Shwe Tha Min - ရွှေသမင်ဆေးတိုက်

  • Home
  • Myanmar
  • Yangon
  • Shwe Tha Min - ရွှေသမင်ဆေးတိုက်

Shwe Tha Min - ရွှေသမင်ဆေးတိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Tha Min - ရွှေသမင်ဆေးတိုက်, Pharmaceutical Company, No. (2), Kan Thar Yar Street, Mayangone, Yangon.

🦌 “ကျီးပေါင်း” အတွက်ဆို အထိရောက်ဆုံး သက်သာပျောက်ကင်းစေတဲ့ “ရွှေသမင်”📋 နှစ်ပေါင်းကြာရှည်စွာ မယိမ်းယိုင်တဲ့ အရည်အသွေးနဲ့ အ...
29/11/2025

🦌 “ကျီးပေါင်း” အတွက်ဆို အထိရောက်ဆုံး သက်သာပျောက်ကင်းစေတဲ့ “ရွှေသမင်”
📋 နှစ်ပေါင်းကြာရှည်စွာ မယိမ်းယိုင်တဲ့ အရည်အသွေးနဲ့ အိမ်တိုင်းရဲ့ လက်စွဲ သမားတော်အဖြစ် ရပ်တည်နေတဲ့ “ရွှေသမင်” ရဲ့ အမာခံပရိသတ်တွေကို စစ်တမ်းလေး တစ်ခု ကောက်ကြည့်ချင်ပါတယ်။
⭕ သောက်ဆေး၊
⭕ လိမ်းဆေး၊
⭕ အထူးအုံဆေးနဲ့
⭕ ဆေးခါးပတ်၊
⭕ ဆေးခေါင်းအုံး
ဘယ် Product ကို အမြဲ အားပေးဖြစ်ပါသလဲ?
💭 ကိုယ့်အတွက် တကယ် အာနိသင် ပိုထိရောက်ပြီး သုံးစွဲမှီဝဲရတာ ပိုသင့်တော်တဲ့ တစ်ခုကို ကောမန့်မှာ ပြောပြပေးစေချင်ပါတယ်။
💌 “ရွှေသမင်” ကို ကာလနှစ်ရှည်တိုင်အောင် အားပေးနေသူတွေကိုလည်း ကျန်းမာသုခ၊ ချမ်းသာသုခနှင့် ပြည့်ဝပါစေကြောင်း မေတ္တာစာချွန်လွှာလေးပါ ပါးလိုက်ရပါတယ်။
#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး
#ဦးရဲမြင့်ရွှေသမင်

🦌 “ရွှေသမင်” အထူးအုံဆေးလေးက တိုင်းရင်းဆေးနယ်ပယ်ထဲမှာ အချိန်အတော်ကြာ ရပ်တည်နေခဲ့တာ ကြာပြီပဲ ဖြစ်ပါတယ်။⚠️ သို့ပေမယ့် ကျီးပ...
25/11/2025

🦌 “ရွှေသမင်” အထူးအုံဆေးလေးက တိုင်းရင်းဆေးနယ်ပယ်ထဲမှာ အချိန်အတော်ကြာ ရပ်တည်နေခဲ့တာ ကြာပြီပဲ ဖြစ်ပါတယ်။
⚠️ သို့ပေမယ့် ကျီးပေါင်း ရှိမှန်း လောလောလတ်လတ် သိထားရသူတွေ၊
⚠️ ကျီးပေါင်းရှိနေတဲ့ မိသားစုဝင်၊ အပေါင်းအသင်းတွေကို ဂရုစိုက်ပေးချင်သူတွေကတော့ ဒီ ကြပ်ထုပ်ဆေးလေး သုံးစွဲပုံအသေးစိတ်ကို မလေ့လာရသေးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
✔️ ဒါကြောင့် အထူးအုံဆေး သုံးစွဲပုံအသေးစိတ်ကို မသိသေးသူတွေ နားလည်မှတ်သားနိုင်အောင်၊ သိပြီးသားသူတွေလည်း မှတ်မိသွားအောင် အဆင့်အသေးစိတ်ကို ဝေမျှပေးလိုက်ပါတယ်။
၁။ သန့်စင်သော ဇလုံထဲသို့ အရက်ပြင်းပြင်းကို ထည့်ပါ။
၂။ “ရွှေသမင်” အထူးအုံဆေး အထုပ်ကို ဖောက်ပါ။
၃။ ဆေးထုပ်ကို ဇလုံထဲရှိ အရက်ဖြင့် (၁၀)မိနစ်ခန့် စိမ်ထားပါ။
၄။ ထို ဇလုံကို မိနစ်(၃၀)ခန့် ရေနွေးငွေ့ဖြင့် ပေါင်းပေးပါ။
(ကြပ်ထုတ်ကို ရေထဲတွင်မပြုတ်ရပါ။)
၅။ မိနစ်(၃၀) ပြည့်လျှင် ပေါင်းအိုးထဲမှထုတ်၍ ခဏအအေးခံပါ။
၆။ အပူခံနိုင်ရုံ အနေအထားရောက်လျှင် ဝေဒနာဖြစ်သောနေရာကို ကြပ်ထုပ်ထိုးနိုင်ပါပြီ။
🙌 အိမ်မှာ လူကြီးမိဘတွေကို ကူညီစောင့်ရှောက်ပေးချင်တာပဲ ဖြစ်ဖြစ်၊ ဆေးသောက်ဖို့ထက် ဆေးလိမ်းရတဲ့ အာနိသင်အပေါ် ပိုနှစ်သက်ရင်ပဲ ဖြစ်ဖြစ် “ရွှေသမင်” ရဲ့ ကြပ်ထုပ်ဆေးက အကောင်းဆုံးရွေးချယ်မှု တစ်ခုပါပဲနော်။ နီးစပ်ရာ ဆေးဆိုင်တွေမှာလည်း “ရွှေသမင်” ရဲ့ ဆေးဝါးတွေကို ဝယ်ယူအားပေးနိုင်ပါပြီ……💛
#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး
#ဦးရဲမြင့်ရွှေသမင်
#ကြပ်ထုပ်ဆေး #အသုံးပြုနည်း

💪 ဗလတောင့်တောင့်၊ ရုပ်ဖြောင့်ဖြောင့်နဲ့မလို့ အပြင်လူတွေ ငမ်းရသလောက်အိမ်မှာဆိုလည်း အဲ့ဒီဗလကြောင့် အထမ်းသမား ရာထူးရထားတဲ့သ...
12/11/2025

💪 ဗလတောင့်တောင့်၊ ရုပ်ဖြောင့်ဖြောင့်နဲ့မလို့ အပြင်လူတွေ ငမ်းရသလောက်
အိမ်မှာဆိုလည်း အဲ့ဒီဗလကြောင့် အထမ်းသမား ရာထူးရထားတဲ့သူတွေ ရှိကြလား?

👉 ရေဘူးသယ်လည်း ကိုယ်၊
👉 ပစ္စည်းအလေးအပင်တွေ ရွှေ့ပြောင်းမတင်လုပ်ရပြီဆိုလည်း ကိုယ်၊
👉 ထမ်းပိုးရတာမှန်သမျှ ကိုယ့်လက်နဲ့ မထိမနေရ ရာထူးပိုင်ရှင်တွေကတော့ ဟီးရိုး အခေါ်ခံရပေမယ့် လူတွေ မသိနိုင်တဲ့ အခက်အခဲလည်း သူတို့မှာ ရှိကြပါတယ်။

‼️ လက်ဆစ်၊ ခြေဆစ်တွေ နာတာ၊
‼️ ခါးတွေကိုက်လာတာ၊
‼️ ဒဏ်ဖြစ်ပြီး ကိုက်ခဲလာတာမျိုးတွေပေါ့။
ဒီလိုအခြေအနေတွေကို ဆိုးသထက် ဆိုးတာမျိုး မဖြစ်ရလေအောင် “ရွှေသမင်” ရဲ့ တိုင်းရင်းဆေးတွေနဲ့ ကုသမှု ခံယူလိုက်ပါ။

🦌 ကျီးပေါင်းမဖြစ်ရင်တောင်မှ နာကျင်ကိုက်ခဲမှုဝေဒနာတွေကို လျော့ပါးစေနိုင်မယ့် အာနိသင်က အပြည့်ရှိတာမလို့ သောက်‌ဆေး၊ လိမ်းဆေး၊ ဆေးခါးပတ်၊ ဆေးခေါင်းအုံး၊ အထူးအုံဆေး နှစ်သက်ရာရွေးချယ်ကာ နာကျင်မှုတွေကို လျော့ချနိုင်ပါတယ်။
ကဲ အိမ်မှာ ဘာလာလာသယ်ပေးရင်း ဟီးရိုးရာထူးကို ဆက်လက်ထမ်းဆောင်နိုင်ဖို့ “ရွှေသမင်” တိုင်းရင်းဆေးတွေကိုသာ မမေ့မလျော့ ဆောင်ထားလိုက်တော့ဗျို့…💛

#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး
#ဦးရဲမြင့်ရွှေသမင်

🌕 တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)🪔 ဆီမီးသဖွယ် နွေးထွေးသာယာသော တန်ဆောင်မုန်းလပြည့်လေးကို ပိုင်ဆိုင်ကြပါစေ။မင်္ဂ...
03/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)

🪔 ဆီမီးသဖွယ် နွေးထွေးသာယာသော တန်ဆောင်မုန်းလပြည့်လေးကို ပိုင်ဆိုင်ကြပါစေ။

မင်္ဂလာအပေါင်းခညောင်းသော လပြည့်နေ့အခါသမယမှာ “ရွှေသမင်”ရဲ့ မိတ်ဟောင်းမိတ်သစ်၊ ပြည်သူများအားလုံး ကျန်းမာရေးသုခနှင့် ပြည့်စုံကြပါစေ။ ကိုယ်ရောစိတ်ပါ သာယာရွှင်လန်း၍ ကောင်းကျိုးအဖြာဖြာကို လက်ခံရရှိကြစေဖို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်…💛

#ရွှေသမင် #ဦးရဲမြင့်ရွှေသမင်
#တန်ဆောင်မုန်း #တန်ဆောင်တိုင်

🙌 ရွှေသမင်ရဲ့ Product ထဲမှာ နာမည် နှစ်မျိုးနဲ့ နှစ်ကိုယ်ခွဲယောင်ဆောင်ထားတဲ့ ဆေးတစ်ခုရှိပါတယ်။သူကတော့ အထူးအုံဆေး (ခေါ်) က...
01/11/2025

🙌 ရွှေသမင်ရဲ့ Product ထဲမှာ နာမည် နှစ်မျိုးနဲ့ နှစ်ကိုယ်ခွဲယောင်ဆောင်ထားတဲ့ ဆေးတစ်ခုရှိပါတယ်။
သူကတော့ အထူးအုံဆေး (ခေါ်) ကြပ်ထုပ်ဆေးလေးပဲ ဖြစ်ပါတယ်။

🟡 တစ်ခါတလေ ဆိုင်မှာ လာမေးဝယ်ကြရင် အထူးအုံဆေးမှ သိတဲ့သူ၊
ကြပ်ထုပ်ဆေးလို့ ခေါ်မှ အမှန်ထင်သူတွေလည်း ရှိကြပါတယ်။

🤗 ဘယ်လိုပဲ ခေါ်ခေါ် နာမည်နှစ်မျိုးလုံးက အမှန်ပဲမလို့ အဖွဲ့ကွဲပြီး အငြင်းပွားနေဖို့ မလိုဘဲ မိတ်ဆွေတို့ စိတ်အားထက်သန်တဲ့ နာမည်ကိုသာ ခေါ်ပြီးရွေးဝယ်နိုင်ပါတယ်နော်။

💬 လူကြီးမင်းတို့ရော ဒီဆေးကို ဘယ်လိုပြောပြီး ဝယ်ဖြစ်ကြပါသလဲ?
အထူးအုံဆေးလား? ကြပ်ထုပ်ဆေးလား?

🎁 အဖြေပေးခဲ့သူတွေထဲက Random (၅) ဦးကို ရွေးချယ်ကာ ဖုန်းဘေလ် (၅၀၀၀) လက်ဆောင်ပေးသွားမှာမလို့ ကောမန့်မှာ ပါဝင်ပေးသွားခဲ့ပါဦးနော်…💛

#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး
#ဦးရဲမြင့်ရွှေသမင်

🙏🏻 ဘဝမှာ နေ့ရက်တိုင်းကို ကျန်းကျန်းမာမာဖြတ်သန်းရတာက ကောင်းချီးတစ်ခုလိုပါပဲ။👨‍👩‍👦 ရောဂါပြဿနာများစွာ ပေါ်ပေါက်နေတဲ့ အခုလို...
29/10/2025

🙏🏻 ဘဝမှာ နေ့ရက်တိုင်းကို ကျန်းကျန်းမာမာဖြတ်သန်းရတာက ကောင်းချီးတစ်ခုလိုပါပဲ။

👨‍👩‍👦 ရောဂါပြဿနာများစွာ ပေါ်ပေါက်နေတဲ့ အခုလိုခေတ်ကြီးမှာ ကိုယ်ချစ်ရတဲ့ မိဘနှစ်ပါးနဲ့ မိသားစုဝင်တွေ ကျန်းမာသန်စွမ်းဖို့ ရံဖန်ရံခါ စိတ်ပူရတတ်တယ်လေ။ သဘာဝတရားတွေကြောင့် နေ့စဉ်နေထိုင်မှုဘဝမှာ အခက်မတွေ့ရအောင် သူတို့ရဲ့ ကျန်းမာရေးကို ထိန်းသိမ်းဂရုစိုက်ပေးချင်တာကလည်း သားသမီးတိုင်းရဲ့ ဆန္ဒတစ်ခုပါ။

အထိုင်အထတွေဆို ခါးနာခါးကိုက်တတ်တဲ့ ဖေဖေ၊ အိမ်မှုကိစ္စတွေလုပ်ရင်း ကိုယ်လက်တွေ ကိုက်ခဲနာကျင်တတ်တဲ့ မေမေတို့အတွက် ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးချင်မိတယ်။

▫ အစားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့တင် မလုံလောက်တဲ့ လူကြီးမိဘတွေရဲ့ ဝေဒနာဒဏ်ကို အဘက်ဘက်ကနေ လျှော့ချကုသပေးနိုင်ဖို့ “ရွှေသမင်”ဆေးဝါးပစ္စည်းတွေက ကျွန်တော့်အတွက် ကူညီဖော်ကူညီဖက်လေးပါပဲ။

ဒါကြောင့် ကျွန်တော့်မိသားစုဘဝအတွက် ကိုယ်ခန္ဓာကျန်းမာရေး အဖြာဖြာကို ဖြည့်ဆည်းပံ့ပိုးပေးဖို့ရာ ဆေးအာနိသင် ထိရောက်မှုရှိတဲ့ “ရွှေသမင်”ကိုပဲ ကျန်းမာရေးလက်တွဲဖော်လေးအဖြစ် အစဉ်အမြဲလက်တွဲထားဖြစ်ပါတယ်…🤎

#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး #ဦးရဲမြင့်ရွှေသမင်

29/10/2025
✨ ပျော်ရွှင်စရာ ဒီပါဝလီ အားလပ်ရက်လေး ဖြစ်ပါစေ။🪔 ဟိန္ဒူဘာသာဝင်တိုင်း တန်ဖိုးထားရတဲ့ ဒီပါဝလီပွဲတော်ကို ဆီမီးလေးတွေ ထွန်းညှ...
20/10/2025

✨ ပျော်ရွှင်စရာ ဒီပါဝလီ အားလပ်ရက်လေး ဖြစ်ပါစေ။

🪔 ဟိန္ဒူဘာသာဝင်တိုင်း တန်ဖိုးထားရတဲ့ ဒီပါဝလီပွဲတော်ကို ဆီမီးလေးတွေ ထွန်းညှိကာ ချစ်ခင်ရသူများနှင့် အတူ ကြည်နူးပျော်ရွှင်စွာ ကုန်ဆုံးဖြတ်သန်းနိုင်ပါစေ။

ကျန်းမာသုခ၊ ချမ်းသာသုခ ပြီးပြည့်စုံကာ လိုရာဆန္ဒအားလုံး ပြည့်ဝကြပါစေကြောင်း “ရွှေသမင်” မှ တောင်းဆုမေတ္တာပို့သလိုက်ပါတယ်…💛

#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး
#ဦးရဲမြင့်ရွှေသမင်
#ဒီပါဝလီ

🙌 စတိုင်ကျဖို့ထက် ဝေဒနာတွေကိုတော့ သိသိသာသာကျစေမယ့် ခါးပတ်မျိုးကို အလိုရှိပါသလား?ဒါဆိုရင် “ရွှေသမင်” ရဲ့ ဆေးခါးပတ်ကိုသာ အ...
11/10/2025

🙌 စတိုင်ကျဖို့ထက် ဝေဒနာတွေကိုတော့ သိသိသာသာကျစေမယ့် ခါးပတ်မျိုးကို အလိုရှိပါသလား?
ဒါဆိုရင် “ရွှေသမင်” ရဲ့ ဆေးခါးပတ်ကိုသာ အပြေးလေး ဝယ်လိုက်ပါ။

⏰ သဘာဝရဲ့ ဆေးမြစ်၊ သစ်ဥ၊ သစ်ဖုတွေနဲ့ ဖန်တီးထားတဲ့ ဆေးခါးပတ်ကို အရေပြားနဲ့ ထိတွေ့မှုရှိအောင် ဆေးထုပ်ကို ထားပြီး တင်းတင်းကျပ်ကျပ် တစ်ရက် (၆) နာရီ အနည်းဆုံးပတ်ထားပေးမယ်ဆိုရင် ကျီးပေါင်းကြောင့် ကိုက်ခဲနေရတဲ့ဒဏ်တွေကို သိသိသာသာ လျော့ပါးလာစေမှာပါ။

⏳ ခါးပတ်ပြီးတိုင်း ဆေးထုတ်ကို ပလပ်စတစ်ဖြင့် လုံခြုံစွာ သိမ်းပြီး (၃) လမှ (၅) လအထိ ပြန်အသုံးပြုနိုင်တာမလို့ တွက်ခြေလည်းကိုက်၊ ပေါ့ပါးလွတ်လပ်စွာနဲ့လည်း မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်ဖို့ ဒီဆေးခါးပတ်လေးက အကျိုးပြုနိုင်ပါတယ်။

ကဲ ဒီတော့ စတိုင်မကျတောင် ကျီးပေါင်းနဲ့ပတ်သက်တဲ့ ဝေဒနာတွေကိုတော့ လျော့ကျချင်တယ်ဆို ဆေးခါးပတ်လေးကို အခုပဲ ဆောင်လိုက်တော့နော်…💛

#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး
#ဦးရဲမြင့်ရွှေသမင်

🪔 ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းသော သီတင်းကျွတ်ပိတ်ရက်လေးဖြစ်ပါစေ။🙏🏻 သီတင်းကျွတ်လပြည့်နေ့ "အဘိဓမ္မာအခါတော်နေ့"ဟာ တာဝတိ...
05/10/2025

🪔 ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းသော သီတင်းကျွတ်ပိတ်ရက်လေးဖြစ်ပါစေ။

🙏🏻 သီတင်းကျွတ်လပြည့်နေ့ "အဘိဓမ္မာအခါတော်နေ့"ဟာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူလာသော မြတ်စွာဘုရားအား ရည်စူးပူဇော်ခြင်းကို သတ်မှတ်ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ယခုလို ထူးမြတ်လှသော အခါသမယမှာ ဗုဒ္ဓဘာသာဝင်မိဘပြည်သူများအားလုံး မွန်မြတ်သော ကောင်းမှုကုသိုလ်များ ပွားများပြုလုပ်နိုင်ကြစေဖို့ “ရွှေသမင်”မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်….🤎

#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး #ဦးရဲမြင့်ရွှေသမင်
#သီတင်းကျွတ်

🕯️ ကဲ သီတင်းကျွတ် ရောက်ပါပြီ။“ရွှေသမင်” ရဲ့ သီတင်းကျွတ် မုန့်ဖိုးတွေ ယူဖို့ အသင့်ပဲလား? ဒီနှစ်တော့ ရိုးရိုးရှင်းရှင်းလေး...
04/10/2025

🕯️ ကဲ သီတင်းကျွတ် ရောက်ပါပြီ။
“ရွှေသမင်” ရဲ့ သီတင်းကျွတ် မုန့်ဖိုးတွေ ယူဖို့ အသင့်ပဲလား?

ဒီနှစ်တော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။
🦌 အိမ်က လေးစားမြတ်နိုးရတဲ့ လူကြီးတွေကို “ရွှေသမင်” ဆေးဘူးလေးနဲ့ ကန်တော့ထားတဲ့ ဓာတ်ပုံလေးကို ရိုက်၊ ကောမန့်မှာ ပါဝင်ပေးရုံပါပဲ။ (သုံးလက်စ ဆေးဘူးနဲ့ ကန်တော့ရင်း ပါဝင်လို့လည်း ရတယ်နော်။) ပြီးရင်တော့ ဒီပိုစ့်လေးကိုပါ Like & Share လေး လုပ်ပေးခဲ့ပါ။

💵 ပါဝင်ဆင်နွှဲပေးသူတွေထဲက (၅) ဦးကို Random ရွေးချယ်ကာ မုန့်ဖိုး (၃) သောင်းစီ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီတော့ “ရွှေသမင်” လေးနဲ့ ကန်တော့ကာ သီတင်းကျွတ်မုန့်ဖိုးတွေ ယူနိုင်ဖို့ အခုပဲ ခပ်သွက်သွက်လေး ဝင်နွှဲလိုက်တော့နော်..💛

#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး
#ဦးရဲမြင့်ရွှေသမင်
#သီတင်းကျွတ် #မုန့်ဖိုး

🤭 ခါးကျီးပေါင်းအတွက် ဆေးလိမ်းပေးမယ့်သူမရှိရင် “ရွှေသမင်” သောက်ဆေးရှိတယ်နော်။ခါးကျီးပေါင်းဝေဒနာခံစားရတဲ့အခါ ဆေးလိမ်းရခက်ခ...
26/09/2025

🤭 ခါးကျီးပေါင်းအတွက် ဆေးလိမ်းပေးမယ့်သူမရှိရင် “ရွှေသမင်” သောက်ဆေးရှိတယ်နော်။

ခါးကျီးပေါင်းဝေဒနာခံစားရတဲ့အခါ ဆေးလိမ်းရခက်ခဲနေပြီလား?

✨ တစ်ယောက်တည်းဖြစ်နေလည်း “ရွှေသမင်”သောက်ဆေးက နာကျင်ကိုက်ခဲမှုတွေကို အန်တုပေးဖို့အသင့်ရှိနေတယ်နော်။

💊 သဘာဝသစ်ဥသစ်ဖုများမှ ဆေးအာနိသင်ဖြင့် ဖော်စပ်ပေးထားတဲ့ “ရွှေသမင်”ကျီးပေါင်းဆေးများက ကျီးပေါင်းရောဂါရဲ့ နောက်ဆက်တွဲဝေဒနာများ၊ နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ ထုံကျင်ကိုက်ခဲမှုများကို အထိရောက်ဆုံး ကုသပေးနိုင်ပါတယ်။

ဒါကြောင့် ကျီးပေါင်းဒဏ်တွေအတွက် “ရွှေသမင်”လိမ်းဆေးရည်နဲ့ နှိပ်နယ်ပေးမယ့်သူမရှိရင် “ရွှေသမင်”ကျီးပေါင်းသောက်ဆေးကိုသာ မှီဝဲအားကိုးလိုက်ပါ…🤎

#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လိမ်းဆေး #အထူးအုံဆေး
#ဆေးခါးပတ် #ဆေးခေါင်းအုံး #ဦးရဲမြင့်ရွှေသမင်

Address

No. (2), Kan Thar Yar Street, Mayangone
Yangon
11061

Telephone

+9598638428

Website

Alerts

Be the first to know and let us send you an email when Shwe Tha Min - ရွှေသမင်ဆေးတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Tha Min - ရွှေသမင်ဆေးတိုက်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram