ဗဟုသုတ

ဗဟုသုတ မင်္ဂလာပါ

အဲလိုလေးသာရခဲ့ရင်🥰ပုံ -crd
26/02/2025

အဲလိုလေးသာရခဲ့ရင်🥰
ပုံ -crd

ချစ်စရာ ပုဂံမြေ
26/02/2025

ချစ်စရာ ပုဂံမြေ

 #ဂွေးတောက်ရွက် ရဲ့ ကောင်းကျိုးများ Save ထားပါ💁💠 ၁။ အရွက်ကိုကင်ပြီး အနာကိုကပ်မယ်ဆိုရင် အနာစိမ်းတွေနဲ့ သွေးစုနာတွေ ပျောက်...
26/02/2025

#ဂွေးတောက်ရွက် ရဲ့ ကောင်းကျိုးများ Save ထားပါ💁

💠 ၁။ အရွက်ကိုကင်ပြီး အနာကိုကပ်မယ်ဆိုရင် အနာစိမ်းတွေနဲ့ သွေးစုနာတွေ ပျောက်စေပါတယ်။ နုရင်ပိန်သွားမှာဖြစ်ပြီး ရင့်ရင်တော့ ပြည်ပေါက်သွားမှာ ဖြစ်ပါတယ်။

💠 ၂။အရက်သောက်သူတွေအတွက် ဂွေးတောက်ရွက်ကိုကြက်သားနဲ့ချက်စားမယ်ဆိုရင် အဆိပ်အတောက် ပြယ်စေပါတယ်။

💠 ၃။ ကြော်စားမယ်၊ ဟင်းခါးချက်သောက်မယ်ဆိုရင် လေထိုးလေအောင့်နဲ့ ဆီးချုပ်တာပျောက်ပါတယ်။

💠 ၄။ အရွက်ကိုကြိတ်ပြီး အုံစည်းပေးထားမယ်ဆိုရင် အဖုအကြိတ်တွေပျောက်ပါတယ်။

💠 ၅။ သကြားနဲ့ထောင်းပြီး အုံပေးရင် အကြောအဆစ်လွဲတာပျောက်ပါတယ်။

💠 ၆။ ဘဲဥနဲ့ကြော်စားမယ်ဆိုရင် ခွန်အားတိုးစေပါတယ်။

💠 ဂွေးတောက်နှင့် သနပ်ခါး

အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ဒူး၊ ခါး၊ လက်တို့ နာကျင်ကိုက်ခဲခြင်း ဝေဒနာဆိုးကို သက်သာပျောက်ကင်းစေမဲ့ ကိုယ်တွေ့ ဆေးနည်းကောင်းလေး ဖြစ်ပါတယ်။

💠 ဆေးနည်း

💠 ၁။ ဂွေးဒေါက်ရွက် အနည်းငယ်ကိုထောင်း၊ ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး၊ ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။

💠 ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတကြိမ်၊ ညအိပ်ရာဝင်တကြိမ် ပုံမှန် လိမ်းပေးမယ်ဆို သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။

💠 ဆေးဖက်အသုံး၀င်ပုံ

💠 အနာဟောင်း၊ အနာဆွေး

အနာက်ို သန့်စင်အောင်ဆေးပြီး ထိုအရွက်ကို ကပ်ပေးပါ။ တနေ့ (၃) ကြိမ်ခန့်။


💠 ရေယုန်

အရွက်သတ္တုရည် မကြာခဏ လိမ်းပေးပါ။

💠 အကြောအဆစ်လွဲခြင်း

အရွက်ကို သကြားနှင့် ရောထောင်းပြီး အကြောအဆစ်လွဲသည့်နေရာသို့ အုံ၍ ပတ်တီးစည်းပေးပါ။ တနေ့ (၂) ကြိမ်ခန့်။

💠 တက်တတ်သည့် သူများအတွက်

အတက်ဝေဒနာရှင်အား တက်နေချိန်၌ နားရွက်ကိုခြေပြီး သန့်ရှင်းသော အပ်ဖြင့် အသာအယာဖောက်ပါ။ အရွက်ကိုခြေ၍ နားအားပွတ်ခြေပေးပါ။ အရွက်ရေညှစ်ပြီး
တိုက်ကျွေးပေးပါ။ ရောဂါ သက်သာ ပျောက်ကင်းစေ၏။

💠 အရက်စွဲသူ

ထိုအရွက်ကို ကြက်ခြေထောက်၊ ခေါင်းများဖြင့် မကြာခဏ ဟင်းချိုချက်သောက်ပေးပါက နှစ်ရှည်လများ အရက်စွဲသူအတွက် အရက်နှင့် ကင်းပြတ်စေပါ၏။

💠 ၀မ်းကိုက်ခြင်း

၀မ်းသွားလျှင် အချွဲများ ပါခြင်းအတွက် ထိုအရွက်နှင့် ကြက်ဥကို ကြော်၍ ထမင်းဖြူနှင့် တနေ့ တကြိမ်ခန့်စားပေးပါ။ (၀မ်း၌ ချွဲပါနေစဉ်အတွင်း အပူ၊ အစပ်များ
အတတ်နိုင်ဆုံးရှောင်ပါ။) (၂) ရက် (၃) ရက်ခန့်အတွင်း အချွဲပါခြင်း ရပ်သွားပါမည်။

💠 ကိုယ်ထဲက အဆိပ်တွေ ထုတ်ပေးမဲ့ ကြက်ရိုးနဲ့ ဂွေးတောက် ဟင်းချို

💠 ဂွေးတောက်ရွက်ရဲ့ ခါးသက်သက် အရသာနဲ့ ကြက်သားရဲ့ အချိုဓာတ်နဲ့ ရောစပ်ပြီး ချက်သောက်တဲ့ ကြက်ဂွေးလို့ ခေါ်တဲ့ ဟင်းချို တမျိုးဟာ သောက်လို့ကောင်းမယ့် ဟင်းတခွက်ပါ။ အခုအချိန်မှာ ဂွေးတောက်ရွက် နုနုနဲ့ ကြက်သားကို အရိုးနဲ့ ချက်ရင် ပိုကောင်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းတခွက်လည်း ဖြစ်တာကြောင့်ဒီလို ရာသီဥတုနဲ့ လိုက်ဖက်လည်း ညီပါတယ်။

💠 ဂွေးတောက်ရွက်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရွက်ဆိုတာ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဂွေးတောက်ရွက်ဟာ ၀မ်းမီးကို ကောင်းစေပြီး အစာကြေလွယ်စေပါတယ်။

💠 အမျိုးသားတွေ အတွက် ဒူလာကောင်းပြီး အမျိုးသမီးတွေအတွက် သွေးသား မှန်ကန်စေပါတယ်။

💠 လေအောင့်လေထိုး ကောင်းမွန်စေတဲ့ အပြင် အရက်ကြာရှည်စွာ သောက်သုံးသူတွေကိုဂွေးတောက်ရွက်နဲ့ ကြက်ရိုးဟင်းချိုနဲ့ ကိုယ်အတွင်းမှာ ရှိတဲ့ အဆိပ် အတောက်တွေကို ပြေပျောက်စေပါတယ်။ ဒါကြောင့် တချို့ အရက်ဆိုင်တွေမှာဆို ကြက်ဂွေးကို တမင်မှာသောက်နေကြတာဖြစ်ပါတယ်

🙏🙏🙏 #ကျန်းမာရေး

နှင်းဆီ ပြုစုနည်း**************နှင်းဆီပန်းဟာ မြင်သူတကာ စွဲမက်ဖွယ်ရှိသလောက် နှင်းဆီပင်တွေမှာလဲ ရောဂါဘယမျိုးစုံ ရှိတတ်ကြပါ...
26/02/2025

နှင်းဆီ ပြုစုနည်း
**************
နှင်းဆီပန်းဟာ မြင်သူတကာ စွဲမက်ဖွယ်ရှိသလောက် နှင်းဆီပင်တွေမှာလဲ ရောဂါဘယမျိုးစုံ ရှိတတ်ကြပါတယ်။ ဒီအတွက် နှင်းဆီပင်တွေကို ပြုစုပေးဖို့ လိုပါမယ်။ နှင်းဆီမှာ ကျရောက်တတ်တဲ့ ရောဂါတွေအနက် နှင်းဆီပင် အကိုင်းတွေ မည်းပြီး သေတတ်တာ၊ နှင်းဆီရွက်တွေမှာ ပိုးစားပြီး အပေါက်တွေဖြစ်တာ၊ နှင်းဆီအရွက် အောက်ဘက်မှာ ပိုးမည်းမည်းလေးတွေ ကပ်နေတာ၊ နှင်းဆီကိုင်းတွေ ညိုပြီး အရွက်တွေ ဝါလာတာ၊ နှင်းဆီအဖူးတွေ ခြောက်တာ၊ နှင်းဆီဖူးတွေ ပွင့်မလာတာ၊ စုံလို့ စုံလို့ပါပဲ။

နှင်းဆီကို ပြုစုနှိမ်နင်းသမျှတွေထဲက လေ့လာသိရှိထားသလောက် ဖောက်သည်ချရမယ်ဆိုရင် နှင်းဆီပင် အကိုင်းတွေ မည်းလာတာဟာ ရိုးမည်းရောဂါ ကျရောက်တာဖြစ်ပြီး ဘော်နိုးဆေးရည်နဲ့ ကန့်မှုန့် ပက်ဖြူးပေးရင် ရပါတယ်။
နှင်းဆီရွက်စားတာက နွားချေးပိုးအနွယ် ကျိုင်းကောင်အငယ်စားတွေကြောင့်ဖြစ်ပြီး အဲဒီပိုးဟာ ညအချိန်ရောက်မှသာ နှင်းဆီပင်တွေဆီ လာပြီး နှင်းဆီရွက်တွေကို ကိုက်ဝါးစားသောက်တတ်ပါတယ်။ ညဘက်မှာ မီးနဲ့စောင့်ဖမ်းရင် အဲဒီပိုးတွေကို တွေ့ရမှာ ဖြစ်တယ်။ ပန်းပင်ရဲ့ အနီးအနားက အမှိုက်ပုံတွေ၊ ချုံတွေ၊ ပေါင်းမြက်တွေ အကြားမှာ ပိုးတွေ ပုန်းအောင်းနေတတ်တဲ့အတွက် ပိုးတွေ ပုန်းအောင်းစရာတွေ မရှိအောင် ရှင်းလင်းပစ်ရပါမယ်။

ဆေးရွက်ကြီး ဆပ်ပြာရည်ထဲကို ရေနံဆီ အနံ့လေး ရရုံထည့်ပြီး ညနေ နေဝင်ခါနီးအချိန် နှင်းဆီပင်ကို ပက်ဖျန်းပေးရင် နှင်းဆီရွက်စားပိုးတွေ မလာတော့ပါဘူး။
နှင်းဆီအရွက်အောက်ဘက်မှာ တွယ်ကပ်နေတဲ့ ပိုးမည်းမည်းလေးတွေ တွယ်ကပ်နေတာကတော့ ပျပိုးတွေပဲ ဖြစ်ပါတယ်။ အဲဒီပျပိုးတွေဟာ နှင်းဆီရွက်မှာ ကပ်နေပြီး အပင်က သစ်ရည်ကို စုပ်ယူစားသုံးတာကြောင့် အပင်အား တိတ်ပြီး အရွက်တွေ တွန့်လိမ်ခြောက်သွေ့လာပြီး အပင် ပျက်စီးသွားတတ်ပါတယ်။

ပျပိုးတွေကို မာလာသီယွန်၊ ဆေးရွက်ကြီး ဆပ်ပြာရည်တို့နဲ့ ပက်ဖျန်းပေးပါ။ နှင်းဆီကိုင်းတွေ ညိုလာတာကတော့ ပိုးစေးနှဲလို့ ခေါ်တဲ့ အမွေးဖြူလေးတွေ ဖုံးအုပ်နေတဲ့ ပိုးဖြူဖြူလေးတွေကြောင့် ဖြစ်ပါတယ်။ အဲဒီပိုးရဲ့ အမွေးတွေကို ပွတ်လိုက်ရင် အနီရောင်ပေါ်လာပါတယ်။
အဲဒီ ပိုးစေးနှဲဟာလဲ ပျပိုးလို နှင်းဆီပင်ရဲ့ သစ်ရည်ကို စုပ်ယူစားတတ်တာကြောင့် သစ်ရည်ခန်းပြီး ကြာရင် နှင်းဆီတပင်လုံး သေဆုံးတတ်ပါတယ်။

အော်ဘိုနီယံဆေးနဲ့ ပက်ဖျန်းနှိမ်နင်းနိုင်ပြီး အဲဒီဆေးမရှိရင် ဆေးရွက်ကြီးကို (၂၄)နာရီ ရေစိမ်ပြီး ပက်ပေးပါ။ ပိုးတွေကို သွားပွတ်တံနဲ့ ပွတ်ပေးပါ။
နှင်းဆီအဖူး ခြောက်တာဟာ နှင်းဆီ ပွင့်ကာနီး ဓာတ်မြေသြဇာ ထည့်ပေးမိရင်၊ အမြစ် အားမရှိရင်၊ ရေများလွန်းရင် ဒါမှမဟုတ် စိမ့်ဆွဲနေရင်လဲ နှင်းဆီဖူး ခြောက်တတ်ပါတယ်။

တစ်ခါ နှင်းဆီဖူး ရိုးတံတစ်လျှောက် ပျပိုးတွေ ကျရောက်စွဲကပ်ပြီး ယင်းရိုးတံက သစ်ရည်ကို စုပ်ယူတတ်တာကြောင့် နှင်းဆီဖူးတွေ ပွင့်မလာတော့ဘဲ ခြောက်ပြီး ကြွေကျသွားတာ ဖြစ်နိုင်ပါတယ်။ ပျပိုးနှိမ်နင်းသလို မာလာသီယွန်၊ ဆေးရွက်ကြီး ဆပ်ပြာရည်တွေနဲ့ ပျက်ဖျန်း နှိမ်နင်းနိုင်ပါတယ်။

နှင်းဆီတွေ မပွင့်တဲ့အချက်က သုံးချက်လောက်ရှိပါတယ်။
ပထမ နိုင်ငံခြား နှင်းဆီမျိုးတွေက အေးတဲ့ဒေသတွေမှာသာ ပေါက်တဲ့မျိုးတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရာသီဥတုဒဏ်ကို ကောင်းကောင်း မခံနိုင်ဘဲ အခုလို အဖူးတွေ ပွင့်မလာတာ ဖြစ်ပါတယ်။
နောက်တစ်ချက် နှင်းဆီတွေ မပွင့်တာဟာ ပြုစုမှု မကျွမ်းကျင်လို့ ဖြစ်ပါတယ်။ အပင်တွေ ပွင့်ဖူးစပြုတဲ့အချိန်မှာ နိုက်ထရိုဂျင်ဓာတ်များတဲ့ မြေသြဇာကို ထည့်ပေးလိုက်ရင် အကိုင်း အခက် အရွက်တွေမှာသာ အားတွေများလာပြီး အပွင့်အားလျော့သွားတာကြောင့် ပွင့်အာလာနိုင်ခြင်း မရှိတာကို တွေ့ရပါမယ်။
စိုက်တဲ့မြေမှာ မီးစုတ်းဓာတ် ချို့တဲ့နေရင်လဲ နှင်းဆီတွေ မပွင့်ပါဘူး။ နောက်တစ်ချက်က နှင်းဆီပင်တွေပေါ် ပိုးမွှားရောဂါ၊ အဓိက မှိုဖြူရောဂါကို ထိရောက်စွာမနှိမ်နင်းလို့လဲ နှင်းဆီတွေ ပွင့်မလာခြင်းပါ။

ကာကွယ်ပြုစုနည်းကတော့ နှင်းဆီအကိုင်းနုလေးတွေကို ဖြတ်ပစ်ပါ။ အပင်ကို ဆားဖိနက်ဆေး ပက်ဖျန်းပါ။ ထုံးကန့်ဆေးရည်ဆိုလဲ ရပါတယ်။
ဒါ့အပြင် ပုလဲဓာတ်မြေသြဇာ၊ မီးစုန်းဓာတ်မြေသြဇာ၊ (၁)ဆစီနဲ့ အရိုးမှုန့် ဓာတ်မြေသြဇာ (၂)ဆ ရောပြီး နှင်းဆီပင်တပင်ကို ဇွန်းကြီးတစ်ဇွန်းစီထည့်၊ ရေတဝလောင်းပေးပါ။ မကြာမီ နှင်းဆီတွေ ပွင့်လာပါတယ်။

Ref:ဦးစိုးဟန် (ကထိက-ငြိမ်း)
နေပြည်တော် ပျဉ်းမနား စိုက်သိပ္ပံ။

🍗 တန်ပူရာ ကြက်စပ်ကြော် 🍗*****************************ပထမဆုံး ကြက်သားကိုဆား,အရသာမှုန့်,ငရုတ်ကောင်းမှုန့်,ငရုတ်သီးအစိမ်းမှ...
22/02/2025

🍗 တန်ပူရာ ကြက်စပ်ကြော် 🍗
*****************************
ပထမဆုံး ကြက်သားကို
ဆား,အရသာမှုန့်,
ငရုတ်ကောင်းမှုန့်,ငရုတ်သီးအစိမ်းမှုန့် ထည့်ပီး
ဆုပ်နယ်၍ ၁၅ မိနစ် နှပ်ထားပေးပါ။

ပန်းကန်ထဲကို ကြက်ဥ ၁ လုံး ခေါက်ထည့်ပီး
တန်ပူရာမှုန့် ထမင်းစားဇွန်း ၁ ဇွန်းပါထည့်၍
သမအောင် မွှေလိုက်ပီးနောက်

နှပ်ထားတဲ့ကြက်သားကို ကြက်ဥထဲ နှစ်လိုက်ပါ။
ပီးရင် တန်ပူရာမှုန့် ပန်းကန်ထဲ ကြက်သားထည့်လှိမ့်ပီး
ပွက်ပွက်ဆူနေတဲ့ ဆီပူထဲနှစ်၍ ကြော်ပေးပါ။

မီးအနည်းလျှော့ပီး အရိုးနဲ့ကပ်နေတဲ့
အတွင်းသားအထိပါကျက်အောင်
ဟိုဖက် ဒီဖက် လှန်ပေးပီး ကြော်ပေးပါ။

နီရဲ ကျွတ်ရွလာမှ ဆီထဲမှဆယ်ယူပီး
ဆီ ခဏစစ်ထားပီး ခပ်ပူပူလေးမှာ
မိမိနှစ်သက်ရာအချဉ်နဲ့ တွဲဖက်စားသုံးနိုင်ပါပီ။

_______________________________________________

အတွင်းသားထိ မကျက်ရင် စားတဲ့အခါ
သွေးစလေးတွေ ထွက်လာတတ်တာမို့
ကြော်တဲ့အခါ မီးပြင်းမတိုက်ပဲ
မီးအားလျှော့ပီး ဟိုဖက် ဒီဖက်လှန်ကာ
ဆီများများနဲ့ စိတ်ရှည်ရှည်နဲ့ ကြော်ပေးပါ။

အချိုကြော်ကြိုက်သူများကတော့
အစပ် မထည့်ပဲ ကြော်စားနိုင်ပါတယ်။

ပဲခူး ဒေါ်ထွေးရီ

 #အာလူးပဲပင်ပေါက်သုပ်ချဉ်ငံစပ် ရှောက်ရွက်နံ့မွှေးမွှေးလေးရယ် ပဲမှုန့်စေးစေးလေးရယ်ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ အာလူးပဲပင်ပေါ...
21/02/2025

#အာလူးပဲပင်ပေါက်သုပ်ချဉ်ငံစပ်

ရှောက်ရွက်နံ့မွှေးမွှေးလေးရယ် ပဲမှုန့်စေးစေးလေးရယ်

ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ အာလူးပဲပင်ပေါက်
ချဉ်ငံစပ်သုပ်နည်း

- အာလူးပြုတ်၊ ပဲပင်ပေါက်ကိုရေနွေးဖျောထား

- ကြက်သွန်နီ၊ ရှောက်ရွက်ပါးပါးလှီး

- ပုဇွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်

- အရသာတွက် အချိုမှုန့်၊ ငံပြာရည်၊ မန်ကျည်းရည်

- ဆီချက်ရည် ထည့်ပြီးနယ် ပဲမှုန့်စေးစေးရယ်
ရှောက်ရွက်နံ့မွှေးမွှေးလေးရယ် စားလို့ကောင်းချက်

ဘူးသီးဟင်းခါးလေးတစ်ခွက်ပါချက်လိုက်ရင်
ထမင်းအရမ်းမြိန်ပြီရှင်

#အာလူးပဲပင်ပေါက်သုပ် #ချဉ်ငံစပ် #ဟင်းခါးပူပူ
#ထမင်းမြိန်

ဘူးသီးကြော် မုန့်နှစ်စပ်နည်းပါ၀င်ပစ္စည်း👇👇👇ရွှေလိပ်ပြာ တစ်ထုပ်ကောက်ညှင်းမှုန့် ၁ ဇွန်း(ထမင်းစားဇွန်း)ပဲအစိမ်းမှုန့် ၁ ဇွ...
21/02/2025

ဘူးသီးကြော် မုန့်နှစ်စပ်နည်း

ပါ၀င်ပစ္စည်း👇👇👇

ရွှေလိပ်ပြာ တစ်ထုပ်
ကောက်ညှင်းမှုန့် ၁ ဇွန်း(ထမင်းစားဇွန်း)
ပဲအစိမ်းမှုန့် ၁ ဇွန်း(ထမင်းစားဇွန်း)
ဆား လက်ဖက်စားဇွန်း ၁ ဇွန်း
ဆနွမ်း နဲနဲ
သကြား ၂ ဇွန်း
အချိုမှုန့် ပါတယ်ဆိုရုံ
ရေနည်းနည်းစီထည့်ပါ
မီးပြင်းပြင်းနဲ့ကြော်ပါ

ချစ်တဲ့ ချော 😍
#ဟင်းချက်နည်းမုန့်လုပ်နည်းအစုံ
crd

အခုချိန်မှာ မရမ်းသီး‌တွေအရမ်းပေါနေပြီးဆိုတော့ မရမ်းသီးထောင်းနည်းလေးတင်ပေးလိုက်တယ်နော် မရမ်းသီးငပိထောင်းပြီး ဇုန်ထမင်းစား...
21/02/2025

အခုချိန်မှာ မရမ်းသီး‌တွေအရမ်းပေါနေပြီးဆိုတော့ မရမ်းသီးထောင်းနည်းလေးတင်ပေးလိုက်တယ်နော်
မရမ်းသီးငပိထောင်းပြီး ဇုန်ထမင်းစားလိုက်ရရင် ရှယ်ပဲ 😋

- ပါဝင်ပစ္စည်းတွေကတော့ -
- မရမ်းသီး
- ငရုတ်သီးစိမ်းတောင့်
- ကြက်သွန်ဖြူ
- စိမျးစားငပိ
- ပုဇွန်ခြောက်
- ငရုတ်သီးအကျက်မှုန့်
- အချိုမှုန့်အနည်းငယ် (ကြိုက်မှထည့်ပါ)

လုပ်နည်းကတော့.........
အရင်ဆုံး စိမ်းစားငပိကိုမီးဖုတ်ထားပါ။
ငရုပ်သီးစိမ်းတောင့်နဲ့ ကြက်သွန်ဖြူကိုလှော်ထားပါ။
မရမ်းသီးရင့်ပါက နှစ်ခြမ်းခွဲပြီးအစေ့ထုတ်ထားပါ။
(မရမ်းကင်းဆိုအ‌စေ့ထုတ်ရန်မလို)
လှော်ထားတဲ့ငရုပ်သီးနဲ့ ကြက်သွန်ဖြူကိုအရင်ထောင်းပါ။
ပြီးလျှင် မရမ်းသီးထည့်ထောင်းပါ။
အကုန်ကြေညှက်သွားပါက ဖုတ်ထားတဲ့ငပိလေးနဲ့ ကျန်တဲ့ပစ္စည်းတွေအကုန်ထည့်ပြီးထောင်းလိုက်ပါ။
ဒါဆိုရင်တော့အရမ်းအရသာရှိတဲ့ မရမ်းသီးငပိထောင်းလေးရပါပြီး 😋😋😋

Credit - PHYO - ဖြိုး

အိမ်ရှင်မတို့အတွက် အရမ်းအသုံးဝင်စေမယ့် လက်ဖက်နှပ်နည်း (၅)မျိုး 🥗🥗🥗🥗🥗🥗🥗🥗🥗လက်ဖက်ချဥ်စပ်နှပ်လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကု...
21/02/2025

အိမ်ရှင်မတို့အတွက် အရမ်းအသုံးဝင်စေမယ့် လက်ဖက်နှပ်နည်း (၅)မျိုး
🥗🥗🥗🥗🥗🥗🥗🥗🥗
လက်ဖက်ချဥ်စပ်နှပ်
လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင်
အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ
🥗🥗🥗🥗🥗
လက်ဖက်အညွှန့်နှပ်
လက်ဖက်အညွှန့်လေးတွေကို ရေနွေးပူပူထဲစိမ်ပြီး ချက်ချင်းပြန်ဆယ်ကာ ရေဆေးပြီးညှစ်ချထားပါ ဆား ပုစွန်ခြောက်
အချိုမှုန့် ဆီထည့်ကာစိမ်ပါ
🥗🥗🥗🥗🥗🥗🥗
ငရုတ်လက်ဖက်နှပ်
ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ
လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင်
အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ငရုတ်ထောင်းတို့ကိုထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ
🥗🥗🥗🥗🥗🥗🥗🥗
လက်ဖက်အညက်နှပ်
လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ဆား အချိုမှုန့် ဆီပါရုံထည့်ပြီး လုံးထားပါ စားခါနီးလိုသလောက်ထည့်ပြီးသုပ်ပါ

လျှာဂျွမ်းပြန်လက်ဖက်အစပ်နှပ်
လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ ထောင်းထားတာတွေအကုန်ရောပြီး ဆား ဆီ အချိုမှုန့်ရောပြီး အလုံပိတ်ဗူးထဲထည့်နှပ်ပါ

Credit post Daw SanThidarHtay
Credit photo Win Win

#လက်ဖက်နှပ်နည်း

🌽🦐 ပုစွန် ပြောင်းဖူးလုံးကြော် 🦐🌽************************************ထမင်းနဲ့ ဘိတ်ချဥ်လေးနဲ့ နယ်ပြီးပုစွန် ပြောင်းဖူးလုံး...
21/02/2025

🌽🦐 ပုစွန် ပြောင်းဖူးလုံးကြော် 🦐🌽
************************************
ထမင်းနဲ့ ဘိတ်ချဥ်လေးနဲ့ နယ်ပြီး
ပုစွန် ပြောင်းဖူးလုံးကြော် ပူပူလေးနဲ့ စားကြည့်နော်။
အရမ်း စားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ
**************
ပုစွန် ၅၀ သား ( အခွံချွတ်ပီး ညက်နေအောင်ထောင်းထား )
ပြောင်းဖူး ၁ ဖူး ( ဓါးနဲ့ ယှက်လှီးထားပါ )
ကြက်ဥ ၁ လုံး ( ခေါက်ထား )
ကော်မှုန့် ( ထမင်းစားဇွန်း ၂ ဇွန်း )
ဟင်းခပ်မှုန့် ( လဖက်စားဇွန်း ၁ ဇွန်း )
ဆား ( လဖက်စားဇွန်း ၁ ဇွန်း )
သကြား ( လဖက်စားဇွန်း ၂ ဇွန်း )

ပြုလုပ်ရန်
*********
ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောနယ်ပါ။

ဆီအပူပေးပြီး ဆီဆူလာတဲ့အခါ မီးခဏပ်ိတ်ပါ။
မိမိ လိုချင်တဲ့အရွယ်အစားလေးများ လုံးပြီး
ဆီပူအိုးထဲ ထည့်လိုက်ပါ။

အားလုံးထည့်ပီးတဲ့အခါ မီးပြန်ဖွင့်ပြီး
မီးအားသင့်ရုံနဲ့ ဟိုဖက် ဒီဖက် လှန်ကြော်ပေးပါ။

နီနီရဲရဲလေးများ ဖြစ်လာရင်
ဆီထဲမှ ဆယ်ယူ၍ ဆီစစ်ကာ စားသုံးနိုင်ပါပြီ။

________________________________________________

ဘိတ်ချဥ်ကတော့
*****************
သံပုရာရည် ( သို့ ) ရှာလကာရည်ထဲကို
ကြက်သွန်ဖြူ/ ငရုတ်သီးစိမ်း လှီးထည့်
ငံပြာရည်, အရသာမှုန့်, သကြား

အားလုံးပေါင်းစပ်ပြီး ဘိတ်ချဥ်ဖျော်ရုံပါပဲ။

________________________________________________

🦐 ပုစွန် အစိပ်သားပဲ ကြော်စားချင်သူတွေ အတွက် 🦐
***********************************************
ပုစွန် ၂၅ ကျပ်သား ( အခွံချွတ်ပီး နုတ်နုတ်စင်းထား )
ပြောင်းဖူး တစ်ခြမ်း( ဓါးနဲ့ ယှက်လှီးထားပါ )
ကြက်ဥ ၁ လုံး ( ခေါက်ထားပီး တစ်ဝက်သာ ထည့်ပါ )
ကော်မှုန့် ( ထမင်းစားဇွန်း ၁ ဇွန်း မောက်မောက် )
ဟင်းခပ်မှုန့် ( လဖက်စားဇွန်း တစ်ဝက် )
ဆား ( လဖက်စားဇွန်း တစ်ဝက် )
သကြား ( လဖက်စားဇွန်း ၁ ဇွန်း )

________________________________________________

မှတ်ချက်။ ။

မီးအားပြင်းလွန်းရင် ပြောင်းဖူးစေ့လေးတွေ
ကျွတ်ထွက်သွားတတ်လို့ ဆီဆူရင်
မီးပိတ်ပြီး ပုစွန်ပြောင်းဖူးလုံးလေးထည့်ပြီးမှ
မီးပြန်ဖွင့်၍ မီးအား အနေတော်နဲ့သာ ကြော်ပေးပါ။

ပုစွန် ပြောင်းဖူးလုံးကြော်လေးတွေကို
ပူတုန်းလေးမှာ စားပါ။

အေးသွားရင်တော့ ပြန်နွှေးစားပါ။

💖 အားလုံးပဲ ချမ်းမြေ့ကြပါစေ။ 💖

ပဲခူး ဒေါ်ထွေးရီ
၁၄.၁.၂၀၂၀

ဒီလုပ်နည်းကိုသိရင် kfc ကိုစျေးကြီးပေးဝယ်စားစရာမလိုတော့ဘူးနော်ကြက်တုံး ကြွပ်ကြော်လုပ်နည်းကြက်သားတွေကို လေးထောင့်အတုံးလေးတ...
21/02/2025

ဒီလုပ်နည်းကိုသိရင် kfc ကိုစျေးကြီးပေးဝယ်စားစရာမလိုတော့ဘူးနော်

ကြက်တုံး ကြွပ်ကြော်လုပ်နည်း

ကြက်သားတွေကို လေးထောင့်အတုံးလေးတွေတုံးပါ ပြီးရင် ကြက်သွန်မြိတ် ၊ ဆား ၊ ငရုတ်ကောင်း ၊ ပဲငံပြာရည်အကြည် ၊ ခရုဆီ ၊ ကြက်ဥတစ်လုံးထည့်နယ်လိုက်ပါ

နောက်ပြီး ကော်မှုန့် ၊ ပွမှုန့် ၊ ဂျုံမှုန့် ရောထားပြီး ခုနနယ်ထားတဲ့ ကြက်သားတွေ ထည့်နယ်ပေးပါ

နယ်ပြီးသွားရင် ရေစွတ်ပြီး နှစ်ခါ ထပ်နယ်ပေးလိုက်ပါ

ပြီးသွားရင် ဆီဆူဆူထဲထည့်ကြော်လိုက်ရင် kfcပုံစံ ကြက်ကြော်စားလို့ရပါပြီ

Ko Phyo
For You Page


#ဟင်းချက်နည်းများ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram