Beauty Health Online Clinic

Beauty Health Online Clinic You Stay Home, Beauty Heart doctors will connect you for your health

Covid ကာလမှာ ဆေးရုံဆေးခန်း ထွက်ပြလို့ အဆင်မပြေသူများ မိမိရောဂါအကြောင်း ဆွေးနွေးတိုင်ပင်လိုသူများ ဆေးခန်းပြသဖို့အတွက် မစောင့်ဆိုင်းလိုသူများ အတွက် Beauty Heart Online Clinic ကနေပြီး လူကြီးမင်းတို့ဆီ ဖုန်းနဲ့ဖြစ်ဖြစ် Online မှဖြစ်ဖြစ် ဆရာဝန်ကြီးများကိုယ်တိုင် ဆက်သွယ် ဆွေးနွေးကုသပေးနေပါပြီ

28/03/2023
04/09/2021

Tele-consultation အတွက် ၁၅မိနစ်ကို မြန်မာကျပ်ငွေတစ်သောင်း ကျသင့်မှာဖြစ်ပါတယ် ...
အဆင်ပြေတဲ့ Online payment နဲ့ပေးလို့ရပါတယ် ...
လူနာနဲ့ History, လက်ရှိသောက်နေကျဆေး အစရှိသည်များ ဖုန်းမခေါ်ခင်ပြင်ဆင်ထားပေးပါ ...

Viber, WhatsApp, Telegram
+886909082336
Dr.Steve (Taiwan)

ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင်တိုင်းဖို့ မမေ့ကြပါနဲ့။ကိုဗစ်က အဆုတ်ကို အဓိက ထိခိုက်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါထက်ပ...
29/12/2020

ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင်တိုင်းဖို့ မမေ့ကြပါနဲ့။
ကိုဗစ်က အဆုတ်ကို အဓိက ထိခိုက်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါထက်ပိုဆိုးတာက silent hypoxiaလို့ ခေါ်တဲ့ သွေးတွင်းအောက်ဆီဂျင်ကျတာပါ။ သာမန်လူတစ်ယောက်ရဲ့ အောက်ဆီဂျင်က ၉၅%နဲ့ အထက်မှာ ရှိနေရမှာပါ။ ဒီထက်ကျလာရင် လူနာက နေလို့မကောင်းတာ၊ မောတာ ဖြစ်လာပါတယ်။
ကိုဗစ်လူနာမှာက ဒီလို မဖြစ်ပါဘူး။ အောက်ဆီဂျင်ကျနေပေမယ့် လူနာက မမောပါဘူး။ ဘာလက္ခဏာမှ မခံစားရပါဘူး။ အောက်ဆီဂျင်တိုင်းလို့သာ ကျနေမှန်းသိတာ သာမန်လူလိုပဲ သွားလာလှုပ်ရှားနိုင်ပါတယ်။ ဒါကြောင့် happy hypoxiaလို့ ခေါ်ပါတယ်။
ဒါကို သတိမပြုမိတဲ့ အခါကျတော့ လူနာတကယ်တမ်း မောလာတဲ့အချိန်မှာ အောက်ဆီဂျင်က တော်တော်ကျနေပါပြီ။ စောစောမသိတဲ့အတွက် အောက်ဆီဂျင်ပေးမယ်ဆိုရင်တောင် ခက်ခက်ခဲခဲ ကုသရမှာပါ။
ဒါကြောင့် မတော်တဆများ ကိုယ့်မှာ ကိုဗစ်လက္ခဏာ သံသယရှိတယ်ဆိုရင် ဆေးမစစ်ရသေးခင် စပ်ကြားမှာ သွေးတွင်းအောက်ဆီဂျင်ကို တိုင်းကြည့်ဖို့ မမေ့ပါနဲ့။ ၉၅အောက် ဆိုတာနဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို ချက်ချင်း အကြောင်းကြားပါ။ မောတဲ့အထိ မစောင့်ပါနဲ့။
သွေးတွင်းအောက်ဆီဂျင်ကို တိုင်းတာကလည်း pulse oximeterလို့ ခေါ်တဲ့ စက်ကလေးနဲ့ လက်ချောင်းထိပ်ကို ထည့်ပြီး တိုင်းရတာဆိုတော့ အင်မတန်လွယ်ပါတယ်။
ကိုဗစ်ဖြစ်ပြီးလို့ ဆေးရုံကနေ ဆင်းလာပြီဆိုရင်လည်း အိမ်မှာ တစ်ပတ် ကွာရန်တင်းထပ်နေရပါသေးတယ်။ ကိုဗစ်က ဖြစ်ပြီးသွားရင်တောင် ခန္ဓာကိုယ်ထဲမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါကို long hauler လို့ ခေါ်ပါတယ်။
ဒါကြောင့် ဆေးရုံက ဆင်းလာပြီးပေမယ့် အရင်ကလို အမောမခံနိုင်ဘူးတို့၊ နုံးတာတို့ ဖြစ်တတ်ကြပါတယ်။ ဒီလိုခံစားရတယ်ဆိုရင်လည်း သွေးတွင်းအောက်ဆီဂျင်လေး တိုင်းကြည့်ပါ ၉၅အထက်ဆို နားနားနေနေ နေပါ။ အာဟာရပြည့်အောင် စားပါ။ ၉၅အောက်ဆိုရင်တော့ သက်ဆိုင်ရာ ကျန်းမာရေး ဌာနကို သတင်းပို့ဖို့ အကြံပြုချင်ပါတယ်။
ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင်က အရေးပါလာပါပြီ။ လက္ခဏာ မပြတတ်တာကြောင့် ကိုဗစ်လို့ သံသယရှိရင်ဖြစ်ဖြစ်၊ ကိုဗစ်ဖြစ်ပြီးလို့ ဆေးရုံက ဆင်းလာပြီး မောလာရင် ဖြစ်ဖြစ် တိုင်းကြည့်ဖို့ အကြံပြုလိုပါတယ်။


#နှလုံးလှ

Beauty Heart ရဲ့ဒေါက်တာတစ်ဦးဖြစ်တဲ့ ဒေါက်တာတင်ထွန်းရဲ့ ကိုဗစ်ကာလအလှူတစ်ခုပါ မျှဝေပေးလိုက်ပါတယ်သတ္တဝါ အားလုံး ကျန်းမာချမ်...
06/12/2020

Beauty Heart ရဲ့ဒေါက်တာတစ်ဦးဖြစ်တဲ့
ဒေါက်တာတင်ထွန်းရဲ့ ကိုဗစ်ကာလအလှူတစ်ခုပါ မျှဝေပေးလိုက်ပါတယ်
သတ္တဝါ အားလုံး ကျန်းမာချမ်းသာ ကြပါစေ🙏🙏🙏


#နှလုံးလှ

20/09/2020

💥🎁💥Stay Home ကာလကြီးမှာ အပြင်ထွက်စရာမလိုပဲ မိမိရောဂါအကြောင်းဆရာဝန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးပြသနိုင်ဖို့ ကံစမ်းကြမယ် 💥🎁💥

👨‍⚕️ဒီ Beauty Heart Online Clinic Page လေးရဲ့ Lucky draw အစီအစဉ်လေးမှာဆိုရင်ဖြင့် ကံထူးရှင်(၅)ယောက် ကိုရွေးချယ်မှာဖြစ်ပြီး ကံထူးရှင်တွေကို Beauty Heart Doctor တွေမှ voice(or)video call ဖြင့် 15 min Free Consultation ပြုလုပ်ပေးမှာပဲဖြစ်ပါတယ် 👨‍⚕️👩‍⚕️👏👏👏

👨‍⚕️ဒီအခွင့်အရေးမှာ ပါဝင်ကံစမ်းချင်တယ်ဆိုရင်တော့...🎁🎁🎁

1️⃣မူရင်း Beauty Heart Online Clinic Page ကို Like 👍ပေးပါ။
2️⃣အခုPostလေးကို Likeပြီး သူငယ်ချင်း ၂ ယောက်ကို Mention ခေါ်ပြီး public နဲ့ share ပေးပါ။
3️⃣Share ထားတဲ့ Post လေးကို Screenshot ရိုက်ပြီး ဒီPost အောက်မှာမန့်ပေးပါ။

👨‍⚕️Comment တွေကိုတော့ (25.9.2020) ထိလက်ခံသွားမှာဖြစ်ပြီး (26.9.2020) Saturday မှာတော့ အထက်ပါ အချက်တွေနဲ့ ကိုက်ညီတဲ့သူ (၅)ဦးကို မဲနှိုက်ရွေးချယ်ပြီး Beauty Heart Online Clinic Page မှာ ကြေငြာပေးသွားမှာဆိုတော့ မြန်မြန်လေး ကံစမ်းဖို့ ဖိတ်ခေါ်ချင်ပါတယ်နော်...

👨‍⚕️ကိုယ်ကိုယ်တိုင် ဆွေးနွေးဖို့မလိုသေးဘူးဆိုရင်လည်း လိုအပ်နေမဲ့ ဆွေမျိုး သူငယ်ချင်းတွေကို ခုပဲ shareပြီး လက်တို့ပေးလိုက်တော့နော်...🥰

👨‍⚕️အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဒီCOVID-19 ကပ်ဆိုးကြီးမှ ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းလျှက် 🙏

်ပါ
#လက်ကိုခဏခဏဆေးပါ
#အပြင်မထွက်ပါနှင့်အိမ်မှာဘဲနေပါ

💡ပြည်သူတွေက ရန်ကုန်ကို ဘာလို့ Lock Down လုပ်စေချင်တာလဲ ။ 💡အစိုးရ ရဲ့ Stay Home အမိန့်မှာအစိုးရအလုပ် ကုမ္ပဏီ စက်ရုံ အလုပ်...
18/09/2020

💡ပြည်သူတွေက ရန်ကုန်ကို ဘာလို့ Lock Down လုပ်စေချင်တာလဲ ။ 💡

အစိုးရ ရဲ့ Stay Home အမိန့်မှာ
အစိုးရအလုပ် ကုမ္ပဏီ စက်ရုံ အလုပ်ရုံ အရောင်းဆိုင်
များသို့ သွားရောက်လုပ်ကိုင်ရသောသူများမပါလို့ရေးထားပါတယ် ။

ရခိုင်မှာလည်း Stay Home အမိန့်ထုတ်တယ်
ရန်ကုန်မှာလည်း Stay Home အမိန့်ထုတ်တယ်

ရခိုင်က ပိုးကူးဆက်မှူ ရပ်တန့်သွားပြီး
ရန်ကုန်က ပိုးကူးဆက်မှု မြင့်တက်နေဆဲ

ဘာကွာလဲ ။ ကွာပါတယ် ။

ရခိုင် ဟာ နယ်မြို့ဖြစ်ပြီး
ရန်ကုန်က စီးပွားရေး မြို့တော်ပါ ။

ရခိုင်တင်မက တခြားပြည်နယ်တွေမှာ
ကိုဗစ်ကူးဆက်မှုဖြစ်ပြီဆိုတာနဲ့
အဒီ မြို့ အဒီအရပ်ဒေသကလူတွေက
အပြင်မထွက်ကြတော့ဘူး ။
အကုန်လုံးနီးပါး ကိုယ့်အိမ်မှာကိုပဲ
အေးအေးဆေးဆေး နေကြတယ် ။

အပြင်ထွက်ဝယ်စရာရှိရင်လည်း
ဆိုင်ကယ်လေးနဲ့ ခပ်သုပ်သုပ်ထွက်ဝယ် ပြန်လာ ဒါပဲ ။

ဘာဖြစ်လို့လဲဆိုရင် နယ်မြို့တွေမှာက
အစိုးရအလုပ်သမား ကုမ္ပဏီအလုပ်သမားဆိုတာ
လက်ချိုးရေလို့ရပြီး အားလုံးက ကုန်သည် ကုန်စုံဆိုင် နဲ့ သီးသန့် စီးပွားရေးလုပ်ငန်း လယ်ယာကိုင်းကျွန်းလုပ်တဲ့အခါ ကိုဗစ်ဖြစ်တာနဲ့ ကိုယ့်လုပ်ငန်းကိုပိတ်
ဆိုင်တွေပိတ် အိမ်ထဲမှာ တခါးပိတ်ပြီး နေကြပါတယ် ။

ရန်ကုန်ကတော့
တနိုင်ငံလုံးနဲ့ တခြားစီပါ ။

Stay Home အမိန့်မှာ
အလုပ်သွားသူများ မပါဝင်ပါလို့
ထည့်ရေးထားတဲ့အခါ အလုပ်ရှင်တွေက ဘယ်အလုပ်သမားကိုမှ အလုပ်ပျက်ခွင့်မပေးပါဘူး ။
Work From Home ဆိုတာ လုပ်ငန်းတိုင်းအတွက်
အဆင်မပြေပါဘူး ။

အဒီမှာ အလုပ်သမားတွေက အလုပ်တွေ ကုမ္ပဏီတွေ
စားသောက်ဆိုင်တွေ စက်ရုံတွေ အလုပ်ရုံတွေကို
ငြင်းပယ်ခွင့်မရှိပဲ တက်ရပါတယ် ။

အလုပ်သွားတဲ့အခါမှာလည်း
ကိုယ်ပိုင်ကားမရှိကြတဲ့အခါ
အများပြည်သူသုံး Busကား ရထား ဖယ်ရီ
ကြိုပို့ယာဥ်တွေကိုပဲ အားကိုးပြီး စီးရပါတယ် ။

သူတို့လည်း ပိုးကူးခံပြီး ဘယ်စီးချင်ပါ့မလဲ ။
ဒါပေမယ့် အစိုးရ ရဲ့ Stay Home က
သူတို့အတွက် အကျုံးမဝင်တဲ့အခါ
အိမ်မှာနေပါ အိမ်ပြင်မထွက်ကြပါနဲ့ ဆိုတဲ့ စကားဟာ
မှီခိုတွေ လုပ်ငန်းရှင်တွေ ဘောစိတွေ လူလွတ်တွေ
အတွက် မှန်ကောင်းမှန်နေမယ် သူတို့အတွက်ကတော့
ဘာဆိုဘာမှကို မထူးခြားတဲ့ ပြောင်းလဲသွားခြင်းမရှိတဲ့
အမိန့်တခုအပြင်မပိုဘူး ။

အလုပ်ရုံတွေ စက်ရုံတွေ ကုမ္ပဏီတွေ လုပ်ငန်းတွေ
မပိတ်တဲ့အခါမှာ လူတွေက အပြင်ထွက်လာရတယ်
လမ်းပေါ်တက်ရတယ် ။ ကူးလူးဆက်သွယ်မှုတွေလုပ်ရတယ် ။ ကုမဏီကနေ အိမ်ကိုပြန်လာတဲ့အခါ
အိမ်ကမိသားစုနဲ့ ပြန်လည်ထိတွေ့ရတယ် ။

အဒါကြောင့် အစိုးရ ရဲ့ Stay Home အမိန့်ကြီးကို
ဘယ်လောက်လိုက်နာတဲ့ မိသားစုဝင်ဖြစ်ဖြစ်
ကိုယ့်မိသားစုထဲကတယောက် အပြင်မှာထွက် အလုပ်လုပ်နေရပြီဆိုတာနဲ့ သူဟာ ပြင်ပကမ္ဘာနဲ့ ကူးလူး
ဆက်ဆံနေရတဲ့သူဖြစ်တဲ့အခါမှာ သူ့ဆီမှာပိုးပါလာရင်
တမိသားစုလုံး Stay Home တာဟာလည်း
သဲထဲရေသွန်သလို ဘာမှမထူးခြားပဲ
အကုန်ကူးသွားကြတာပဲဆိုတာ
ယနေ့ ရန်ကုန်ရဲ့ ဖြစ်ရပ်တွေက သက်သေပြနေပါတယ် ။

ယနေ့အထိ ရန်ကုန်မှာ ပိုးတွေ့လူနာ ၃၀၀၀ ကျော်ဆိုတာ
စစ်ဆေးတွေ့ရှိတဲ့ လူနာစာရင်းသာဖြစ်ပြီး
လုံးဝမသိပဲ လွတ်နေတဲ့ ပိုးရှိလူနာစာရင်းက
အဆများစွာ ရှိနေမယ်ဆိုတာ ယုံကြည်ပါတယ် ။

အဒါကြောင့် အစိုးရ ရဲ့ Stay Home အစီအစဥ်ဟာ
တခြားတိုင်းဒေသကြီး ပြည်နယ်တွေအတွက်
သင့်တော် အဆင်ပြေ ထိရောက်မှု ရှိရင်ရှိမယ်

ရန်ကုန်အတွက်ကတော့ သောက်ဆေးကော ထိုးဆေးပါ
မှားပေးမိပြီး အသက်ငင်နေရတဲ့ လူနာလို ဖြစ်နေပြီဆိုတာ အားလုံးက သတိထားမိလာကြပါပြီ ။

ဘာလို့ ၁၄ ရက် Lock Down လုပ်စေချင်လဲ ။

တကယ်လို့သာ အားလုံးကို ရပ်ချလိုက်ပြီး
အပြင်မထွက်ရ အမိန့် ထုတ်နိင်ခဲ့မယ်ဆိုရင်
ကုမ္ပဏီတွေ စက်ရုံ အလုပ်ရုံတွေ
မသွားမဖြစ်သွားနေရတာတွေ အားလုံး
မပိတ်လို့မရတော့ပါဘူး ။

အဒါဆို လမ်းပေါ်မှာ လူတွေ မရှိတော့ပဲ
အိမ်မှာပဲ နေကြရတော့မှာ ။

ဒီလို ၁၄ ရက် အိမ်မှာ နေရခြင်းဖြငိ့
ရလာတဲ့ အကျိုးကျေးဇူးက
ကိုယ်က ပိုးကူးခံထားရတဲ့လူနာဆိုရင်
၁၄ ရက် အိမ်မှာနေလိုက်ရတဲ့အတွက်
ဖောင်ကြီး ၁၄ ရက်နေသလိုဖြစိပြီး
ဒေါ်ခင်ခင်ကြီး ပြောတဲ့ WHO စာတမ်းတွေအရ
၁၄ ရက် LD ပြီးလို့ အပြင်ထွက်တဲ့အခါမှာ
အခြားသူကို ကူးဆက်နိုင်စွမ်း မရှိတော့ပါဘူး ။

သူ့မှာတော့ ပိုးရှိချင်ရှိနေမယ် ဒါပေမယ့်
အခြားသူတွေ သူနဲ့ထိတွေ့မိမယ့်သူတွေဟာ
သူ့ကြောင့် ပိုးကူးဆက်နိုင်ခြေမရှိတော့တဲ့အခါ
ပိုးကူးဆက်နှုန်းက လုံးဝကျဆင်းသွားမှာဖြစ်ပါတယ်။

အခု ပိုးတွေ့လူနာစာရင်း မြင့်တက်လာရတာဟာ
ကိုယ့်မှာ ပိုးကူးနိုင်ခြေရှိတဲ့ ရက်သတ္တပတ်အတွင်းမှာ
အခြားသူတွေကိုဆက်ကူး အခြားသူကလည်း အပြင်ထွက်ရတဲ့အခါ နောက်လူကိုဆက်ကူးနဲ့
အကုန်လုံး ပတ်သတ်ကူးတဲ့အဆင့်တွေဖြစ်ကုန်ပြီး
တားလို့ဆီးလို့မရတော့တဲ့အနေအထားပါ ။

နောက်တချက်က ပိုးတွေ့လူနာ များလာတာနဲ့အမျ
အဖိတ်အစင်လည်း ပိုပြီးများလာမှာဖြစ်ပါတယ် ။
အခုပဲ တနေ့ကို လူ ၁၀ယောက်ဝန်းကျင်က ကိုဗစ်နဲ့
သေဆုံးနေရပြီး Medical Workers ၂ ယောက်ပါ
သေဆုံးခဲ့ပြီး ဖြစ်ပါတယ် ။

အဒါကြောင့် ရန်ကုန်ကိုသာ သေသေချာချာ
LD 2 ပတ် ချနိုင်ခဲ့မယ်ဆိုရင်
အဒီ ၂ ပတ်အတွင်း ကူးဆက်လူနာများကို
ဖော်ထုတ်ခြင်း အလုပ်ကိုပဲ အားစိုက်ထုတ်စရာလိုတော့မှာ ဖြစ်ပြီး ၂ ပတ်ရဲ့ အကျော်မှာ ပိုးရှိလူနာတွေဟာ
အခြားသူကို ကူးဆက်ဖို့အချိန်ကျော်လွန်သွားတာဖြစ်တဲ့အတွက် စင်ကာပူရဲ့ Circuit Breaker အစီအစဥ်လိုပဲ

ပိုးကူးနိုင်စွမ်းရှိတဲ့ ၁၄ ရက်ကို Break လုပ်လိုက်သလို
Lock Down အစီအစဥ်ကို အသားကုန်တောင်းဆိုနေကြခြင်း ဖြစ်ပါတယ် ။

ပိတ်ဆို့မှုဟာ မကောင်းဘူးဆိုရင်
ဝူဟန်လိုမျိုး ဒီနေ့အောင်ပွဲခံနေကြတဲ့ ပုံရိပ်တွေ
တက်လာစရာ အကြောင်းကို မရှိတာပါ ။

ပြည်သူကို တကယ်ငဲ့တယ်ဆိုရင်
ရန်ကုန်ကို LD လုပ်ဖို့ အချိန်ကျပါပြီလို့ပဲ....

မူရင်း​ရေးသားသူ

👨‍⚕️COVID-19 ကပ်ဆိုးကြီးကြောင့် ဆေးရုံဆေးခန်းသို့သွားရောက်ပြသရန် အခက်အခဲရှိနေပါသလား?👨‍⚕️Stay Home ကာလတွင် ဆေးရုံဆေးခန်းမ...
12/09/2020

👨‍⚕️COVID-19 ကပ်ဆိုးကြီးကြောင့် ဆေးရုံဆေးခန်းသို့သွားရောက်ပြသရန် အခက်အခဲရှိနေပါသလား?

👨‍⚕️Stay Home ကာလတွင် ဆေးရုံဆေးခန်းများမဖွင့်၍ ရောဂါပြသရန်အခက်အခဲရှိနေပါသလား?

👨‍⚕️မိမိရောဂါအကြောင်း စစ်ဆေးထားသောအဖြေများ သွေးအဖြေ,ဓာတ်မှန်အဖြေ များ ကို နားမလည်၍ စိတ်ပူပန်နေပါသလား?

👨‍⚕️ခံစားနေရသော် ဝေဒနာများကို ဆရာဝန်နှင့် ပြည့်ပြည့်စုံစုံအသေးစိတ် တိုင်ပင်ဆွေးနွေးချင်ပါသလား?

👨‍⚕️Beauty Heart Online Clinic မှ Doctorများ လူကြီးမင်းတို့အတွက် အသင့်ရှိနေပါသည်။

❤️Beauty Heart Online Clinic တွင် မြန်မာပြည်တွင်းဆရာဝန် သာမက ပြည်ပနိုင်ငံတွင်တာဝန်ထမ်းဆောင်နေသော အတွေ့အကြုံရှိ မြန်မာနိုင်ငံသားဆရာဝန်နှင့်လည်း ရွေးချယ်ပြသဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

❤️အသေးစိတ်သိရှိလိုပါက Page Message Box (သို့) comment တွင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

❤️ဒေါက်တာတို့နဲ့ဆွေးနွေးပြသချင်သောလူနာများအနေနှင့် ယခု Page ရဲ့ Message Box သို့လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ ကျသင့်ငွေ 💵 ပေးချေ၍ Bookingအချိန်ရယူပြီး ဒေါက်တာနှင့်တိုက်ရိုက် Video Call (သို့) Voice Call ဖြင့်ပြသဆွေးနွေးနိုင်ပါပြီ။








Address

Bo Ywe Street, Latha Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when Beauty Health Online Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram