Aung Yadanar Family Clinic

Aung Yadanar Family Clinic We give clinical tele-consultation, laboratory services, vaccination and other health care advices.

05/05/2024

2024 Vaxigrip tetra..တုပ်ကွေးကာကွယ်ဆေး အောင်ရတနာဆေးခန်းတွင် ထိုးနှံနိုင်ပြီနော်

ဆေးခန်းလာ‌ရောက် မပြသနိုင်သူများ မိမိတို့၏ကျန်းမာရေးနှင့်ပတ်သက်၍သိလိုသည်များက်ု Dr Yu Mon thin ဖြင့် zwaka application ht...
04/09/2020

ဆေးခန်းလာ‌ရောက် မပြသနိုင်သူများ မိမိတို့၏ကျန်းမာရေးနှင့်ပတ်သက်၍သိလိုသည်များက်ု Dr Yu Mon thin ဖြင့်
zwaka application
https://www.facebook.com/2068878310032561/posts/2748884718698580/
မှတဆင့်သော်လည်းကောင်း
Viber (09957320392) သို့သော်လည်းကောင်း
ဆက်သွယ်၍ပြသနိုင်ပါသည်။

04/09/2020

🤒🤒ဖျားနာ ချောင်းဆိုး မောပန်း နုံးခွေသူများနှင့် အနံ့အရသာမရသူများ
ကိုယ်ကိုကိုယ် Covid19🦠 လို့ သံသယရှိရင် ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များကို မသွားပဲ 🙅🙅
မြို့နယ်အသီးသီးရှိ Fever Clinic များကို သွားပါ
အချိန်စာရင်းနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်၊လိပ်စာများပါ

1. တာမွေမြို့နယ်

အချိန် ..... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ..... အမှတ်၃၇/၃၇ ဦးထွန်းမြတ်လမ်း၊ဗညားဒလလမ်းထောင့်(ရတနာမြိုင်ကွန်ဒို)

ဆေးခန်းဖွင့်ရက်.... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန်- ဒေါက်တာကျော်မင်းထွန်း( 095127449)

2. မင်္ဂလာတောင်ညွန့်မြို့နယ်

အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ........ မြယာကုန်းလမ်းမပေါ် ရှိ ဧရာဝတီဘဏ်ဘေး၊ အရင် 21st Century City Mart ရှေ့၊ ကျန်းမာရေးဌာန ၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။

ဆေးခန်းဖွင့်ရက်.... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာကိုကိုထွေး( 09253999600)

3. ဗိုလ်တထောင်မြို့နယ်

အချိန်...... ၂၄ နာရီ

နေရာ...... အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)

တာဝန်ခံ ဆရာဝန် -ပါမောက္ခ ဒေါက်တာသက်ထွန်းချစ်၊ ဒေါက်တာနေမင်းထက်( 095044868)

4. လှိုင်သာယာမြို့နယ်

အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၁ နာရီ

ဆေးခန်းဖွင့်ရက်... စနေ

နေရာ..... ဒေသန္တရဆေးခန်း မန္တလေးလမ်း ၁၂ရပ်ကွက် အထက ၂ကျောင်းအနီး

တာဝန်ခံ ဆရာဝန် - ဒေါက်တာနိုင်မင်းထွဋ်( 09963525140)

5. အင်းစိန်မြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ

နေရာ.... အင်းစိန်မြို့တော်ခန်းမ

ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ

တာဝန်ခံ ဆရာဝန် - ပါမောက္ခဒေါက်တာဒေါ်မာမာကြည်၊ဒေါက်တာ သောင်းလင်း ( 09260206401)

6. အရှေ့ဒဂုံမြို့နယ်

အချိန်....... မနက် (၈) နာရီ မှ (၁၀) နာရီ

နေရာ........ ထ/၁၄ မင်းရဲကျော်စွာလမ်း ၇ ရပ်ကွက် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်
(ဂိတ်ဟောင်းမှတ်တိုင် နှင့် စျေးလမ်းမှတ်တိုင်ကြား)

ဆေးခန်းဖွင့်ရက်... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာရဲညီညီထွဋ် ( 09972555220)

7. ရွှေပြည်သာ မြို့နယ်

အချိန်....... မနက် ၈ နာရီ မှ ၁၁ နာရီ

နေရာ....... ရွှေပြည်သာမြို့တော်ခန်းမ

ဆေးခန်းဖွင့်ရက်.... အင်္ဂါ၊ကြာသပတေး၊စနေ၊တနင်္ဂနွေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာသစ်လွင်( 09450013533)

8. တောင်ဒဂုံ မြို့နယ်

အချိန်.....မနက် ၈ နာရီမှ ၁၁ နာရီထိ

နေရာ.....စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(တောင်ဒဂုံ) အမှတ်(၁/က)ဇေယျာမြိုင်လမ်း(၅၄)ရပ်ကွက်၊
တောင်ဒဂုံမြို့နယ်

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ-ဗုဒ္ဓဟူး-သောကြာ-တနင်္ဂနွေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာ ဇော်လင်းဘို(
095086538)

9. တောင်ဥက္ကလာပမြို့နယ်

အချိန်.....မနက် ၉ နာရီမှ ၁၂ နာရီထိ

ဆေးခန်းလိပ်စာ........တောင်ဥက္ကလာ ၁၀ရပ်ကွက်
ဇေယျလမ်း ဟေမဝန်ဓမ္မာရုံဝင်းထဲ

ဆေးခန်းဖွင့်ရက်.... သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာဉာဏ်လင်းမြင့်ထွန်း( 095198814)

10. ကြည့်မြင်တိုင်မြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၂ နာရီ ထိ

နေရာ....... မဟာပုညောပကာရဓမ္မာရုံ၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်။

ဆေးခန်းဖွင့်ရက်... ဗုဒ္ဓဟူး၊စနေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာ အောင်မွန်ကျော်( 09421137517)

11. မှော်ဘီ မြို့နယ်

အချိန်..... နံနက် ၉ နာရီ မှ ၁၁ နာရီထိ

နေရာ...... အားကစားခန်းမ၊မှော်ဘီ

ဆေးခန်းဖွင့်ရက်..... အပတ်စဉ်-အင်္ဂါ

တာဝန်ခံ ဆရာဝန်- ဒေါက်တာ ကျော်လင်းထွန်း
(09972021450)

12. ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်

ခေတ္တယာယီ ပိတ်ထားပါသည်။လိုအပ်ပါကပြန်လည်ဖွင့်လှစ်သွားပါမည်။

တာဝန်ခံ ဆရာဝန် - ဒေါက်တာ ရဲမောင်
(09261957090)

13. ရန်ကင်း မြို့နယ်

အချိန်.... မနက် ၉:၃၀ မှ ၁၂ နာရီ ထိ

နေရာ.... မိုးကောင်းကျောင်းတိုက်ဝင်း၊ရန်ကင်း

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ၊ဗုဒ္ဓဟူး၊စနေ

တာဝန်ခံ ဆရာဝန်....ဒေါက်တာ အိအိခိုင်
(09978807029)

14. လှိုင် မြို့နယ်

အချိန်.....မနက် ၈ နာရီ မှ ၁၁ နာရီ ထိ

နေရာ..... အမှတ် (၅) ရပ်ကွက် အပိုင်း(၂)၊ ခရေ(၄)လမ်း၊ဓမ္မပါလကျောင်းတိုက်ဘေး၊
အ.မ.က (၂၆) လှိုင်မြို့နယ်။

ဆေးခန်းဖွင့်ရက်.....အပတ်စဉ် - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

ဆေးခန်း တာဝန်ခံ- ဒေါက်တာ အောင်မော်မင်း( 0943067059)

15. သာကေတမြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ ထိ

နေရာ.... မိုးလုံလေလုံ အားကစားရုံ၊သာကေသမြို့နယ် ဘောလုံးကွင်း(စာတိုက်မှတ်တိုင် အနီး)

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-အင်္ဂါ၊စနေ

တာဝန်ခံဆရာဝန်....ဒေါက်တာ မြတ်မိုးလွင်
(09425306298)

16. မြောက်ဥက္ကလာပ မြို့နယ်

အချိန်....မနက် ၉ နာရီ မှ ၁၁ နာရီ ထိ

နေရာ.... မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ မှ သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာစိုးဝေဖြိုး( 09960197369)

17. မရမ်းကုန်းမြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ

ဆေးခန်းဖွင့်ရက်..... အင်္ဂါ၊စနေ

နေရာ... ကျိုက်ဝိုင်းဘုရား ၊ဘောလုံးကွင်း
အမှတ်(၃) ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်။

တာဝန်ခံဆရာဝန်- ဒေါက်တာရဲလင်းစိုး( 09773030870)

18. တွံတေးမြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ

ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

နေရာ... သာသနာ့ဗိဗ္မာန် တွံတေးမြို့

တာဝန်ခံဆရာဝန်- ဒေါက်တာကျော်ဇင်ဦး(0943083337)

19. ခရမ်းမြို့နယ်

ခေတ္တယာယီ ပိတ်ထားပါသည်။လိုအပ်ပါကပြန်လည်ဖွင့်လှစ်သွားပါမည်။

တာဝန်ခံ ဆရာဝန်..... ဒေါက်တာ ဇော်ဝင်း(09965530919)

20. သန်လျင်မြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၃ နာရီ

နေရာ.... သန်လျင်ပြည်သူ့ဆေးရုံကြီး

တာဝန်ခံဆရာဝန်.... ဒေါက်တာမြကြေးမုံ(09452293526)

Credit to Ma Wyne Pye

05/05/2020

Aung Yadanar Family Clinic တွင် 2020အတွက် flu vaccine (တုပ်ကွေးကာကွယ်ဆေး) 10.5.2020မှ စ၍ထိုးလို့ရပါပြီ။ ထိုးလိုသူများ ဆေးခန်းဖုန်း (09957320392) သို့ ကြိုတင်ဆက်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

ဒေါက် တာ ယု

05/05/2020

မိသားစုကိုကော အမျိုးတွေကော ဝန်ထမ်းတွေကောနှစ်စဉ်ထိုးပေးဖြစ်ပါတယိ လက်ဆေးတာလဲလုပ်ဖြစ်တဲ့အတွက် တုပ်ကွေးတနှစ်မှ မဖြစ်ဘူးပါဘူး 🤗

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနှစ်ထိုးထားသင့်တယ်နော်

✅တုပ်ကွေးကာကွယ်ဆေး အမည်များ
********************************
၂၀၁၇ ဇူလိုင်လနှင့် သြဂုတ်လများမှစ၍ မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ တင်သွင်းရောင်းချခြင်း၊ လှူဒါန်းခြင်းများမှတဆင့် တုပ်ကွေးကာကွယ်ဆေးများ ဝင်ရောက်လာရာ ထုတ်လုပ်သူ ကုမ္ပဏီပေါ်မူတည်ပြီး ဆေးအမည် အမျိုးမျိုးဖြစ်နေ၍ ရှင်းလင်းစွာသိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးပါသည်။
မည်သည့် ဆေးအမည်ဖြစ်စေ အရေးကြီးဆုံးက လက်ရှိ ခုနှစ် တုပ်ကွေးရာသီ၏ ဗိုင်းရပ်စ်များအတွက် ထုတ်ထားသော ကာကွယ်ဆေး ဖြစ်သင့်သည်။ မြန်မာ နိုင်ငံတွင်း အဖြစ်များခဲ့သော H1N1 အပါအဝင် အခြားတုပ်ကွေးဗိုင်းရပ်စ်ပိုး A နှင့် B အုပ်စုများကို ကာကွယ်မှုပေးနိုင်သော အသက်အလျောက် ထုတ်ထားသည့် တံဆိပ်များမှာ
FluQuadri Junior (၆လမှ ၃ နှစ်)
FluQuadri (၃ နှစ်နှင့် အထက်)
Fluarix Tetra( ၆လ နှင့် အထက်)
Afluria Quad (၁၈ နှစ်နှင့် အထက်)
(ထို ၄ မျိုးက ဗိုင်းရပ်စ် အသွင်၄ မျိုးအတွက်)
Vaxigrip Junior (၆လမှ ၃ နှစ်)
Vaxigrip (၃ နှစ်နှင့် အထက်)
INFLUVAC (၆ လအထက်)
ဝ.၂၅ & ဝ.၅ ml ၂ မျိုးရှိသည်။
AGRIPPAL (၆ လအထက်)
ဝ.၂၅ & ဝ.၅ ml ၂ မျိုးရှိသည်။
(ထို ၄ မျိုးက ဗိုင်းရပ်စ် အသွင် ၃ မျိုးအတွက်)
✅သိသင့်သော အချက်များ
************************
(က) အသက်အပိုင်းအခြား dosage များ
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
-၆ လမှ ၃ နှစ်ထိ ကလေးများအတွက် ဝ.၂၅ ml ပါဝင်သည်။
-၃ နှစ်ကျော် ကလေးများအတွက် ဝ.၅၀ ml ပါဝင်သည်။
-၁၈ နှစ်နှင့် အထက်လူကြီးများအတွက် ဝ.၅၀ ml ပါဝင်သည်။
(ခ) ကာကွယ်ဆေးထိုးသင့်သူများ
🛑🛑🛑🛑🛑🛑🛑🛑🛑
၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ၊ လူနာနှင့် တိုက်ရိုက်ထိတွေ့နေသော ကျန်းမာရေးဝန်ထမ်းများက တုပ်ကွေးကာကွယ်ဆေး ရနိုင်လျှင်၊ မတန်တဆ ဈေးမပေးရလျှင် ထိုးသင့်ပါသည်။
(ဂ) ကိုယ်ဝန်ဆောင်များ
🛑🛑🛑🛑🛑🛑🛑
-ကိုယ်ဝန်ဆောင်များ စောထိုးနိုင်လျှင် ကာကွယ်မှုစောစောရသည်။ မည်သည့်လမဆို ထိုးနိုင်သည်။ ကိုယ်ဝန်ဆောင် တုပ်ကွေးဖြစ်လျှင် လက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိ၍ ထိုးသင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင် ထိုးခြင်းဖြင့် မွေးလာမည့် ကလေးကို အသက် ၆ လအထိ တုပ်ကွေးကာကွယ်ပေးနိုင်သည်။
(ဃ) ဆေးအာနိသင်ရစေရန်
🛑🛑🛑🛑🛑🛑🛑🛑
-ရောဂါပိုးက အသွင်အမျိုးမျိုး ပြောင်းနေ၍ ကာကွယ်ဆေးကို နှစ်စဉ်ပြပြင်မွမ်းမံ ထုတ်လုပ်သည်။ ထိုးချင်လျှင်၊ ထိုးသင့်လျှင် နှစ်စဉ်ထိုးရသည်။
-၆ လမှ ၉ နှစ်ထိ ကလေးများတွင် ပထမဆုံးအကြိမ်ထိုးသောနှစ်တွင် အနည်းဆုံး ၄ ပတ်ခြား၍ ၂ လုံး ထိုးရသည်။ နောက်နှစ်များတွင် တစ်နှစ်တစ်ကြိမ်သာ ထိုးဖို့လိုသည်။
-၉ နှစ်ပြည့်ပြီး ကလေးများတွင် ပထမဆုံးစထိုးသော နှစ်တွင် တစ်ကြိမ်သာ လိုပြီး နှစ်စဉ်ထိုးရသည်။
-၉ နှစ်အောက်ကလေးများ အကြောင်းတစုံတရာကြောင့် တစ်ကြိမ်ပဲ ထိုးမိလျှင်လည်း စိတ်တအားမပူပါနှင့်။ လုံးဝမထိုးတာထက်တော့ ခုခံမှုပိုပါသည်။
-တုပ်ကွေးရာသီ မတိုင်ခင် ၂လ ကြိုထိုးလျှင်အကောင်းဆုံးဖြစ်သော်လည်း အဖြစ်များချိန်တွင် ထိုးဖို့နောက်မကျသေးပါ။
-ကာကွယ်ဆေးထိုးပြီး ၂ ပတ်-၃ ပတ်ကြာလျှင် ခုခံမှုစွမ်းရည်စတင် ရရှိသည်။
-ရနိုင်သည့် ခုခံမှုပမာဏက ဆေး၏အာနိသင်ပေါ်တွင်သာမက ဗိုင်းရပ်စ်ပိုး၏ ပြင်းထန်ဆိုးရွားမှု၊ လူ၏ ပင်ကိုယ်ကိုယ်ခံအားတို့ အပေါ်တွင်ပါ မူတည်သည်။
-ကာကွယ်ဆေးက တုပ်ကွေးပိုးများကို ရာနှုန်းပြည့်ကာကွယ်မပေး၍ ကာကွယ်ရန်အခြားနည်းလမ်းများဖြစ်သော အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ လက်ပုံမှန်ဆေးခြင်း၊ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်းစသည်တို့ကို ဆက်လက်ကျင့်သုံးဖို့လိုအပ်သည်။
(င) ဘေးထွက်သက်ရောက်မှု
🛑🛑🛑🛑🛑🛑🛑🛑🛑
-အဖြစ်များသည့် ဘေးထွက်သက်ရောက်မှုမှာ ယာယီအဖျားငွေ့ရှိခြင်း၊ ထိုးသည့်နေရာတွင် ယာယီနီခြင်းတို့ဖြစ်သည်။
-မထိုးသင့်သောသူများမှာ ပထမအကြိမ်ထိုးပြီးပြီးခြင်း နှုတ်ခမ်းများ ရောင်လာခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ရှိဖူးလျှင် မတည့်ခြင်းဖြစ်၍ ဆက်မထိုးသင့်ပါ။ အလွန်ရှားသော်လည်း ကြက်ဥမတည့်သူများက ဆရာဝန်အနားရှိလျှင်ထိုးနိုင်သည်။
(စ) ထိုးနည်း
🛑🛑🛑🛑🛑
-မထိုးခင် ဆေး syringe ကိုလှုပ်ခါပါ။
-ကာကွယ်ဆေးမထိုးခင် ဆေးရည်ကြည်သလားစစ်ပါ။ အမှုန်အမွှားလေးများပါနေလျှင်၊ ဆေးရည် နောက်ကျိနေလျှင် အာနိသင်ပျက်နေပြီဖြစ်နိုင်သည်။
-လက်မောင်း(သို့) ပေါင်မှ ကြွက်သားထဲ ထိုးရသည်။
-ဆေးထိုးပြီးနောက် အပ်ကိုကြွက်သားထဲမှ မထုတ်ခင် ဆေးထိုးပြွန်အား နောက်ပိတ်မှဖိထားခြင်းကို မလွှတ်လိုက်ပါနှင့်။ အရေပြားအပြင်ဘက်ကို လုံးဝပြန်ရောက်မှ ဖိထားခြင်းကို လွှတ်လိုက်ပါ။ မဟုတ်လျှင် ဆေးပြန်ထွက်လာနိုင်သည်။
(ဆ) သိမ်းဆည်းနည်း၊ သယ်ဆောင်နည်း
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
-အာနိသင်မပျက်ပြယ်စေရန် ကာကွယ်ဆေးကို သိမ်းဆည်းခြင်း၊ သယ်ဆောင်ခြင်းတွင် အအေးဓာတ် ၂ ဒီဂရီ စင်တီဂရိတ်မှ ၈ ဒီဂရီ စင်တီဂရိတ်အတွင်းရှိရသည်။ ရေခဲသေတ္တာ၏ ရေခဲကန့်ထဲမထည့်ရပါ။ ခဲသွားသော ကာကွယ်ဆေးက အာနိသင်ပျက်သွားသည်။
-ဆေးမထိုးခင် သိမ်းဆည်းထားသော ရေခဲသေတ္တာထဲမှ ထုတ်ထားပြီး၂၅ ဒီဂရီလောက်ဖြစ်မှ ထိုးသင့်သည်။
-ကာကွယ်ဆေး syringe ကိုဖွင့်ပြီးလျှင် ပြန်သိမ်းဆည်းခြင်း မပြုရပါ။ ဝ.၂၅ ml မရလျှင် ဝ.၅ ml တစ်ဝက်ကို ထိုးပေးနိုင်သည်။ သို့သော် ကျန်တစ်ဝက်ကို အခြားလူသုံးဖို့ (သို့) နောက်တစ်ကြိမ်သုံးဖို့ မသိမ်းဆည်းထားပါနှင့်။
Credit to
နေနေမိုးဆွေ (Child Health Myanmar)
Reference: The Australian Immunization Handbook

Address

Yangon

Telephone

+959957320392

Website

Alerts

Be the first to know and let us send you an email when Aung Yadanar Family Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Yadanar Family Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram