18/07/2022
.4 နှင့် BA.5 တို့၏ အတွေ့များဆုံး လက္ခဏာ (၁၀) မျိုး
BA.4 နှင့် BA.5 မျိုးကွဲအသစ်များဟာ ယခင်ကိုဗစ်မျိုးကွဲများထက် ကူးစက်မှု ပိုမြန်ဆန်ပါတယ်။ ကာကွယ်ဆေးများ၊ ယခင်ကူးစက်မှုများမှ ရရှိထားသည့် ကိုယ်ခံအားစနစ်ထိအောင် ထိုးဖောက်နိုင်စွမ်း ရှိနေပါတယ်။
လက္ခဏာဟာ ပိုပြင်းထန်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတော့ လက်ရှိမှာ မရှိသေးပါဘူး။ လက်ရှိရောက်ရှိလာသည့် ကိုဗစ်လှိုင်းသည် ကူးစက်မှု မမြင့်တက်သေးခင် လူစုလူဝေးထဲသွားသည့် နှာခေါင်းစည်းများ တပ်ဆင်ဖို့ ပိုပြီးတော့ သတိထားကြဖို့တော့ သတိပေးထားပါတယ်။
ကိုဗစ်လက္ခဏာခံစားနေရသူများ သို့မဟုတ် ဖျားနာနေသူများဟာ အခြားသူများနှင့် မထိတွေ့ပါနှင့်။ အိမ်မှာပဲ နေပါ။ ယခု မျိုးကွဲအသစ် ကူးစက်ခံရပြီးနောက် ထွက်ပေါ်လာသည့် အတွေ့များဆုံး ရောဂါလက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ နှာစေးခြင်း
အိုမီခရွန်ကူးစက်ခံရပြီးနောက် နှာစေးခြင်းကတော့ အဖြစ်များဆုံးလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါက အအေးမိဖျားနာ၏ လက္ခဏာများလည်း ဖြစ်နိုင်ပါတယ်။ သို့သော် နေထိုင်မကောင်းဘူးဆိုလျှင် နေကောင်းသည်အထိ တစ်ဦးတည်းသီးသန့်ခွဲနေထိုင်သင့်ပါတယ်။ ကိုဗစ်စစ်ဆေးခြင်းကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်။
၂။ လည်ချောင်းရောင်ရမ်းနာကျင်ခြင်း
ရောဂါကူးစက်ပြီးနောက် အစောပိုင်းအဆင့်များမှာ သာမန်အားဖြင့် လည်ချောင်းနာခြင်းကို ကြုံတွေ့လာကြပါတယ်။ ရေများများသောက်ပေးခြင်းဖြင့် နာကျင်မှုများကို သက်သာစေပါလိမ့်မယ်။
၃။ ခေါင်းကိုက်ခြင်း
ခေါင်းကိုက်ခြင်းက ရောဂါကူးစက်ခံရပြီးနောက် အစောဆုံးကြုံတွေ့ရသည့် လက္ခဏာဖြစ်ပါတယ်။ ဖျားခြင်း၊ အနံ့အရသာပျောက်ခြင်း စသည့် လက္ခဏာများထက် ပိုပြီးတော့ အတွေ့များပါတယ်။
၄။ အဆက်မပြတ်ချောင်းဆိုးခြင်း
ကိုဗစ်ဖြစ်သူ(၁၀) ယောက်မှာ (၄) ယောက်ခန့်ဟာ အဆက်မပြတ်ချောင်းဆိုးခြင်း လက္ခဏာကို ကြုံတွေ့ရတတ်ပါတယ်။ အဆက်မပြတ်ဆိုတာက တစ်နေ့မှာ အကြိမ်ပေါင်းများစွာ ချောင်းခြောက်ဆိုးနေခြင်း ဖြစ်ပါတယ်။
၅။ မောပန်းနွမ်းနယ်ခြင်း
မောပန်းနွမ်းနယ်ခြင်းဟာ အိုမီခရွန်နဲ့ ဆက်စပ်နေပါတယ်။ (၅) ရက်မှ (၈) ရက်အထိ ကြာနိုင်ပြီး ညဘက်တွေမှာ ကောင်းစွာ အိပ်စက်အနားယူရပါမယ်။
၆။ နှာချေခြင်း
ကိုဗစ်ကူးစက်ခံရသူတစ်ဝက်ခန့်ဟာ နှာချေကြပါတယ်။ ထိုလက္ခဏာကို ကာကွယ်ဆေးထိုးထားသူများကြားမှာ ပိုပြီးတော့ အတွေ့များပါတယ်။
၇။ အသံဩခြင်း
အိုမီခရွန်ကူးစက်ခံရသူများဟာ မဖျားနာခင်မှာ အသံဩဩကြီးတွေ ပြောင်းသွားတတ်ပါတယ်။ အာရုံကြောများ ပျက်စီးမှုကြောင့် ကိုဗစ်နှင့် အသံကြိုးများလှုပ်ရှားမှုကြားမှာ ဆက်နွယ်မှုများ ရှိနေတယ်လို့ လေ့လာတွေ့ရှိမှုတွေမှာ တွေ့ရပါတယ်။ ဒါကတော့ ရောဂါပိုးကူးစက်ခံရပြီးနောက် အစောဆုံးထွက်ပေါ်လာသည့် လက္ခဏာဖြစ်ပြီး လည်ချောင်းနာခြင်းကို ပြောင်းသွားတတ်ပါတယ်။
၈။ ပုံမှန်မဟုတ်သည့် အဆစ်အမြစ်နာကျင်ကိုက်ခဲမှုများ
ခါးနာခြင်း စသည့် ပုံမှန်မဟုတ်သည့် နာကျင်ကိုက်ခဲမှုများလည်း ကြုံတွေ့လာတာကို တွေ့ရပါတယ်။ ဖျားနာသည့်အချိန်မှာ စတင်ဖြစ်ပေါ်လာပြီး ရက်အနည်းငယ်ကြာသည့်အခါ သက်သာပျောက်ကင်းသွားတတ်ပါတယ်။
၉။ ကိုဗစ်ကူးစက်ခံရသူ (၁၀) ယောက်မှာ (၄)ယောက်ခန့်ဟာ ဖျားနာနေတာကို တွေ့ရပါတယ်။ အသက် (၆၅) နှစ်အောက် လူငယ်များအတွက် အပူချိန် (၃၇.၈) ဒီဂရီ ဆက်ဆီးယက်စ်ဖြစ်နေလျှင် ကိုဗစ်လက္ခဏာ ဖြစ်နိုင်ပါတယ်။ အသက် (၆၅) နှစ်အထက် လူကြီးများ သို့မဟုတ် ပိန်လွန်းသူများအတွက် အပူချိန် (၃၇.၄) ဒီဂရီ ဆက်ဆီးယက်စ် ဖြစ်နေလျှင် ရောဂါပိုးဝင်တာ ဖြစ်နိုင်ပါတယ်။
၁၀။ ချမ်း၍တုန်နေခြင်း
ချမ်းပြီး တဆတ်ဆတ်တုန်နေခြင်းဟာ အဖျားဖြစ်ပေါ်စေသည့် ဘတ်တီးရီးယားကူးစက်ခံရသူများမှာ အတွေ့များသည့် လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အဖျားဟာ ရောဂါကူးစက်ခံရသည့် ပထမသီတင်းပတ်အတွင်းမှာ ဖြစ်တတ်ပြီး လျင်မြန်စွာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။
.com