Venus In Libra

Venus In Libra Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Venus In Libra, Astrologist & Psychic, Yangon.

နက်ဖြန်သွားမှာမို့လာပြောလို့ရသေးတယ်နော်
27/03/2026

နက်ဖြန်သွားမှာမို့လာပြောလို့ရသေးတယ်နော်

27/03/2026

27.3.2026 တစ်နေ့တာဟောစာတမ်း

ဒီနေ့ဟာ နူးညံ့မှု၊ ကြင်နာမှုနဲ့ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာမယ့်နေ့တစ်နေ့ပါ။ သဘာဝတရား၊ ချစ်ခြင်းမေတ္တာတွေကို ကိုယ်စားပြုပါတယ်။ ဒီနေ့မှာ သင့်ရဲ့စိတ်ထဲမှာ ရှိနေတဲ့ အရာတစ်ခုကို အားပေးထောက်ပံ့ပြီး တဖြည်းဖြည်း ပေါက်ဖွားလာစေဖို့ အချိန်ကောင်းဖြစ်ပါတယ်။

အလုပ် / ပညာရေး
သင့်ရဲ့ အကြံဉာဏ်တွေကို လုပ်ဖော်ကိုင်ဖက်တွေ သို့မဟုတ် ဆရာတွေက လက်ခံအားပေးနိုင်ပါတယ်။ အထူးသဖြင့် ဖန်တီးမှုလိုအပ်တဲ့ အလုပ်တွေမှာ သင့်ရဲ့စွမ်းရည်တွေ ထင်ရှားလာနိုင်ပါတယ်။ အလျင်စလိုမလုပ်ဘဲ အေးအေးဆေးဆေး တည်ငြိမ်စွာ လုပ်ဆောင်တာက အောင်မြင်မှုရစေမယ့်လမ်းပါ။

အချစ်ရေး
ဒီနေ့မှာ ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေးတွေ ပိုမိုနွေးထွေးလာနိုင်ပါတယ်။ ချစ်သူရှိသူတွေအတွက် နားလည်မှုနဲ့ ဂရုစိုက်မှု တိုးလာမယ်။ Single ဖြစ်သူတွေအတွက်တော့ သင့်ကို အလေးထားတဲ့ လူတစ်ယောက်နဲ့ တွေ့နိုင်တဲ့ အခွင့်အရေးရှိပါတယ်။

ငွေကြေး
ငွေကြေးအရ တည်ငြိမ်မှုရှိပြီး သေးငယ်တဲ့ အကျိုးအမြတ်တွေ ရနိုင်ပါတယ်
မိသားစုရေးရာတွေမှာ သင်က အခြားသူတွေကို ထောက်ပံ့ပေးနေသူတစ်ယောက် ဖြစ်နိုင်ပါတယ်။
မိန်းကလေးအသုံးအဆောင်ပစ္စည်းတွေရောင်းထွက်ပါမယ်။

ကျန်းမာရေး
စိတ်ပိုင်းဆိုင်ရာ အနားယူမှု၊ သဘာဝနဲ့ နီးကပ်စွာနေထိုင်ခြင်းတွေက သင့်အတွက် အကျိုးရှိပါတယ်။ စားသောက်မှုပုံစံကို သေချာဂရုစိုက်ပါ။
ဒီနေ့မှာ ကိုယ့်ကိုယ်ကို ချစ်ဖို့ မမေ့ပါနဲ့။

🍀နို့ဆန်ပြုတ် (သို့) နွားနို့ ဘုရားကပ်လှူပါ

ဒီနေ့မစောင့်ရပဲ မေးလို့ရပါပြီ

+

26/03/2026

ဒီနေ့ lucky day လေးမို့

စေတနာကြေးနဲ့ လာမေးကြပါရှင် 🥰🍀✌️

26/03/2026

🔮 26.3.2026 တစ်နေ့တာဟောစာတမ်း
ဒီနေ့က ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို အပြည့်အဝ အသုံးချရမယ့်နေ့ပါ။
ကိုယ်တိုင်လုပ်ဆောင်ရင် အောင်မြင်နိုင်တဲ့အခွင့်အရေးတွေ ရှိနေပါတယ်။
စကားပြော၊ ဆက်ဆံရေး၊ ဉာဏ်ကောင်းမှုတွေက သင့်ကို ကူညီပေးပါမယ်။

💼 အလုပ် / စီးပွားရေး
စိတ်ကူးအသစ်တွေထွက်မယ်၊ စတင်လုပ်ဆောင်ဖို့ကောင်းတဲ့နေ့ပါ။
ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ဆုံးဖြတ်ချက်ချပါ။

❤️ အချစ်ရေး
စကားပြောဆိုမှုက အရေးကြီးပါတယ်။
ကိုယ့်ခံစားချက်ကို ပွင့်လင်းပြောရင် ပိုနီးစပ်လာနိုင်ပါတယ်။

💰 ငွေကြေး
အသုံးစရိတ်ကို စီမံနိုင်မယ်ဆိုရင် အကျိုးရှိမယ်။
အခွင့်အရေးအသစ်တွေကနေ ဝင်ငွေတိုးနိုင်ပါတယ်။

အချိန်မဖြုန်းဘဲ လုပ်ချင်တာကို စတင်ပါ။

🍀ခွေး၊ကြောင်၊ငှက်စာလေးတွေကျွေးပြီးဆုတောင်းပါ

ဒီနေ့မစောင့်ရပဲ တားရော့မေးလို့ရပါပြီ

ဒီတစ်ပတ်ထဲသွားလှူမှာမို့ ကပ်ချင်သူများလာပြောပေးနော်
24/03/2026

ဒီတစ်ပတ်ထဲသွားလှူမှာမို့ ကပ်ချင်သူများ

လာပြောပေးနော်

cb နော်
24/03/2026

cb နော်

စိတ်ရောရုပ်ရော အေးချမ်းပြီး

လိုရာဆန္ဒပြည့်ဝကြပါစေ 🙏

ဒီညမစောင့်ရပဲ တားရော့ကြည့်ပေးနေပါတယ်🍀

+

23/03/2026

၂၄.၃.၂၀၂၆ တစ်နေ့တာနိမိတ်

❤️ အချစ်ရေး
ချုပ်ချယ်မှု၊ မကျေနပ်မှုရှိနိုင်တယ် ။ Toxic တွေ ပေါ်လာတတ်တယ်။သတိထားပါ။

💰 ငွေ
အလိုလိုက်ပြီး မလိုအပ်တာဝယ်မိနိုင်ပါတယ်
သုံးစွဲမှုကိုထိန်းပါ။

💼 အလုပ်
စိတ်ဖိစီးမှုများနိုင်တယ်။အလုပ်အတွက် စိတ်ဖိစီးနေရတာတွေ့ပါတယ်။

💊ကျန်းမာရေး
အိပ်ရေးပျက်လို့ ကျန်းမာရေးထိတတ်ပါတယ်

🍀 ရေခဲရေဘုရားကပ်ပါ

🙏🙏🙏
23/03/2026

🙏🙏🙏

🙏
20/03/2026

🙏

❤️❤️
20/03/2026

❤️❤️

✨ Collective Tarot Reading ✨

ဒီ post ကိုတွေ့တာ မင်းအတွက်

message တစ်ခုရှိလို့ပါ 💫

အခုချိန်မှာ မင်းစိတ်ထဲမှာ
love / relationship တစ်ခုအကြောင်း အမြဲတွေးနေတယ်မလား…

🔮 Four of Wands + Two of Cups

ဒီ combination က အရမ်းကောင်းတဲ့ sign ပါ 💞

💞 Two of Cups
သူနဲ့မင်း ခံစားချက်တူတူရှိနိုင်တယ်
love / connection ရှိနေတယ်
Soulmate energy တွေ့နေပါတယ်

🏡 Four of Wands
Relationship တည်ငြိမ်လာမယ်
Official ဖြစ်လာနိုင်တယ်
Celebration / happy moment တစ်ခုနီးလာပြီ
Commitment level တက်လာနိုင်တယ်
စေ့စပ်ပွဲ/မင်္ဂလာပွဲတွေအထိ ကြုံရနိုင်ပါတယ်

❤️ဒီ card နှစ်ချပ်ကိုပေါင်းပြီးကြည့်ရင်
မင်းရဲ့ love life မှာ
ပျော်ရွှင်ပြီး တည်ငြိမ်တဲ့ relationship တစ်ခု ဖြစ်လာဖို့ အချိန်နီးလာပြီ ဆိုတာပါ

“သူလည်း ငါလိုပဲ ခံစားရလား?”
“ဒီ relationship အဆင်ပြေမလား?”
“သူပြန်လာမလား?”

Answer က YES ပါ ❤️

Communication ပြန်ကောင်းလာမယ်
Proposal / commitment / reunion ဖြစ်နိုင်တယ်
မင်းစောင့်နေတဲ့ answer မကြာခင်ရလာမယ်

ရက်/လ အတွင်း ပြန်အဆင်ပြေနိုင်ပါတယ်

ဒီ message မင်းနဲ့ ကိုက်ညီတယ်ဆိုရင်
“YES” လို့ မန့်ပါ
(energy claim လုပ်တာပါ)

🔮 Personal reading (love / career / future) ကြည့်ချင်ရင် ဒီညမစောင့်ရပဲ ကြည့်ပေးပါမယ်✨

+

18/03/2026

19.3.2026 တစ်နေ့တာဟောစာတမ်း

ဒီနေ့ရဲ့စွမ်းအားက မျှတမှု၊ သည်းခံမှုနဲ့ ညှိနှိုင်းတတ်မှုကို ပြောနေပါတယ်။ အရာရာကို အလွန်အကျွံမလုပ်ဘဲ မျှတအောင်ထိန်းသိမ်းနိုင်ခြင်းက သင့်အတွက် အောင်မြင်မှုကို ယူဆောင်လာမယ့်နေ့ပါ။

💰 ငွေကြေး
ငွေဝင်ငွေထွက်ကို သေချာထိန်းချုပ်ဖို့လိုပါတယ်။ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ပြီး စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် တဖြည်းဖြည်း တည်ငြိမ်လာနိုင်ပါတယ်။

❤️ အချစ်ရေး
နားလည်မှုနဲ့ သည်းခံမှုက အဓိကပါ။ ကိုယ့်အမြင်ကိုပဲ မထားဘဲ အပြန်အလှန်ညှိနှိုင်းပေးနိုင်ရင် ဆက်ဆံရေးက ပိုမိုချောမွေ့လာနိုင်ပါတယ်။

💼 အလုပ်အကိုင်
အလုပ်တွေကို အလျင်အမြန်ပြီးမြောက်လုပ်ချင်စိတ်ကို နည်းနည်းထိန်းပြီး အဆင့်လိုက် စနစ်တကျ လုပ်ဆောင်ပါ။ အတူလုပ်ကိုင်သူများနဲ့လည်း ညှိနှိုင်းဆောင်ရွက်ခြင်းက ရလဒ်ကောင်းများရရှိစေပါလိမ့်မယ်။

ဒီနေ့မှာ သင့်ရဲ့ စိတ်တည်ငြိမ်မှုနဲ့ ညှိနှိုင်းနိုင်မှုက အရာအားလုံးကို အောင်မြင်နိုင်ပါတယ်။

🍀ရေကုသိုလ်ပြုပါ

ကိုက်ညီသူတွေအတွက်ပါ
17/03/2026

ကိုက်ညီသူတွေအတွက်ပါ

ဒီကတ်နိမိတ်မြင်သူတွေအတွက်

ဖတ်ပေးထားပါတယ်

ဒီကာလမှာ သင့်ဘဝဟာ ပျော်ရွှင်မှုရှိနေတယ်
ဒါပေမယ့် ပင်ပန်းနေတယ် ဆိုတဲ့ခံစားချက်ကို တစ်ပြိုင်နက်တည်း ခံစားနေရနိုင်ပါတယ်။

အချစ်ရေး အိမ်ထောင်ရေးဘက်မှာ သင်က တကယ်ချစ်တတ်တဲ့သူပါ။ မိသားစုကိုပဲဖြစ်ဖြစ် ချစ်သူကိုပဲဖြစ်ဖြစ် ပျော်ရွှင်စေချင်လို့ အရာအားလုံးကို သင်ဘက်က အားထုတ်ပြီး ထိန်းထားတတ်ပါတယ်။ ဆက်ဆံရေးက နွေးထွေးပြီး ပြည့်စုံသလို မြင်ရပေမယ့် အတွင်းထဲမှာတော့ ငါတစ်ယောက်တည်းပဲ အားထုတ်နေတာလား ဆိုတဲ့ခံစားချက် တခါတလေ ရှိနိုင်ပါတယ်။ ပင်ပန်းနေပေမယ့် မပြောဘဲ တိတ်တိတ်လေး နေတတ်တဲ့အခြေအနေပါ။

ငွေကြေး အလုပ်အကိုင်ဘက်မှာ အလုပ်တာဝန်တွေ အရမ်းများနေတဲ့ကာလပါ။ သင်က ယုံကြည်ရတဲ့သူဖြစ်လို့ အလုပ်တွေကို အများကြီးပေးခံရတတ်ပါတယ်။ ငါမလုပ်ရင် ဘယ်သူလုပ်မလဲ ဆိုတဲ့စိတ်နဲ့ ကိုယ်တိုင်အကုန်ထမ်းထားတာကြောင့် ပင်ပန်းမှု တဖြည်းဖြည်း တိုးလာနိုင်ပါတယ်။ ဝင်ငွေရှိနေသော်လည်း ထွက်ငွေလည်း များနေပြီး မိသားစု သို့မဟုတ် တာဝန်တွေကြောင့် ပိုပြီး သုံးစွဲရတဲ့အခြေအနေ ဖြစ်နိုင်ပါတယ်။

ဒီကာလမှာ သတိရဖို့လိုတာက သင်ဟာ အားလုံးကို တာဝန်ယူနိုင်တဲ့သူဖြစ်ပေမယ့် အားလုံးကို သယ်ယူရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ခံစားချက်ကို ပြောဖို့ လိုပါတယ်။ တာဝန်တွေကို ခွဲဝေဖို့ လိုပါတယ်။ အလုပ်မှာလည်း အကူအညီတောင်းဖို့ မကြောက်ပါနဲ့။ ငွေကြေးဘက်မှာလည်း စီမံကိန်းနဲ့ သုံးစွဲဖို့ လိုပါတယ်။

သင်ပင်ပန်းနေတာကနေ စိတ်လေးနည်းနည်းလျော့ချနိုင်တဲ့အချိန်မှာ သင့်ဘဝထဲက
ပျော်ရွှင်မှုတွေကို ပိုပြီး ခံစားနိုင်ပါလိမ့်မယ်

general reading မို့ကိုက်ညီတဲ့သူတွေပဲဖတ်ပါနော်

ဒီနေ့မစောင့်ရပဲတားရော့မေးနိုင်ပါတယ် 🍀

+

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Venus In Libra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram