Pazundaung Pharmacy

Pazundaung Pharmacy Delivery Service Available

ညအိပ်မပေါ်မီ သွားတိုက်တာကို လုံးဝကျော်လွှားတာက သင့်သွားပဲမဟုတ်ဘဲ သင့်ရင်နှလုံးကျန်းမာရေးအထိ ထိခိုမှုရှိစေနိုင်ပါတယ်။ Sci...
12/08/2025

ညအိပ်မပေါ်မီ သွားတိုက်တာကို လုံးဝကျော်လွှားတာက သင့်သွားပဲမဟုတ်ဘဲ သင့်ရင်နှလုံးကျန်းမာရေးအထိ ထိခိုမှုရှိစေနိုင်ပါတယ်။ Scientific Reports ရဲ့ ၂၀၂၃ အစီရင်ခံစာတစ်ခုအရ ညအိပ်မပေါ်မီ သွားမတိုက်တာနဲ့ ရင်နှလုံးရောဂါအန္တရာယ်မြင့်တက်မှုအကြား ဆက်နွယ်မှု ရှိနေတယ်လို့ တွေ့ရှိထားပါတယ်။
လေ့လာမှုတွင် လူနာ ၁,၆၇၅ ယောက်ကို စုဆောင်းစမ်းသပ်ရာ၊ ညအိပ်မပေါ်မီ သွားမတိုက်သူများမှာ ရင်ခွဲမှု (heart failure) နဲ့ နှလုံးခုန်မမှန်မှု (arrhythmia) ကြောင့် ဆေးရုံဝင်ရောက်ရမှုများ ပိုများကြတာကို တွေ့ရှိခဲ့ပါတယ်။

ခံတွင်းကျန်းမာရေးက ကိုယ်လုံးကျန်းမာရေးအတွက် အဓိကတံခါးပေါက်တစ်ခုပါပဲ။ ညအိပ်မပေါ်မီ သွားမတိုက်တာကြောင့် ဘက်တီးရီးယားနဲ့ သွားကျောက် ပိုလွန်ပေါ်နိုင်ပြီး သွားဆီလျော်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ သွားဆီလျော်ရောဂါက ကိုယ်အတွင်း အရောဂါတုလုပ်မှု (inflammation) ကို ဖြစ်စေနိုင်ပြီး၊ အဲ့ဒီအရောဂါတုလုပ်မှုက သွားကြော (blood vessels) ကို အချိန်ကြာလာတာနဲ့အမျှ ထိခိုစေနိုင်ပါတယ်။

မနက်တိုက်တာကလည်း အရေးကြီးပေမဲ့ ညအိပ်မပေါ်မီ တိုက်တာကတော့ ပိုမိုအရေးကြီးပါတယ်။ နေ့တစ်နေ့လုံး စားသုံးပြီးကျန်နေသော အစာအမှုန့်နဲ့ ဘက်တီးရီးယားတွေကို အိပ်ချိန်မတိုင်မီ ဖယ်ရှားပစ်နိုင်လို့ ဖြစ်ပါတယ်။ ညတိုင်း တိတိကျကျ သွားတိုက်နေခြင်းက ရင်နှလုံးနဲ့ ဆက်နွယ်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

သင်က ညတိုင်း သွားတိုက်တာကို ဘယ်လို ဦးစားပေး လုပ်ဆောင်နေပါသလဲ?

Credit to Reference : https://www.facebook.com/share/p/1J9bwpfzg8/

12/08/2025

#ဒုတိယမြောက် နှလုံး _ #ခြေသလုံး ကို ဂရုစိုက်ပါ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

#ကျွန်တော်တို့ရဲ့ ခြေသလုံး ကြွက်သား တွေဟာ နှလုံးကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုတယ် ဆိုတာ သိပါသလား?

#နှလုံးရဲ့ သွေးလွှတ်ကြောကနေ ခန္ဓာကိုယ် အနှံ့ကို ညှစ်ပို့လိုက် တဲ့ သွေးတွေကို ခြေသလုံး ကြွက်သား များက သွေးပြန်ကြောမှတစ်ဆင့် နှလုံးဆီကို ကောင်းကောင်း ပြန်ရောက် အောင် ပို့ပေးတဲ့ အခန်းကဏ္ဍမှာ ပါ၀င် နေပါတယ်။

#သူ့တို့ရဲ့ အရေးပါမှုကြောင့် ဒုတိယနှလုံးလို့တောင် တင်စား ခေါ်ကြပါတယ်။

#ဒုတိယ နှလုံးက ဘယ်လို အလုပ် လုပ်သလဲ❓️❓️❓️

#ကျွန်တော်တို့တွေ လမ်းလျှောက်တဲ့အခါ ပြေးတဲ့အခါ မှာ ခြေသလုံး ကြွက်သား တွေကို ညှစ်ကြရပါတယ်။🦵
#ဒီလို ညှစ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ သွေးတွေ ကို သွေးပြန်ကြော ကနေ တဆင့် နှလုံး ကို ရောက်အောင် ပို့ပေး လိုက်ကြပါတယ်။
(မြင်သာအောင် ဥပမာ ပေးရရင် သွေးတွေကို ခြေသလုံးက နေ pumpနဲ့ နှလုံးဆီ ရောက်အောင် သွေးပြန်ကြောတွေက နေ တွန်းပို့ လိုက်သလိုပါပဲ)

#နှလုံးနှင့်ဝေးရာ အောက်ပိုင်းတွင် ရှိသော သွေးများက နှလုံး ထဲကို ကောင်းစွာ ပြန်လည်၀င်ရောက် ခြင်း သည် သွေးလည် ပတ်မှု ကို ကောင်းမွန် စေပြီး သွေးပြန်ကြောပိတ် သောရောဂါ၊ သွေးပြန်ကြောထုံးသော ရောဂါများကိုပါ ကြိုတင် ကာကွယ်ပေးရာ ရောက်ပါသည်။

💓 #နှလုံးကျန်းမာရေး အတွက် ခြေသလုံးကြွက်သား တွေ ကို ဘယ်လို လေ့ကျင့်ကြမလဲ❓️❓️❓️

-လမ်းလျှောက်ခြင်း🚶‍♂️🚶‍♀️
-ပြေးခြင်း🏃‍♂️🏃‍♀️
-စက်ဘီးနင်းခြင်း🚴‍♂️🚴‍♀️
-ကြိုးခုန်ခြင်း
-ခြေထောက် အကြောလျှော့ခြင်း(Stretching)
-နှိပ်နယ် ပေးခြင်း
-ခြေဖျား ထောက်၍ နိမ့်ချည် မြင့်ချည် လုပ်ပေးခြင်း(Calf raise exercise)

#ခန္ဓာကိုယ် မှာ သွေးလည်ပတ်မှု မကောင်းဘူး ဆိုရင်...

#အထိုင်များပြီး ကိုယ်လက် လှုပ်ရှားမှု နည်းတဲ့အခါမှာကမ္ဘာဆွဲအား အရ သွေးတွေဟာ ခန္ဓာ ကိုယ်ရဲ့ အောက်ပိုင်းနေရာ ဖြစ်တဲ့ ခြေထောက်မှာ လာရောက် စုအိုင် တတ်ကြပါတယ်

#အကြာကြီး ခြေထောက် မလှုပ်ရှားပဲနေခြင်းက အန္တရာယ်ရှိပါတယ်၊

#တရားထိုင်တာတောင်
ပုံစံတမျိုးထဲအကြာကြီးမထိုင်သင့်ပါ၊
လျောင်း ထိုင် ရပ် သွား မျှတသင့်ပါတယ်🙏

#ကိုယ်လက် ခြေ လှုပ်ရှားမှုလုပ်ပြီး
သွေးလှည့်ပတ်မှုကောင်းပါစေ😌

#နှလုံးက အရေးကြီးသလို
ဒုတိယနှလုံးဖြစ်တဲ့ ခြေထောက်ကိုလည်း ဂရုစိုက်ကြပါ😌

( ဆောင့်ကြောင့်ထိုင်အိမ်သာတက်ပြီး ရုတ်တရက်ထလိုက်တဲ့အချိန် သွေးတွေဆောင့်တက်သွားတတ်လို့ သတိထားကြပါ၊
ဘိုထိုင်အိမ်သာမရှိရင် အိမ်သာအကြာကြီး မထိုင်ပါနဲ့ ထိုင်မိလို့ အထမှာ ရုတ်တရက်မထပါနဲ့ ဖြေးဖြေးထပါအထူးသဖြင့် သွေးတိုးသမားများဂရုစိုက်ပါ)

CRD.......photo
CRD.......owner_with_respect
#ကျန်းမာရေးဗဟုသုတရကြပါစေ

02/05/2023

အပူကြောင့် အသက်ရှူကျပ်ခြင်း

ရာသီဥတုပူလာတဲ့အခါ အသက်ရှူတွေပါ ကျပ်ကြတယ်။

၁။ နွေရာသီမှာ ပန်းတွေ သစ်ပင်တွေ ဝတ်မှုန်ကူးကြတယ်။ နဂိုကတည်းက ရင်ကျပ်နဲ့ ဓာတ်မတည့်ပြဿနာရှိတဲ့သူတွေ အသက်ရှူပိုကျပ်တယ်။
၂။ လေပူတွေကို ရှူရတဲ့အခါ လည်ချောင်းတွေကိုရောင်ရမ်းစေတယ်၊ အသက်ရှူလမ်းကြောင်းကို ကျဉ်းစေတယ်။ ဒါကြောင့် လေဝင်နည်းပြီး အသက်ရှူကျပ်တယ်။
၃။ အရမ်းပူတဲ့အချိန်မှာ လေတွေက ငြိမ်သွားပြီး အဲဒီမှာ လေထုညစ်ညမ်းမှုတွေ၊ ဝတ်မှုန်တွေ၊ ဖုန်နဲ့ မီးခိုးလိုအရာမျိုးတွေက တခြားမသွားနိုင်တော့ပဲ တစ်နေရာတည်းမှာစုပုံလာပြီး အသက်ရှူလမ်းကြောင်းကို အနှောက်အယှက်ပေးတယ်။
၄။ ချွေးထွက်များ ရေဓာတ်ဆုံးရှုံးတဲ့အတွက် နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းတွေ ခြောက်သွေ့ပြီး လေဝင်လေထွက်မကောင်းတော့ဘဲ အသက်ရှူကျပ်ပါတယ်။
၅။ ပူတဲ့လေဟာ အောက်ဆီဂျင်ပါဝင်မှုနှုန်း ကျဆင်းတဲ့အတွက် အသက်ရှူရခက်စေတယ်။

- အိမ်ထဲ၊ အရိပ်ထဲမှာ နေနိုင်သမျှနေပါ။
- ပန်ကာ၊ အဲကွန်း၊ လေအေးခံစက် အစရှိတဲ့ အေးစေနိုင်တဲ့အရာမှန်သမျှကိုသုံးပြီး အပူချိန်လျော့အောင် ဖန်တီးပါ။
- အမှိုက်တွေ သစ်ရွက်တွေ မီးရှို့တာမလုပ်ပါနဲ့။
- ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာကို အရမ်းပူတဲ့အချိန်ရှောင်ပါ။
- အဝတ်အစား ချောင်ချောင်ချိချိ သက်တောင့်သက်သာဖြစ်တာဝတ်ပါ။
- ရေကိုသတိထားပြီးသောက်ပါ။ ရေအေး၊ ရေခဲရေ အကုန်သောက်လို့ရတယ်။ ရေနွေးတွေမသောက်စေချင်ဘူး။ ပူရတဲ့ကြားထဲ ရေနွေးသောက်တော့ ပိုချွေးထွက်တယ်။ ချွေးထွက်များနေရင် ဓာတ်ဆားပါထည့်သောက်ပါ။ သီးစုံဓာတ်ဆားလည်းသောက်လို့ရပါတယ်။
- ခေါင်းမူးခေါင်းကိုက်၊ အရမ်းနုန်း၊ ပျို့အန်၊ ရင်တုန်၊ သတိလစ်ချင်သလိုဖြစ် အစရှိတဲ့ အပူရှပ်ခြင်း အရေးပေါ်လက္ခဏာတွေကို သတိထားပါ။

Crd_ Dr.Thurein Hlaing Win

အထူးသတိပေးချက်အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလ...
29/04/2023

အထူးသတိပေးချက်

အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလုံးခုန်မြန်။ ရေသောက်လည်း တံတွေးတွေ မထွက် အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျင် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များတယ်လို့ ကြားရတယ်။
ညဘက်ပိုင်းမှာ နေမပူပေမဲ့ ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ပဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျင် နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်။ ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ထင်ပြီး ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။ အခုလို ရာသီမှာအိမ်တိုင်းမှာ ဓာတ်ဆားထုတ်တွေ ဆောင်ထားသင့်ပါတယ်။ ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား သောက်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ မ်ားမ်ား သောက်ပေးပြီး နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊မျက်နှာသစ်လိုက်တာတို့ကြောင့်လို့ ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကေန ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကေမာက္ကမျဖစ်သြားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း သည်
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့ ချွေးတွေ အလွန်ထွက်ပြီး ရေနဲ့ဆားတွေ ဆုံးရွုံးရေတာ့ လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့ ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အထူးသတိထားရမှာက‌တော့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရွိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရခေဲသတ်တောထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မွာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ္ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့ ဆေးရုံမှာ ကုသပေမယ့်လည်း ၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ္ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

အရေးကြီးသည့်အချက်က
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်

HeatStroke
အပူလျှပ်ခြင်း

Credit to original uploader

"လည်ချောင်းနာတာ အမြန်သက်သာဖို့ ဒါတွေလုပ်ပါ" ၁။ ခံတွင်းသန့်ရှင်းရေးသေသေချာချာလုပ်ပါ ။ လည်ချောင်းနာပြီဆိုရင် တော်တော်များမ...
25/04/2023

"လည်ချောင်းနာတာ အမြန်သက်သာဖို့ ဒါတွေလုပ်ပါ"

၁။ ခံတွင်းသန့်ရှင်းရေးသေသေချာချာလုပ်ပါ ။
လည်ချောင်းနာပြီဆိုရင် တော်တော်များများကဒီပထမဆုံးအချက်ကို​ ကျော်ပြီး နောက်အချက်ကနေစလုပ်ကြတာပါ ။ ပထမဆုံးအနေနဲ့ သွားသေသေချာချာတိုက်လိုက်ပါ ။ ပါးစပ်ထဲမှာ အစားအကြွင်းအကျန်တွေမရှိပဲ ခံတွင်းက သန့်ရှင်းနေတယ်ဆိုရင် လည်ချောင်းနာတာ အမြန်သက်သာဖို့ အများကြီးအကူအညီဖြစ်ပါလိမ့်မယ် ။

၂။ ဆားငံရေ သို့မဟုတ် ပလုတ်ကျင်းဆေးရည်ဖြင့် ခဏခဏပလုတ်ကျင်းပါ ။
ဆားငံရည်နွေးဖြင့် ငုံလိုက်ထွေးလိုက် ခဏခဏလုပ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းက လည်ချောင်းလေးကို စိုလာစေပြီး အမြန်ဆုံးကောင်းလာမှာဖြစ်ပါတယ် ။
ဆားငံရည်မကြိုက်သူတွေကတော့ Betadine Mouthwash လို ပလုတ်ကျင်းဆေးရည်ဖြင့် ပလုတ်သေချာကျင်းပေးခြင်းအားဖြင့် လည်ချောင်းနာတာသက်သာစေနိုင်ပါတယ်။

၃။ ငုံဆေးအချို့ငုံပေးပါ ။
လည်ချောင်းလေးတွေ စိုနေဖို့ Lozenges အချို့ ငုံပေးပါ ။ ဥပမာ Mybacin / strepsil
Sugar Free Chewing gum လေးတွေလည်း ဝါးနိုင်ပါတယ် ။

၄။ ရေငွေ့လေးတွေရှူပေးပါ ။
အိမ်မှာ Humidifier လေးတွေရှိရင်ဖွင့်ထားပေးပါ။ ဒါမှမဟုတ် ပန်းကန်လုံးထဲ ရေနွေးပူပူကိုလောင်းထည့်ပြီး ထွက်လာတဲ့ အငွေ့လေးတွေ ရှူရင်လည်းရပါတယ် ။
ရေပူပူနဲ့ ရေချိုးတာကလည်း လည်ချောင်းနာတာ ၊ အသံနာတာကို သက်သာဖို့ နည်းလမ်းကောင်းတခုပါပဲ ။

၅။ ရေများများသောက်ပါ ။
ရေဓာတ်နည်းရင် လည်ချောင်းကခြောက်သွေ့ပြီး အသံပိုဝင်နိုင်သလို နာနိုင်တာမို့ ရေများများသောက်ပေးပါ ။
ရေသောက်တဲ့အခါ ရေနွေးသောက်တာက ပိုထိရောက်တာမို့ ရေနွေးသောက်ပေးပါ ။ Green Tea ရှိရင် Green Tea သောက်ပေးပါ ။ Green Tea မှာ Antioxident ပါတာမို့ လည်ချောင်းနာတာ အသံနာတာကို အမြန်ဆုံးသက်သာစေပါတယ် ။
အိမ်မှာ ပျားရည်ရှိတယ်ဆိုရင် ပျားရည်တစက်ကို ရေနွေးကြမ်းထဲထည့်သောက်တာကလည်း လည်ချောင်းနာတာကို အများကြီးသက်သာစေပါတယ်။
အရည်များများသောက်ပါဆိုပေမယ် ကော်ဖီလို ကဖင်းပါတာကိုတော့ ရှောင်ပေးပါ ။ လည်ချောင်းတွေကို ပိုခြောက်သွေ့စေပြီး ပိုဆိုးလာနိုင်လို့ပါ ။

၆။ အနားယူပါ ။
ဒီနေ့ စကားအကြာကြီး​ပြောတာတွေ မလုပ်ပါနဲ့တော့ ။ အသံကိုလည်း သေသေချာချာ အနားယူပါ။
စောစောအိပ်ပါ ။ နွေးနွေးထွေးထွေးနေပါ ။
ကိုယ်ခံအားကောင်းဖို့ ၊ အားရှိကျန်းမာဖို့လိုတာမို့အနားယူပါနော် ။

၇။ အရမ်းနာနေတာမျိုးရှိရင်တော့ Paracetamol/ Ibuprofen လို အကိုက်အခဲပျောက်ဆေးတမျိုးသောက်ပေးပါ ။
တော်တော်ဆိုးပါက/ ရက်အတော်ကြာ မသက်သာပါက ဆေးခန်းပြရမယ်နော် ။

🛑 ဒါတွေမလုပ်ပါနဲ့ ။
- အရက် ၊ ဆေးလိပ်ရှောင်ပါ ။ အရက်ဆေးလိပ်သောက်တာက လည်ချောင်းကို ပိုမိုခြောက်သွေ့စေပြီး လည်ချောင်းကိုလည်း ပိုနာစေပါမယ် ။
- လည်ပင်းကပ်နေရင် အဟမ်း အဟမ်း အဟမ်းဆိုပြီး ချောင်းဟန့်တာမျိုး ခဏခဏမလုပ်ပါနဲ့ ။ ဒီလိုလုပ်တာကလည်း လည်ချောင်းကိုပိုနာစေပါမယ် ။
- အအေးမိရင်သောက်တဲ့ဆေးမျိုး၊ နှာရေယို ၊ နှာခေါင်းပိတ်ရင်သောက်တဲ့ဆေးမျိုးတွေဖြစ်တဲ့ Decogestants ဆေးမျိုးတွေကို ရှောင်ထားပါ ။ ဒီဆေးတွေက လည်ချောင်းကိုခြောက်သွေ့စေပြီး လည်ချောင်းပိုနာလာမှာဖြစ်ပါတယ် ။

ဒါဆိုရင် လည်ချောင်းနာနေသူများ အမြန်ဆုံးသက်သာပျောက်ကင်းပါစေခင်ဗျာ ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

ဒေါက်တာမျိုးမြင့်အောင်


©yourmyoe2022

25/04/2023
 #အာရုံကြော အားကောင်းစေမယ့် အဓိကသော့ချက်(၅) ရပ်အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အမျာ...
13/12/2022

#အာရုံကြော အားကောင်းစေမယ့် အဓိကသော့ချက်(၅) ရပ်

အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။

ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။

အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ❓❓

(၁) အာဟာရတွေ ရွေးချယ်စားပါ

အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင် –

အစိမ်းရောင်ရှိတဲ့ အရွက်တွေ– ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် တို့ပေါ့။
အသီးအနှံတွေ – ဥပမာ – ငှက်ပျောသီး၊ ဆီးသီး၊ ဖရဲသီး၊မက်မွန်သီး
ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။
အစေ့အဆံတွေ – သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့
ပဲနီလေးနဲ့ ပဲအမျိုးမျိုး
အာလူး
ဖရုံသီး တွေ စားပေးလို့ရပါတယ်။
Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ငါးသေတ္တာငါး တို့ကိုလည်း စားပါ။

(၂) အသက် ဝဝ ရှူပါ

အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

သင့်တော်တဲ့နေရာ တစ်ခု ရှာပြီး ထိုင်ပါ သို့မဟုတ် လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်တင်ထားပါ။
ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။

ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။
၃ စက္ကန့်လောက် အသက်အောင့်ထားပြီးမှ အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။

နောက်၅မိနစ်ကနေ ၁၀ မိနစ်လောက်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ဆက်လုပ်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် လုပ်နိုင်ပါတယ်။

(၃) ခြေဗလာ နဲ့ လမ်းလျှောက်ကြည့်ပါ

မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။

၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၄) နေရောင်ခြည် နဲ့ ထိတွေ့ပါ

ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။

(၅) စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။

ဥပမာ –

အလုပ်လုပ်တာ ခဏရပ်ပြီး အသက်ဝဝရှိုက်ရှူပါ။
ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။ ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုချော့ပါ။
စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အလိုလိုက်ပြီး ချော့ပေးပါ။ အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။

Crd to original writer
Crd photo

09/09/2022
ကိုဗစ် အထူးသတိ📌ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..လူနာဟာ.... ရင်ခေါင်းရောင် ခြင်းအပ...
08/09/2022

ကိုဗစ် အထူးသတိ📌

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့
ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....


ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

သိုင်းရွိုက်ရောင်မယ်..

လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း

- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

ဦး​​ေခါင်း နာဗ်ကြောများ ရောင်ခြင်း

ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊

ဂုတ်ဆက် ခဲခြင်း

- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊

လက်ပြင်ရောင်ခြင်း

တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ


အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

Home_Qလုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

တို့ဆောင်ထားသင့်ပါသည်..
Crd/Naing Nyi

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်

အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

WL ( ရိုးရာလေး )

သွေးကြောကျဉ်းမြောင်း ပိတ်ဆို့မှုကို သက်သာစေတဲ့ အစားအစာ အမျိုး ၂၀ သွေးကြောတွေဟာ အချိန်ကြာလာတာနဲ့ အမျှ တင်းမာလာပြီး ကျဉ်းမ...
16/08/2022

သွေးကြောကျဉ်းမြောင်း ပိတ်ဆို့မှုကို သက်သာစေတဲ့ အစားအစာ အမျိုး ၂၀

သွေးကြောတွေဟာ အချိန်ကြာလာတာနဲ့ အမျှ တင်းမာလာပြီး ကျဉ်းမြောင်းပိတ်ဆို့ဖို့ လွယ်လာပါတယ်။ ဒီလို မဖြစ်အောင် သွေးကြောကျန်းမာရေးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်သင့်ပါတယ်။ တချို့ အစားအစာတွေက သွေးကြောကျဉ်းမြောင်းပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်ပြီး ကျဉ်းမြောင်းနေတဲ့ သွေးကြောတွေကို ပြန်လည်သက်သာ ကောင်းမွန်လာစေနိုင်ပါတယ်။

၁။ ကွေကာအုပ် 🧉🧉🧉
:::::::::::::::::::::::::

🧉 ကွေကာအုပ်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒီအမျှင်ဓာတ်တွေက သွေးကြောကျဉ်းမြောင်းစေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။

၂။ ပဲအမျိုးမျိုး 🥜🥜🥜
:::::::::::::::::::::::::::

🥜 အမျှင်ဓာတ်များစွာ ပါဝင်တဲ့ ပဲတွေဟာ သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို တိုးတက်စေပြီး သွေးဖိအားကို လျှော့ချပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့အတွက် နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ ရောင်ရမ်းခြင်းတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။

၃။ ပဲနီလေး 🌰🌰🌰
::::::::::::::::::

🌰 ပဲအမျိုးအစားဝင်ဖြစ်တဲ့အတွက် ပဲတွေလို ကောင်းကျိုးရတဲ့အပြင် အသားဓာတ်လည်း များစွာပါဝင်ပါတယ်။ သွေးဖိအား များတာကြောင့်ဖြစ်တဲ့ သွေးကြောပျက်ဆီးမှုကိုလည်း ပြန်လည် ကောင်းမွန်စေနိုင်ပါတယ်။ ပဲနီလေးမှာ အသားနဲ့အမျှင်ဓာတ် များတဲ့အပြင် သွေးဖိအားကို လျော့ကျစေနိုင်တဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။

၄။ ငါး အမျိုးမျိုး 🦈🦈🦈
::::::::::::::::::::::::::::

🦈 ငါးမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် က ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေတာကို သိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အိုမီဂါ ၃ ဖက်တီးအက်စစ် က ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပြီး သွေးကြောအတွင်းမှာ သွေးခဲဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။

၅။ ထောပတ်သီး 🥑🥑🥑
:::::::::::::::::::::::::

🥑 ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီတွေက မကောင်းတဲ့ LDL ကိုလက်စထရောကို လျော့နည်းစေနိုင်ပြီး ကောင်းတဲ့ HDL ကိုလက်စထရောကို များပြားစေတဲ့အတွက် နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

၆။ Pistachios - စိမ်းဝါရောင်ရှိတဲ့ အခွံမာစေ့တစ်မျိုး 🍪🍪🍪
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

🍪 အခွံမာသီးမှာ ပါဝင်တဲ့ အဆီတွေဟာ နှလုံး ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ Pistachios မှာ ဒီအချက်တွေအပြင် စတီရော လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်တဲ့အတွက် အူလမ်းကြောင်းကနေ ကိုလက်စထရော စုပ်ယူမှုကို လျှော့ချပေးပါတယ်။

၇။ နနွင်း 🍧🍧🍧
::::::::::::::::::

🍧 နနွင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် သွေးကြောမှာ အဆီစုလာခြင်းကို တားဆီးပေးပြီး သွေးကြောကျဉ်းတာကို လျှော့ချပေးနိုင်ပါတယ်။

၈။ ပန်းဂေါ်ဖိစိမ်း 🥦🥦🥦
::::::::::::::::::::::::::

🥦 လေ့လာစမ်းသပ်ချက်တွေ အရတော့ ပန်းဂေါ်ဖိစိမ်းမှာ ပါဝင်တဲ့ Sulforaphane- ဆာဖိုရာဖိန်း ဆိုတဲ့ ဓာတ်တစ်မျိုးက ပရိုတင်းဓာတ်တစ်မျိုးကို ထုတ်ဖို့အားပေးပြီး သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်းမှာ ဓာတ်တိုးဆန့်ကျင် သတ္တိလည်း ရှိပါတယ်။

၉။ ကညွတ် 🌱🌱🌱
:::::::::::::::::::::

🌱 ကညွတ်မှာပါဝင်တဲ့ Quercetin- ကွာစီတင် ဆိုတဲ့ဓာတ်တစ်မျိုးက သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၁၀။ ဖရဲသီး 🍉🍉🍉
:::::::::::::::::::

🍉 ဖရဲသီးမှာ Citrulline - စစ်ရူလိုင်း ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ Citrulline - စစ်ရူလိုင်း ဆိုတာ Nitric Oxide- နိုက်စရစ်အက်စစ် ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပြီး သွေးကြောတွေ မာကျောတောင့်တင်းလာတာကို ကာကွယ်ပေးပါတယ်။

၁၁။ ဂျုံကြမ်း- Whole Grain 🥖🥖🥖
::::::::::::::::::::::::::::::::::::::::::

🥖 ဂျုံကြမ်းနဲ့ လုပ်တဲ့ ခေါက်ဆွဲ၊ ပေါင်မုန့် စတာတွေက နုလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ အမျှင်ဓာတ်က သွေးတွင်းက မကောင်းတဲ့အဆီတွေ စွန့်ထုတ်တာကို ကူညီပေးပြီး အူတွင်းမှ ကောင်းတဲ့ပိုးမွှားတွေကို ထိန်းသိမ်းပေးပါတယ်။

၁၂။ DHA ပါဝင္တဲ့ နို့ 🥛🥛🥛
::::::::::::::::::::::::::::::::::::

🥛 အသက်ကြီးလာတာနဲ့အမျှ သွေးကြောတွေ မာကြောလာပါတယ်။ ဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် DHA ဆိုတဲ့ ဓာတ်တစ်မျိုး လိုအပ်ပါတယ်။ DHA ဟာ အများအားဖြင့် ပင်လယ်စာတွေမှာ ပါဝင်ပါတယ်။ ငါးမစားတဲ့သူတွေအတွက်တော့ DHA ထည့်ထားတဲ့ နို့ကို သောက်သုံးပေးသင့်ပါတယ်။

၁၃။ အာလူး 🥔🥔🥔
::::::::::::::::::

🥔 အာလူးမှာ ပိုတက်ဆီယမ် ကြွယ်ဝတဲ့အတွက် သွေးဖိအားကို ကျစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များစွာလည်း ပါဝင်ပါသေးတယ်။

၁၄။ ချောကလက် 🍫🍫🍫
:::::::::::::::::::::::::::::

🍫 ကိုကိုးစေ့မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ချောကလက်ထဲမှာဆို ကိုကိုးဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ချောကလက်အမည်း (Dark Chocolate) ကို ရွေးသင့်ပါတယ်။

၁၅။ ကော်ဖီ ☕️☕️☕️
:::::::::::::::::

☕️ ကော်ဖီစေ့ကလည်း တခြားအစေ့အစံတွေလိုပဲ ဓာတ်တိုးဆန့်ကျင်သတ္တိ ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

၁၆။ ဝိုင် 🍷🍷🍷
:::::::::::::

🍷 ဝိုင်နီမှာ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ Resveratrol ဆိုတဲ့ ဓာတ်ပါဝင်ပါတယ်။ ရောင်ရမ်းမှုကိုလည်း လျှော့စေနိုင်ပါတယ်။ ဝိုင်နီကို အသင့်အတင့် သောက်သုံးပေးတာက နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

၁၇။ ကွကျဥ 🥚🥚🥚
:::::::::::::::::::::::

🥚 ကြက်ဥထဲမှာပါတဲ့ အဆီက ခန္ဓာကိုယ်အတွက်ကောင်းတဲ့ HDL ကိုလက်စထရောကို များစေပါတယ်။ ကြက်ဥကို နေ့စဉ်စားပေးတာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို ၁၁ ရာခိုင်နှုန်းထိ လျှော့ပေးနိုင်ပါတယ်။

၁၇။ ဘယ်ရီသီးများ 🍓🍓🍓
:::::::::::::::::::::::::::::::

🍓 ဘယ်ရီ အမျိုးအစားဝင် အသီးတွေမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် Anthocyanins - အန်သိုဆိုင်းယမ်နင်း ဆိုတဲ့ဓာတ်တစ်မျိုး ပါဝင်တဲ့အတွက် သွေးကြောတွေကို ကျယ်စေပါတယ်။

၁၉။ လက်ဖက်စိမ်း ☘️☘️☘️
::::::::::::::::::::::::::::

☘️လက်ဖက်စိမ်းမှာ ပါတဲ့ EGCG ဆိုတဲ့ ဓာတ်တစ်မျိုးက သွေးကြောတွေမှာ စုပုံတဲ့ အဆီတွေ ကို သေးငယ်သွားစေနိုင်ပြီး ခန္ဓာကိုယ်အတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။

၂၀။ အချဉ်ဖောက်ထားတဲ့ အစားအစာ 🧈🧈🧈
::::::::::::::::::::::::::::::::::::::::::::::::::::::::

🧈 Probiotics တွေမှာ အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ပိုးတွေကို အထောက်အပံ့ ပေးနိုင်တဲ့အတွက် နောက်ပိုင်းမှာ လူသုံးများလာပါတယ်။ Probiotics တွေလိုပဲ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ ဖြစ်တဲ့ ဒိန်ချဉ် ကင်ချီ စတာတွေကလည်း အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ နောက်ပိုင်း လေ့လာမှုတွေမှာဆိုရင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေက သွေးဖိအားကို ကျစေနိုင်ပြီး မကောင်းတဲ့ အဆီတွေကို ကျစေနိုင်တာကိုပါ တွေ့ရပါတယ်။
Crd:KKMM

ကိုဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅ Omicron BA.4  and BA.5 မအား တာ နဲ့ လက် ရှိ ...
11/07/2022

ကိုဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ
နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅
Omicron BA.4 and BA.5

မအား တာ နဲ့ လက် ရှိ ရေး လက်စ စာလေး တောင် ရပ် ထား ရ ပါတယ်
ခု တော့ ကြားဖြတ် အရေး တကြီး ကိုးဗစ် လှိုင်း အသစ် ဖြစ် ပေါ် မှု အကြောင်း
သတိ ပေး ရေး ပါရ စေ

အား လုံး သိ ကြတဲ့ အတိုင်း ကိုးဗစ် ဒယ်လ်တာ delta ပိုး လှိုင်း ကြောင့် ကမ္ဘာ တဝှမ်း လူ ပေါင်း များ စွာ အသက် ဆုံး ခဲ့ ကြ ရ ပါတယ်

ဒယ်လ်တာ ပြီး တော့ အိုမီခရွန် ဆို ပြီး လှိုင်း တခု ထပ် အ လာ မှာ တော့ ပိုး က အဆ ပေါင်း များစွာ ပိုမို ပြန့် ပွား နိုင် ပေမဲ့ ဒယ်လ်တာ ပိုး လို လူ မသေ ခဲ့ ပါ ဘူး

ကာကွယ် ဆေး တွေ ထိုး ထား ခဲ့ တဲ့ နောက် ပိုင်း အိုမီခရွန် လဲ ညိမ် သွား ခဲ့ ပါ တယ်

အခု အိုမီခရွန် ပိုးသစ် တွေ နဲ့ လှိုင်း အ သစ် တခု လာ ပြန် ပါပြီ

* အိုမီခရွန် ပေါ် စ မှာ ဘီအေ ၁ လို့ နာ မယ် ပေး ခဲ့ ပြီး သူ က ရောဂါ ပိုး ပြန့် တာ အရမ်း မြန်ပေ မဲ့ လူ သိပ် မသေ ခဲ့ ပါ
* ပြီး တော့ ဘီအေ ၂ ပေါ် လာ တယ်
ဘီအေ ၂ က ဘီ အေ ၁ ထက် ပိုး အကူး မြန် ပြီး ပို ဆိုး ပါ တယ်
ခု တော့ ဘီအေ ၁ နဲ့ ၂ က ညိမ် သွား သ လောက် ဖြစ် ပါ ပြီ
* နောက် ဘီအေ ၃ လဲ ခဏ ပေါ် လာ ပြီး သူ က မရှိ သလောက် ရှား ပါ တယ်

* ခု တော့ ဘီအေ ၄ နဲ့ ၅ ပေါ် လာ ပြီး ကာကွယ် ဆေး ၂ လုံး ထိုး ထား သူ တွေ ရော ကိုးဗစ် ဖြစ် ပြီး သူ တွေ ပါ ထပ် ဖြစ် နိင် လို့ သတိ ပေး တဲ့ အ နေ နဲ့ အ မြန် ရေး သား လိုက် ရ ပါ တယ်

ဘီအေ ၄ နဲ့ ၅ က ပေါ် တာ သိပ် မ ကြာ သေး ပါ
ဒီနှစ် ပြီး ခဲ့ တဲ့ ဧပြီ လ က မှ ကမ္ဘာ့ ကျမ်းမာ ရေး အဖွဲ့ WHO က ဘီအေ ၄ နဲ့ ၅ ပိုး တွေ ကို နောက်ရောင် ခံ လိုက် ခဲ့ တာ ပါ
ဘီအေ ၄ ပိုး ကို တောင်အာဖရိက ဘော့စဝါးနား ဒိန်းမတ် စကော့တလန် နဲ့ အင်္ဂလန် တွေ မှာ ဖြစ် နေ တာ တွေ့ ခဲ့ တယ်
ဘီအေ၅ ကို တော့ မေလ ထဲ မှာ ပေါ်တူကီ နိုင်ငံ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ တော့ ဘီအေ၄ ရော ဘီအေ၅ ပါ ယူကေ ခေါ် အင်္ဂလန် နဲ့ ဂျာမဏီ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ ဘဲ ပြင်သစ် မှာ ဘီအေ ၅ ပိုး တွေ တွေ့ တယ်
ဂျွန် ၂၈ရက် မှာ တော့ အမေရိကား မှာ ရောက် နေ ပါ ပြီ
ခု နယူးရောက် နဲ့ ကယ်လီ ဖိုးနီးယား မှာ ဘီအေ၄ ဘီအေ၅ စ ပြန့် နေ ပါ ပြီ
ဘီအေ ၄ နဲ့ ၅ ပေါ် လာ သလို ဘီအေ ၂ က လဲ ဆက် ရှိ နေ ပါတယ်
အမေရိကား မှာ ခုလ ထဲ မှာ
ဘီအေ ၅ က ၅၄%
ဘီအေ ၂ က ၂၇%
ဘီအေ ၄ က ၁၇%
ဖြစ်တာတွေ့ ရ ပါတယ်

အာရှ မှာ လဲ ယိုးဒယား နဲ့ မလေးရှား မှာ ပြန့် နေ ပြန် ပါ ပြီ

မြန်မာပြည် ကို လဲ ဘီအေ၄ နဲ့ ၅ မကြာမှိ လာ ပါ တော့ မယ်

ကာကွယ် ဆေး ၂ လုံး ထိုး ထား သူများ
အရင် ရော ဂါ ဖြစ် ပြီးသူ များ လဲ ကူး နိုင် ပါသည်

ဘယ် လို ကာ ကွယ် မ လဲ ဆို တာ ကမ္ဘာ မှာ အဖြေ ရှာ နေ ပါ တယ်
ကာကွယ် ဆေး တတိယ တ လုံး အပြင် စတ္တုထ တလုံး ထိုး ရင် ရ မ လား?
သေခြာ တာ က တော့
မတ် mask ပြန်တတ်
လူ များ တဲ့ နေရာ မလို အပ်ရင် ရှောင် ပါ
လက်ဆေး ပါ
အရက် ပျံ ပွတ်

ဘီအေ၄ နဲ့ ၅ က ထူးခြား တဲ့ ရောဂါ လက္ခဏာ အသစ် တွေ ခု ထိ တော့ မတွေ့ ပါ
ဖြစ် တာ လဲ မကြာ သေး တော့ သိပ် မသိ ကြ သေး ပါ

နှာဆေး နှာခြေ
နှာရည်ယို
ချောင်းဆိုး
လည် ချောင်း နာ
ခေါင်းကိုက်
ကိုယ် လက် ကိုက်
လူနှုံး
နေမကောင်း

လူ အသေအပျောက် ဘယ် လောက် ထိ ဖြစ် နိုင် တယ် ဆို တာ က လဲ ပြော ဖို့ စော လွန်း ပါသေး ကြောင်း ပါ

အားလုံး ကိုးဗစ် သတိ ရှိ ကြ ပါစေ

မေတ္တာဖြင့်

to
Dr William Aye MD
USA

06/04/2022

Water Fasting (ရေဖြင့် အစာဖြတ်ခြင်း) အကြောင်း

အခုခေတ်စားနေတဲ့ water fasting အကြောင်းပြောပြပေးချင်ပါတယ်

ပထမဆုံး အနေနဲ့ ပြောချင်တာ က ဒီ လို လုပ်တာဟာ ဆရာဝန်ရဲ့ အနီးကပ် စောင့်ကြပ် ကြည့်ရှုခြင်းမရှိရင် မလုပ်သင့်ပါဘူး

လုပ်နည်း က တော့ (Buchinger Therapeutic Fasting Method ) နဲ့ လုပ်တာပါ။ အခု ပြောပြမှာ ကတော့ Research တခုမှာ လုပ်ထားတာ ကို ပြောပြမှာပါ။

1. ပထမဆုံး အနေနဲ့ ဝမ်းနှုတ်ဆေး (20-40 g NaSO4 in 500 ml) တိုက်ပြီး အူထဲ မှာ ရှိတဲ့ အစာဟောင်းတွေ ရှင်းပါတယ်။
3. တနေ့ကို ကယ်လိုရီ ၆၀၀-၈၀၀ လောက် စားခိုင်းပါတယ်။ တစ်နပ် ကယ်လိုရီ ၂၀၀ ရှိတဲ့ ထမင်း နှင့် အသီး အရွက် ပမာဏ စားခိုင်းပါတယ်။ သက်သက်လွတ်ပေါ့။
4. ​ရေ ၃ လီတာ သောက်ခိုင်းပါတယ်။ သို့မဟုတ် herbal tea ကို ပျားရည် ၂၀ ဂရမ် ထည့်ပြီးသောက်လဲ ရတယ် ဆိုပါတယ်
5. အပျော့စား လေ့ကျင့်ခန်း ကိုလဲ certified gym trainer တွေရဲ့ အနီးကပ် ကြည့်ရှု့မှု့ အောက်မှာ လုပ်ခိုင်းပါတယ်။
6. အချိန် က ၄ - ၂၁ ရက်ပါ။
7. လူအများစုက တော့ ၄ ရက်ပြည့်တာနဲ့ သက်သက်လွတ်မဟုတ်ဘဲ နို့ နှင့် ကြက်ဥ စစားလို့ရပါတယ်။ ကယ်လိုရီ ၈၀၀ လောက် ကနေ ဖြည်းဖြည်းချင်းတင်ပြီး ၁၆၀၀ လောက် အထိ ပေးစားတာ ဖြစ်ပါတယ်။

ကောင်းကျိုးများ
1. ဝိတ်ကျခြင်း
2. ခါးအတိုင်း (waist circumference) ကျခြင်း
3. သွေးတိုးကျစေခြင်း
4. သွေးတွင်းအဆီဓါတ် (Triglycerides, LDL) ကျစေခြင်း
5. Urea ကျခြင်း
6. HbA1c ကို ကျစေခြင်း (ဆရာဝန် ညွှတ်ကြားချက်မပါ ဘဲ ဆီးချို သမားများ လုံးဝ (လုံးဝ) မလုပ်သင့်)
7. သွေးအားကောင်းစေခြင်း

ဆိုးကျိုးများ
1. ကြွင်သားနာခြင်း
2. အိပ်မပျော်ခြင်း
3. ခေါင်းကိုက်ခြင်း
4. ဗိုက်ဆာခြင်း (ပထမ အစရက် တွေမှ တွေ့ရတတ်ပါတယ်)
5. Uric acid တက်ခြင်း
6. Creatinine level တက်စေခြင်း (ဒါကြောင့် ကျောက်ကပ်ဝေဒနာရှင်များ မလုပ်သင့်ပါ)
7. ကောင်းတဲ့ ကိုလက်စထရော HDL ပါ ကျစေခြင်း

အခုပြောထားတာ ကတော့ Water Fasting method (ရေဖြင့် အစာဖြတ်ခြင်း) ဖြစ်ပါတယ်။ သူကတော့ ဆရာဝန် ညွှတ်ကြားချက်မပါဘဲ မိမိ သဘောဖြင့် မလုပ်သင့်ပါ။

အခု လေ့လာတွေ့ရှိချက်တွေ လည်း ဆရာဝန် က အနီးကပ် ကြည့်ရှု ပြီးမှ လုပ်ထားတဲ့ စာတမ်းဖြစ်ပါတယ်။

နောက်ထပ်လဲ ဒီထက် ခိုင်လုံတဲ့ လေ့လာတွေ့ရှိချက်တွေ လိုအပ်ပါသေးတယ်လို့လဲ ဆိုထားပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Crd

Address

No. 12, A(1), 54th Street, Pazaundaung
Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 17:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959266656013

Website

Alerts

Be the first to know and let us send you an email when Pazundaung Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pazundaung Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram