Myo-myanmar pharmacy - မျိုးမြန်မာ ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Myo-myanmar pharmacy - မျိုးမြန်မာ ဆေးဆိုင်

Myo-myanmar pharmacy - မျိုးမြန်မာ ဆေးဆိုင် မျိုးမြန်မာဆေးဆိုင် နှင့် အလှကုန်ပ?

🍁🍁ဆေးအမည် - Stugeron (အမူးပျောက်ဆေး)=================================== 🍀ပါ၀င်သောဆေးအမျိုးအစား  Cinnarizine HCL 25mg ပါ၀...
06/06/2022

🍁🍁ဆေးအမည် - Stugeron (အမူးပျောက်ဆေး)
===================================

🍀ပါ၀င်သောဆေးအမျိုးအစား

Cinnarizine HCL 25mg ပါ၀င်ပါသည်။

🍀ကုသနိုင်သောရောဂါများ -

➡️ဦးနှောက်၏ သွေးလှည့်ပတ်မှုဆိုင်ရာရောဂါများ၊
➡️ချာချာလည်အောင်မူးဝေခြင်း၊
➡️ခေါင်းနောက်ခြင်း၊ နားအူခြင်း၊
➡️ပျို့အန်ခြင်း၊
➡️မျက်လုံးအကြောဆွဲခြင်း၊
➡️ခေါင်းတခြမ်းကိုက်ခြင်း၊
➡️ကြွက်တက်ခြင်း၊
➡️ခြေဖျားလက်ဖျားအေးခြင်း၊
➡️လက်ချောင်းခြေချောင်းများတွင်ရှိသောသွေးကြောများကျဉ်းခြင်း၊ ကျုံ့ခြင်းကြောင့် သွေးမလျှောက်သောရောဂါ (Raynaud's pnenomemm)၊
➡️အပူပိုင်းဒေသတွင်ဖြစ်သောအနာ(Trophic Ulcer)၊ ➡️ဂဏှာမငြိမ်ခြင်း၊
➡️အာရုံမစိုက်နိုင်ခြင်း။

🍀အသုံးပြုပုံ - ဆေးပြားတစ်ပြားတစ်နေ့ ၃ကြိမ် ထိသောက်သုံးနိုင်ပါသည်။

🍀ဘေးထွက်ဆိုးကျိုးများ
♦♦♦♦♦♦♦♦
🔹 အိပ်ငိုက်ခြင်း
မတည့်သည့်အရာနှင့် ထိတွေ့သည့် အခါတိုင်း ခန္ဓာကိုယ်မှ ဒုက္ခပေးတတ်သည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်သော ဟစ်စတာမင်း (Histamine) ကိုတုံ့ပြန်သော antihistaminic ဆေးတစ်မျိုး ဖြစ်သည်။
ဆေးသောက်ခြင်းကြောင့် အိပ်ငိုက်စေနိုင်သဖြင့် ဆေးသောက်နေစဉ်အတွင်း ကားမမောင်းရ၊ စက်ကိရိယာများ ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါ။

🔹 ဆေးသောက်နေစဉ် အရက်မသောက်ရပါ။ သောက်ပါက ဘေးထွက်ဆိုးကျိုးကို ပိုဖြစ်စေမည်။
- ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း
- အာခြောက်ခြင်း၊ မျက်စိပြာခြင်း၊ဝမ်းလျှောခြင်း
- ဆေးမတည့်၍ အဖုအပိမ့်ထွက်ခြင်း၊ နုံးခြင်း စသည်တို့ဖြစ်တတ်ပါသည်။
-
#ဆေးဝါးဗဟုသုတ

06/06/2022
အရိုးကို ပျံ့နှံ့နေသော ဆီးကျိတ်ကင်ဆာ၏ လက္ခဏာများ===========  #ဒေါက်တာခင်မိုးမိုးဆီးကျိတ်ကင်ဆာက အမျိုးသားတွေမှာ အဖြစ်များ...
22/05/2022

အရိုးကို ပျံ့နှံ့နေသော ဆီးကျိတ်ကင်ဆာ၏ လက္ခဏာများ
=========== #ဒေါက်တာခင်မိုးမိုး

ဆီးကျိတ်ကင်ဆာက အမျိုးသားတွေမှာ အဖြစ်များသောကင်ဆာအမျိုးအစား ဖြစ်ပါတယ်။ ရောဂါရှိသူတွေမှာ ၅ နှစ်လောက် အသက်ရှင်နိုင်ပေမယ့် ရောဂါကို စော စောသိရင် ကုသလို့ ပျောက်ကင်းနိုင်တဲ့ကင်ဆာပါ။

ဒီအမျိုးအစားက ဆီးအိတ်နဲ့ လိင်တံ(ရွှေပန်း) ကြားမှာ ရှိနေတဲ့ သစ်ကြားသီးအရွယ်အကျိတ်က မကျန်းမာတဲ့ဆဲလ် (ကင်ဆာဆဲလ်) တွေက ကြီးထွားပွားများလာတာပါ။ လက္ခဏာတွေအနေနဲ့ မကြာခဏဆီးသွားတာ၊ ဆီးသွားစဉ် ညှစ်ရတာ၊ ဆီးလုံးသေးတာ(ဆီးအားပျော့တာ)၊ ဆီး ဒါမှမဟုတ် သုက်ရည်မှာ သွေးပါတာနဲ့ ခါးနောက်ကျော၊ ပေါင်နဲ့ တင်ပဆုံမှာ နာကျင်တာတွေ ဖြစ်တတ်ပေမယ့် ရောဂါရှိသူ အများစုက သတိမထားမိတတ်ကြပါဘူး။ ဒီလိုနဲ့ ကင်ဆာဆဲလ်တွေက မထိန်းသိမ်း နိုင်လောက်အောင် ပွားများလာရင် အရိုးကို စတင်ထိခိုက်လာပြီး ရောဂါလက္ခဏာတွေကလည်း ကွဲပြားခြားနား သွားတတ်ပါတယ်။

ဆီးကျိတ်ကင်ဆာက အရိုးထိ ပျံ့နှံ့နေသည့် လက္ခဏာများ
---
မတန်တဆ ပွားများနေတဲ့ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို အချိန်မီ မရပ်တန့်နိုင်ရင် အရိုးဆီကို စတင်ပျံ့နှံ့လာပြီး အရင်ဆုံး အာရုံကြောမ ထိခိုက်လာနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ ကြီးထွားပွားများလာတာကြောင့် အာရုံကြောမအပေါ် ဖိအားကျရောက်လာပါတယ်။ အာရုံကြောမမှာ မတူညီ ကွဲပြားတဲ့ အာရုံကြော အမျိုးအစားပေါင်း ၃၁ ခုရှိပြီး သူတို့တွေက ဦးနှောက်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို အပြန်ပြန်အလှန်လှန် သတင်းပို့ပေးကာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်လေ့ရှိကြပါတယ်။ ကင်ဆာဆဲလ်တွေက အာရုံကြောတွေကို ဖိအားပေးထားရင် အာရုံကြောသတင်းပေးပို့မှုတွေ ထိခိုက်နိုင်ပြီး ခက်မောင်း၊ လက်၊ ခြေနဲ့ ခြေထောက်တွေမှာ နာကျင်တာနဲ့ ထုံကျဉ်တာတွေ ခံစားရနိုင်ပါတယ်။ ကင်ဆာဆဲလ်ကြီးထွားပွားများနှုန်းပေါ် မူတည်ပြီး ရောဂါလက္ခဏာထင်ရှားမှု ကွာခြားနိုင်ပါတယ်။

ကင်ဆာဆဲလ် ကြီးထွားပွားများနေကြောင်း ဘယ်လို သိရှိနိုင်ပါသလဲ
---
ရောဂါရှိသူအားလုံးက ခါးနောက်ကျော အနည်းငယ် နာကျင်တာနဲ့ စတင်ပြီး တဖြည်းဖြည်း ခါးကျောရိုးနဲ့ ခြေထောက်တွေ အလွန်အမင်း ကိုက်ခဲနိုင်ပါတယ်။ ဆီးကျိတ်က ကင်ဆာဆဲလ်တွေဟာ ကိုယ်တွင်းတခြားနေရာတွေကို ပျံ့နှံ့ဖို့ အချိန်ယူရတဲ့အတွက် လက္ခဏာကလည်း ဖြည်းဖြည်းချင်း ပေါ်ပေါက်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆီးကျိတ်ကင်ဆာရောဂါရနေစဉ် ခါးကျောရိုး ဒါမှမဟုတ် ခြေထောက်မှာ နာကျင်တဲ့ ဝေဒနာခံစားရရင် အရေးပေါ်အခြေအနေလို့ မှတ်ယူပြီး ချက်ချင်း ဆေးကုသမှု ခံယူရ ပါမယ်။ နာကျင်တာက ခန္ဓာကိုယ်ကို ကြိုးနဲ့ ခပ်တင်းတင်းစည်းပြီး ချီနှောင်ထားသလိုမျိုး ဖြစ်ကာ ချောင်းဆိုးတာ၊ နှာခြေတာ ဒါမှမဟုတ် အိမ်သာသွားတာလိုမျိုးတွေမှာ ပိုပြီး နာကျင်နိုင်ပါတယ်။ ပက်လက်အိပ်ရင်လည်း နာကျင်တာ ပိုမိုဆိုးရွားတတ်ပါတယ်။ သူ့ကြောင့် အရိုးအားနည်းနိုင်ပြီး ထိခိုက်ဒဏ်ရာရနိုင်ခြေများပြားပါတယ်။

အခြားကို ပျံ့နှံ့နေ​သော ဆီးကျိတ်ကင်ဆာ​၏ လက္ခဏာများ
---
ဆီးကျိတ်ကင်ဆာက နောက်ဆုံးအဆင့်ရောက်သွားရင် ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် အောက်ဖော်ပြပါရောဂါလက္ခဏာမျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။
♦ ခြေ ဒါမှမဟုတ် လက်တွေ အားနည်းခြင်း
♦ လမ်းလျှောက်ဖို့ ခက်ခဲခြင်း
♦ အပ်နဲ့ စူးသလို ဖြစ်ခြင်း၊ ထုံခြင်း
♦ ဆီးမအောင့်နိုင်ခြင်း
♦ ပန်းသေပန်းညှိုးခြင်း
♦ ကိုယ်အလေးချိန်လျော့ကျခြင်း
♦ မောပန်းခြင်း

#ဒေါက်တာခင်မိုးမိုး

m.me/myomyanmar2022

Hello... မဂ်လာပါချစ်တို့ရေ ♥️ မျိုးမြန်မာဆေးဆိုင်  နှင့် အလှကုန်ပစွည်း ရောင်းဝယ်ရေးမှ ကြိုဆိုလိုက်ပါတယ်နော်  မင်မင်   တိ...
13/05/2022

Hello... မဂ်လာပါချစ်တို့ရေ ♥️
မျိုးမြန်မာဆေးဆိုင် နှင့် အလှကုန်ပစွည်း
ရောင်းဝယ်ရေးမှ ကြိုဆိုလိုက်ပါတယ်နော်
မင်မင် တို့ ဆေးဆိုင် မှာ 💊💊

မြန်မာဆေးမျိုးစုံ နှင့် နိုင်ငံခြားဆေးမျိုးစုံ အပြင်
💉💉 ထိုးဆေးအစုံကိုလဲ တစ်နေရာထဲမှာအားလုံးမှာယူနိုင်ပါပြီရှင့် .....,,,. အော်ကျန်သေးလို့ 😀😁 အလှကုန်ပစွည်းအမျိုးမျိုးကို လက်လီ/ကား မှာယူ
နိုင်ပါတယ်ဆိုတဲ့ သတင်းကောင်းလေးပါ တစ်ပါတည်း ပြောပြစေနော်။ 🙏🙏🙏

မျိုးမြန်မာဆေးဆိုင် မှ ရန်ကုန်တိုင်း ဒေသကြီးအတွင်ရှိမြို့နယ်အာလုံးကို Cash On Delivery
ပစည်းရောက် ငွေချေ စနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီနော် ♥️♥️

နယ်မြို့များကိုလဲ ငွေကြိုလွဲ ကားဂိတ်တင် စနစ်ဖြင့်
ဆောင်ရွက်ပေးနေပါပြီရှင့်

Online payment အတွက် (No % ) ပါ


myomyanmarpharmacy@gmail.com
m.me/myomyanmar2022

☎️ 09 974791578/43106763 ကို ဆက်သွယ်မှာယူနိုင်ပါပြီ။

27/11/2021

🙏🙏🙏 အာလုံးပဲ မဂ်လာပါရှင့်

မျိုးမြန်မာဆေးဆိုင် မှ ရန်ကုန်တိုင်း ဒေသကြီးအတွင်ရှိမျိုးနယ်အာလုံးကို Cash On Delivery
ပစည်းရောက် ငွေချေ စနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီနော် ♥️♥️

နယ်မြို့များကိုလဲ ငွေကြိုလွဲ ကားဂိတ်တင် စနစ်ဖြင့်
ဆောင်ရွက်ပေးနေပါပြီရှင့်

Online payment အတွက် (No % ) ပါ


myomyanmarpharmacy@gmail.com
m.me/myomyanmar2022

☎️ 09 974791578

GOFEN400 Clearcap💊💊💊ဖွဲ့စည်းမှု-☑️softgel capsule တစ်ခုစီတွင်  Ibuprofen 400mg ပါဝင်ပါသည်။☑️အခြားပါဝင်ပစ္စည်းများ- Polye...
25/11/2021

GOFEN400 Clearcap💊💊💊

ဖွဲ့စည်းမှု-

☑️softgel capsule တစ်ခုစီတွင် Ibuprofen 400mg ပါဝင်ပါသည်။

☑️အခြားပါဝင်ပစ္စည်းများ- Polyethylene glycol 600၊ ပိုတက်စီယမ်ဟိုက်ဒရောဆိုဒ်၊ သန့်စင်ထားသောရေဂျယ်လွန်၊ ဆော်ဘစ်တို၊ plycerin၊ FDBC အစိမ်းရောင်အတောင့်ဖြစ်သည်။

☑️ညွှန်ပြချက်များ-

☑️သာမန်အအေးမိခြင်း၊ ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း ကြွက်သားနာ ခါးနာ၊ အဆစ်အမြစ်ရောင် အနည်းငယ်နာကျင်ကိုက်ခဲခြင်း၊ ရာသီအောင့်ခြင်း (dysmenorrhea) တို့တွင်သက်သာပျောက်ကင်းစေပါသည်။

☑️ဆေးပမာဏ-

🙎အရွယ်ရောက်ပြီးသူနှင့် 12 နှစ်အထက်ကလေးများ : 1 capsule ကို 4-6 နာရီတိုင်း လက္ခဏာများ ဖြစ်ပေါ်နေချိန်တွင် သောက်ပါ။

🤦ဘေးထွက်ဆိုးကျိုး:

☑️Ibuprofen ၏ မကြာခဏ ဘေးထွက်ဆိုးကျိုးများတွင် အစာအိမ်နှင့် အူလမ်းကြောင်း ယားယံခြင်း ပါဝင်သည်။

🤱ကိုယ်ဝန်‌‌ေဆာင် နှင့် နို့တိုက်မိခင်

🤱နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်စဉ် (အထူးသဖြင့် နောက်ဆုံးသုံးလပတ်အတွင်း) သို့မဟုတ် မွေးဖွားချိန်နှင့် မီးဖွားစဉ်တွင်မသောက်သုံးသင့်ပါ။

☑️အကျိုးသက်ရောက်မှု့ -

☑️Ibuprofen သည် အင်ပျဉ်ထခြင်း၊ မျက်နှာရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ် သို့မဟုတ် တုန်လှုပ်ခြင်း အပါအဝင် ပြင်းထန်သော ဓါတ်မတည့်မှုကို ဖြစ်စေနိုင်သည်။

☑️ကြိုတင်ကာကွယ်မှုများ - အစွမ်းထက်သောကြောင့် အခြားသော စတီးရွိုက်မဟုတ်သော ရောင်ရမ်းမှု သက်သာစေသော ဆေးဝါးများ (NSAIDs) နှင့် အက်စပရင် (Aspirin) တို့နှင့် တွဲမတိုက်သင့်ပါ။

🍻🍺 အရက်သေစာနဲ့ တွဲမသောက်သင့်ပါဘူး။

အစာအိမ်နာရောဂါရှိသူများတွင် သတိဖြင့်အသုံးပြုပါ။

♥️မင်မင်ဆိုင်ကို ဆေးမှာတာပဲဖြစ်ဖြစ် သိလိုတာပဲဖြစ်ဖြစ် CB သို့ ကြွပါနော်🙏🙏🙏

pharmacy မျိုးမြန်မာဆေးဆိုင်
m.me/myomyanmar2022

🙏သာမညဖလအခါတော် နေ့ တန်ဆောင်မုန်း လပြည့်နေ့မှာ  ဝယ်ယူသူမိတ်ဆွေများနဲ့ တကွကမ္ဘာသူ ကမ္ဘာသား အားလုံး စိတ်၏ ချမ်းသာခြင်းကိုယ်...
18/11/2021

🙏သာမညဖလအခါတော် နေ့ တန်ဆောင်မုန်း

လပြည့်နေ့မှာ ဝယ်ယူသူမိတ်ဆွေများနဲ့ တကွ

ကမ္ဘာသူ ကမ္ဘာသား အားလုံး စိတ်၏ ချမ်းသာခြင်း

ကိုယ်၏ ကျန်းမားခြင်းများနဲ့ ပြည့်စုံပြီး ဘေးဘယာ

တွေ ကင်းကျပါစေ လို့ ဆုတောင်းပေးပါတယ်နော်။♥️♥️♥️

အမြန်ဆုံး အေးချမ်းသာယာသော နေ့လေတွေ ပိုင်ဆိုင်ရပါလို၏🙏🙏🙏

♥️Hello မဂ်လာပါရှင့်🙏🙏🙏♥️ မျိုးမြန်မာဆေးဆိုင်  မှ  ကြိုဆိုလိုက်ပါတယ်နော်🔻လူကြီးမင်းတို့လိုအပ်‌တဲ့ဆေးဝါးတွေကို အိမ်တိုင်ရ...
17/09/2021

♥️Hello မဂ်လာပါရှင့်🙏🙏🙏♥️
မျိုးမြန်မာဆေးဆိုင် မှ ကြိုဆိုလိုက်ပါတယ်နော်

🔻လူကြီးမင်းတို့လိုအပ်‌တဲ့ဆေးဝါးတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပါပြီ။

🔻မြန်မာဆေးမျိူးစုံ English ဆေးမျိူးစုံ အပြင် ထိုးဆေးမျိုးစုံကိုလည်း တစ်နေရာထဲ မှာယူလို့ရပါပြီလို့ သတင်းကောင်းလေးပါးပြစေနော်။
ဆေးတွေကို အိမ်အရောက် ဝန်ဆောင်မှု့စနစ်နဲ့
ပို့ဆောင်ပေးနေပါပြီ။

🔻မျိုးမြန်မာဆေးဆိုင်က Online Shop ဆေးဆိုင်သာမက အပြင်မှာပါ တရားဝင်ဆေးဝါးရောင်းချ ခွင့် လက်လီ/ကား လိုင်စင်နဲ့ဖွင့်ထားတဲ့ဆေးဆိုင်လေးပါ။
🤬အချိူ့ customer တွေက online shop လို့
အထင်မှားတတ်ကြလို့ ဆိုင်ပုံလေးနဲ့လိပ်စာလေးပါ
ဖော်ပြပေးလိုက်ပါတယ်။

🛣️ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ်747/48
မျိုးမြန်မာဆေးဆိုင် ( ၁ )
🛣️ဗိုလ်ချုပ်ဆေး A ရုံ အမှတ် 64/65
မျိုးမြန်မာဆေးဆိုင် (၂ )
လှိုင်သာယာမြို့နယ်။ ရန်ကုန်မြို့

🔶မျိုးမြန်မာဆေးဆိုင် မှ ရန်ကုန်တိုင်း ဒေသကြီးအတွင်ရှိမြို့နယ်အာလုံးကို Cash On Delivery
ပစည်းရောက် ငွေချေ စနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီနော် ♥️♥️

🔶နယ်မြို့များကိုလဲ ငွေကြိုလွဲ ကားဂိတ်တင် စနစ်ဖြင့်
ဆောင်ရွက်ပေးနေပါပြီရှင့် ယုံကြည်စိတ်ချစွာမှာယူ
နိုင်ပါတယ်။

Online payment အတွက် (No % ) ပါ


myomyanmarpharmacy@gmail.com
m.me/myomyanmar2022

☎️ Viber 09 974791578 ကို ဆက်သွယ်မှာယူနိုင်ပါတယ်နော်။

📲0943106763
📲09784226619 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။

🥜🍚  " Vitamin B " 🍚🥜အာရုံကြောအားဆေး (သို့) ဗီတာမင် ဘီ ------------------------------------------🔻ခေါင်းကိုက်တာ ၊ အာရုံကြ...
17/09/2021

🥜🍚 " Vitamin B " 🍚🥜

အာရုံကြောအားဆေး (သို့) ဗီတာမင် ဘီ
------------------------------------------

🔻ခေါင်းကိုက်တာ ၊ အာရုံကြောအားနည်းတာ ၊ ဇက်​ကြောတက်တာ ​တွေကို Neurobion ကစလို့ Princi- B forte အားဆေးတွေအထိ သောက်သုံးတာမြင်ဘူး ကြားဘူးကြမှာ ပါ။
🔻ဘာကြောင့် ဘီ(B) အားဆေးကို သောက်ရပါသလဲ။ ပြောရရင်တော့ ဘီ(B) အုပ်စုဝင် အားဆေးတွေဟာ ဦးနှောက်နဲ့အာရုံကြောကို ကျန်းမာအောင် ထိန်းထားပေးတဲ့ အဓိက သက်စောင့်ဓာတ်တွေမို့ပါပဲ။

🔻Thiamine, riboflavin, niacin, pyridoxine, pantothenic acid, cobalamine, folic acid, biotin စတဲ့ ဘီ ဝမ်း(B1) မှ သည် ဘီ တွဲ (B12) ထိသက်စောင့်ဓာတ်တွေပဲ ဖြစ်ပါတယ်။
🔻သူတို့ဟာ လူကြီးတွေ အတွက်သာမက မိခင်ဗိုက်ထဲရှိ သန္ဓေသားအတွက်ပါ ဦးနှောက်ဖွံ့ဖြိုးမှုကို ဖြစ်စေပါတယ်။
🔻 အချို့သော ဖောလစ်အက်ဆစ်( folic acid) ချို့တဲ့သော မိခင်တွေမှာ ဦးနှောက်နှင့် ဦးခေါင်း မဖွံ့ဖြိုးတဲ့ ကလေးမွေးနိုင်သည် အထိ အရေးပါပါတယ်။

🔻သာမန်ကျန်းမာသူတွေအတွက် သာမက အတက်ရောဂါရှိသူတွေ ၊ မျက်စိအားနည်းသူတွေ ၊ ခြေလက်ထုံကျင်သူများ နှင့် အာရုံကြောပြဿနာရှိသူများ အတွက် ဘီ(B) ပါဝင်တဲ့အားဆေးတွေက ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

🔻Thiamine, riboflavin, niacin တို့ဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်ပိုင်းဆိုင်ရာလုပ်ငန်းများမှာ ကူညီပေးနေသည်။

🔻Pantothenic acid, pyridoxime, biotin တို့က အိပ်ခြင်း နိုးခြင်းစက်ဝန်းကို ကောင်းစွာ ထိန်းချုပ်ပေးထားသည့်အပြင် စိတ်ဓာတ်တက်ကြွစေပြီး အစားအသောက်ကောင်းမွန်စေအောင်ပါ ကူညီ​ပေးပါသည်။

🔻ဖောလစ်အက်ဆစ်နှင့် cobalamin ကမူ ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားဘဝ အတွက် လွန်စွာ လိုအပ်ပြီး ဦးနှောက်ဖွံ့ဖြိုးစေပါသည်။

🔻ထို့ပြင်အာရုံကြောများကို ကောင်းစွာလုပ်ငန်းဆောင်ရွက်အောင် ကူညီပေးပြီး နှလုံးကျန်းမာရေးကိုပါ ကောင်းမွန်စေသည်။ ထိုမျှမက ၎င်းတို့ချို့တဲ့ပါက သွေးအားနည်းခြင်းကို ဖြစ်စေတတ်သည်။

💊 ဗီတာမင် ဘီဝမ်း(B1) - ဆန်၊ ပဲအမျိုးမျိုး၊ ဂျုံစေ့ပင်ပေါက်၊ ဝက်သား၊ ပေါင်မုန့် စတာတွေက ရရှိပြီး

💊 ဗီတာမင် ဘီ ဆစ်(B6)(pyridoxime ) - အသား၊ ငါး၊ အာလူး၊ ငှက်ပျောသီး၊ ပဲအမျိုးမျိုး

💊 ဗီတာမင် ဘီ တွဲ(B12)(cobalamine ) - တိရစ္ဆာန်မှ ရရှိသော အစားအစာများ( အသည်း၊ အနီရောင်ရှိသောအသားများ၊ ငါး၊ ဥအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းများ)

💊 ဖောလစ်အက်ဆစ်(B9) - အသည်း၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ဤဓာတ်ထပ်မံ ဖြည့်စွက်ထားသော အာဟာရပစ္စည်းများ

💊 ဘိုင်အိုတင်(B7) - အသည်း၊ ဥ အနှစ်များ၊ ပဲပုတ်၊ တဆေး စသည်တို့ စားသုံးခြင်းမှ ရရှိနိုင်ပါသည်။

ဤ ဘီ(B) အမျိုးအစား ဗီတာမင်များသည် ရေတွင် ပျော်ဝင်၍ ခန္ဓာကိုယ်မှ မလိုအပ်လျှင် ဆီးမှ တစ်ဆင့် စွန့်ထုတ်နိုင်သဖြင့် များများစားသုံး၍ ဘေးထွက်ဆိုးကျိုးဖြစ်ခြင်း နည်းပါးပါသည် 👍👍👍

🔻ဗီတာမင်ဘီ (Vitamin B) ချို့တဲ့မှုများကို မကြာခဏတွေ့မြင်နေကြရသည်။ အထူးသဖြင့် အစားအစာ ကန့်သတ်ခြင်းခံနေရသော 🤰ကိုယ်ဝန်ဆောင် နှင့် 🤱 နို့တိုက်မိခင်များ ၊ ဆီးချိုသမားများ ၊ အရက်သမား အပြင် မြန်မာနိုင်ငံတွင် ဖွေးဖွေးဖြူအောင်ဖွတ်ထားသောဆန်များ🍚 ၊ ဆန်ဟောင်းများ စားသုံးခြင်းနှင့် အာဟာရမျှတအောင် မစားသုံးနိုင်ခြင်းတို့ကြောင့် ပိုများများ ဖြစ်လာကြပါသည်။

🔻ထို့ကြောင့် ခြေလက်ထုံကျင်ခြင်း ၊ ဇက်​ကြောတက်ခြင်း မှ စ၍ အာရုံကြောဆိုင်ရာပြဿနာများ ဖြစ်ပွားပါက ဆရာဝန်နှင့် တိုင်ပင်၍ အားဆေးများ ၊ ဗီတာမင် ဘီ(Vitamin B) ဖြည့်စွက်ထားသော စားစရာများစားသုံးသင့်ပါသည်။

ရီချို(ဆေး ၁)




m.me/Myomyanmar2022 မှာဝယ်ယူအားပေးနိုင်ပါတယ်ရှင့်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myo-myanmar pharmacy - မျိုးမြန်မာ ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myo-myanmar pharmacy - မျိုးမြန်မာ ဆေးဆိုင်:

Share