Arr Raw Gyan Clinic

Arr Raw Gyan Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arr Raw Gyan Clinic, Medical and health, No. 300, Thida Nwe Street, Nwe Aye , Dawbon, Yangon.

25/08/2020

Aug 25 (ည 8:00 နာရီ)
Covid19 လူနာသစ် ၃၀ ဦး

လူနာစာရင်း အသေးစိတ်အား
MOHS မှ မထုတ်ပြန်သေးပါ

Ref mohs

22/08/2020

ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းများ
အလုပ်ခွင်တွင် ကိုဗစ်ပိုးနှင့်ထိတွေ့မှုလျော့နည်းစေခြင်းဖြင့် မိမိနေအိမ်သို့ ပျံ့နှံ့ခြင်းလျော့နည်းစေရန်

ပိုက်ဆံအိတ်
မယူသွားပါနှင့်၊ ဒရိုင်ဘာလိုင်စင်၊ ဘဏ်ငွေထုတ်ကဒ်၊ အခြားလိုအပ်သည့်ကဒ်များကို Ziploc bag ပလတ်စတစ်အိတ်နှင့်ထည့်၍ယူပါ။

လက်ကိုင်ဖုန်း
အလုပ်စားပွဲပေါ်တွင် တင်မထားပါနှင့်။ အင်္ကျီအိတ်ကပ် သို့မဟုတ် သီးသန့်အိတ်တခုတွင်ထည့်ထားပါ။ ဖုန်းခေါ်ဆိုသောအသံ volumeကို မြှင့်ထားပါ။ Ziploc bag တွင်ထည့်ထားပါက ပိုကောင်းပါသည်။ ဖုန်းအားသွင်းသည့် port နှင့် အခြားအ‌ပေါက်များထဲ့သို့အစိုဓါတ်မဝင်‌စေရန်သတိထားပြီးဖုန်းကာဗာများကို ၇၀% အိုင်ဆိုပရိုပိုင်းအယ်ကိုဟောဖြင့် ပိုးသတ်နိုင်ကြောင်း Apple က update လုပ်ထားပါသည်။

ဘောပင်
၎င်းတို့ကို အိမ်သို့ပြန်မယူပါနှင့်။ ဆေးရုံတွင် အသုံးပြုနေစဉ်မကြာခဏ အရက်ပြန်နှင့်ပွတ်တိုက်ပေးပါ။ တခါသုံးဘောပင်များကိုသာသုံးပါ။

အဝတ်အစားအသုံးအဆောင်
အနည်းဆုံးလိုအပ်သ‌လောက်သာ ရှိပါစေ။ ခါးပတ်၊ လက်ဝတ်ရတနာများ မဝတ်ပါနှင့်။ အဝတ်များ၊ ဖိနပ်များကို အိမ်အပြင်မှာချွတ်ထားခဲ့ပါ။

ခွဲစိတ်ခန်းသုံးအဝတ်များကိုသာဝတ်ပါ။ မျက်နှာကို လက်နှင့်မထိပါ‌နှင့်။

အစားအစာများ
ကန်တင်းမှမဝယ်ပါနှင့်။ ပြန်လည်အသုံပြုနိုင်သောအိတ်တွင်ထည့်၍ယူလာပါ။

ရေအေးစက် water cooler များကိုအသုံးပြုခြင်းမှရှောင်ပါ။ မိမိတကိုယ်ရေအတွက်သောက်ရန်ရေကို ဘူးဖြင့် မိမိဘာသာသီးသန့် ယူလာပါ။

ဆေးရုံအတွင်းလှည့်လည်ခြင်း
မည်သည့်အခါမဆို ဖြစ်နိုင်လျင်တံခါးများကို ခြေထောက်ဖြင့်တွန်း၍ဖွင့်ပါ။
သို့မဟုတ်ပါက တံခါးဖွင့်ပြီးတိုင်း မိမိလက်များကို လက်ဆေးရည်နှင့်သန့်ရှင်းပါ။

ကိုဗစ်ရောဂါပိုးရှိသူမဟုတ်သော်လည်း ပိုးရှိသူများ၏ ၀.၃၆% တွင်သာရောဂါလက္ခဏာပြသည် ဆိုသည့်အချက်ကို သတိပြုပါ။

အိမ်မပြန်ခင်
လက်များကို hand gel ဖြင့် (လက်မောင်းအပါအဝင်) သေချာစွာဆေးကြောသန့်စင်ပါ။ အခြေအနေပေးပါက ရေချိုးပြီးမှအိမ်ပြန်ပါ။ ဘောပင်စသော ဆေးရုံတွင်သုံးသောပစ္စည်းများကို အိမ်သို့ယူမသွားပါနှင့်။

အိမ်ပြန်ရောက်သော်
ဖိနပ်၊ အင်္ကျီများကို အိမ်အပြင်တွင်ချွတ်ပါ။ မည်သူကိုမျှ ပွေ့ဖက်၍ နှုတ်ဆက်ခြင်းမပြုပါနှင့်။ အဝတ်များ၊ ပြန်လည်အသုံးပြုနိုင်သောအိတ်များကို ရေနွေးနှင့်သန့်ရှင်းဆေးကြောပါ။ (ရေနွေးနှင့်) ရေချိုးပါ။

Credit to original loader.

လူတိုင်း သတိထားကြပါဦး။
19/08/2020

လူတိုင်း သတိထားကြပါဦး။

မရှိ မရှိပြန်ပါလာပြန်ပြီ
16/08/2020

မရှိ မရှိပြန်ပါလာပြန်ပြီ

အလုံးသတိရှိကြပါ
14/08/2020

အလုံးသတိရှိကြပါ

06/07/2020

COVID-19 လူနာအမှတ် C-311 နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက်နေ့
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

COVID-19 လူနာအမှတ် C-311 အသက် (၄၃) နှစ်အရွယ် အမျိုးသားသည် လွန်ခဲ့သော (၆) လခန့်မှစ၍ လာအိုနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ခဲ့ပြီး (၂၄-၆-၂၀၂၀) ရက်နေ့တွင် လာအိုနိုင်ငံမှ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဝမ်ပုံဂိတ်သို့ အခြားသူ (၁၈၆)ဦးနှင့်အတူ ပြန်လည်လက်ခံရေး အစီအစဉ်ဖြင့် ဝင်ရောက်ခဲ့ပါသည်။

၎င်းသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီမှ စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ (၂၅-၆-၂၀၂၀) ည (၇:၃၀) နာရီ အချိန်တွင် တောင်ကြီးမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ပေးသည့် မော်တော်ယာဉ် တစ်စီးဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ခရီးစဉ်တူသူ (၁၇) ဦးနှင့်အတူ ယင်းနေ့ည (၁၀:၃၀)နာရီ အချိန်တွင် ထွက်ခွာခဲ့ပါ သည်။

အဆိုပါ မော်တော်ယာဉ်သည် (၂၆-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ရောက်ရှိခဲ့ပါသည်။

သို့သော် လူနာအမှတ် (C-311) သည် လမ်းခုလတ် အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ မလိုက်ပါဘဲ ရန်ကုန်မြို့အနီး အမြန်လမ်းမှတစ်ဆင့် သုံးဘီးဆိုင်ကယ်ဖြင့် တိုက်ကြီးမြို့နယ်၊ အင်းလန်ဂိတ်သို့သွားရောက်ခဲ့ပြီး ဝင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့်ချက်ချင်းအကြောင်းကြားခဲ့ပါသည်။ ၎င်းသည် အဆိုပါနေ့တွင်ပင် ဝင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး စီစဉ်ထားသောကားဖြင့် ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ်ဝင်းအတွင်းရှိ ဧကရီဆောင်သို့သွားရောက်ခဲ့ပြီး ည (၈:၃၀) နာရီအချိန်ခန့်တွင် ရောက်ရှိကာ Quarantine ဝင်ရောက်ခဲ့ပါသည်။

ထိုသူ (C-311) ထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၄-၇-၂၀၂၀) ရက်နေ့ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် တောင်ဥက္ကလာပအထူးကုဆေးရုံတွင် သီးခြားထားရှိ၍ ဆေးဝါး ကုသမှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။ ယနေ့နံနက်စစ်ဆေးချက်များအရ လူနာ၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်ပါသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ လူနာနှင့် ကားတစ်စီးတည်း အနီးကပ် ထိတွေ့ခဲ့သည့် (၁၇) ဦးအား ဓာတ်ခွဲနမူနာရယူကာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိသူ (၅)ဦးနှင့် ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ (၁၂) ဦး ရှိပါသည်။ ထို့အပြင် လူနာနှင့် ထိတွေ့ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် (၁၂) ဦးအားလည်း သီးခြားထားရှိ၍ ဓာတ်ခွဲနမူနာရယူကာ (၅-၇-၂၀၂၀) ရက်နေ့ တွင် ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားပြီးဖြစ်ပါသည်။

ထိုသို့လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့ကြသူများကို သက်ဆိုင်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကျန်းမာရေးပညာပေး လုပ်ငန်းများအား လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေး ပညာပေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် Quarantine ဝင်ရောက်ရန်အတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

05/07/2020
ဒီမေ့အများကြီးပါလား
04/07/2020

ဒီမေ့အများကြီးပါလား

ကျနော် နှင့် အဝတ်‌ Mask လေးများ။……………………ဒီစာမစခင် နိဒါန်းပျိုးချင်တာကတော့ ကျနော်သည် ရန်ကုန် ကုတင် 500 အထူးကုဆေးရုံကြီးမှ...
01/07/2020

ကျနော် နှင့် အဝတ်‌ Mask လေးများ။……………………
ဒီစာမစခင် နိဒါန်းပျိုးချင်တာကတော့ ကျနော်သည် ရန်ကုန် ကုတင် 500 အထူးကုဆေးရုံကြီးမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ယောက်ပါ။
နောက်တစ်ခုက ကျနော်ငယ်ငယ်တည်းက အမေက စက်ချုပ်ကျွေးမွေးလာတဲ့အတွက်ဝိုင်းကူရင်းစက်လည်းချုပ်တတ်ပါတယ်။

ခုပြောပြချင်တာက corona virus ကြောင့် hot topic ဖြစ်လာတဲ့ mask အကြောင်းလေးပါ။

ဒီနေ့တင် အမေစုက fb မှာပြောသွားပါတယ်။ Sx mask 6.3 သန်း ပြည်သူတွေဝေပေးဖို့ရှိပါတယ်တဲ့။ တကယ်ဖြစ်လာရင် အကောင်းဆုံးပါ။ နယ်စွန်နယ်ဖျားတောကြိုအုံကြားထိ ဖြန့်ပေးနိုင်ဖို့ပဲအရေးကြီးဆုံးပါ။

မြန်မာပြည်မှာ 6.3 သန်းရှိတယ်ပြောနေပေမယ့် Trump နဲ့ CDC ကိုယ်တိုင်က public မှာ အဝတ်ပိတ်သုံးဖို့နဲ့ Sx mask တွေ ကို medical staff‌ တွေ အတွက် reserve လုပ်ထားဖို့အကြံဉာဏ်ပေးလာရတဲ့အထိ mask ပြတ်လတ်မှူတွေဖြစ်လာပါပြီ။ အနောက်နိုင်ငံမှာ mask war တောင်ဖြစ်နေပါပြီ။ သူများမှာထားတာကို US က ဖြတ်ခုတ်သွားလို့ဆိုပြီးဖတ်လိုက်ရသေးတယ်။

ပုံ ( ၁ )

မြန်မာပြည် တချိန်ချိန်မှာ အဝတ်mask တွေသုံးဖို့ လိုမယ့်အချိန် ရောက်လာနိုင်ပါတယ်။လောလောဆယ် Sx mask ဈေး 400-500 ကြားငြိမ်နေပြီး ထပ်တက်နိုင်သလို ပြတ်နိုင်ပါတယ်။

ဒါကြောင့်ဒီစာက ကျနော်လေ့လာမိသလောက် ကိုယ်တိုင်ချုပ်ကြည့်ရသလောက် ရလာတဲ့ result တွေကိုချပြ မျှဝေတာပါ။
စမ်းချုပ်ချင်သူတွေ။ တစ်ရက် mask တစ်ခု ဝယ်မတတ်နိုင်တဲ့ တစ်ရက်လုပ်တစ်ရက်စားရသူတွေအတွက် ဆောင်ရန်ရှောင်ရန် သိသင့်သိအပ်တာမျကို မျှဝေတာပါ။

ပထမဆုံး corona virus size ကို လေ့လာကြည့်ရအောင်။ virus size က 0.1 micron ရှိပြီးတော့ လက်ရှိ ဧပြီ၄ရက်နေ့မှာ update လုပ်ထားတဲ့ research တစ်ခုရဲ့ အလွယ်တကူရရှိနိုင်တဲ့ အဝတ်တွေနဲ့ Sx mask ကို နှိုင်းယှဉ်ပြထားတာပါ

 ပုံ (၂ )

Research ထဲစမ်းထားတဲ့ particle size က 0.02 micron ဆိုတဲ့အတွက် corona virus ထက်သေးပါတယ်။ဒါကြောင့်လက်တွေ့မှာ ကာကွယ်နိုင်စွမ်းက တော်တော်နီးစပ်မယ်လို့ယူဆပါတယ်။

သတိထားမိစရာက
သိပြီးသားဖြစ်တဲ့ Sx mask က 89% ပါ
Vaccum bag က 86%
( Vaccum bag ဘယ်လိုအသားမှန်းမသိလို့ အိမ်က ဖုန်စုပ်စက်လေးပြေးလှန်ရသေးတယ်။ မြင်အောင်ပြောရရင် ဆိုင်တွေကပေးလေ့ရှိတဲ့ carry bag ပုံစံအသားမျိုးပါ။ )
Linen 62%
100% Cotton က 51% ပါ။

သိသာတာက အများပြောနေကြသလို non woven ဆိုတဲ့ဟာက Sx mask နဲ့ vaccum bag မှာပဲပါတဲ့အတွက် ထိပ်ဆုံးရှိနေတာပါ။
( Woven ဆိုတာက ချည်မျှင်တွေနဲ့ ယက်ထားပြီး အပေါက်လေးတွေပါပါတယ်။ nonwoven ကတော့ စက်ကူတွေလို အမျှင်သေးသေးလေးတွေ ကို ဖိပြီးလုပ်ထားတဲ့အတွက် အပေါက်သေးပါတယ်။ )

သူတို့အမျိူမျိုးစမ်းသပ်ပြီးသကာလ recommend အပေးဆုံးက
Pillow case နဲ့ 100% cotton T shirt

ပုံ (၃ / ၄ )

ဘာလို့လည်းဆိုတော့ သူတို့က ရေရှည်တပ်ရင် ဖြစ်လာနိုင်တဲ့ breathability နဲ့ပြန်ချိန်ဆတာပါ

ပုံ ( ၅ )

Effective ပိုဖြစ်ပြီး ရှူလို့ပိုကောင်းတဲ့ linen ကို မရွေးပဲ 100% cotton ကိုဘာလို့ရွေးလည်းမပြောတတ်ပါ။ အလွယ်တကူရရှိနိုင်မှူနဲ့ ပြန်ချိန်ဆတယ်ထင်ပါတယ်။ထားပါတော့။

နောက်တစ်ခုက တစ်ထပ်နဲ့ နှစ်ထပ် ဘာကွာလည်း

ပုံ ( ၆ )

ဒီပုံအရဆို သိပ်ကြီးမကွာပါဘူး။တစ်မျိုးဆီမှာ 2-3% လောက်ပဲ ပိုကောင်းလာပါတယ်။

အဲ့တော့ ကျနော်တို့ ဘာနဲ့ချုပ်ကြမလည်း ဘယ်လို ဒီဇိုင်းသုံးမလည်း။ ကြည့်ရအောင်

ပထမ ရိုးရိုးချည်သား နှစ်ထပ်ကို ကြားက non woven မဟုတ်တဟုတ် ဝယ်လို့လွယ်တဲ့ လိုင်နင် ( ပိတ်ပျော့တွေချုပ်လို့ကောင်းအောင်ခံတဲ့ ကော်ပါပြီးသား စက်ကူပါး ) ခံပြီး ရိုးရိုး Sx mask ဒီဇိုင်းအတိုင်းချုပ်ကြည့်ပါတယ်။ တတ်နိုင်သလောက်သန့်ရှင်းအောင်ချုပ်တယ်။ ပြီးတော့ တစ်ခုကို တစ်အိပ်စီထည့်ပြီး UV နဲ့ ပိုးသတ်တယ်။ hospital grade UV မဟုတ်ပေမယ့် လေသန့်စက်ထဲက ပါတဲ့ ရှိတဲ့ UV ကိုပဲသုံးပါတယ်။ သုံးမယ်ဆို တစ်အိတ်ထုတ်ဖေါက်သုံးပေါ့။

ပုံ ( ၇ / ၈ )

နောက်တစ်မျိုးကတော့ youtube မှာလိုက်ကြည့်ရင်း ‌သဘောကျလို့ ကွကိုယ်လိုက်ချုပ်ကြည့်တာ
Link ကအောက်မှာ

ပုံ ( ၉ / ၁၀ / ၁၁ / ၁၂ )

ချည်အရောင်လဲရမှာပျင်းလို့ မသေမသပ်ဖြစ်နေတာလသည်းခံ‌ပေးပါနော့်။
သုံးထားတာတွေက အညိုရောင်က cotton blend ( 70% effective ) နှစ်ထပ်။ အတွင်း အဖြူက Linen သား ( 62% effective )နှစ်ထပ် ။ နဲ့ filter သဘောမျိုး tissue တစ်ထပ်။ you tube ထဲမှာတော့ tissue တစ်ရှူးတစ်လွှာမပါပေမယ့် ကျနော်က အဖြူ နှစ်လွှာကို ဟ လိုက်ပြီး ကိုယ်ရနိုင်တဲ့ filter ထည့် သုံး လို့ရအောင် ချုပ်ထားပါတယ်။ခုတော့ tissue ပေါ့နော်။ vaccum bag ( non woven )အသား ရခဲ့လည်း ထည့်သုံးလို့ရတာပေါ့။

ဒီဇိုင်းလေးကို သဘောကျပေမယ့် အသက်ရှူလို့ကောင်းပါ့မလားစိုးရိမ်မိတယ်။ ဒါကြောင့်ချုပ်ပြီးတပ်ရှူကြည့်တော့လည်း အရမ်းတော့မဆိုးပါဘူး။Sx mask လောက် အသက်ရှူမချောင်ပေမယ့် N95 လောက်တော့မဆိုးပါဘူး။တောက်လျောက်တပ်မယ်ဆိုတပ်နိုင်ပါတယ်။

ကျနော်ချုပ်ကြည့်မိသလောက် လေ့လာမိသလောက် စမ်းသပ်မိသလောက် ကျနော် သဘောအကျဆုံး ဒီဇိုင်းပါ။ ဖယောင်းတိုင်မီးမှူတ်ပြီးစမ်းထားတဲ့ vedio ပါတွဲတင်ပေးလိုက်ပါတယ်။

သန့်သန့်လေးချုပ်
ပြီးရင်လျော်
မီးပူတိုက်
တစ်အိပ်ချင်းထည့်
UV နဲ့ ပိုးသတ်
သူံပြီးတာနဲ့ လျော်မယ့်ထဲတန်းထည့်
ပြီးရင် ပြန်ကျော့

အချုပ်ပြောရရင် အဝတ် mask တွေသည် Sx mask တွေနဲ့ယှဉ်လို့ကိုမရပါဘူး အသိသာကြီးပါ။

ပုံ ( ၁၃ )

Sx mask တပ်ရုံနဲ့ကော စိတ်ချရပြီလားဆိုတော့လည်း မဟုတ်ပါဘူး။ တပ်ပုံတပ်နည်း ၊တပ်ထားစဉ် ၊တပ်ပြီး ပြန်ချွတ်ပုံတွေမမှန်ရင်၊ တပ်လိုက်ချွတ်လိုက် မေးစေ့မှာတပ်လိုက် လုပ်ရင်၊ လက်မဆေးပဲ mask ကို ခနချွတ် နခေါင်းကိုင် နဖူးကိုင် လုပ်ပြီး ပြန်တပ် လုပ်နေရင် Sx mask မက လို့ N95 တပ်ထားလည်းအလကားပါပဲ။

အဝတ် mask တွေသုံးရတော့မယ်ဆိုရင်ဘယ်အသားကဘယ်လိုအားသာချက် ဘာကွာတယ် အစရှိသဖြင့် ဗဟုသု‌တလေးရသွားရင်ကျေနပ်ပါပြီ။

စနစ်တကျတပ်မယ်သုံးမယ်ဆိုရင် ကျ‌ောန်အကြိုက်ဆုံး ဒီဇိုင်း အဝတ် mask လေးသည် filter ပေါ်မူတည်ပြီး 50% ကနေ 70% ကျော်ထိ ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

*** အရေးကြီးလို့ပြန်ပြောပါဦးမယ်
ဆေးရုံသုံးဖို့ အတွက် မဟုတ်ပါ။
Sx mask ရနိုင်နေသ၍ အစားထိုးသုံးဖို့မဟုတ်ပါ။
ဘာmask သုံးသုံး စနစ်တကျသုံးပါ။
Corona တွင် mask ထက် လက်ဆေးတာက ပိုအရေးကြီးပါတယ်။ ****

စာကြွင်း။ ။ ဝိုင်းစဉ်းစား ဝိုင်းချုပ်ပေးသော မေကြီးအားကျေးဇူးတင်လျက်။

Dr.K

Link for you tube.

https://youtu.be/ohFxd7WyoQk

အာရောဂျံအထွေထွေရောဂါကုဆေးခန်းတွင် တာဝန်ယူကုသပေးနေသော ဆရာဝန်များ
23/06/2020

အာရောဂျံအထွေထွေရောဂါကုဆေးခန်းတွင် တာဝန်ယူကုသပေးနေသော ဆရာဝန်များ

Address

No. 300, Thida Nwe Street, Nwe Aye , Dawbon
Yangon
11241

Telephone

+959789244936

Website

Alerts

Be the first to know and let us send you an email when Arr Raw Gyan Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram