25/11/2025
"(၄) နှစ်သား လင်းဆေးဆိုင်"
၂၃-၁၁-၂၀၂၅ ရက်နေ့
မနက်အာရုဏ်တွင် သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊သင်္ကန်း၊ဆေး၊ခဲဖွယ်၊ဝတ္တုငွေများ လှူဒါန်းခဲ့ပြီး ပရိတ်တရားတော်များ နာကြားခဲ့ကြပါသည်။🙏🙏🙏
အထူးအစီအစဉ်အနေဖြင့်
(၄)နှစ်တိုင် စဉ်ဆက်မပြတ် အားပေးခဲ့သော ကျေးဇူးရှင် Customer များကို ကျေးဇူးဆပ်သောအားဖြင့် လက်ငင်းဝယ် ချက်ချင်းပေါက်၊ ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခဲ့ပါသည်။ 👏👏👏
မနက် (၇)နာရီမှ ည (၈)နာရီအထိ တစ်ခဲနက်အားပေးခဲ့ကြသော မိတ်ဟောင်း၊မိတ်သစ်များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်ရှင့်။
မျှော်လင့်သလို မဲပေါက်ခဲ့၍ ပျော်ရွှင်ကြသူများ ရှိသလို မျှော်လင့်သလို မဖြစ်ခဲ့၍ ကိုယ်စိတ်နှစ်လုံး မကြည်မလင်ဖြစ်ခဲ့သူများ ရှိခဲ့ပါကလည်း လင်းဆေးဆိုင်မှ အနူးအညွတ် တောင်းပန်အပ်ပါသည်ရှင့်။
လင်း ဆေးဆိုင်မိသားစု
အမှတ်(၉၀)၊ ရေတာရှည်လမ်းဟောင်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
၀၉-၂၅၀၂၃၀၀၄၉