MPHealth

MPHealth Principle Company of PadaukOo Pharmacy Chain. Part of Myanmar Padauk Group of Companies MyanmarPadauk Health Company Limited (MPHealth).

The principle company of PadaukOo Pharmacy Chain.

We are Hiring 📢 Myanmar Padauk Health Co., Ltd ၏🙋  ဗဟန်းမြိုနယ် (SSC ဆေးရုံအနီး) 🙋  သင်္ဃန်းကျွန်းမြိုနယ်  (စံပြဆေးရုံအန...
09/01/2026

We are Hiring 📢

Myanmar Padauk Health Co., Ltd ၏
🙋 ဗဟန်းမြိုနယ် (SSC ဆေးရုံအနီး)
🙋 သင်္ဃန်းကျွန်းမြိုနယ် (စံပြဆေးရုံအနီး)
🙋 မရမ်းကုန်းမြိုနယ် (၉ မိုင် မှတ်တိုင်အနီး)
🙋 ကမာရွတ်မြိုနယ် (လှည်းတန်းဈေးအနီး) ရှိ
ပိတောက်ဦးဆေးဆိုင် (PadaukOo Pharmacy) များတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသော ဝန်ထမ်းများခေါ်ယူနေပါသည်။

👉 Pharmacy Assistant – Male / Female (7) Posts

🔸 တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
🔸 ဆေးဝါးကျွမ်းကျင်လက်မှတ်ရှိသူဖြစ်ရမည်။
🔸 ဆေး နှင့် ဆေးပစ္စည်းအရောင်း လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၁)နှစ်ရှိရမည်။
🔸 ကွန်ပျူတာအခြေခံတတ်ကျွမ်းသူဖြစ်ရမည်။
🔸 စကားပြောယဉ်ကျေးချိုသာ၍ သွက်လက်ချက်ချာပြီး စိတ်ရှည်သူဖြစ်ရမည်။
🔸 အကျင့်စာရိတ္တကောင်းမွန်ရမည်။
🔸 အလုပ်လုပ်ရာတွင်စနစ်တကျရှိပြီး အဖွဲအစည်းမှသတ်မှတ်ထားသောစည်းမျဉ်းစည်ကမ်းများကို လိုက်နာဆောင်ရွက်နိုင်ပြီး ရေရှည်လက်တွဲလုပ်နိုင်သူဖြစ်ရမည်။
🔸 မနက်ဆိုင်း၊ ညဆိုင်း အလုပ်ချိန် (၂) ဆိုင်းအား အလှည့်ကျဆင်းနိုင်ရမည်။
🔸 နီးစပ်ရာမြို့နယ်အတွင်းလျှောက်ထားသူဦးစားပေးမည်။

💸💰 Salary - Base on Experience (Negotiate) + OT + Incentive + Other Allowances
⏰ Working Hours - Morning Shift (08:00 AM to 05:00 PM)
- Evening Shift (11:00 AM to 08:00 PM)
Off Day - One day a week

စိတ်ဝင်စားလို့ လျှောက်ထားလိုပါက
💌 Send your resume to - recruitment@padaukoo.com (or) recruitment@mphealth.com.mm
📲 Viber (or) Telegram - 09 43069739 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်ရှင့်။





လွတ်လပ်ရေးနေ့ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ‌4 ရက်နေ့တွင်ကျရောက်သော (၇၈) ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ပိတောက...
04/01/2026

လွတ်လပ်ရေးနေ့

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ‌4 ရက်နေ့တွင်ကျရောက်သော (၇၈) ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ပိတောက်ဦးဆေးဆိုင်မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်...🫡

(၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့မှစ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းစင်ပြီး သာယာဝပြောသော ဘဝသစ်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း MP Health မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်....🙏 ✨

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကိုသတိရပါ"


#ပိတောက်ဦးဆေးဆိုင်
#လွတ်လပ်ရေးနေ့

🎉 New Year Resolutions ✨အားလုံးပဲ မင်္ဂလာပါရှင်....🙏🙏🙏ပိတောက်ဦး ရဲ့ ချစ်ရတဲ့ customer များအားလုံးအတွက် New Year Resoluti...
01/01/2026

🎉 New Year Resolutions ✨

အားလုံးပဲ မင်္ဂလာပါရှင်....🙏🙏🙏
ပိတောက်ဦး ရဲ့ ချစ်ရတဲ့ customer များအားလုံးအတွက် New Year Resolution အနေဖြင့် ကျန်းမာရေးပိုမိုကောင်းမွန်ဖို့ အကြံဉာဏ်များဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဒေါက်တာသဉ္ဇာ ရေးသားထားတဲ့ ဆောင်းပါးတိုလေးတစ်ပုဒ်ကို မျှဝေပေးလိုက်ပါရစေရှင်။ 📝

ဖိစီးမှုတွေများလှတဲ့ ဒီလိုခေတ်အခါကြီးရဲ့ နှစ်သစ်မှာတော့ လူတိုင်းရဲ့ အရေးကြီးဆုံး ရည်မှန်းချက်တစ်ခုအနေနဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်ဖို့အတွက် ဦးစားပေးတည်ဆောက်ဖို့ လိုအပ်လှပါတယ်။ ကျန်းမာရေးကောင်းခြင်းက လူ့ဘဝမှာ အသက်ရှင်နေထိုင်ရခြင်းရဲ့ အဓိကအခြေခံပါ။ 🌟

ဒီလို ကျန်းမာတဲ့စိတ်နှင့် ခန္ဓာကိုရရှိဖို့ မိမိရဲ့ စားသောက်နေထိုင်မှုပုံစံအပြင် စိတ်ကျန်းမာရေး ကိုလည်း အဓိကထားပြီး ဂရုပြုသင့်ပါတယ်။ 🧘‍♂️💖

ဒါကြောင့် သင့်ကျန်းမာရေးတိုးတက်ဖို့အတွက် အသုံးဝင်တဲ့ အချက်အလက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ကျန်းမာရေးကောင်းမွန်ဖို့ အစားအသောက်စနစ်ကို ပြောင်းလဲပါ။
ကျန်းမာရေးကောင်းမွန်ဖို့ ဂရုစိုက်ရန် စတင်ရမည့် အဓိကအချက်မှာ စနစ်ကျသော အစားအသောက်ပုံစံတစ်ခု ဖန်တီးခြင်းပါ။ အသီးအရွက်၊ ငါး၊ အသားတို့ကို လုံလောက်မျှတစွာ စားသုံးရမှာပါ။
* အသီးအရွက်ကိုများများ စားသုံးပါ:
🥦 ဗီတာမင်နှင့် သတ္တုဓာတ်များဖြင့် ပြည့်စုံသော အသီးအရွက်များဟာ ရောဂါများကိုကာကွယ်ပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာအောင် ကူညီပါတယ်။
* အဆီနဲ့ သကြားအလွန်အကျွံစားခြင်းကို ရှောင်ရှားပါ:
🍩 သွေးကြောပိတ်ရောဂါအမျိုးမျိုး၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသည့်ရောဂါများကို ဖြစ်စေတတ်တဲ့ အဆီနဲ့ အချိုဓာတ်ကို တတ်နိုင်သမျှ အနည်းဆုံးစားသုံးပါ။

၂။ လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို မျှတစွာလုပ်ဆောင်ပါ။
ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းဟာ အများအားဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေတတ်ပါတယ်။
* ပုံမှန်လေ့ကျင့်ခန်း: တစ်နေ့ကို အနည်းဆုံး (၃၀) မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပါ။ သက်တောင့်သက်သာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စသည်တို့အပြင် အိမ်တွင်းလုပ်နိုင်သော အသေးစား လှုပ်ရှားမှုလေ့ကျင့်ခန်းများစွာကို ကျင့်နိုင်ပါတယ်။ 🧘‍♂️
* စိတ်ဖိအားလျော့ချဖို့: အားကစားလုပ်ခြင်းဟာ စိတ်ဖိအားလျော့ချဖို့နှင့် အာရုံစူးစိုက်မှုကို တိုးတက်စေဖို့ ဖြစ်လို့ စတင်လုပ်ဖြစ်အောင် လုပ်ဆောင်ပါ။ 🏀

၃။ ရေများများ သောက်ပါ 💧
ရေသည် ခန္ဓာကိုယ်အတွင်း အဆီဓာတ်များ ထိန်းညှိမှုနှင့် အစာချေဖောက်စနစ်တွေအတွက် အရေးကြီးသောအရာတစ်ခုပါ။
* နေ့စဉ် ရေကို ဖန်ခွက် (၇) မှ (၈) ခွက် အနည်းဆုံး ၂ လီတာခန့် သောက်သုံးပါ။ 🥛
* ဒါဟာ ခန္ဓာကိုယ်အသားအရေကို စိုပြေစေပြီး ကိုယ်တွင်းဆားဓာတ်လွန်ကဲခြင်းမှ ကာကွယ်ပေးပါတယ်။ ✨
* ခန္ဓာကိုယ်တွင် ရေဓာတ်မလုံလောက်ပါက မောပန်းနွမ်းနယ်မှုတွေ ပေါ်လာနိုင်တယ်ဆိုတာကိုလည်း သတိပြုရပါမယ်။ ⚠️

၄။ အိပ်ရေးဝအောင်အိပ်ပါ 😴
အိပ်စက်မှုက ကျန်းမာရေးရဲ့ အဓိကအခြေခံအချက်ပါ။
* ပုံမှန်အိပ်ချိန်ပေးပါ: တစ်နေ့ကို အနည်းဆုံး (၇) မှ (၈) နာရီအိပ်ပါ။ 💤
* စနစ်တကျပြင်ဆင်ပါ: အိပ်ရာဝင်ခါနီး မီးအလင်းအားနည်းတဲ့နေရာမှာ အိပ်စက်ပါ။ ဖုန်းကြည့်ခြင်း၊ Screen time များခြင်းတို့ကို လျှော့ချပါ။ 📱📴

၅။ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ 🧠✨
စိတ်ဖိစီးမှုကို လျှော့ချခြင်းသည် မိမိခန္ဓာကိုယ် ကျန်းမာရေးကောင်းမွန်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
* တရားထိုင်ပါ: စိတ်ကို အေးချမ်းစေဖို့ နေ့စဉ် (၅) မိနစ်ခန့် အေးဆေးတရားထိုင်ပါ။ 🧘
* စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ: မိမိပတ်ဝန်းကျင်မှာ ပျော်ရွှင်မှုကိုရှာဖွေပြီး မိမိရဲ့ နေ့ရက်အချိန်တိုင်းကို စိတ်အေးချမ်းပျော်ရွှင်နေအောင် အတတ်နိုင်ဆုံး ကြိုးစားနေပါ။ 😊

၆။ ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ပါ 🩺
မိမိကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးခြင်းဟာ ရောဂါအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်စေပါတယ်။
* တစ်နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးပါ: သွေးစစ်မှု၊ ခန္ဓာကိုယ်အခြေအနေများအတွက် လိုအပ်သော ဓာတ်မှန်၊ ECG စသည်တို့ကို စစ်ဆေးပါ။ 🏥
* ဆရာဝန်၏ အကြံဉာဏ်ကို လိုက်နာပါ:
လိုအပ်ပါက ဆေးကုသမှု ခံယူပါ။ 👩‍⚕️

နိဂုံးချုပ်အနေနဲ့ အထက်ဖော်ပြပါ အချက်များကို လိုက်နာပြီး ဒီနှစ်သစ်မှာ ခန္ဓာရော စိတ်ပါ ကျန်းမာရေးကောင်းမွန်သော ဘဝများ ရရှိနိုင်ကြပါစေရန် ဆုတောင်းပေးရင်း နိဂုံးချုပ်ပါရစေ။ 🙏🍀
သဉ္ဇာ (ဆေး ၁) 👩‍⚕️✨

အားလုံးပဲ နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေ 🙏🙏🙏

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကိုသတိရပါ"

#ပိတောက်ဦး


#ပိတောက်ဦးဆေးဆိုင်
#2026

31/12/2025

✨ 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟔 ✨

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး အေးချမ်းသာယာတဲ့ ၂၀၂၆ခုနှစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း MP Health မိသားစုမှ ဆုတောင်းမေတ္တာ ပိုသပေးလိုက်ပါတယ်ရှင်....🙏🙏🙏

#ပတောက်ဦး

#ပတောက်ဦးဆေးဆိုင်

🎄 Merry Christmas ⛄❄️ဒီနှစ်ခရစ္စမတ်မှာ လူသားအားလုံး လိုအင်ဆန္ဒများ ပြည့်ဝပြီး အောင်မြင်မှုအသစ်များ ပိုင်ဆိုင်နိုင်ပါစေကြ...
25/12/2025

🎄 Merry Christmas ⛄❄️

ဒီနှစ်ခရစ္စမတ်မှာ လူသားအားလုံး လိုအင်ဆန္ဒများ ပြည့်ဝပြီး အောင်မြင်မှုအသစ်များ ပိုင်ဆိုင်နိုင်ပါစေကြောင်း MP Health မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်......🙏🙏🙏

#ပိတောက်ဦး


🎄 Merry Christmas to you all🎄ဒီနေ့မှာတော့ MP Health Co.,Ltdရဲ့ Managing Director နှင့် Director မှ ဝန်ထမ်းများအားလုံးအတွ...
24/12/2025

🎄 Merry Christmas to you all🎄

ဒီနေ့မှာတော့ MP Health Co.,Ltdရဲ့ Managing Director နှင့် Director မှ ဝန်ထမ်းများအားလုံးအတွက် စိတ်အပန်းပြေလန်းဆန်းစေမယ့် Christmas လက်ဆောင်လေးများကို ပေးအပ်ခဲ့ပါတယ်။ 🎁✨

ဒီနှစ်အတွက် လက်ဆောင်လေးကတော့ တစ်နေ့တာ အလုပ်ပင်ပန်းသမျှကို အနံ့မွှေးမွှေးလေးနဲ့ ဖြေဖျောက်ပေးမယ့် ရေချိုးဆပ်ပြာဗူး (Shower Gel) လေးတွေပဲ ဖြစ်ပါတယ်။ 🤩🤩

လက်ဆောင်ဆိုတာထက် ပေးတဲ့သူရဲ့ မေတ္တာနဲ့ စေတနာကို ပိုပြီး တန်ဖိုးထားပါတယ်။ ဒီလက်ဆောင်လေးကြောင့် ပင်ပန်းသမျှတွေ အကုန်ပျောက်ပြီး စိတ်ထဲမှာ အရမ်းကို နွေးထွေးရပါတယ်......... ❤️🎄

အခုလို အလုပ်များတဲ့ကြားက ဝန်ထမ်းများအပေါ်ဂရုတစိုက်ရှိပေးပြီး အမှတ်တရလက်ဆောင်လေးတွေစီစဉ်ပေးတဲ့ MD နှင့် Director ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်......🙏🙏🙏

လက်ဆောင်ရလို့ ရုံးခန်းတစ်ခုလုံးလည်း ပျော်ရွှင်ရယ်မောသံတွေနဲ့ လွှမ်းမိုးနေပါပြီ....🥳👏👏

အားလုံးပဲမွှေးပျံ့လန်းဆန်းတဲ့ Christmas အချိန်ခါလေး ဖြစ်ပါစေ။ 🎅🧼✨

#ပိတောက်ဦး



🎇 Happy Karen New Year 🎊 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်၊ သောကြာနေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်အချိန်အခါ သမ...
19/12/2025

🎇 Happy Karen New Year 🎊

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်၊ သောကြာနေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်အချိန်အခါ သမယတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်း ချမ်းမြေ့ကြပါစေကြောင်း MP Health မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏

"ပျော်ရွှင်ဖွယ်ရာ ကရင်နှစ်သစ်ကူးနေ့လေး ဖြစ်ပါစေ"




#ကရင်နှစ်သစ်ကူး

𝗪𝗲 𝗮𝗿𝗲 𝗛𝗶𝗿𝗶𝗻𝗴!📣Myanmar Padauk Health Co., Ltd ၏🙋  သင်္ဃန်းကျွန်းမြို့နယ်  (စံပြဆေးရုံအနီး) 🙋  သင်္ဃန်းကျွန်းမြို့နယ်  (စ...
17/12/2025

𝗪𝗲 𝗮𝗿𝗲 𝗛𝗶𝗿𝗶𝗻𝗴!📣

Myanmar Padauk Health Co., Ltd ၏
🙋 သင်္ဃန်းကျွန်းမြို့နယ် (စံပြဆေးရုံအနီး)
🙋 သင်္ဃန်းကျွန်းမြို့နယ် (စံပြဈေးအနီး)
🙋 လမ်းမတော်မြို့နယ် (ရန်ကုန်ဆေးရုံကြီးအနီး)
🙋 လသာမြို့နယ် (ရန်ကုန်ဆေးရုံကြီးအနီး)
🙋 ဗဟန်းမြို့နယ် (SSC ဆေးရုံအနီး)
🙋 မရမ်းကုန်းမြို့နယ် (၉ မိုင် မှတ်တိုင်အနီး) ရှိ
ပိတောက်ဦးဆေးဆိုင် (PadaukOo Pharmacy) များတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသော ဝန်ထမ်းများခေါ်ယူနေပါသည်။

👉 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 – Male / Female (𝟮𝟬) Posts

🔸 တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
🔸 ဆေးဝါးကျွမ်းကျင်လက်မှတ်ရှိသူဖြစ်ရမည်။
🔸 ဆေး နှင့် ဆေးပစ္စည်းအရောင်း လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၁)နှစ်ရှိရမည်။
🔸 ကွန်ပျူတာအခြေခံတတ်ကျွမ်းသူဖြစ်ရမည်။
🔸 စကားပြောယဉ်ကျေးချိုသာ၍ သွက်လက်ချက်ချာပြီး စိတ်ရှည်သူဖြစ်ရမည်။
🔸 အကျင့်စာရိတ္တကောင်းမွန်ရမည်။
🔸 အလုပ်လုပ်ရာတွင်စနစ်တကျရှိပြီး အဖွဲအစည်းမှသတ်မှတ်ထားသောစည်းမျဉ်းစည်ကမ်းများကို လိုက်နာဆောင်ရွက်နိုင်ပြီး ရေရှည်လက်တွဲလုပ်နိုင်သူဖြစ်ရမည်။
🔸 မနက်ဆိုင်း၊ ညဆိုင်း အလုပ်ချိန် (၂) ဆိုင်းအား အလှည့်ကျဆင်းနိုင်ရမည်။
🔸 နီးစပ်ရာမြို့နယ်အတွင်းလျှောက်ထားသူဦးစားပေးမည်။

💸💰 Salary - Base on Experience (Negotiate) + OT + Incentive + Other Allowances
⏰ Working Hours - Morning Shift (08:00 AM to 05:00 PM)
- Evening Shift (11:00 AM to 08:00 PM)
Off Day - One day a week

စိတ်ဝင်စားလို့ လျှောက်ထားလိုပါက
💌 Send your resume to - recruitment@padaukoo.com (or) recruitment@mphealth.com.mm
📲 Viber (or) Telegram - 09 43069739 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်ရှင့်။





🏃 ပြေးလည်းပြေး ပျော်လည်းပျော်! ၂၀၂၅ PadaukRun နော်! 🎉🥳Myanmar Padauk Group of Companies ရဲ့ Fun Run 2025 ပွဲကြီးကို ဒီဇင...
13/12/2025

🏃 ပြေးလည်းပြေး ပျော်လည်းပျော်! ၂၀၂၅ PadaukRun နော်! 🎉🥳

Myanmar Padauk Group of Companies ရဲ့ Fun Run 2025 ပွဲကြီးကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်တိုင်းရင်းသားကျေးရွာမှာ အောင်မြင်စွာ ကျင်းပပြီးစီးသွားပါပြီရှင့် 🏞️

ဒီပွဲမှာ Group of Companies က ဝန်ထမ်းပေါင်း ၅၀၀ ကျော် 🧑‍🤝‍🧑 တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြပြီး 3km/5km ပြေးပွဲမှာ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပန်းဝင်ခဲ့ကြတဲ့ ဝန်ထမ်းတိုင်းကို တကယ်ပဲ ဂုဏ်ယူပါတယ်နော်! 🏅

ဒီ Fun Run လေးဟာ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်တက်ကြွမှုကို မြှင့်တင်ပေးနိုင်ခဲ့သလိုအလုပ်ပြင်ပမှာ ပျော်စရာ အတွေ့အကြုံတွေ ဖန်တီးရင်း အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးမှုကိုလည်း တိုးမြှင့်ပေးခဲ့ပါတယ်။ 🤝

ဒီ Fun Run ပွဲကြီးကို တစ်ဖက်တစ်လှမ်းကနေ ပူးပေါင်းပါဝင်ကူညီပေးကြတဲ့ မိတ်ဖက်ကုမ္ပဏီများ နဲ့ ဝန်ထမ်းများရဲ့ ကျန်းမာရေး လုံခြုံမှုအတွက် ပွဲစဉ်အစအဆုံး တာဝန်ယူကြီးကြပ်ပေးခဲ့ကြတဲ့ ကြက်ခြေနီ အဖွဲ့သားများ ⛑️ ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🙏

ဝန်ထမ်းတွေရဲ့စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်မှုတွေက ပွဲတစ်ခုလုံးကို တကယ်ပဲ အသက်ဝင်စေခဲ့ပြီး ယခုလို အမှတ်တရကောင်းတွေကို ဖန်တီးပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်! 🥰

နောက်နှစ် Fun Run မှာ ပိုပျော်စရာကောင်းတဲ့ ပွဲတွေနဲ့အတူ ပြန်လည်ဆုံတွေ့ကြပါစို့! ❤️

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကို သတိရပါ။"






𝐖𝐞 𝐚𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠!📣💁‍♀️‍Myanmar Padauk Health Co., Ltd.  တွင် တာဝန်ထမ်းဆောင်ရန် Data Entry Position များခေါ်ယူနေပါတယ်ရှင့်။ ...
06/12/2025

𝐖𝐞 𝐚𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠!📣

💁‍♀️‍Myanmar Padauk Health Co., Ltd. တွင် တာဝန်ထမ်းဆောင်ရန် Data Entry Position များခေါ်ယူနေပါတယ်ရှင့်။

Position : Data Entry – Male/ Female (3) Posts

Requirement

📌 တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
📌 Computer/Email/Microsoft Word, Excel (IF, SUMIF, VLOOKUP, PIVOT) အခြေခံ တက်မြောက်ရမည်။
📌 Typing ကျွမ်းကျင်ရမည်။
📌 Computer ဖြင့် Data သွင်းနိုင်သူ ဖြစ်ရမည်။
📌 လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၁) နှစ် ရှိရမည်။
📌 စာရင်း၊ ဇယားအချက်အလက်များကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။
📌သင်ယူချင်စိတ်ရှိရမည်။
📌 အလုပ်မှချမှတ်သော စည်းမျဉ်းစည်းကမ်းများအား တိကျစွာလိုက်နာနိုင်ရမည်။
📌 Team Work ဖြင့် အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
📌 အကျင့်စာရိတ္တကောင်းမွန်ရမည်။
📌 အလုပ်လုပ်ရာတွင်စနစ်တကျရှိပြီးအဖွဲ့အစည်းမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင် ရွက်နိုင်ပြီး ရေရှည်လက်တွဲလုပ်နိုင်သူဖြစ်ရမည်။

အလုပ်ချိန် - 9:00 AM to 5:00 PM (Monday to Friday)
- 9:00 AM to 12:00 PM (Saturday)
ပိတ်ရက် - တနင်္ဂနွေ နှင့် အများပြည်သူအလုပ်ပိတ်ရက်
လိပ်စာ - အမှတ် (၅၁၉/၅၂၁) ၊ အောက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်မြိုနယ်။
လစာ - ညှိနှိုင်း + အချိန်ပိုကြေး + တစ်ခြားခံစားခွင့်များ

* လျှောက်ထားလိုပါက ကိုယ်ရေးရာဇဝင်အကျဉ်း (CV Form)၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ Passport ပုံ (၁) ပုံ ဖြင့် recruitment@padaukoo.com သို့ ဖြစ်စေ၊ (Viber / Telegram – 0943069739) သို့ ဖြစ်စေ ပေးပို့ လျှောက်ထားနိုင်ပါသည်။




We are Hiring 📢🌟 သင်္ဃန်းကျွန်းမြို့နယ်  (စံပြဆေးရုံအနီး) 🌟 သင်္ဃန်းကျွန်းမြို့နယ်  (စံပြဈေးအနီး) ရှိ ပိတောက်ဦးဆေးဆိုင် ...
29/11/2025

We are Hiring 📢

🌟 သင်္ဃန်းကျွန်းမြို့နယ် (စံပြဆေးရုံအနီး)
🌟 သင်္ဃန်းကျွန်းမြို့နယ် (စံပြဈေးအနီး) ရှိ
ပိတောက်ဦးဆေးဆိုင် (PadaukOo Pharmacy) များတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသော ဝန်ထမ်းခေါ်ယူနေပါသည်။

💁 Pharmacy Assistant – Male / Female (3) Posts

📝 တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
📝 ဆေးဝါးကျွမ်းကျင်လက်မှတ်ရှိသူဖြစ်ရမည်။
📝 ဆေး နှင့် ဆေးပစ္စည်းအရောင်း လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၁)နှစ်ရှိရမည်။
📝 ကွန်ပျူတာအခြေခံတတ်ကျွမ်းသူဖြစ်ရမည်။
📝 စကားပြောယဉ်ကျေးချိုသာ၍ သွက်လက်ချက်ချာပြီး စိတ်ရှည်သူဖြစ်ရမည်။
📝 အကျင့်စာရိတ္တကောင်းမွန်ရမည်။
📝 အလုပ်လုပ်ရာတွင်စနစ်တကျရှိပြီး အဖွဲအစည်းမှသတ်မှတ်ထားသောစည်းမျဉ်းစည်ကမ်းများကို လိုက်နာဆောင်ရွက်နိုင်ပြီး ရေရှည်လက်တွဲလုပ်နိုင်သူဖြစ်ရမည်။
📝 မနက်ဆိုင်း၊ ညဆိုင်း အလုပ်ချိန် (၂) ဆိုင်းအား အလှည့်ကျဆင်းနိုင်ရမည်။
📝 နီးစပ်ရာမြို့နယ်အတွင်းလျှောက်ထားသူဦးစားပေးမည်။

💸 Salary - Base on Experience (Negotiate) + OT + Incentive + Other Allowances
💻 Working Hours:
- Morning Shift (08:00 AM to 05:00 PM)
- Evening Shift (11:00 AM to 08:00 PM)
Off Day - One day a week

💌 Send your resume to - recruitment@padaukoo.com (or) recruitment@mphealth.com.mm
📲 Viber (or) Telegram - 09 43069739



#ပိတောက်ဦးဆေးဆိုင်

💉 COVID-19 ကာကွယ်ဆေး ထိုးနှံမှု မှတ်တမ်းMyanmar Padauk Health ကုမ္ပဏီမှ ဝန်ထမ်းများအားလုံး၏ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံ...
27/11/2025

💉 COVID-19 ကာကွယ်ဆေး ထိုးနှံမှု မှတ်တမ်း

Myanmar Padauk Health ကုမ္ပဏီမှ ဝန်ထမ်းများအားလုံး၏ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုကို အလေးထားပြီး COVID-19 ကာကွယ်ဆေးအား 26.11.2025 ရက်နေ့တွင် ထိုးနှံပေးသည့် အမှတ်တရပုံရိပ်များအား ဖော်ပြပေးလိုက်ပါတယ်ရှင်။ 📸📸

ကုမ္ပဏီရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကျန်းမာပြီး ဘေးကင်းတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် ဖန်တီးပေးခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် စေတနာထားပြီး လာရောက် ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းတစ်ဦးချင်းစီနှင့် ဒီအစီအစဉ်လေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ကျန်းမာရေး ဝန်ထမ်းများအဖွဲ့ကိုလည်း MP Health မိသားစုမှ ကျေးဇူး အထူးတင်ရှိပါသည်ရှင့်။ 🙏🙏🙏

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကို သတိရပါ။"



Address

Myanmar Padauk Business Tower, 535 Lower Pazundaung Road, 7th Floor
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 00:00

Website

https://www.padaukoo.com/

Alerts

Be the first to know and let us send you an email when MPHealth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram