Cas's Tarot Land

Cas's Tarot Land Have faith in your INTUITIONS ✨

ရှင်တို့က ဝဋ်ကြွေးဆိုလည်း ခံမယ်ဆိုတာချည်းပဲ 😭Move on ဖို့ပြောခဲ့တဲ့ ကျမ အခု Ritual လုပ်ပေးနေရပြီ 😭အဆင်ပြေပြီးပြန်ပြတ်သွာ...
22/11/2025

ရှင်တို့က ဝဋ်ကြွေးဆိုလည်း ခံမယ်ဆိုတာချည်းပဲ 😭
Move on ဖို့ပြောခဲ့တဲ့ ကျမ အခု Ritual လုပ်ပေးနေရပြီ 😭
အဆင်ပြေပြီးပြန်ပြတ်သွားရင်က ထပ်ရောက်လာကြဦးမယ်😞

အလုပ်မအားတဲ့ကြားက Discount ထပ်ပေး
11/11/2025

အလုပ်မအားတဲ့ကြားက Discount ထပ်ပေး

From 𝟭𝟮.𝟭𝟭.𝟮𝟬𝟮𝟱 𝘁𝗼 𝟮𝟮.𝟭𝟭.𝟮𝟬𝟮𝟱 အထိ ၁၀ ရက်တာ Discount!! 🥳

22 ရက်နေ့နောက်ပိုင်းကစပြီး ၅၀၀၀၀ ကျပ်ဖြစ်တော့မယ့် Flower candle ritual လေးမို့ အခု ၃၀၀၀၀ ကျပ်နဲ့ အပ်ထားလို့ရပါပြီ။

📌Discount ရဖို့က Post ကို React ပေးခဲ့ရုံပါပဲ။

အပ်နှံနိုင်တဲ့ Ritual အမျိုးအစားများ 👇🏻

1. စာပိုတော်ဖို့
2. လက်ရှိအလုပ်အဆင်ပြေဖို့
3. အချစ်ရေးစန်းပွင့်ဖို့ (Single Only)
4. မိမိကိုယ်ကိုယ်ပိုချစ်တတ်ဖို့
5. ကျန်းမာရေးအညံ့ပျောက်ဖို့

Wallpaper စီရင်သလို စီရင်ပေးတာမို့ ၁ လ ၁ ကြိမ် ပုံမှန်လုပ်ရတဲ့ Ritual လေးတွေဖြစ်ပါတယ်။ Result က ကိုယ်လိုချင်သလောက်ရပြီဆိုရင်တော့ ရပ်လို့ရပါတယ်။

☘️Ritual ၁ မျိုးတည်းအပ်ရင်

၁ ကြိမ်စာအပ် - ၅,၀၀၀၀ ကျပ်
၆ လစာ တစ်ခါတည်းအပ် - ၂၅,၀၀၀၀ ကျပ်

☘️Ritual ၃ မျိုးစုအပ်ရင်

၁ ကြိမ်စာအပ် - ၁၃,၀၀၀၀ ကျပ်
၆ လစာ တစ်ခါတည်းအပ် - ၇၃,၀၀၀၀ ကျပ်

🍀Ritual ၅ မျိုးလုံးစုအပ်ရင်

၁ ကြိမ်စာအပ် - ၂၀,၀၀၀၀ ကျပ်
၆ လစာ တစ်ခါတည်းအပ် - ၁,၀၀၀,၀၀၀ ကျပ်

ကိုယ်အပ်ချင်တဲ့ Ritual အမျိုးအစားနံပါတ်နဲ့ ကိုယ့် အမည်၊ မွေးနေ့၊ နေ့နံ၊ ဘာအတွက်အပ်ချင်လဲ ‘intention’ ရှင်းပြချက်ကို Chatbox မှာ ပို့ထားရင်ရပါပြီ။ ငွေကြိုလွှဲထားချင်လည်း ရပါတယ်။

🌼 ဒီ ၁၁ လ ပိုင်းအတွင်း Flower candle 6 လစာ အပ်တဲ့သူတွေ Christmas နဲ့ Valentine’s Day ကျ Wallpaper လက်ဆောင် တွေ ရပါမယ်။ 🌼

💰ငွေလွှဲရန်💰

Kpay - 09786379845 (Yuzana Kabyar)
SCB - 2644469422 (Yuzana Kabyar)
PayNow - 81329730 (Wai D)

ဒါ Cas မှာရှိတဲ့ banking အကုန်ပါပဲ။
တခြားဟာတွေမရပါ။

🌟Kpay ဆို Notes မှာ Tarot လို့ ​​ရေး​ပေးပါရှင့်။

ငွေလွှဲပြီးတဲ့အခါ ss လေးပို့ထားဖို့ လိုပါတယ်ရှင့်။ 😊

ဖောက်ပြန်သွားတဲ့ဆက်ဆံရေးတစ်ခုမှာ အရင်လိုပြန်ဖြစ်ဦးမှာလားဟင်ဆိုပြီး မျှော်လင့်တကြီးနဲ့လာမေးကြတာတွေရှိတယ်။ “ဘယ်လိုမှ အရင်လ...
10/11/2025

ဖောက်ပြန်သွားတဲ့ဆက်ဆံရေးတစ်ခုမှာ အရင်လိုပြန်ဖြစ်ဦးမှာလားဟင်ဆိုပြီး မျှော်လင့်တကြီးနဲ့လာမေးကြတာတွေရှိတယ်။

“ဘယ်လိုမှ အရင်လိုပြန်မဖြစ်တော့ပါဘူး” ဆိုတာ လူတိုင်းအတွက် ရနေကျ တာရော့အဖြေပဲ။

တစ်ခုမဟုတ်တစ်ခုတော့ အမြဲလိုအပ်ချက်ရှိနေတော့မှာ။ ကိုယ်သူ့အပေါ်မြင်တဲ့အမြင်၊ သူ့အပေါ်ထားတဲ့လေးစားမှု၊ ယုံကြည်မှုတွေထဲ တစ်စတစ်ဖဲ့တော့ ကြွေကျသွားခဲ့မှာသေချာတယ်။ ကိုယ့်လူဘက်ကပဲမှားမှား တဖက်သားကပဲမှားမှား အမြဲသံသယဝင်နေပြီး သူ့အပေါ်မျှော်လင့်ချက်တွေလည်း လျော့လာမှာပဲ။ အဲ့တော့ ပြန်လက်ခံလိုက်ပြီး Heal ရတာထက် လမ်းခွဲပြီး Heal လိုက်တာက ပိုပြီးလွယ်ကူပါလိမ့်မယ်။

အလွယ်လမ်းကို အကြာင်းအမျိုးမျိုးကြောင့် မလိုက်ချင်ဘူးပဲထား။ ခက်တဲ့လမ်းကိုရွေးပြီး ပြန်တွဲဖို့ဆုံးဖြတ်မိရင်တော့ သေချာစဉ်းစားဖို့လိုလိမ့်မယ်။

ဒီလူက ကိုယ့်စိတ်ထဲ အရင်ကလောက်မယုံရတော့ရင်လည်းရလား၊ ဒီလူက ကိုယ့်စိတ်ထဲ အရင်ကလောက်တန်ဖိုးမရှိတော့ရင်ရော အဆင်ပြေလား သူ့မှာရှိတဲ့ quality တွေအကုန် တစ်ဆင့်နိမ့်ပြီးတွေးကြည့်လိုက်။ အရင်က ၁၀၀၀ တန်တဲ့လူဆို အခု ၆၀၀ လောက်ပဲတန်တော့မယ်၊ အဲ့ ၆၀၀ အတွက် ကိုယ့်ဘဝကို ဆက်ပြီး ပေးချင်လား။ အခုခေတ်မှာ ၆၀၀ တန်တောင် ရှာရခက်ပါတယ်။ တခြားလူထက်တော့ သူက ပိုသာဦးမယ်ထင်တယ်လို့တွေးမိရင် အဆင်ပြေပါတယ်။ သည်းခံပြီး ရှေ့ဆက်လို့ရမယ်။

အဲ့လိုမဟုတ်ပဲ ငါကတော့ ၁၀၀၀ တန်တဲ့လူနဲ့မှ ဘဝကိုရှေ့ဆက်ချင်တာဆိုရင်တော့ အဲ့လူက ဘယ်လိုမှပြန်မဖြစ်နိုင်တော့ဘူးဆိုတာကို သိထားပါ။ တစ်ခါတလေ သူ့ကိုစိတ်တိုပြီး ၁၀၀၀ ပြန်ဖြစ်အောင် အတင်းလုပ်ယူခိုင်းမိတတ်ပါတယ်။ ဒါမဲ့ လွန်ရောကျွံရော သူ့ဘက်ကအကောင်းဆုံးကြိုးစားပေးမှ ၈၀၀ / ၉၀၀ လောက်ပဲတန်တော့မှာပါ။ ဒါကို ကိုယ်လက်ခံနိုင်မှရပါမယ်။ သူ့ဘက်ကလည်း ကိုယ်အရင်လောက် တန်ဖိုးသိပ်မထားတာ့တာ၊ မယုံတော့တာ၊ မလေးစားတော့တာ၊ မမျှော်လင့်တော့တာကို အချိန်အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်မှအဆင်ပြေမယ်။ (Heal ဖို့လိုတဲ့အချိန် အနည်းဆုံး ၁ နှစ် အများဆုံး အနှစ် ၂၀ or တစ်သက်လုံး လောက်ပေါ့။ ) Impression တစ်ခုကောင်းအောင်တည်ဆောက်ဖို့ ဘယ်လောက်ခက်ကြောင်း နားလည်လာမှာပါပဲ။

ပိတ်အဖြူပေါ်အမဲကွက်ထင်လို့ ချွတ်ဆေးနဲ့ပြန်ဖျက်လို့ရရင်တောင် အဲ့ဖျက်ထားတဲ့နားက ပိတ်သားက Acid တွေစားပြီး ပါးလှပ်နေမှာမို့ သူများအမြင်မှာမသိသာတော့ရင်တောင် အမြဲကိုယ့်စိတ်ထဲတော့ သိသာနေဦးမှာပဲ။ ကိုယ်တစ်သက်လုံး တစ်ထည်ပဲ ဝတ်သွားမယ့်အင်္ကျီသာဖြစ်နေခဲ့ရင် ဘယ်တုန်းက ဘယ်လိုစွန်းခဲ့လို့ ငါဘယ်လောက်ခက်ခက်ခဲခဲ အစွန်းချွတ်ခဲ့ရတာဆိုတာ မှတ်မိနေမှာပဲ။ ငါ့လက်တွေ ဘယ်လောက် acid စားခဲ့တာ၊ အစွန်းချွတ်ဆေးအနံ့ကြောင့် ငါဘယ်လောက် ခေါင်းတွေမူး အသက်ရှူတွေကြပ်ခဲ့ရတာဆိုတာ။

လူဆိုတာ အမှားနဲ့မကင်းနိုင်ပါဘူး။ ဒါမဲ့ အဲ့အမှားက သူတစ်ပါးဘဝနဲ့ရင်းပြီးမှားရမယ်ဆိုရင်တော့ သူ့တန်ရာတန်ကြေးပေးနိုင်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။ အပြစ်ဒဏ်ဆိုတာ ရှိပါလိမ့်မယ်။ ယူစရာပညာတွေရပါလိမ့်မယ်။

ဒါကိုလက်ခံပြီး ရှေ့ဆက်တဲ့လူတွေအများကြီးပါ။ တစ်ခါဖောက်ပြန်တိုင်း တစ်သက်လုံးဖောက်ပြန်မယ်လို့ တပ်အပ်မပြောနိုင်သလို ဘယ်တော့မှ မဖောက်ပြန်တော့ပါဘူးဆိုပြီးလည်း ဘယ်သူမှ အာမမခံနိုင်ကြပါဘူး။ တတ်နိုင်တာထက်ပိုပြီး စောင့်ထိန်းဖို့ကြိုးစားသွားရတာချည်းပါပဲ။ ကိုယ့်အတွက်ကြိုးစားပေးတဲ့လူ - ၆၀၀ တန်အထိထိုးကျသွားပေမဲ့ ၈၀၀ တန် / ၉၀၀ တန်ပြန်ဖြစ်အောင်ကြိုးစားပေးတဲ့လူဆိုရင်တော့ အသိအမှတ်ပြုပေးချင်လည်း ရပါတယ်။ တချို့ကျ ပါးရိုက်နားရိုက် ဆဲဆိုတာကိုသည်းခံနိုင်တယ်၊ ဖောက်ပြန်ရင်တော့ မရဘူးဆိုတာရှိသလို ၊ တချို့ကျ ငါ့ရှေ့မှာကောင်းရင်ရပြီ ကွယ်ရာမှာကြိုက်တာလုပ်ဆိုတာလည်းရှိတာပဲ။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပါ။

တာရော့ အနေနဲ့ နားလည်မပေးသင့်ဘူးလို့ ထွက်လာတဲ့ တချို့ပြသနာတွေကို client တွေက သည်းခံနိုင်ကြတာရှိမယ်။ တာရော့က ဒီအခြေနေလောက်ဆို ရှေ့ဆက်လို့ရပါတယ်ပြောတိုင်းလည်း တကယ်လုပ်နိုင်ချင်မှလုပ်နိုင်လိမ့်မယ်။ တခါတလေ တာရော့က သူနဲ့ဖူးစာပါတယ်လို့ပြောတိုင်းလည်း ကြိတ်မှိတ်သည်းခံပြီးပေါင်းသင်းနေဖို့မလိုပါဘူး။ ကိုယ် walk away ချင်ပြီဆို ဘယ်သူမှတားမရဘူး။

အဲ့တော့ အခုလိုအခြေအနေမျိုးမှာ တာရော့ကိုမမေးခင် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ ငါရှေ့ဆက်ချင်လား၊ ရှေ့မဆက်ချင်ဘူးလား၊ ငါဘယ်အရာကိုလုပ်နိုင်လဲ။ သေချာတွေးပြီးမှ စိတ်ပြတ်သားပြီဆိုမှ Guidance ကိုယူဖို့အကြံပြုချင်ပါတယ်။ Open minded ဖြစ်ပြီး စိတ်မပြတ်သားရင် မေးလို့ရပါတယ် သူကပိုကောင်းပေးမှာလား ရှေ့လျှောက်ရော ဒီလိုလုပ်မှာလားပေါ့။ ဘာအဖြေထွက်ထွက်လက်ခံနိုင်တယ်ဆိုရင်တော့ ကြည့်ပေးပါမယ်။ (လက်မခံနိုင်ပဲမေးကြတာလည်းများလို့ပါ။)

ရှေ့ဆက်ချင်တယ် Cas ရေ ၊ ပြန်အဆင်ပြေအောင်ကြည့်ပေးပါဦး။ ရှေ့မဆက်ချင်တော့လို့ ဘယ်လို Move on ရမလဲ ပြောပေးပါဦး။ ကိုယ့်စိတ်ကိုသေချာပြင်ဆင်ပြီးသာ မေးပါ။

No judgement ပါ။ Cas က client ကို ဘာအကြောင်းမှ ကောင်းသည်ဆိုးသည် ဝေဖန်မှာမဟုတ်ပါဘူး။

ပွင့်လင်းပါ။ လက်ခံချင်ရဲ့သားနဲ့ ရှက်လို့မပွင့်တပွင့်လုပ်နေစရာလည်းမလိုပါဘူး။ ဆွေးနွေးပေးပါမယ်။ ကူညီပေးပါမယ်။ အဲ့အတွက်ပဲ Cas က ရှိနေတာပါ။

နောင်တရစေချင်လို့ ကြိမ်စာတိုက်ခိုင်းရင်တော့ Cas မလုပ်တတ်ပါဘူး။ လုပ်တတ်ရင် လုပ်ပေးပါတယ်။ 🤣 တကယ်မလုပ်တတ်လို့ပါ။

ကျန်တာ ပြန်အဆင်ပြေဖို့ဘာညာသာရကာ အကုန် Ritual အပ်လို့ရပါတယ်။ Cas ထိန်းပေးခဲ့တဲ့ relationship တွေမှ အများကြီးပါ။ အချိန် နှစ်နဲ့ချီအောင်ကြာပါတယ်။ ငွေတွေလည်း အများကြီး ကုန်ရနိုင်ပါတယ်။ စိတ်ရှည်နိုင်ရင်/ သူကလွဲပြီး ဘယ်သူ့မှမချစ်နိုင်ရင် တော့ကြိုးစားကြည့်လို့ရပါတယ်။ 🫶🏻

Cas's Tarot Land
Cas’s Magic Land

Cas’s Magic Land page မှာပဲ ပြောပေးပါနော်!!
04/11/2025

Cas’s Magic Land page မှာပဲ ပြောပေးပါနော်!!

ဘယ်သူညွှန်ပေးလိုက်တာလဲ မသိဘူး 🤭၃ နာရီအတွင်းတွေပဲ ဆက်တိုက်လာမေးနေကြတာ ✨တိုက်ဆိုင်တာများလားပေါ့နော် 🫣Cas's Tarot Land
04/11/2025

ဘယ်သူညွှန်ပေးလိုက်တာလဲ မသိဘူး 🤭
၃ နာရီအတွင်းတွေပဲ ဆက်တိုက်လာမေးနေကြတာ ✨
တိုက်ဆိုင်တာများလားပေါ့နော် 🫣

Cas's Tarot Land

Halloween rituals ဘယ်သူတွေလိုက်လုပ်မလဲ 👻👻🎃🎃
31/10/2025

Halloween rituals ဘယ်သူတွေလိုက်လုပ်မလဲ 👻👻🎃🎃

လက်သည်းရှည်ကြီးတွေနဲ့မို့ ဘာမှသေချာမလုပ်နိုင်တာ တကယ်ပါ။ ဒါပေမဲ့“Ritual ပန်းကန်ပေါ်က ဖယောင်းတွေမခွါနိုင်တော့ဘူး၊ အဲ့ပန်းက...
30/10/2025

လက်သည်းရှည်ကြီးတွေနဲ့မို့ ဘာမှသေချာမလုပ်နိုင်တာ တကယ်ပါ။ ဒါပေမဲ့

“Ritual ပန်းကန်ပေါ်က ဖယောင်းတွေမခွါနိုင်တော့ဘူး၊ အဲ့ပန်းကန်ပစ်လိုက်တော့မယ်” လို့ပြောတိုင်း၊

“ပန်းကန်တွေတော့ဆေးနိုင်သေးတယ် ဒယ်အိုးအကြီးတွေမနိုင်လို့ မဆေးပဲထားတာ” လို့ပြောတိုင်း

“အိပ်ယာခင်းကို မွှေ့ယာအောက်ထဲ မထည့်နိုင်လို့” လို့ပြောတိုင်း

“လက်သည်းရှည်နဲ့မို့ အဆင်မပြေတာ”လို့ ပြောတိုင်း

“Game ဆော့ရင်လည်း spell တွေမှားချမိမှာ” လို့ပြောတိုင်း

“ဗီဒိုလေးနေရာရွှေ့ပေးပါဦး၊ စားပွဲလေးနေရာရွှေ့ပေးပါဦး” ပြောတိုင်း

“ကိစ္စမရှိဘူး ၊ ထားလိုက် ကျွန်တော်ပဲလုပ်ပေးမယ်၊ ကျွန်တော် ၂ ဆ ပိုဆော့ပေးမယ်၊ မမနိုင်သလောက်ပဲလုပ် ၊ မမ မနိုင်တာအကုန်ထားလိုက်” ဆိုပြီး ကူပေးတဲ့သူရှိနေတာ blessings တစ်ခုပါပဲ။

လက်သည်းအတိုပဲလုပ်ရင် အကုန်အဆင်ပြေတာဆိုတော့ လက်သည်းတခါတလေ အတိုပဲထားဖြစ်တယ်၊ ဒါမဲ့ Cas က အရှည်ပဲပိုလိုက်တာသိတော့ သူက အမြဲအရှည်ပဲထားခိုင်း။

လက်သည်းတုခွါရတော့မယ့်အချိန်ဆို သူမရှိပဲလုပ်ရင် Cas လက်သည်းတွေတအားထိတာ၊ စိတ်ကမရှည်တော့ debonder နည်းနည်းလောက်ထည့်ပြီး အတင်းဆွဲခွါချတာ။ သူရှိရင်တော့ သူက cuticle pusher လေးနဲ့ ဖြည်းဖြည်းချင်းခွါပေးတာဆေးထည့်လိုက် နည်းနည်းလေးခွါလိုက်နဲ့။ စိတ်ကတအားရှည်တာ။

ဘာလိုလိုနဲ့ ၂ နှစ် ၆ လ ပြည့်ခဲ့ပြီ။ 💖

Soul mate လေးအတွက် appreciation post ပါ။ သူနဲ့မတွေ့ခင်ကဆို Cas က ၁ လ ၄ သိန်းပဲရတဲ့ ကုမ္ပဏီဝန်ထမ်းကိုမှ Tarot ကို အိမ်မှာ အချိန်အနည်းငယ်ပဲ ဟောခဲ့တဲ့သူလေ။ Authentic Deck ဆို ၅ ထုပ်လောက်ပဲ ရှိဦးမယ်ထင်တယ်။

အခု သူ့အားပေးမှုကြောင့် Tarot Reader / Ritualist / Oracle Reader / Reiki Healer Full Time လုပ်နိုင်ပြီး နိုင်ငံတကာအထိ အောင်မြင်မှုတွေလည်း ရပြီ။ သူ့ဘုန်းကံကြောင့်လည်း ပါမှာပေါ့နော်။ သူသာမရှိရင်အခုထိ ရန်ကုန်မှာပဲ နေရင်လည်း နေရဦးမယ်၊ ဒါမှမဟုတ် Marketing major နဲ့ နိုင်ငံခြားမှာ ကျောင်းတက်ရင် တက်ဖြစ်မယ်။ ✨

အခုလို ကိုယ်တကယ်ဝါသနာပါတဲ့ လမ်းကြောင်းကို ခေါင်းမော့ရင်ကော့ပြီး လျှောက်နိုင်ဖို့ ကူညီပေးတာ ကျေးဇူးပါလို့။ လမ်းမလွဲအောင်လည်း အမြဲတည့်မတ်ပေးတာ ကျေးဇူးပါလို့။ Despite all ups and downs, all the chaos in our lives, I’m so lucky to have you! 💖

Cas's Tarot Land

ပညာကြေးတွေကို ဖွက်မထားတတ်လို့ တစ်စုတစ်စည်းတည်းပြန်တင်ပေးပါရစေ။ 💖 တာရော့ဟောကိန်းနဲ့ အစီအရင်တွေအတွက် ပညာကြေးအသေးစိတ်တွေပါ။...
29/10/2025

ပညာကြေးတွေကို ဖွက်မထားတတ်လို့ တစ်စုတစ်စည်းတည်းပြန်တင်ပေးပါရစေ။ 💖 တာရော့ဟောကိန်းနဲ့ အစီအရင်တွေအတွက် ပညာကြေးအသေးစိတ်တွေပါ။

💖For Tarot 💖

⏳တာရော့မှာက ၁၀ ရက်ဘိုကင်/ ၃ ရက်ဘိုကင်/ ၃ နာရီ ဘိုကင်ဆိုပြီးရှိတယ်။ ဘိုကင်ကြေးအတွက်ပဲ Fees ကွာတယ်၊ ကြည့်ပေးတာချင်းက အတူတူပဲနော်။ နားချိန်မှအပ ကျန်တဲ့အချိန်တွေ Cas လိုင်းပေါ်ရှိရင် လက်ခံပေးပါတယ်။

🎐Reading 500,000+ ဖိုး ကြည့်ထားသူတွေအတွက် Guardian Reading ကို မွေးနေ့အတိအကျမှာ လာမေးရင် လက်ဆောင်ကြည့်ပေးတယ်။ 300,000+ ဖိုး ကြည့်ထားသူတွေက 50% off နဲ့လာမေးလို့ရမယ်။

📝မေးဖို့အတွက်က အမည်၊ မွေးနေ့၊ နေ့နံလိုတယ်။ Specific person ရှိရင် သူ့အတွက်လည်း လိုတယ်။ အတိအကျမသိရင် နာမည်ပြောပြီး ဓာတ်ပုံပေးရတယ်။ ဘာမှမရှိရင်တော့ မေးမရ။

❓မေးချင်တာတွေကို ကြိုပြောပေးရတယ်၊ ဒါမှ Cas က reading ပုံစံတွေကို ရှင်းပြ/ ဘိုကင်လက်ခံလို့ရမှာ။

💰မြန်မာငွေနဲ့ဆို Kpay only/ စင်ကာပူဒေါ်လာဆို Pay Now/ ထိုင်းဘတ်လွှဲချင်ရင် SCB bank ထဲ ရတယ်။ ကျန်တဲ့နိုင်ငံတွေကဆို Western Union နဲ့ International Transfer လွှဲကြတယ်။

💯Reading ကြည့်ပြီးလို့ Energy ကိုက်တယ်ဆို Page မှာ Review လာပေးလို့ရတယ်။ Energy ကိုက်သူတွေအတွက် review screenshot ပြပေးရင် 1 question regular လက်ဆောင်ကြည့်ပေးမယ်!!


🔮For Rituals🔮

🕯️Cas ဘက်က မီးထွန်းအစီရင်လုပ်ပေးတာဖြစ်ပါတယ်။ ရုပ်ထုပုံနဲ့ ဖယောင်းတိုင်တွေကို Crystals, Herbs, Symbols တွေနဲ့ လိုအပ်သလို စီရင်ပြီး မီးထွန်း၊ အပ်နှံသူဆီ Energy ပို့ပေးတာမျိုးပါ။ ဖယောင်းတိုင်ရောင်းတာမဟုတ်ပါဘူး။

🪬Ritual က ကိုယ့်အတွက်သီးသန့်ဆို ကြိုက်တာအပ်လို့ရတယ်။ မရွေးတတ်ရင် Cas က Recommend ပေးလို့ရတယ်။ Ritual လုပ်ရင် Effect အဆင်ပြေမလား ဘာညာမေးချင်တာဆို Ritual reading - 15000Ks နဲ့ အရင်ယူမေးလို့ရ။(Optional)

😻Specific Person နဲ့ ပက်သက်တဲ့ Ritual တွေကတော့ တာရာ့ကြည့်ကိုကြည့်ရတယ်။ ဒီလူနဲ့ Ritual လုပ်ခွင့် ရှိ/မရှိ။ ရှိခဲ့ရင် ဘာ Ritual တွေလိုလဲ၊ ဘယ်လောက်ကြာအောင် လုပ်ရမလဲကြည့်ရတယ်။ Ritual Reading - 15000 Ks ပဲ ယူတယ်။ (Mandatory) တချို့တွေ Ritual အပ်ခွင့်မရှိတာမျိုး၊ ရေစက်ပြတ်သွားပြီဆိုတာမျိုး ရှိတတ်တယ်။

⏳Regular Booking ကတော့ ပုံထဲက ပညာကြေးတွေအတိုင်းပဲ။ Urgent Booking အတွက်က ၂ ရက်အတွင်း ဘိုကင်ချိန်ရတယ်။ Ritual ၂ ပွဲအထိ အတူတူအပ်ရင် Urgent fees ၃၀၀၀၀ ကျပ်ပဲယူတယ်။ ၃ ပွဲအထက် စုပြီး အပ်ရင် Urgent fees ၅၀၀၀၀ ကျပ် ကစယူတယ်။

📝Ritual အပ်ဖို့အတွက်က အမည်၊ မွေးနေ့၊ နေ့နံလိုတယ်။ Specific person ရှိရင် သူ့အတွက်လည်း လိုတယ်။ အတိအကျမသိရင် နာမည်ပြောပြီး ဓာတ်ပုံပေးရတယ်။ ဘာမှမရှိရင်တော့ အပ်မရ။

🪄ဘိုကင်ရက်ကို အတိအကျပြောပေးတယ်။ ညသန်းခေါင်အချိန်ပိုင်းလုပ်တာ များတယ်။ တရားအတူတူလိုက်ထိုင်ချင်တဲ့သူတွေဆို ကြိုပြောလို့ရတယ်။ တရားထိုင်ရင်းနားထောင်ဖို့ Video ပို့ပေးတယ်။

🧿Ritual လုပ်မယ့်နေ့ကို သက်သက်လွတ်စားတာ၊ အရက်ရှောင်တာ၊ ခြေလေးချောင်းသားရှောင်တာတွေလုပ်ပေးနိုင်ရင် ပိုကောင်းတယ်။ ခန္ဓာကိုယ်က detox ဖြစ်နေရင် Energy ပိုတက်တယ်။

✨Effect က ဘယ်တော့ပြမလဲ မေးရင် တိတိကျကျပြန်ဖြေလို့ရတာမရှိဘူး။ ဟင်းချက်သလိုပဲ၊ တခါတလေ ကိုယ်ထင်တာထက် စောစောကျက်တာရှိတယ်၊ တစ်ခါတလေမီးပျက်သွားလို့ ချက်တဲ့အချိန်ကြာတာရှိတယ်။ တစ်ခါတလေ ကိုယ့်လုပ်ရက်တွေမှားလို့ ဟင်းတူးသွားတာရှိမယ်။ (ကိုယ်က Third-party ထားတာမျိုး၊ တချိန်လုံးဆဲဆိုနေတာမျိုးပေါ့။)

💯တချို့တွေ ၃ ရက်လောက်နဲ့ သိသိသာသာ Energy ထူးခြားတယ်။ တချို့ကျ ၆ လ ၊ ၁ နှစ်လောက် အချိန်ယူကြရတယ်။ ကိုယ့်အတွက် ခန့်မှန်းခြေသိချင်တာဆို Ritual စီရင်ပြီး ၃ ရက်အတွင်းစစ်ပေးတဲ့ Ritual Check Reading - ၁ ပွဲကို ၁၅၀၀၀ကျပ် နဲ့ ကိုယ်စစ်ချင်တဲ့ ပွဲအရေအတွက်အလိုက် ဘိုကင်တင်ထားလို့ရတယ်။

💰မြန်မာငွေနဲ့ဆို Kpay only/ စင်ကာပူဒေါ်လာဆို Pay Now/ ထိုင်းဘတ်လွှဲချင်ရင် SCB bank ထဲ ရတယ်။ ကျန်တဲ့နိုင်ငံတွေကဆို Western Union နဲ့ International Transfer လွှဲကြတယ်။

🎁Energy တကယ်ကိုက်ပြီး ခဏခဏလာအပ်တဲ့သူတွေအတွက် 1,500,000 Ks ဖိုးပြည့်ရင် Guardian Ritual ၁ ပွဲ လက်ဆောင်လုပ်ပေးတယ်။ Cas’s Magic Land Page မှာ Review လာရေးပေးရင် နှစ်သက်ရာ Ritual ၁ ပွဲ လက်ဆောင်လုပ်ပေးတယ်။

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

Spiritual Work လေးတွေ စကြရအောင်!!
မေးချင်တာတွေအတွက် Page မှာ Hi ထားပါ။

Cas's Tarot Land
Cas’s Magic Land

အိပ်မက်ထဲမှာ တာရော့ကတ်တွေအကုန် မိုးရေထဲရောက်နေတာတဲ့၊ အကုန်ရေတွေစိုရွှဲကုန်လို့ တော်တော် ဝမ်းနည်းနေတာ တိုက်တိုက်ဆိုင်ဆိုင...
25/10/2025

အိပ်မက်ထဲမှာ တာရော့ကတ်တွေအကုန် မိုးရေထဲရောက်နေတာတဲ့၊ အကုန်ရေတွေစိုရွှဲကုန်လို့ တော်တော် ဝမ်းနည်းနေတာ တိုက်တိုက်ဆိုင်ဆိုင် အိပ်ယာက နိုးနိုးချင်း ဘုရားပန်းကပ်ရင်းနဲ့ ကတ်တွေရေစိုသွားတာ လုံးဝ shock ပဲ ☹️ ဒီလောက်သတိပေးထားရဲ့သားနဲ့ သတိမမူတဲ့ငါ 😩😩😩

ကတ်အသစ်လေးတွေနှမြောလိုက်တာ၊ Client တောင် ၄ ယောက်လောက်ပဲ သုံးပေးဖူးသေးတာ 😞

Ritual Feedback တွေ ဆက်တိုက်ရနေတာ အခုရက်ပိုင်း 🥳🥳 Energy အပြည့် 😎💯
23/10/2025

Ritual Feedback တွေ ဆက်တိုက်ရနေတာ အခုရက်ပိုင်း 🥳🥳 Energy အပြည့် 😎💯

မီးဘေးရှောင် မလောင်ခင်တား Ritual လေးလုပ်ထား 💖
17/10/2025

မီးဘေးရှောင် မလောင်ခင်တား Ritual လေးလုပ်ထား 💖

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cas's Tarot Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Cas's Tarot Land:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram