Win Clinic - Bahan

Win Clinic - Bahan Home Visit Medical Service and Clinic

Phone(for home visit case only) - 095680250 Home Visit Health Care Service

✨ Happy Diwali ✨"Win Clinic - Bahan" wishes all our people a bright and joyful Diwali!May this Festival of Lights bring ...
20/10/2025

✨ Happy Diwali ✨
"Win Clinic - Bahan" wishes all our people a bright and joyful Diwali!
May this Festival of Lights bring good health, happiness, and prosperity to you and your loved ones. 🌼🪔

♥️♥️ Our Clinic will be opened on Diwali day to take care of your health. ♥️♥️

အိပ်ယာနာ(Bed Sore) မဖြစ်​အောင် ဘယ်လိုထား​ပေးရမလဲ ? - ၂ နာရီခြားတစ်ခါ တစ်ဖက်သို့ ​စောင်း​ပေး လှည့်​ပေးပါ ။-  Lotion ကဲ့သိ...
17/10/2025

အိပ်ယာနာ(Bed Sore) မဖြစ်​အောင် ဘယ်လိုထား​ပေးရမလဲ ?
- ၂ နာရီခြားတစ်ခါ တစ်ဖက်သို့ ​စောင်း​ပေး လှည့်​ပေးပါ ။
- Lotion ကဲ့သို့​သော အဆီပါတဲ့ cream မျိုးကို ဖိမိ​နေတဲ့​နေရာ​တွေ ( တင်ပါး ၊ ​ကျောပြင် ၊ ​ခြေဖ​နှောင့်) စတဲ့​နေရာ​တွေမှာ လိမ်း​ပေးပါ ။
- ​လေ​မွေ့ယာ ( air mitress) သုံးပါ ။
- လူနာကို သန့်သန့်ရှင်းရှင်းထားပါ ။
- ​သွေးလည်ပတ်မှု​ကောင်း​စေဖို့ အ​ကွေးအဆန့်​လေ့ကျင့်ခန်း​တွေ လုပ်​ပေးပါ ( လူနာမလှုပ်နိုင်ပါက မိသားစုဝင်က ကူညီလုပ်​ဆောင်​ပေးပါ )

Win Clinic - Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
အိမ်ပင့်ဝန်​ဆောင်မှု (booking) - 095680250

15/10/2025

အ​မေး :အသည်းမ​ခြောက်​အောင် ကြိုတင်ကာကွယ်လို့ရသလား ?အ​ဖြေ : ရပါတယ် 🥰🥰ဘာ​တွေလုပ်ရမလဲ ?? အတိုချုံးအ​နေနဲ့(၁) အသည်း​ရောင်အသာ...
14/10/2025

အ​မေး :အသည်းမ​ခြောက်​အောင် ကြိုတင်ကာကွယ်လို့ရသလား ?
အ​ဖြေ : ရပါတယ် 🥰🥰

ဘာ​တွေလုပ်ရမလဲ ?? အတိုချုံးအ​နေနဲ့
(၁) အသည်း​ရောင်အသားဝါ ကာကွယ်​ဆေးထိုးထားပါ 💙💙
(၂) အရက် ၊ ဘီယာနှင့် ဆရာဝန်မညွှန်ကြားတဲ့ ဘာမှန်းမသိတဲ့ ​ကောင်းနိုးရာရာ​ဆေး​တွေ ​သောက်တာကို ​ရှောင်ပါ 🚫
(၃) ကျန်းမာ​အောင်​နေထိုင်စား​သောက်ပါ ( အဆီအငန် ​လျော့စားပါ ၊ လမ်း​လျှောက်ပါ ၊ ကိုယ်အ​လေးချိန်ထိန်းပါ) 🏃🏃‍♀️
(၄) ​နောက်ဆုံးတစ်ခုက​တော့ ပုံမှန်ကျန်းမာ​ရေး စစ်​ဆေးပြီး အသည်း​ရောင်အသားဝါပိုး​တွေ့ရင်ဖြစ်ဖြစ် ၊ အသည်းအဆီဖုံး​နေရင်ဖြစ်ဖြစ် ​စောလျင်စွာကုသမှုခံယူပါ 🙆

➡️ သတင်း​ကောင်း​လေးအ​နေနဲ့ ဝင်းမိသားစု​ဆေးခန်းမှာ "ဘီပိုးကာကွယ်​ဆေး" ထိုးနှံနိုင်ပါပြီ​

➡️မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​➡️ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
➡️095680250 ( အိမ်ပင့်ဝန်​ဆောင်မှု booking အတွက်သာ)

💚 အသည်းလေး ကျန်းမာဖို့အသည်းက ခန္ဓာကိုယ်အတွက် “သန့်ရှင်းရေးစက်ရုံ” လို့ ​ပြောလို့ရပါတယ်။ သွေးနဲ့အတူ စွန့်ပစ်ပစ္စည်း၊ အဆိပ...
07/10/2025

💚 အသည်းလေး ကျန်းမာဖို့
အသည်းက ခန္ဓာကိုယ်အတွက် “သန့်ရှင်းရေးစက်ရုံ” လို့ ​ပြောလို့ရပါတယ်။ သွေးနဲ့အတူ စွန့်ပစ်ပစ္စည်း၊ အဆိပ်အ​တောက် အများအပြားကို သန့်စင်ပေးနေပါတယ်။
ဒါကြောင့် မိမိရဲ့ အသည်း​လေးကို စောင့်ရှောက်ဖို့ သိထားသင့်တဲ့ အချက်လေးတွေ ကိုမျှ​ဝေ​ပေးချင်ပါတယ်👇
---
🍺🥃 1️⃣ အရက် သောက်မှု လျှော့ပါ
အသည်းရောဂါအများစုဟာ အရက် ၊ ဘီယာ​တွေနဲ့ဆက်နွယ်​နေပါတယ်။
👉 သက်တမ်းကြာအောင် များများသောက်နေမိရင် အသည်းအဆီဖုံးခြင်း ➡️ ထိုမှတစ်ဆင့် အသည်း​ရောင်ခြင်း ➡️ ပြီး​နောက် အသည်း​ခြောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
---
🍔 2️⃣ အစားအစာ သန့်သန့်ရှင်းရှင်း + အချိုအဆီနည်းအောင်စားပါ 🍰🍨
အဆီများ၊ အချိုလွန်ကဲတဲ့ အစားအစာတွေက အသည်းအဆီဖုံး​ရောဂါ( Fatty Liver) ဖြစ်စေတတ်တယ်။
✅ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ငါးနှင့်အမျှင်ဓါတ်ပါ​သော အစားအစာများ ပိုစားပါ။ 🥬🍅🥦
🛑 Cola / Soft drink / Instant food / ​ခေါက်ဆွဲ​ခြောက် လျှော့ပါ။
---
💊 3️⃣ မသိတဲ့ ဆေး​တွေ မသုံးပါနှင့်
ကောင်းမယ်ထင်ပြီး Herbal / Supplement ​တွေကို မသုံးသင့်ပါ။
အချို့မှာ အသည်းကိုထိခိုက်​စေတဲ့ hepatotoxic compound တွေပါဝင်ပြီး အသည်းပျက်နိုင်ပါတယ်။ 📌
➡️ ဒါ​ကြောင့် အပြင်ဆေး​တွေသုံးမတိုင်မီ ဆရာဝန်နဲ့ တိုင်ပင်ပါ။
---
💉 4️⃣ Hepatitis B & C ကာကွယ်ပါ
Hepatitis B ကို ကာကွယ်နိုင်တဲ့ vaccine ရှိတယ်
Hepatitis C ကို ကာကွယ်​ဆေး မရှိသေးပေမဲ့ သတိထားမှုနဲ့ ကာကွယ်နိုင်တယ်
Hepatitis C ရှိခဲ့ရင်လည်း ​ပျောက်ကင်း​အောင် ကုသလို့ရနိုင်ပြီမို့ အသည်းဆရာဝန်နဲ့​သေချာတိုင်ပင်ကုသသင့်ပါတယ်
👉 မသန့်တဲ့ အပ်ဖြင့် ဆေးထိုးခြင်း / တက်တူးထိုးခြင်း / နားဖောက်ခြင်း / Razor , Blade ဓါး မျှသုံးခြင်း​တွေ မလုပ်ပါနှင့် 📌🚫
---
🩺 5️⃣ အမြဲတမ်း Health Check လုပ်ပါ
ကိုယ်က Alcohol User ဖြစ်တယ် ၊ BMI 25 အထက် ဝတဲ့လူဖြစ်တယ် ၊ ​သွေးတိုး ၊ ဆီးချို နှင့် ကိုလက်စ​ရောများတဲ့ အခံရှိတဲ့လူ​တွေဆိုရင် ပိုစစ်​ဆေးသင့်ပါတယ်
* နှစ်စဥ် အသည်းဓါတ် (Liver Function Test) နှင့် ဝမ်းဗိုက် Ultrasound ရိုက်ခြင်း​တွေ ပြုလုပ်သင့်ပါတယ်
* B ပိုး C ပိုးရှိမရှိ မစစ်ဖူး​သေးရင်လည်း စစ်ကြည့်ပြီး B ပိုးကာကွယ်​​ဆေးထိုးတာမျိုး C ပိုးအတွက် ကုသမှုလိုအပ်ခဲ့ရင် ကုသတာမျိုးလုပ်သင့်ပါတယ် လို အကြံ​ပေးပါရ​စေ

အပိုထပ်ဆောင်းအ​နေနဲ့ မိမိရဲ့ သွေး​ပေါင်ချိန် ၊ ကိုယ်အလေးချိန် မျှတ​အောင် ထိန်းထားပါ 💎💎

Win Clinic - Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
095680250( အိမ်ပင့်​ဆေးကုသမှု booking အတွက်သာ)

🩸 လက်​ချောင်းထိပ်​ဖောက်၍ဆီးချိုစစ်ခြင်း (Capillary Blood Sugar Test )❓👉 လက်ချောင်း​လေးပေါ်က ဆံချည်မျှင်​သွေး​ကြောက​နေ သွ...
30/09/2025

🩸 လက်​ချောင်းထိပ်​ဖောက်၍ဆီးချိုစစ်ခြင်း (Capillary Blood Sugar Test )❓

👉 လက်ချောင်း​လေးပေါ်က ဆံချည်မျှင်​သွေး​ကြောက​နေ သွေးနည်းနည်းထုတ်
glucometer လို့ခေါ်တဲ့ ဆီးချိုတိုင်းစက်အသုံးပြုပြီး သွေးထဲမှာရှိတဲ့ အချိုဓာတ်ကို လွယ်လွယ်ကူကူ တိုင်းတာလို့ရတဲ့ နည်းလမ်းပါ။

---
📊 ဒီအ​ဖြေ​လေး​တွေက ဆီးချိုအ​ခြေအ​နေကို အကြမ်းဖျင်းသိရှိနိုင်ပါတယ်
Fasting Blood Sugar Test(နံနက်စာမစားမှီ/ဘာမှမစားမှီ)
- ပုံမှန် 👉 < 100 mg/dL
- ပုံမှန်မဟုတ် 👉 100 – 125 mg/dL
- ဆီးချို ရှိ​နေနိုင် 👉 ≥ 126 mg/dL

Random Blood Sugar Test
- ပုံမှန် 👉 < 140 mg/dL
- ပုံမှန်မဟုတ် 👉 140 – 199 mg/dL
- ဆီးချိုရှိ​နေနိုင် 👉 ≥ 200 mg/dL

⚠️ သတိပေးချက်အ​နေနဲ့

* ဒီလက်ထိပ်​သွေး​ဖောက်စစ်​ဆေးခြင်းက အလွယ်စစ်တာဖြစ်လို့ သူ့အ​ဖြေတစ်ခုတည်းနဲ့ ဆီးချိုရှိမရှိ အပြည့်အဝမှတ်ယူလို့​တော့မရပါဘူး ။ ​( diagnostic test မဟုတ်ပါ)
* သွေး​ပြန်ကြောထဲ​သွေး​ဖောက်စစ်​ဆေးရတဲ့ HbA1C ,Plasma Glucose , OGTT တို့လို confirmation test ​တွေ​တော့ ထပ်လုပ်ဖို့လိုအပ်ပါတယ် ။
* ဒါ​ပေမယ့် မိမိအိမ်မှာပဲ ဓါတ်ခွဲခန်းသွားစရာမလို ကျန်းမာ​ရေးဝန်ထမ်းအကူအညီမပါဘဲ အလွယ်တကူစစ်​ဆေးနိုင်တာ​ကြောင့် ဒီလက်ထိပ်​ဖောက်ရတဲ့ Capillary Blood Sugar Test ​လေး​တွေက တကယ်ကို အသုံးဝင်ပါတယ် ။ ( self-monitoring )

---

✅ ဒီ Test ရဲ့အားသာချက်တွေအ​နေနဲ့
- လျင်မြန် / လွယ်ကူ / အိမ်မှာတောင် စမ်းနိုင်တယ်
- ​နေ့စဥ်​ပြောင်းလဲ​နေတဲ့ဆီးချိုအ​ခြေအ​နေကို သိရှိပြီး မှတ်တမ်းယူနိုင်တာ​ကြောင့် ဆီးချိုထိန်းညှိရာမှာ အရမ်းကို အသုံးတည့်ပါတယ် ။
- ဒါအပြင် ဆီးချိုကျတဲ့ symptom ​တွေ (မူး/ရင်တုန်/​​လက်တုန်/ချွေးပြန်) ခံစားရချိန်မှာလည်း ဆီးချိုထိုးကျသွားလား စစ်​ဆေးနိုင်ပါတယ်
( RBS < 70mg/dl ဆိုရင် ဆီးချို အကျဖက်​ရောက်​နေပြီလို့ မှတ်ယူနိုင်ပါတယ် )

💎 အိမ်မှာ အမှတ်မထင် လက်ထိပ်​ဖောက်စစ်​ဆေးမိလို့ ဆီးချိုရှိတယ်လို့ သံသယဖြစ်စရာ ရလဒ်​တွေ့ရင် နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့မ​မေ့ပါနဲ့​နော် 👨‍⚕️👩‍⚕️

Win Clinic - Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
095680250 (အိမ်ပင့်ဝန်​ဆောင်မှု booking အတွက်သာ)

⚖️ ကိုယ်အလေးချိန် (BMI) နဲ့ နှလုံးကျန်းမာရေး 💓အရပ်နှင့်ကိုယ်အ​လေးချိန်အချိုးအစား (BMI) ညီမျှ​နေခြင်းက နှလုံးကျန်းမာ​​ရေး...
22/09/2025

⚖️ ကိုယ်အလေးချိန် (BMI) နဲ့ နှလုံးကျန်းမာရေး 💓
အရပ်နှင့်ကိုယ်အ​လေးချိန်အချိုးအစား (BMI) ညီမျှ​နေခြင်းက နှလုံးကျန်းမာ​​ရေးအတွက် အရမ်းကို အ​ရေးပါပါတယ် ၊ အင်တာနက်​ခေတ်မှာ​တော့ ကိုယ့်ရဲ့ BMI ကိုတွက်ကြည့်ဖို့မခက်​တော့ပါဘူး ၊ online မှာ BMI calculator ဆိုပြီးရှာ ကိုယ့်ရဲ့ အရပ် ( meter or inches) နဲ့ ကိုယ်အ​လေးချိန် ( kg or pound ) ကို ထည့်လိုက်ရုံနဲ့သိနိုင်ပါပြီ ။

ဒါ​ပေမယ့် ဘယ်လိုတွက်တယ်ဆိုတဲ့ ​Formula ​လေးက​တော့
BMI = ကိုယ်အလေးချိန် (kg) ÷ [အမြင့်(m)]²
👉 ဥပမာ – အမြင့် 1.70 m, ကိုယ်အလေးချိန် 70 kg ဆိုရင်
BMI = 70 ÷ (1.7×1.7) ≈ 24.2

📊 သတ်မှတ်ချက်
< 18.5 ➡️ အလွန်ပိန် (Underweight)
18.5 – 24.9 ➡️ ပုံမှန်အ​လေးချိန် (Healthy weight)
25 – 29.9 ➡️ အလေးချိန်ပို (Overweight)
≥ 30 ➡️ အဆီပို ၊ ဝခြင်း (Obesity)

❤️ အလေးချိန်ပိုလာတာနဲ့အမျှ နှလုံးအန္တရာယ်ပါရှိလာပါတယ် ။ ဘာလို့လဲဆို​တော့ ၊သွေးတိုး (Hypertension) ၊ဆီးချို (Diabetes) ၊သွေးအဆီမညီမှု (High cholesterol) ​တွေပိုဖြစ်​စေနိုင်လို့ပါပဲ ။

✅ ဒါဆို ကိုယ့်ကိုယ်အ​လေးချိန်ကို ဘယ်လိုထိန်းမလဲ?
1. အစားအသောက် – အဆီပို/အချို/ဆား လျော့၊ အသီးအနှံ ပိုစား
2. လေ့ကျင့်ခန်း – တစ်နေ့ 30 မိနစ် လှုပ်ရှား (လမ်းလျှောက်၊ စက်ဘီးစီး ၊ ​အ​လေးမ )
3. အိပ်ရေး & စိတ်ဖိစီးမှု ထိန်း – အိပ်ချိန်လုံလောက်​အောင်အိပ်ပါ ၊ စိတ်ဖိစီးမှုလျော့ချပါ
4. ဘီယာ ၊ အချိုရည် ​​လျော့ပါ ၊ ရပ်ပါ
5. ပုံမှန် စစ်ဆေးခြင်း – သွေးတိုး၊ သွေးချို၊ သွေးအဆီ တိတိကျကျ စစ်ပါ

🔑 ​နောက်ဆုံးအ​နေနဲ့ သတိရပါ ..
ကိုယ်အလေးချိန် ၁၀% သာလျော့ သွားတာ​​လေးက​တောင် နှလုံးအန္တရာယ်ကို အလွန်အကျိုးရှိစွာ လျော့ချနိုင်ပါတယ်။ ဒါ​ကြောင့် အရမ်းမဝ​အောင် မိမိကိုယ်ကို အမြဲဂရုစိုက်​နေပါ​နော် ။ ❤️❤️❤️

Win Clinic - Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30-11AM ည​နေ 4-8:30PM
095680250 ( အိမ်ပင့်ဝန်​ဆောင်မှု booking အတွက်သာ)

🌿 အအေးမိတာနဲ့ ပိုးသတ်​ဆေး အမြဲ မသောက်သင့်ပါ 🌿​ဆေးခန်းလာပြတဲ့ လူနာအများစုက အအေးမိ၊ ခေါင်းကိုက်၊ နှာချေတိုင်း ပိုးသတ်​ဆေး ...
21/09/2025

🌿 အအေးမိတာနဲ့ ပိုးသတ်​ဆေး အမြဲ မသောက်သင့်ပါ 🌿

​ဆေးခန်းလာပြတဲ့ လူနာအများစုက အအေးမိ၊ ခေါင်းကိုက်၊ နှာချေတိုင်း ပိုးသတ်​ဆေး ( ​amoxicillin , azithromycin) သောက်ချင်ကြတယ်။
ပိုးသတ်​ဆေးဆိုတာ ဘတ်တီးရီယားပိုး​တွေကို နှိမ်​နှင်းပေးတဲ့​ဆေးဖြစ်တာမို့ အအေးမိ (common cold/flu) ကို ဖြစ်စေသည့် virus တွေကို မသတ်နိုင်ပါဘူး ❌

👉 ပိုးသတ်​ဆေးကို မလိုအပ်တဲ့အချိန်​တွေမှာ သုံးမိရင် –

​ဆေးယဥ်ပါးခြင်း (antibiotic resistance) ဖြစ်​စေနိုင်ပါတယ်

အချိန်ကြာလာတာနဲ့အမျှ ပိုးသတ်​ဆေး မတိုး​တော့တာ​ကြောင့် တကယ်သုံးရ​တော့မယ့်အချိန်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်

✅ အအေးမိအများစုမှာ အနားယူ၊ နွေးထွေးတဲ့ရေများများ သောက်၊ ပါရာစီတ​မောလို အဖျားကျဆေးသောက်ရုံနဲ့ တဖြည်းဖြည်း ပြန်သက်သာသွားမယ်။

သတိရပါ ➡️ ပိုးသတ်​ဆေး သောက်ဖို့ ဆုံးဖြတ်တဲ့အခါ ဆရာဝန်ကို အရင်တိုင်ပင်သင့်ပါတယ်။

Win Clinic- Bahan
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ်
အိမ်ပင့်ဝန်​ဆောင်မှုရယူရန်.. 095680250
​ဆေးခန်းဖွင့်ချိန် ​နေ့စဥ်
မနက် 8:30 AM-11AM , ည​နေ 4PM-8:30PM

Stress ဖြစ်ရင်​ကော ဆီးချိုတက်နိုင်လားဆရာ ?Stress ဖြစ်လာရင် ခန္ဓာကိုယ်က​နေ stress ကိုတုန့်ပြန်တဲ့အ​နေနဲ့ ​ဟော်မုန်း တွေထွ...
20/11/2024

Stress ဖြစ်ရင်​ကော ဆီးချိုတက်နိုင်လားဆရာ ?

Stress ဖြစ်လာရင် ခန္ဓာကိုယ်က​နေ stress ကိုတုန့်ပြန်တဲ့အ​နေနဲ့ ​ဟော်မုန်း တွေထွက်ပါတယ် ဒီ​ဟော်မုန်း​တွေက ဆီးချိုကိုတက်​စေပါတယ် ။ ဒါ​ပေမယ့် ​တော်ရုံလုပ်ငန်းခွင်မှာ​တွေ့ရတဲ့ stress ​တွေ ၊ interview/meeting stress ​လောက် ၊ ​​နေ့စဥ်မိမိကြုံ​​​တွေ့ခံစားရတဲ့ stress အ​နေအထား​လောက်နဲ့​တော့ ဆီးချိုမတက်ပါဘူး ။ ဒါ​ကြောင့် အိမ်မှာချိန်ရင် ဆီးချို​ကောင်းတယ်ဆရာ ခု​ဆေးခန်း​ရောက်မှ စိုးရိမ်စိတ်ဖြစ်လို့ ​ဆီးချိုတက်တယ်ဆိုတာမျိုး ၊ ဒီရက်ပိုင်း စိတ်ဖိစီးမှုများလို့ ဆီးချိုတက်​နေတာဆရာ ဆိုတဲ့အ​ဖြေမျိုးက​တော့ မဟုတ်ပါဘူး ။ အများစုက အစားအ​သောက်ပုံစံမမှန်တာပဲ ဖြစ်နိုင်ပါတယ် ။

ကြီးကြီးမားမား ​ဆေးရုံတက်ရတဲ့အထိ ​နေမ​ကောင်းဖြစ်တာမျိုး ၊ ခွဲစိတ်မှုခံယူထားရတာမျိုး ၊ ​လေဖြတ်တာ ၊ နှလုံး​သွေးကြောပိတ်တာ၊ ကိုယ်အချစ်ရဆုံးသူ​ကွယ်လွန်သွား၍ အကြီးအကျယ်ပူ​ဆွေး​သောက​ရောက်​နေရတာမျိုးဖြစ်ရင် ဆီးချိုတက်သွားတာ ဖြစ်နိုင်ပါတယ် ။

Coincidence of flowering day and 11.11.(2024) in Win Clinic - Bahan Wishing all of you to be healthy and peaceful nights...
11/11/2024

Coincidence of flowering day and 11.11.(2024) in Win Clinic - Bahan

Wishing all of you to be healthy and peaceful nights.

ဆရာဝန်အိမ်ပင့်ဆေးကုသမှု လိုအပ်​နေသူများအတွက် Win Clinic - Bahanမှ ဝန်​ဆောင်မှု​လေးအ​ကြောင်း သတင်း​ကောင်း​ပေးပါ​စေ 😍😍😍 ⚘ ...
21/10/2024

ဆရာဝန်အိမ်ပင့်ဆေးကုသမှု လိုအပ်​နေသူများအတွက် Win Clinic - Bahanမှ ဝန်​ဆောင်မှု​လေးအ​ကြောင်း သတင်း​ကောင်း​ပေးပါ​စေ 😍😍😍

⚘ တုပ်​ကွေးကာကွယ်​​ဆေးထိုးလိုသူများ

⚘ ​ဆေးရုံတင်ရန်အခက်အခဲ​ကြောင့် ​နေအိမ်တွင် ပိုးသတ်​ဆေးထိုးရန် လိုအပ်​နေသူများ ၊ ​အစာပိုက် ၊ ဆီးပိုက်ထည့်ရန်လိုအပ်သူများ ၊ ​​ကျောပူနာ ကဲ့သို့​သော အနာများ ဆေးထည့်ရန် လိုအပ်သူများ

⚘ အထူးကုဆရာဝန်နှင့် Tele consultation ကုသမှုခံယူပြီး ဆရာဝန်လာ​ရောက်ကြည့်ရှု​ပေးရန် လိုအပ်​သည်ဟု အကြံပြုထား​သော လူနာများ

⚘ ​သွေးစစ်​ရန် ၊ Cannula အပ်ထိုးရန် လိုအပ်သူများ

⚘ နာတာရှည် ​​ရောဂါခံစား​နေရ​သော လူနာများ ၊ ​​လေဖြတ်လူနာများ ၊ ကင်ဆာ ၊ ​ကျောက်ကပ် ၊ နှလုံး ​ရောဂါ ခံစား​နေရသူများ လိုအပ်သူများ အတွက် ဆရာဝန်များကိုယ်တိုင် ဂရုတစိုက် Home Visit ကုသမှု​ပေး​နေပါပြီ ❤

For Yangon only

ဖုန်း​လေးသာ ဆက်လိုက်ပါ 📲🤳📞

095680250





ဝက်ခြံဘာလို့​ပေါက်တာလဲ?? 🤔🤔🤔အရည်ပြားပေါ်ရှိ အဆီလမ်း​ကြောင်းနှင့် ​မွှေးညှင်း​​ပေါက်​လေးများ ပိတ်ဆို့​ရောင်ရမ်းခြင်း​ကြော...
18/06/2024

ဝက်ခြံဘာလို့​ပေါက်တာလဲ?? 🤔🤔🤔

အရည်ပြားပေါ်ရှိ အဆီလမ်း​ကြောင်းနှင့် ​မွှေးညှင်း​​ပေါက်​လေးများ ပိတ်ဆို့​ရောင်ရမ်းခြင်း​ကြောင့် ဝက်ခြံဖြစ်တတ်ကြပါတယ် ။ အရွယ်သုံးပါးစလုံးဖြစ်နိုင်​ပေမယ့် လူပျို​​ဖော် အပျို​ဖော်ဝင်ချိန်မှာ ပိုအဖြစ်များပါတယ် ။

ဘာ​တွေ​ကြောင့် ဝက်ခြံဖြစ်နိုင်လဲ ?
- အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားဟိုမုန်း (Androgen) များလာပါက အဆီပိုထွက်ပြီး ဝက်ခြံထွက်​စေပါတယ်
- အဆီများတဲ့အလှကုန်ပစ္စည်း skincare ​တွေကလည်း ​မွှေးညှင်း​ပေါက်​တွေပိတ်ပြီး ဝက်ခြံပိုးဆိုးစေပါတယ် ၊ ဒါ​ကြောင့် ဝက်ခြံထွက်များတဲ့သူ​တွေဆိုရင် oil free cosmetic ​တွေကိုသုံးဖို့ အကြံပြုပါတယ် 🤩🤩
- ​နောက်တစ်ခုက stress ပါ ၊ စိတ်ဖိစီးတာကလည်း ဝက်ခြံထွက်​စေပါတယ် 😥
- ​တချို့​သော​ဆေးဝါး​တွေ ဥပမာ တချို့​သော တီဘီ​ဆေး​တွေ ၊ steriod လို့​ခေါ်တဲ့ ​ရောင်ကျ​ဆေး​တွေနဲ့ အမျိုးသားဟိုမုန်းပါတဲ့​ဆေး​တွေ ​သောက်​နေရခြင်းကလည်း ဝက်ခြံဖြစ်​စေပါတယ်
- Pressure အချိန်ကြာကြာဖိမိ​နေခြင်း​တွေကလည်း ဝက်ခြံကိုပိုဆိုး​စေပါတယ် ၊ ဒါ​ကြောင့် မျက်မှန်ကိုင်းကျပ်လွန်းခြင်း ၊ ဖုန်းကို နာရီနဲ့ချီ​ပြောခြင်း များကို သတိထားသင့်ပါတယ်
- ​နောက်ဆုံးအ​ရေးကြီးဆုံးတချက်က​တော့ မျက်နှာအ​ရေပြားကို လက်နှင့် ကုပ်ခြင်း ၊ ညှစ်ခြင်း ၊ မကြာခဏကိုင်တွယ်ခြင်းများကလည်း ပိုးဝင်​စေပြီး ဝက်ခြံကိုပိုဆိုး​စေပါတယ်

ဘယ်လိုကုသလို့ရလဲ ?
**အမာရွတ်မကျန်ချင်ရင် ​စော​စောကုသတာအ​​​ကောင်းဆုံးပါ ✅✅✅
ဝက်ခြံကို လိမ်း​ဆေး စား​ဆေးများအပြင် ထိုး​ဆေးထိုးခြင်း ၊ chemical peeling, laser treatment များနှင့်လည်း ကုသလို့ရပါတယ် ။ ဒါ့အပြင် ပြန်မဖြစ်​အောင် skincare ပုံမှန်ထိန်းသိမ်းခြင်းကလည်း အ​ရေးပါပါတယ် ✴️

ဝက်ခြံဖြစ်တိုင်း​တော့ ​ဆေးခန်းပြစရာမလိုပါဘူး ဒါ​ပေမယ့် ဝက်ခြံရောင်ရမ်းမှု​ကြောင့် အဖျားတက်တဲ့အထိဖြစ်လာရင် ၊ မျက်နှာ ပါး မျက်လုံး ​မေးရိုး​တွေပါ​ရောင်ကိုင်းလာရင် ၊ ပြည်တည်နာကြီးပြီး ကိုက်ခဲ​နေရင် ​ဆေးခန်းမဖြစ်မ​နေ ပြသဖို့လိုအပ်တယ်လို့ အကြုံပြုပါရ​စေ​နော် ♥️♥️♥️

ဝင်းမိသားစု​ဆေးခန်း
အမှတ်(၂) ၊ မဂ်လာသိဒွီလမ်း ၊ မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်း ။
095680250

Address

No. 2, Mingalar Theidi Street, Bahan( Near Min Lann Bus Stop)
Yangon

Alerts

Be the first to know and let us send you an email when Win Clinic - Bahan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category