03/01/2026
ဘာလိုလိုနဲ့ 2025 ကုန်လို့ 2026 တောင်ရောက်လာပါပြီ။နှစ်တနှစ်ကုန်တိုင်းမှာ ကျေးဇူးတင်စကားပြောလေ့ရှိတဲ့ ကျွန်မအတွက် 2025 ကိုလည်းကျေးဇူးတင်ရပါဦးမယ်။
Random Talk with Dr. Zaw page ဖွင့်ထားတာ 2023 တည်းကဆိုပေမယ့် 2024 and 2025 မှာ ဘာမှ သေချာမတင်ဖြစ်ပါဘူး။
မတင်ဖြစ်တာကလည်း ဒီလို page လုပ်တာက ကျွန်မရဲ့ဝါသနာ၊ကျွန်မရဲ့ escape plan လေးတခုဖြစ်နေတော့ ဒီကာလတွေမှာ creation block ဖြစ်တဲ့အထိ exhausted ဖြစ်ခဲ့ရတာတွေရှိနေလို့ပါပဲ။
ဘယ်လိုပဲ မတင်ဖြစ်၊မတင်ဖြစ် တခုခုဆို သတိတရရှိပြီး ရိုက်ကူးရေးပဲဖြစ်ဖြစ်၊ talk ပဲဖြစ်ဖြစ်လုပ်ဖို့ ဖိတ်ခေါ်ကြတာ ကျေးဇူးတင်ပါတယ်။
2025 မှာ ထိပ်ဆုံးကကျေးဇူးတင်ချင်တာကတော့ မရှက်နဲ့ နဲ့ Ananda Saytanar Foundation ပါ။ဒီ page မဖွင့်ခင်ထဲက ခုထိ 3 နှစ်ကျော်ကြာဆက်တိုက်ယုံကြည်ပေးနေလို့လည်း ကျေးဇူးတင်ပါတယ်။
၂ နှစ်ကျော်လက်တွဲလာခဲ့တဲ့ My-Medicine ကိုတော့ ကျေးဇူးလည်းတင်တယ်၊အားလည်းနာတယ်။ကျွန်မရဲ့ time management မလုံလောက်မှုကြောင့် 2025 နှစ်တဝက်ကစပြီး content ရေးတာ မလုပ်နိုင်ခဲ့တော့ပါဘူး။
MATE - မိတ် မျိုးဆက်ပွားကျန်းမာရေး အရင်နှစ်တွေက မရေးဖူးပေမယ့် 2025 မှာ content နဲ့ infographic အတွက် လက်တွဲခဲ့လို့ ကျေးဇူးတင်ပါတယ်။
ဒို့အထာ ကိုလည်း အနုပညာလောက က သူတွေနဲ့ မတူညီတဲ့ ရိုက်ကူးရေးပုံစံအတွက် ကျေးဇူးတင်ပါတယ်။
Visuala Marketing Agency product အတွက် ယုံကြည်ပေးတာ ကျေးဇူးတင်ပါတယ်။
Better Tomorrow and 𝖬𝖤𝖫𝖨𝖲𝖲𝖠
webinar and training များအတွက် ကျေးဇူးပါ။
Last but not least, school talk ဖိတ်ခေါ်ပေးတဲ့ကျောင်းများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
2026 မှာလည်း ပိုကောင်းမွန်တဲ့လူတစ်ယောက် အဖြစ် သိသင့်တာတွေဖြည့်တင်းပြီး ပြန်လာခဲ့ပါ့မယ်။