Win Clinic - Bahan

Win Clinic - Bahan Home Visit Medical Service and Clinic

Phone(for home visit case only) - 095680250 Home Visit Health Care Service

✨ Happy Diwali ✨"Win Clinic - Bahan" wishes all our people a bright and joyful Diwali!May this Festival of Lights bring ...
20/10/2025

✨ Happy Diwali ✨
"Win Clinic - Bahan" wishes all our people a bright and joyful Diwali!
May this Festival of Lights bring good health, happiness, and prosperity to you and your loved ones. 🌼🪔

♥️♥️ Our Clinic will be opened on Diwali day to take care of your health. ♥️♥️

အိပ်ယာနာ(Bed Sore) မဖြစ်​အောင် ဘယ်လိုထား​ပေးရမလဲ ? - ၂ နာရီခြားတစ်ခါ တစ်ဖက်သို့ ​စောင်း​ပေး လှည့်​ပေးပါ ။-  Lotion ကဲ့သိ...
17/10/2025

အိပ်ယာနာ(Bed Sore) မဖြစ်​အောင် ဘယ်လိုထား​ပေးရမလဲ ?
- ၂ နာရီခြားတစ်ခါ တစ်ဖက်သို့ ​စောင်း​ပေး လှည့်​ပေးပါ ။
- Lotion ကဲ့သို့​သော အဆီပါတဲ့ cream မျိုးကို ဖိမိ​နေတဲ့​နေရာ​တွေ ( တင်ပါး ၊ ​ကျောပြင် ၊ ​ခြေဖ​နှောင့်) စတဲ့​နေရာ​တွေမှာ လိမ်း​ပေးပါ ။
- ​လေ​မွေ့ယာ ( air mitress) သုံးပါ ။
- လူနာကို သန့်သန့်ရှင်းရှင်းထားပါ ။
- ​သွေးလည်ပတ်မှု​ကောင်း​စေဖို့ အ​ကွေးအဆန့်​လေ့ကျင့်ခန်း​တွေ လုပ်​ပေးပါ ( လူနာမလှုပ်နိုင်ပါက မိသားစုဝင်က ကူညီလုပ်​ဆောင်​ပေးပါ )

Win Clinic - Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
အိမ်ပင့်ဝန်​ဆောင်မှု (booking) - 095680250

15/10/2025

အ​မေး :အသည်းမ​ခြောက်​အောင် ကြိုတင်ကာကွယ်လို့ရသလား ?အ​ဖြေ : ရပါတယ် 🥰🥰ဘာ​တွေလုပ်ရမလဲ ?? အတိုချုံးအ​နေနဲ့(၁) အသည်း​ရောင်အသာ...
14/10/2025

အ​မေး :အသည်းမ​ခြောက်​အောင် ကြိုတင်ကာကွယ်လို့ရသလား ?
အ​ဖြေ : ရပါတယ် 🥰🥰

ဘာ​တွေလုပ်ရမလဲ ?? အတိုချုံးအ​နေနဲ့
(၁) အသည်း​ရောင်အသားဝါ ကာကွယ်​ဆေးထိုးထားပါ 💙💙
(၂) အရက် ၊ ဘီယာနှင့် ဆရာဝန်မညွှန်ကြားတဲ့ ဘာမှန်းမသိတဲ့ ​ကောင်းနိုးရာရာ​ဆေး​တွေ ​သောက်တာကို ​ရှောင်ပါ 🚫
(၃) ကျန်းမာ​အောင်​နေထိုင်စား​သောက်ပါ ( အဆီအငန် ​လျော့စားပါ ၊ လမ်း​လျှောက်ပါ ၊ ကိုယ်အ​လေးချိန်ထိန်းပါ) 🏃🏃‍♀️
(၄) ​နောက်ဆုံးတစ်ခုက​တော့ ပုံမှန်ကျန်းမာ​ရေး စစ်​ဆေးပြီး အသည်း​ရောင်အသားဝါပိုး​တွေ့ရင်ဖြစ်ဖြစ် ၊ အသည်းအဆီဖုံး​နေရင်ဖြစ်ဖြစ် ​စောလျင်စွာကုသမှုခံယူပါ 🙆

➡️ သတင်း​ကောင်း​လေးအ​နေနဲ့ ဝင်းမိသားစု​ဆေးခန်းမှာ "ဘီပိုးကာကွယ်​ဆေး" ထိုးနှံနိုင်ပါပြီ​

➡️မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​➡️ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
➡️095680250 ( အိမ်ပင့်ဝန်​ဆောင်မှု booking အတွက်သာ)

💚 အသည်းလေး ကျန်းမာဖို့အသည်းက ခန္ဓာကိုယ်အတွက် “သန့်ရှင်းရေးစက်ရုံ” လို့ ​ပြောလို့ရပါတယ်။ သွေးနဲ့အတူ စွန့်ပစ်ပစ္စည်း၊ အဆိပ...
07/10/2025

💚 အသည်းလေး ကျန်းမာဖို့
အသည်းက ခန္ဓာကိုယ်အတွက် “သန့်ရှင်းရေးစက်ရုံ” လို့ ​ပြောလို့ရပါတယ်။ သွေးနဲ့အတူ စွန့်ပစ်ပစ္စည်း၊ အဆိပ်အ​တောက် အများအပြားကို သန့်စင်ပေးနေပါတယ်။
ဒါကြောင့် မိမိရဲ့ အသည်း​လေးကို စောင့်ရှောက်ဖို့ သိထားသင့်တဲ့ အချက်လေးတွေ ကိုမျှ​ဝေ​ပေးချင်ပါတယ်👇
---
🍺🥃 1️⃣ အရက် သောက်မှု လျှော့ပါ
အသည်းရောဂါအများစုဟာ အရက် ၊ ဘီယာ​တွေနဲ့ဆက်နွယ်​နေပါတယ်။
👉 သက်တမ်းကြာအောင် များများသောက်နေမိရင် အသည်းအဆီဖုံးခြင်း ➡️ ထိုမှတစ်ဆင့် အသည်း​ရောင်ခြင်း ➡️ ပြီး​နောက် အသည်း​ခြောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
---
🍔 2️⃣ အစားအစာ သန့်သန့်ရှင်းရှင်း + အချိုအဆီနည်းအောင်စားပါ 🍰🍨
အဆီများ၊ အချိုလွန်ကဲတဲ့ အစားအစာတွေက အသည်းအဆီဖုံး​ရောဂါ( Fatty Liver) ဖြစ်စေတတ်တယ်။
✅ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ငါးနှင့်အမျှင်ဓါတ်ပါ​သော အစားအစာများ ပိုစားပါ။ 🥬🍅🥦
🛑 Cola / Soft drink / Instant food / ​ခေါက်ဆွဲ​ခြောက် လျှော့ပါ။
---
💊 3️⃣ မသိတဲ့ ဆေး​တွေ မသုံးပါနှင့်
ကောင်းမယ်ထင်ပြီး Herbal / Supplement ​တွေကို မသုံးသင့်ပါ။
အချို့မှာ အသည်းကိုထိခိုက်​စေတဲ့ hepatotoxic compound တွေပါဝင်ပြီး အသည်းပျက်နိုင်ပါတယ်။ 📌
➡️ ဒါ​ကြောင့် အပြင်ဆေး​တွေသုံးမတိုင်မီ ဆရာဝန်နဲ့ တိုင်ပင်ပါ။
---
💉 4️⃣ Hepatitis B & C ကာကွယ်ပါ
Hepatitis B ကို ကာကွယ်နိုင်တဲ့ vaccine ရှိတယ်
Hepatitis C ကို ကာကွယ်​ဆေး မရှိသေးပေမဲ့ သတိထားမှုနဲ့ ကာကွယ်နိုင်တယ်
Hepatitis C ရှိခဲ့ရင်လည်း ​ပျောက်ကင်း​အောင် ကုသလို့ရနိုင်ပြီမို့ အသည်းဆရာဝန်နဲ့​သေချာတိုင်ပင်ကုသသင့်ပါတယ်
👉 မသန့်တဲ့ အပ်ဖြင့် ဆေးထိုးခြင်း / တက်တူးထိုးခြင်း / နားဖောက်ခြင်း / Razor , Blade ဓါး မျှသုံးခြင်း​တွေ မလုပ်ပါနှင့် 📌🚫
---
🩺 5️⃣ အမြဲတမ်း Health Check လုပ်ပါ
ကိုယ်က Alcohol User ဖြစ်တယ် ၊ BMI 25 အထက် ဝတဲ့လူဖြစ်တယ် ၊ ​သွေးတိုး ၊ ဆီးချို နှင့် ကိုလက်စ​ရောများတဲ့ အခံရှိတဲ့လူ​တွေဆိုရင် ပိုစစ်​ဆေးသင့်ပါတယ်
* နှစ်စဥ် အသည်းဓါတ် (Liver Function Test) နှင့် ဝမ်းဗိုက် Ultrasound ရိုက်ခြင်း​တွေ ပြုလုပ်သင့်ပါတယ်
* B ပိုး C ပိုးရှိမရှိ မစစ်ဖူး​သေးရင်လည်း စစ်ကြည့်ပြီး B ပိုးကာကွယ်​​ဆေးထိုးတာမျိုး C ပိုးအတွက် ကုသမှုလိုအပ်ခဲ့ရင် ကုသတာမျိုးလုပ်သင့်ပါတယ် လို အကြံ​ပေးပါရ​စေ

အပိုထပ်ဆောင်းအ​နေနဲ့ မိမိရဲ့ သွေး​ပေါင်ချိန် ၊ ကိုယ်အလေးချိန် မျှတ​အောင် ထိန်းထားပါ 💎💎

Win Clinic - Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
095680250( အိမ်ပင့်​ဆေးကုသမှု booking အတွက်သာ)

🩸 လက်​ချောင်းထိပ်​ဖောက်၍ဆီးချိုစစ်ခြင်း (Capillary Blood Sugar Test )❓👉 လက်ချောင်း​လေးပေါ်က ဆံချည်မျှင်​သွေး​ကြောက​နေ သွ...
30/09/2025

🩸 လက်​ချောင်းထိပ်​ဖောက်၍ဆီးချိုစစ်ခြင်း (Capillary Blood Sugar Test )❓

👉 လက်ချောင်း​လေးပေါ်က ဆံချည်မျှင်​သွေး​ကြောက​နေ သွေးနည်းနည်းထုတ်
glucometer လို့ခေါ်တဲ့ ဆီးချိုတိုင်းစက်အသုံးပြုပြီး သွေးထဲမှာရှိတဲ့ အချိုဓာတ်ကို လွယ်လွယ်ကူကူ တိုင်းတာလို့ရတဲ့ နည်းလမ်းပါ။

---
📊 ဒီအ​ဖြေ​လေး​တွေက ဆီးချိုအ​ခြေအ​နေကို အကြမ်းဖျင်းသိရှိနိုင်ပါတယ်
Fasting Blood Sugar Test(နံနက်စာမစားမှီ/ဘာမှမစားမှီ)
- ပုံမှန် 👉 < 100 mg/dL
- ပုံမှန်မဟုတ် 👉 100 – 125 mg/dL
- ဆီးချို ရှိ​နေနိုင် 👉 ≥ 126 mg/dL

Random Blood Sugar Test
- ပုံမှန် 👉 < 140 mg/dL
- ပုံမှန်မဟုတ် 👉 140 – 199 mg/dL
- ဆီးချိုရှိ​နေနိုင် 👉 ≥ 200 mg/dL

⚠️ သတိပေးချက်အ​နေနဲ့

* ဒီလက်ထိပ်​သွေး​ဖောက်စစ်​ဆေးခြင်းက အလွယ်စစ်တာဖြစ်လို့ သူ့အ​ဖြေတစ်ခုတည်းနဲ့ ဆီးချိုရှိမရှိ အပြည့်အဝမှတ်ယူလို့​တော့မရပါဘူး ။ ​( diagnostic test မဟုတ်ပါ)
* သွေး​ပြန်ကြောထဲ​သွေး​ဖောက်စစ်​ဆေးရတဲ့ HbA1C ,Plasma Glucose , OGTT တို့လို confirmation test ​တွေ​တော့ ထပ်လုပ်ဖို့လိုအပ်ပါတယ် ။
* ဒါ​ပေမယ့် မိမိအိမ်မှာပဲ ဓါတ်ခွဲခန်းသွားစရာမလို ကျန်းမာ​ရေးဝန်ထမ်းအကူအညီမပါဘဲ အလွယ်တကူစစ်​ဆေးနိုင်တာ​ကြောင့် ဒီလက်ထိပ်​ဖောက်ရတဲ့ Capillary Blood Sugar Test ​လေး​တွေက တကယ်ကို အသုံးဝင်ပါတယ် ။ ( self-monitoring )

---

✅ ဒီ Test ရဲ့အားသာချက်တွေအ​နေနဲ့
- လျင်မြန် / လွယ်ကူ / အိမ်မှာတောင် စမ်းနိုင်တယ်
- ​နေ့စဥ်​ပြောင်းလဲ​နေတဲ့ဆီးချိုအ​ခြေအ​နေကို သိရှိပြီး မှတ်တမ်းယူနိုင်တာ​ကြောင့် ဆီးချိုထိန်းညှိရာမှာ အရမ်းကို အသုံးတည့်ပါတယ် ။
- ဒါအပြင် ဆီးချိုကျတဲ့ symptom ​တွေ (မူး/ရင်တုန်/​​လက်တုန်/ချွေးပြန်) ခံစားရချိန်မှာလည်း ဆီးချိုထိုးကျသွားလား စစ်​ဆေးနိုင်ပါတယ်
( RBS < 70mg/dl ဆိုရင် ဆီးချို အကျဖက်​ရောက်​နေပြီလို့ မှတ်ယူနိုင်ပါတယ် )

💎 အိမ်မှာ အမှတ်မထင် လက်ထိပ်​ဖောက်စစ်​ဆေးမိလို့ ဆီးချိုရှိတယ်လို့ သံသယဖြစ်စရာ ရလဒ်​တွေ့ရင် နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့မ​မေ့ပါနဲ့​နော် 👨‍⚕️👩‍⚕️

Win Clinic - Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
095680250 (အိမ်ပင့်ဝန်​ဆောင်မှု booking အတွက်သာ)

⚖️ ကိုယ်အလေးချိန် (BMI) နဲ့ နှလုံးကျန်းမာရေး 💓အရပ်နှင့်ကိုယ်အ​လေးချိန်အချိုးအစား (BMI) ညီမျှ​နေခြင်းက နှလုံးကျန်းမာ​​ရေး...
22/09/2025

⚖️ ကိုယ်အလေးချိန် (BMI) နဲ့ နှလုံးကျန်းမာရေး 💓
အရပ်နှင့်ကိုယ်အ​လေးချိန်အချိုးအစား (BMI) ညီမျှ​နေခြင်းက နှလုံးကျန်းမာ​​ရေးအတွက် အရမ်းကို အ​ရေးပါပါတယ် ၊ အင်တာနက်​ခေတ်မှာ​တော့ ကိုယ့်ရဲ့ BMI ကိုတွက်ကြည့်ဖို့မခက်​တော့ပါဘူး ၊ online မှာ BMI calculator ဆိုပြီးရှာ ကိုယ့်ရဲ့ အရပ် ( meter or inches) နဲ့ ကိုယ်အ​လေးချိန် ( kg or pound ) ကို ထည့်လိုက်ရုံနဲ့သိနိုင်ပါပြီ ။

ဒါ​ပေမယ့် ဘယ်လိုတွက်တယ်ဆိုတဲ့ ​Formula ​လေးက​တော့
BMI = ကိုယ်အလေးချိန် (kg) ÷ [အမြင့်(m)]²
👉 ဥပမာ – အမြင့် 1.70 m, ကိုယ်အလေးချိန် 70 kg ဆိုရင်
BMI = 70 ÷ (1.7×1.7) ≈ 24.2

📊 သတ်မှတ်ချက်
< 18.5 ➡️ အလွန်ပိန် (Underweight)
18.5 – 24.9 ➡️ ပုံမှန်အ​လေးချိန် (Healthy weight)
25 – 29.9 ➡️ အလေးချိန်ပို (Overweight)
≥ 30 ➡️ အဆီပို ၊ ဝခြင်း (Obesity)

❤️ အလေးချိန်ပိုလာတာနဲ့အမျှ နှလုံးအန္တရာယ်ပါရှိလာပါတယ် ။ ဘာလို့လဲဆို​တော့ ၊သွေးတိုး (Hypertension) ၊ဆီးချို (Diabetes) ၊သွေးအဆီမညီမှု (High cholesterol) ​တွေပိုဖြစ်​စေနိုင်လို့ပါပဲ ။

✅ ဒါဆို ကိုယ့်ကိုယ်အ​လေးချိန်ကို ဘယ်လိုထိန်းမလဲ?
1. အစားအသောက် – အဆီပို/အချို/ဆား လျော့၊ အသီးအနှံ ပိုစား
2. လေ့ကျင့်ခန်း – တစ်နေ့ 30 မိနစ် လှုပ်ရှား (လမ်းလျှောက်၊ စက်ဘီးစီး ၊ ​အ​လေးမ )
3. အိပ်ရေး & စိတ်ဖိစီးမှု ထိန်း – အိပ်ချိန်လုံလောက်​အောင်အိပ်ပါ ၊ စိတ်ဖိစီးမှုလျော့ချပါ
4. ဘီယာ ၊ အချိုရည် ​​လျော့ပါ ၊ ရပ်ပါ
5. ပုံမှန် စစ်ဆေးခြင်း – သွေးတိုး၊ သွေးချို၊ သွေးအဆီ တိတိကျကျ စစ်ပါ

🔑 ​နောက်ဆုံးအ​နေနဲ့ သတိရပါ ..
ကိုယ်အလေးချိန် ၁၀% သာလျော့ သွားတာ​​လေးက​တောင် နှလုံးအန္တရာယ်ကို အလွန်အကျိုးရှိစွာ လျော့ချနိုင်ပါတယ်။ ဒါ​ကြောင့် အရမ်းမဝ​အောင် မိမိကိုယ်ကို အမြဲဂရုစိုက်​နေပါ​နော် ။ ❤️❤️❤️

Win Clinic - Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
095680250 ( အိမ်ပင့်ဝန်​ဆောင်မှု booking အတွက်သာ)

🌿 အအေးမိတာနဲ့ ပိုးသတ်​ဆေး အမြဲ မသောက်သင့်ပါ 🌿​ဆေးခန်းလာပြတဲ့ လူနာအများစုက အအေးမိ၊ ခေါင်းကိုက်၊ နှာချေတိုင်း ပိုးသတ်​ဆေး ...
21/09/2025

🌿 အအေးမိတာနဲ့ ပိုးသတ်​ဆေး အမြဲ မသောက်သင့်ပါ 🌿

​ဆေးခန်းလာပြတဲ့ လူနာအများစုက အအေးမိ၊ ခေါင်းကိုက်၊ နှာချေတိုင်း ပိုးသတ်​ဆေး ( ​amoxicillin , azithromycin) သောက်ချင်ကြတယ်။
ပိုးသတ်​ဆေးဆိုတာ ဘတ်တီးရီယားပိုး​တွေကို နှိမ်​နှင်းပေးတဲ့​ဆေးဖြစ်တာမို့ အအေးမိ (common cold/flu) ကို ဖြစ်စေသည့် virus တွေကို မသတ်နိုင်ပါဘူး ❌

👉 ပိုးသတ်​ဆေးကို မလိုအပ်တဲ့အချိန်​တွေမှာ သုံးမိရင် –

​ဆေးယဥ်ပါးခြင်း (antibiotic resistance) ဖြစ်​စေနိုင်ပါတယ်

အချိန်ကြာလာတာနဲ့အမျှ ပိုးသတ်​ဆေး မတိုး​တော့တာ​ကြောင့် တကယ်သုံးရ​တော့မယ့်အချိန်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်

✅ အအေးမိအများစုမှာ အနားယူ၊ နွေးထွေးတဲ့ရေများများ သောက်၊ ပါရာစီတ​မောလို အဖျားကျဆေးသောက်ရုံနဲ့ တဖြည်းဖြည်း ပြန်သက်သာသွားမယ်။

သတိရပါ ➡️ ပိုးသတ်​ဆေး သောက်ဖို့ ဆုံးဖြတ်တဲ့အခါ ဆရာဝန်ကို အရင်တိုင်ပင်သင့်ပါတယ်။

Win Clinic- Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
အိမ်ပင့်ဝန်​ဆောင်မှုရယူရန်.. 095680250
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30 AM-11AM , ည​နေ 4PM-8:30PM

Stress ဖြစ်ရင်​ကော ဆီးချိုတက်နိုင်လားဆရာ ?Stress ဖြစ်လာရင် ခန္ဓာကိုယ်က​နေ stress ကိုတုန့်ပြန်တဲ့အ​နေနဲ့ ​ဟော်မုန်း တွေထွ...
20/11/2024

Stress ဖြစ်ရင်​ကော ဆီးချိုတက်နိုင်လားဆရာ ?

Stress ဖြစ်လာရင် ခန္ဓာကိုယ်က​နေ stress ကိုတုန့်ပြန်တဲ့အ​နေနဲ့ ​ဟော်မုန်း တွေထွက်ပါတယ် ဒီ​ဟော်မုန်း​တွေက ဆီးချိုကိုတက်​စေပါတယ် ။ ဒါ​ပေမယ့် ​တော်ရုံလုပ်ငန်းခွင်မှာ​တွေ့ရတဲ့ stress ​တွေ ၊ interview/meeting stress ​လောက် ၊ ​​နေ့စဥ်မိမိကြုံ​​​တွေ့ခံစားရတဲ့ stress အ​နေအထား​လောက်နဲ့​တော့ ဆီးချိုမတက်ပါဘူး ။ ဒါ​ကြောင့် အိမ်မှာချိန်ရင် ဆီးချို​ကောင်းတယ်ဆရာ ခု​ဆေးခန်း​ရောက်မှ စိုးရိမ်စိတ်ဖြစ်လို့ ​ဆီးချိုတက်တယ်ဆိုတာမျိုး ၊ ဒီရက်ပိုင်း စိတ်ဖိစီးမှုများလို့ ဆီးချိုတက်​နေတာဆရာ ဆိုတဲ့အ​ဖြေမျိုးက​တော့ မဟုတ်ပါဘူး ။ အများစုက အစားအ​သောက်ပုံစံမမှန်တာပဲ ဖြစ်နိုင်ပါတယ် ။

ကြီးကြီးမားမား ​ဆေးရုံတက်ရတဲ့အထိ ​နေမ​ကောင်းဖြစ်တာမျိုး ၊ ခွဲစိတ်မှုခံယူထားရတာမျိုး ၊ ​လေဖြတ်တာ ၊ နှလုံး​သွေးကြောပိတ်တာ၊ ကိုယ်အချစ်ရဆုံးသူ​ကွယ်လွန်သွား၍ အကြီးအကျယ်ပူ​ဆွေး​သောက​ရောက်​နေရတာမျိုးဖြစ်ရင် ဆီးချိုတက်သွားတာ ဖြစ်နိုင်ပါတယ် ။

Coincidence of flowering day and 11.11.(2024) in Win Clinic - Bahan Wishing all of you to be healthy and peaceful nights...
11/11/2024

Coincidence of flowering day and 11.11.(2024) in Win Clinic - Bahan

Wishing all of you to be healthy and peaceful nights.

ဆရာဝန်အိမ်ပင့်ဆေးကုသမှု လိုအပ်​နေသူများအတွက် Win Clinic - Bahanမှ ဝန်​ဆောင်မှု​လေးအ​ကြောင်း သတင်း​ကောင်း​ပေးပါ​စေ 😍😍😍 ⚘ ...
21/10/2024

ဆရာဝန်အိမ်ပင့်ဆေးကုသမှု လိုအပ်​နေသူများအတွက် Win Clinic - Bahanမှ ဝန်​ဆောင်မှု​လေးအ​ကြောင်း သတင်း​ကောင်း​ပေးပါ​စေ 😍😍😍

⚘ တုပ်​ကွေးကာကွယ်​​ဆေးထိုးလိုသူများ

⚘ ​ဆေးရုံတင်ရန်အခက်အခဲ​ကြောင့် ​နေအိမ်တွင် ပိုးသတ်​ဆေးထိုးရန် လိုအပ်​နေသူများ ၊ ​အစာပိုက် ၊ ဆီးပိုက်ထည့်ရန်လိုအပ်သူများ ၊ ​​ကျောပူနာ ကဲ့သို့​သော အနာများ ဆေးထည့်ရန် လိုအပ်သူများ

⚘ အထူးကုဆရာဝန်နှင့် Tele consultation ကုသမှုခံယူပြီး ဆရာဝန်လာ​ရောက်ကြည့်ရှု​ပေးရန် လိုအပ်​သည်ဟု အကြံပြုထား​သော လူနာများ

⚘ ​သွေးစစ်​ရန် ၊ Cannula အပ်ထိုးရန် လိုအပ်သူများ

⚘ နာတာရှည် ​​ရောဂါခံစား​နေရ​သော လူနာများ ၊ ​​လေဖြတ်လူနာများ ၊ ကင်ဆာ ၊ ​ကျောက်ကပ် ၊ နှလုံး ​ရောဂါ ခံစား​နေရသူများ လိုအပ်သူများ အတွက် ဆရာဝန်များကိုယ်တိုင် ဂရုတစိုက် Home Visit ကုသမှု​ပေး​နေပါပြီ ❤

For Yangon only

ဖုန်း​လေးသာ ဆက်လိုက်ပါ 📲🤳📞

095680250





ဝက်ခြံဘာလို့​ပေါက်တာလဲ?? 🤔🤔🤔အရည်ပြားပေါ်ရှိ အဆီလမ်း​ကြောင်းနှင့် ​မွှေးညှင်း​​ပေါက်​လေးများ ပိတ်ဆို့​ရောင်ရမ်းခြင်း​ကြော...
18/06/2024

ဝက်ခြံဘာလို့​ပေါက်တာလဲ?? 🤔🤔🤔

အရည်ပြားပေါ်ရှိ အဆီလမ်း​ကြောင်းနှင့် ​မွှေးညှင်း​​ပေါက်​လေးများ ပိတ်ဆို့​ရောင်ရမ်းခြင်း​ကြောင့် ဝက်ခြံဖြစ်တတ်ကြပါတယ် ။ အရွယ်သုံးပါးစလုံးဖြစ်နိုင်​ပေမယ့် လူပျို​​ဖော် အပျို​ဖော်ဝင်ချိန်မှာ ပိုအဖြစ်များပါတယ် ။

ဘာ​တွေ​ကြောင့် ဝက်ခြံဖြစ်နိုင်လဲ ?
- အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားဟိုမုန်း (Androgen) များလာပါက အဆီပိုထွက်ပြီး ဝက်ခြံထွက်​စေပါတယ်
- အဆီများတဲ့အလှကုန်ပစ္စည်း skincare ​တွေကလည်း ​မွှေးညှင်း​ပေါက်​တွေပိတ်ပြီး ဝက်ခြံပိုးဆိုးစေပါတယ် ၊ ဒါ​ကြောင့် ဝက်ခြံထွက်များတဲ့သူ​တွေဆိုရင် oil free cosmetic ​တွေကိုသုံးဖို့ အကြံပြုပါတယ် 🤩🤩
- ​နောက်တစ်ခုက stress ပါ ၊ စိတ်ဖိစီးတာကလည်း ဝက်ခြံထွက်​စေပါတယ် 😥
- ​တချို့​သော​ဆေးဝါး​တွေ ဥပမာ တချို့​သော တီဘီ​ဆေး​တွေ ၊ steriod လို့​ခေါ်တဲ့ ​ရောင်ကျ​ဆေး​တွေနဲ့ အမျိုးသားဟိုမုန်းပါတဲ့​ဆေး​တွေ ​သောက်​နေရခြင်းကလည်း ဝက်ခြံဖြစ်​စေပါတယ်
- Pressure အချိန်ကြာကြာဖိမိ​နေခြင်း​တွေကလည်း ဝက်ခြံကိုပိုဆိုး​စေပါတယ် ၊ ဒါ​ကြောင့် မျက်မှန်ကိုင်းကျပ်လွန်းခြင်း ၊ ဖုန်းကို နာရီနဲ့ချီ​ပြောခြင်း များကို သတိထားသင့်ပါတယ်
- ​နောက်ဆုံးအ​ရေးကြီးဆုံးတချက်က​တော့ မျက်နှာအ​ရေပြားကို လက်နှင့် ကုပ်ခြင်း ၊ ညှစ်ခြင်း ၊ မကြာခဏကိုင်တွယ်ခြင်းများကလည်း ပိုးဝင်​စေပြီး ဝက်ခြံကိုပိုဆိုး​စေပါတယ်

ဘယ်လိုကုသလို့ရလဲ ?
**အမာရွတ်မကျန်ချင်ရင် ​စော​စောကုသတာအ​​​ကောင်းဆုံးပါ ✅✅✅
ဝက်ခြံကို လိမ်း​ဆေး စား​ဆေးများအပြင် ထိုး​ဆေးထိုးခြင်း ၊ chemical peeling, laser treatment များနှင့်လည်း ကုသလို့ရပါတယ် ။ ဒါ့အပြင် ပြန်မဖြစ်​အောင် skincare ပုံမှန်ထိန်းသိမ်းခြင်းကလည်း အ​ရေးပါပါတယ် ✴️

ဝက်ခြံဖြစ်တိုင်း​တော့ ​ဆေးခန်းပြစရာမလိုပါဘူး ဒါ​ပေမယ့် ဝက်ခြံရောင်ရမ်းမှု​ကြောင့် အဖျားတက်တဲ့အထိဖြစ်လာရင် ၊ မျက်နှာ ပါး မျက်လုံး ​မေးရိုး​တွေပါ​ရောင်ကိုင်းလာရင် ၊ ပြည်တည်နာကြီးပြီး ကိုက်ခဲ​နေရင် ​ဆေးခန်းမဖြစ်မ​နေ ပြသဖို့လိုအပ်တယ်လို့ အကြုံပြုပါရ​စေ​နော် ♥️♥️♥️

ဝင်းမိသားစု​ဆေးခန်း
အမှတ်(၂) ၊ မဂ်လာသိဒွီလမ်း ၊ မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်း ။
095680250

Address

No. 2, Mingalar Theidi Street, Bahan( Near Min Lann Bus Stop)
Yangon

Alerts

Be the first to know and let us send you an email when Win Clinic - Bahan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category