Mya Molar Dental Clinic

Mya Molar Dental Clinic We offer the best dental services at resonable prices ďż˝

08/01/2026

😊 ပြုံးလိုက်တိုင်းလှနေစေဖို့ သွားလေးတွေစုံစုံလင်လင်ရှိနေဖို့ လိုအပ်ပါတယ် 😊

🤔 အရှေ့သွားလေးတွေက အလှအပအတွက် အရေးပါသလို အံသွားလေးတွေကလည်း အစာဝါးတဲ့အခါကျေညှပ်ဖို့အတွက်လိုအပ်ပါတယ်

✔ အစာကောင်းကောင်းဝါးနိုင်ပြီး ပြုံးလိုက်တိုင်းလှနိုင်ဖို့အတွက် နူတ်ထားတဲ့သွားနေရာမှာ သွားတွေပြန်စိုက်ဖို့လိုအပ်ပါတယ်

🤗 စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကျတော်တို့ ' မြမိုလာ' သွားဆေးခန်းမှာ သွားစိုက်ခြင်းနည်းလမ်းမျိုးစုံကိုရရှိနိုင်ပါပြီ

1️⃣ ဘေးသွားတွယ်၍ တံတားထိုးသွားစိုက်ခြင်း
( Dental Bridge)

2️⃣ အံကပ်အရှင်ပြုလုပ်ခြင်း
(Removable Denture)

3️⃣ သွားဖုံးရိုးထဲတိုင်စိုက်ခြင်း
( Dental Implant)
နည်းလမ်းတွေထဲက မိမိနှစ်သက်ရာကို ရွေးခြယ်နိုင်ပါတယ်

***** ဘယ်နည်းလမ်းနဲ့ပဲသွားစိုက်တာဖြစ်ဖြစ် *****

👨‍⚕️ ကုသမှုမခံယူခင်မှာ အခမဲ့ဆွေးနွေးပေးခြင်း (free consultation)

👍 အကောင်းမွန်ဆုံးသော နိုင်ငံခြားဖြစ် သွားတုအမျိုးအစားများကိုသာ သုံးထားသည့်အတွက် နှစ်ရှည်အသုံးခံနိုင်ခြင်း ( Excellent Quality)

☑ ကုသမှုပြီးသွားသည့်တိုင် နောက်ဆက်တွဲအဆင်မပြေမှုများအတွက် တာဝန်ယူမှုရှိခြင်း ( Responsibility )

💵 ငွေပေးခြေမှုအပိုင်းတွင် Banking စနစ်, K Pay, Wave pay, AYA pay, CB pay, တို့ဖြင့် (% အပိုပေးစရာမလိုဘဲ) အလွယ်တကူ ပေးခြေနိုင်ခြင်း
တို့​​ဖြင့်အဆင်ပြေအောင် စီမံပေးထားပါတယ်

👴👵 အသက်အရွယ်ကြီး၍ ဆေးခန်းသို့ကိုယ်တိုင်လာပြရန်မလွယ်ကူသော အဖိုးအဖွားများအတွက် အံကပ်ပြုလုပ်ရန်အတွက် ဆရာဝန်ကိုယ်တိုင် အိမ်သို့လာရောက်၍ (home visit) ပြုလုပ်ပေးပါသည်

ဆေးခန်းလိပ်စာ - အမှတ်(၁) ၊ မြေညီထပ် ၊မြောင်းမြလမ်း ၊ ဗဟိုလမ်းမအနီး ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့။

ဆေးခန်းဖွင့်ချိန် - နေ့စဥ် မနက် (၉) နာရီ မှ ည (၇) နာရီ ။

ဖုန်း - 095081306 ကို ဆက်သွယ်ပြီးတော့လည်း စုံစမ်း၍ ဘိုကင်ယူနိုင်ပါတယ် 😊

#သွားဆေးခန်း

#သွားစိုက်
#ကြွေသွားစိုက်ခြင်း
#အံကပ်

#စမ်းချောင်း

15/10/2025

🦷 သွားတွေနူတ်ထားလို့ အံကပ်တပ်ဖို့လိုနေပြီဆိုရင် အံကပ်အပျော့က ရွေးချယ်ဖို့အကောင်းဆုံးပါ 👍

📅 ပြုလုပ်ချိန် ၁ပါတ်ဝန်းကျင်အတွင်းရနိုင်ပါတယ်

🧓👨🏻 အံကပ်အမာတွေတပ်လို့ သွားဖုံးနာနေတဲ့သူတွေ ၊ သံချိတ်နဲ့အံကပ်ကြီးတွေ မသုံးချင်တဲ့သူတွေအတွက် အံကပ်အပျော့က အသင့်တော်ဆုံးပါ

✔ အံကပ်အပျော့က လက်ကမတော်တဆလွှတ်ကျရင်တောင် မကျိုး ၊ မပဲ့နိုင်ပါဘူး

✔ အံကပ်အပျော့တပ်ပြီးရင် အသား ၊ အသီး ၊ အရွက် ၊ ငါး စတဲ့အစားအစာတွေကို စိတ်တိုင်းကျ ဝါးစားနိုင်ပါတယ်

✔ အံကပ်အပျော့က သွားတစ်ချောင်းမှမရှိတော့ရင်လည်း တပ်လို့ရပါတယ်
ပါးစပ်ထဲမှာ သွားတွေကျန်နေသေးရင်လည်း မရှိတဲ့သွားတွေနေရာမှာ အစားထိုးဖြည့်ပြီးသုံးလို့ရပါတယ် ( လက်ကျန်သွားတွေကို နူတ်ပစ်ဖို့မလိုပါဘူး )


❗ တစ်ခုသတိပြုရမှာက - အံကပ်က ready made ပစ္စည်းမဟုတ်တဲ့အတွက် online ကနေ ဒီတိုင်းမှာပြီးဝယ်လို့မရပါဘူး

❗ အံကပ်တပ်မယ့်သူကိုယ်တိုင် ဆေးခန်းကို သွားပုံစံအတိုင်းပေးပြီး စနစ်တကျပြုလုပ်မှ အံကပ်အပျော့ကောင်းကောင်းလေးရလာတာပါ

💵 စျေးနူန်းက တပ်မယ့်သွားအချောင်းအရေအတွက် နဲ့ သွားတုအမျိုးအစားပေါ်မူတည်ပြီး အစားစားရှိတာမို့ ကုန်ကျစရိတ် အတိအကျတွက်ချက်ချင်တယ်ဆိုရင် ဆေးခန်းကို အံကပ်တပ်မယ့်သူကိုယ်တိုင်လာပြီး ဆွေးနွေးလိုက်တာအသင့်တော်ဆုံးပါ

📞 လူကိုယ်တိုင်မလာနိုင်သေးရင် ဆေးခန်းဖုန်းနံပါတ် 095081306 ကို ဆက်သွယ်ပြီး မေးမြန်းနိုင်သလို ဆေးခန်း page messenger (chat box) မှာလည်း ကိုယ်တပ်ချင်တဲ့သွားအရေအတွက်ကိုပြောပြီး စျေးနူန်းမေးမြန်းနိုင်ပါတယ်

😊 အံကပ်အပျော့တပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင်

" မြမိုလာ သွားဆေးခန်း "

ဆေးခန်းလိပ်စာ - အမှတ် (၁) ၊ မြေညီထပ် ၊ မြောင်းမြလမ်း ၊ ဗဟိုလမ်းမတန်းအနီး ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ။

ဆေးခန်းဖွင့်ချိန် - နေ့စဥ်နံနက် (၉) နာရီမှ ည (၇) နာရီအထိ ။

ဖုန်း - 095081306

#အံကပ်အပျော့
#သွားစိုက်ခြင်း

နှစ်သစ်ကူး ပိတ်ရက် ကြေညာခြင်းမြမိုလာသွားနှင့်ခံတွင်းဆေးခန်းကို ( ၁၃.၄.၂၀၂၅)  မှ ( ၁၇.၄.၂၀၂၅) ထိ နှစ်သစ်ကူးပိတ်ရက်အဖြစ် ဆ...
10/04/2025

နှစ်သစ်ကူး ပိတ်ရက် ကြေညာခြင်း

မြမိုလာသွားနှင့်ခံတွင်းဆေးခန်းကို ( ၁၃.၄.၂၀၂၅) မှ ( ၁၇.၄.၂၀၂၅) ထိ နှစ်သစ်ကူးပိတ်ရက်အဖြစ် ဆေးခန်းခတ္တပိတ်ထားပါကြောင်း အကြောင်းကြားအပ်ပါသည် ။
( ၁၈. ၄. ၂၀၂၅) တွင် ပုံမှန်အတိုင်း မနက် ၉ နာရီမှ ည ၇နာရီအထိ ဆေးခန်း ပြန်လည်ဖွင့်လှစ်သွားပါမည် ။

မြမိုလာဆေးခန်းမိသားစု၏ မိတ်ဟောင်းမိတ်သစ်များ နှစ်သစ်မှာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျ 🙏

သဘာဝဘေးအန္တရယ် ငလျှင်ဒဏ်ခံစားရတဲ့ ပြည်သူတွေအတွက် မြမိုလာဆေးခန်းမိသားစုမှ တစ်ထောင့်တစ်နေရာမှ ပါဝင်လူုဒါန်းသော အလူုလေးပါ 🙏...
02/04/2025

သဘာဝဘေးအန္တရယ် ငလျှင်ဒဏ်ခံစားရတဲ့ ပြည်သူတွေအတွက် မြမိုလာဆေးခန်းမိသားစုမှ တစ်ထောင့်တစ်နေရာမှ ပါဝင်လူုဒါန်းသော အလူုလေးပါ 🙏🙏🙏

အားလုံး ဘေးအန္တရယ်ကင်းရှင်းကြပါစေ ။

🎇 သီတင်းကျွတ်လပြည့်နေ့ ( ၁၇.၁၀.၂၀၂၄) တစ်ရက် ဆေးခန်းပိတ်ပါသည် ။၁၈.၁၀.၂၀၂၄ နေ့တွင် ဆေးခန်းပြန်ဖွင့်ပါမည် ။ပျော်ရွှင်စရာ သီ...
14/10/2024

🎇 သီတင်းကျွတ်လပြည့်နေ့ ( ၁၇.၁၀.၂၀၂၄) တစ်ရက် ဆေးခန်းပိတ်ပါသည် ။
၁၈.၁၀.၂၀၂၄ နေ့တွင် ဆေးခန်းပြန်ဖွင့်ပါမည် ။

ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါသမယလေးဖြစ်ပါစေခင်ဗျ 🙏

22/07/2024

23.7.24 ရက်နှင့် 24.7.24 ရက်နေ့တွင် ဆေးခန်းပိတ်ပါသည်။

25.7.24 ( ကြာသပတေးနေ့) တွင် ပုံမှန်အတိုင်း ဆေးခန်းပြန်ဖွင့်ပါမည်။

💦💧💦  နှစ်သစ်ကူး ပိတ်ရက်ကြေညာခြင်း  💦💧💦ကျတော်တို့ မြမိုလာသွားနှင့်ခံတွင်းဆေးခန်းကို နှစ်သစ်ကူးပိတ်ရက်အဖြစ် ၁၂.၄.၂၀၂၄ မှ ၁...
07/04/2024

💦💧💦 နှစ်သစ်ကူး ပိတ်ရက်ကြေညာခြင်း 💦💧💦

ကျတော်တို့ မြမိုလာသွားနှင့်ခံတွင်းဆေးခန်းကို နှစ်သစ်ကူးပိတ်ရက်အဖြစ် ၁၂.၄.၂၀၂၄ မှ ၁၇.၄.၂၀၂၄ အထိသတ်မှတ်ထားပါတယ်

၁၈.၄.၂၀၂၄ နေ့မှာ ဆေးခန်းပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျ

မြမိုလာဆေးခန်းရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နဲ့ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏

❗❗❗ ခရီးရှည်ထွက်​တော့မှာလား ?  ❗❗❗❗❗❗ နိုင်ငံခြားသွားဖို့ ပြင်နေတာလား? ❗❗❗🦷🦷🦷  ခရီးမထွက်ခင် သွားကျန်းမာရေးကို သေချာစစ်ဆေ...
22/02/2024

❗❗❗ ခရီးရှည်ထွက်​တော့မှာလား ? ❗❗❗

❗❗❗ နိုင်ငံခြားသွားဖို့ ပြင်နေတာလား? ❗❗❗

🦷🦷🦷 ခရီးမထွက်ခင် သွားကျန်းမာရေးကို သေချာစစ်ဆေးသွားသင့်ပါတယ်နော် 🦷🦷🦷

✔ စမ်းချောင်းမြို့နယ်ရှိ ကျတော်တို့ 'မြမိုလာ' သွားဆေးခန်းမှာ သွားနှင့်ခံတွင်းကျန်းမာရေးကို #အခမဲ့ စမ်းသပ် စစ်ဆေးပေးနေပါပြီ 😊

👉 တစ်ခြားနိုင်ငံတွေမှာ သွားရောဂါအတွက်ကုန်ကျစရိတ်က ကြီးမားလွန်းတာကြောင့် တစ်ဖက်နိုင်ငံရောက်မှ တစ်ခုခု​ဖြစ်တော့မှလုပ်မယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး

👍 ဒါကြောင့် သွားနဲ့ပါတ်သက်တာတွေကို နိုင်ငံ​ခြားမသွားခင် အပြီးစစ်ဆေးလုပ်ဆောင်ပြီးမှ သွားသင့်ပါတယ်

📝 ကျတော်တို့ ဆေးခန်းမှာ သွားဖာ/သွားနူတ်/သွားစိုက်တာကအစ သွားအလှပြုပြင်ခြင်းအပြင် အံဆုံးခွဲစိတ်ကုသခြင်းအထိ သွားနဲ့ပါတ်သက်သမျှကုသမှုတွေကို တစ်နေရာထဲမှာ အကုန်ရရှိနိုင်ပါတယ်

👨‍⚕️👩‍⚕️ မိမိသိလိုသမျှ (ကုသမှု| ကုန်ကျစရိတ်|ကြာချိန်) တို့ကို ဆေးခန်းမှာရှိတဲ့ ဆရာဝန်များနဲ့ ရင်နှီးပွင့်လင်းစွာဆွေးနွေးတိုင်ပင်လို့ရပါတယ်

💸 ငွေပေးချေမှု အပိုင်းမှာလည်း KBZ pay, AYA pay, CB pay, Wave pay အစရှိတဲ့ Banking စနစ်မျိုးစုံနဲ့ (%ပေါင်းစရာမလိုဘဲ) အလွယ်တကူ ပေးချေ နိုင်ပါတယ်

🏨 ဆေးခန်းလိပ်စာကတော့ ' အမှတ် (၁), မြေညီထပ်, မြောင်းမြလမ်း, ဗဟိုလမ်းမအနီး, စမ်းချောင်းမြို့နယ်, ရန်ကုန်မြို့' ပါ

🕘 နေ့စဥ် နံနက် ၉နာရီကနေ ည၇နာရီထိ ဖွင့်ပါတယ်

📞 Booking ယူရန်နဲ့ ဆက်သွယ်စုံစမ်းရန် -

095081306, 09943437209 တို့ကိုဆက်သွယ်နိုင်ပါတယ်

#သွားဆေးခန်း

#စမ်းချောင်း

စနစ်မှန်မှန် သွားတိုက်ကြမယ် 🤗သွားတိုက်တယ်ဆိုတာ နေ့စဥ်ဘဝမှာ လူတိုင်းလုပ်နေရတဲ့ နေ့စဥ်အလုပ်တစ်ခုပါသွားမတိုက်ဘဲပစ်ထားတာကြာရ...
17/01/2024

စနစ်မှန်မှန် သွားတိုက်ကြမယ် 🤗

သွားတိုက်တယ်ဆိုတာ နေ့စဥ်ဘဝမှာ လူတိုင်းလုပ်နေရတဲ့ နေ့စဥ်အလုပ်တစ်ခုပါ
သွားမတိုက်ဘဲပစ်ထားတာကြာရင် သွားပိုးစားမယ် | သွားကျောက်တည်ပြီး ခံတွင်းအနံ့ဆိုးလာမယ် | နောက်ဆုံး မခံမရပ်နိုင်အောင် သွားကိုက်ခဲလာနိုင်ပါတယ် 😖

🔆 သွားတိုက်တာနဲ့ ပတ်သတ်ပြီး မှန်ကန်တဲ့ ဗဟုသုတလေးတွေကို မျှဝေပေးလိုက်ပါတယ်

1. သွားတိုက်ရမည့်အချိန်

❌ မနက်နိုးနိုးချင်း အစာမစားခင် သွားမတိုက်ရပါဘူး ။ ဟုတ်ပါတယ် ။ တစ်ကယ်လို့ အိပ်ယာနိုးတာနဲ့ မျက်နှာသစ် သွားတိုက်ပြီးခါမှ မနက်စာ စားမယ်ဆိုရင် ကိုယ်စားထားတဲ့ စားကြွင်းစားကျန်တွေဟာ သွားနဲ့သွားဖုံးတွေမှာ တစ်နေကုန်အဲ့အတိုင်း ရှိနေမှာဖြစ်တဲ့အတွက် သွားနဲ့ပါတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်

✔ အဲ့ဒါကြောင့် မျက်နှာသစ် | အာလုပ်ကျင်း | နံနက်စာ စားပြီးမှသာလျှင် သွားတိုက်တာဟာ အမှန်ဆုံးပါ ✔

✔ ညဘက်ဆိုရင် အိပ်ယာဝင်ခါနီးတစ်ကြိမ် သွားတိုက်ရပါမယ်

2. သွားတိုက်ဆေး

✔ ပုံမှန်လူကြီးတစ်ယောက် (အသက် ၁၂ နှစ်အထက်) ဆိုရင် သွားတိုက်ဆေးကို ဖလိုရိုက် (fluoride) ပါတဲ့ ဘယ်သွားတိုက်ဆေးမဆို သုံးလို့ရပါတယ်

✔ ထည့်ရမယ့်သွားတိုက်ဆေး ပမာဏက ခန့်မှန်းခြေ စားတော်ပဲစေ့ခန့်လောက်ဆို လုံလောက်ပါတယ်
အသက် (၁၂) အောက် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ကလေးသွားတိုက်ဆေးကို သုံးသင့်ပါတယ်
✔ သွားတိုက်ဆေးပမာဏက စားတော်ပဲစေ့ တစ်ဝက်ခန့်ဆို လုံလောက်ပါတယ်

3. သွားပွတ်တံ

✔ သွားပွတ်တံရွေးခြယ်တဲ့အခါ အောက်ခြေလက်ကိုင်က လက်နဲ့ဆုပ်ကိုင်လို့ကောင်းမယ့်အနေအထားရှိရပါမယ်
သွားပွတ်တံထပ်က အမျှင်လေးတွေက အလတ်စား (medium) သို့မဟုတ် အပျော့စား (soft) ဖြစ်တာကို သုံးသင့်ပါတယ်

❌ သွားတိုက်ရင် မပြောင်မှာစိုးတယ်ဆိုပြီး သွားပွတ်တံအမွှေးအရမ်းကြမ်းတဲ့ (hard bristle) မျိုးနဲ့ တအားဖိပြီး မတိုက်သင့် ပါဘူး ။ ရေရှည်မှာဆို သွားဖုံးသား ပျက်စီးနိုင်ပါတယ် ။

4. သွားတိုက်နည်း

✔ သွားမျက်နှာပြင် အရှေ့ | အနောက် | အပေါ် အားလုံးစုံအောင်တိုက်ဖို့လိုပါတယ်
သွားရဲ့အစာဝါးတဲ့ အပေါ်မျက်နှာပြင်တစ်ခုထဲကိုသာ ဘယ်ညာ (ဘေးတိုက်) တိုက်ရမှာဖြစ်ပြီး သွားရဲ့ကျန်တဲ့မျက်နှာပြင်တွေ အားလုံးကို အပေါ်အောက်ပဲ တိုက်ရမှာဖြစ်ပါတယ်

❌ သွားစိထားပြီး အတွင်းဘက်တွေကို သွားပွတ်တံနဲ့ ဘယ်ညာ (ဘေးတိုက်) မတိုက်ရပါဘူး

❌ သွားပွ​တ်တံမဟုတ်တဲ့ ဆား တို့ | မီးသွေးခဲတို့နဲ့ မတိုက်ရပါဘူး

❌ သွားတွေပိုခိုင်အောင်ဆိုပြီး ဆီငုံတာမျိုးတာလည်းမလုပ်ရပါဘူး

✔ သွားကျန်းမာရေးအတွက် (၆) လကိုတစ်ကြိမ် သွားဆေးခန်းမှာ စစ်ဆေးမှုခံယူသင့်ပါတယ်

✔ သွားကိုက်တော့မှ ဆေးခန်းမှာကုတာထက် သွားအခြေအနေမဆိုးခင်ကြိုသိပြီးကုထားတာက ငွေကုန်ကြေးကျပိုသက်သာသလို ဝေဒနာခံစားရတာ သက်သာစေပါတယ်

✔ ကျတော်တို့ မြမိုလာသွားဆေးခန်းမှာ သွားနှင့်ခံတွင်း ကျန်းမာရေးကို မည်သူ့ကိုမဆို (အခမဲ့) စစ်ဆေး ဆွေးနွေးပေးပါတယ်

✔ ကုသဖို့လိုအပ်ခဲ့ရင်လည်း ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကုသပေးလျက်ရှိပါတယ် ခင်ဗျ

📝 ဆေးခန်းလိပ်စာ - အမှတ် (၁), မြေညီထပ်, မြောင်းမြလမ်း, ဗဟိုလမ်းအနီး,စမ်းချောင်းမြို့နယ်, ရန်ကုန်မြို့ ။

⏲ နေ့စဥ် နံနက် (၉) နာရီ မှ ည (၇) နာရီထိ ဆေးခန်းဖွင့်ပါတယ်

📞 ဆက်သွယ်ရန်ဖုန်း - 095081306 , 09943437209

🦷🦷🦷 သွားတွေနူတ်ထားလို့ အံကပ်တပ်ဖို့ စဥ်းစားနေပြီဆိုရင်✔ အံကပ်အပျော့ ( flexible denture) ကို ဦးစားပေးရွေးချယ်သင့်ပါတယ်🤔 ...
01/12/2023

🦷🦷🦷 သွားတွေနူတ်ထားလို့ အံကပ်တပ်ဖို့ စဥ်းစားနေပြီဆိုရင်

✔ အံကပ်အပျော့ ( flexible denture) ကို ဦးစားပေးရွေးချယ်သင့်ပါတယ်

🤔 ဘာလို့လဲဆိုတော့

👍 ဆီလီကွန်လိုမျိုး အံကပ်အပျော့သားနဲ့လုပ်ထားတာဖြစ်လို့ အံကပ်တပ်ထားရင် သွားဖုံးသားနာကျင်မှုကို အနည်းဆုံးဖြစ်စေမှာပါ

👍 အံကပ်အသားက ကျုံနိုင်/ဆန့်နိုင်တဲ့အတွက် အသားတို့ အရွက်တို့ ဝါးလို့ ပိုအဆင်​နိုင်ပါတယ်

👍 အံကပ်အမာတွေလိုမျိုး သံချိတ်(စတီးကွင်း) တွေ မပါတဲ့အတွက် အမြင်အားဖြင့် ကြည့်လို့ပိုကောင်းပါတယ်

👍 အံကပ်အ​ပျော့မှာ သတ္တုမပါတဲ့အတွက် သတ္တုနဲ့ဓါတ်မတည့်တဲ့သူတွေ အန္တာရယ်ကင်းကင်းသုံးလို့ရတဲ့အပြင်
ဦးခေါင်းခွံ ဓါတ်မှန် (MRI) ရိုက်တဲ့အခါမှာလည်း အနှောင့်အယှက်မရှိဘဲ ရိုက်နိုင်ပါတယ်

👍 အံကပ်အပျော့ကို ​မတော်တဆအောက်လွှတ်ကျခဲ့ရင်တောင် မကျိုးပဲ့နိုင်ပါဘူး

👍 ကိုယ်တိုင်လွယ်လွယ်ကူကူဖြုတ်/တပ် သန့်ရှင်းရေးလုပ်လို့ရပြီး အံကပ်သက်တမ်းကလည်း နှစ်ရှည်အသုံးခံပါတယ်

✨ အရည်အသွေးကောင်းမွန်တဲ့ အံကပ်အပျော့ (flexible denture) အပါအဝင် တခြားအံကပ်အရှင်နဲ့ သွားအစွပ်မျိုးစုံတို့ကို 'မြမိုလာ' သွားနှင့်ခံတွင်းဆေးခန်းမှာ ပြုလုပ်နိုင်ပါပြီ

👨‍⚕️ ကိုယ်သုံးမယ့် သွားတုအမျိုးအစား ၊ သွားစိုက်မယ့်နည်းလမ်း ၊ သွားအချောင်းအရည်အတွက်ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကုန်ကျစရိတ် နဲ့ ကြာချိန်ကွာခြားနိုင်တာမို့ အသေးစိတ်သိရအောင် ဆေးခန်းမှာ လာပြပြီး ဆရာဝန်နဲ့ (အခမဲ့)ဆွေးနွေးနိုင်ပါတယ်

🏦 ငွေပေးခြေမှုအပိုင်းမှာလည်း ငွေသားအပြင် mobile banking စနစ် ( k pay / Aya pay / CB pay / Wave Pay ) တို့နဲ့အဆင်ပြေစွာ ပေးခြေနိုင်ပါတယ်

ဆေးခန်းလိပ်စာက - အမှတ် (၁), မြေညီထပ်, မြောင်းမြလမ်း, စမ်းချောင်းမြို့နယ်, ရန်ကုန်မြို့ ပါ။

📞 ဖုန်း - 095081306, 09943437209

နေ့စဥ် မနက် ၉နာရီမှ ည ၇နာရီထိ ဖွင့်ပါတယ်

#အံကပ်
#သွားဆေးခန်း

#စမ်းချောင်း
#သွားစိုက်ခြင်း

Address

No(1), Ground Floor, Myaung Mya Street, Near Baho Road, Sanchaung Township, Yangon.
Yangon

Telephone

+9595081306

Website

Alerts

Be the first to know and let us send you an email when Mya Molar Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mya Molar Dental Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram