Balance Applied Behavior Analysis Center

Balance Applied Behavior Analysis Center Autism, Special needs, Developmental Delay, Applied Behavior Analysis

🌟မရမ်းကုန်းမြို့နယ် (ကိုးမိုင် Ocean Super Market အနီးရှိ) BALANCE – A.B.A. Center တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးမျ...
18/11/2025

🌟မရမ်းကုန်းမြို့နယ် (ကိုးမိုင် Ocean Super Market အနီးရှိ) BALANCE – A.B.A. Center တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများလျှောက်ထားနိုင်ပါသည်။

✨Assistant Teacher (သို့မဟုတ်) Therapist Assistants (Male /Female) (4 posts)

🧩 BALANCE ABA Center သည် USA မှ Board Certified Behavior Analyst တစ်ဦးဖြစ်သည့် ဆရာမဒေါ်နန္ဒာမင်းမှ ဦးစီးပြီး အထူးလေ့ကျင့်သင်ကြားဖို့လိုအပ်သည့် ကလေးများကို therapy training ပေးတဲ့ Center တစ်ခုဖြစ်ပါသည်။ အော်တစ်ဇင်မ်၊ အာရုံစိုက်မှုအားနည်းသော ကလေးငယ်များ (e.g., ADHD), ဖွံ့ဖြိုးမှုနောက်ကျသောကလေးများ၊ အပြုအမူများတိုးတက်ရန်လိုအပ်သော ကလေးများကို အနီးကပ်လေ့ကျင့်သင်ကြားပေးရပါမည်။

⭐️အတွေ့အကြုံရှိရန်မလိုပါ။ Training ပေးပါသည်။

☀️အသက် (18) နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။ (အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများ လျှောက်ထားနိုင်ပါသည်။)

☀️တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

✨ကလေးများအပေါ် စိတ်ရှည်သီးခံနိုင်သူဖြစ်ရမည်။
အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်ရမည်။
အကျင့်စာရိတ္တကောင်းမွန်ရမည်။
Professional ကျကျ အလုပ်ကြိုးစားသူများကို ကြိုဆိုပါသည်။

📅၂၅. ၁၁. ၂၀၂၅ နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

✍️လျှောက်လွှာများကို Viber No. 09 792 877 554 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

📆ရွေးချယ်ခံရသူများကို အင်တာဗျူးရက် ပေးပို့သွားပါမည်။
အသေးစိတ်သိလိုသည်များကို Viber သို့မဟုတ် ဖုန်းဆက်၍ ရုံးချိန်အတွင်းမေးမြန်းနိုင်ပါသည်။

Phone: 09 792 877 554 (Viber)

⏱️ရုံးချိန် : မနက် ၈း၃၀ မှ ညနေ ၄း၃၀ အထိ

ရုံးဖွင့်ရက်။ တနင်္လာနေ့ မှ သောကြာနေ့အထိ

စနေ၊ တနင်္ဂနွေ ရုံးပိတ်ပါသည်။ (ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်းသာ ဖုန်းနှင့် စာများ ဖြေကြားပေးနိုင်ကြောင်း အသိပေးအပ်ပါသည်။)

BALANCE - ABA Center
အမှတ် (၉)၊ စပါယ်လမ်း၊ မစိုးရိမ်လမ်းသွယ် (၂)၊ (၅) ရပ်ကွက်၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။ (ကိုးမိုင် Ocean အနီး)

#အလုပ်အကိုင်
#အလုပ်






#ဝန်ထမ်း
#မရမ်းကုန်း
#အတွေ့အကြုံမလို





12/10/2025

မိတ်ဆွေတို့ရေ… ကလေးတွေရဲ့ လေ့လာသင်ယူမှုကို အောင်မြင်အောင် ဘယ်လိုကူညီမလဲ❓

ABA ကုထုံးမှာ အသုံးပြုတဲ့ ‘Prompt Fading’ နည်းလမ်းဟာ Autism၊ ADHD နဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကလေးတွေအတွက် အထူးကောင်းမွန်ပါတယ်။ ဒီနည်းက ကလေးတွေကို အချိန်တိုအတွင်း စွမ်းရည်အသစ်တွေ သင်ယူနိုင်အောင် ကူညီပေးပြီး ကိုယ့်အားကိုယ်ကိုးစိတ် ရှိလာစေဖို့ ရည်ရွယ်ပါတယ်။

ကလေးရဲ့ လူမှုဆက်ဆံရေး၊ ဆက်သွယ်ရေးနဲ့ အပြုအမူဆိုင်ရာ စွမ်းရည်တွေ တိုးတက်စေဖို့ ABA က အရမ်းအထောက်အကူပြုပါတယ်။

ကလေးရဲ့ အနာဂတ်အတွက် ပထမခြေလှမ်းလေးကို စတင်လိုက်ကြရအောင်။ မိဘများအနေနဲ့ ပိုမိုသိရှိလိုပါက အနီးစပ်ရုံးက BCBA ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

(References: Prompt Fading နည်းလမ်းများအတွက် Cooper, Heron, & Heward (2020) ၏ "Applied Behavior Analysis" စာအုပ်ကို ရည်ညွှန်းပါသည်။)

12/10/2025

မိဘများ၊ စောင့်ရှောက်သူများအတွက်…
"မှားမှုကင်းရှင်းစွာ သင်ကြားပေးခြင်း (Errorless Teaching)" သည် Autism Spectrum Disorder (ASD), Attention Deficit Hyperactivity Disorder (ADHD) နှင့် ဖွံ့ဖြိုးမှုနှောင့်နှေးသူများအတွက် Applied Behavior Analysis (ABA) ထဲမှ အထူးအရေးပါသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဤနည်းလမ်းဖြင့် အမှားမရှိစေရန် အစဉ်ထောက်ပံ့ကူညီပြီး သင်ယူမှုအောင်မြင်မှုများရရှိစေပါတယ်။

ယုံကြည်မှုနဲ့ တည်ငြိမ်မှုရှိသော သင်ကြားမှုကလေးတွေရဲ့ အပြုအမူ၊ လူမှုဆက်ဆံရေးနဲ့ ဆက်သွယ်ပြောဆိုသင်ယူမှုတွေကို ဖွံ့ဖြိုးစေပါတယ်။

မိဘတစ်ဦးအနေနဲ့ သင်၏ကလေးအတွက် errorless technique နဲ့ ဘယ်လိုကူညီနိုင်သလဲ သိချင်ပါသလား? ABA နည်းပညာများအကြောင်းပိုမိုလေ့လာကြည့်ပါ။

📚 မျှော်မှန်းချက်ရှိ၊ အောင်မြင်မှုမျှော်လင့်နိုင်ပါစေ။

References:
- Terrace, H. S. (1963). Errorless learning in the discrimination learning of pigeons. Science.
- Sulzer-Azaroff, B., & Mayer, G. R. (1991). Behavior analysis for lasting change.

မရမ်းကုန်းမြို့နယ် (ကိုးမိုင် Ocean Super Market အနီးရှိ) BALANCE – A.B.A. Center တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးမျာ...
26/09/2025

မရမ်းကုန်းမြို့နယ် (ကိုးမိုင် Ocean Super Market အနီးရှိ) BALANCE – A.B.A. Center တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများလျှောက်ထားနိုင်ပါသည်။

Therapist Assistants (Male /Female) (4 posts)

အတွေ့အကြုံရှိရန်မလိုပါ။ Training ပေးပါသည်။

အသက် (18-35) နှစ် အတွင်း ဖြစ်ရပါမည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

ကလေးများအပေါ် စိတ်ရှည်သီးခံနိုင်သူဖြစ်ရမည်။

အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်ရမည်။

အကျင့်စာရိတ္တကောင်းမွန်ရမည်။

Professional ကျကျ အလုပ်ကြိုးစားသူများကို ကြိုဆိုပါသည်။

7th October 2025 နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာများကို
Viber No. 09 792 877 554 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

ရွေးချယ်ခံရသူများကို အင်တာဗျူးရက် ပေးပို့သွားပါမည်။

အသေးစိတ်သိလိုသည်များကို Viber သို့မဟုတ် ဖုန်းဆက်၍ ရုံးချိန်အတွင်းမေးမြန်းနိုင်ပါသည်။

Phone: 09 792 877 554 (Viber)
Office hours : 8:30 am to 4:30 pm

(Open Monday through Friday)
(Closed on Saturday, Sunday and public holidays).

BALANCE - ABA Center
အမှတ် (၉)၊ စပါယ်လမ်း၊ မစိုးရိမ်လမ်းသွယ် (၂)၊ (၅) ရပ်ကွက်၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။ (ကိုးမိုင် Ocean အနီး)






#အလုပ်အကိုင်
#ဝန်ထမ်း
#မရမ်းကုန်း



It's time for a pajama party! Slip into your favorite PJs and join us for movies, games, snacks, and nonstop laughter. T...
18/08/2025

It's time for a pajama party! Slip into your favorite PJs and join us for movies, games, snacks, and nonstop laughter. The only dress code is comfort, and the only goal is making fun memories!

18th August, 2025

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေရှင့်BALANCE (ABA Center) မှ Special needs သားသား/မီးမီးရှိသော မိဘ၊ ဘိုးဘွား၊ အုပ်ထိန်း...
21/06/2025

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေရှင့်

BALANCE (ABA Center) မှ Special needs သားသား/မီးမီးရှိသော မိဘ၊ ဘိုးဘွား၊ အုပ်ထိန်းသူများမကို စတင်ဖွင့်လှစ်သည့် ၂၀၂၀ ခုနှစ်မှ ယနေ့တိုင် (အခမဲ့) ဆွေးနွေးပေးခဲ့တာဆိုရင် Special Needs ကလေး အယောက် (၁၀၀) ကျော်သွားပြီဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို ဆက်လက်ပြီးတော့ ပိုမိုကောင်းအောင်လုပ်ဆောင်လုပ်ဆောင်နိုင်ဖို့လည်းမျှော်လင့်ပါတယ်။

အခုအစီအစဉ်ကိုဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးကြတဲ့ ဆရာ/မများ၊ Admin Team member များကို ကျေးဇူးအများကြီးတင်ပါတယ်။ အဓိက ဆွေးနွေးပေးတဲ့ Behavior Analyst ဆရာမ Nandar Min, M.A., BCBA ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Hello everyone!
Since 2020, our BALANCE Team has been offering free counseling to parents of children with special needs. We're honored to celebrate a milestone of over 100 free sessions—and counting! It’s a privilege to support such a meaningful community, and we’re proud to contribute in this way. We look forward to continuing our service and reaching even more families in the future.

This achievement wouldn’t have been possible without the incredible dedication of our therapists and the unwavering support from our Admin Team. Your commitment makes a real difference in the lives of so many families.

A very special thanks goes to Ms. Nandar Min, M.A., BCBA, whose leadership and passion have been at the heart of this initiative from the very beginning.

Best wishes,
BALANCE (ABA Team)

June 21, 2025

ကျမတို့ BALANCE A.B.A. Center ကို လာရောက်စုံစမ်းတဲ့ မိဘတော်တော်များများရဲ့ မေးလေ့ရှိတဲ့ မေးခွန်းကတော့ “One-by-one” သင်ပေ...
02/09/2024

ကျမတို့ BALANCE A.B.A. Center ကို လာရောက်စုံစမ်းတဲ့ မိဘတော်တော်များများရဲ့ မေးလေ့ရှိတဲ့ မေးခွန်းကတော့ “One-by-one” သင်ပေးတာလားဆိုတာပါပဲ။ Facebook လို Social media တွေထဲက group တွေထဲမှာလည်း “One-by-one” ဆိုတဲ့ စကားစုကိုပဲ တွင်တွင်ကျယ်ကျယ် သုံးကြတာတွေ့ရပါတယ်။ ဒီ “One-by-one” ဆိုတဲ့ စကားစုကို ကလေးတွေ တန်းစီရပ်နေတုန်း ဆရာ/မက တစ်ယောက်မုန့်တစ်ခုကျ ဝေပေးနေတယ်ဆိုတာမျိုးမှာ သုံးကြပါတယ်။

ဒါပေမယ့် ဆရာ/မ (Therapist) တစ်ယောက်က (၁) နာရီဖြစ်စေ၊ (၂)နာရီဖြစ်စေ ကလေးတစ်ယောက်တည်းကို သီးသန့်အချိန်ယူပြီး သင်ပေးနေတာဆိုရင် “one-on-one” ဆိုတဲ့ စကားစုကို သုံးမှ မှန်ပါတယ်လို့ ပြောပြပေးချင်ပါတယ်ရှင့်။

For example, clients get one-on-one therapy service at BALANCE Applied Behavior Analysis (ABA) Center, Mayangon Tsp, Yangon. (Or)
BALANCE ABA center provides one-on-one therapy service to our clients.

Nandar Min, MA., BCBA
Office Phone: 09792877554

Photo credits to Thesaurus.plus

Teacher Appreciation Week! May 6-10, 2024.BALANCE A.B.A CenterMay 2024
10/05/2024

Teacher Appreciation Week! May 6-10, 2024.
BALANCE A.B.A Center
May 2024

11/04/2024
🇺🇲 Board Certified Behavior Analyst (BCBA) 🇺🇲🏆 Behavior Analyst Certification Board က ပေးတဲ့ certificate (၃) မျိုးထဲက အမ...
02/07/2023

🇺🇲 Board Certified Behavior Analyst (BCBA) 🇺🇲

🏆 Behavior Analyst Certification Board က ပေးတဲ့ certificate (၃) မျိုးထဲက အမြင့်ဆုံး certificate ဖြစ်ပါတယ်။

👩‍🎓🧑‍🎓ဒီလက်မှတ်ကို ရရှိရန် အနည်းဆုံး Applied Behavior Analysis ကို အထူးပြုထားသော Master’s degree or higher level education အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။ (Master’s degree ကို Association for Behavior Analysis International (ABAI) မှ အသိအမှတ်ပြု ထားသော တက္ကသိုလ်တခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။)

• ပြစ်မှုကင်းရှင်းသူဖြစ်ရပါမယ်။ (Background Check အောင်ရပါမယ်)

✍️✍️ Board Certified Behavior Analyst (BCBA) certificate ကို နည်း (၄)မျိုးဖြင့် ရယူနိုင်ပါတယ်။ (၄) မျိုးစလုံးရဲ့ တူညီတဲ့ လိုအပ်ချက်များကတော့

1. အနည်းဆုံး Master’s degree ရှိခြင်း
2. Applied Behavior Analysis ကို ပတ်သက်သော course များကို ABAI အသိအမှတ်ပြု university တွင် တက်ရောက်သင်ယူထားခြင်း
3. Supervised fieldwork (သို့မဟုတ်) Behavior therapy ပေးသော clinic/ center များတွင် client များနှင့် လက်တွေ့ လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိခြင်း
4. The Board Certified Behavior Analyst certicifation examination ကို အောင်မြင်ခြင်း

🌻Supervised fieldwork (2,000 hours) ရှိရပါမယ် (။ (သို့မဟုတ်) Concentrated Supervised Fieldwork (1,500 hours) ရှိရပါမယ်။ ဆိုလိုရင်းကတော့ အရင်ဆုံး RBT Certificate ယူပြီး client ဖြင့် လက်တွေ့ therapy service များကို နာရီပေါင်း တစ်ထောင်ကျော် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ လက်တွေ့ therapy service များပေးနေချိန်တွင် Board Certified Behavior Analyst (BCBA) လက်မှတ်ရှိသော supervisor မှ အပတ်စဥ် (သို့မဟုတ်) တပတ်ခြား လေ့လာကြီးကြပ်ပေးရပါတယ်။ ထို့ကြောင့် ၎င်းနာရီပေါင်း ၂,၀၀၀ မှာ BCBA (သို့မဟုတ်) supervisor ရဲ့ကြီးကြပ်မှုက ၅ % ပါဝင်ရမှာဖြစ်ပါတယ်။

🌺 Concentrated Supervised Fieldwork (1,500 hours) မှာတော့ BCBA (သို့မဟုတ်) supervisor ရဲ့ကြီးကြပ်မှုက ၁၀ % ပါဝင်ရမှာဖြစ်ပါတယ်။
☘️Client နှင့် လက်တွေ့သင်ကြားပေးချိန် နာရီပေါင်း (၁,၅၀၀) ပြည့်ရန် (၁) နှစ်ခွဲ (သို့မဟုတ်) (၂) နှစ်ခန့် အထိကြာတတ်ပါတယ်။

☘️ Eligibility Requirement များပြည့်စုံပါက BCBA စာမေးပွဲ ဖြေဆိုရန် www.bacb.com မှာ application တင်ရပါမယ်။ ဖြေဆိုအောင်မြင်မှသာ BCBA လက်မှတ်ရရှိရပါမယ်။

☘️ BCBA လက်မှတ် ရရှိပြီးပါက Behavior-analytic Service နှင့် ပတ်သက်သောအလုပ်များဖြစ်သည့်
1. Assessment များပြုလုပ်ပေးခြင်း၊
2. Client တစ်ဦးစီအလိုက် သီးသန့် program များ ရေးဆွဲခြင်း၊
3. RBT နှင့် BCaBA များကို Training ပေးခြင်း၊ ကြီးကြပ်ပေးခြင်း စသည်များကို professionally လုပ်ကိုင်နိုင်ပါပြီ။

🌞 စာမေးပွဲအောင်ပြီးပါက BCBA certificate ကို (၂)နှစ်အထိ လက်ဝယ်ထားရှိနိုင်မှာ ဖြစ်ပြီး။ သက်တမ်း (၂) မကုန်ခင် သက်တမ်းပြန်တိုးရမှာဖြစ်ပါတယ်။

🌞သက်တမ်းတိုးရန်အတွက် Continuing Education Unit (CEU) (32 hours) ရှိရပါမယ်။ CEU hour များကိုရရှိရန်အတွက် Conference များတက်ခြင်း၊ CEU hours ပေးသော Website များတွင် ဝယ်ယူ၍ CEU hours စုစောင်းခြင်းများပြုလုပ်နိုင်ပါတယ်။

🌟BCBA တစ်ယောက်အနေနဲ့ Behavior Analyst Certification Board အဖွဲ့အစည်းမှ ချမှတ်ပေးထားသော သက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာရပါမယ်။ Health Insurance Portability and Accountability Act (HIPAA Compliance) များကိုလည်း လိုက်နာရပါမယ်။

🌟BCBA နှင့်ပတ်သက်သော အချက်အလက်အပြည့်အစုံပါဝင်သော BCBA Handbook ကို အောက်ပါ link မှာ လေ့လာနိုင်ပါတယ်။
https://www.bacb.com/wp-content/uploads/2022/01/BCBAHandbook_230321-a.pdf

Nandar Min.M.A., BCBA
BALANCE – ABA Center
(၉) မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။

Reference: www.bacb.com (၎င်း website မှ အချက်အလက်များကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)

Board Certified Assistant Behavior Analyst (BCaBA)• ဒီ BCaBA လက်မှတ်ကို ရရှိရန် အနည်းဆုံး Bachelor’s degree or higher le...
21/06/2023

Board Certified Assistant Behavior Analyst (BCaBA)

• ဒီ BCaBA လက်မှတ်ကို ရရှိရန် အနည်းဆုံး Bachelor’s degree or higher level education အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။ (Bachelor’s degree ကို Association for Behavior Analysis International (ABAI) မှ အသိအမှတ်ပြု ထားသော တက္ကသိုလ်တခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။)

• ပြစ်မှုကင်းရှင်းသူဖြစ်ရပါမယ်။ (Background Check အောင်ရပါမယ်)

• Board Certified Assistant Behavior Analyst (BCaBA) certificate ကို နည်း (၂)မျိုးဖြင့် ရယူနိုင်ပါတယ်။

• ပထမနည်းက Supervised fieldwork (1,300 hours) ရှိရပါမယ်။ ဆိုလိုရင်းကတော့ RBT Certificate ယူပြီး client ဖြင့် လက်တွေ့ therapy service များကို နာရီပေါင်း တစ်ထောင်ကျော် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ လက်တွေ့ therapy service များပေးနေချိန်တွင် Board Certified Behavior Analyst (BCBA) or higher level ရှိသော supervisor မှ အပတ်စဥ် (သို့မဟုတ်) တပတ်ခြား လေ့လာကြီးကြပ်ပေးရပါတယ်။ ထို့ကြောင့် ၎င်းနာရီပေါင်း ၁,၃၀၀ မှာ supervisor ရဲ့ကြီးကြပ်မှုက ၅ % ပါဝင်ရမှာဖြစ်ပါတယ်။ )

• ဒုတိယနည်းကတော့ Behavior-Analytic Coursework များကို တက်ရောက်ရပါမယ်။ ပထမနည်းလိုပဲ Supervised fieldwork (1,300 hours) ရှိရပါမယ်။ ၎င်းနာရီပေါင်း ၁,၃၀၀ မှာ supervisor ရဲ့ကြီးကြပ် မှုက ၅ % ပါဝင်ရမှာဖြစ်ပါတယ်။ )

• Client နှင့် လက်တွေ့သင်ကြားပေးချိန် နာရီပေါင်း (၁,၃၀၀) ပြည့်ရန် (၁) နှစ် (သို့မဟုတ်) (၁) နှစ်ခွဲခန့် အထိကြာတတ်ပါတယ်။

• Eligibility Requirement များပြည့်စုံပါက BCaBA စာမေးပွဲ ဖြေဆိုရန် www.bacb.com မှာ application တင်ရပါမယ်။ ဖြေဆိုအောင်မြင်မှသာ BCaBA လက်မှတ်ရရှိရပါမယ်။

• စာမေးပွဲအောင်ပြီးပါက BCaBA certificate ကို (၂)နှစ်အထိ လက်ဝယ်ထားရှိနိုင်မှာ ဖြစ်ပြီး။ သက်တမ်း (၂) မကုန်ခင် သက်တမ်းပြန်တိုးရမှာဖြစ်ပါတယ်။

• သက်တမ်းတိုးရန်အတွက် Continuing Education Unit (CEU) (20 hours) ရှိရပါမယ်။ CEU hour များကိုရရှိရန်အတွက် Conference များတက်ခြင်း၊ CEU hour ပေးသော Website များတွင် သတ်မှတ်ဈေးနှုန်ဖြင့်ဝယ်ယူလေ့လာ၍ CEU hours စုစောင်းခြင်းပြုလုပ်ရပါတယ်။

• BCaBA လက်မှတ် ရရှိပြီးပါက BCBA or higher တို့၏ ကြီးကြပ်မှုအောက်တွင် Therapy အလုပ်များကို လုပ်ကိုင်နိုင်ပါပြီ။ BCaBA လက်မှတ်ရရှိပြီးသူတစ်ယောက်က Registered Behavior Technician များကို ကို ကြီးကြပ်ခြင်း RBT နှင့် ဆိုင်သော သင်တန်းပေးခြင်းများ ပြုလုပ်နိုင်ပါသည်။

• BCaBA တစ်ယောက်အနေနဲ့ Behavior Analyst Certification Board အဖွဲ့အစည်းမှ ချမှတ်ပေးထားသော သက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာရပါမယ်။ Health Insurance Portability and Accountability Act (HIPAA Compliance) များကိုလည်း လိုက်နာရပါမယ်။

• BCaBA နှင့်ပတ်သက်သော အချက်အလက်အပြည့်အစုံပါဝင်သော BCaBA Handbook ကို အောက်ပါ link မှာ လေ့လာနိုင်ပါတယ်။
https://www.bacb.com/wp-content/uploads/2022/01/BCaBAHandbook_230314-a.pdf

Nandar Min.M.A., BCBA
BALANCE – ABA Center
Reference: www.bacb.com (၎င်း website မှ အချက်အလက်များကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)

Registered Behavior Technician အကြောင်းကို လေ့လာလိုပါက အောက်ပါ Link ကို နှိပ်၍ လေ့လာလို့ရပါတယ်။

https://www.facebook.com/100057658770765/posts/709980647600555

Address

Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Balance Applied Behavior Analysis Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Balance Applied Behavior Analysis Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram