ်လေးမို့
အမြန်ဆုံး အမြန်ဆုံးလာဝယ်လိုက်ကြပါနော် 🔥🔥🔥🔥

အသေးစိတ်သိရှိ လိုပါက ....

☎️ 09 792 777799 / 09 772 777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်

Address

Building A-11, Room-1, Anawyahtar Housing, Pyay Road, Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959772777799

Alerts

Be the first to know and let us send you an email when Paolo Hospital - Myanmar Representative Office, Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Paolo Hospital - Myanmar Representative Office, Yangon:

Share