Treasure Land

Treasure Land စင်္ကြာဝဠာကြီးတစ်ခုလုံး ရွှေရောင်မေတ္တာများဖြင့် လွှမ်းခြုံစေရမည်။

Don’t miss out on your great opportunity.Sometimes, one brave step can change your entire life.Trust yourself. This mome...
17/12/2025

Don’t miss out on your great opportunity.
Sometimes, one brave step can change your entire life.
Trust yourself. This moment is calling you 🌱✨
မင်းရဲ့ အခွင့်ကောင်းကို လက်လွတ်မခံပါနဲ့။
တစ်ခါတစ်ရံမှာ သတ္တိရှိတဲ့ ခြေလှမ်းတစ်ခုက သင့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အခုမင်းကိုခေါ်နေပြီ

Energy Creation and Strategy Special Class

💝မိမိတို့အတွက် လက်ရှိပစ္စုပ္ပန်တွင် မရရှိနိုင်သေးသော အောင်မြင်လိုတဲ့ ကိစ္စရပ်များအတွက် Energy ခင်းထားတဲ့ လမ်းကို ဖန်တီးတည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။

🎁ဒီ Special Class ကို Wenity Infinity Arts & Creations Healing Program - Batch (1) တွင် Reward ရရှိထားတဲ့ သင်တန်းသားများ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။

🌈Energy Creation နဲ့ Manifestation က ဘယ်လိုကွာခြားလဲ?

Energy Creation နဲ့ Manifestation ဟာ မတူညီပါဘူး။

✅Manifestation ဟာ ကိုယ်လိုချင်တဲ့ အောင်မြင်မှုအတွက် စိတ်ဆန္ဒဖြင့် မျှော်မှန်းပြီး ဆုတောင်းခြင်း ဖြစ်ပါတယ်။ လူသားတွေအနေနဲ့ မိမိတို့ကိုယ်တိုင် ဆုတောင်းနိုင်ပါတယ်။

✅Energy Creation ကိုတော့ Energy နဲ့ Frequency များကို မေတ္တာဖြင့် ချိတ်ဆက်ပေးနိုင်ပြီး Create ပြုလုပ်ပေးနိုင်တဲ့ Higher Being များကသာ ပြုလုပ်ပေးနိုင်ပါတယ်။

🌻မိမိတို့ ရလိုတဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့ Energy များကို Higher Being ရဲ့ Energy နဲ့ ဖြည့်ဆည်း လမ်းခင်းပေးခြင်းဖြင့် Energy Creation ကို ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။

🌻Higher Being ပြုလုပ်ပေးတဲ့ Energy Creation ကို ရရှိပြီးသူများဟာ ဖြည့်ဆည်းပေးထားတဲ့ Energy များနဲ့ ထပ်တူကျနိုင်အောင် မိမိအနေနှင့် ကြိုးစားဖြည့်ဆည်းခြင်းဖြင့် အောင်မြင်မှုများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

🌻မိမိလိုချင်တဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့ Energy တွေကို ဘယ်လိုဖြည့်ဆည်းမယ်ဆိုတဲ့ Strategy ဖြင့် အောင်မြင်သည်အထိ ကြိုးစားလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

🌻မိမိရဲ့အောင်မြင်မှုဟာ မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုအတိုင်း အနှေးအမြန် အောင်မြင်မှုရရှိနိုင်ပါတယ်။

🌻Higher Being ရဲ့ မေတ္တာဖြင့် Energy ခင်းပေးထားတဲ့ လမ်းပေါ်မှာ ထပ်တူလျောက်လှမ်းသွားရင်း လမ်းမှန်ကို တည့်မတ်စွာ လျောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။

🌻မိမိက လမ်းမှားကို ရွေးချယ်မိခဲ့ရင် မေတ္တာတရားဖြင့် ချိတ်ဆက်ထားတဲ့ Energy ဆွဲအားဖြင့် လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိနိုင်တဲ့ အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။

🌺မိမိရယူတဲ့ Energy Creation ဟာ ~

🌟မိမိအတွက် အမှန်တကယ် လိုအပ်ပြီး လက်ရှိဘဝမှာ ရယူနိုင်တဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်ရပါမယ်။

🌟မိမိကိုယ်တိုင် အမှန်တကယ် ကြိုးစားရယူလိုတဲ့ Positive Intention ထားရှိတဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်ရပါမယ်။

🌟မိမိဘဝအတွက် ရေးသားထားတဲ့ Soul Contract အရ ရယူနိုင်တဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်ရပါမယ်။

✔️ဒါကြောင့် Soul Contract တွင် မိမိလိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်အတွက် Energy Creation ရယူပိုင်ခွင့် ရှိမရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။

✔️မိမိရယူခွင့်ရှိတဲ့ Energy Creation အတွက် မိမိရဲ့ Strategy ကိုလည်း ရေးဆွဲထားရမှာ ဖြစ်ပါတယ်။

✔️မိမိရေးဆွဲထားတဲ့ Strategy အတိုင်း ရည်မှန်းချက် ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိနိုင်တဲ့အထိ မိမိကိုယ်တိုင် ကြိုးစားအားထုတ်ဖို့လည်း လိုအပ်ပါတယ်။

💌ဒီသင်တန်းကို တက်ရောက်နိုင်တဲ့ သူတိုင်းဟာ Energy Creation (3) ခု Higher Being ထံမှ ရယူခွင့် ရှိမှာ ဖြစ်ပါတယ်။

🎯မိမိတို့ပြုလုပ်လိုတဲ့ Energy Creation ဟာ လက်ရှိဘဝအတွက် ပြုလုပ်ခွင့်ရှိတဲ့ Soul Contract နဲ့ မသွေဖီသော Energy Creation ကိုသာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

🎯ငွေကြေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်များဟာ လောကမှာကျင့်ကြံခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်တာ ဖြစ်တဲ့အတွက် Energy Creation မပြုလုပ်ပေးပါဘူး။

🎯အိမ်၊ ခြံ ၊ မြေ အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်များဟာ အိမ်၊ ခြံ ၊ မြေ တို့မှာ ကျင့်ကြံနေထိုင်ကြတဲ့ လောကသားများနဲ့ သက်ဆိုင်တဲ့ အတွက် ဒီအတန်းမှာ Energy Creation မပြုလုပ်ပေးပါဘူး။

🎯မိမိတို့ ပြုလုပ်လိုတဲ့ Energy Creation တွေဟာ ဒီဘဝမှာ ရရှိနိုင်တဲ့ Energy ဖြစ်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် Energy Creation ပြုလုပ်လိုတဲ့ အကြောင်းအရာများ ကို Higher Being မှ စစ်ဆေးပြီးမှသာလျှင် Energy Creation ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

🔰 သင်ကြားမည့် ပုံစံ

(1)Higher Being မှ Light Language ဖြင့် သင်ကြားသည်ကို ဆရာမများမှ မြန်မာဘာသာဖြင့် ဘာသာပြန်ပေးသည့် သင်ကြားနည်း။

💌 သင်တန်း အသေးစိတ်

📌သင်တန်းဖွင့်မည့်ရက် - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊၂၂,၂၃,၂၄ )
📌 အချိန် - မြန်မာစံတော်ချိန် ည (၇) နာရီမှ (၉)နာရီအထိ
📌နေရာ - Zoom Online Platform (Recording ခွင့်မပြုပါ)
📌Money Energy Exchange - 250,000 ကျပ်။

✅ သင်တန်းတက်ရောက်ခွင့်ရှိသူများ

(1) Wenity Infinity Arts & Creations Healing Program - Batch (1) တွင် Reward ရရှိထားတဲ့ သင်တန်းသားများက Money Energy Exchange ပြုလုပ်ရန်မလိုဘဲ တက်ရောက်ခွင့်ရှိပါတယ်။

📌Energy Exchange - မိမိဘဝတွင် မိမိရေးဆွဲထားတဲ့ Strategy အတိုင်း လိုက်နာကျင့်သုံးခြင်း။

(2) Reward မရရှိထားတဲ့ သင်တန်းသားများနှင့် Energy Creation ပြုလုပ်လိုသူများ မည်သူမဆို Money Energy Exchange ဖြင့် တက်ရောက်နိုင်ပါတယ်။

📌Money Energy Exchange - 250,000 ကျပ်။
📌Energy Exchange - မိမိဘဝတွင် မိမိရေးဆွဲထားတဲ့ Strategy အတိုင်း လိုက်နာကျင့်သုံးခြင်း။

🔔 Reward ဖြင့် သင်တန်းတက်ရောက်ခွင့်ရှိသူများက ယခု မူရင်း Post အောက်ရှိ Comment တွင် "Energy Creation and Strategy Special Class တက်ရောက်ပါမည်။ (Reward)” ဟု ရေးသားပေးပါ။

🔔 Reward မရရှိထားသူများက ယခု မူရင်း Post အောက်ရှိ Comment တွင် "Energy Creation and Strategy Special Class တက်ရောက်ပါမည်။” ဟု ရေးသားပေးပါ။

Wenity Spiritual Education Platform
Wenity Infinity Healing Platform
Resonance Infinity
Interpreciousness
Wenity Infinity Arts & Creations Healing Program - Batch(1)


💝 Self-Love  💝✨လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာ ✨ သင့်ဘဝကို အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့် အခြေခံကျင့်စဉ် ✨Spiritua...
12/06/2025

💝 Self-Love 💝

✨လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာ

✨ သင့်ဘဝကို အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့် အခြေခံကျင့်စဉ်

✨Spiritual Self-Love ကျင့်စဉ်ဟာ လောကီ၊ လောကုတ္တရာမှာဘာကြောင့် အရေးပါတာလဲ?

လူတိုင်းအတွက် မိမိကိုယ်မိမိ ချစ်မြတ်နိုးတတ်ဖို့ ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာပါ။ ကိုယ့်ကိုယ်ကို အမှန်တကယ် မချစ်မြတ်နိုးနိုင်သေးဘူးဆိုရင် ပတ်ဝန်းကျင်ကလူတွေကိုလည်း စစ်မှန်တဲ့မေတ္တာနဲ့ ချစ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် Self-Love ကို မှန်ကန်စွာ ရှာဖွေတွေ့ရှိပြီး ကျင့်ကြံဖို့က အရမ်းကို အရေးကြီးပါတယ်။

🌻Self-Love ကိုရှာဖွေခြင်းဟာ မေတ္တာတရားတွေ ပေါက်ဖွားလာစေဖို့အတွက် အခြေခံအကျဆုံး လေ့ကျင့်မှုတစ်ခုပါပဲ။

မေတ္တာအကြောင်းကို နားလည်ဖို့အတွက် Self-Love ကိုလေ့ကျင့်ရင်း ကိုယ့်ကိုယ်ကို စတင်ရှာဖွေရတာ ဖြစ်ပါတယ်။

မိမိကိုယ်ကို လက်ခံနိုင်ဖို့ဆိုတာ တကယ်တော့ခက်ခဲပါတယ်။ ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့သူတစ်ယောက်ကို ကောင်းတာရော ဆိုးတာရော လက်ခံပေးနိုင်တာထက် ကိုယ့်ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို မေတ္တာနဲ့ လက်ခံပေးနိုင်ဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ Self-Love Level များစွာကို ကျင့်ကြံပြီးတဲ့အခါမှာတော့ မေတ္တာ Frequency ကို ထုတ်လွှတ်နိုင်လာမှာပါ။

ကိုယ့်စိတ်ထဲမှာ သတ်မှတ်ထားတဲ့ အကောင်းတွေကို လက်ခံဖို့ဆိုတာ ဘယ်သူ့အတွက်မှ ဝန်လေးစရာ မရှိပါဘူး။ တကယ်တမ်း ဝန်လေးတတ်ကြတာက ကိုယ်သတ်မှတ်ထားတဲ့ အဆိုးတွေကို လက်ခံဖို့ပါပဲ။

ကိုယ်သတ်မှတ်ထားတဲ့ အကောင်းအဆိုးအားလုံးဟာ ကိုယ့်ရဲ့ အတွင်းစိတ်မှာ တည်ရှိနေတယ်ဆိုရင် ဘယ်လို စိတ်ထားမျိုးနဲ့ ကိုယ့်ရဲ့ True Self ကို လက်ခံပေးနိုင်မလဲဆိုတာ Self-Love ကို လေ့ကျင့်ခြင်းအားဖြင့် ဉာဏ်အလင်းတွေ ရရှိလာနိုင်ပါတယ်။

🔮 Self-Love ဆိုတာ ဘာလဲ?

Self-Love ဆိုတာက ကိုယ့်ရဲ့ True Self ကို ကောင်းတာရော ဆိုးတာရော မေတ္တာတရားနဲ့ အပြည့်အဝ လက်ခံပေးနိုင်ခြင်းပါပဲ။ ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းကို မေတ္တာနဲ့ နားလည်လက်ခံပေးနိုင်ဖို့ လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကို မှန်ကန်စွာ ချစ်တတ်လာအောင်၊ ကိုယ်သိနိုင်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းလေးတွေကနေစပြီး ကိုယ်မသိသေးတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုပါ မေတ္တာနဲ့ လက်ခံပေးနိုင်ဖို့ ကြိုးစားအားထုတ်ရင်း Self-Love ရဲ့ သဘောတရားကို ပိုနားလည်လာမှာပါ။

🔮 What is True self?

လူသားတိုင်းဟာ သဘာဝတရားကြီးထဲမှာ ရှင်သန်နေထိုင်ကြတာပါ။ လူသားတိုင်းရဲ့ ဖြစ်တည်မှုဟာ သဘာဝတရားကြီးနဲ့ တစ်သားတည်း ရှိနေပါတယ်။ ဒါကြောင့် လူသားတိုင်းရဲ့ True Self ဟာ သဘာဝအတိုင်းပဲ ဖြစ်တည်နေတာပါ။

သဘာဝတရားဆိုတာ ကောင်းခြင်း၊ ဆိုးခြင်းတွေနဲ့ အမြဲ ဒွန်တွဲနေသလို လူသားတိုင်းရဲ့ ဖြစ်တည်မှုမှာလည်း အကောင်းလည်းရှိသလို အဆိုးလည်း ရှိပါတယ်။

🔮 Self-Love ကိုဘယ်လို ကျင့်ကြံကြမလဲ?

💥မိမိရဲ့ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ် လက်ခံနိုင်ရပါမယ်။

✅ကိုယ့်ရဲ့ အတွင်းစိတ်အစိတ်အပိုင်းအားလုံးကို တစ်ခုချင်းစီ ဖော်ထုတ်ပြီး ကိုယ့်ရဲ့ လက်ရှိဉာဏ်ပညာ အတိုင်းအတာနဲ့ အသိအမှတ်ပြုပေးဖို့ စတင်လေ့ကျင့်ဖို့ လိုအပ်ပါတယ်။

💥 ရှုထောင့်မျိုးစုံကနေ သုံးသပ်နိုင်ရပါမယ်။

✅ကိုယ့်ရဲ့အစိတ်အပိုင်းတိုင်းကို လက်ခံအသိအမှတ်ပြုနိုင်ဖို့အတွက် ရှုထောင့်ပေါင်းများစွာကနေ သုံးသပ်ပြီး ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။

💥အတိတ်ဘဝများကိုပါ မေတ္တာဖြင့် လက်ခံနိုင်ရပါမယ်။

✅လက်ရှိဘဝရဲ့ ကိုယ့်ကိုယ်ကို လက်ခံနိုင်ဖို့ ကြိုးစားရသလို၊ သံသရာစက်ဝန်းမှာ ဖြစ်တည်ခဲ့တဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းပေါင်းများစွာကိုလည်း မေတ္တာနဲ့ လက်ခံပေးနိုင်အောင် ကြိုးစားလေ့ကျင့်ဖို့ လိုအပ်ပါတယ်။

💥အတ္တစိတ်ကို နားလည်နိုင်ရပါမယ်။

✅ကိုယ့်ရဲ့ အတ္တစိတ်ကို နားလည်လက်ခံပေးနိုင်အောင် ကျင့်ကြံခြင်းအားဖြင့် မေတ္တာတရားတွေ ပေါက်ဖွားလာစေနိုင်ပါတယ်။

💥Negative Energy တွေကို Positive အဖြစ် ပြောင်းလဲနိုင်ရပါမယ်။

✅မိမိမှာ ဖြစ်တည်နေတဲ့ Negative တွေကို လက်ခံပြီး မေတ္တာပေးခြင်းဖြင့် Positive Energy Field မှာ တည်နိုင်အောင် ကြိုးစားးလေ့ကျင့်ဖို့ လိုအပ်ပါတယ်။

💥Reality ကို မျက်မှောက်ပြုနိုင်ရပါမယ်။

✅Drama Triangle ထဲမှာ လှည့်စားခံပြီး ပိတ်မိနေတဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတွေကို Reality မှာ တည်နိုင်မယ့် ဉာဏ်အလင်းဖွင့်ပေးခြင်းဖြင့် Self-Love Frequency ကို တိုးတက်လာစေနိုင်ပါတယ်။

✨ သံသရာစက်ဝန်းနဲ့ Self-Love ရဲ့ ဆက်စပ်မှု✨

🔮 သံသရာစက်ဝန်း ဆိုတာဘာလဲ?

လူသားအားလုံးရဲ့ ဘဝတိုင်းဟာ သံသရာစက်ဝန်းထဲမှာ လည်ပတ်နေကြတာပါ။ ဒီစက်ဝန်းထဲမှာ ရှင်သန်ရမယ့် အချိန်ကာလကိုလည်း ကိုယ်တိုင် Soul Contract မှာ ရေးသားသတ်မှတ်ခဲ့ကြတာပါ။

သံသရာစက်ဝန်းတစ်ခုမှာ ကျင့်ကြံရမယ့် ကိုယ်တိုင်သတ်မှတ်ထားတဲ့ Frequency Level အတိုင်းအတာတစ်ခုကို ဖြည့်ဆည်းနိုင်တဲ့အချိန်မှာ ဒီစက်ဝန်းထဲကနေ လွတ်မြောက်နိုင်မှာပါ။

🔮 သံသရာစက်ဝန်းထဲမှာ ကျင့်ကြံနိုင်ဖို့ ဘာတွေလိုအပ်လဲ?

သံသရာစက်ဝန်းထဲမှာ ကျင့်ကြံနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ ပါရမီ Exchange ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဒီခရီးတစ်လျှောက်လုံးမှာ Light Side Soul က Love Frequency ကို အဓိက ထုတ်လွှတ်ပေးရပြီး၊ Logic Soul က ဆုံးဖြတ်ချက်တွေ ချမှတ်ရပါတယ်။ Dark Side Soul တွေကတော့ Negative Frequency တွေကို အဓိက ထုတ်လွှတ်ကြပါတယ်။ ဒီ Dark Side Soul, Light Side Soul, Logic Soul တွေကို Energy Body တစ်ခုထဲမှာ စုစည်းပြီး ခန္ဓာနဲ့ ဘဝခရီးတစ်လျှောက်လုံး ကျင့်ကြံကြရတာပါ။

🔮Soul Contract Agreement တွေကို ဘာကြောင့် ပြုလုပ်ကြတာလဲ?

သံသရာစက်ဝန်းထဲမှာ ကျင့်ကြံတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို Soul Contract မှာ ရေးသားသတ်မှတ်ထားကြပါတယ်။ ဒီ Contract ထဲကနေ လုံလောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှသာ Higher Self ရဲ့ ခွင့်ပြုချက်နဲ့ Universe မှာ Agreement ပြုလုပ်နိုင်ပါတယ်။ ဒါမှသာ Soul Contract တွေကို Akashic Record မှာ မှတ်တမ်းတင်နိုင်ပြီး သံသရာခရီးမှာ ကိုယ်ရေးသားထားတဲ့ ချိတ်ဆက်မှုတွေအတိုင်း ကျင့်ကြံနိုင်မှာပါ။

💖 Self-Love ကျင့်စဉ်ကို ကျင့်ကြံခြင်းကြောင့် လောကီ၊ လောကုတ္တရာအတွက်လက်ရှိဘဝမှာ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ 💖

🎯 မိမိရဲ့ ကောင်းခြင်း၊ ဆိုးခြင်းဒွန်တွဲနေတဲ့ ဖြစ်တည်မှုကို ပကတိအတိုင်း သိမြင်နားလည်လာမယ်။

🎯 မိမိစိတ်ရဲ့ အစိတ်အပိုင်းတွေရဲ့ စိတ်ခံစားမှုတွေကို ပိုမိုသိမြင်နားလည်လာနိုင်မယ်။

🎯 Self-Love Level မြင့်လာတာနဲ့အမျှ ဝေဝါးမှုတွေကြားကနေ ရှင်းလင်းတဲ့ သုံးသပ်မှုတွေကို ရှုထောင့်မျိုးစုံကနေ ပြုလုပ်လာနိုင်မယ်။

🎯သံသရာပေါင်းများစွာက မဖြေရှင်းနိုင်ခဲ့တဲ့ စိတ်ဒဏ်ရာ (Trauma) တွေကို ကုစားနိုင်ပြီး Trauma Energy Field ကနေ ခွဲထွက်လာနိုင်မယ်။

🎯လက်ရှိဘဝမှာ ရရှိနေတဲ့ Inner Child တွေ ၊ Trauma တွေကိုလည်း လိုအပ်တဲ့ အတိုင်းအတာတစ်ခုအထိ ကုစားလာနိုင်မယ်။

🎯သဘာဝတရားရဲ့ ဖြစ်တည်မှုကို ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ ယှဉ်ပြီး ပိုမိုနားလည်သိမြင်လာနိုင်မယ်။

🎯အတိတ်ဘဝက ပုံရိပ်တွေ၊ ဇာတ်ကောင်တွေကို သုံးသပ်ရင်း သံဝေဂဉာဏ် ရရှိလာနိုင်မယ်။

🎯ကိုယ့်ရဲ့ True Self ကို လက်ခံဖို့ ကြိုးစားရင်း အကောင်းအဆိုး ဒွန်တွဲနေတဲ့ Duality သဘောတရားကို နားလည်လာနိုင်မယ်။

🎯Awareness Level မြင့်မားလာတာနဲ့အမျှ Acceptance Level ကိုလည်း မြှင့်တင်လာနိုင်မယ်။

🎯ကုသိုလ်နဲ့ အကုသိုလ်ရဲ့ သဘောတရားကို ဘက်ပေါင်းစုံကနေ ပိုမိုကောင်းမွန်စွာ သဘောပေါက်နားလည်လာနိုင်မယ်။

🎯ကိုယ့်ကိုယ်ကို စစ်မှန်တဲ့ မေတ္တာနဲ့ လက်ခံလာနိုင်တဲ့ အတိုင်းအတာအလိုက် တခြားသူတွေကိုလည်း စစ်မှန်တဲ့ မေတ္တာနဲ့ လက်ခံလာနိုင်မယ်။ စစ်မှန်တဲ့မေတ္တာနဲ့ အတုအယောင်မေတ္တာကို ခွဲခြားသိမြင်နိုင်စွမ်း ရှိလာမယ်။

🎯လွတ်မြောက်ခြင်းရဲ့ အနှစ်သာရကို သိမြင်လာပြီး သံသရာထွက်ပေါက်ကို ရောက်ရှိနိုင်ဖို့ နည်းလမ်းတွေကို သိရှိလာမယ်။

🎯သံသရာခရီးစဉ်မှာ လွဲချော်မှုတွေရှိခဲ့ရင် ပြန်လည်တည့်မတ်နိုင်ပြီး သံသရာရည်မှန်းချက်ပန်းတိုင်ဆီ ဘယ်လိုသွားရမလဲဆိုတာ သိမြင်လာနိုင်မယ်။

🎯လက်ရှိဘဝရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကိုယ့်ရဲ့ကိုယ်ပိုင်အမှန်တရားကို လက်ကိုင်ထားပြီး ဘဝခရီးကို တည့်မတ်စွာ ဆက်လျှောက်လှမ်းနိုင်မယ်။

🎯လက်တွေ့ဘဝမှာ ကြုံတွေ့နေရတဲ့ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပိုမိုသိမြင်လာနိုင်မယ်။

🎯Karmic စက်ဝန်းရဲ့ သဘောတရားကို ပိုမိုနားလည်လာပြီး ရုန်းထွက်နိုင်မယ့် နည်းလမ်းတွေကို သိရှိလာနိုင်မယ်။

🎯ဘဝခရီးလမ်းမှာ ဘယ်လိုလောကဓံပဲ ရိုက်ခတ်လာပါစေ စိတ်ရဲ့လွတ်မြောက်ခြင်းဖြင့် ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းတွေကို သိမြင်လာမယ်။

🎯Self-Love ကို ကိုယ်ကျင့်ကြံအောင်မြင်နိုင်တဲ့ ရာခိုင်နှုန်းအတိုင်း ဘဝလမ်းကြောင်းအသစ်တွေ ထပ်မံထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။


✨ Spiritual Self-Love ကျင့်စဉ်ဟာ လောကီ၊ လောကုတ္တရာမှာ ဘာကြောင့် အရေးပါတာလဲ?✨

Spiritual Self-Love ဆိုတာ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ချစ်မြတ်နိုးပြီး ပြုစုပျိုးထောင်ခြင်းဖြစ်လို့ လောကီရေးရာရော၊ လောကုတ္တရာရေးရာမှာပါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

🔮 လောကီရေးမှာ ရှင်သန်နေတဲ့ လက်ရှိဘဝအတွက် ဘာကြောင့်အရေးပါလဲ?

လူအများစုက ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပြင်ပအလှအပ ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ Self-Love ဆိုတာ ကိုယ့်ရဲ့ အစိတ်အပိုင်းတွေရဲ့ အတွင်းစိတ်ကို နားလည်ပြီး လက်ခံနိုင်ခြင်းကနေ စပါတယ်။

ဒီလို ကိုယ့်ရဲ့အတွင်းစိတ်ကို နက်နက်ရှိုင်းရှိုင်း သိမြင်ပြီး ချစ်မြတ်နိုးလာတဲ့အခါမှာ…

💥 စိတ်တည်ငြိမ်မှုနဲ့ ယုံကြည်မှု တိုးလာမယ်။

✅ ဘဝရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ပိုပြီး လက်ခံလာနိုင်လို့ စိတ်ဖိစီးမှုတွေ လျော့ကျပြီး စိတ်ဓာတ်ခွန်အား ပိုကောင်းလာပါတယ်။

💥ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာမယ်။

✅ ကိုယ့်ကိုယ်ကို မှန်ကန်စွာ ချစ်တတ်လာတာနဲ့အမျှ သူတစ်ပါးကိုလည်း စစ်မှန်တဲ့မေတ္တာနဲ့ ပေးနိုင်လာပါလိမ့်မယ်။

💥 ရည်မှန်းချက်တွေ ပိုအောင်မြင်လာမယ်။

✅ ကိုယ့်ရဲ့ True Self ကို နားလည်တဲ့အတွက် ကိုယ်တကယ်လိုချင်တာကို သိလာပြီး ဘဝလမ်းကြောင်းကို မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

🔮 လောကုတ္တရာ ဘဝအတွက် ဘာကြောင့်အရေးပါလဲ?

Spiritual Self-Love ကျင့်စဉ်ဟာ ကိုယ့်ရဲ့စိတ်ဝိဉာဉ် သဘာဝတရားရဲ့ ဆက်စပ်မှုကို နားလည်သဘောပေါက်စေပါတယ်။ ဒါဟာ မြင့်မြတ်တဲ့ မေတ္တာနဲ့ ကရုဏာကို ကျင့်ကြံရာမှာ အခြေခံအုတ်မြစ်ပါပဲ။

💥ဝိညာဉ်ရေးနိုးကြားမှု ရစေမယ်။

✅ ကိုယ့်ရဲ့ Inner Being နဲ့ ပြန်လည်ချိတ်ဆက်မိပြီး စိတ်ဝိညာဉ်ရေးရာ အသိဉာဏ် (Awareness) တွေ တိုးတက်လာပါလိမ့်မယ်။

💥သံသရာထွက်ပေါက်ကို ရှာဖွေနိုင်မယ့် လမ်းကြောင်းတွေ ပေါ်ပေါက်လာမယ် ။

✅ ကိုယ့်ရဲ့ Soul Contract တွေကို နားလည်ပြီး ဘဝအဆင့်ဆင့်ရဲ့ သင်ခန်းစာတွေကို သိမြင်လာတဲ့အခါ သံသရာစက်ဝန်းကနေ လွတ်မြောက်ဖို့ နည်းလမ်းတွေကို ရှာဖွေနိုင်ပါလိမ့်မယ်။

💥 မေတ္တာစစ်ကို တွေ့ရှိမယ်။

✅ ကိုယ့်ရဲ့ Negative Energy တွေကို မေတ္တာနဲ့ လက်ခံပြီး Positive Energy Field မှာ နေနိုင်အောင် ကျင့်ကြံခြင်းက မေတ္တာစစ်ကို ပေါက်ဖွားစေပါတယ်။

ဒါကြောင့် Spiritual Self-Love ကျင့်စဉ်ဟာ ကိုယ့်ရဲ့ ပစ္စုပ္ပန်ဘဝကို ပိုမိုပြည့်စုံစေရုံသာမက နောင်လာမယ့်ဘဝတွေအတွက်ပါ လွတ်မြောက်ခြင်းဆီ ဦးတည်သွားစေနိုင်တဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။

🌄 Self-Love ကို ကျင့်ကြံခြင်းအားဖြင့် သင့်ဘဝကို အမှန်တကယ် ပြောင်းလဲနိုင်ပြီး ပိုမိုပျော်ရွှင်ပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ ကိုယ့်ကိုယ်ကိုရော ပတ်ဝန်းကျင်ကိုပါ ပိုမိုကောင်းမွန်တဲ့ စစ်မှန်တဲ့မေတ္တာတွေ ပေးနိုင်ကြပါစေ ။

Wenity Infinity Arts & Creations Healing
Wenity Infinity Healing Platform
Interpreciousness
Resonance Infinity



27/12/2024
27/12/2024

Universe - Method Energy Healing Program

ယနေ့လက်ရှိကမ္ဘာအသစ်မှာ ကပ်ဘေးပေါင်းများစွာ ကျရောက်နေပါတယ်။ ကမ္ဘာကြီး အတွက် Healing တွေ လိုအပ်နေသလို မှီတင်းနေထိုင်ကြတဲ့ သတ္တဝါပေါင်းများစွာအတွက် လည်း Healing အမျိုးမျိုးလိုအပ်ပါတယ်။

လောကဓံကို ရင်ဆိုင်ကြရတဲ့အခါ ရင်ဆိုင်ဖြေရှင်းရတဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြောင့် Negative Energy Field တွေ မြောက်မြားစွာ ပေါ်ထွက်လာပါတယ် ။

Negative Energy မှ ထုတ်လွှင့်ကြတဲ့ Frequency တွေဟာ

💥 လူ၊သတ္တဝါတို့ရဲ့ Energy Body တွေကို အနည်းနဲ့ အများ ပျက်ဆီးစေနိုင်ပါတယ်။

💥 ဆန်းပြားတဲ့ ရောဂါတွေဟာလည်း အမြောက်အမြားထွက်ပေါ်လာနိုင်ပါတယ် ။

💥 တချို့ရောဂါတွေကို မဖြစ်ခင်က ကာကွယ်နိုင်ပါတယ်။

💥 တချို့ရောဂါတွေက ကူးစက်နိုင်ပါတယ်။

💥 တချို့ရောဂါတွေက နောက်ဆက်တွဲ ရောဂါမြောက်မြားစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

🚨 တချို့ရောဂါတွေဟာ ပြင်းထန်တဲ့အတွက် Public Healing ခံယူခြင်းထက် One on One Healing ကို ခံယူမှသာ အသေးစိတ် Healing ပေးဝေနိုင်မှာ ဖြစ်ပါတယ်။

🔰 ကင်ဆာရောဂါသည်များအတွက် Healing Service 🔰

🎇 ကင်ဆာရောဂါအမျိုးမျိုးဟာခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အစိတ်အပိုင်းတွေကို ဝါးမျို ပျက်ဆီးစေနိုင်ပါတယ်။ ခန္ဓာမှာ ပျက်ဆီးနေသလို Energy Body မှာပါ ပျက်ဆီးနေတဲ့ အတွက် လောကမှာ ကုသပျောက်ကင်းဖို့ ခက်ခဲပါတယ်။

🌅 Energy Body ဟာ ရောဂါအရင်းအမြစ်ဖြစ်တဲ့အတွက် မိမိတို့ရဲ့ Energy Body ကို Healing ခံယူခြင်းဖြင့် ကုသနိုင်ပါတယ်။ မိမိဖြစ်ပွားနေတဲ့ ရောဂါအမျိုးအစားဟာ မိမိတို့ရဲ့ Soul Contract မှာ သင်ခန်းစာရယူရမယ့်ရောဂါဖြစ်ခဲ့ရင် ပျောက်ကင်းအောင် ကုသခွင့်မရှိတဲ့အတွက် တခဏတာ Healing ကို ရရှိနိုင်ပြီး ဖြေသိမ့်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။

✅ Soul Contract မှာ သတ်မှတ်ထားတဲ့ Awareness (အသိဥာဏ်) ကို ရရှိနိုင်တဲ့သူတွေဟာ ကုသပျောက်ကင်းနိုင်တဲ့အချိန်ကို ရောက်ရှိခဲ့ရင် Healing ခံယူခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။

🌟 တစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ခံယူဖို့လိုအပ်နေတဲ့ Healing အမျိုးအစားတွေဟာ မတူညီကြပါဘူး။ One On One Consultation for Healing Service ကို ရယူပြီးမှသာလျှင် ခံယူရမယ့် Healing အမျိုးအစားကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

💊 One On One Consultation for Healing Service ကို ရယူပြီးလျှင် Higher Beings များက ကုသပေးရန် ဆုံးဖြတ်ချက်ကျပါက လိုအပ်တဲ့ Healing Program အတွက် မိမိတို့က Energy Exchange ပေးသွင်းပြီးလျှင် Healing ခံယူကုသခွင့် ရရှိမှာ ဖြစ်ပါတယ်။

🔰 ကမ္ဘာမှာ ကုသလို့မရနိုင်တဲ့ ရောဂါခံစားနေရသူများအတွက် Healing Service 🔰

🔥 Negative Energy Field တွေ များပြားလာတဲ့ ကမ္ဘာလောကမှာ ရောဂါထူး၊ ရောဂါဆန်းတွေ အများအပြားရှိလာမှာပဲ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာ ရှိနေတဲ့ ပြင်းထန်တဲ့ ရောဂါတွေအပြင် ၊ သွေးနဲ့ပတ်သက်တဲ့ ရောဂါများ၊ ကိုယ်ခန္ဓာရဲ့ ခုခံအားကျဆင်းနေတဲ့ရောဂါများ… စတဲ့ ရောဂါတွေဟာလည်း ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိလာနိုင်ပါတယ်။

🔥 ထို့ပြင် အမည်ဖော်မရတဲ့ ရောဂါတွေဟာလည်း ဆင့်ကဲဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး Energy Body Healing တွေကို ရယူနိုင်ပါတယ်။ ☑️

📝 ရောဂါကုသပျောက်ကင်းနိုင်မှုနဲ့ ဖြေသိမ့်မှုသာ ရရှိနိုင်မှု Healing တွေကတော့ မိမိတို့ရဲ့ Soul Contract ပေါ်မှာ မူတည်တဲ့အတွက် One On One Consultation for Healing Service ကို အရင် Appointment ရယူရမှာ ဖြစ်ပါတယ်။

✅ One On One Consultation for Healing Service ကို ရယူပြီးလျှင် Higher Beings များက ကုသပေးရန် ဆုံးဖြတ်ချက်ကျပါက လိုအပ်တဲ့ Healing Program အတွက် မိမိတို့က Energy Exchange ပေးသွင်းပြီးလျှင် Healing ခံယူကုသခွင့် ရရှိမှာ ဖြစ်ပါတယ်။

🔰 One On One Consultation for Healing Service 🔰

ရောဂါကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ မိမိတို့အတွက် လိုအပ်မယ်ထင်ပါက One On One Consultation for Healing Service ကို ရယူနိုင်ပါတယ်။ ✅

Consultation ကို Higher Beings များက Ressonance Infinity မှ ဆရာ၊ ဆရာမများ မှတဆင့်ပေးဝေသွားမှာ ဖြစ်ပါတယ်။ 💯

ဒီ Service ဟာ ရောဂါနဲ့ ပတ်သက်တဲ့ Soul Contract မှာ 📝 သတ်မှတ်ထားရှိမှုကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

Akashic Records ရဲ့ Soul Contract မှာ သဘောတူညီထားတဲ့အတိုင်း ဘဝမှာ ရယူရမယ့် သင်ခန်းစာဖြစ်ခဲ့ရင် မိမိတို့ရဲ့ ဝဋ်ကြွေး ကံကြွေးကို မိမိတို့သာ ပေးဆပ်ရင်း သင်ခန်းစာရယူ ရမှာ ဖြစ်ပါတယ်။ ☑️ Higher Beings များ ကုသပျောက်ကင်းခွင့်ရှိမရှိကို Higher Beings များက ဆုံးဖြတ်ပေးခြင်းမဟုတ်ပါ။ ❌


❗❗မိမိတို့ သဘောတူထားတဲ့ Soul Contract အတိုင်းသာ ကုသမှုနဲ့ ဖြေသိမ့်ပေးနိုင်မှု အခြေအနေတွေဟာ ကွာခြားသွားနိုင်ပါတယ်။ မိမိတို့ရောဂါအတွက် ခံယူသင့်တဲ့ Healing အမျိုးအစားတွေဟာလည်း ကွာခြားသွားမှာ ဖြစ်ပါတယ်။

မိမိတို့ဖက်က ပေးရမယ့် Energy Exchange ကလည်း ❌ မတူညီနိုင်ပါဘူး။ လောကမှာ လူကပေးရမယ့် Energy Exchange ✔️ ဖြစ်နိုင်သလို မိမိတို့ရဲ့ Higher Self (သို့) Agreement Higher Beings တွေက ပေးတဲ့ Energy Exchange ✔️ လည်း ဖြစ်နိုင်ပါတယ်။

⏰ One on One Consultation for Healing Service ကြာမြင့်ချိန်က (၁)နာရီ ဖြစ်ပါတယ်။

👥 Higher Beings များက ဆရာ၊ဆရာမများမှတဆင့် Consultation လုပ်ပေးမှာ ဖြစ်ပါတယ်။



#

27/12/2024



27/12/2024

“အဘဘိုးမင်းခေါင်” ရဲ့ Guidance လမ်းညွှန်မှုများကို ဘာကြောင့်ရယူသင့်တာပါလဲ ???

🎎 “အဘဘိုးမင်းခေါင်” ဟာ ဝိဇ္ဇာလောကမှသူများရဲ့ Awareness ကို မြှင့်တင်ပေးရန် ဝိဇ္ဇာလောကမှာ ပါရမီဖြည့်နေတဲ့ ဘုရားဆုပန် Higher Beingတစ်ယောက်ဖြစ်ပါတယ်။ ဝိဇ္ဇာပညာရပ်များကို လောကနိယာမနဲ့ ယှဥ်တွဲပြီး ဥာဏ်အလင်းရရှိထားတဲ့ Higher Dimension မှ Higher Being ဖြစ်ပါတယ်။

🌻ဝိဇ္ဇာလောကမှသူများဟာ လူ့ဘုံလောကတွင် လာရောက်ကျင့်ကြံကြတဲ့အခါမှာ အဘဘိုးမင်းခေါင် ကို Agreement Higher Being အဖြစ် Soul Contract တွင် သဘောတူညီမှုယူခဲ့ကြသူများကြပါတယ်။

🌻ပါရမီဖြည့်တဲ့သူတွေ ဖြစ်စေ၊ သင်ခန်းစာရယူလိုသူတွေဖြစ်စေ မိမိတို့ရဲ့ လူ့ဘဝသို့ လာရောက်ရတဲ့ ရည်မှန်းချက်ကို သွေဖီမသွားရအောင် အဘဘိုးမင်းခေါင်က စောင့်ရှောက် ပေးနေတာ ဖြစ်ပါတယ်။

🌻ဒီကမ္ဘာဟာ Logic ကမ္ဘာဖြစ်တဲ့အတွက် လူတွေရဲ့ အသိစိတ်ကနေ ဆုံးဖြတ်မှုတွေ၊ ရွေးချယ်မှုတွေကသာအတည်ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ဥာဏ်နဲ့ ယှဥ်ပြီး Awareness တိုးပွားလာအောင် ကျင့်ကြံကြရတာပဲ ဖြစ်ပါတယ်။

🌻ဒီလိုကျင့်ကြံကြတဲ့အခါမှာ လိုအပ်တဲ့ကူညီမှုတွေ၊ Energy ချိတ်ဆက်မှုတွေ၊ Energy ဖြည့်တင်းနိုင်ဖို့ အရာတွေအတွက် အဘဘိုးမင်းခေါင်က ကူညီလမ်းညွှန်ပေးနေတာ ဖြစ်ပါတယ်။

🌻ဝိဇ္ဇာပညာရပ်များ ကျင့်ကြံနိုင်ဖို့အတွက် လိုအပ်တဲ့ လမ်းညွှန်မှုတွေကိုလည်း ပေးနေတာပဲ ဖြစ်ပါတယ်။

🌻အဘဘိုးမင်းခေါင်ဟာ ဘုရားဆုပန်ထားတာဖြစ်တဲ့အတွက် ဝိဇ္ဇာလောကရဲ့ အကျိုးကိုသာမက လူ့လောကသံသရာမှာ သက်ဆင်းပြီး ကျင့်ကြံနေတဲ့ Higher Dimension မှ ပုဂ္ဂိုလ်တွေနဲ့လည်း Agreement ပေါင်းမြောက်မြားစွာရှိထားပြီး မှန်ကန်တဲ့လမ်းကို ပြသပေးခြင်းဖြင့် ပါရမီ ဖြည့်ဆည်းနေတာ ဖြစ်ပါတယ်။

🌻အဘဘိုးမင်းခေါင်နဲ့ ပဌာန်းဆက်ရှိသူများအားလုံးဟာ အဘဘိုးမင်းခေါင်ရဲ့ Protection Energy Field ထဲမှာ ရှင်သန်ခွင့်ရှိကြပါတယ်။

🔮ဘယ်လိုသူတွေက အဘဘိုးမင်းခေါင်ရဲ့ စောင့်ရှောက်မှုကို ခံယူသင့်ပါသလဲ??

(၁) ဝိဇ္ဇာလောကမှ လူ့ဘဝသို့ သက်ဆင်းပြီး ပါရမီဖြည့်နေသူတွေ၊ သင်ခန်းစာရယူနေသူတွေ
(၂) ဝိဇ္ဇာပညာကို လေ့လာလိုက်စားနေသူတွေ
(၃) မိမိကိုယ်တိုင် အဘဘိုးမင်းခေါင်နဲ့ ပဌာန်းဆက်ရှိသူအဖြစ် သတ်မှတ်ထားတဲ့သူတွေ
(၄)အဘဘိုးမင်းခေါင်နဲ့ Soul Contract မှာ Agreement Higher Being အဖြစ် သဘောတူညီမှု ရရှိထားတဲ့သူတွေ ….. အစရှိသဖြင့်

အထက်ဖော်ပြပါအချက်များနဲ့ သက်ဆိုင်တဲ့သူတိုင်းဟာ အဘဘိုးမင်းခေါင်နဲ့ Agreement Higher Being Spiritual Service မှာ မေးမြန်းန်ိုင်ပါတယ်။ အဘဘိုးမင်းခေါင်က Resonance Infinity မှ ဆရာ၊ဆရာမများမှ တဆင့် ညွှန်ကြားမှုတွေ၊ လမ်းပြကူညီမှုတွေ ပေးသွားမှာပဲ ဖြစ်ပါတယ်။

Agreement Higher Being "အဘဘိုးမင်းခေါင်"
https://www.facebook.com/share/p/zFUL62BsBY1Kndbv/

Wenity Infinity Arts & Creations HealingWenity Infinity - HealingInterpreciousnessWenity


27/12/2024

Higher Self ဆီက ဘယ်သူတွေ Guidance ခံယူပြီး Connection ရယူသင့်ပါသလဲ ??

🧝🌟 Higher Self ဆိုတာဟာ မိမိရဲ့ Energy Body နဲ့ DNA တူညီတဲ့ Higher Being ပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သံသရာဘဝဇာတ်ရုပ်အလုံးစုံကို သိရှိနိုင်သူလည်း ဖြစ်ပါတယ်။ မိမိတို့ရဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကိစ္စများကိုလည်း သိနိုင်ပါတယ်။

🧝🌟 Higher Self တွေဟာ Dimension အလိုက် အဆင့်ဆင့်ရှိနေကြပြီး မိမိ Connection ပြုလုပ်ခွင့်ရှိတဲ့ Level မှ Higher Self ရဲ့ Awareness Level အတိုင်း မိမိကို စောင့်ရှောက် ပေးကြတာပဲ ဖြစ်ပါတယ်။

🧝🌟 Higher Self တွေဟာလည်း မိမိရဲ့ Soul Contract ပြောင်းလဲမှုအပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ Soul Contract တိုင်းဟာလည်း လူတွေရဲ့ ဆုံးဖြတ်ရွေးချယ်မှု အပေါ်မူတည်ပြီး လားရာမတူတဲ့ Contract သို့ ပြောင်းလဲသွားတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။

🧝🌟 Soul Contract မှာ မိမိတို့ရဲ့ ဘဝအတွက် သဘောတူညီချက်ယူထားတဲ့ Higher Self က မိမိတို့ဘဝခရီးလမ်းဖြောင့်ဖြူးအောင် ကူညီမှုတွေပေးကြတာပဲ ဖြစ်ပါတယ်။

🌟 မိမိတို့ ဘဝရည်မှန်းချက်ကို ဘယ်လိုအောင်မြင်အောင်လုပ်ဆောင်သင့်သလဲဆိုတဲ့ လမ်းညွှန်မှုတွေ ပေးပါတယ်။

🌟 ဘဝအတွက်လိုအပ်နေတဲ့ သင်ခန်းစာတွေကို ရယူနိုင်ဖို့လည်း ပံ့ပိုးကူညီပေးပါတယ်။

🌟 ဘဝတစ်ဆစ်ချိုးစေမယ့်ပြောင်းလဲမှုတွေအတွက် သုံးသပ်နိုင်အောင် ဥာဏ်အလင်းပေးနိုင်တဲ့ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။

🌟 လောကဓံကို ကျော်ဖြတ်နိုင်မယ့် အကောင်းအဆိုးကို ခွဲခြားစေနိုင်တဲ့ Awareness တွေကို ရရှိစေဖို့အတွက် လိုအပ်တဲ့ လမ်းညွှန်မှုတွေကို အစဥ်အမြဲပေးနေတာပဲ ဖြစ်ပါတယ်။

🏵️🍁 လူသားတွေအနေနဲ့ Intuition အသိစိတ်မှ ကိုယ်တိုင်သိရှိနိုင်သလို ကြားခံဆက်သွယ်ပေးနိုင်တဲ့သူတွေရဲ့ ကူညီမှုနဲ့လည်း Higher Self ရဲ့ လမ်းညွှန်မှုတွေကို ရယူနိုင်ပါတယ်။

🎁 ဘယ်လိုသူတွေက Higher Selfဆီက Guidance ကို ရယူသင့်ပါသလဲ??

(၁) Spiritual လမ်းစဥ်ကို ကျင့်ကြံနေတဲ့သူတွေ

(၂) ဘဝမှာ လမ်းပျောက်နေတဲ့သူတွေ

(၃) ဘဝတစ်ဆစ်ချိုးအပြောင်းအလဲနဲ့ ကြုံတွေ့နေရတဲ့သူတွေ

(၄) Soul Purpose၊ Life Purpose တွေကို မရှင်းလင်းနေတဲ့သူတွေ

(၅) လူ့ဘဝမရောက်ခင် Dimension Level (သိခွင့်ရှိသလောက်)ကို သိရှိလိုသူတွေ…စသဖြင့်

✅ Higher Self ရဲ့ လမ်းညွှန်မှုကို ရယူလိုသူတွေဟာ Resonance Infinity မှ ဆရာ၊ ဆရာမများမှ တဆင့် Higher Self နဲ့ Agrement Higher Being Spiritual Service မှာ Higher Self ရဲ့ လမ်းညွှန်မှုများကို ရယူနိုင်ပါတယ်။

Higher Self
​​https://www.facebook.com/share/p/R57em2Bj95qjaKVf/

Resonance Infinity
Wenity
Wenity Infinity - Healing
Wenity Infinity Arts & Creations Healing


27/12/2024

သိုက်ကြိုးပြန်ဆက်ခြင်း

🌅 လူ့လောကမှာ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ကိုယ်ပိုင်သိုက်နန်းနဲ့ သိုက်ကြိုးဖြတ်ထား တဲ့သူတွေဟာ သံသရာမှာ စုဆောင်းထားတဲ့ ပါရမီတွေကို လက်လွှတ်ဆုံးရှုံးကြရပါတယ်။ သိုက်ဘုံဟာ Dimension(1) မှာ တည်ရှိပါတယ်။

🌅 Dimension (1) ကို စောင့်ရှောက်ပေးနေတဲ့ Higher Being တွေမှအပ Dimension (1) မှာ သွားရောက်ကျင့်ကြံကြတဲ့ Higher Being များဖြစ်စေ၊ မိမိတို့ရဲ့ စွဲလမ်းစိတ်ကြောင့် Dimension (1) ရဲ့ Frequency မှာတည်တဲ့သူ ဖြစ်စေ.. မိမိတို့ရဲ့ မူရင်း Soul Line မှ Higher Self တွေရဲ့ စောင့်ရှောက်လမ်းညွှန်နိုင်တဲ့ Energy စက်ဝန်းမှာ မတည်နိုင်ပါဘူး။ Dimension (1) မှာ ရယူဖို့လိုအပ်တဲ့ သင်ခန်းစာတွေ၊ အသိဥာဏ်တွေ ရရှိပြီးမှသာ မိမိတို့ရဲ့ Higher Self တွေနဲ့ ပြန်လည်ဆက်သွယ်နိုင်ကြမှာ ဖြစ်ပါတယ်။

🌅 သိုက်လောကမှ လူ့လောကသို့ လာရောက်ပါရမီဖြည့်နေစဥ် အကြောင်းအမျိုးမျိိုးကြောင့် သိုက်ကြိုးဖြတ်လိုက်တဲ့အခါ သိုက်မှာ ထားရစ်ခဲ့ရတဲ့ သံသရာက ရရှိထားပြီးဖြစ်တဲ့ မိမိရဲ့ ပါရမီတွေကို စွန့်လွှတ်လိုက်ရပါတယ်။

🌅 သံသရာတလျှောက်က မိမိဆီမှာ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ ဒွန်တွဲပြီး ရှိနေတာပါ။ ကုသိုလ်ဟာ ပါရမီရရှိတာဖြစ်ပြီး အကုသိုလ်တွေအတွက် မိမိက ပေးဆပ်ရတာပဲ ဖြစ်ပါတယ်။ သိုက်ကြိုးဖြတ်လိုက်တဲ့အခါမှာ သံသရာက ပါရမီတွေကိုပါ စွန့်လွှတ်လိုက်ရ တဲ့အတွက် မိမိအတွက် ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေသာ ကျန်ရှိနေတတ်ပါတယ်။ လူ့ဘဝမှ ခန္ဓာချပြီးတဲ့အခါမှာ မိမိပြန်သွားရမယ့် သိုက်ကိုလည်း ပြန်ခွင့်မရှိတော့ပါဘူး။

🌅 ဘုံ Dimension တက်ရောက်နိုင်တဲ့ Awareness နဲ့ ပါရမီတွေကို လူ့ဘဝမှာ စုဆောင်းနိုင်မယ်ဆိုရင်တော့ မိမိ Frequency ထုတ်လွှတ်နိုင်တဲ့အတိုင်း သက်ဆိုင်ရာဘုံ Dimension ကို တက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် သံသရာမှာ ရရှိထားတဲ့ ပေးဆပ်ဖို့ လိုအပ်တဲ့အရာတွေကိုတော့ ပေးဆပ်ရမှာ ဖြစ်ပါတယ်။

🌅 သိုက်တွေရဲ့ သဘောတရားဟာ ဘုရားတစ်ဆူပွင့်တဲ့အချိန်ကာလတစ်ခုအထိ သံသရာမှာ လည်ပတ်ပြီး ပါရမီဖြည့်ရင်း သင်ခန်းစာယူကြတာပဲ ဖြစ်ပါတယ်။သိုက်မှာ နေထိုင်တဲ့ သိုက်သူသိုက်သားတွေရဲ့ သံသရာဟာ အလွန်ရှည်လျားကြပြီး ဘဝအရေအတွက်လည်း များပြားပါတယ်။

🌅 Dimension (0) မှာ Judgement ဝင်ရောက်ထားခြင်းမရှိတဲ့အတွက် ကုသိုလ်နဲ့ အကုသိုလ်တွေကို မိမိတို့ရဲ့ Awareness အတိုင်းသာ ခွဲခြားသိမြင်နိုင်ကြပါတယ်။ သိုက်တိုင်းရဲ့ ရည်ရွယ်ချက်ဟာ နောင်ဘုရားပွင့်တဲ့အချိန်မှာ ဥာဏ်အလင်းရနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားကို ဖူးမျှော်နိုင်တဲ့ ပါရမီတွေရှိဖို့ သံသရာမှာ ကျင်လည်ပြီး စုဆောင်းကြပါတယ်။

🌅 သိုက်မှာ နေထိုင်ကြသူတွေအဖို့ကတော့ ပါရမီဆိုတာဟာ အလွန်အရေးပါပါတယ်။ ပါရမီနဲ့ မိမိတို့ပြုခဲ့မိတဲ့ တချို့အကုသိုလ်တွေကို ချေဖျက်နိုင်စွမ်းရှိတဲ့အတွက် သိုက်မှသူတွေက ပါရမီကို အလွန်တန်ဖိုးထားကြပါတယ်။အရေးကြီးဆုံးကတော့ ပါရမီပြည့်မှီနေမှ ဘုရားကို ဖူးမြော်နိုင်မှာ ၊ လှူဒါန်းစရာရှိတာတွေကို ကိုယ်တိုင်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မိမိတို့အတွက်လိုအပ်နေတဲ့ Awareness (အသိဥာဏ်) ကို ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။

🌅 မိမိတို့ စောင့်ရှောက်ထားတဲ့ပစ္စည်းတွေကို မြတ်စွာဘုရားထံ လှူဒါန်းနိုင်ဖို့အတွက် ကနဦးအား ဖြင့် နောင်ဘုရားရှင်ရဲ့ Energy စက်ကွင်းထဲသို့ ဝင်ရောက်နိုင်တဲ့ ပါရမ်ီလုံလောက်စွာရှိိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သိုက်လောကသားတွေဟာ ပါရမီကို တန်ဖိုးထားပြီး စုဆောင်းကြတာ ဖြစ်ပါတယ်။ နည်းအမျိုးမျိုးနဲ့ ပါရမီရအောင် ကြိုးစားကြပါတယ်။

🌅 လူ့ဘဝမှာ လူအဖြစ်ရှင်သန်တဲ့အခါမှာ သိုက်လောကမှာ ဖြစ်တည်တဲ့ ပါရမီရဲ့တန်ဘိုးကို သိနိုင်တဲ့သူတွေရှိသလို၊ မသိနိုင်တဲ့သူတွေလည်းရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သိုက်ကြိုးဖြတ်မိတဲ့သူတွေဟာ ခန္ဓာချပြီးချိန်မှာ ပြန်စရာသိုက်လည်း မရှိတော့သလို၊ တစ်ဘဝစာရရှိနိုင်တဲ့ ပါရမီနဲ့ သံသရာမှာ ပေးဆပ်ဖို့ ကျန်နေသေးတဲ့ ဝဋ်ကြွေးတွေသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

🌅 တကယ်လို့ မိမိက ဒီတစ်ဘဝမှာပင် သံသရာက ထွက်နိုင်တဲ့ ဥာဏ်ပေါက်နိုင်မယ် ဆိုရင်တော့ ပြန်စရာသိုက်မရှိခြင်းနဲ့ သံသရာမှ ပါရမီများဆုံးရှုံးခြင်းများက မိမိအတွက် အရေးမကြီးတော့ဘူးလို့လည်း ပြောလို့ရပါတယ်။

💥 ဘယ်လိုသူတွေက သိုက်ကြိုးပြန်ဆက်သင့်ပါသလဲ??

(၁) လက်ရှိဘဝမှာ သိုက်ကြိုးဖြတ်ထားတဲ့သူတွေ

(၂) အတိတ်ဘဝမှာ သိုက်ကြိုးဖြတ်ခဲ့တဲ့အတွက် Abundance ပျောက်ဆုံးသွားတဲ့သူတွေ၊ ပါရမီကုန်ဆုံးသွားတဲ့သူတွေ

(၃) အတိတ်ဘဝမှာ သိုက်ကြိုးဖြတ်ခဲ့တဲ့အတွက် သံသရာထဲမှာ ဆပ်မကုန်တဲ့ဝဋ်ကြွေးတွေနဲ့ လည်ပတ်နေရသူတွေ…… စတဲ့သူတွေဟာ သိုက်ကြိုးပြန်ဆက်သင့်ပါတယ်။

🌅 တချို့က ရာသက်ပန် သိုက်ကြိုးပြန်ဆက်ခွင့်မရှိတဲ့သူတွေလည်းရှိတဲ့အတွက် သိုက်ကြိုးပြန်ဆက်ခွင့်ရှိသူဟုတ်မဟုတ်ကိုတော့ စစ်ဆေးဖို့လိုပါတယ်။ သိုက်ကြိုးပြန်ဆက်ပေးခြင်းကိုတော့ သိုက်ဘုံနဲ့ ပတ်သက်ပြီး Authority ရရှိထားတဲ့ Higher Being များကသာ လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သိုက်ကြိုးပြန်ဆက်လိုသူများဟာ Resonance Infinity က ဆရာ၊ ဆရာမများမှတဆင့် Higher Being များက စစ်ဆေးပြီးမှသာ သိုက်ကြိုးပြန်ဆက်ပေးခြင်း Service ကို ရယူနိုင်မှာ ဖြစ်ပါတယ်။

သိုက်ကြိုးဖြတ်လိုက်တဲ့သူတွေဟာ သံသရာနဲ့ချီပြီး ဘာတွေ ဆုံးရှုံးနစ်နာသွားပြီလဲ?
https://www.facebook.com/share/p/qGd5rfYuVp3n5ETX/

Wenity
Wenity Infinity Arts & Creations Healing
Wenity Infinity - Healing
Interpreciousness


27/12/2024

သိုက်နဲ့လူကြားမှာ အဆင်မပြေတော့တဲ့ Agreement များကို Higher Beingsများရဲ့ Power Authority ကို အသုံးပြုပြီး ညှိနှိုင်းပေးခြင်း

🏵️ သိုက်မှ လူ့ဘဝသို့ လာရောက်ပါရမီဖြည့်သူတွေဟာ မိမိတို့ရဲ့ သိုက်အတွင်းမှာ Agreement Soul Contract ချုပ်ဆိုခဲ့ကြပါတယ်။ လူ့ဘဝကို လာရောက်နိုင်ဖို့အတွက် သိုက်က တောင်းဆိိုချက်တွေကို သဘောတူညီမှုထားရှိခဲ့ကြပါတယ်။

🏵️ လူ့ဘဝကို ရောက်ရှိတဲ့အခါ လူသားတစ်ယောက်အနေနဲ့ ပြုမူဆောင်ရွက်လိုတဲ့ကိစ္စ တွေမှာ သိုက်မှာထားခဲ့တဲ့ ကတိကဝတ်တွေ၊ သဘောတူညီမှုတွေနဲ့ သွေဖီသွားတဲ့ အခြေအနေတွေနဲ့ ကြုံကြိုက်တတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သိုက်ကြိုးဖြတ်ဖို့ ကြိုးစားတတ်ကြပါတယ်။

🏵️ သိုက်ကြိုးဖြတ်ခြင်းဟာ မိမိတို့ရဲ့အနာဂတ်အတွက် ဆုံးရှုံးမှုမြောက်မြားစွာ ရရှိနိုင်စေပါ တယ်။ တခြားညှိနှိုင်းမှုတွေကို ပြုလုပ်ပြီး သိုက်နဲ့လူကြားမှာအကျိုးရှိစေတဲ့ လုပ်ဆောင် ချက်တွေနဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ပါတယ်။ ဥပမာ - လူ့ဘဝမှာ အိမ်ထောင်ဖက်မရှာပါလို့ Agreement ပြုလုပ်ခဲ့ပေမယ့် အိမ်ထောင် တစ်ခုကို ထူထောင်ချင်တဲ့အခါမှာ သိုက်နဲ့ လူကြားမှာ ညှိနှိုင်းဖို့ လိုအပ်လာပါတယ်။

🏵️ မိမိတို့ရဲ့ သိုက်မှာရှိတဲ့ Soul Contract ကို သေချာစွာ သိဖို့လိုအပ်ပါတယ်။ တချို့ Agreement တွေဟာ မိမိတို့ရဲ့ သိုက်မှာ ကတိကဝတ်နဲ့ သစ္စာပြုခဲ့တာ ဖြစ်ပါတယ်။ တချို့ Agrement တွေဟာ မိမိတို့ရဲ့ သိုက်ချုပ်နဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

🏵️ သိုက်နဲ့လူကြားမှာ အဆင်မပြေနိုင်တော့တဲ့ကိစ္စတွေကြောင့် အနှောင့်အယှက်တွေနဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ သိုက်ဘက်က မကျေနပ်မှုတွေကြောင့် လူ့ဘဝမှာ ဒုက္ခအမျိုးမျိုး ကြုံတွေ့ရတတ်ပါတယ်။ သိုက်နဲ့လူကြားမှာ ဖြစ်ပေါ်လာတဲ့ အဆင်မပြေမှုတွေကို ဖြေရှင်း တတ်ဖို့လိုအပ်ပါတယ်။နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် ညှိနှိုင်းမှုတွေကို ပြုလုပ်ဖို့လိုအပ်ပါ တယ်။

🏵️ လူသားတစ်ယောက်အနေနဲ့ သိုက်နဲ့ညှိနှိုင်းဖို့ဆိုတာဟာ မလွယ်ကူတဲ့အတွက် သိုက်ကြိုးဖြတ်ခြင်းကိုသာ အများဆုံးပြုလုပ်ကြရတာ ဖြစ်ပါတယ်။ တချို့ Agreement တွေဟာ Power Authority ရှိတဲ့ Higher Being တွေရဲ့ အကူအညီနဲ့ ညှိနှိုင်းဆောင်ရွက်နိုင် ပါတယ်။

💥 သိုက်နဲ့လူကြားမှာ အဆင်မပြေတော့တဲ့ Agreement တွေကို ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ဘာတွေလိုအပ်ပါသလဲ ??

✔️ သိုက်ကို အာဏာသက်ရောက်တဲ့ Power Authority ရရှိထားတဲ့ Higher Being ရှိဖို့ လိုအပ်ပါတယ်။

✔️ သိုက်ဖက်မှ Agreement Soul Contract ကို ပြင်ဆင်ပေးနိုင်မယ့် သိုက်ချုပ်ရှိဖို့ လိုအပ်ပါတယ်။

✔️ သိုက်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ သဘောတူညီမှုကို ရရှိဖို့လိုအပ်သလို လူ့ဘဝမှာ ရှိနေတဲ့သူရဲ့သဘောတူညီမှုနဲ့ ညှိနှိုင်းဖို့လိုအပ်ပါတယ်။

သိုက်နဲ့ လူကြားမှာ ညှိနှိုင်းပေးနိုင်ဖို့အတွက် Service ရယူချင်တဲ့သူတွေက Resonance Inifinity က ဆရာ၊ ဆရာမများမှတဆင့် Higher Being တွေရဲ့ အကူအညီတွေနဲ့ ရယူနိုင် ပါတယ်။

သိုက်ကြိုးဖြတ်လိုက်တဲ့သူတွေဟာ သံသရာနဲ့ချီပြီး ဘာတွေ ဆုံးရှုံးနစ်နာသွားပြီလဲ?
https://www.facebook.com/share/p/qGd5rfYuVp3n5ETX/

သိုက်ကြိုးပြန်ဆက်ခြင်း
https://www.facebook.com/share/p/19irXzM96x/

Wenity
Wenity Infinity Arts & Creations Healing
Wenity Infinity - Healing
Interpreciousness


Address

Yankin
Yangon
11081

Website

Alerts

Be the first to know and let us send you an email when Treasure Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Treasure Land:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram