24/01/2026
မျက်နှာယားတာ၊ အဖုအပိမ့်ထွက်တာတွေက သုံးနေကျ Sunscreen ကြောင့်လား၊ ဖုန်းကြောင့်လား၊ ဒါမှမဟုတ် တခြားကိုယ်မသိသေးတဲ့ အကြောင်းရင်းတွေကြောင့်လား ဆိုတာ သိဖို့လိုပါတယ်နော်။
ပထမဗီဒီယိုလေးမှာ အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြတ်စန္ဒာကျော် က အရေပြားဖွဲ့စည်းပုံတွေ ယားယံခြင်းဖြစ်စေတဲ့ ရောဂါတွေနဲ့ လက္ခဏာတွေကို ဆွေးနွေးပေးသွားပြီမို့ ဒီဒုတိယဗီဒီယိုလေးမှာတော့ မျက်နှာယားယံခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်နေနိုင်တဲ့
Sunscreen နဲ့ မိတ်ကပ်တွေကြောင့် မျက်နှာယားတတ်တာလား?
ဖုန်းကို ပါးနဲ့ကပ်ပြောတာက မျက်နှာအတွက် ဘာဖြစ်စေသလဲ? စတဲ့အချက်တွေအပြင်
ယားလာရင် ကုတ်မယ့်အစား ဘယ်လိုသက်သာအောင် လုပ်မလဲ? စတီးရွိုက် (Steroid) ပါတဲ့ ခရင်မ်တွေကို ဘာလို့ သတိထားသုံးရမလဲ? ဆိုတာတွေကို အသေးစိတ် ရှင်းပြပေးထားပါတယ်။
ဒါဆို အသားအရေကို ပိုပြီး ကျန်းမာလှပစေဖို့အတွက် ဒီဗီဒီယိုလေးကို အဆုံးထိ ကြည့်လိုက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ အရေပြားယားယံခြင်းနဲ့ ပတ်သက်ပြီးဆွေးနွေးပေးထားတဲ့ ပထမဗီဒီယိုကိုလည်း အောက်မှာပေးထားတဲ့ Link လေးကနေ ဝင်ရောက်နားထောင်လို့ရပါတယ်။
Link : “ https://www.facebook.com/share/v/1Kk7S2zVnr/ “
-waka