Sandi's Tarot - Sundy

Sandi's Tarot - Sundy Private readings လည်းကြည့်ပေးပါတယ်ရှင့် 🧿

Why your current job/role is feeling stuck and the solution🌸
23/11/2025

Why your current job/role is feeling stuck and the solution🌸

Sandi ကိုတားရော့မေးကြတဲ့ထဲမှာ Lucky Number လေးသိချင်ပါတယ်၊ ဘယ်ဂဏန်းလေးနဲ့ဆိုအကျိုးပေးနိုင်လဲဆိုပြီးမေးလေ့ရှိကြတယ်။ ဒါကြေ...
28/09/2025

Sandi ကိုတားရော့မေးကြတဲ့ထဲမှာ Lucky Number လေးသိချင်ပါတယ်၊ ဘယ်ဂဏန်းလေးနဲ့ဆိုအကျိုးပေးနိုင်လဲဆိုပြီးမေးလေ့ရှိကြတယ်။ ဒါကြောင့် ကိုယ်တိုင်သိနိုင်မယ့်နည်းလမ်းလေးပါဝေမျှပေးချင်ပါတယ် 🌼
ကိန်းဂဏန်းတစ်ခုချင်းစီမှာ မမြင်နိုင်တဲ့စွမ်းအင်ကိုယ်စီရှိကြပါတယ်။ လူတိုင်းမှာလည်း ကိုယ်ပိုင်ဂဏန်းလို့ခေါ်တဲ့ Lucky Number ကံကောင်းခြင်းဂဏန်းလေးတွေရှိတတ်ကြပါတယ်။ ဒါကထွေထွေထူးထူးမေးမြန်းတွက်ချက်မှသိနိုင်တာမဟုတ်ဘဲ ကိုယ့်ဘဝရဲ့အရေးကြီးတဲ့နေ့တွေ၊ အချိန်အခါတွေကိုသတိထားခြင်းဖြင့်လည်းသိနိုင်ပါတယ်။
ထူးခြားကောင်းမွန်တဲ့အရာလေးတွေရောက်လာတဲ့နေ့တွေ၊ ခုံနံပါတ် အမှတ်စဉ်လေးတွေ၊ ဒါမှမဟုတ် ဖုန်းမှာမကြာခဏအမှတ်မထင်တွေ့ရတဲ့ အချိန်လေးတွေ စသည်ဖြင့်ပေါ့။ အဲ့လိုကောင်းတဲ့နိမိတ်ရှိသလို တစ်ချို့ဂဏန်းလေးတွေက ကိုယ့်ကိုသတိပေးတဲ့ဂဏန်းလေးတွေဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်သတိထားကြည့်လာတာနဲ့အမျှ ဘယ်ဂဏန်းလေးကကံကောင်းခြင်းဂဏန်းလေးလဲဆိုတာသိလာရမှာပါ ✨
အဲ့ဒီကံကောင်းခြင်းဂဏန်းလေးကို လိုသလိုအသုံးပြုနိုင်ပြီး အောင်မြင်ခြင်းတွေ ကံကောင်းခြင်းတွေရရှိနိုင်သလို၊ မလ်ုလားအပ်တဲ့အခက်အခဲတွေကိုလည်းရှောင်ဖယ်နိုင်ပါတယ် 🍀

Miracles are just within🪬 ကိုယ့်ရဲ့ Lucky Number လေးကရောဘာလေးလဲပြောပြခဲ့နော်🌙

27/08/2025

Sandi ဒီကြားထဲ post တွေမတင်ဖြစ်ပေမယ့် ပုံမှန်အတိုင်း တားရော့ဟောပါတယ်။
Old clients လေးတွေခဏခဏလာမေးကြလို့ပါ။ Inner selft ကို healing လုပ်နေလို့ posting break ယူထားတာပါ။
I’ll post about my spiritual journey later 🩵

17/03/2025

လေးလပိုင်းကုန်ထိ မီးလောင်ခြင်း၊ မီးလန့်ခြင်းနဲ့
အမှုအခင်း၊ အချုပ်အနှောင်ကိစ္စရပ်များ
အထူးသတိထားကြပါရှင်


16/02/2025

ကံညံ့နေတယ်ခံစားရရင် ခွေးစာ၊ ငါးစာကျွေးပါ။
တတ်နိုင်သလောက် ပံ့သကူပစ်ပါ။
လွယ်သလောက် အကျိုးထူးပြီး
ငွေလမ်းလည်းပွင့်စေပါတယ်။

Your Education 📖✨
02/02/2025

Your Education 📖✨

28/01/2025

အခုနောက်ပိုင်းဆရာတွေလည်းများလာသလို စေတနာဆရာတွေလည်းရှားလာကြတယ်။ ကိုယ်လုပ်နိုင်တယ်ဆိုတာနဲ့တင် လုပ်ပေးသင့်၊ မလုပ်ပေးသင့်မတွက်ကြတော့ဘူး။ ငွေမျက်နှာကြည့်တာများလာကြတယ်။
ခိုင်းတဲ့သူကလည်း အငြိုးနဲ့သော်လည်းကောင်း၊ အတ္တကြောင့်သော်လည်းကောင်းတစ်ဖက်လူနစ်နာအောင်လုပ်ခိုင်းကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာလုပ်နေသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုအားကိုးလို့ကိုယ့်နားရောက်လာသူလမ်းမှားနေရင် ဖျောင်းဖျပေးနိုင်စွမ်းရှိရမယ်။ အခုကငွေရရင်ပြီးရော ဘာလာလာခေါင်းညိမ့်နေကြတာကများ။
ညကကြည့်ပေးဖြစ်တဲ့တစ်ယောက်ဆို မတက်တစ်ခေါက်ဆရာနဲ့အလုပ်ခံရပြီးဟိုမရောက်ဒီမရောက်နဲ့ အလုပ်ခံရတဲ့သူကယောင်ချာချာရယ်။

အဲ့တော့တော်ရုံအလုပ်ခံရတာမျိုးမသက်ရောက်အောင်သရဏဂုံမြဲမြဲတည်ပါ။ ကိုယ့်မွေးနေ့အမှန်ကိုလည်းတော်ရုံမပြောတာကောင်းပါတယ်။
ကိုယ့်ကိုလုပ်ထားတဲ့သူရဲ့နဖူးကိုလက်နဲ့လှန်ပြီးသပ်ရင် သူ့စီတန်ပြန်တတ်ပါတယ်။ (ကိုယ့်ကိုလုပ်ထားတဲ့သူကလည်း သူ့နဖူးသပ်ရင်မခံပါဘူး)

အခုလိုမင်္ဂလာရှိတဲ့နှစ်သစ်လေးမှာ Sandi က followers လေးတွေအတွက် free reading လေးကြည့်ပေးပါမယ်ရှင့် ✨Post ကို like & share...
01/01/2025

အခုလိုမင်္ဂလာရှိတဲ့နှစ်သစ်လေးမှာ Sandi က followers လေးတွေအတွက် free reading လေးကြည့်ပေးပါမယ်ရှင့် ✨

Post ကို like & share လုပ်ပေးပြီး ကိုယ်ကြိုက်နှစ်သက်ရာမေးခွန်းတစ်ခုလာမေးနိုင်ပါတယ်။
မေးတဲ့အခါ မေးခွန်းရယ်၊ နံပါတ် 1 ကနေ 80 အထိ ကိုယ်နှစ်သက်ရာနံပါတ်တစ်ခုရယ်ပို့ပြီးမေးထားနိုင်ပါတယ်။
Shared ss၊ မေးခွန်းနဲ့ နှစ်သက်ရာနံပါတ်တစ်ခုကလွဲပြီး တခြား personal info ပို့စရာမလိုပါဘူးရှင့်။

Sandi အားတဲ့အချိန်လေးတွေမှာကြည့်ပေးသွားမှာမလို့ လူများရင်အချိန်ကြာကောင်းကြာနိုင်တာကြိုပြောထားပါရစေရှင့်။
Fees နဲ့ကြည့်ပေးတာတွေကတော့ ပုံမှန် waiting timeပါပဲနော်။

Pick A Pile 🌙 Let’s find your Past, Present & Future ✨
17/12/2024

Pick A Pile 🌙
Let’s find your Past, Present & Future ✨

လက်တလောကြန့်ကြာနေသောကိစ္စများ၊ ခက်ခဲနေသောကိစ္စများ၊ ငွေကြေးခက်ခဲကြပ်တည်းခြင်းများအဆင်ပြေသွားပါလိမ့်မယ်။ အမြန်အဆင်ပြေလိုပ...
06/12/2024

လက်တလောကြန့်ကြာနေသောကိစ္စများ၊ ခက်ခဲနေသောကိစ္စများ၊ ငွေကြေးခက်ခဲကြပ်တည်းခြင်းများအဆင်ပြေသွားပါလိမ့်မယ်။
အမြန်အဆင်ပြေလိုပါက မနက်အိပ်ရာထထိုင်း ဘာမှမလုပ်ခင်ဘုရားဂုဏ်တော်ရွတ်ပေးပါ။

21/11/2024

ငွေမမြဲဘူး၊ ငွေထွက်လွယ်တယ်၊ ပိုက်ဆံကိုမသုံးချင်သော်လည်း မကုန်သင့်တာကြံဖန်ကုန်နေတယ်ဆိုရင် ကိုယ့်ရဲ့ပိုက်ဆံအိတ်လေးကိုကိုယ်နဲ့အဆင်ပြေစေမယ့်အရောင်လေးပြောင်းကိုင်ကြည့်ပါ။
ကိုယ်နဲ့ဘယ်အရောင်လေးအဆင်ပြေမလဲဘယ်လိုရွေးရမလဲဆိုတာ Sandiပြောပြပေးပါမယ်။ ဒီနည်းလေးကရှေ့ဆရာ/ဆရာမတွေလက်ဆင့်ကမ်းလာတာဖြစ်ပြီး ပြန်လည်မျှဝေပေးတာပါရှင့်။

ကိုယ့်မြန်မာမွေးသက္ကရာဇ်ကို ( ၇ ) နဲ့စားပါ။ အကြွင်းကိုယူရပါမယ်။

အကြွင်း ၁ - အညိုရောင်များ၊ အစင်း၊ အကွက် pattern များ။
အကြွင်း ၂ - အစိမ်းရောင်၊ ရွှေရောင်။
အကြွင်း ၃ - အဝါရောင်၊ နို့နှစ်ရောင် အရောင်ဖျော့ဖျော့။
အကြွင်း ၄ - အပြာရောင်၊ ရောင်စုံရောယှက်သောအရောင်လေးများ။
အကြွင်း ၅ - အနက်ရောင်၊ နက်ပြာရောင်။
အကြွင်း ၆ - အနီရောင်များ။
အကြွင်း ၇/၀ - အဖြူရောင်၊ ခဲရောင်၊ ငွေရောင်။

စတဲ့အရောင်ပါတာမျိုးတွေကိုရွေးကိုင်ပါ။ ငွေမြဲစေမယ်၊ တကယ်အသုံးလိုမှသုံးဖြစ်ပါလိမ့်မယ်။ ငွေဖြုန်းတာ ငွေပြုန်းတာတွေကိုလည်း လျော့နည်းစေပါလိမ့်မယ်။

အားလုံးပဲ ငွေဝင်တိုးပွါးပြီး တိုးသောငွေများလည်းမြဲကြပါစေရှင် 🍀✨

14/11/2024

စမ်းပွင့်ချင်ရင်၊ အချစ်ခံချင်ရင်
လရောင်ကောင်းတဲ့ လပြည့်ညလိုအခါ
လရောင်အောက်မှာ အဝတ်ဗလာနဲ့
အချစ်သီချင်းလေးတွေဆိုရတယ် နားထောင်ရတယ်တဲ့ကွယ်
င်္အကျီအပါးလေးဝတ်လည်းရပါတယ် 😬
အအေးမပတ်အောင်တော့နေ

Address

Yangon

Telephone

+959455755066

Website

Alerts

Be the first to know and let us send you an email when Sandi's Tarot - Sundy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share