Medic Journey

Medic Journey Bringing the world to your wellness.

နိုင်ငံကြီးလေးနိုင်ငံက နာမည်ကြီးဆေးရုံကြီးတွေမှာ အဆင့်မြင့်စက်ကိရိယာ၊ ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေနဲ့ ကုသလိုသူတိုင်းကိုအခမဲ့ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပေးနေတာ Medic Journey ပါ🏥
Medic Journey ရဲ့ အခမဲ့ဝန်ဆောင်မှုတွေဆိုတာ
🆓Medic Journey နဲ့ချိတ်ဆက်ထားတဲ့ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံကြီးတွေက ထိပ်တန်းဆေးရုံကြီးတွေမှာ သွားရောက်ကုသလိုသူတိုင်း ဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင်လာရောက်ပြီးဖြစ်စေ

အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ခြင်း
🆓မြန်မာနိုင်ငံမှ မထွက်ခွာမီ လိုအပ်သောဆေးစစ်ချက်များ စီစဉ်ပေးခြင်း
🆓ခန့်မှန်းခြေကုန်ကျစရိတ် တွက်ချက်ပေးခြင်း
🆓နိုင်ငံဝင်ခွင့်ဗီဇာ လျှောက်ထားပေးခြင်း
🆓လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း
🆓ဆေးရုံနှင့် အနီးဆုံးဖြစ်ပြီး အဆင်ပြေသည့် တည်းခိုခန်းကို ရွေးချယ်စီစဉ်ပေးခြင်း
🆓သွားလာရေးလွယ်ကူစေရန် ကားစီစဉ်ပေးခြင်း
🆓ဆရာဝန်ကြီးများနှင့် တွေ့ဆုံသည့်အခါ ဘာသာစကားအခက်အခဲ အဆင်ပြေစေရန် အတွေ့အကြုံရှိ ဘာသာပြန်တစ်ဦး ထားရှိပေးခြင်း နှင့်
🆓Aftercare Service ဖြစ်သည့် နိုင်ငံခြား‌ဆေးရုံကြီးတွင် ကုသပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် လူနာများ၏ လိုအပ်‌သော ဆေးစစ်ချက်များကို ဆရာဝန်ကြီးများထံ ပို့ပေးပြီး ညွှန်ကြားမှုများရယူပေးခြင်း တို့ပဲဖြစ်ပါတယ်။

26/04/2026

နိုင်ငံခြားမှာ သွားရောက်ဆေးကုသမယ်ဆိုရင် အရေးကြီးသော ဆေးရုံရွေးချယ်မှု။

‎🏥 Medic Journey နှင့်ချိတ်ဆက်ထားသော ဘန်ကောက်မြို့ရှိ Praram 9 ဆေးရုံကြီးနှင့် မိတ်ဆက်ပေးပါရစေ။‎‎Praram 9 Hospital ဟာ ကမ...
26/04/2026

‎🏥 Medic Journey နှင့်ချိတ်ဆက်ထားသော ဘန်ကောက်မြို့ရှိ Praram 9 ဆေးရုံကြီးနှင့် မိတ်ဆက်ပေးပါရစေ။

‎Praram 9 Hospital ဟာ ကမ္ဘာ့အဆင့်မှီ JCI Accreditation ရရှိထားရုံသာမက အထူးဝန်ဆောင်မှုတွေကြောင့် ဆယ်စုနှစ်များစွာတိုင် အောင်မြင်မှုရရှိထားတဲ့ ဆေးရုံကြီး ဖြစ်ပါတယ်။

‎Praram 9 ဆေးရုံရဲ့ အောင်မြင်မှုအရှိဆုံး ကုသမှုဌာန (၅) ခုနဲ့ အသေးစိတ် မိတ်ဆက်ပေးပါရစေ။

‎✨ကျောက်ကပ်အစားထိုးကုသမှုနှင့် ရောဂါဗေဒဌာန (Praram 9 Kidney Institute)
‎✅Praram 9 ဆေးရုံရဲ့ကျောက်ကပ်ဌာနဟာ အရှေ့တောင်အာရှမှာ ကျောက်ကပ်အစားထိုးခြင်းအတွက် ထိပ်တန်းစာရင်းဝင်ဖြစ်ပါတယ်။
‎✅ကျောက်ကပ်အစားထိုးခွဲစိတ်မှုပေါင်း (၁,၁၀၀) ကျော် အောင်မြင်စွာ လုပ်ဆောင်ပြီးစီးခဲ့ပြီး ခက်ခဲနက်နဲတဲ့ ကျောက်ကပ်ရောဂါများ၊ သွေးအုပ်စုမတူဘဲ ကျောက်ကပ်အစားထိုးခြင်း (ABO Incompatible kidney transplant) တွင်လည်းအောင်မြင်မှုနှုန်း (Success Rate) မြင့်မားခြင်းကြောင့် ယုံကြည်စိတ်ချရတဲ့ဌာနဖြစ်ပါတယ်။

‎✨နှလုံးနှင့် သွေးကြောဆိုင်ရာဌာန (Cardiovascular Institute)
‎✅နှလုံးကျန်းမာရေးအတွက်
‎ရောဂါရှာဖွေခြင်းမှ ခွဲစိတ်ကုသခြင်းအထိ အပြည့်အစုံ ဆောင်ရွက်ပေးပါတယ်။
‎✅နှလုံးသွေးကြော အစားထိုးကသခြင်းနှင့် နှလုံးအဆို့ရှင် ပြုပြင်ခြင်း/လဲလှယ်ခြင်းများနှင့် နှလုံးခုန်နှုန်းမမှန်ခြင်းအတွက် ခေတ်မီစက်ကိရိယာများဖြင့် ကုသခြင်းတွေကိုပြုလုပ်နိုင်ပါတယ်။

‎✨အရိုး၊ အကြောနှင့် ကျောရိုးဌာန (Advanced Spine Center & Orthopedic Center)
‎✅ကျောရိုးကို အပေါက်သေးသေးလေးဖောက်၍ ခွဲစိတ်ခြင်း၊ဒူးဆစ်နှင့် တင်ပါးဆုံရိုး အစားထိုးခြင်းများကိုတိကျစွာ လုပ်ဆောင်ပေးခြင်းများကို
‎ခေတ်မီနည်းပညာများဖြင့် ခွဲစိတ်သည့်အတွက် ခွဲစိတ်ပြီးနောက်နာကျင်မှုနည်းပြီး ပြန်လည်နာလန်ထူမှု မြန်ဆန်စေပါတယ်။

‎✨ကင်ဆာရောဂါအထူးကုဌာန (Oncocare Center)
‎✅လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး အကောင်းဆုံး ကုထုံးများကို ရွေးချယ်ပေးပါတယ်။
‎✅ဆေးသွင်းကုသခြင်း၊ ပစ်မှတ်ထား ကုသခြင်း၊ ခန္ဓာကိုယ် ခုခံအားစနစ်သုံး၍ ကုသခြင်းများနှင့်
‎လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက်ပါ အလေးထား စောင့်ရှောက်ပေးပါတယ်။

‎✨အစာအိမ်၊ အသည်းနှင့် အစာခြေစနစ်ဗဟိုဌာန (GI & Liver Center)
‎✅ခေတ်မီမှန်ပြောင်းနည်းပညာဖြင့် ရောဂါရှာဖွေခြင်း၊အသည်းရောင်အသားဝါရောဂါများနှင့် အသည်းခြောက်ခြင်းဆိုင်ရာ အထူးကုသမှုများကိုလည်းပြုလုပ်ပေးလျက်ရှ်ိပါတယ်။

‎အထက်ပါ ဌာန၅ခုအပြင် အခြားသောရောဂါအမျိုးမျိုးကိုလည်းနောက်ဆုံးပေါ်ခေတ်မှီစက်ကိရိယာများဖြင့်ကုသပေးလျက်ရှိပါတယ်။

‎ဒါကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ ‎Praram 9 ဆေးရုံ‌မှာကုသချင်တယ်ဆိုရင် Medic Journey နဲ့ဆက်သွယ်လိုက်ပါနော်။

‎“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

‎“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

‎📌နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

‎အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

‎☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

‎သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

‎“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

‎🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

‎ #နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

26/04/2026

“အတွေ့အကြုံက သင့်ယုံကြည်မှုကို ဆောက်တည်ပေးနိုင်ပါတယ်”

Medical Tourism နယ်ပယ်မှာ
၁၆ နှစ်ကျော်အတွေ့အကြုံရှိတဲ့ Dr. May Myat Zaw ဦးဆောင်တဲ့Medic Journey Healthcare က
လူနာတစ်ဦးချင်းစီအတွက် အကောင်းဆုံးကုသမှုအစီအစဥ်များကိုစနစ်တကျလမ်းညွှန်ပေးနေပါတယ်။

✨ နိုင်ငံတကာအဆင့်မြင့်ဆေးရုံများနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်း

✨ ကျွမ်းကျင်ဆရာဝန်များဖြင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း

✨ ခရီးသွားအစီအစဉ်မှ ကုသမှုပြီးနောက်Follow upကိစ္စများအထိ One Stop Service

✨ လူနာအကျိုးအတွက် အဓိကထားစဉ်းစားပေးသော အဖွဲ့

Dr. May ရဲ့ အတွေ့အကြုံနဲ့ ဦးဆောင်မှုအောက်မှာ
သင့်ကျန်းမာရေးခရီးစဉ်ကို စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါပြီ။

📌 နိုင်ငံခြားမှာ ဆေးကုသဖို့ စဉ်းစားနေပြီဆိုရင်—
Medic Journey ကို သတိရလိုက်ပါ။

24/04/2026

Medic Journey Healthcare သည် Medical Tourism နယ်ပယ်တွင် ၁၆ နှစ်ကျော်အတွေ့အကြုံ ရှိသော Dr May Myat Zaw ဦးဆောင်ပြီး
ကျန်းမာရေးနယ်ပယ်အသီးသီးမှ ဝါရင့်ဆရာဝန်များ၊ ဆရာမများ နှင့်
ကျွမ်းကျင်ဝန်ထမ်းများ ပါဝင်ဖွဲ့စည်းထားသော
နိုင်ငံခြားခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်...
ပြီးပြည့်စုံသောဝန်ဆောင်မှုများနှင့် one stopဆောင်ရွက်ပေးနေသောဝန်ဆောင်မှုများကြောင့် Medic Journey နှင့်အတူ စိတ်အေးချမ်းသာစွာကုသမှုတွေခံယူနိုင်ပြီဖြစ်ပါတယ်..

"နိုင်ငံခြားမှာဆေးသွားကုမယ်ဆို Medic Journey ကိုသတိရလိုက်ပါ။"

🏥 ပြည်ပမှာဆေးသွားကုမယ်ဆိုရင်ဆေးရုံစရိတ်တစ်ခုတည်းပဲလိုအပ်တယ်လို့ထင်ပါသလား???✨နိုင်ငံခြားမှာ ဆေးသွားကုတော့မယ်ဆိုရင် ဆေးရုံ...
23/04/2026

🏥 ပြည်ပမှာဆေးသွားကုမယ်ဆိုရင်ဆေးရုံစရိတ်တစ်ခုတည်းပဲလိုအပ်တယ်လို့ထင်ပါသလား???

✨နိုင်ငံခြားမှာ ဆေးသွားကုတော့မယ်ဆိုရင် ဆေးရုံကပေးတဲ့ Package ဈေးနှုန်းကိုကြည့်ပြီး ဘတ်ဂျက်ကို အတိအကျသတ်မှတ်လို့ မရသေးပါဘူး။ တကယ်တမ်း သွားရောက်တဲ့အခါ မမျှော်လင့်ထားတဲ့ ကုန်ကျစရိတ်တွေကြောင့် အခက်တွေ့ရတတ်ပါတယ်။

✨ဒါကြောင့် Medic Journey မှ လူကြီးမင်းတို့အတွက် ကြိုတင်ပြင်ဆင်နိုင်အောင် ဆေးရုံစရိတ်အပြင် ကုန်ကျနိုင်မယ့် အချက်တွေကို အသေးစိတ် ဝေမျှပေးလိုက်ပါတယ်။

၁။ ဗီဇာ၊ လေယာဉ်လက်မှတ်(Visa & Travel Expenses)
ဆေးကုသဖို့အတွက် သွားတာဖြစ်လို့ ဗီဇာလိုအပ်သောနိုင်ငံများအတွက်Medical Visa လျှောက်ထားရမှာဖြစ်ပြီး ဗီဇာကြေး ကုန်ကျမှာဖြစ်ပါတယ်။ လေယာဉ်လက်မှတ်ကတော့ သွားရောက်မယ့် အချိန်ကာလနဲ့ငွေလဲနှုန်းပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားနိုင်ပါတယ်။

၂။ ဆေးရုံပြင်ပ တည်းခိုနေထိုင်စရိတ် (Accommodation)
ခွဲစိတ်မှုမလုပ်ခင် စစ်ဆေးမှုတွေပြုလုပ်နေစဉ်နဲ့ ဆေးရုံကဆင်းပြီးနောက်တည်းခိုနေထိုင်ဖို့အတွက် ဆေးရုံအနီးနားက ဟိုတယ် ဒါမှမဟုတ် တိုက်ခန်းတွေမှာ တည်းခိုရမှာဖြစ်ပါတယ်။

၃။ လူနာနှင့် မိသားစုဝင်များ၏ စားသောက်စရိတ် (Food & Daily Living)
လူနာအတွက် ဆေးရုံတက်နေစဉ်အတွင်းဖြစ်ပါကဆေးရုံက အစားအသောက်စီစဉ်ပေးပေမယ့် မိသားစုဝင်များအတွက် နေ့စဉ်စားသောက်စရိတ် လိုအပ်ပါတယ်။ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေမှာ မြန်မာစာနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေ ရှာဖွေရတာ လွယ်ကူပေမယ့် တစ်နေ့တာ စားသောက်ကုန်ကျစရိတ်ကိုတော့ထည့်တွက်ထားသင့်ပါတယ်။

၄။ ဆေးရုံဆင်းပြီးနောက် သောက်ရမယ့်ဆေးဝါးများနှင့် Follow-up (Post-Treatment Costs)
ဆေးရုံကဆင်းတဲ့အခါ အိမ်အထိ သယ်ဆောင်လာရမယ့် (၁) လစာ သို့မဟုတ် (၃) လစာ ဆေးဝါးများဟာ ဆေးရုံစရိတ် Package ထဲမှာမပါဝင်ပါ။ ဒါ့အပြင် နောက်ပိုင်းမှာ ဆရာဝန်နဲ့ပြန်လည်ပြသရမယ့် follow up စရိတ်တွေကိုလည်း ထည့်သွင်းစဉ်းစားထားသင့်ပါတယ်။

💡ပြည်ပဆေးကုသမှုအတွက် ဘတ်ဂျက်သတ်မှတ်တဲ့အခါ ဆေးရုံစရိတ်အပြင် အထက်ပါစရိတ်တွေအတွက်ပါ ထည့်တွက်ထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ ဆေးကုသမှုခရီးစဉ်မှာ ကုန်ကျစရိတ်တွေ သက်သက်သာသာနဲ့ အဆင်ပြေချောမွေ့စေဖို့ Medic Journey က အမြဲရှိနေမှာပါ။

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

📌နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

ဆီးကျိတ်ရောဂါတွေကို ခွဲစိတ်စရာမလို၊ ဆေးရုံ (၃) ရက်တက်ရုံပဲလိုတဲ့ ကုသမှုအကြောင်း သိပြီးပြီလား?TULSA – PRO SYSTEM နှင့်ကုသ...
22/04/2026

ဆီးကျိတ်ရောဂါတွေကို ခွဲစိတ်စရာမလို၊ ဆေးရုံ (၃) ရက်တက်ရုံပဲလိုတဲ့ ကုသမှုအကြောင်း သိပြီးပြီလား?
TULSA – PRO SYSTEM နှင့်ကုသမှုအကြောင်းကို မိတ်ဆက်ပေးပါရစေ။
ယောက်ျားတစ်ယောက်ဖြစ်လာရင် ဆီးကျိတ်ရောဂါဆိုတာ အဖြစ်မနေစဉ်းစားထားရမယ့်အထဲမှာပါပါတယ်။
အသက် (၄၀) ကျော်လာတာနဲ့အမျှ ဆီးကျိတ်ကြီးခြင်းနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေရှိတာကို သတိပြုရပါမယ်။
အကယ်၍ ကြုံတွေ့လာပြီဆိုရင်လည်း အကောင်းဆုံးကုသမှုရလဒ်ရရှိပြီး၊ နောက်ဆက်တွဲဆိုးကျိုးတွေတတ်နိုင်သမျှ လျော့ချနိုင်ဖို့ ကုသမှုနည်းစနစ်ကို သေချာရွေးချယ်သင့်ပါတယ်။
TULSA – PRO SYSTEM ဆိုတာ ဆီးကျိတ်ကြီးခြင်းနဲ့ ဆီးကျိတ်ကင်ဆာအမျိုးမျိုးကို ခွဲစိတ်စရာမလိုဘဲ ထိထိရောက်ရောက်နဲ့ နောက်ဆက်တွဲဆိုးကျိုးအနည်းဆုံး နောက်ဆုံးပေါ်ကုသမှုနည်းလမ်းဖြစ်ပါတယ်။
သံလိုက်ဓာတ်မှန် MRI-guided အသုံးပြုပြီး Ultrasound နဲ့ အပူလှိုင်းအသုံးပြုပြီး ဆီကျိတ်ရောဂါကို ကုသတဲ့နည်းလမ်းဖြစ်ပါတယ်။
Real Time MRI-Guided ဖြစ်တာကြောင့် ရောဂါဖြစ်နေတဲ့အပိုင်းကို ကုသနေစဉ်အတွင်း အချိန်နှင့်တပြေးညီ တိတိကျကျသိနိုင်ပြီး ပုံမှန် ဆီးကျိတ်ကို ခွဲစိတ်ခြစ်ထုတ်ကုသမှုများထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကိုရရှိစေနိုင်မှာပဲဖြစ်ပါတယ်။
ပုံမှန်ဆီးကျိတ်ခြစ်ထုတ်ခွဲစိတ်ကုသခြင်း (TURP) မှာ ဖြစ်တတ်တဲ့
- ကင်ဆာကျိတ်ကျန်ရှိခြင်း
- ဆီးလမ်းကြောင်းထိခိုက်ခြင်း
- စအိုလမ်းကြောင်းထိခိုက်ခြင်း
- အာရုံကြောထိခိုက်ခြင်း
- အမျိုးသားကာမရောဂါပြဿနာ
- ကုသပြီးနောက်ဆီးလမ်းကြောင်းကျဉ်းခြင်း အစရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကို သိသိသာသာ လျော့ချ ပေးနိုင်မှာပဲဖြစ်ပါတယ်။
ဒါ့အပြင် ကုသပြီးနောက်တွင်လည်း ပိုမိုမြန်ဆန်စွာကျန်းမာလာနိုင်မှာဖြစ်ပြီး ပြန်လည်ခွဲစိတ်ကုသရသည့် ဖြစ်နိုင်ချေကိုလည်း သိသိသာသာလျော့နည်းစေနဲ့ အကျိုးကျေးဇူးများကို ရရှိစေမှာပါ။
ဒါ့ကြောင့် ဆီးကျိတ်ရောဂါခံစားနေရသော အမျိုးသားများအနေဖြင့် အခုလို နောက်ဆုံးပေါ်ကုသနည်းစနစ်ဖြင့် ကုသမှုခံယူလိုပါက Medic Journey သို့ ယခုပဲ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

📌နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

✨ ကံထူးရှင်များ၏ ပီတိစကားသံ ✨နှစ်သစ်ဆုတောင်းပြီး ကံထူးသူအားလုံးရဲ့ ပျော်ရွှင်မှု၊ ပီတိစကားသံတွေကို မျှဝေခွင့်ရတာ အရမ်းဝမ...
22/04/2026

✨ ကံထူးရှင်များ၏ ပီတိစကားသံ ✨
နှစ်သစ်ဆုတောင်းပြီး ကံထူးသူအားလုံးရဲ့ ပျော်ရွှင်မှု၊ ပီတိစကားသံတွေကို မျှဝေခွင့်ရတာ အရမ်းဝမ်းသာပါတယ် 💛

ဒီအစီအစဉ်ကို စိတ်ဝင်တစား ပါဝင်ပေးခဲ့ကြတဲ့ သူတိုင်းအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ် 🙏✨

နောက်ထပ်လည်း ပိုမိုကောင်းမွန်တဲ့ အစီအစဥ်လေးတွေကို စောင့်မျှော်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်

နိုင်ငံခြားမှာ ဒူးခေါင်းအစားထိုးကုသဖို့ စဉ်းစားနေပါသလား???အသက်အရွယ်ရလာတာနဲ့အမျှ ဒူးဆစ်အရိုးနုများ ပျက်စီးခြင်း၊ လမ်းလျှေ...
20/04/2026

နိုင်ငံခြားမှာ ဒူးခေါင်းအစားထိုးကုသဖို့ စဉ်းစားနေပါသလား???

အသက်အရွယ်ရလာတာနဲ့အမျှ ဒူးဆစ်အရိုးနုများ ပျက်စီးခြင်း၊ လမ်းလျှောက်ရာတွင် နာကျင်ခြင်းနဲ့ နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရ ခက်ခဲလာတဲ့အခါ ဒူးခေါင်းအစားထိုးကုသမှု (Knee Replacement Surgery) ဟာ အကောင်းဆုံးဖြေရှင်းချက်တစ်ခု ဖြစ်လာပါတယ်။

ဒူးခေါင်းအစားထိုးကုသမှုဆိုတာ ခေတ်မီနည်းပညာနဲ့ အထူးကုဆရာဝန်ကြီးတွေရဲ့ တိကျသေချာတဲ့ လက်ရာလိုအပ်သလို၊ အသုံးပြုမယ့် Artificial Joint (အဆစ်တု) ရဲ့ အရည်အသွေးနဲ့ ခွဲစိတ်ပြီးနောက်ပိုင်း ပြန်လည်သန်စွမ်းရေး (Physiotherapy) အပိုင်းတွေဟာလည်း အလွန်အရေးကြီးပါတယ်။

အကယ်၍ သင်ဟာ အရည်အသွေးစိတ်ချရတဲ့ ပြည်ပဆေးရုံကြီးတွေမှာ ကုသမှုခံယူဖို့ စဉ်းစားနေတယ်ဆိုရင် နိုင်ငံအလိုက် ခန့်မှန်းကုန်ကျစရိတ်တွေကို ချင့်ချိန်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။

🏥 နိုင်ငံအလိုက် ပျမ်းမျှကုသမှုကုန်ကျစရိတ်များ

🇹🇭 ထိုင်းနိုင်ငံ
ဒူးတစ်ဖက်-သိန်း ၅၀၀ ဝန်းကျင်
ဒူးနှစ်ဖက်-သိန်း ၉၃၀ ဝန်းကျင်

🇲🇾 မလေးရှားနိုင်ငံ
ဒူးတစ်ဖက်-သိန်း ၆၀၀ ဝန်းကျင်
ဒူးနှစ်ဖက်-သိန်း ၈၀၀ ဝန်းကျင်

🇮🇳 အိန္ဒိယနိုင်ငံ
ဒူးတစ်ဖက်-သိန်း ၂၇၀ ဝန်းကျင်
ဒူးနှစ်ဖက်-သိန်း ၄၅၀ ဝန်းကျင်

🇲🇲မြန်မာနိုင်ငံ
ဒူးတစ်ဖက်-သိန်း ၁၀၀ ဝန်းကျင်
ဒူးနှစ်ဖက်-သိန်း ၂၀၀ ဝန်းကျင်

⚠️ အထက်ပါဈေးနှုန်းများသည် ဆေးကုသမှုသီးသန့် (Hospital Package) ခန့်မှန်းခြေများသာဖြစ်ပြီး လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်သည့် အဆစ်တုအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

မြန်မာငွေလဲလှယ်နှုန်း အတက်အကျပေါ်မူတည်၍ ကွာဟချက် ရှိနိုင်ပါသည်။

ခရီးစရိတ်နှင့်တည်းခိုစားသောက်စရိတ်များ မပါဝင်သေးပါ။

✅ ဒူးခေါင်းအစားထိုးကုသမှုဟာ ခွဲစိတ်ပြီးရုံနဲ့ မပြီးဘဲ စနစ်တကျ လေ့ကျင့်ခန်းပြန်လုပ်ဖို့ လိုအပ်တာကြောင့် မိမိနဲ့ အဆင်ပြေမယ့် နိုင်ငံ၊ ဆေးရုံနဲ့ ဝန်ဆောင်မှုတွေကို သေချာစွာ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

မိမိသိလိုသော ဆေးရုံအသေးစိတ်နှင့် Appointment ရယူလိုမှုများအတွက် Medic Journey ကိုဆက်သွယ်လိုက်ပါ

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

📌နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

20/04/2026

မလေးရှားနိုင်ငံမှာ ဆေးကုသမှုခံယူမယ်ဆိုရင်
💬✨ “ဘာသာစကားအခက်အခဲရှိမလား?”
မလေးရှားဟာ English ဘာသာစကားကိုကို ကျောင်းသုံး၊ ရုံးသုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် English ဘာသာစကားတစ်မျိုးတည်းဖြင့်ပင် အဆင်ပြေစွာ ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး👇
အင်္ဂလိပ်စကား မပြောတတ်သော လူနာများနှင့် မိသားစုများအတွက် ကျွမ်းကျင် စကားပြန်များကို ဆေးရုံတွင် ထားရှိပေးထားပါတယ်။
-နိုင်ငံတကာမှ လာရောက်သော လူနာများအတွက်လည်း နိုင်ငံအလိုက် သီးသန့် လမ်းညွှန်ပေးသူများ ရှိပြီး အနီးကပ် ကူညီပံ့ပိုးပေးပါတယ်
-ဆေးကုသမှုတစ်လျှောက်လုံးမှာ မျက်စိလည်ခြင်း၊ မသိနားမလည်ဖြစ်ခြင်း မရှိအောင် စနစ်တကျ စီစဉ်ပေးထားပါတယ်
ဒါကြောင့် မလေးရှားမှာ ဆေးကုသမှုခံယူရာမှာ
👉 ဘာသာစကားအခက်အခဲမရှိဘဲ
👉 စိတ်ချလက်ချ ဆက်သွယ်နိုင်ပြီး
👉 အဆင်ပြေလွယ်ကူတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်ပါတယ်။
ထို့အပြင် မလေးရှားလူမျိုးများ၏ နွေးထွေးကြင်နာမှုတွေကြောင့်
နိုင်ငံခြားမှာ ဆေးကုသနေရတယ်ဆိုတာတောင် မထင်ရအောင်
🏡 ကိုယ့်ရဲ့ “Second Home” လို ခံစားရစေမယ့် နေရာတစ်ခုပါပဲ။
💙 သင့်ကျန်းမာရေးခရီးစဉ်ကို အဆင်ပြေချောမွေ့စေဖို့
မလေးရှားကို ယုံကြည်စွာ ရွေးချယ်နိုင်ပါတယ်။

ဘန်ကောက်မြို့ရှိ ထိပ်တန်းဆေးရုံကြီးများတွင် ကျန်းမာရေးစစ်ဆေးမှု (Check-up) ပြုလုပ်ရင်း တစ်ဖန်ပြန်လည်နုပျိုလန်းဆန်းသွားစေ...
19/04/2026

ဘန်ကောက်မြို့ရှိ ထိပ်တန်းဆေးရုံကြီးများတွင် ကျန်းမာရေးစစ်ဆေးမှု (Check-up) ပြုလုပ်ရင်း တစ်ဖန်ပြန်လည်နုပျိုလန်းဆန်းသွားစေမည့် အပန်းဖြေခရီးစဉ်တစ်ခု ဖန်တီးချင်ပါသလား။ 🏙️🏥

ဆေးစစ်ရုံတင်မကဘဲ စိတ်ကိုပါကြည်လင်စေမည့် ဘန်ကောက်မြို့ရဲ့ စိတ်ဝင်စားဖွယ်နေရာများ ကို ညွှန်းဆိုပေးလိုက်ပါတယ်ရှင် -

🏰 ၁။ ယဉ်ကျေးမှုအနုပညာရဲ့ အထွတ်အထိပ် - The Grand Palace & Wat Phra Kaew
ဘန်ကောက်မြို့ကိုရောက်ရင် မဖြစ်မနေသွားရမည့်နေရာကတော့ မြနန်းတော်ကြီးပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းလက်ရာတွေ၊ ခမ်းနားထည်ဝါတဲ့ ဘုရားကျောင်းကန်တွေကို တစ်ဝကြီးကြည့်ရှုရင်း ဗဟုသုတရှာမှီးနိုင်ပါတယ်။

🛍️ ၂။ ရှော့ပင်းဝါသနာပါသူတို့ရဲ့ နိဗ္ဗာန် - Siam Paragon & CentralWorld
ခေတ်မီဆန်းသစ်တဲ့ ရှော့ပင်းမောလ်ကြီးတွေမှာ နိုင်ငံတကာအမှတ်တံဆိပ်တွေကို စုံစုံလင်လင် ဝယ်ယူနိုင်သလို၊ အထဲမှာရှိတဲ့ ကမ္ဘာ့အဆင့်မီ အစားအသောက်တွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။ အထူးသဖြင့် Siam Ocean World ကဲ့သို့ ရေအောက်ပြတိုက်တွေက စိတ်ကိုအပန်းပြေစေမှာပါ။

🚢 ၃။ မြစ်ကမ်းနားက အလှပဆုံးညများ - Iconsiam & Chao Phraya River
ကျန်းမာရေးစစ်ဆေးပြီးလို့ ညနေခင်းမှာ ကျောက်ဖရားမြစ်ထဲ သင်္ဘောစီးရင်း ညစာစားမလား၊ ဒါမှမဟုတ် မြစ်ကမ်းဘေးက အဆင့်မြင့်ဆုံး Shopping Mall ဖြစ်တဲ့ Iconsiam မှာ အနားယူမလား။ မြစ်ကမ်းနားက လေညင်းခံရင်း ဘန်ကောက်ရဲ့ ညအလှကို ခံစားရတာက တကယ်ကို နေလို့ကောင်းတဲ့ အတွေ့အကြုံပါ။

🌳 ၄။ မြို့လယ်ခေါင်က အိုအေစစ် - Lumpini Park
ကျန်းမာရေးကို ဂရုစိုက်သူတွေအတွက် မြို့လယ်ခေါင်မှာရှိတဲ့ ဒီပန်းခြံကြီးက အသင့်တော်ဆုံးပါ။ လေကောင်းလေသန့်ရှုရင်း လမ်းလျှောက်တာဖြစ်ဖြစ်၊ လှေလှော်တာဖြစ်ဖြစ် ပြုလုပ်ရင်း သဘာဝနဲ့ အနီးကပ် အနားယူနိုင်ပါတယ်။

🍡 ၅။ လမ်းဘေးစာနဲ့ ညစျေးတန်း - Jodd Fairs Night Market
ထိုင်းရောက်ရင် ထိုင်းစာ စားရမှပေါ့။ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ လမ်းဘေးစာမျိုးစုံနဲ့ အဝတ်အထည်တွေကို တစ်နေရာတည်းမှာ ရရှိနိုင်တဲ့ ဒီညစျေးတန်းက အခုနောက်ပိုင်း အရမ်းကို ရေပန်းစားနေတဲ့ နေရာတစ်ခုပါ။

Medic Journey မှတစ်ဆင့် ဘန်ကောက်ကျန်းမာရေးခရီးစဉ်အတွက် ဆောင်ရွက်ပေးနိုင်သည်များ -

ဘန်ကောက်ရှိ ထိပ်တန်းဆေးရုံကြီးများနှင့် ချိတ်ဆက်ပေးခြင်း

ဆေးစစ်မှု Package များ အကြံပြုပေးခြင်း

ခရီးစဉ်တစ်လျှောက် လိုအပ်သည့် သွားလာရေးနှင့် တည်းခိုရေး အဆင်ပြေစေရန် စီစဉ်ပေးခြင်း

ကျန်းမာရေးအတွက် ကြိုတင်စစ်ဆေးရင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်စရာ အမှတ်တရများဖန်တီးဖို့ Bangkok Health Trip ကို အခုပဲ စဉ်းစားလိုက်ပါ! ✨✈️

🏥 ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဆေးရုံကြီးများမှာ ၂၀၂၆အတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်လို့ရနေပါပြီ။✨ကျန်းမာရေးကုသမှုအတွက...
18/04/2026

🏥 ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဆေးရုံကြီးများမှာ ၂၀၂၆အတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်လို့ရနေပါပြီ။

✨ကျန်းမာရေးကုသမှုအတွက်ဖြစ်စေ၊ မိသားစု အားလပ်ရက် အလည်အပတ်ခရီးစဉ်အတွင်း ကျန်းမာရေးစစ်ဆေးမှု (Check-up) ပြုလုပ်လိုသူများအတွက် ကမ္ဘာ့အဆင့်မီ ဆေးရုံကြီးတွေရဲ့ ၂၀၂၆ Update Packages တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။

✨ ဘာကြောင့် ထိုင်းနိုင်ငံမှာ ကျန်းမာရေးစစ်ဆေးသင့်တာလဲ?

✅တိကျသေချာမှု: နောက်ဆုံးပေါ် နည်းပညာနဲ့ စမ်းသပ်ကိရိယာများ အသုံးပြုခြင်း။

✅ဈေးနှုန်းမျှတမှု: ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုနဲ့ တိကျတဲ့ အဖြေရရှိခြင်း။

✅အပန်းဖြေခရီးစဉ်: ဆေးစစ်ရင်း မိသားစုနဲ့အတူ အနားယူ အပန်းဖြေနိုင်ခြင်း။

ဒီအချက်တွေကြောင့် ထိုင်းနိုင်ငံမှာကျန်းမာရေးစစ်ဆေးမှုပြုလုပ်သူတွေအမြောက်အများရှိနေတာပဲဖြစ်ပါတယ်။

🇲🇲 Medic Journey မှ လူကြီးမင်းတို့အတွက် ဘာတွေဆောင်ရွက်ပေးမလဲ?

နိုင်ငံခြားမှာ ဆေးကုသဖို့အတွက် စိုးရိမ်ပူပန်မှုမရှိစေရအောင် ကျွန်ုပ်တို့က "စ၊ လယ်၊ ဆုံး" အနီးကပ် ကူညီပေးနေပါတယ်
✅ ဆေးရုံ Appointment ကြိုတင်ရယူပေးခြင်း
✅ မြန်မာကျပ်ငွေဖြင့် တိကျသော ကုန်ကျစရိတ်ကို တွက်ချက်ပေးခြင်း
✅ လေယာဉ်လက်မှတ်နှင့် ဗီဇာကိစ္စရပ်များ အဆင်ပြေအောင် ကူညီပေးခြင်း
✅ ဆေးရုံရောက်သည့်အခါတွင်လည်း လိုလေသေးမရှိ ဝန်ဆောင်မှုပေးခြင်း

ကုန်ကျစရိတ် အသေးစိတ်နဲ့ မိမိနဲ့ကိုက်ညီမယ့် Package တွေကို သိရှိလိုပါက ယခုပဲMedic Journey Messenger သို့မဟုတ် hot line ဖုန်းနံပါတ်များကိုဆက်သွယ်စုံစမ်းနိုင်ပါပြီ။

"“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

📌နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

Address

တိုက် (3/A)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
Yangon
11131

Alerts

Be the first to know and let us send you an email when Medic Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medic Journey:

Share