Brahmaso Siddhi Healing

Brahmaso Siddhi Healing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brahmaso Siddhi Healing, Alternative & holistic health service, Happy Street, Yangon.

Certified Holistic Healer
Reiki Master,
Certified Advanced Pranic Healer
Crystal Healer
Certified Psychology & Psychotherapy
IAC ( International Certified Professional Coach , Level -II)
Mindfulness Based Divine Living

Credit
30/12/2025

Credit

မင်္ဂလာပါမိတ်ဆွေကို နာကျင်စေတဲ့ အတိတ်တွေကို 2025 မှာပဲ ထားခဲ့ရင်း အဲ့ဒီ နာကျင်စေတဲ့အတိတ်ထဲကပဲ “ ကျေးဇူးတင်ရမည့်သူတွေ၊ အရ...
29/12/2025

မင်္ဂလာပါ
မိတ်ဆွေကို နာကျင်စေတဲ့ အတိတ်တွေကို 2025 မှာပဲ ထားခဲ့ရင်း အဲ့ဒီ နာကျင်စေတဲ့အတိတ်ထဲကပဲ “ ကျေးဇူးတင်ရမည့်သူတွေ၊ အရာတွေ ကိုတော့ ရှာဖွေပြီး အသေအချာလေး Gratitude Journey “ တစ်စောင်ရေးပါ။

ပြီးလျှင်တော့ “ အတိတ် “ တွေကို ထားခဲ့လိုက်ပါ။

Photo : Credit

🍁 Autumn Awakening 🍁 ကျွန်မအတွက်တော့ ဒီနှစ် ဆောင်းရာသီလေးဟာ အလွန်ကို အဓိပ္ဖယ်ရှိလှပါတယ်။ယခုနှစ်စ မြန်မာနှစ်သစ်ကူးပြီးချိ...
29/12/2025

🍁 Autumn Awakening 🍁

ကျွန်မအတွက်တော့ ဒီနှစ် ဆောင်းရာသီလေးဟာ အလွန်ကို အဓိပ္ဖယ်ရှိလှပါတယ်။
ယခုနှစ်စ မြန်မာနှစ်သစ်ကူးပြီးချိန်လောက်က လူမှုကွန်ရက်စာမျက်နှာမှာ စာရေးဆရာကိုရသ ရဲ့ မျှဝေမှုကြောင့် ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ရန်ကုန်စင်တာကို စတင်သိခွင့်ရခဲ့ပါတယ်။

“ အဝိဇ္ဇာအိပ်မက် “ ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်ကြားပေးတဲ့ သင်တန်းလေးကို စတင်ဝင်ရောက်လေ့လာသင်ယူခွင့်ရခဲ့ပြီး ကျွန်မ ဘဝမှာ ရှင်းလင်းစွာ သိမနေခဲ့သော ဓမ္မနဲ့ပတ်သက်သော လောဘ၊ဒေါသ၊မောဟ၊စေတနာ စသည့် အခြေခံအကြောင်းအရာလေးများကို ရိုးရှင်းလွယ်ကူစွာဖြင့် နားလည်သိမြင်ခဲ့ရပါတယ်။
ဒါဟာ ကျွန်မအတွက်တော့ အဝိဇ္ဇာအိပ်မက် မက်နေရာမှ စတင်နိုးကြားလိုက်ရသလိုပါပဲ။

ကျွန်မ ပြန်အိပ်ပျော် ချင်တော့ဘူး။
မသိမှုတွေမှာ သာယာမနေချင်တော့ဘူး။ဒါကြောင့် ကျွန်မ မိသားစု နဲ့ ကျွန်မ ကိုယ်ပိုင် အချိန်တွေကြားမှာ ရအောင်ကြိုးစားခဲ့တယ်။

အိမ်ထောင်ရှင်မဘဝ ကလေးမိခင် တစ်ယောက်ဖြစ်သူ ကျွန်မဟာ လူအများကိုလည်း Mental Well-being အတွက် အလုပ်လုပ်ပေးနေရင်း ရန်ကုန် ဓမ္မလမ်းမှာ အပတ်စဉ် သွားရောက်လေ့လာသင်ယူခဲ့ပါတယ်။
အဲ့အချိန်လေးတွေက မိုးသည်းလွန်းတဲ့ မုန်တိုင်းထန်တဲ့ “ မိုးရာသီ “ လေးပါပဲ။

အချိန်တွေ တဖြေးဖြေးကုန်ဆုံးလာတာနဲ့အမျှ ဓမ္မအသိ၊ ဓမ္မသဘောတရားတွေကို ဘဝထဲမှာ ဆင်ခြင်နိုင်စပြုလာပါတယ်။
နေ့စဉ် မြတ်စွာဘုရားကို လက်ဆယ်ဖြာမိုး ဩကာသ ကန်တော့ချိန်၊ ဆွမ်းတော်ဗန်းလေး ကိုင်မလိုက်ချိန်၊ ကပ်လှူလိုက်ချိန်၊ တံမျက်စည်းလှဲနေချိန်၊ ပန်းကန်ဆေးချိန် ၊ ကလေး ကျောင်းကြိုပို့ ကားမောင်းနေချိန်တွေမှာ လက်တွေ့ကျင့်သုံးဖြစ်ခဲ့ပါတယ်။

တစ်နေကုန်လုပ်နေတဲ့ အလုပ်တွေ၊ ပြောဆို ပြုမူ၊ လှုပ်ရှားနေမှုတွေမှာ “ စေတနာ” လေးက ဦးဆောင်လုပ်ကိုင်နေတာပါလားလို့ ဆင်ခြင်နိုင်ခဲ့ပါတယ်။

ဒီဆောင်းဦးရာသီ ရောက်ချိန်လေးမှာတော့ ဆရာကြီးဦးစိုးလွင်ရဲ့ စေတနာတွေနဲ့ ကျွန်မတို့သင်တန်းသားတွေကို ထပ်မံပြီး မွမ်းမံသင်ကြားပေးတဲ့ 🍁 Autumn Awakening Program 🍁 လေးကိုပါ ဝင်ရောက် တက်ခွင့်ရခဲ့ပြန်ပါတယ်။

🍁 Autumn Awakening 🍁
🍁 Autumn Awakening 🍁
🍁 Autumn Awakening 🍁
နာမည်လေးကို ထပ်ခါထပ်ခါရွတ်ရင်း ကျွန်မ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ” ဆောင်းဦးရွက်ကြွေ ချစ်သက်သေ “ ထဲက Maple Leafs 🍁 🍁 🍁 သစ်ရွက်လေးများကို မြင်ယောင်မိပါတယ်။

ထိုသစ်ရွက်လေးအကြောင်း စဉ်းစားမိခဲ့တယ်။
ဆောင်းဦးရောက်လာတဲ့အခါ သဘာဝက တိတ်တဆိတ် ပြောင်းလဲသွားတတ်သည်။ နေရဲ့ အပူအရှိန်က လျော့နည်းလာပြီး၊ လေထဲမှာ အေးမြမှုနဲ့ တည်ငြိမ်မှုတွေ ခံစားလာရတယ်။

Maple ရွက်လေးတွေဟာ အစိမ်းရောင်ကို စွန့်လွှတ်ပြီး အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင် ဆိုပြီး အကြိမ်ကြိမ် လွှတ်ချပြသွားတယ်။
သူ့ရဲ့ အစိမ်းရောင်ကို ဆက်လက်ဖက်တွယ်ထားဖို့ မကြိုးစားပါဘူး။ အချိန်တန်ရင် အရောင်ပြောင်းပြီး၊ အချိန်တန်ရင် ကြွေကျသွားတယ်။

အကိုင်းအခက်ကိုလည်း အားနဲ့ဖက်တွယ်မနေဘူး။ အချိန်တန်ရင် လွှတ်ချလိုက်တယ်။

လောက အမြင်မှာတော့ ဒီလိုမျိုး အကြိမ်ကြိမ် စွန့်ပြခြင်းတွေကနေ လောဘစွန့်နိုင်ဖို့ သာ လိုရင်းကို သိလာရတယ်။
တဆက်တည်းမှာ ကျွန်မရဲ့ ဓမ္မအတွေးအမြင် တစ်ခုကိုလည်း နိုးထလာစေတယ်။

ဓမ္မအမြင်နဲ့ ကြည့်လျှင် ဆောင်းဦးဟာ အနိစ္စ မတည်မြဲမှုကို မြင်နိုင်အောင် ပြပေးတဲ့သဘောဖြစ်သည်။

လူ့ဘဝမှာ မည်သည့်အရာမှ အမြဲတမ်း မတည်မြဲနိုင်ကြောင်းကို Maple leaves🍁 မေပယ်ရွက်လေးတွေရဲ့ သဘာဝက ပြသနေခြင်းဖြစ်သည်။

လူ့ဘဝမှာတော့ အဲ့ဒီလို လွှတ်ချနိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတွေ သိနိုင်ပါမှသာ နေ့စဉ်ကျင့်သုံးနိုင်လိမ့်မယ်။အောင်မြင်မှု၊ ပိုင်ဆိုင်မှု၊ အချစ်နဲ့ အတိတ်အမှတ်တရတွေကို ဖက်တွယ်ထားမိကြပြီး၊ အဲ့ဒီတွယ်တာမှုတွေကနေ ဒုက္ခတွေ အသစ်တဖန် ပြန်ဖြစ်စေပါတယ်။ဒါတွေကို စွန့်ပယ်နိုင်ရမယ်။
“ လောဘစွန့်ဖို့သာ လိုရင်း “ ပေါ့။

ဓမ္မမှာ ပြောထားသလို တဏှာ ဟာ ဒုက္ခရဲ့ အရင်းအမြစ်ဖြစ်သည်။
ဒီ Maple Leaf 🍁 လေးကို အကြောင်းပြုပြီး ကျွန်မကိုယ်ကျွန်မလည်း မေးခွန်းတစ်ခုမေးဖြစ်တယ်။

“ငါ ဘာတွေ လွှတ်ချရမလဲ “

နေ့စဉ် မြင်၊ ကြား၊နံ၊ စား၊ထိ ဆိုတဲ့ အာရုံ ၅- ပါးကနေစတင်လာတဲ့ “ အတွေး “ တွေမှာ ကိလေသာတွေ နဲပါးအောင် နေနိုင်ဖို့ လှုပ်နိုးနေသလိုပါပဲ။

ထိုအတွေးများမှ ပေါ်ပေါက်လာသော “
ဝေဒနာ သုခချမ်းသာ၊ ဒုက္ခဆင်းရဲတွေကို “ သတိ “ ဖြင့်ထိန်းကျောင်းရမှာပါပဲ။
လူ့စိတ်ဟာ အပြင်လောကကို ကြည့်မြင်ခံစားနေတာထက် ကိုယ့်အတွင်းစိတ်ကို ပိုပြီး ကြည့်ရမှာမို့ ကိုယ့်ဘဝကို “ငါ” “ငါ့ရဲ့”
“ ငါ့ဥစ္စာ “ ဆိုပြီး ဖက်တွယ်ထားတာတွေကို လွှတ်ချနိုင်ရပါမယ်။
“ အတွေး “ တွေကို သန့်စင်အောင် ကျင့်ကြံနေထိုင်ရမယ်။
အနတ္တ သဘောကိုသိရမယ်။

အရွက်တွေ ကြွေကျသွားတာဟာ သစ်ပင်အတွက် အဆုံးသတ်ခြင်းမဟုတ်သလို၊ လူ့ဘဝအတွက်လည်း ပြီးဆုံးခြင်းမဟုတ်ပါဘူး။ ဆောင်းပြီးလို့ နွေဦးရောက်လာတဲ့အခါ အသစ်အသစ်သော အရွက်တွေ ပြန်လည် ရှင်သန်လာဦးမည်။
ဒီလိုပဲ လူ့စိတ်မှာလည်း ဖက်တွယ်မှု လျော့နည်းသွားတဲ့အခါ စိတ်နှလုံးအေးချမ်းမှုနဲ့ ပညာ အသိတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနိုင်သည်။

ဘဝကို နားလည်လာစေတဲ့ ဓမ္မသင်ခန်းစာတစ်ပုဒ် ဖြစ်လာသော ဆောင်းဦးရွက်ကြွေ ဓမ္မသက်သေ Autumn Awakening Program လေးမို့ အမှတ်တရအနေဖြင့်ရေးသားလိုက်ပါသည်။

🍁
Khaing Moe



#ဗြဟ္မစိုရ်သိဒ္ဓိ Healing




26/12/2025
2018 လောက်တုန်းက သစ်ပင်ကြီးတွေ့ပြီဆိုလျှင် ဓာတ်ပုံ ရိုက်စရာလို့ပဲ သိခဲ့ရာမှ2022 မှာ စတင်ပြီး ကောင်းမွန်သန့်စင်သော Vital ...
25/12/2025

2018 လောက်တုန်းက သစ်ပင်ကြီးတွေ့ပြီဆိုလျှင် ဓာတ်ပုံ ရိုက်စရာလို့ပဲ သိခဲ့ရာမှ

2022 မှာ စတင်ပြီး ကောင်းမွန်သန့်စင်သော Vital Energy တွေ စုပ်ယူတတ်ခဲ့ပါပြီ။

Tree Prana
Sun Prana
Earth Prana
ဓာတ်ဆွဲယူပုံလေး သင်ပေးမယ်ဆို စိတ်ဝင်စားကြလားရှင်။

Namaste 🙏🙏🙏
25/12/2025

Namaste 🙏🙏🙏

မင်္ဂလာပါChristmas ကာလလေးမှာ အားလုံးရဲ့ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်၊ အားလပ်ချိန်ပေးသော နေ့လေးမှာ လူသားတွေအားလုံးကို ကျန...
25/12/2025

မင်္ဂလာပါ
Christmas ကာလလေးမှာ အားလုံးရဲ့ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်၊ အားလပ်ချိန်ပေးသော နေ့လေးမှာ

လူသားတွေအားလုံးကို ကျန်းမာစွာနဲ့ ပျော်ရွှင် လွတ်လပ်စေချင်တာ ကျွန်မရဲ့ မေတ္တာနဲ့ ဆန္ဒလေးမို့ အခုလို အချိန်အခါလေးမှာ

🎄စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်စွာ သွားလာနိုင်ကြပါစေ။
🎄မိမိတို့ မနိုင်ဝန်တွေကို ဆက်လက်ထန်းပိုးမထားပဲ နှစ်ဟောင်းမှာ ထားခဲ့နိုင်ကြပါစေ။
🎄ပူပင်သောကများမှ ကင်းဝေးပါစေ။
🎄မိမိတို့ အလိုရှိအပ် တောင့်တ သော အရာများ အမြန်ပြည့်စုံနိုင်ပါစေ။
🎄ရည်မှန်းချက်များ ပြည့်စုံပြီး ကောင်းသော လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ချစ်မေတ္တာများဖြင့်
မိုး

❤️Live your life fully.
Life & Relationship Coach

Healer

# coaching

“Peace is not the absence of conflict, but the ability to handle conflict peacefully.”— Thich Nhat Hanh
21/12/2025

“Peace is not the absence of conflict, but the ability to handle conflict peacefully.”
— Thich Nhat Hanh

Trees are HealersTrees Prana အကြောင်းလေး မပြောခင် Pranaဆိုသည်မှာ Prana -  life force energy. / Vital Energy- အသက်ဓာတ်စွမ...
19/12/2025

Trees are Healers

Trees Prana အကြောင်းလေး မပြောခင်

Pranaဆိုသည်မှာ

Prana - life force energy. / Vital Energy- အသက်ဓာတ်စွမ်းအင်
Yama - means control.

🌲Pranayama 🌲 အသက်ဓာတ်စွမ်းအင်များ၊ အောက်ဆီဂျင်များကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များကို ရှူထုတ်ခြင်းဖြင့် ခန္ဓာကိုယ်ကို အကျိုးကျေးဇူးရရှိအောင် တစ်နေ့ကို မိနစ်အနည်းငယ်လောက်ဖြစ်ဖြစ်
🌳Inhalation - အသက်ရှုသွင်းခြင်း
🌳Exhalation - အသက်ရှုထုတ်ခြင်း
🌳Breath retention - ရှူသွင်းထားသော လေများကို ခဏတာ ထိန်းသိမ်းထားခြင်းတို့ဖြင့် ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အဆုတ်စွမ်းရည်ကို အားကောင်းစေခြင်း၊ အသိ သတိရှိပေးခြင်း၊ စိတ်ဖိစီးမှု လျော့ချပေးခြင်း ဖြင့် မိမိတို့၏ Life Force Energy အသက်ဓာတ်စွမ်းအင်များကို တိုးပွါးစေနိုင်ပါတယ်။

ထိုသို့ တိုးပွါးနေပါက ရောဂါကင်းရှင်းပြီး အသက်ပိုရှည်စေပါတယ်။

🌲Thanks Prana Energy, Life force Energy

လူသားတိုင်းအတွက် ကမ္ဘာမြေမှ ပေးထားသော လက်ဆောင် အသက်ဓာတ်များဖြင့်ရှင်သန်နေထိုင်ရခြင်းကို မမေ့လျော့ပဲ သဘာဝ ကုထုံးများဖြင့် ကျမတို့ကို ကုသမှုများ ပေးနိုင်သော သစ်တော၊ သစ်ပင်များထံမှ Prana Energy, Life Force Energy ဆွဲယူပုံလေးမှာ Tree Bathing လုပ်ပြီး ရယူမယ်ဆိုရင်

🌲နံနက်ခင်း မနက် ၅:၀၀ နာရီ မှ ညနေ ၄:၀၀ လောက် အတွင်း အချိန်သည် အသင့်တော်ဆုံးဖြစ်ပါတယ်။
🌲ဝေဝေဆာဆာ ရှင်သန်နေသော သစ်ပင်၊ အဆီအနှစ်များသော ထင်းရှူးပင်( အနောက်နိုင်ငံများ၏ ရွေးချယ်မှု ) ၊ သက်တမ်းကြာရှည်နေသော သစ်ပင်၊ အပင်ကြီးလေ ​ဝေဆာလေ အသက်ဓာတ် ပိုများလေ ။

🌲ဖိနပ်ချွပ်ထားပြီး မြန်မာ အယူအဆ များအရ သစ်ပင်စောင့်နတ်၊ ရုပ်ကစိုးဘိုးဘိုးကြီး၊ သစ်ပင်တွင် နေထိုင်ကြသော အစောင့်အရှောက်များထံတွင်
စသဖြင့် မိမိ နှစ်သက်သလို ပြောပါ။

၄င်းတို့ထံတွင် ခွင့်တောင်းပါသည်။ မိမိ—— ( နာမည် ) အား ဤသစ်ပင်တွင် ရှိနေသော အသက်ဓာတ်စွမ်းအင်များ ကို ကျွန်ုပ်၏ ခန္ဓာကိုယ်တွင်းသို့ ဆွဲယူသုံးစွဲခွင့်ပြုပါ။

🌲လက်ဖဝါး အလယ်တည့်တည့်✋ Palms Chakras/ Minor Chakras များကို Activate လုပ်ပေးပါ။ လက်မ ဖြင့် လက်ဖဝါး အလယ်တည့်တည့်ကို ၃ ကြိမ်လောက် အသာအယာ ဖိပွတ်ပေးပါ။

🌲လက်ဖဝါး နှစ်ဖက်မှာ သစ်ပင်၏ ပင်စည်ကို ကိုင်ထားပါ။ ဖက်ချင်လည်း ဖက်ထားနိုင်ပါတယ်။ ဖိနပ်ချွတ်ထားပြီး လေရှူသွင်းပါ။ အစ်မ မချောChaw Sukhita ရဲ့ 3-6-9 နည်းကို သုံးရတာနှစ်သက်ပါတယ်။

အသက်ရှူနည်းပေါင်း ၄၀ ကျော်ထဲမှ မိမိနှစ်သက်ရာ အသက်ရှူသွင်း၊ ရှူထုတ်တည်းကို သုံးနိုင်ပါတယ်။

🫁 ၃-၆-၉ အသက်ရှူနည်း

၃ စက္ကန့် အသက်ရှူသွင်း ဝမ်းဗိုက်ဖောင်းလာသည်အထိ ရှူပါ။
၆ စက္ကန့် အသက်အောင့်ထား ။
၉ စက္ကန့်ကြာအောင် ရှူထုတ်။ ပါးစပ်မှ သက်ပြင်းချသလို အသံထွက်၍ လေများကုန်သွားသည်အထိ ဖြေးဖြေးမှုတ်ထုတ်ပစ်ပါ။

🌲မည်သည့် အတွေးမျှ မတွေးပဲ အာရုံမများပဲ လက်ဖဝါး အလယ်တည့်တည့်မှ Energy များ ဝင်လာနေသည်ကိုသာ သိအောင် ခံစားကြည့်ပါ။Connect with Tree 🌳 .
သစ်ပင်များ၏ Density သည် လူတို့ထက် အလွန်မြင့်မားပါသည်။

🌲အနည်းဆုံး ၇ ကြိမ် လောက် ရှူသွင်း၊ ရှူထုတ် လုပ်ပြီးလျှင် သင့်ခန္ဓာကိုယ်မှာ ပေါ့ပါး လန်းဆန်းလာတာ တွေ့ရပါလိမ့်မယ်။ ဝေဒနာ ရှိသူများ ပိုမို သက်သာလာပါလိမိ့မယ်။

🎯 အချိန်ပေးနိုင်သေးလျှင် တခြားနည်းများအနေဖြင့် သစ်ပင်ဘေးတွင် ခုံဖြင့်ထိုင်လျက်ဖြစ်စေ၊ မတ်တပ်ရပ်၍ ဖြစ်စေ၊ တင်ပလ္လင်ခွေထိုင်လျက်ဖြစ်စေ ကြိုက်နှစ်သက်ရာ ပုံစံ အသုံးပြုပြီး
🫁 အသက်ရှူသွင်းပါ
Visualize ပုံဖော်မြင်ယောင်ကြည့်ပါ။
သင်၏ ဦးခေါင်းထိပ် Chakra Chakra မှ Bright White Light ငွေရောင်အလင်းမှုန်များ သစ်ပင်ထိပ်အထိ တက်သွားနေသည် ၊ ထွက်သွားနေသည်ကိုတွေးပါ။မြင်အောင် ပုံဖော်ကြည့်ပါ။

🫁ရှူထုတ်ချိန်တွင် သင့်ခန္ဓာကိုယ်ထဲရှိ Trauma စိတ်ဒဏ်ရာများ၊ ရောဂါဝေဒနာများ ၊ ငွေကြေးမွမ်းကြပ်နေမှုများ မိခင်ကမ္ဘာမြေကြီးထဲသို့ ကျဆင်း ပါသွားပြီဟု တွေးကာ
အထက်ပါနည်းအတိုင်း ရှူသွင်း ရှူထုတ် ကို ၅ ကြိမ် မှ ၇- ကြိမ် အထိ ပြုလုပ်ပေးပါ။
မိမိ လိုလားသော ငွေကြေး၊ လာဘ်လာဘ၊ အောင်မြင်မှုများကို ရနေပြီ ဝင်လာနေပြီ အောင်မြင်နေပြီ စသဖြင့် နှစ်သက်သလို မြင်ယောင်ပုံဖော်ပါ။
ပြီးလျင် အားရပါးရ ပြုံးလိုက်ပါ။

🌲သစ်ပင်ကို ဖက်ပြီး ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောပါ။
သင့်တစ်နေ့တာအတွက် Energy Charging လုပ်ပြီးသွားပါပြီ။

ဤနည်းလမ်းဖြင့် Tree Prana /Tree Therapy/ Tree Bathing များနေ့စဉ် ပြုလုပ်ပေးနိုင်ပါတယ်။

အနောက်နိုင်ငံတွေမှာ Group လိုက် သစ်တောထဲမှာ Forest Therapy / Tree Bathing အဖြစ်

💚 အိပ်မပျော်သော ဝေဒနာများ ၊ Stress တွေလျော့ချဖို့၊ depression စိတ်ကျဝေဒနာ၊ Anxiety စိုးရိမ်ပူပန်စိတ်တွေလျော့ဖို့၊ ပန်းနာရင်ကြပ်ဝေဒနာ၊ အဆုတ်ယောင်၊ အဝလွန်ခြင်း၊ နှလုံး၊ သွေးတိုး၊ အစာအိမ်ယောင်ဝေဒနာ တွေအတွက် ကုထုံးအနေနဲ့ အသုံးပြုကြပါတယ်။
💚 မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုအားကောင်းလာအောင်၊ ဒေါသကြီးတာ၊ မူးယစ်ဆေးစွဲသလို တစ်ခုခုကို စွဲလမ်းနေတဲ့ ဝေဒနာမျိုး၊ ကိုယ်ခံစွမိးအားမြှင့်တင်ဖို့၊

💚 အိပ်ပျော်ဖို့ ခက်ခဲသူများ ၊ အဝလွန် ဝေဒနာများ ၊

💚 Physical, Mental , Emotional များကို ထိန်ညှိပေးရန်

💚 Autoimmune ဝေဒနာများ ကုစားရန်

💚 ဟော်မုန်းစနစ်များနဲ့ သွေးလည်ပတ်မှု မှန်ကန်ချင်သူများ

💚 ကင်ဆာဝေဒနာကြောင့် ဓာတ်ကင်ကုသနေရသူတွေ

💚 Mood & Energy Level up ချင်သူတွေ

💚 ခွဲစိပ်ကုသမှူ ခံယူထားသူများ အမြန်သက်သာပျောက်ကင်းဖို့၊ အနာမြန်မြန်ကျက်ဖို့

💚 စိတ်ဂဏာမငြိမ်သူတွေ အဖို့
Tree Therapy ယူပြီး မိမိကိုယ်တိုင် ကုစားနိုင်ပါတယ်။

ကမ္ဘာမြေရဲ့ သဘာဝ လက်ဆောင်ဖြစ်သော ညောင်ပင် ၊ သပြေသီးပင်၊ မန်ကျဉ်းပင်၊ တမာပင်၊ ကိုက္ကိုပင် ၊ထင်းရှူးပင် ၊ထနောင်းပင်၊ ပိတောက်ပင်၊ ကျွန်းပင် စသည်တို့မှ အသက်ဓာတ်စွမ်းအင်များဖြင့် ကျန်းမာပျော်ရွှင်ကြပါစေ။

You all are Healers.
Trees are Healers.
Love Trees.

Photo Credit : Internet



#ဗြဟ္မစိုရ်သိဒ္ဓိ Healing



# Energy healing
healing
prana
theraphy
healing


❤️Live your life fully.
Life & Relationship Coach

& Prana Energy Healer

🌿 Mindfulness  Practice🌿“ သူတစ်ပါးရဲ့ ဝမ်းနည်းမှု ၊ နာကျင်မှု ၊ စိတ်ပိုင်းဆိုင်ရာအလုပ်တွေကို ကိုင်တွယ်ဖြေရှင်းပေးနေသူဟာ ...
18/12/2025

🌿 Mindfulness Practice🌿

“ သူတစ်ပါးရဲ့ ဝမ်းနည်းမှု ၊ နာကျင်မှု ၊ စိတ်ပိုင်းဆိုင်ရာအလုပ်တွေကို ကိုင်တွယ်ဖြေရှင်းပေးနေသူဟာ ကိုယ်တိုင်လည်း အဲ့အပူအပင်တွေ စိတ်ထဲ စွဲကပ်မနေခဲ့ရအောင် အထူးသတိထားပြီး နေရမယ်” လို့ ဆရာတော် သစ်နက်ဟန် (Thích Nhất Hạnh) ကဟောကြားခဲ့ပါတယ်။

Energy Healer, Counsellor / Therapist တွေဟာ
နေ့စဉ်နေ့တိုင်း Clients တွေရဲ့ ခန္ဓာကိုယ်နာကျင်မှု ဝေဒနာတွေ၊
စိတ်နာကျင်မှုရတွေ၊ ကြောက်ရွံ့ခြင်း၊ Trauma ၊ မကျေနပ်မှုတွေ၊ မိသားစု ပြဿနာတွေကို နားထောင်ပေးရတဲ့ လူတွေ ဖြစ်ကြပါတယ်။

လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။
တခြားသူတစ်ယောက်ရဲ့ ဒုက္ခကို နားထောင်နေရင်း
ကိုယ့်စိတ်ထဲကို
အဲ့ဒီဒုက္ခတွေ တဖြည်းဖြည်း ဝင်ရောက်လာနိုင်ပါတယ်။

သတိမထားဘူးဆိုရင်
ကိုယ်က ကူညီပေးနေတယ်ထင်ပေမယ့်
အချိန်ကြာလာတာနဲ့အမျှ
ကိုယ်တိုင်လည်းပင်ပန်းနွမ်းနယ်လာတတ်ပြီး စိတ်ကျန်းမာရေး ထိခိုက်လာမယ်
burnout ဖြစ်လာမယ်
compassion fatigue ဖြစ်လာမယ်
နောက်ဆုံးတော့
ကိုယ်လည်း မကူညီနိုင်တော့ပါဘူး။

ဆရာတော် Thích Nhất Hạnh က
ဒီအတွက် Mindfulness Practice ကို
နေ့စဉ်ပြုလုပ်ဖို့ ပြောကြားခဲ့ပါတယ်။

Mindfulness ဆိုတာ

ကိုယ်ဘာလုပ်နေတယ်၊
ကိုယ်ဘာခံစားနေရတယ်
ကိုယ့်စိတ် ဘယ်လိုတုံ့ပြန်မိနေလဲဆိုတာလေးကို
သိအောင်နေခြင်း ဖြစ်ပါတယ်။
Present Moment မှာ နေဖို့ပါပဲ။
မြတ်စွာဘုရားကလည်း လက်ရှိ ပစ္စုပ္ပန်
ကိုသာ အာရုံပြုဖို့ ဟောကြားခဲ့တာပါပဲ။

Energy Healers တွေအနေနဲ့
ကိုယ့်အသက်ရှူသံကို သိနေဖို့
ကိုယ့်စိတ်ခံစားမှုလေးကို သတိထားဖို့
client ရဲ့ ဒုက္ခကို နားထောင်နေရင်း
“ဒါသည် သူ့ဒုက္ခ၊ ဒါဟာ ငါ့ဒုက္ခ မဟုတ်ဘူး”
ဆိုတဲ့ boundary ကို သတိကပ်ထားဖို့ လိုပါတယ်။
mindfulness ကို နေ့စဉ်လေ့ကျင့်ဖို့
ကိုယ့်စိတ်အာဟာရကို ပြန်လည်ဖြည့်ဖို့ အရေးကြီးလှပါတယ်။

ကျွန်မကိုယ်တိုင်လည်း ညစဉ် အိပ်ယာမဝင်ခင်မှာ self-reflection လုပ်ပြီး ဒီနေ့ ဘာစိတ်တွေ တွယ်ကပ်မိသွားလဲ ၊ ဘယ်သူ့အပေါ် ဘာမကျေနပ်စရာတ္ရှေိနေလဲဆိုပြီး ချက်ချင်းရှင်းထုတ်လေ့ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့
ကိုယ်မကျန်းမာရင်
သူတစ်ပါးကိုလည်း မကူညီနိုင်လို့ပါ။

ဆရာတော် သစ်နက်ဟန်က
အရမ်းလှတဲ့ စကားလေးတစ်ခုပြောထားပါတယ်—

“နွံထဲက လူကို ကယ်ထုတ်ပေးချင်ရင်
ကိုယ်တိုင်က နွံနစ်မနေဖို့ အရေးကြီးပါတယ်”

ဒါကြောင့်
စိတ်ကျန်းမာရေးကို စောင့်ရှောက်နေသူတိုင်း
သူတစ်ပါးကိုသာ မမြင်ဘဲ
ကိုယ့်ကိုယ်ကိုလည်း
1. Breathwork
2. Loving Kindness
3. Grounding ပြုလုပ်ပေးရပါမည်။

Mindfulness ဆိုတာ
သူတစ်ပါးအတွက်သာ မဟုတ်ပါဘူး
ကိုယ်တိုင် အသက်ရှင်ဖို့
ကိုယ်တိုင် မလောင်ကျွမ်းဖို့
ကိုယ်တိုင် အလင်းရောင်ကို ထိန်းထားနိုင်ဖို့အတွက်ပါ 🌿

Mindfulness Practice တွေကို
Clients နဲ့ မဆွေးနွေးခင် before & after session တိုင်း ပြုလုပ်ပေးဖို့ မမေ့ကြပါနဲ့နော်။



#ဗြဟ္မစိုရ်သိဒ္ဓိ Healing



#နွံ

Address

Happy Street
Yangon
11111

Telephone

+959973284494

Website

Alerts

Be the first to know and let us send you an email when Brahmaso Siddhi Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Brahmaso Siddhi Healing:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram