Shwe Clinical & Diagnostic Laboratory

Shwe Clinical & Diagnostic Laboratory "Better Service with Great Care"

"Vacancy Announcement"----------------------------ရှစ်မိုင်လမ်းဆုံအနီးတွင် ပြည်တွင်း ပြည်ပကျန်းမာရေးဝန်ဆောင်မှူလုပ်ငန်းမ...
07/12/2025

"Vacancy Announcement"
----------------------------
ရှစ်မိုင်လမ်းဆုံအနီးတွင် ပြည်တွင်း ပြည်ပကျန်းမာရေးဝန်ဆောင်မှူလုပ်ငန်းများနှင့် လုပ်ကိုင်ရန် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်..

🌟 လစာ ညှိနှိုင်း
✴️ နေစရာ စီစဉ်ပေးနိုင်ပါသည်။
☎️ 09965167249 (Viber) သို့ ဆက်သွယ်ပေးပို့လျှောက်ထားနိုင်ပါသည်။

CV အမြန်ပို့ပေးပါရန်
📩mayphyo88@gmail.com
or
Direct contact and Viber: +959965167249

🥘 ကြာဇံချက် စတုဒီသာအလှူတော် ‎{30.11.2025} နေ့ ည​နေ​ပိုင်းလေးမှာတော့ဖြင့် “ရွှေ” ရောဂါရှာဖွေရေးဓာတ်ခွဲခန်း တည်ထောင်ခြင်း ...
04/12/2025

🥘 ကြာဇံချက် စတုဒီသာအလှူတော်

‎{30.11.2025} နေ့ ည​နေ​ပိုင်းလေးမှာတော့ဖြင့်
“ရွှေ” ရောဂါရှာဖွေရေးဓာတ်ခွဲခန်း တည်ထောင်ခြင်း ၈နှစ်ပြည့် အမှတ်တရ စတုဒီသာအလှူအဖြစ် ၈မိုင်၊ မရမ်းကုန်းမြိုနယ်ရှိ အောင်မင်္ဂလာဓမ္မာရုံမှာတွင်‎ ‎‎ကြာဇံချက် လူဦးရေ (400) စာကို လှူဒါန်းကုသိုလ်ပြုခဲ့ကြပါတယ်။

ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ကြသူများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 🙏🙏🙏


#ရွှေဓာတ်ခွဲခန်း

✨ သီတင်းကျွတ် မင်္ဂလာအခါသမယတွင် ✨သင်နှင့် သင့်မိသားစုအားလုံး တို့ အေးချမ်းပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းသာယာခြင်းများနှင့်...
05/10/2025

✨ သီတင်းကျွတ် မင်္ဂလာအခါသမယတွင် ✨

သင်နှင့် သင့်မိသားစုအားလုံး တို့ အေးချမ်းပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းသာယာခြင်းများနှင့်အတူအောင်မြင်တိုးတက်ခြင်းများ ပြည့်စုံပါစေကြောင်း “ရွှေ” ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

Shwe Clinical & Diagnostic Center
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249

🌎 2025 ခုနှစ် ဧပြီ (20-26) မှာကျရောက်မယ့် "Medical Laboratory Professionals Week" ကို”SHWE Clinical and Diagnostic Cente...
23/04/2025

🌎 2025 ခုနှစ် ဧပြီ (20-26) မှာကျရောက်မယ့် "Medical Laboratory Professionals Week" ကို”SHWE Clinical and Diagnostic Center”မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

👨‍🔬👩‍🔬 ရောဂါရှာဖွေစစ်ဆေးမှုတိုင်း၏နောက်ကွယ်တွင်၊ တိတိကျကျအတည်ပြုမှုများအတွက် အရေးပါသော အခန်းကဏ္ဍတွင်ထမ်းဆောင်နေသူမှာ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များသာ ဖြစ်ကြသည်။

ဆေးကုသမှု့အတွက် အထောက်အကူဖြစ်စေမည့် တိကျမှန်ကန်သော ဓာတ်ခွဲခန်းအဖြေများရရှိစေရန်နှင့် လူနာများအတွက်အကောင်းဆုံးကြိုးစားပေးနေကြသော ကမ္ဘာပေါ်အရပ်ရပ်မှ ဓာတ်ခွဲခန်းပညာရှင်များအားလုံးကို လေးစားစွာဖြင့် ကျေးဇူးတင်အပ်ပါသည်။



Clinical & Diagnostic Laboratory

🙏 နှစ်သစ်ဆုတောင်း 🙏 💦 မကြာမီ ကျရောက်မည့် မြန်မာ့နှစ်သစ်အခါသမယမှစတင်ကာ စိတ္တသုခ ကာယသုခ အဖြာဖြာနှင့်ပြည့်စုံ၍ စီးပွါးလာဘ်လ...
16/04/2025

🙏 နှစ်သစ်ဆုတောင်း 🙏

💦 မကြာမီ ကျရောက်မည့် မြန်မာ့နှစ်သစ်အခါသမယမှစတင်ကာ စိတ္တသုခ ကာယသုခ အဖြာဖြာနှင့်ပြည့်စုံ၍ စီးပွါးလာဘ်လာဘများတိုးပွါးကာ ဘေးဘယာအပေါင်းမှ ဝေးကွာပါစေကြောင်း “ရွှေ” ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း မသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🙏🙏

#သင်္ကြန်ဆုတောင်း

#မြန်မာနှစ်သစ်

🎊သာယာအေးချမ်းခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း ပျော်ရွှင်မှုတို့ဖြင့် ပြီးပြည့်စုံသော နှစ်တစ်နှစ်ဖြစ်ပါစေကြောင်း “ရွှေ” ရောဂါ...
31/12/2024

🎊သာယာအေးချမ်းခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း ပျော်ရွှင်မှုတို့ဖြင့် ပြီးပြည့်စုံသော နှစ်တစ်နှစ်ဖြစ်ပါစေကြောင်း “ရွှေ” ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။🙏🙏🙏

💙သင်ကိုယ်တိုင်နှင့် သင့်ချစ်ရသူတို့၏ ကျန်းမာရေးအတွက် အာရုံပြုပြီး 2025 ကို ပွေ့ဖက်ကြိုဆို လိုက်ကြပါစို့ 💙

☀️ နေမင်းကြီးကို အံတုပြီး သင့်နွေရာသီကို အပြည့်အဝ ကျော်ဖြတ်ပါ။ ☀️💦 သင့်ကိုယ်သင် ပြင်းထန်သော နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် ရ...
03/05/2024

☀️ နေမင်းကြီးကို အံတုပြီး သင့်နွေရာသီကို အပြည့်အဝ ကျော်ဖြတ်ပါ။ ☀️

💦 သင့်ကိုယ်သင် ပြင်းထန်သော နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် ရိုးရှင်းသော ကြိုတင်ကာကွယ်မှု အကြံပြုချက်များကို အသုံးပြုပေးပါ။ နေရောင်ခြည်နှင့် အပူကို အလွန်အကျွံ ထိတွေ့ခြင်းသည် ရေဓာတ်ခန်းခြောက်ခြင်း၊ အပူလွန်ကဲခြင်းနှင့် နာကျင်နေလောင်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။

အပူဒဏ်ကို ကာကွယ်ဖို့ ဒီအချက်တွေကို လိုက်နာနိုင်ပါသည်။
💧 ပူပြင်းသော တိုက်ရိုက်နေရောင်ခြည်ကိုရှောင်ပါ။
💧 ရေ သို့မဟုတ် အရည်များများသောက်သုံးပါ။
💧 နေပူထဲတွင် အဆောက်ဦးပြင်ပ၌ အလုပ်လုပ် ခြင်းကို ရှောင်ကျဉ်ပါ။
💧ပေါ့ပါးလွတ်လပ်သော အဝတ်အစားများကိုသာ ဝတ်ဆင်ပါ။
💧 SPF ပါဝင်သော Suncream နေရောင်ကာခရင်မ်ကို သုံးစွဲပါ။

SHWE ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း

🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249

💛 မြန်မာနှစ်သစ် (၁၃၈၆ ခုနှစ်) အချိန်မှစ၍ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်...
17/04/2024

💛 မြန်မာနှစ်သစ် (၁၃၈၆ ခုနှစ်) အချိန်မှစ၍ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း “ရွှေ” ရောဂါရှာဖွေရေး နှင့် အထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည် 🙏🙏🙏

🩸HbA1c (Hemoglobin A1c) စစ်ဆေးခြင်းနှင့် Blood Sugar Testing (သွေးတွင်းသကြားဓာတ်) စစ်ဆေးခြင်း နှစ်မျိုးလုံးသည် ဆီးချိုရေ...
19/11/2023

🩸HbA1c (Hemoglobin A1c) စစ်ဆေးခြင်းနှင့် Blood Sugar Testing (သွေးတွင်းသကြားဓာတ်) စစ်ဆေးခြင်း နှစ်မျိုးလုံးသည် ဆီးချိုရောဂါနှင့် ဆီးချိုအကြိုရောဂါများကို စီမံခန့်ခွဲရာတွင် အထောက်အကူပြုပေးပါသည်။

🧪 ဤစစ်ဆေးမှုများကြား ကွဲပြားခြားနားချက်များ နှင့် ပုံမှန်သကြားပမာဏကို သိရှိပြီး ဆီးချိုရောဂါကို ထိန်းထားနိုင်စေရန် သို့မဟုတ် ထိန်းချုပ်ရန် သွေးစစ်ဆေးမှု အကြိမ်ရေကို အောက်ဖော်ပြပါပုံအတိုင်း နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

🔸 HbA1c, Blood Sugar (Glucose) tests များနဲ့ပတ်သက်ပြီး စစ်ဆေးမှုများ ကို "Shwe Clinical & Diagnostic Center" တွင် အထူးဝန်ဆောင်မှုများဖြင့် အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။

“ရွှေ” ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249
📧: shwelaboratory01@gmail.com



ဆီးချိုသွေးချိုဝေဒနာရှင်များ ပုံမှန်စစ်ဆေးသင့်သော HbA1c 🩸ဆီးချိုသွေးချိုရှိသူများဟာ သူတို့ရဲ့ သွေးထဲက အချိုကို တိုင်းတာဖ...
27/09/2023

ဆီးချိုသွေးချိုဝေဒနာရှင်များ ပုံမှန်စစ်ဆေးသင့်သော HbA1c 🩸

ဆီးချိုသွေးချိုရှိသူများဟာ သူတို့ရဲ့ သွေးထဲက အချိုကို တိုင်းတာဖို့အတွက် ဆီးစစ်ကြတယ်၊ လက်ထိပ်ကို အပ်လေးနဲ့ဖောက်ပြီး အချိုဓာတ်စစ်ဆေးလေ့ရှိကြပါတယ်။ ဒီစစ်ဆေးမှုတွေဟာ မှန်ကန်တိကျ ပေမယ့် အချိန်အတိုင်းအတာ တစ်ခု အတွက်ပဲ ဖြစ်ပါတယ်။ ဥပမာ ဆီးချိုသမားတစ်ယောက်ဟာ ကျန်တဲ့ နေ့တွေမှာ စိတ်ကြိုက်စားပြီး ဆရာဝန်ဆီ သွားပြရမယ့် ရက်မှာ တစ်နေကုန် ဘာမှမစားပဲ နေမယ်ဆိုရင်တော့ သူဟာ ဆရာဝန်ဆီရောက်လို့ ဆီးချို စစ်တဲ့အခါမှာတော့ ဆီးချိုကျနေမှာပါ။ ဒီစစ်ဆေးမှုတွေဟာ တစ်နေ့စာ အတွက်ပဲ မှန်ကန်ပါတယ်။
ဒါပေမယ့် 1980 ပြည့်နှစ်မှာတော့ HbA1c ဆိုတဲ့ စစ်ဆေးမှု တစ်ခုပေါ်လာပြီး အချိန်တိုအတွင်းမှာပဲ ဆီးချိုရောဂါ ထိန်းချုပ်ရေးမှာ အလွန်ပဲပေါက်ရောက်ခဲ့ပါတယ်။ သူရဲ့အလုပ်လုပ်ပုံကတော့ ကျွန်တော်တို့ ရဲ့ သွေးနီဥ ထဲမှာ hemoglobin လို့ ခေါ်တဲ့ အနီရောင်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဒီ hemoglobin ဟာ ခန္ဒာကိုယ် အနှံ့ အောက်စီဂျင်သယ်ယူပို့ဆောင်ဖို့ အကူအညီပေးပါတယ်။ ထူးခြားချက်တစ်ခုက ကျွန်တော်တို့ နေ့စဉ်စား သုံးလိုက်တဲ့ glucose တွေဟာ ဒီ Hemoglobin ကို လာကပ်ညှိပါတယ်။ ဒီလိုလာကပ်ညှိတဲ့ပမာဏကို hemoglobin ဟာ သုံးလလောက်အထိ မှတ်ထားနိုင်ပြီး သင်ဟာ ဒီသုံးလတာအတွင်း များများစားရင် HbA1c များနေမှာ ဖြစ်ပြီး ဆင်ခြင်ရင်တော့ HbA1c ကျနေမှာ ဖြစ်ပါတယ်။
သင်ဟာ တစ်ရက်လောက် ည ၁၀ နာရီနောက်ပိုင်း အစာမစားပဲ မနက် စောစောထဖောက်ကြည့် ၊ အချိုဓာတ်ကောင်းနေတာနဲ့ ဆီးချိုမရှိဘူးလို့ အတပ်ပြောလို့မရသလို အချိုဓာတ်မကောင်းရင်လဲ ဆီးချိုဖြစ် နေပါပြီလို့ အတပ်ပြောဖို့ ခက်ပါတယ်။ HbA1c ပေါ်လာခြင်းအားဖြင့် ဒီစစ်ဆေးမှုဟာ သင့်ရဲ့ ၃ လတာအတွင်း စားသုံးမှု အခြေအနေကို စစ်ဆေးပေးတာဖြစ်လို့ သင်ဟာ ဆီးချိုဖြစ်တော့မယ့်လူလား၊ ဆီးချို ဖြစ်နေပြီလား ဆိုတာကို ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။
သာမန် ဆီးချိုမရှိတဲ့လူမှာ HbA1c ဟာ 5.6 % ရဲ့ အောက်ဖြစ်ရပါမယ်။ 5.7% - 6.4% ကိုတော့ ဆီးချို ဖြစ်ခါနီး အဆင့်လို့ သတ်မှတ်ပြီး 6.5% နဲ့ အထက်ကိုတော့ ဆီးချိုလို့သတ်မှတ်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအနေနဲ့ ၃ လတစ်ကြိမ် HbA1c ကို စစ်ဆေးသင့်ပြီး အနည်းဆုံး တစ်နှစ်ကို နှစ်ကြိမ်တော့ HbA1c ကို စစ်ဆေးသင့်ပါတယ်။ HbA1c တက်နေပြီဆိုရင်တော့ သင်ဟာ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်တဲ့ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောများ ပျက်စီးခြင်း၊ မျက်စိပျက်စီး ကွယ်ပိတ်ခြင်း၊ ခြေလက်များထုံကျင်ခြင်း၊ အနာကျက်နှေးခြင်းစတဲ့ အချက်တွေ ကို ခံစားရဖို့ အတော်နီးနေပြီါ်ဖြစ်ပတယ်။ ဒါကြောင့် သင့်ဟာ ဆီးချိုရှိသူတစ်ဦး (သို့) အနည်းငယ်ဝနေသူ တစ်ဦး၊ အချိုကြိုက်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ HbA1c ကို မဖြစ်မနေစစ်ဆေးသင့်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုပြီးကောင်းတယ်ဆိုတဲ့ စကားလိုပဲ ရောဂါမဆိုးခင် အစာနဲ့ ထိန်းနိုင်စေရန် အကြံပေးလိုက် ပါတယ်။

🔸 HbA1c နဲ့ပတ်သက်ပြီး စစ်ဆေးမှုများ ကို "Shwe Clinical & Diagnostic Laboratory" တွင် အထူးဝန်ဆောင်မှုများဖြင့် အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။

☎️09250830382, 095167249, 09965167249,09964830382

🧪“ရွှေ” ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း

(၁) တိုက်-၄ ၊အခန်း -၃၄ ၊မြို့ပြ အိမ်ယာတောင်ဘက်ခြမ်း၊၈မိုင်လမ်းဆုံ၊ ပြည်လမ်း (၆) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

(၂) “အေးမြစန္ဒာ” ဆေးခန်း ၊အမှတ် (၂၀၂)၊ မင်းရဲကျော်စွာလမ်း နှင့် ဦးအောင်ဇေယျလမ်းထောင့်၊သမိုင်း(၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

(၃) အမှတ် (၄၇/B-5)၊ မဂ်လာခြံ၊မင်္ဂလာလမ်း၊ဖော့ကန် ရပ်ကွက်၊ အင်းစိန်မြို့နယ်။

📧: shwelaboratory01@gmail.com



Address

Room 34, Building 4, 8th Mile Junction, City Housing Complex (South), Pyay Road, Mayangone Township
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959965167249

Website

Alerts

Be the first to know and let us send you an email when Shwe Clinical & Diagnostic Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Clinical & Diagnostic Laboratory:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram