Brahmaso Siddhi Healing

Brahmaso Siddhi Healing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brahmaso Siddhi Healing, Alternative & holistic health service, Happy Street, Yangon.

Certified Holistic Healer
Reiki Master,
Certified Advanced Pranic Healer
Crystal Healer
Certified Psychology & Psychotherapy
IAC ( International Certified Professional Coach , Level -II)
Mindfulness Based Divine Living

မေတ္တာလက်ဆောင်ရယူပါ။
30/04/2026

မေတ္တာလက်ဆောင်ရယူပါ။

🙏ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ (၃၀.၄.၂၀၂၆)🙏ကဆုန်ညောင်ရေသွန်းခြင်း"ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံမှတ်ရန်ဤလေးတန်"ခရစ်သက္ကရာ...
29/04/2026

🙏ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ (၃၀.၄.၂၀၂၆)🙏
ကဆုန်ညောင်ရေသွန်းခြင်း

"ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံမှတ်ရန်ဤလေးတန်"

ခရစ်သက္ကရာဇ်_၂၀၂၆_ခု၊ ကောဇာ_၁၃၈၈_ခု၊


မြတ်စွာဘုရားရှင်၏ ဗျာဒိတ်ခံယူတော်မူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ်ပွင့်တော်မူသောနေ့၊ ဗုဒ္ဓဝင်အကျဥ်းဟောကြားတော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ အစရှိသောထူးခြားချက်တွေပြည့်စုံနေတဲ့ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟုခေါ်စမှတ်ပြုခဲ့ရုံသာမက မြတ်စွာဘုရားရှင်၏ ဖွားဖက်တော် (၇) ပါးထဲမှတစ်ပါး အပါအဝင်ဖြစ်သော၊ ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်ကိုရေသွန်းလောင်းခြင်း အစဥ်လာကို ခေတ်အဆက်မပျက်ပြုလုပ်လာခဲ့ကြပါသည်။

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ၇- ရက် သားသမီးများအားလုံး
ကုသိုလ်ပွါးများနိုင်ကြပါစေရှင့်။🙏

🌸မိမိတို့၏ ကိုယ်၊ စိတ် နှစ်ပါးလုံးသည်လည်း ကိလေသာကင်း မေတ္တာပွါးများလိုက်ကြရအောင်ရှင်။

✨🍃
ချစ်မေတ္တာဖြင့်


#ကဆုန်လပြည့်

💎 Crystal Grid Crystal တစ်ခုချင်းစီမှာ သူ့အစွမ်းနဲ့သူ ရှိကြပေမယ့်၊ Crystal အများအပြားကို Sacred Geometry (ဂျီသြမေတြီ ပုံ...
28/04/2026

💎 Crystal Grid

Crystal တစ်ခုချင်းစီမှာ သူ့အစွမ်းနဲ့သူ ရှိကြပေမယ့်၊ Crystal အများအပြားကို Sacred Geometry (ဂျီသြမေတြီ ပုံစံများ) အတိုင်း စီမံထားလိုက်တဲ့အခါ သူတို့ရဲ့ စွမ်းအင်တွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားပြီး ပိုမိုအားကောင်းတဲ့ "Energy Field" တစ်ခုကို ဖြစ်ပေါ်စေပါတယ်။

လာမည့် May တွင်ဖွင့်မည့်

💎 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑴𝒂𝒔𝒕𝒆𝒓𝒄𝒍𝒂𝒔𝒔 💎

တွင် Crystal Grid လုပ်ဆောင်နဘ်းလမိးများကို ထည့်သွင်းသင်ကြားပေးပါမည်။

🗓 𝑪𝒐𝒖𝒓𝒔𝒆 𝑫𝒆𝒕𝒂𝒊𝒍𝒔
• Duration : 5 Days
• Date : May 12,13,14,15,16
Tuesday, Wednesday , Thursday, Friday,Saturday
• Time : 5:30 - 6:40 AM
• Platform : Online Live Zoom
• Investment Energy : 60000 Kyats

🌼 ရိုးရှင်းပြီး ထိရောက်တဲ့ Crystal နည်းလမ်းကောင်းများကို လက်တွေ့ လုပ်ဆောင်ကြပါမည်။

❤️𝑬𝒏𝒓𝒐𝒍𝒍 𝑵𝒐𝒘:
K Pay : 09973284494
Lei Khaing Moe

ငွေသွင်း SS ကို page messenger တွင်ပို့ပေးပါရှင်။

💎 See you in Class ❤️
📩 𝑱𝒐𝒊𝒏 𝑶𝒖𝒓 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑱𝒐𝒖𝒓𝒏𝒆𝒚:
သင်တန်းအသေးစိတ်ကို သိရှိလိုပါက Messenger မှာ " Crystal" လို့ စာလေး ပို့ထားပေးပါဦးနော်။

🌿သဘာဝရဲ့ ရတနာ Crystal စွမ်းအင်များဖြင့် သင့်ဘဝကို ရိုးရှင်းစွာ ကုစားလိုက်ပါ 🌿

Photo Credit

ချစ်မေတ္တာဖြင့်

🌀 Reiki Crystal Healing ဆိုတာReiki နဲ့ Crystal Healing ပေါင်းစပ်ခြင်းဟာ Healer တစ်ယောက်အတွက် Turbo Engine တပ်လိုက်သလိုပါ...
28/04/2026

🌀 Reiki Crystal Healing ဆိုတာ

Reiki နဲ့ Crystal Healing ပေါင်းစပ်ခြင်းဟာ Healer တစ်ယောက်အတွက် Turbo Engine တပ်လိုက်သလိုပါပဲ။ Reiki က "Universal Life Force Energy" ကို စီးဆင်းစေပြီး Crystal ကတော့ အဲဒီစွမ်းအင်ကို တိကျတဲ့ Frequency တစ်ခုအနေနဲ့ Focus (စုစည်းပေးခြင်း) နဲ့ Amplify (မြှင့်တင်ပေးခြင်း) ကို လုပ်ဆောင်ပေးပါတယ်။
Reiki Crystal Healing Master Module ကို လာမည့် May 12 ရက်နေ့တွင် စတင်မည့်

“စနစ်ကျသော ပညာရပ်၊ စစ်မှန်သော Reiki စွမ်းအင်အသုံးပြုပုံများကို “

💎 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑴𝒂𝒔𝒕𝒆𝒓𝒄𝒍𝒂𝒔𝒔 💎

သင်တန်းတွင် ထည့်သွင်းသင်ကြားမျှဝေပေးသွားမှာမို့ Reiki Practitioner ၊ Reiki Healer တွေပါ တက်ထားသင့်သော သင်တန်းလေးပါ။
Reiki အသုံးပြုနေသူတွေရော Crystal ချစ်သူလေးတွေရော
မြန်မြန် Enroll လုပ်ထားတော့နော်။

🗓 𝑪𝒐𝒖𝒓𝒔𝒆 𝑫𝒆𝒕𝒂𝒊𝒍𝒔
• Duration : 5 Days
• Date : 12/13/14/15/16 May 2026

• Time : 5:30 AM - 6:40 AM
• Platform : Online Zoom

• Investment Energy : 60000 Kyats

🌼 ရိုးရှင်းပြီး ထိရောက်တဲ့ Crystal နည်းလမ်းကောင်းများကို လက်တွေ့ လုပ်ဆောင်ကြပါမည်။

❤️𝑬𝒏𝒓𝒐𝒍𝒍 𝑵𝒐𝒘:
K Pay : 09973284494
Lei Khaing Moe

ငွေသွင်း SS ကို page messenger တွင်ပို့ပေးပါရှင်။

💎 See you in Class ❤️
📩 𝑱𝒐𝒊𝒏 𝑶𝒖𝒓 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑱𝒐𝒖𝒓𝒏𝒆𝒚:
သင်တန်းအသေးစိတ်ကို သိရှိလိုပါက Messenger မှာ " Crystal" လို့ စာလေး ပို့ထားပေးပါဦးနော်။

🌿✨ သဘာဝရဲ့ ရတနာ Crystal စွမ်းအင်များဖြင့် သင့်ကိုယ်တွင်းစွမ်းအားကို ချမ်းသာအောင်စောင့်ရှောက်ပါ 🌿✨

✨🍃
ချစ်မေတ္တာဖြင့်

Healing

#သလင်းကျောက်ကုထုံး



26/04/2026
💎 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑴𝒂𝒔𝒕𝒆𝒓𝒄𝒍𝒂𝒔𝒔 💎 Crystals သလင်းကျောက်ရတနာလေးတွေဟာ အလှဆင်ဖို့သက်သက်မဟုတ်ဘဲ Earth Energy ရဲ့ ကုထုံးစွမ်းအ...
26/04/2026

💎 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑴𝒂𝒔𝒕𝒆𝒓𝒄𝒍𝒂𝒔𝒔 💎
Crystals သလင်းကျောက်ရတနာလေးတွေဟာ အလှဆင်ဖို့သက်သက်မဟုတ်ဘဲ Earth Energy ရဲ့ ကုထုံးစွမ်းအင်တွေကို သယ်ဆောင်ထားတဲ့ သဘာဝလက်ဆောင်တွေ ဖြစ်ပါတယ်။

Crystal တွေရဲ့ မူလသဘာဝစွမ်းအင်နဲ့ ကိုယ့်ဘဝကို အကောင်းဆုံး ပြောင်းလဲချင်သူ၊ Crystal တွေကို နှစ်သက်သူတိုင်း
အခုဖွင့်မည့် ၅ ရက်တာ 💎 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑴𝒂𝒔𝒕𝒆𝒓𝒄𝒍𝒂𝒔𝒔 💎 သင်တန်းလေးမှာ လာရောက်ဆုံစည်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

💎 ဒီသင်တန်းမှာ Crystal တွေရဲ့ သဘာဝ Energy (Natural Vibration) ကို အခြေခံပြီး ကိုယ့်ရဲ့ စိတ်အာရုံနဲ့ ဘယ်လိုထိရောက်အောင် အသုံးချမလဲဆိုတာကို အဓိကသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📚 ဘာတွေသင်ယူရမလဲ

1: Foundations of Earth’s Vibration
(Crystal တွေရဲ့ မူလသဘာဝ၊ ကိုယ်နဲ့ကိုက်ညီမယ့် ကျောက်ကို စိတ်အာရုံနဲ့ ရွေးချယ်နည်း)
2: Natural Cleansing & Recharging
(သဘာဝဒြပ်စင် ၅ မျိုးသုံးပြီး Crystal ကို အာနိသင်ပြန်တက်အောင် သန့်စင်အားဖြည့်နည်း)
3: The Art of Intention Setting
(ကိုယ့်ရဲ့ ဆန္ဒတွေကို Crystal ထဲ စနစ်တကျ ထည့်သွင်းပြီး အလုပ်လုပ်ခိုင်းစေနည်း - Programming)
4: Sacred Space & Energy Field
(နေအိမ်နဲ့ ရုံးခန်းမှာ Crystal တွေ နေရာချပြီး ငြိမ်းချမ်းတဲ့ စွမ်းအင်ဝန်းကျင်တစ်ခု ဖန်တီးနည်း)
5: Intuitive Crystal Grids
(စီးပွားရေး၊ ကျန်းမာရေးနဲ့ အကာအကွယ်အတွက် ရိုးရှင်းပြီး ထိရောက်တဲ့ Grid ခင်းနည်း အခြေခံ)
💎 6: Reiki & Crystals နှစ်ခုပေါင်းစပ်ပြီး မိမိတနေ့တာအတွက် အသုံးပြုနည်းများ

🕯 ဘာကြောင့် ဒီသင်တန်းကို တက်သင့်သလဲ?
• Natural Way: Crystal ရဲ့ သဘာဝအတိုင်း ချိတ်ဆက်နိုင်ခြင်း။
• Simplified Learning: နားလည်ရလွယ်ကူပြီး လက်တွေ့ချက်ချင်း သုံးနိုင်ခြင်း။
• Intuitive Connection: ကိုယ့်ရဲ့ စိတ်အာရုံကို မြှင့်တင်ပြီး Crystal နဲ့ တစ်သားတည်း ဖြစ်စေခြင်း။

🗓 𝑪𝒐𝒖𝒓𝒔𝒆 𝑫𝒆𝒕𝒂𝒊𝒍𝒔
• Duration : 5 Days
• Date : May 12,13,14,15,16
Tuesday, Wednesday , Thursday, Friday,Saturday
• Time : 5:30 - 6:40 AM
• Platform : Online Live Zoom
• Investment Energy : 60000 Kyats

🌼 ရိုးရှင်းပြီး ထိရောက်တဲ့ Crystal နည်းလမ်းကောင်းများကို လက်တွေ့ လုပ်ဆောင်ကြပါမည်။

❤️𝑬𝒏𝒓𝒐𝒍𝒍 𝑵𝒐𝒘:
K Pay : 09973284494
Lei Khaing Moe

ငွေသွင်း SS ကို page messenger တွင်ပို့ပေးပါရှင်။

💎 See you in Class ❤️
📩 𝑱𝒐𝒊𝒏 𝑶𝒖𝒓 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑱𝒐𝒖𝒓𝒏𝒆𝒚:
သင်တန်းအသေးစိတ်ကို သိရှိလိုပါက Messenger မှာ " Crystal" လို့ စာလေး ပို့ထားပေးပါဦးနော်။

🌿သဘာဝရဲ့ ရတနာ Crystal စွမ်းအင်များဖြင့် သင့်ဘဝကို ရိုးရှင်းစွာ ကုစားလိုက်ပါ 🌿

✨🍃
ချစ်မေတ္တာဖြင့်

🎉 Crystal Healing Mastery Class Mission Accomplished! 🎉ဒီနေ့မှာတော့ "Crystal Healing Mastery" သင်တန်းကြီးကို အောင်အောင်မ...
22/04/2026

🎉 Crystal Healing Mastery Class Mission Accomplished! 🎉

ဒီနေ့မှာတော့ "Crystal Healing Mastery" သင်တန်းကြီးကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါပြီ။
သင်တတ်းကာလပတ်လုံး စိတ်အားထက်သန်စွာနဲ့ လေ့လာခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
သင်တန်းပြီးသွားပေမယ့် Crystal Healer တစ်ယောက်ရဲ့ ခရီးစဉ်က အခုမှ အစပြုတာဖြစ်လို့ သင်ကြားပေးခဲ့တဲ့
Reiki & Pranic Crystal စွမ်းအင်များ နိုးကြားနေအောင် ထားကြဖို့နဲ့ ၂၁ ရက် စွမ်းအင်သန့်စင်ခြင်း (Clearing Process) ကိုလည်း ဂရုတစိုက် လုပ်ဆောင်သွားကြဖို့ မှာကြားချင်ပါတယ်။
အခုကစပြီး မေတ္တာနဲ့ ကရုဏာကို အခြေခံတဲ့ Crystal Healer တွေအဖြစ် သူတစ်ပါးကို ကုသပေးနိုင်ကြပါစေ။ Abundance Crystal Grids များမှတဆင့် Flow In များ ဆပွါးတိုးတက်ပါစေ။Flow out များလည်း စေတနာ သုံးတန်ပြဌာန်းပြီး လှူဒါန်းမှု ကုသိုလ်များ အပြည့်ရကြပါစေဟု ကျေးဇူးတင်စွာဖြင့်ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ်။

🌿✨ သဘာဝရဲ့ ရတနာ Crystal စွမ်းအင်များဖြင့် သင့်ကိုယ်တွင်းစွမ်းအားကို ချမ်းသာအောင်စောင့်ရှောက်ပါ 🌿✨

✨🍃
ချစ်မေတ္တာဖြင့်

Healing

#သလင်းကျောက်ကုထုံး


အခုအချိန်မှာ ရာသီခွင်အသိစိတ်အပြောင်းအလဲတွေ လူတော်တော်များများ ခံစားနေရသလို ၊ ရုပ်အားဖြင့်လည်း ဇက်ကြောတက်ခြင်း၊ ကြွက်သားန...
21/04/2026

အခုအချိန်မှာ ရာသီခွင်အသိစိတ်အပြောင်းအလဲတွေ လူတော်တော်များများ ခံစားနေရသလို ၊ ရုပ်အားဖြင့်လည်း ဇက်ကြောတက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အစာအိမ်နာသလို၊ အစာမကြေသလိုတွေ ခံစားနေရတာ ကြားမိနေတော့၊

Idealism & Materialism- နာမ်/ စိတ် နဲ့ ရုပ်သည် တစ်ခုကို တစ်ခု အမှီသဟဲပြုပြီး အထောက်အပံ့ပေးနေရလို့ သူတို့ နစ်ဦး ဟန်ချက်ညီ Harmony ဖြစ်နေမှသာ မိမိရလိုတဲ့ အေးငြိမ်းချမ်းသာမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။

မှန်တစ်ချပ်ပေါ်မှာ မိမိရဲ့မျက်နှာလေးကြည်လင်စွာမြင်နိုင်ဖို့က မှန်လေးကို ပြောင်လက်နေအောင် တိုက်ထားမှသာ ရှင်းရှင်းလင်းလင်းမြင်နိုင်သလိုပဲ

မိမိတို့ရဲ့ စိတ်တွေဟာ ကောင်းတာတွေတွေးတော ကြံစည်နေမှ ၊ ဖြူစင်နေမှသာ ထိုစိတ်ကလေးနဲ့ ကြည့်သမျှ မြင်သမျှဟာ ဒေါသ၊ သောက၊ လောဘ တွေကို သတိ နဲ့ မြင်လာနိုင်ပါလိမ့်မယ်။

မနက်အိပ်ယာမှ နိုးနိုးခြင်း ပူပန်စရာတွေ မတွေးပဲ

🌲ကိုယ်လုပ်နိုင်တဲ့ အရည်အချင်းတွေအရင် စဉ်းစားပါ။Reality က ဘာတွေလဲ။ သေချာစဉ်းစားရင် လူတိုင်းမှာ လုပ်နိုင်တဲ့ အရည်အချင်းတွေ တစ်ခုမက များစွာရှိနေတတ်ပါတယ်။
ပြီးလျှင် ဒီနေ့တော့ ဘာလေးတွေ ပြီးအောင် လုပ်မယ် တစ်နေ့တာမှာ အောင်အောင်မြင်မြင်နဲ့ကိုယ်နိုင်သလောက် လုပ်မယ်လို့ ဆုံးဖြတ်ပြီး အောင်မြင်အောင်လုပ်ပါ။သေးသေးလေးတွေကနေ စလုပ်ပါ။

🌲သူတစ်ပါးအပေါ် ဒေါသဖြစ်တာ၊ မနာလိုဖြစ်မိတာတွေကို သတိနဲ့ ပြန်ထိန်းပြီး ကြင်နာစွာ ပြောဆိုဆက်ဆံပါ။

🌲စိတ်ကလေးကို ဖြူစင်အောင်ထားပြီး ကူညီပေးကမ်းမည့်စိတ်မျိုးသာမွေးမြူပါ။

🌲Improve Self-love & relationship မိမိကိုယ်ကိုလည်း ချစ်ခင်မြတ်နိုးပါ။သဘာဝတရားကိုလည်း လက်ခံပြီးတန်ဖိုးထားပါ။

🌲မိမိနေအိမ် ပတ်ဝန်းကျင်ကိုလည်း အမြဲသန့်ရှင်းအောင်ထားခြင်းဖြင့် စိတ်ကြည်လင်လာပါလိမ့်မယ်။

🌲Open heart space အရာရာကို အကောင်းမြင်စိတ်ဖြင့်လက်ခံနိုင်အောင်
ကြိုးစားပါ။

🌲Increase Joy & Present ပစ္စုပ္ပန်တည့်တည့်မှာပဲ ပျော်ရွှင်ပါနေထိုင်ပါ။

🌲Improve Digestion မိမိရဲ့ Solar Plexus လေးကို အမြဲဂရုစိုက်ပြီး အစာကျေလွယ်မည့် အစားအစာများကိုသာ ရွေးချယ်စားသုံးပါ။

🌲Reduce Stress & Anxiety : စိတ်ဖိစီးမှု ၊ သောကများ ၊ စိုးရိမ်ပူပန်မှုများ ကို လျော့ချပါ။

မိမိ တို့ စိတ်အစဉ်ကို ကြည်လင်မှုရအောင် ရှင်းလင်းပြီးသားဖြစ်စေရန် အတူတူ လုပ်ဆောင်ကြပါစို့နော်။

credit : photo

ချစ်မေတ္တာများဖြင့်
မိုး

❤️Live your life fully.
Life & Relationship Coach

& Prana Energy Healer

☀️ နွေ နေအပူရှိန်ပြင်းပြင်းမှာ မိမိနဲ့ မိသားစုကို ဘယ်လိုကာကွယ်မလဲ? (အထူးသတိပြုရန်များ) ☀️အခုရက်ပိုင်း မြန်မာနိုင်ငံရဲ့ အ...
21/04/2026

☀️ နွေ နေအပူရှိန်ပြင်းပြင်းမှာ မိမိနဲ့ မိသားစုကို ဘယ်လိုကာကွယ်မလဲ? (အထူးသတိပြုရန်များ) ☀️
အခုရက်ပိုင်း မြန်မာနိုင်ငံရဲ့ အပူချိန်ဟာ နေရာအတော်များများမှာ ၄၀°C ကျော်အထိ မြင့်တက်နေပါတယ်။ ဒီလိုပြင်းထန်တဲ့ အပူဒဏ်ဟာ သာမန်နေရခက်ရုံတင်မဟုတ်ဘဲ အသက်အန္တရာယ်အထိ စိုးရိမ်ရတာမို့ အောက်ပါအချက်တွေကို သေချာဖတ်ပြီး ဆင်ခြင်ပေးကြပါရှင်။
✅ ဆောင်ရန် (ကျန်းမာရေးအတွက် လုပ်ဆောင်ပါ)
• ရေဓာတ်မခမ်းခြောက်ပါစေနဲ့: ရေငတ်မှသောက်တာမျိုးမဟုတ်ဘဲ တစ်နေ့တာလုံး ရေကို ခဏခဏ သောက်ပေးပါ။ (ဓာတ်ဆားရည်ကိုလည်း တစ်နေ့ တစ်ထုပ်ခန့် သောက်ပေးနိုင်ပါတယ်)။
• နေရောင်ခြည်ကို ရှောင်ပါ: အပူဆုံးအချိန်ဖြစ်တဲ့ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းကို တတ်နိုင်သလောက် ရှောင်ပါ။
• လေဝင်လေထွက် ဦးစားပေးပါ: အဝတ်အစားဝတ်တဲ့အခါ ချည်သားအပါး၊ အရောင်ဖျော့တာတွေကို ရွေးဝတ်ပါ။ အိမ်ထဲမှာလည်း လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်များ ဖွင့်ထားပါ။
• အကာအကွယ်ယူပါ: အပြင်ထွက်ရပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို အမြဲအသုံးပြုပါ။
❌ ရှောင်ရန် (အထူးသတိပြု ရှောင်ကြဉ်ပါ)
• နေပူထဲကပြန်လာချင်း ရေမချိုးပါနဲ့: ခန္ဓာကိုယ်အပူချိန် ရုတ်တရက် အပြောင်းအလဲဖြစ်ခြင်းကြောင့် ရှော့ခ် (Shock) ရတတ်ပါတယ်။ အနည်းဆုံး မိနစ် ၂၀ ခန့် နားပြီးမှ ရေချိုးပါ။
• အချိုရည်နဲ့ ကဖင်း ရှောင်ပါ: အချိုရည် အလွန်အကျွံသောက်ခြင်းနဲ့ ကော်ဖီ၊ အရက်တို့ဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုခမ်းခြောက်စေပါတယ်။
• နေပူထဲမှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်ပါနဲ့: အပူလျှပ်ခြင်း (Heatstroke) ကို အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။
⚠️ ကားသမားများအတွက် အထူးသတိပေးချက် (အသက်အန္တရာယ်)
ကားကို နေပူထဲမှာ ရပ်ထားတဲ့အခါ ကားအတွင်းခန်း အပူချိန်ဟာ အပြင်က အပူချိန်ထက် အဆမတန် မြန်မြန်ဆန်ဆန် မြင့်တက်သွားတတ်ပါတယ်။ ဥပမာအားဖြင့် အပြင်မှာ ၃၅°C ရှိနေရင်တောင် -
• ၁၀ မိနစ်အတွင်း: ကားထဲမှာ ၄၅°C ဖြစ်သွားပါတယ်။
• မိနစ် ၂၀ အတွင်း: ကားထဲမှာ ၅၀°C ဖြစ်သွားပါတယ်။
• တစ်နာရီအတွင်း: ၆၀°C ကျော် အထိ မြင့်တက်နိုင်ပါတယ်။

ဒါကြောင့် ကလေးငယ်များနဲ့ အိမ်မွေးတိရစ္ဆာန်များကို ကားထဲမှာ ခဏလေးဆိုပြီး တစ်ယောက်တည်း ထားမခဲ့ပါနဲ့။ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဟာ လူကြီးတွေထက် ၃ ဆကနေ ၅ ဆအထိ ပိုမိုမြန်ဆန်စွာ အပူတက်လွယ်တာကြောင့် မိနစ်ပိုင်းအတွင်းမှာတင် အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ (မှန်အနည်းငယ် ချန်ထားရုံနဲ့လည်း အပူချိန်တက်တာကို မတားဆီးနိုင်ပါ)။

📣📣အရေးပေါ်အခြေအနေ: အသားအရေများ ပူထူးလာခြင်း၊ မူးဝေအော့အန်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်လာပါက အေးမြတဲ့အရိပ်အောက်သို့ အမြန်ရွှေ့ပြောင်းပေးပြီး ရေဖတ်တိုက်ပေးကာ နီးစပ်ရာဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပေးကြပါရှင်။

❤️အားလုံးပဲ အပူဒဏ်အန္တရာယ်မှ ဘေးကင်းကြပါစေ။ 🙏

Photo Credit

✨🍃
ချစ်မေတ္တာဖြင့်

Healing

* Chemical ရဲ့ ဆိုးကျိုးများကို အထူးသတိထားသင့်ပါတယ်။အထူးသဖြင့်တော့ အိမ်ထောင်ရှင်မ နဲ့ နိစ္စဓူဝ အိမ်မှုကိစ္စလုပ်နေရသူတွေဆ...
20/04/2026

* Chemical ရဲ့ ဆိုးကျိုးများ

ကို အထူးသတိထားသင့်ပါတယ်။

အထူးသဖြင့်တော့ အိမ်ထောင်ရှင်မ နဲ့ နိစ္စဓူဝ အိမ်မှုကိစ္စလုပ်နေရသူတွေဆိုပေမယ့်

ဟင်းချက်ချိန်မှာ မျက်နှာ အပုဟပ်တာ

ဆီ အိုးတည်ချိန် ၊ ဟင်းအနှစ် ဆီသတ်ချိန်ဆီ အကျက်လွန်ပြီး ညှော်နံ့တွေ ရှူရှိုက်ရတာ၊

လက်ကို ဆပ်ပြာနဲ့ ခဏ ခဏ ဆေးကြောရတာ
အသား ငါးကိုင်လို့ဆေးရ
အမှိုက်အိတ်ကိုင်ပြီးချိန်
တံမြက်စည်းလှဲပြီးချိန်
ကြက်ဥရေဆေးပြီးချိန်

ဖုန်သန့်ရှင်းရေးလုပ်ချိန်

စသဖြင့်။ လက်ကို ညစ်ပတ်တာတွေ တချိန်တည်း စုစည်းပြီး ကိုင်ပေမယ့် ( သေချာ Manage လုပ်သော်လည်း ကျွန်မတို့ အိမ်ရှင်မတွေဟာ )

ဆပ်ပြာကို အိမ်ရှိ မိသားစုဝင်တွေထက်ကို အကြိမ်ပေါင်းများစွာ ထိတွေ့နေရပါတယ်။

ယနေ့ခေတ်မှာ အထူးသဖြင့်တော့
ရေချိးခန်း ၊ အိမ်သာ ဂျေးချွတ်ဆေး/ သန့်စင်ဆေးရည်များ

အဝတ်လျှော် ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ အဝတ်ဖြူများအတွက် bleaching powder,
ပန်းကန်ဆေးဆပ်ပြာရည်

တို့ကို အထူးပင်သတိထားပြီး စျေးနှုန်းသက်သာတာကို မကြည့်ပဲ

တတ်နိုင်သမျှ chemical နဲပ့းတာများကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆပ်ပြာ်ရည်၊ မှုန်၊ အိမ်သာဆေးရည်၊ ကြမ်းတိုက်ဆေးရည် တို့သာ
လက်နှင့် တိုက်ရိုက်မထိ၊ မကိုင်ရလို့ ထင်နေသော်လည်းပဲ

Skin ကနေ တဆင့် ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားလို့ပါပဲ။

အိပ်ယာခင်း၊ ခေါင်းအုန်းစွပ်၊ ဖက်လုံးစွပ်များ လျှော်ဖွတ်ပြီး၍ အိပ်စဉ်မှာလဲ skin နှင့်ထိတွေ့ဝင်ရောက်ရပါတယ်။

အထူးသဖြင့်တော့ Sensitive Skin သမားတွေကို ချက်ချင်း Allergy ဖြစ်ကြတာ ကြုံဖူးကြပါလိမ့်မယ်။

ကလေးငယ်ရှိသော မိသားစုများအဖို့ ပိုမို ဂရုစိုက်သင့်ပါတယ်။

ကျွန်မ ကိုယ်တိုင်လည်း အဝတ်လျှော်ချိန်မှာ။ Mind ဖြစ်သော chemical အပျော့စား ကလေး အဝတ်လျှော်ဆပ်ပြာရည်ကိုသာ ယနေ့အထိပင် သုံးစွဲပါတယ်။

ကလေးအဝတ်လျှော်ဆပ်ပြာရည်ကို အသားပေး မြှင့်တင်ပေးချင်လို့ မဟုတ်ပဲ chemical နဲပါးတာဖြစ်နိုင်ချေရှိနေလို့ပါ။

အမေတို့ ငယ်ငယ်က အဝတ်လျှော်ချိန်။ ဆပ်ပြာအမဲရောင် ( ဆင်ချေး/ချီးတုံး ဆပ်ပြာ၊ ကင်မွန်းသီးဆပ်ပြာခဲ၊ ကာပေါလစ်အနီရောင်တို့ကိုတောင် သတိရမိပါသေးတယ်။
ငွေကုန်ကျမှုအရ ရှောင်လွဲရတာ ခက်ခဲပေမယ့်
ဆေးရုံ ၊ ဆေးခန်းပြရသော စိတ်ဆင်းရဲရသော ခံစားမှု၊
အချိန်ကုန်ရခြင်း၊
ငွေအလွန်ကုန်ရခြင်း နောက်ဆက်တွဲတွေရှိနေတာကြောင့်

အိမ်မှုကိစ္စလုပ်ကိုင်နေရသူများအတွက် ကျမ အပေါ်မှာ ပြောခဲ့သော
ဆပ်ပြာ ( ပန်းကန်ဆေး၊ရေချိုးဆပ်ပြာ၊ လက်ဆေး၊ အိမ်သာဆေး၊ အဝတ်လျှော် ဆပ်ပြာ ၊ shampoo) တို့ကို စနစ်တကျ ရွေးချယ်သုံးစွဲသင့်ကြောင်းလေး အကြံပြုပါရစေ။

ကျမကိုယ်တိုင်က Sensitive Skin မဟုတ်ပါ။
သို့သော်လည်း ဗူးသေးလေးတစ်ဗူး ကို ငွေ ၅၀၀၀၀ ( ငါးသောင်း ) လောက်စျေးနဲ့ Korea brand လေးကောင်းတယ်ဆိုလို့
သုံးမိသွားပြီး Allergy sign က နူးညံ့လွန်းတော့ မသိမသာနဲ့ သုံးနေတာ ၂- လလောက်ကြာတော့မှ ( တစ်ဗူးပြီး တစ်ဗူးဖောက်သုံးနေတာပေါ့ )
ဆေးခန်းပြေးမှ ငွေကုန်ပြီး
ဆရာဝန်ကတော့ သုံးနေတာတွေ အကုန်ရပ်ခိုင်းပြီး
သောက်ဆေး၊ လိမ်းဆေး ပေးတယ်

ဘာတစ်ခုမှ မဝယ်လာပဲ အဲ့ Facial Form ရပ်လိုက်တာနဲ့ တဖြေးဖြေးသက်သာပျောက်ကင်းသွားတော့တာပဲ။
Facial Foam ကလည်း ဖောက်ထားခါစ
ဆိုတော့
တစ်ခါတည်းကို
ခြေထောက်တောင် တိုက်ချင်စိတ်မဖြစ်တော့လို့
(အိမ်သာ အတွင်းခွေပဲ ဆေးပစ်လိုက်တော့တယ် ၊ တင်ပါးအသားနဲ့ထိတဲ့ခွေကိုတော့ အမြဲ body wash ဆပ်ပြာရည်နဲ့ပဲ တိုက်ပါတယ် )

ဒီအကြောင်းလေးကို ရေးပေးချင်ပေမယ့် မရေးဖြစ်ခဲ့တာ ။
အခုတော့ အကြောင်းတိုက်ဆိုင်လို့ ရေူသားပေးလိုက်ပါတယ်။

ကျွန်မတို့ အိမ်မှုကိစ္စလုပ်နေသူတိုင်း ကိာယ်ကိုကိုယ် တကယ်ချစ်ခင်ဂရုစိုက်ရပါမယ်။

❤️ Live your life fully.

✨🍃
ချစ်မေတ္တာဖြင့်

Healing

၂၀၂၆ နှစ်သစ်ဦး - အလင်းဓာတ် Affirmations၂၀၂၆ ခုနှစ် ဧပြီ (၁၉) ရက်နေ့တွင် ဤဆုတောင်းစကားများကို နံနက်ပိုင်း ( သို့မဟုတ် ) ည...
18/04/2026

၂၀၂၆ နှစ်သစ်ဦး - အလင်းဓာတ် Affirmations

၂၀၂၆ ခုနှစ် ဧပြီ (၁၉) ရက်နေ့တွင်
ဤဆုတောင်းစကားများကို နံနက်ပိုင်း ( သို့မဟုတ် ) ညပိုင်းများတွင် စိတ်တည်ငြိမ်စွာဖြင့် ရွတ်ဆိုအဓိဌာန်ပြုပေးပါ။
အချိန်ပေးနိုင်သေးလျှင် တစ်နေလုံးလည်း ရွတ်ဆိုပြုလုပ်နိုင်ပါသည်။
မိမိကိုးကွယ်ရာ ဘာသာအလိုက်ပြုလုပ်ပါ။

ဘုရားရှင်ရှေ့ သို့မဟုတ် ကောင်းမြတ်သောနေရာများတွင်
ဆွမ်းတော်၊ ရေတော်၊ ပန်းများလှူခြင်း၊ ခင်ပွန်းကြီးဆယ်ပါးကန့်တော့ပြီး
အောက်ဖော်ပြပါ Affirmations များကို ကြိမ်ဖန်များစွာရွတ်ဆိုပေးပါ။
မိမိ ရွတ်ဆိုနိုင်သလောက် အကြိမ်ရေကို ရွတ်ဆိုပါ။ စာဖြင့်လည်း ရေးသားနိုင်ပါသည်။

၁။• "ကျွန်ုပ်သည် ဘဝသစ်ကို စတင်ရန် အဆင်သင့်ဖြစ်နေပြီ။ ယနေ့မှစ၍ ကျွန်ုပ်၏ဘဝထဲသို့ ကောင်းမွန်သော အခွင့်အလမ်းများ စီးဝင်လာနေပြီ။"

၂။ • "၂၀၂၆ ခုနှစ်သည် ကျွန်ုပ်ကိုယ်တိုင် ပုံဖော်မည့် အောင်မြင်မှုနှစ် ဖြစ်သည်။"

၃။ • "ကျွန်ုပ်၏ သဒ္ဓါတရားသည် မကုန်ခမ်းနိုင်သကဲ့သို့ ကျွန်ုပ်၏ ဥစ္စာဓနသည်လည်း အဆမတန် တိုးပွားနေသည်။"

၄။• "ကျွန်ုပ်သည် ပေးကမ်းလေလေ၊ ပိုမိုရရှိလေလေ ဖြစ်သည်။"

၅။• "ငွေကြေးနှင့် အခွင့်အလမ်းများသည် ကျွန်ုပ်ထံသို့ လွယ်ကူချောမွေ့စွာ ရောက်ရှိလာသည်။"

၆။• "ကျွန်ုပ်၏ စိတ်နှလုံးသည် နေနှင့်လကဲ့သို့ တောက်ပအေးချမ်းနေသည်။"

၇။• "ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ဘဝကို ဦးဆောင်နိုင်သူဖြစ်သည်။"

၈။• "ကျွန်ုပ်သည် လောကကြီးအတွက် အလင်းရောင်တစ်ခုဖြစ်ပြီး အများအကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိသည်။"

၉။• "ကျွန်ုပ်သည် ရရှိထားသမျှ အရာအားလုံးအတွက် ကျေးဇူးတင်ရှိပြီး ပိုမိုကောင်းမွန်သော အရာများကို လက်ခံရရှိရန် ထိုက်တန်သူဖြစ်သည်။"

၁၀။• "ကျွန်ုပ်၏ စိတ်သည် အေးချမ်းတည်ငြိမ်ပြီး လောကဓံကို အပြုံးဖြင့် ရင်ဆိုင်နိုင်သည်။"

"April 19- ရက်နေ့သည် Akshaya Tritiya ဆိုတဲ့ မကုန်ခမ်းနိုင်တဲ့ စွမ်းအင်တွေ ရရှိတဲ့နေ့ဖြစ်တယ်ဆိုတာ မနေ့ည သင်တန်းမှာ ဆရာမ ပြောပြပေးသွားတာလေးအပေါ်အခြေခံပြီး အခုဖော်ပြထားတဲ့ Affirmations လေးတွေကို စိတ်ထဲက တကယ်ယုံကြည်မှုအပြည့်နဲ့ ရွတ်ဆိုနိုင်အောင် ရေးသားပေးလိုက်ပါတယ်။

ကိုယ့်ရဲ့ စကားလုံးတွေက ကိုယ့်ရဲ့ ကံကြမ္မာကို ဖန်တီးပေးတာမို့ ဒီနေ့မှာ အကောင်းဆုံးသော အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို အတူတူ ပွားများကြရအောင်ရှင်။"

သင့်ရဲ့ မိတ်ဆွေ သူငယ်ချင်းများအတွက်လည်း Like & Share လုပ်ပေးပါ။

❤️ Live your life fully.

✨🍃
ချစ်မေတ္တာဖြင့်

Healing


Address

Happy Street
Yangon
11111

Telephone

+959973284494

Website

Alerts

Be the first to know and let us send you an email when Brahmaso Siddhi Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Brahmaso Siddhi Healing:

Share