02/02/2025
🐟𝐅𝐢𝐬𝐡 𝐨𝐢𝐥 လား ? 𝐂𝐨𝐝 𝐋𝐢𝐯𝐞𝐫 𝐨𝐢𝐥 လား ?🐟
🔎 ကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ 𝐎𝐦𝐞𝐠𝐚 𝟑 အကျိုးပြု အဆီဓာတ်တွေ အများကြီးပါဝင်တဲ့ ပင်လယ်ငါးတွေကနေ ထုတ်ထားတဲ့ ဖြည့်စွက်ဆေးလေးတွေအကြောင်း လေ့လာကြည့်ကြမယ်နော်။
🐟 ငါးအဆီ 𝐅𝐢𝐬𝐡 𝐎𝐢𝐥 နှင့် ငါးကြီးဆီ 𝐂𝐨𝐝 𝐋𝐢𝐯𝐞𝐫 𝐎𝐢𝐥 ဆိုတာမှာ ဘာတွေကွာခြားလဲဆိုရင်
🔼 ငါးအဆီ 𝐅𝐢𝐬𝐡 𝐨𝐢𝐥 ကို 𝐦𝐚𝐜𝐤𝐞𝐫𝐞𝐥, 𝐭𝐮𝐧𝐚, 𝐬𝐚𝐥𝐦𝐨𝐧, 𝐬𝐚𝐫𝐝𝐢𝐧𝐞𝐬, 𝐦𝐮𝐥𝐥𝐞𝐭 စတဲ့ ပင်လယ်ငါးများကနေ ထုတ်လုပ်ထားပါတယ်။
🔼 𝐂𝐨𝐝 𝐋𝐢𝐯𝐞𝐫 𝐨𝐢𝐥/𝐂𝐨𝐝 𝐟𝐢𝐬𝐡 𝐨𝐢𝐥 ဆိုတာကတော့ 𝐂𝐨𝐝 𝐟𝐢𝐬𝐡 ဆိုတဲ့ အတ္တလန်တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာတွေထဲက ပင်လယ်ငါးကြီးမျိုးရဲ့ အသည်းမှ ထုတ်ယူထားရတဲ့ အဆီအနှစ် ဖြစ်ပါတယ်။
📌 ဒီ ငါးအဆီအနှစ် နှစ်မျိုးစလုံးဟာ 𝐎𝐦𝐞𝐠𝐚 𝟑 လို့ခေါ်တဲ့ အဆီထဲမှာ လူကို အကျိုးပြုဆုံး 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐟𝐚𝐭𝐭𝐲 𝐚𝐜𝐢𝐝 တွေ အများကြီး ပါဝင်ကြပါတယ်။
- 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 ဆိုတဲ့သဘောဟာ ခန္ဓာကိုယ်ထဲမှာ မထုတ်လုပ်နိုင်လို့ ပြင်ပကနေ ဖြည့်စွက်စားသုံးဖို့လိုတဲ့ အဆီတွေ ဖြစ်ပါတယ်။
- ဒါကြောင့်မို့ တစ်ပတ်မှာ ၂ ကြိမ်လောက် ပင်လယ်ငါးကို မစားသုံးဖြစ်ရင် ဒီလိုဖြည့်စွက်ဆေးတွေကို သုံးနိုင်ပါတယ်။
- ဒါပေမယ့် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှပဲ စနစ်တကျ သုံးစွဲသင့်ပါတယ်။
- 𝐂𝐨𝐝 𝐋𝐢𝐯𝐞𝐫 𝐎𝐢𝐥 ကတော့ ဗီတာမင်-အေ နှင့် ဗီတာမင်-ဒီတို့ပါ ပိုမိုပါဝင်တာကြောင့် ကျန်းမာရေးအတွက် ပိုအထောက်အကူပေးပါတယ်။
- သို့သော်လည်း တန်ဆေး၊ လွန်ဘေးဆိုသလို အများအပြား သောက်မိတဲ့အခါ ဗီတာမင်ဓာတ် လွန်ကဲမှုတွေ ဖြစ်နိုင်တာကိုလည်း သတိပြုရပါမယ်။
📌 𝐎𝐦𝐞𝐠𝐚 𝟑 ဆိုတာဘာလဲ?
- 𝐎𝐦𝐞𝐠𝐚 𝟑 ဆိုတဲ့ အဆီဓာတ်မှာ 𝐀𝐋𝐀 (𝐀𝐥𝐩𝐡𝐚-𝐥𝐢𝐧𝐨𝐥𝐞𝐧𝐢𝐜 𝐚𝐜𝐢𝐝), 𝐄𝐏𝐀 (𝐄𝐜𝐨𝐬𝐚𝐩𝐞𝐧𝐭𝐚𝐞𝐧𝐨𝐢𝐜 𝐚𝐜𝐢𝐝) နှင့် 𝐃𝐇𝐀 (𝐃𝐨𝐜𝐨𝐬𝐚𝐡𝐞𝐱𝐚𝐞𝐧𝐨𝐢𝐜 𝐚𝐜𝐢𝐝) ဆိုပြီး အုပ်စု ၃ခု ရှိပါတယ်။
- 𝐀𝐋𝐀 က အပင်နှင့် အစေ့အဆံတွေ (𝐞𝐠., သစ်ကြားသီး၊ ပဲပုပ်၊ ကီဝီသီး) ကနေရရှိပြီး 𝐄𝐏𝐀 နှင့် 𝐃𝐇𝐀 တွေကို ဒီလိုမျိုး 🐟ပင်လယ်ငါးများနှင့် ငါးကြီးဆီ ဖြည့်စွက်ဆေးများကနေ ရရှိနိုင်ပါတယ်။
💡 ငါးရဲ့ အဆီအနှစ်တွေကနေရတဲ့ အကျိုးကျေးဇူးတွေအနေနဲ့...
- အစာစားချင်စိတ်ကို လှုံ့ဆော်ပေးခြင်း၊
- အရိုး နှင့် သွားများ သန်မာစေခြင်း၊ အရိုးပျော့ရောဂါ၊ အရိုးကျိုးလွယ်ခြင်းများကို ကာကွယ်ခြင်း၊
- ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားကို မျက်စိ နှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးခြင်း၊
- သွေးခုန်နှုန်းကို မှန်စေခြင်း
- ကိုယ်ခံအားကို မြင့်စေခြင်း
- ကိုယ်တွင်းအဆီပိုများ ဖယ်ရှားခြင်း
- ရောင်ရမ်းခြင်း နှင့် ကြွက်သားနာကျင်ခြင်းများကို ကာကွယ်ပေးခြင်း စတာတွေ ရရှိနိုင်ပါတယ်။
⚠️ ဘေးထွက်ဆိုးကျိုးများအဖြစ်...
- ခံတွင်းအနံ့ဆိုးခြင်း၊
- လေတက်ခြင်း၊
- ရင်ပူခြင်း၊
- ဝမ်းပျက်ခြင်းစတဲ့ အချက်တွေ ဖြစ်လာတတ်ပါတယ်။
💊 ငါးကြီးဆီများကို တစ်နေ့လျှင် ၃ဂရမ် မှ ၉ဂရမ်အထိသာ သုံးစွဲသင့်ပါတယ်။
💡 ငါးကြီးဆီကို ဝယ်မသောက်နိုင်ရင် ပင်လယ်ငါး နှင့် အဆီများများပါတဲ့ငါးအမျိုးမျိုး ကို စားသုံးပါ။
💡 ငါးတွေက ဦးနှောက် နှင့် မှတ်ဥာဏ်စွမ်းအားကို ကောင်းစေတဲ့ အစားအစာတွေလည်းဖြစ်လို့ စိတ်ကျခြင်း၊ စိတ်ကစဥ့်ကလျားရောဂါ၊ အယ်လဇိုင်းမားရောဂါစတဲ့ ပြဿနာတွေအတွက်လည်း ကူညီပေးပါတယ်။
💡 တခါတရံမှာ ငါးကြီးဆီကို နှလုံးသွေးကြော ခွဲစိတ်မှု အပြီးမှာ ပိတ်နေတဲ့ သွေးကြောတွေ ပြန်လည်သန်စွမ်းဖို့၊ သွေးခဲမလွယ်ဖို့ နဲ့ သွေးပေါင်ချိန်တက်ခြင်းကို ကာကွယ်ဖို့ သုံးကြပါသေးတယ်။
⚠️ ဘယ်လိုလူမျိုးတွေမှာ မသုံးသင့်ဘူးလဲ?
- ရင်ပြည့်ခြင်း၊
- မအီမသာ ပျို့အန်ခြင်း၊
- နှာခေါင်းသွေးလျှံတတ်ခြင်း၊
- အဖုအပိန့် ထွက်လွယ်ခြင်းများရှိပါက ငါးကြီးဆီကို မစားသုံးသင့်ပါ။
- သွေးခဲစေတဲ့ ဆေးမျိုးတွေသုံးနေရင်လည်း ငါးကြီးဆီနဲ့ တွဲဖက်မစားသင့်ပါဘူး။
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞:𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐡𝐞𝐚𝐥𝐭𝐡𝐥𝐢𝐧𝐞.𝐜𝐨𝐦/𝐡𝐞𝐚𝐥𝐭𝐡/𝐜𝐨𝐝-𝐥𝐢𝐯𝐞𝐫-𝐨𝐢𝐥-𝐯𝐬-𝐟𝐢𝐬𝐡-𝐨𝐢𝐥
🥰sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့်
#ကျန်းမာရေး
#နှလုံးသွေးကြောကျဥ်း
#နှလုံးသွေးကြောပိတ်
#ငါးကြီးဆီ