Shwin Chan

Shwin Chan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwin Chan, Medical supply store, Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner of 30(A) Street, Between 30th & 31st Str, Yangon.

Providing access to essential vaccines in Myanmar, and empowering healthcare professionals with quality diagnostic products, which provide reliable, immediate, and actionable information and thereby helping them making better informed decision.

တီဘီရောဂါနဲ့ ပတ်သက်ပြီး သင်သိထားတာတွေက မှန်ရဲ့လား 🔍လူ့ပတ်ဝန်းကျင်မှာ "တီဘီရောဂါ" လို့ ကြားလိုက်တာနဲ့ လူအတော်များများက ကူ...
10/04/2026

တီဘီရောဂါနဲ့ ပတ်သက်ပြီး သင်သိထားတာတွေက မှန်ရဲ့လား 🔍

လူ့ပတ်ဝန်းကျင်မှာ "တီဘီရောဂါ" လို့ ကြားလိုက်တာနဲ့ လူအတော်များများက ကူးစက်ခံရမှာကို စိုးရိမ်ပြီး ထိတ်လန့်သွားတတ်ကြပါတယ် 🙅‍♀️

တီဘီဝေဒနာရှင်တစ်ယောက်နဲ့ စကားပြောမိရုံ၊ အနားမှာ ခဏလေးရှိနေရုံ ဒါမှမဟုတ် လက်ဆွဲနှုတ်ဆက်မိရုံနဲ့တင် ချက်ချင်းကူးစက်တော့မယ်လို့ ထင်မှတ်ပြီး ရှောင်ကြဉ်တတ်ကြတာဟာ တကယ်တော့ အယူအဆအမှားတစ်ခုပဲ ဖြစ်ပါတယ် ‼️

ဒီလို အထင်မှားမှုတွေကြောင့် ဝေဒနာရှင်တွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသလို၊ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေကိုလည်း ခံစားရတတ်ပါတယ်။ အမှန်တော့ တီဘီရောဂါပိုးဟာ အတူစားရုံ၊ လက်ဆွဲနှုတ်ဆက်ရုံ ဒါမှမဟုတ် ဝေဒနာရှင် အသုံးပြုထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိတွေ့ရုံနဲ့ မကူးစက်နိုင်ပါဘူး ❌

📌 တီဘီဆိုတာ ရောဂါပိုးရှိသူ ချောင်းဆိုးတာ၊ နှာချေတာ ဒါမှမဟုတ် စကားပြောရာကတစ်ဆင့် ထွက်လာတဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေ လေထဲမှာ ပျံ့နှံ့ပြီး အဲဒီလေကို တိုက်ရိုက်ရှူမိရာကနေ ကူးစက်နိုင်တာ ဖြစ်ပါတယ်

ဒါကြောင့် တီဘီရောဂါဝေဒနာ ခံစားနေရသူတွေကို ကြောက်လန့်ပြီး ရှောင်ဖယ်နေမယ့်အစား လေဝင်လေထွက် ကောင်းမွန်တဲ့နေရာမှာ နေထိုင်ဖို့နဲ့ အာဟာရပြည့်ဝအောင် စားသောက်ဖို့ကသာ အဓိကကျပါတယ် 💢

အရေးကြီးဆုံးအချက်ကတော့ တီဘီဟာ စောစောစီးစီး သိရှိပြီး မှန်ကန်တဲ့ ဆေးဝါးကုသမှု ခံယူမယ်ဆိုရင် အမြစ်ပြတ် ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုပါ ✅

ဒီအတွက် ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ လူနာတွေရဲ့ ကျန်းမာရေးကို အချိန်မီ စောင့်ရှောက်နိုင်ဖို့နဲ့ တီဘီရောဂါပိုးကို တိကျမှန်ကန်စွာ စစ်ဆေးနိုင်မယ့် အရည်အသွေးမြင့် Medical Diagnostic Devices တွေကို လိုအပ်နေပြီဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ကို အခုပဲ ဆက်သွယ်လိုက်ပါနော် 📞

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com





ခေတ်မီနည်းပညာဖြင့် တိကျမှုကို အဆင့်မြှင့်တင်ပါ 💪📌 ကုသခွဲစိတ်မှုတွေ ထိရောက်မှန်ကန်ဖို့ မှန်ကန်တဲ့ရောဂါရှာဖွေနိုင်မှုဟာ အသ...
04/04/2026

ခေတ်မီနည်းပညာဖြင့် တိကျမှုကို အဆင့်မြှင့်တင်ပါ 💪

📌 ကုသခွဲစိတ်မှုတွေ ထိရောက်မှန်ကန်ဖို့ မှန်ကန်တဲ့ရောဂါရှာဖွေနိုင်မှုဟာ အသက်တမျှ အရေးကြီးပါတယ်။ တိကျတဲ့ စစ်ဆေးမှုရလဒ်ကသာ ဆရာဝန်တွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပေးနိုင်သလို လူနာတွေအတွက်လည်း စိတ်အေးချမ်းသာစွာ ကုသမှုခံယူပြီး အမြန်ဆုံး ပျောက်ကင်းသက်သာသွားစေနိုင်မှာပါ။

ဒီအတွက် 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 က ဆရာဝန်နဲ့ လူနာကြားက ယုံကြည်မှုတွေ ပိုမိုခိုင်မာစေဖို့ ပေါင်းကူးတံတားတစ်စင်းသဖွယ် ခေတ်မီနည်းပညာမြင့် 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို အကောင်းဆုံးအရည်အသွေးနဲ့ ထုတ်လုပ်ဖြန့်ချီပြီး တင်သွင်းရောင်းချပေးနေပါတယ် ✅

◾ သွေးအမျိုးအစားစစ်ဆေးခြင်း
◾ ဘီပိုး/စီပိုး ရှိ၊ မရှိ စစ်ဆေးခြင်း
◾ ဆီးချိုစစ်ဆေးခြင်း
◾ တီဘီရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း
◾ သွေးအတွင်း ကိုလက်စထရောပမာဏစစ်ဆေးခြင်း
◾ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးခြင်းအပြင်
အခြားသော ကမ္ဘာ့အဆင့်မီ အရည်အသွေး ယုံကြည်စိတ်ချရတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐞𝐬𝐭 𝐊𝐢𝐭𝐬 နဲ့ 𝐀𝐧𝐚𝐥𝐲𝐳𝐞𝐫 များစွာကို...

နှစ်ပေါင်း ၂၀ ကျော် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပေါင်းစည်းကာ အရည်အသွေး ဘယ်တော့မှ မကျသွားအောင် ဂရုစိုက်စစ်ဆေး ထုတ်လုပ်တင်သွင်းပြီး မြန်မာပြည်အနှံ့ ဆေးရုံ၊ ဆေးခန်းတွေဆီ အရောက်ပို့ဆောင်ပေးနေပါတယ် 🚚

ဒါကြောင့် ခေတ်မီနည်းပညာတွေနဲ့အတူ တိကျမှုနှုန်းကို အမြင့်ဆုံးမြှင့်တင်ပြီး လူနာတွေရဲ့ ယုံကြည်မှုကို ရယူချင်တယ်ဆိုရင်တော့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ကို အခုပဲ ဆက်သွယ်လိုက်ပါ 🤝

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com


ဆီးချိုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို HbA1C Test နဲ့ စစ်ဆေးကာ ကြိုတင်သိရှိပြီး ကာကွယ်လိုက်ကြပါစို့ 🛡️ဆီးချိုရောဂ...
01/04/2026

ဆီးချိုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို HbA1C Test နဲ့ စစ်ဆေးကာ ကြိုတင်သိရှိပြီး ကာကွယ်လိုက်ကြပါစို့ 🛡️

ဆီးချိုရောဂါ (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬) ဆိုတာ ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် ကိန်းအောင်းနေပြီး မိမိမသိလိုက်ခင်မှာပဲ ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်ပျက်စီးစေနိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ် ⚠️

အထူးသဖြင့် သွေးချိုပမာဏကို စနစ်တကျ မထိန်းချုပ်နိုင်တဲ့အခါ အရေးပေါ်အခြေအနေမျိုးမှာ နောက်ဆက်တွဲ ဝေဒနာတွေက ပိုမိုပြင်းထန်လာတတ်ပါတယ် 💢

ဒီလိုအချိန်မျိုးမှာ လူနာရဲ့ ကျန်းမာရေးအခြေအနေကို တိတိကျကျ သိရှိဖို့ဆိုရင် သာမန်လက်ထိပ်ဖောက် စစ်ဆေးချက်ထက် ပိုမိုတိကျတဲ့ 𝐅𝐈𝐀 (𝐅𝐥𝐮𝐨𝐫𝐞𝐬𝐜𝐞𝐧𝐜𝐞 𝐈𝐦𝐦𝐮𝐧𝐨𝐚𝐬𝐬𝐚𝐲) နည်းပညာသုံး 𝐇𝐛𝐀𝟏𝐂 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေက မရှိမဖြစ် လိုအပ်ပါတယ် 🧪

𝐇𝐛𝐀𝟏𝐂 𝐓𝐞𝐬𝐭 ဟာ လွန်ခဲ့တဲ့ (၃) လအတွင်း လူနာရဲ့ ပျမ်းမျှသွေးချိုအခြေအနေကို ဖော်ပြပေးနိုင်တာကြောင့် အရေးပေါ် ကုသမှုပေးရမယ့် ဆရာဝန်တွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အကြီးမားဆုံး အထောက်အပံ့ ဖြစ်စေပါတယ် ✅

📌 ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ နှလုံးရောဂါ အစရှိတဲ့ ကြောက်စရာ ကျန်းမာရေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် တိကျတဲ့ စစ်ဆေးမှုရလဒ်တွေကို စောစောစီးစီးသိဖို့ အဓိကကျပါတယ်

ဒီအတွက် ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းတွေအနေနဲ့ လူနာတွေအတွက် အကောင်းဆုံး ဆေးစစ်ဝန်ဆောင်မှုနဲ့ အမှန်ကန်ဆုံး ရလဒ်တွေကို ပေးနိုင်ဖို့ အရည်အသွေးမြင့်မားတဲ့ 𝐇𝐛𝐀𝟏𝐂 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေ ရှာဖွေနေပြီဆိုရင်တော့...

နှစ်ပေါင်း (၂၀) ကျော်ကြာ အတွေ့အကြုံကောင်းတွေနဲ့အတူ ကျွမ်းကျင်ပညာရှင်များစွာနဲ့ ဖွဲ့စည်းထုတ်လုပ်နေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ကို အခုပဲ ဆက်သွယ်လိုက်ပါနော် 📞

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



🩸 သွေးကြောထဲမှာ သွေးခဲပိတ်ဆို့ခြင်း (Blood Clotting) ကို သွေးခဲခြင်းလို့ အလွယ်ခေါ်ကြပြီးတော့ ခန္ဓာကိုယ်အတွက် အန္တရာယ်အကြ...
28/03/2026

🩸 သွေးကြောထဲမှာ သွေးခဲပိတ်ဆို့ခြင်း (Blood Clotting) ကို သွေးခဲခြင်းလို့ အလွယ်ခေါ်ကြပြီးတော့ ခန္ဓာကိုယ်အတွက် အန္တရာယ်အကြီးဆုံး တိတ်တဆိတ်ရန်သူ‌ တွေထဲက တစ်ဦးသဖွယ်ဖြစ်တာမို့ ပေါ့ဆလို့မရပါဘူး

သွေးခဲခြင်းဟာ အထူးသဖြင့် ခြေထောက်၊ အဆုတ်၊ နှလုံးနဲ့ ဦးနှောက်တို့မှာ ဖြစ်ပွားတတ်ပြီး
🔺 အဆုတ်မှာဖြစ်ရင် အသက်ရှူရပ်တာ
🔺 ဦးနှောက်မှာ ဖြစ်ရင် လေဖြတ်တာနဲ့
🔺 နှလုံးမှာဖြစ်ရင် နှလုံးသွေးကြောပိတ်ကာ နှလုံးရပ်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ် ⚠️

ဒါကြောင့် ဒီလို အန္တရာယ်များတဲ့ သွေးခဲခြင်းကို အောက်ပါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်နည်းတွေနဲ့ လျှော့ချ ကာကွယ်နိုင်ပါတယ် 💯

◾ ကိုယ်လက်လှုပ်ရှားပြုလုပ်ပါ - တစ်နေရာတည်းမှာ အကြာကြီး ထိုင်မနေပါနဲ့။ အလုပ်လုပ်နေရင်းဖြစ်စေ၊ ခရီးဝေးသွားနေရင်းဖြစ်စေ ခဏတဖြုတ် ထရပ်တာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးပါ

◾ ရေများများသောက်ပါ - ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တဲ့အခါ သွေးပျစ်လာပြီး သွေးခဲဖို့ ပိုလွယ်ကူစေတာကြောင့် ရေကို လုံလောက်စွာ သောက်သုံးဖို့ လိုပါတယ်

◾ ကိုယ်အလေးချိန် ထိန်းသိမ်းပါ - အဝလွန်ခြင်းက သွေးကြောတွေအပေါ် ဖိအားများစေတာကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိအောင် ဂရုစိုက်ပါ

◾ ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ - ဆေးလိပ်သောက်ခြင်းက သွေးကြောနံရံတွေကို ပျက်စီးစေပြီး သွေးခဲနိုင်ခြေကို သိသိသာသာ မြင့်တက်စေပါတယ်

📌 ဒါပေမဲ့ တချို့သော အခြေအနေတွေမှာ သွေးခဲခြင်းက လက္ခဏာမပြဘဲ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ခွဲစိတ်မှု လုပ်ထားသူတွေ၊ သွေးတိုးရောဂါရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေက မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးခဲနိုင်ခြေ ရှိ၊ မရှိကို လက္ခဏာတွေကြောင့် သိရတာထက် D-Dimer Test နဲ့ စစ်ဆေးမှ ကြိုတင်သိရှိနိုင်တာမျိုး ဖြစ်ပါတယ်

D-Dimer Test ဟာ သွေးခဲပျက်စီးမှုကနေ ထွက်ပေါ်လာတဲ့ ပရိုတင်းဓာတ်ကို တိုင်းတာတာဖြစ်လို့ သွေးကြောပိတ်နိုင်ခြေကို အချိန်မီ သိရှိပြီး အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ် ✅

ဒီအတွက် ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ လူနာတွေရဲ့ သွေးခဲနိုင်ခြေကို တိကျမြန်ဆန်စွာ စစ်ဆေးပေးနိုင်ဖို့ အရည်အသွေးမြင့် D-Dimer Test Kit တွေကို လိုအပ်နေပြီဆိုရင်တော့...

နှစ်ပေါင်း (၂၀) ကျော်ကြာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနဲ့ လက်တွဲပြီး တိကျတဲ့အဖြေရလဒ်ကို ပေးစွမ်းနိုင်မယ့် D-Dimmer Test ကိရိယာများနဲ့ တခြားခေတ်မီစစ်ဆေးရေး ကိရိယာများကို ထုတ်လုပ်ဖြန့်ချိပေးနေတဲ့ Shwin Chan မှာ ဆက်သွယ်မှာယူလိုက်ပါ 🤗📞

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐂𝐚𝐬𝐞 တွေအတွက် အရေးကြီးတဲ့ 𝐁𝐥𝐨𝐨𝐝 𝐆𝐫𝐨𝐮𝐩 𝐓𝐞𝐬𝐭 🩸အရေးပေါ်အခြေအနေတွေမှာ စက္ကန့်နဲ့အမျှ ကြိုးစားကုသရတဲ့အခါ မှန်ကန်တဲ့...
24/03/2026

𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐂𝐚𝐬𝐞 တွေအတွက် အရေးကြီးတဲ့ 𝐁𝐥𝐨𝐨𝐝 𝐆𝐫𝐨𝐮𝐩 𝐓𝐞𝐬𝐭 🩸

အရေးပေါ်အခြေအနေတွေမှာ စက္ကန့်နဲ့အမျှ ကြိုးစားကုသရတဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ "တိကျတဲ့အဖြေ" က အဓိကကျပါတယ် ✅

အထူးသဖြင့် သွေးသွင်းကုသဖို့ လိုအပ်လာတဲ့ 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐂𝐚𝐬𝐞 တွေဖြစ်တဲ့ ရုတ်တရက် သွေးလွန်တာ၊ ထိခိုက်ဒဏ်ရာရတာနဲ့ ခွဲစိတ်ကုသမှု လိုအပ်တဲ့အချိန်မျိုးမှာ သွေးအုပ်စု မှားယွင်းမှုမရှိဘဲ အမြန်ဆုံးသိရှိတာက လူနာ့အသက်ကို 𝐒𝐚𝐯𝐞 ဖြစ်စေပါတယ် 🫀

ဒါကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ဓာတ်ခွဲခန်းတွေအနေနဲ့ သာမန်အချိန်ထက် အရေးပေါ်အခြေအနေမျိုးမှာ ပိုမိုစိတ်ချရတဲ့ 𝐁𝐥𝐨𝐨𝐝 𝐓𝐲𝐩𝐢𝐧𝐠 𝐑𝐞𝐚𝐠𝐞𝐧𝐭𝐬 တွေကို အသုံးပြုဖို့ လိုအပ်တာဖြစ်ပါတယ် 🧪

ဘာကြောင့်လဲဆို‌တော့ သွေးအုပ်စု ခွဲခြားရာမှာ အသုံးပြုတဲ့ 𝐀𝐧𝐭𝐢-𝐀𝐁𝐃 𝐁𝐥𝐨𝐨𝐝 𝐓𝐞𝐬𝐭𝐞𝐫 တွေဟာ အာရုံခံနိုင်စွမ်း (𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐢𝐭𝐲) မြင့်မားပြီး တိကျတဲ့ တုံ့ပြန်မှု (𝐀𝐠𝐠𝐥𝐮𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧) ကို ပေးစွမ်းနိုင်မှသာ အမှားအယွင်းမရှိဘဲ အဖြေထုတ်ပေးနိုင်မှာပါ 🎯

📌 အရည်အသွေးညံ့ဖျင်းတဲ့ 𝐑𝐞𝐚𝐠𝐞𝐧𝐭𝐬 တွေကြောင့် အဖြေလွဲမှားခြင်းဟာ လူနာအတွက် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် စိတ်ချယုံကြည်ရတဲ့ 𝐐𝐮𝐚𝐥𝐢𝐭𝐲 ကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်

အဲဒီအတွက် ဆေးရုံ၊ ဆေးခန်းနဲ့ ဓာတ်ခွဲခန်းတွေရဲ့ အရေးပေါ်အခြေအနေမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မယ့် 𝐐𝐮𝐚𝐥𝐢𝐭𝐲 မြင့်မားတဲ့ 𝐀𝐧𝐭𝐢-𝐀𝐁𝐃 (𝐌𝐨𝐧𝐨𝐜𝐥𝐨𝐧𝐚𝐥 𝐀𝐧𝐭𝐢𝐛𝐨𝐝𝐢𝐞𝐬) တွေကို မှာယူလိုတယ်ဆိုရင်တော့...

နှစ်ပေါင်း (၂၀) ကျော်ကြာ အတွေ့အကြုံကောင်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ကို အခုပဲ ဆက်သွယ်လိုက်ပါ 📞

𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 က အရည်အသွေးစစ်မှန်ပြီး တိကျတဲ့အဖြေကို ပေးစွမ်းနိုင်မယ့် 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ယုံကြည်စိတ်ချစွာ ဖြန့်ချိပေးလျက်ရှိပါတယ် 🚛

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



နေ့စဉ် လက်ထိပ်ဖောက် စစ်ဆေးတာထက် အဖြေပိုတိကျတဲ့ HbA1C Test ✅ဆီးချိုသွေးချိုဝေဒနာရှင်တွေအတွက် နေ့စဉ်လက်ထိပ်ဖောက် စစ်ဆေးတာဟ...
20/03/2026

နေ့စဉ် လက်ထိပ်ဖောက် စစ်ဆေးတာထက် အဖြေပိုတိကျတဲ့ HbA1C Test ✅

ဆီးချိုသွေးချိုဝေဒနာရှင်တွေအတွက် နေ့စဉ်လက်ထိပ်ဖောက် စစ်ဆေးတာဟာ ဖောက်တဲ့အချိန်ခဏလေးအတွင်းက သွေးချိုပမာဏကိုပဲ သိနိုင်တာမို့ အစားအသောက်၊ စိတ်ဖိစီးမှုနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေအပေါ် မူတည်ပြီး အဖြေက ခဏခဏ ပြောင်းလဲနေတတ်ပါတယ် 🌡️

ဒါကြောင့် မိမိရဲ့ ဆီးချိုအခြေအနေကို တကယ်ပဲ ထိန်းချုပ်နိုင်ရဲ့လားဆိုတာ သေချာသိရှိဖို့အတွက်ဆိုရင်တော့ လွန်ခဲ့တဲ့ (၃) လအတွင်း ခန္ဓာကိုယ်ထဲက ပျမ်းမျှသွေးချိုပမာဏကို တိကျစွာ တိုင်းတာပေးနိုင်တဲ့ HbA1C (Hemoglobin A1C) Test က အကောင်းဆုံးနဲ့ အတိကျဆုံးပါပဲ 💯

📌 တကယ်လို့ ဆီးချိုကို တိတိကျကျ မစစ်ဆေးနိုင်ဘဲ ပေါ့ဆမိမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ သွေးချိုတွေ မြင့်တက်နေပြီး ရေရှည်မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အထူးသဖြင့်...

🔺 အမြင်အာရုံ ဝေဝါးလာရာကနေ မျက်စိကွယ်ခြင်း
🔺 နှလုံးသွေးကြောကျဉ်း ရောဂါကို ဆက်လက်ခံစားရခြင်း
🔺 ကျောက်ကပ်လုပ်ဆောင်ချက် ပျက်စီးခြင်း
🔺 ခြေလက်တွေ ထုံကျင်ခြင်းမှသည် လေဖြတ်ခြင်း
🔺 အနာကျက်နှုန်းနှေးလာကာ ခြေထောက်ဖြတ်ရသည်အထိ ဖြစ်စေနိုင်ခြင်း
🔺 အာရုံကြောအားနည်းခြင်း... စတဲ့ ဝေဒနာတွေဟာ ဆီးချိုကို စနစ်တကျ မစစ်ဆေးနိုင်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားရနိုင်တာကြောင့် စနစ်တကျ ပုံမှန်စစ်ဆေးမှုက ဆီးချိုသွေးချိုဝေဒနာရှင်တို့အတွက် အလွန်အရေးကြီးပါတယ် ❗

အဲဒီအတွက် HbA1C (Hemoglobin A1C) Test နဲ့ စစ်ဆေးမယ်ဆိုရင် ဘယ်အချိန်ရယ်လို့ အချိန်ကိုက် စစ်ဆေးစရာမလိုဘဲနဲ့ တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို လွယ်လွယ်ကူကူ စစ်ဆေးနိုင်ပြီး၊ လက်ထိပ်ဖောက်စစ်ဆေးတဲ့အဖြေထက်လည်း ရေရှည်တိကျတဲ့အဖြေကို ပိုမိုမြင်သာစေပါတယ် 📄

ပုံမှန်အားဖြင့် (၃) လတစ်ကြိမ် HbA1C စစ်ဆေးပေးခြင်းအားဖြင့် ဆိုးရွားတဲ့ နောက်ဆက်တွဲဝေဒနာတွေကို ကြိုတင်ကာကွယ်နိုင်ရုံတင်မကဘဲ ဆရာဝန်တွေအနေနဲ့လည်း လူနာအတွက် အသင့်တော်ဆုံး ဆေးဝါးကုသမှုပုံစံကို ပြောင်းလဲသတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ် 🩺

ဒါကြောင့် ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ လူနာတွေအတွက် တိကျသေချာပြီး ခေတ်မီဆန်းသစ်သော FIA (Fluorescence Immunoassay) နည်းပညာသုံး HbA1C Test Kit တွေနဲ့ Medical Diagnostic Devices တွေကို လိုအပ်နေပြီဆိုရင်တော့ နှစ်ပေါင်း (၂၀) ကျော်ကြာ အတွေ့အကြုံကောင်းတွေနဲ့ ယုံကြည်စိတ်ချရတဲ့ Shwin Chan Trading Company Limited ကို အခုပဲ ဆက်သွယ်လိုက်ပါ 📞

Shwin Chan နဲ့ လက်တွဲပြီး အရည်အသွေးမြင့် စစ်ဆေးမှုတွေကတစ်ဆင့် လူနာတွေရဲ့ ကျန်းမာရေးကို အတူတကွ စောင့်ရှောက်ပေးလိုက်ကြရအောင် 🤗

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : http://www.shwinchan.com



𝐓𝐁 ချောင်းနဲ့ ရိုးရိုးချောင်းဆိုးတာ ဘယ်လိုခွဲခြားမလဲ ❓ရိုးရိုးချောင်းဆိုးတာနဲ့ 𝐓𝐁 ကြောင့် ချောင်းဆိုးတာက မတူညီပါဘူး။ သာမ...
16/03/2026

𝐓𝐁 ချောင်းနဲ့ ရိုးရိုးချောင်းဆိုးတာ ဘယ်လိုခွဲခြားမလဲ ❓

ရိုးရိုးချောင်းဆိုးတာနဲ့ 𝐓𝐁 ကြောင့် ချောင်းဆိုးတာက မတူညီပါဘူး။ သာမန် အအေးမိနှာစေးလို့ ရိုးရိုးချောင်းဆိုးတာက ရက်အနည်းငယ်အတွင်း သက်သာသွားလေ့ရှိပေမဲ့ 𝐓𝐁 ရောဂါပိုးကြောင့်ဆိုရင်တော့... ‼️

🕒 ချောင်းဆိုးတာ (၂) ပတ်ကျော်လာ‌ပေမဲ့ မသက်သာဘဲ အချိန်ကြာမြင့်စွာ ဆက်တိုက်ဆိုးနေခြင်း
🩸 ချောင်းဆိုးတဲ့အခါ သလိပ်ထဲမှာ သွေးစ၊ သွေးန ပါလာခြင်း
🌡️ အထူးသဖြင့် ညနေခင်းနဲ့ ညဘက်တွေမှာ ကိုယ်အပူရှိန်တက်ကာ ဖျားပြီး ချွေးထွက်ခြင်း
📉 အစားအသောက်ပျက်ပြီး သိသိသာသာပိန်ကာ ကိုယ်အလေးချိန်ကျသွားခြင်း
😫 အမြဲတမ်း ပင်ပန်းနွမ်းနယ်နေပြီး နုံးချည့်ကာ ရင်ဘတ်အောင့်ခြင်း... စတဲ့ လက္ခဏာတွေကို ခံစားရမှာ ဖြစ်ပါတယ်

𝐋𝐚𝐭𝐞𝐧𝐭 𝐓𝐁 (ငုပ်လျှိုးတီဘီ) ရှိနေသူတွေအနေနဲ့တော့ ကိုယ်ခံအားကောင်းနေချိန်မှာ အထက်မှာဖော်ပြခဲ့တဲ့ ဘာလက္ခဏာကိုမှ မပြသ သလို တစ်ဖက်လူကိုလည်း မကူးစက်နိုင်သေးပါဘူး။

ဒါပေမဲ့... ကိုယ်ခံအားကျလာတဲ့အခါမှာတော့ ဒီလက္ခဏာတွေနဲ့အတူ 𝐀𝐜𝐭𝐢𝐯𝐞 𝐓𝐁 အဖြစ် ပြောင်းလဲသွားနိုင်တာမို့ စောစီးစွာ စစ်ဆေးသိရှိဖို့ က အရေးကြီးဆုံးဖြစ်ပါတယ်။ ဘာ‌ကြောင့်လဲဆိုရင် 𝐓𝐁 ရောဂါဟာ စောစောသိပြီး စောစောကုသနိုင်ရင် အမြစ်ပြတ် ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးဖြစ်လို့ပါပဲ 🩺

အဲဒီအတွက် 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှ တင်သွင်းပြီး တိကျမြန်ဆန်တဲ့ရလဒ်ကို ထုတ်ပေးနိုင်တဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐓𝐁-𝐅𝐞𝐫𝐨𝐧 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေနဲ့ စောစီးစွာ စစ်ဆေးနိုင်ပါတယ် 🔬

📌 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐓𝐁-𝐅𝐞𝐫𝐨𝐧 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေက 𝐅𝐥𝐮𝐨𝐫𝐞𝐬𝐜𝐞𝐧𝐭 𝐈𝐦𝐦𝐮𝐧𝐨𝐚𝐬𝐬𝐚𝐲 (𝐅𝐈𝐀) နည်းပညာကို အသုံးပြုထားလို့ သာမန် 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေထက် ပိုမိုတိကျသေချာတဲ့ရလဒ်ကို ရရှိစေပြီး လူနာတွေအတွက် စောင့်ဆိုင်းရချိန်နည်းပါးကာ ကုသမှုကို အမြန်ဆုံး စတင်နိုင်စေမှာပါ 💯

ဒါ့အပြင် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝟐𝟎𝟎 𝐀𝐧𝐚𝐥𝐲𝐳𝐞𝐫 နဲ့ စနစ်တကျ စစ်ဆေးရတာဖြစ်လို့ လူကြောင့်ဖြစ်တတ်တဲ့ အမှားအယွင်း (𝐇𝐮𝐦𝐚𝐧 𝐄𝐫𝐫𝐨𝐫) တွေကို လျှော့ချပေးနိုင်တဲ့ အားသာချက်လည်း ရှိပါတယ် ✅

နှစ်ပေါင်း (၂၀) ကျော်ကြာ ကျွမ်းကျင်ပညာရှင်များနဲ့တိုင်ပင်ပြီး အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐞𝐬𝐭 𝐊𝐢𝐭𝐬 များကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတာမို့ ယုံကြည်စိတ်ချရတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေနဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို လိုအပ်လာပြီဆိုရင်တော့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 ကိုသာ သတိရလိုက်ပါနော် 🙋‍♂️

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



&Effects

ကျန်းမာ‌ရေးစစ်ဆေးမှုတွေ လွဲမှားကုန်တဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက... ⁉️ကျန်းမာ‌ရေးစစ်ဆေးမှုတွေဆိုတာ စစ်ဆေးပြီးရု...
08/03/2026

ကျန်းမာ‌ရေးစစ်ဆေးမှုတွေ လွဲမှားကုန်တဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက... ⁉️

ကျန်းမာ‌ရေးစစ်ဆေးမှုတွေဆိုတာ စစ်ဆေးပြီးရုံနဲ့တင် ပြီးမသွားဘဲ နောက်ဆက်တွဲအနေနဲ့ နောက်ထပ်လိုအပ်တဲ့ အဆင့်ဆင့်စစ်ဆေးမှုတွေ၊ ကုသခွဲစိတ်မှုတွေကို လုပ်ဆောင်ရမှာဖြစ်တာကြောင့် နည်းနည်းလေးမှ အမှားခံလို့မရပါဘူး ‼️

ဒါကြောင့် အရည်အသွေး ယုံကြည်စိတ်ချရမှုမရှိတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐞𝐬𝐭 𝐊𝐢𝐭 နဲ့ 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞 တွေကို အသုံးပြုတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာ‌ရေးတွေကို ‌𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 က ပြောပြလိုက်ပါတယ်။

1️⃣ ရောဂါရှာဖွေမှု နောက်ကျခြင်း

မှားယွင်းတဲ့ စစ်ဆေးမှုအဖြေတစ်ခုက အချိန်မီကုသရင် ပျောက်ကင်းနိုင်တဲ့ရောဂါတွေကို ကုသမှုနောက်ကျသွားစေပြီး ပိုမိုဆိုးရွားသွားစေပါတယ်။ ဒါ့အပြင် အရေးပေါ်ကုသရမယ့် အခြေအနေတွေမှာဆိုရင် အသက်အန္တရာယ်ထိ ဖြစ်စေနိုင်ပါတယ်။

2️⃣ မလိုအပ်ဘဲ ကုသမှုများ ခံယူရခြင်း

ရောဂါမရှိဘဲ "ရှိတယ်" လို့ အဖြေထွက်တာမျိုးကြောင့် မလိုအပ်ဘဲ ခွဲစိတ်ကုသမှုတွေ ခံယူရပြီး ဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။

3️⃣ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု

ကျန်းမာရေးစစ်ဆေးမှု ရလဒ်အမှားတွေကြောင့် ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ သတိပေါ့လျော့နေမှုတို့ ခံစားရတတ်ပြီး နောက်ထပ်ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း မယုံကြည်တော့တဲ့ Trauma မျိုး ရသွားနိုင်ပါတယ်။

4️⃣ ငွေကြေး ကုန်ကျမှု

မှားယွင်းတဲ့ အဖြေကြောင့် နောက်ဆက်တွဲ စစ်ဆေးမှုတွေ ထပ်ခါထပ်ခါ လုပ်ရတာ၊ မလိုအပ်တဲ့ ဆေးဖိုးဝါးခတွေ ကုန်ကျတာတွေကြောင့် ငွေပိုတွေ ကုန်သွားတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီလို 𝐑𝐢𝐬𝐤 တွေကို လျှော့ချနိုင်ဖို့အတွက် အရည်အသွေးလုံးဝစိတ်ချရတဲ့ 𝐓𝐞𝐬𝐭 𝐊𝐢𝐭 နဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞 တွေကို... 🧪

𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 က နှစ်ပေါင်း (၂၀) ကျော်ကြာ အတွေ့အကြုံရင့်ကျွမ်းကျင်ပညာရှင်များ၊ ဆရာဝန်ကြီးများ၊ ကျန်းမာ‌ရေးဝန်ထမ်းများနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး ထုတ်လုပ်ဖြန့်ဖြူးပေးနေပါတယ် ✅

ဆေးရုံ၊ ဆေးခန်းတွေ၊ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ လွဲမှားလို့မရတဲ့အရာတွေကို တိကျသေချာစေဖို့ အရည်အသွေးစိတ်ချရတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐞𝐬𝐭 𝐊𝐢𝐭 နဲ့ 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞 တွေကို စုံစမ်းမှာယူချင်တယ်ဆိုရင်တော့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ကို အခုပဲ ဆက်သွယ်လိုက်တော့နော် 📞

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com


#𝐌𝐞𝐝𝐢𝐜𝐚𝐥𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐃𝐞𝐯𝐢𝐜𝐞𝐬 &Effects

အရေးပေါ်လူနာတွေအတွက် ဘာကြောင့် 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေ လိုအပ်တာလဲ ❓နှလုံးဝေဒနာရှင်တစ်ယောက်အတွက် "အချိန်" ဆိုတာ ရှင်သန်ခြင်းနဲ့ ...
06/03/2026

အရေးပေါ်လူနာတွေအတွက် ဘာကြောင့် 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေ လိုအပ်တာလဲ ❓

နှလုံးဝေဒနာရှင်တစ်ယောက်အတွက် "အချိန်" ဆိုတာ ရှင်သန်ခြင်းနဲ့ ထပ်တူ အရေးကြီးပါတယ်။ နှလုံးအောင့်တာ ဒါမှမဟုတ် နှလုံးအားနည်းတာကို ခံစားရတဲ့အခါ ၁ မိနစ်ဟာ ၁ နာရီလောက် တန်ဖိုးရှိတာမို့ စက္ကန့်တိုင်းက တကယ်ပဲ အရေးကြီးပါတယ်⏱️

ဒီလို အရေးကြီးတဲ့ အချိန်ပိုင်းအတွင်းမှာ မှန်ကန်တဲ့ ကုသမှုတွေပေးနိုင်ဖို့ဆိုရင် တိကျမြန်ဆန်တဲ့ စစ်ဆေးမှုရလဒ်တွေက အဓိကအသက်ပါပဲ။ ဒါကြောင့်ပဲ ခေတ်မီဆေးရုံ၊ ဆေးခန်းတွေမှာ 𝐅𝐈𝐀 (𝐅𝐥𝐮𝐨𝐫𝐞𝐬𝐜𝐞𝐧𝐜𝐞 𝐈𝐦𝐦𝐮𝐧𝐨𝐚𝐬𝐬𝐚𝐲) နည်းပညာသုံး 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေကို လိုအပ်တာဖြစ်ပါတယ်။

နှလုံးဝေဒနာရှင်တိုင်းအတွက် နှလုံးအားနည်းခြင်းနဲ့ နှလုံးအောင့်ခြင်းတို့ဟာ အဓိက ကြုံတွေ့ရတဲ့ ဝေဒနာတွေပါပဲ 🫀

📌 နှလုံးအားနည်းခြင်းအတွက် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐍𝐓-𝐩𝐫𝐨𝐁𝐍𝐏 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 နဲ့ စစ်ဆေးနိုင်ပြီး Whole Blood ရော Serum နဲ့ရော နှစ်မျိုးလုံး အဆင်ပြေစွာ စစ်ဆေးနိုင်မှာပါ။ 𝐅𝐈𝐀 (𝐅𝐥𝐮𝐨𝐫𝐞𝐬𝐜𝐞𝐧𝐜𝐞 𝐈𝐦𝐦𝐮𝐧𝐨𝐚𝐬𝐬𝐚𝐲) နည်းပညာကို အသုံးပြုထားတာကြောင့် သာမန်စစ်ဆေးချက်တွေထက် ပိုမိုတိကျတဲ့ ရလဒ်ကို ၁၅ မိနစ်အတွင်း တိကျမှန်ကန်စွာ ရရှိနိုင်ပါတယ်

📌 နှလုံးအောင့်ခြင်းအတွက်တော့ 𝐓𝐫𝐨𝐩 𝐈 𝐓𝐞𝐬𝐭 𝐊𝐢𝐭 နဲ့ စစ်ဆေးနိုင်မှာဖြစ်ပြီး နှလုံးကြွက်သား ထိခိုက်မှုကို အလွန်သေးငယ်တဲ့ ပမာဏကအစ တိကျစွာတွက်ချက်နိုင်သလို အချိန်အကြာကြီးစောင့်စရာမလိုဘဲ အချိန်တိုအတွင်းမှာပဲ Result ကိုသိနိုင်မှာ ဖြစ်ပါတယ်

◾ ဘာလို့ 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 ကို ရွေးချယ်သင့်တာလဲ ❓

နိုင်ငံတကာအဆင့်မီနည်းပညာကို အသုံးပြုထားပြီး သာမန်စစ်ဆေးချက်တွေထက် ပိုမိုမြင့်မားတဲ့ တိကျမှန်ကန်တဲ့အဖြေကို အချိန်တိုအတွင်း(၁၅မိနစ်အတွင်း) ပေးစွမ်းနိုင်လို့ပဲ ဖြစ်ပါတယ် 💯

ရလဒ်ကမြန်လေ မှန်လေ သက်ဆိုင်ရာ ဆရာဝန်တွေက ဆုံးဖြတ်ချက် မှန်ကန်မြန်ဆန်နိုင်လေဖြစ်ပြီး လိုအပ်တဲ့ အရေးပေါ်ကုသမှုတွေကို အချိန်မီလုပ်ဆောင်ကာ ဝေဒနာရှင်ရဲ့အသက်ကို ဘေးကင်းစေနိုင်လေပါပဲ ✅

ဒါကြောင့် နှလုံးရောဂါဟာ လုံးဝ မပေါ့ဆသင့်ပါဘူး။ တစ်စက္ကန့်၊ တစ်မိနစ်... အချိန်မီစစ်ဆေးခြင်းက ချစ်ခင်ရသူတွေရဲ့ အသက်ကို အပြည့်အဝ 𝐒𝐚𝐟𝐞 ဖြစ်စေနိုင်ပါတယ် ❤️

အဲဒီအတွက် အရည်အသွေးပြည့်မှီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေနဲ့ 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေကို နှစ်ပေါင်း (၂၀) ကျော်ကြာ အတွေ့အကြုံရင့်ကျက်ပြီး ကျွမ်းကျင်ပညာရှင်များစွာနဲ့ ဖွဲ့စည်းထားတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐚𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 က မြန်မာပြည်အနှံ့ ယုံကြည်စိတ်ချရစွာ ဖြန့်ချီပေးလျက်ရှိပါတယ် 🤗

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com


#𝐌𝐞𝐝𝐢𝐜𝐚𝐥𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐃𝐞𝐯𝐢𝐜𝐞𝐬

🩺 သွေးတွင်းအဆီဓာတ်ကို အချိန်တိုအတွင်း တိကျစွာ စစ်ဆေးနိုင်မယ့် 𝐋𝐢𝐩𝐢𝐝𝐨𝐜𝐚𝐫𝐞🩸နှလုံးကျန်းမာရေးရဲ့ အဓိကရန်သူဟာ  𝗖𝗵𝗼𝗹𝗲𝘀𝘁𝗲𝗿𝗼𝗹 မြ...
03/03/2026

🩺 သွေးတွင်းအဆီဓာတ်ကို အချိန်တိုအတွင်း တိကျစွာ စစ်ဆေးနိုင်မယ့် 𝐋𝐢𝐩𝐢𝐝𝐨𝐜𝐚𝐫𝐞🩸

နှလုံးကျန်းမာရေးရဲ့ အဓိကရန်သူဟာ 𝗖𝗵𝗼𝗹𝗲𝘀𝘁𝗲𝗿𝗼𝗹 မြင့်တက်ခြင်းလို့ခေါ်တဲ့ "သွေးတွင်းအဆီဓာတ်" များခြင်းပဲ ဖြစ်ပါတယ်။ သွေးတွင်း အဆီဓာတ်လွန်ကဲခြင်းဟာ ရောဂါလက္ခဏာမပြဘဲ အချိန်မရွေး သွေးကြောပိတ်တာ၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေအထိ ဖြစ်ပွားစေနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ အသံတိတ်ရန်သူ ဖြစ်ပါတယ် ‼️

ဒါကြောင့် မိမိရဲ့ 𝗖𝗵𝗼𝗹𝗲𝘀𝘁𝗲𝗿𝗼𝗹 အခြေအနေကို ပုံမှန်စစ်ဆေးစောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် အချိန်ကုန်သက်သာပြီး တိကျမှုမြင့်မားတဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐋𝐢𝐩𝐢𝐝𝐨𝐂𝐚𝐫𝐞 𝐓𝐞𝐬𝐭 𝐊𝐢𝐭 က သင့်အတွက် အကောင်းဆုံး အဖြေတစ်ခု ဖြစ်မှာပါ 💯

𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐚𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 က တင်သွင်းတဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐋𝐢𝐩𝐢𝐝𝐨𝐂𝐚𝐫𝐞 𝐓𝐞𝐬𝐭 𝐊𝐢𝐭 က...

✅ 𝗧𝗼𝘁𝗮𝗹 𝗖𝗵𝗼𝗹𝗲𝘀𝘁𝗲𝗿𝗼𝗹(𝗧𝗖), 𝗛𝗗𝗟, 𝗟𝗗𝗟 နဲ့ 𝗧𝗿𝗶𝗴𝗹𝘆𝗰𝗲𝗿𝗶𝗱𝗲𝘀(𝗧𝗚) တို့ကို စက်တစ်လုံးတည်းနဲ့ တစ်နေရာတည်းမှာ တစ်ခါတည်း စစ်ဆေးနိုင်ပါတယ်
✅ သွေးစစ်ပြီး (၃) မိနစ်အတွင်းမှာတင် ဓာတ်ခွဲခန်းအဆင့်မီ မြန်ဆန်တိကျတဲ့ ရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်
✅ လက်ထိပ်ကို သွေးဖောက်ပြီး စစ်ဆေးရတာဖြစ်လို့ အသုံးပြုရလွယ်ကူသလို အရည်အသွေးကောင်းမွန်ကာ ယုံကြည်စိတ်ချရတဲ့ 𝐃𝐞𝐯𝐢𝐜𝐞 တစ်ခုဖြစ်ပါတယ်

ဒါကြောင့် ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ပဲဖြစ်ဖြစ်နဲ့ မိမိတို့ရဲ့ နေအိမ်မှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် စစ်ဆေးပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို အချိန်မီစစ်ဆေးသိရှိနိုင်ဖို့ပဲဖြစ်ဖြစ် အရည်အသွေးမြင့် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐋𝐢𝐩𝐢𝐝𝐨𝐂𝐚𝐫𝐞 𝐓𝐞𝐬𝐭 𝐊𝐢𝐭 ကို ရှာဖွေဝယ်ယူချင်တယ်ဆိုရင်တော့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 ကို အခုပဲ ဆက်သွယ်လိုက်ပါ 📞

ဒါ့အပြင် နှစ်ပေါင်း ၂၀ ကျော်ကြာ အတွေ့အကြုံကောင်းတွေ၊ ကျွမ်းကျင်ဆရာဝန်၊ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ တင်သွင်းဖြန့်ချိထားတဲ့ အခြားသော 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞 များကိုလည်း စုံစုံလင်လင် မှာယူရရှိနိုင်မှာဖြစ်ပါတယ် 🤗

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : general@shwinchan.com
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com


#𝐌𝐞𝐝𝐢𝐜𝐚𝐥𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐃𝐞𝐯𝐢𝐜𝐞𝐬

👨‍🌾တောင်သူလယ်သမားနေ့🌾ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိ...
02/03/2026

👨‍🌾တောင်သူလယ်သမားနေ့

🌾ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုရင်း ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး ဘဝအမောများကင်းဝေးပြီး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာနိုင်ကြပါစေကြောင်း Shwin Chan မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏



#တောင်သူလယ်သမားနေ့

မွေးကင်းစ ကလေးငယ်လေးတွေအနေနဲ့ ဘာလို့ G6PD စစ်ဆေးသင့်တာလဲ ?G6PD ဆိုတာက သွေးနီဥလေးတွေကို အလွယ်တကူ မပျက်စီးအောင် ကာကွယ်ပေးတ...
01/03/2026

မွေးကင်းစ ကလေးငယ်လေးတွေအနေနဲ့ ဘာလို့ G6PD စစ်ဆေးသင့်တာလဲ ?

G6PD ဆိုတာက သွေးနီဥလေးတွေကို အလွယ်တကူ မပျက်စီးအောင် ကာကွယ်ပေးတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တယ်ဆိုတာ ဖေဖေမေမေတို့အနေနဲ့ ဦးစွာ သိထားသင့်ပါတယ်။📌

👶လူ့လောကကို ရောက်လာခါစ နူးနူးညံ့ညံ့ကလေးလေးတွေအနေနဲ့ G6PD ချို့တဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးတဲ့အခါ ခုလို အကျိုးကျေးဇူးလေးတွေရနိုင်တယ်နော်.✨

✅သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း

✅မတည့်တဲ့ ဆေးဝါးတွေနဲ့ အစားအစာတွေကို ရှောင်ကြဥ်နိုင်ခြင်း

📌ပဲကြီး၊ ပရုတ်လုံး၊ ကိုက်ခဲပျောက်ဆေးအချို့၊ အဖျားပျောက်ဆေးတစ်ချို့နဲ့ ပိုးသတ်ဆေးတို့ကို စားမိတဲ့အခါ၊ ထိမိတဲ့အခါ၊ အနံ့ရှုမိတဲ့အခါမျိုးတွေမှာ သွေးနီဥတွေကို ပျက်စီးစေတတ်ပြီး ကလေးငယ်လေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။

ဒါ့အပြင် G6PD ချို့တဲ့တဲ့ ကလေးတွေက မွေးကင်းစမှာ အသားဝါတတ်ပြီး အချိန်မှီမသိရှိဘဲ နောက်ကျမှ ကုသမိပါက ဦးနှောက်ထိခိုက်တာမျိုးပါ ဖြစ်နိုင်ပါတယ်။📌

ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ ရင်သွေးငယ်လေးတွေကို လူ့လောကထဲ ခေါ်ဆောင်လာချိန်မှာ အခြားသော ရောဂါတွေနဲ့အတူ G6PD ချို့တဲ့ခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးသင့်ပါတယ်။🥰

ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ 𝐆6𝐏𝐃 ချို့တဲ့ခြင်းကို စစ်ဆေးနိုင်တဲ့ Test Kit ကောင်းတစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ 𝗦𝗗 𝗕𝗜𝗢𝗦𝗘𝗡𝗦𝗢𝗥 ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 အမှတ်တံဆိပ် 𝐆6𝐏𝐃 𝐄𝐧𝐳𝐲𝐦𝐞 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐀𝐧𝐚𝐥𝐲𝐳𝐞𝐫 ကို သတိရလိုက်ပါ။🥰

𝐆6𝐏𝐃 𝐄𝐧𝐳𝐲𝐦𝐞 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐀𝐧𝐚𝐥𝐲𝐳𝐞𝐫 က 𝐆6𝐏𝐃 𝐄𝐧𝐳𝐲𝐦𝐞 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 နှင့် 𝐇𝐞𝐦𝐨𝐠𝐥𝐨𝐛𝐢𝐧 အရေအတွက်တို့ကို သွေးပမာဏ အနည်းငယ်ဖြင့် ၂မိနစ်အတွင်း စစ်ဆေးပေးနိုင်တဲ့အပြင်..✨

💁🏻‍♂️အရွယ်အစားအားဖြင့်လည်း (6.7 x 13cm) သာ ရှိတာကြောင့် ပေါ့ပေါ့ပါးပါး သယ်ဆောင်လွယ်ကူပါတယ်

𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 အမှတ်တံဆိပ် 𝐆6𝐏𝐃 𝐄𝐧𝐳𝐲𝐦𝐞 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐀𝐧𝐚𝐥𝐲𝐳𝐞𝐫 ကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးလျက်ရှိပါတယ်။👷🏻‍♂️

ဒါကြောင့် 𝐆6𝐏𝐃 ချို့တဲ့ခြင်းကို စစ်ဆေးဖို့အတွက် အရည်အသွေး စိတ်ချရတဲ့ Analyzer ကိုရှာဖွေနေတယ်ဆိုရင်တော့ နှစ်ပေါင်း ၂၀ ကျော်ကြာ အတွေ့အကြုံကောင်းတွေ၊ ကျွမ်းကျင်ဆရာဝန်၊ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ကိုအခုပဲ ဆက်သွယ်လိုက်တော့နော် 🥰✨

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅

𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧

𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

𝐄𝐦𝐚𝐢𝐥 : general@shwinchan.com

𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com

#𝐌𝐞𝐝𝐢𝐜𝐚𝐥𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐃𝐞𝐯𝐢𝐜𝐞𝐬

Address

Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner Of 30(A) Street, Between 30th & 31st Str
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Shwin Chan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwin Chan:

Share