Pearl Thukha Specialist Clinic & Diagnostic Center ပုလဲသုခ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Pearl Thukha Specialist Clinic & Diagnostic Center ပုလဲသုခ အထူးကုဆေးခန်း

Pearl Thukha Specialist Clinic & Diagnostic Center ပုလဲသုခ အထူးကုဆေးခန်း ကျန်းမာရေးစောင့်ရှောက်မှုများစွာ တိကျ၊ ယုံကြည်၊ စိတ်ချရတဲ့ "ပုလဲသုခ" ပါ

ပုလဲသုခရဲ့လူနာများဆီသို့ အသိပေးစာ📪မင်္ဂလာပါရှင့် 🌿ပုလဲသုခအထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာမှ ပိုမိုကောင်းမွန်သော ဝန...
18/10/2025

ပုလဲသုခရဲ့လူနာများဆီသို့ အသိပေးစာ📪

မင်္ဂလာပါရှင့် 🌿

ပုလဲသုခအထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာမှ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ကျန်းမာရေး ဗဟုသုတများကို page အသစ်မှာဆက်လက်မျှဝေပေးသွားမှာမို့ 👇

👉page အသစ်ကို follow ပြောင်းလုပ်​ပေးဖို့ request လုပ်ပါတယ်နော်...

Page Links :

https://www.facebook.com/profile.php?id=61581498131536&mibextid=ZbWKwL

✅ပုလဲသုခရဲ့ ကျန်းမာရေး လိုက်စားသော fanတွေကိုကျေးဇူးတင်သော အားဖြင့်🙏

👉Kpay/Wave/Apay/ များကိုPostအောက်မှာ Follow ပြီး Screenshot ရိုက် Comment လုပ်ထားသူ (10 ) ဦး ကို တစ်ပတ်ပြည့်သောနေ့မှာ မဲနှိုက်ရွှေးချယ်ပြီးGift Way များပေးသွားမှာဖြစ်ပါတယ်။

👉ကဲ ...မည်သူမဆို Gift Way (3000)ကျပ်ကိုဝင်ရောက်ကံထူးလိုက်ပါ။

Follow လုပ်ထားခြင်းဖြင့် 📣

🩺 ကျန်းမာရေးဗဟုသုတများ
💊 ဆေးခန်းဝန်ဆောင်မှုအဆင်ပြေမှုများ
📗သင့်ကျန်းမာရေးအတွက်အမေးအဖြေအစီအစဥ်များ
💰တစ်လတစ်ကြိမ် gift way အစီအစဥ်များ

pageအသစ်ကို followလုပ်​ပြီး သင့်ကျန်းမာရေး ကောင်းခြင်းနှင့်ဗဟုသုတများအတွက် ပုလဲသုခနဲ့ အတူတကွပါဝင်လှုပ်ရှားကြရအောင်🤜🤛

Pearl Thukha Specialist Clinic

(အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ)
အမှတ် (၂၀၅)၊ အာသာဝတီလမ်း(ဘုန်းကြီးလမ်း) ၊(၂)ရပ်ကွက် ၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
----------------------------------------

Viber: https://invite.viber.com/?g2=AQA968Ts1x3ZRFNRNukB%2F6O%2BepcYKg9SVVGVGi4wY4U%2FlmqnDWVDG

Tiktok:
https://www.tiktok.com/.thukha.speci
#ပုလဲသုခအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ



🪔🙏 လူနာများနှင့်ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား🙏🪔`ဝါလကင်းလွတ် သီတင်းကျွတ်မှာ´လူနာများနှင့် မြန်မာပြည်သူ ပြည်သားမျ...
05/10/2025

🪔🙏 လူနာများနှင့်ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား🙏🪔

`ဝါလကင်းလွတ် သီတင်းကျွတ်မှာ´
လူနာများနှင့် မြန်မာပြည်သူ ပြည်သားများ
အာလုံး ဘေးအန္တရာယ်များမှ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း "ပုလဲသုခ အထူးကုဆေးခန်း" မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ပုလဲသုခအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေးရေးစင်တာ

Cashier များခေါ်ယူနေပါပြီနော် 🗯💻မြောက်ဥက္ကလာပမြို့နယ်ရှိ ပုလဲသုခအထူးကုဆေးခန်းမှာ ခန့်ထားရန်အတွက်ပါ... 📌*Cashiers - 2  po...
05/10/2025

Cashier များခေါ်ယူနေပါပြီနော် 🗯💻

မြောက်ဥက္ကလာပမြို့နယ်ရှိ ပုလဲသုခအထူးကုဆေးခန်းမှာ ခန့်ထားရန်အတွက်ပါ... 📌

*Cashiers - 2 post

* Salary - Basic fees 350,000 + ရက်မှန် + OT +Other allowance
* Uniform
* 6 monthly Salary increment
* Salary increment according to performance
* Yearly bonus
* Medical duscount according to clinic policy
* Career development opportunies

Job requirements

* အသက် 18 နှစ်အထက်ဖြစ်ရမည်
* မှတ်ပုံတင်ရှိရမည်
* ကျား/မ မည်သူမဆိုလျှောက်ထားနိုင်ပါသည်

Job descriptions

‎* ငွေရှင်းဘောင်ချာမှန်ကန်စွာဆောင်ရွက်နိုင်သူ
*Stock စစ်နိုင်ရမည် ။
‎* 24 hr ဆင်းနိုင်ရမည်။
* 🗓️ Off Day - တစ်လ (5) ရက်

‎လျှောက်ထားလိုပါက 👇🏻

📑 CV form အပြည့်အစုံ နှင့် လိုအပ်သောစာရွက်စာတန်းမိတ္တူများအား အောက်ဖော်ပြပါ viber no သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

📞 Viber no : 09785870239
Phone no. : 09778390275

🛣️ Address - အမှတ် (၂၀၅)၊ ဘုန်းကြီးလမ်း/ အာသာဝတီလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။

ဆေးခန်းတိုက်ရိုက်ပါ။ Interview ချက်ချင်းခေါ်ပါမည်

#ပုလဲသုခအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ

🌿ရာသီအကူးအပြောင်း—တုပ်ကွေးကာကွယ်မှု 🌿📍ရာသီ အပြောင်းအလဲတွေကြောင့် ကိုယ်ခံအား လျော့နည်းသွားပြီး 🤧 တုပ်ကွေး ကူးစက်နိုင်ချေ ...
27/09/2025

🌿ရာသီအကူးအပြောင်း—တုပ်ကွေးကာကွယ်မှု 🌿

📍ရာသီ အပြောင်းအလဲတွေကြောင့် ကိုယ်ခံအား လျော့နည်းသွားပြီး 🤧 တုပ်ကွေး ကူးစက်နိုင်ချေ ပိုများလာတတ်ပါတယ်။
ဒီလိုအချိန်မှာ 👉 တုပ်ကွေး ကာကွယ်ဆေးကို ကြိုတင်ထိုးထားခြင်းက အရေးကြီးပါတယ်။

ကာကွယ်ဆေးထိုးခြင်းရဲ့ အကျိုးကျေးဇူးများ
✔️ တုပ်ကွေး ကူးစက်မခံဘဲ ကာကွယ်နိုင်စေသည်
✔️ ကူးစက်ခဲ့ရင်လဲ အဆင့်မပြင်းထန်စေဘဲ လျော့နည်းစေသည်
✔️ အသက်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ပိုမိုအရေးကြီးစွာ ကာကွယ်ပေးနိုင်သည်

🌸 အကြိုအဆင့်ပြင်ဆင်ပါ
- ကိုယ်ခံအား တိုးစေဖို့ အာဟာရပြည့်ဝစွာ စားပါ
- ကောင်းမွန်စွာ အိပ်စက် အနားယူပါ
- အစောဆုံး ကာကွယ်ဆေးထိုးထားပါ

📌ရာသီအကူးအပြောင်းကာလမှာ ကြုံတွေ့လာနိုင်တဲ့ ရာသီတုပ်ကွေးအန္တရာယ်ကို ကြိုတင်ကာကွယ်ထားနိုင်ဖို့အတွက် အသက် (၆) လ ကလေးမှစပြီး ထိုးနှံနိုင်တာကြောင့် မိသားစုတိုင်း ထိုးနှံထားဖို့လိုအပ်ပါတယ်

💊 ပုလဲသုခဆေးခန်းမှာထိုးနှံနိုင်မယ့် ရာသီတုပ်ကွေးကာကွယ်ဆေးက မြန်မာနိုင်ငံအသိအမှတ်ပြု (Myanmar Registration) ဖြစ်ပြီး Cold Chain System နဲ့ စနစ်တကျ ထားရှိထားတဲ့အတွက် ဆေးအာနိသင်ပိုင်းကိုလည်း ယုံကြည်စိတ်ချနိုင်ပါတယ်

🩺ရာသီတုပ်ကွေးကာကွယ်ဆေး Influvac tetra ကို ပုလဲသုခဆေးခန်းမှာ ထိုးနှံနိုင်ဖို့အတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီနော်

🩵 “ကာကွယ်မှုက ကုသမှုထက် တန်ဖိုးမီ” ဆိုတဲ့ စကားလေး အမှန်ပါ။
ရာသီအကူးအပြောင်း အချိန်မှာ ကိုယ့်ကိုယ်ကို သေချာ ကာကွယ်ကြပါစို့။🩵

Pearl Thukha Specialist Clinic

(အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ)
ရန်ကုန်မြို့ ၊ အမှတ် (၂၀၅)၊ အာသာဝတီလမ်း(ဘုန်းကြီးလမ်း) ၊(၂)ရပ်ကွက် ၊မြောက်ဥက္ကလာပမြို့နယ်။
----------------------------------------
ဆေးခန်းဆက်သွယ်စုံစမ်းရန်
📞 09766263657, 09956475250

ဆေးခန်းဖွင့်ချိန်
⏰(6:00)a.m to (11:00)p.m

Facebook:https://www.facebook.com/share/175wtem6YT/

Viber: https://invite.viber.com/?g2=AQA968Ts1x3ZRFNRNukB%2F6O%2BepcYKg9SVVGVGi4wY4U%2FlmqnDWVDG

#ပုလဲသုခအထူးကုဆေးခန်း

မင်္ဂလာပါရှင် 📌မြောက်ဥက္ကလာပမြို့နယ်ရှိ ပုလဲသုခအထူးကုဆေးခန်းတွင်  Medical Officer position တစ်ဦးအား ခေါ်ယူနေပါသဖြင့် ဆရ...
25/09/2025

မင်္ဂလာပါရှင် 📌

မြောက်ဥက္ကလာပမြို့နယ်ရှိ ပုလဲသုခအထူးကုဆေးခန်းတွင် Medical Officer position တစ်ဦးအား ခေါ်ယူနေပါသဖြင့် ဆရာ/ဆရာမ တို့စိတ်ဝင်စားပါက လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

Duty Time ⏳
- 8:00a.m to 9:00p.m

Salary ✅

- Basic fees - 65000/13hr
- Per head (>20 pt) - 3000
- Other fees +++
- Home visit +++
- Stitching +++
- Other procedure +++
- InVx refer fees ++
- Specialist refer fees ++

[Wifi, coffee, snack provided]
ဆေးခန်းအကူများလဲ လုံလောက်စွာ ရှိပါတယ်ရှင်...🥰

ဆရာ/ဆရာမတို့စိတ်ဝင်စားတယ်ဆိုရင်
အောက်ပါဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပေးပါရှင်...👇

Pearl Thukha Specialist Clinic

(အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ)
ရန်ကုန်မြို့ ၊ အမှတ် (၂၀၅)၊ အာသာဝတီလမ်း(ဘုန်းကြီးလမ်း) ၊(၂)ရပ်ကွက် ၊မြောက်ဥက္ကလာပမြို့နယ်။
----------------------------------------
ဆေးခန်းဆက်သွယ်စုံစမ်းရန်
📞 09766263657, 09785870239

ဆေးခန်းဖွင့်ချိန်
⏰(6:00)a.m to (11:00)p.m

Facebook:https://www.facebook.com/share/175wtem6YT/

Viber: https://invite.viber.com/?g2=AQA968Ts1x3ZRFNRNukB%2F6O%2BepcYKg9SVVGVGi4wY4U%2FlmqnDWVDG
#ပုလဲသုခအထူးကုဆေးခန်း

🦴 အရိုးကျန်းမာရေးကို ဘာကြောင့် ဂရုစိုက်သင့်သလဲ? 🦴    🔺အရိုးတွေဟာ ကျွန်တော်တို့ကိုယ်ခန္ဓာရဲ့ အခြေခံအဆောက်အဦးဖြစ်ပါတယ်။   ...
17/09/2025

🦴 အရိုးကျန်းမာရေးကို ဘာကြောင့် ဂရုစိုက်သင့်သလဲ? 🦴

🔺အရိုးတွေဟာ ကျွန်တော်တို့ကိုယ်ခန္ဓာရဲ့ အခြေခံအဆောက်အဦးဖြစ်ပါတယ်။
🔺လှုပ်ရှားမှုတိုင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာတိုင်းမှာ အရိုးတွေက မရှိမဖြစ် လိုအပ်နေတယ်။

👩‍🦳 အသက်ကြီးလာချိန်မှာ အရိုးကျန်းမာရေးကို ဂရုမစိုက်ထားသူများအတွက် အဓိကဖြစ်လာမယ့်ပြဿနာတွေက —
✔️ အရိုးနည်းရောဂါ (Osteoporosis) – အရိုးကျစ်လျစ်မှုနည်းသွားပြီး အရိုးကျိုးလွယ်သွားခြင်း
✔️ အရိုးကျိုးလွယ်ခြင်း – အနည်းငယ်ထိခိုက်ရုံဖြင့်အရိုးကွဲသွားနိုင်ခြင်း
✔️ လှုပ်ရှားမှုအခက်အခဲ – သွားလာရခက်ခဲပြီး ကိုယ့်ကိုယ်ကိုယ်အပြည့်အဝ မထိန်းနိုင်တော့ခြင်း

👉🏻ဒီလို ပြဿနာတွေကြောင့် ဘဝရဲ့ အဆင်ပြေမှု၊ ပျော်ရွှင်မှုတွေကို လျော့ကျစေနိုင်ပါတယ် ❌

Lifestyle အကျင့်ကောင်းများ

✔️ နေ့စဉ် ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်း
✔️ နေရောင် 10–20 မိနစ်ခံခြင်း
✔️ ဆေးလိပ် 🚭 / အရက် 🍺 ရှောင်ခြင်း
✔️ အလွန်ပိန်/အလွန်အလေး မဖြစ်အောင် ထိန်းခြင်း
✔️ အသက် ၄၀ ကျော်သူများ → Bone Density Test လုပ်ခြင်း

အရိုးကျန်းမာရေးအတွက် အဓိကလိုတာတွေက

Calcium + Vitamin D + Protein + လှုပ်ရှားမှု ဖြစ်ပြီး အခြား micronutrients တွေကလည်း အရေးကြီးပါတယ်။ မလုံလောက်ရင် အရိုးချွတ်ခြင်း, osteoporosis, နှင့် အရိုးအားနည်းမှု ဖြစ်နိုင်ပါတယ်။

❗ အရိုးကျန်းမာရေးက သက်ကြီးမှစ ဂရုစိုက်စရာမဟုတ်ပါ။ငယ်ရွယ်ချိန်ကတည်းက စတင်ဂရုစိုက်မှသာ အနာဂတ်မှာ သန်မာအရိုးနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ပါလိမ့်မယ်။

❗သင့်အနေနဲ့ အရိုးကျန်းမာရေးနဲ့ပတ်သတ်ပြီး စစ်ဆေးမှုများ ပြုလုပ်လိုရင် သို့မဟုတ် အရိုးကျန်းမာရေးနှင့်ပတ်သတ်၍ အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင် ပြသလိုရင် "ပုလဲသုခအထူးကု"ဆေးခန်းတွင် လာရောက်ပြသနိုင်ပါတယ်ရှင်။

Pearl Thukha Specialist Clinic

(အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ)
ရန်ကုန်မြို့ ၊ အမှတ် (၂၀၅)၊ အာသာဝတီလမ်း(ဘုန်းကြီးလမ်း) ၊(၂)ရပ်ကွက် ၊မြောက်ဥက္ကလာပမြို့နယ်။
----------------------------------------
ဆေးခန်းဆက်သွယ်စုံစမ်းရန်
📞 09766263657, 09956475250

ဆေးခန်းဖွင့်ချိန်
⏰(6:00)a.m to (11:00)p.m

Facebook:https://www.facebook.com/share/175wtem6YT/

Viber: https://invite.viber.com/?g2=AQA968Ts1x3ZRFNRNukB%2F6O%2BepcYKg9SVVGVGi4wY4U%2FlmqnDWVDG
#ပုလဲသုခအထူးကုဆေးခန်း



🦠 အသည်းရောင်အသားဝါ B (Hepatitis B) ဆိုတာဘာလဲ🦠အသည်းရောင်အသားဝါ (B) ပိုး ဆိုတာ               လူသားရဲ့  အသည်းကို အထူးသဖြင့်...
12/09/2025

🦠 အသည်းရောင်အသားဝါ B (Hepatitis B) ဆိုတာဘာလဲ🦠

အသည်းရောင်အသားဝါ (B) ပိုး ဆိုတာ လူသားရဲ့ အသည်းကို အထူးသဖြင့် ထိခိုက်စေတဲ့ Hepadnaviridae မိသားစုထဲက သာလွန်ပိုးတစ်မျိုး ဖြစ်ပါတယ်။ကူးစက်သည့်နည်းလမ်းတွေက HIV နဲ့ တူပေမယ့် B ပိုးက HIV ထက် အဆပေါင်းများစွာကူးလွယ်ပါတယ်။

⚠️ ရောဂါအမျိုးအစား (Acute / Chronic)

1. အသည်းရောင် B (Acute Hepatitis B)
ပိုးဝင်ပြီး ခန့်မှန်းအားဖြင့် ၁–၄ လအတွင်း လက္ခဏာထွက်လာနိုင်ပါတယ်။လူအများစုက ကိုယ်ခံအားကြောင့် တဖြည်းဖြည်းပျောက်သွားနိုင်ပါတယ်။
2. အသည်းရောင် B အမြဲတမ်း (Chronic Hepatitis B)
အချို့သူတွေအတွက် ပိုးကို မတိုက်နိုင်တဲ့အချိန်မှာ ပိုးက အသည်းထဲမှာ အမြဲနေရန် ဆက်လက်ကျန်နေတတ်ပါတယ်။အဲဒီအခြေအနေမှာတော့ အသည်းကြီး၊ အသည်းရောင်ရမ်း (Cirrhosis), အသည်းကင်ဆာ (Liver Cancer) ဖြစ်စေနိုင်တယ်။

🩸 လက္ခဏာများ

- ခန္ဓာကိုယ်အားနည်းခြင်း
- မအီမသာဖြစ်ခြင်း
- အစာစားချင်စိတ်မရှိခြင်း
- အန်ခြင်း
- ခန္ဓာကိုယ်၏ညာဘက်အသည်းနေရာအခြမ်း မှနာကျင်ခြင်း
- အသားအရေနှင့်မျက်လုံးအရောင်ဝါခြင်း
- မကြာခဏပင်ပန်းနွမ်းနွယ်ခြင်း

🧬 အသည်းရောင် B ပိုး ကူးစက်နိုင်သည့်နည်းလမ်းများ

1. သွေးမှတဆင့်
- ပိုးပါဝင်နေတဲ့ သွေးကို လှူဒါန်းမှု (သွေးပေး/သွေး လက်ခံ)
2. မိခင်မှ ကလေးဆီ
- အသည်းရောင် B ပိုးရှိမိခင်က မွေးဖွားချိန်တွင် ကလေးထံသို့ ကူးစက်နိုင်သည်။
- ဒါကြောင့် သားဖွားပြီး ချက်ချင်း ကာကွယ်ဆေး ထိုးပေးရပါတယ်။
3. လိင်ဆက်ဆံမှုမှတဆင့်
- ကာကွယ်မဲ့ လိင်ဆက်ဆံမှု (Unprotected s*x)
4. တူညီအသုံးအဆောင်များ
-သွားတိုက်ချောင်းတူသုံးခြင်း
-တူညီအပ်နဲ့ တက်တူးထိုးခြင်း

❗အသည်းရောင် B ပိုးစစ်ခြင်းက ကိုယ့်အတွက်သာမက မိသားစုနဲ့ ချစ်သူများကို ကာကွယ်ပေးနိုင်တဲ့ အရေးကြီးဆုံး အဆင့် ဖြစ်ပါတယ်။

👉 "သေချာမသိရင် စစ်ဖို့လိုတယ်၊ စောစောစစ်လျှင် ကာကွယ်လို့ရတယ်" ဆိုတာကို သတိထားပါ။

🩺 ပုလဲသုခအထူးကုဆေးခန်းတွင် အသည်းရောင်အသားဝါ (B) ပိုးနှင့်ပတ်သတ်၍ စစ်ဆေးခြင်းများပြုလုပ်နိုင်ခြင်းနှင့် ကြိုတင်ကာကွယ်ဆေး ထိုးခြင်းများလဲ ပြုလုပ်နိုင်ပါတယ်ရှင့်။ထို့အပြင် အသည်းရောဂါအတွက်အထူးကုဆရာဝန်ကြီးများနှင့်လည်း လာရောက်ပြသနိုင်ပါတယ်ရှင်....

​ဆေးခန်း ဆက်သွယ်စုံစမ်းရန်
09766263657, 09956475250

ဆေးခန်းဖွင့်ချိန်
(6:00) a.m to (11:00) p.m

Address - အမှတ် (၂၀၅) ၊ ဘုန်းကြီးလမ်း/အာသာဝတီလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ပုလဲသုခအထူးကုဆေးခန်း



ပုလဲသုခမှာ သားဖွားမီးယပ် အထူးကု ဆရာ၀န်ကြီး တွေ နဲ့ နေ့စဉ် တိုင်ပင်ဆွေးနွေးပြီး ဆေးခန်းပြလို့ ရနေပါပြီနော်…👩🏻‍⚕️အမျိုးသမီ...
11/09/2025

ပုလဲသုခမှာ သားဖွားမီးယပ် အထူးကု ဆရာ၀န်ကြီး တွေ နဲ့ နေ့စဉ် တိုင်ပင်ဆွေးနွေးပြီး ဆေးခန်းပြလို့ ရနေပါပြီနော်…👩🏻‍⚕️

အမျိုးသမီးများနှင့် မိခင်လောင်းမေမေများနဲ့ပတ်သက်တဲ့…🙋🏻‍♀️🤰

✅ အမျိုးသမီးရောဂါများ

✅ သားဆက်ခြားခြင်းဆိုင်ရာကိစ္စရပ်များအားဆွေးနွေးနိုင်ခြင်း

✅ သားဥအိမ်တွင် ရေအိတ်တည်ခြင်း၊ သွေးအိတ်တည်ခြင်း၊ ဓမ္မတာထိန်ခြင်း၊ သွေးအဆင်းများခြင်းနှင့် ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းများ

✅ သားအိမ်ခေါင်းကင်ဆာ နှင့် သားအိမ်ပြသနာအမျိုးမျိုး

✅ ရင်သွေးရရန်ခက်ခဲခြင်းများ

✅ ကိုယ်ဝင်ဆောင်စဉ်ကာလများတွင်ကြုံတွေ့ရလေ့ရှိသော ပျို့အန်၊ ခေါင်းမူးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း အစရှိသော အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ဆွေးနွေးတိုင်ပင်နိုင်ပါပြီ…

အမျိုးသမီးတို့ လစဉ်ဖြစ်ပေါ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာများ၊ ကိုယ်ဝန်ဆောင်ချိန်တို့မှာ ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေးပြဿနာများကို အထူးကုဆရာဝန်များနဲ့ သေချာတိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် “ပုလဲသုခ” ကိုသာ ယုံကြည်စိတ်ချစွာ လှမ်းလာခဲ့လိုက်ပါနော်…🙌

☎️ Phone - 09766263657 , 09956475250

🛣️ Address - အမှတ် (၂၀၅)၊ ဘုန်းကြီးလမ်း/ အာသာဝတီလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။

#ပုလဲသုခအထူးကုဆေးခန်း

ကျန်းမာရေးအတွက် စိတ်ချယုံကြည်စွာ ​ပြသကုသနိုင်မယ့် ဆေးခန်းကောင်းတစ်ခုကို ရှာဖွေနေပါသလား❓မိသားစုရဲ့ ကျန်းမာရေးပြဿနာတွေကို ...
09/09/2025

ကျန်းမာရေးအတွက် စိတ်ချယုံကြည်စွာ ​ပြသကုသနိုင်မယ့် ဆေးခန်းကောင်းတစ်ခုကို ရှာဖွေနေပါသလား❓
မိသားစုရဲ့ ကျန်းမာရေးပြဿနာတွေကို နားလည်မှုအပြည့်နဲ့ အကောင်းဆုံး ကုသပေးနိုင်ဖို့ ပုလဲသုခအထူးကုဆေးခန်း က အသင့်ရှိနေပါပြီ👩‍⚕️

ပုလဲသုခ ဆေးခန်းကဆရာဝန်တွေဟာ ရောဂါဝေဒနာတွေကို ကုသပေးရုံသာမက ဘဝတစ်သက်တာ ကျန်းမာပျော်ရွှင်ဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို အနီးကပ်အကြံဉာဏ်ပေးမယ့် ကျန်းမာရေးအဖော်မွန်အဖြစ် ရပ်တည်ပေးသွားမှာပါ💁

ဘာကြောင့် ပုလဲသုခကို ရွေးချယ်ပြသသင့်တာလဲ💁

👩‍⚕️အထူးကုဆရာဝန်များ၏ စောင့်ရှောက်မှု
ရောဂါရှာဖွေမှုနဲ့ ကုသမှုအတွေ့အကြုံများစွာရှိတဲ့ အထူးကုဆရာဝန်များက ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြံပေးမှုတွေနဲ့ တိကျမှန်ကန်တဲ့ ကုသမှုတွေကို ပေးစွမ်းနိုင်ပါတယ်...

🌡ခေတ်မီနည်းပညာများ
နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းတွေကို အသုံးပြုပြီး အချိန်တိုအတွင်း ထိရောက်တဲ့ ရောဂါရှာဖွေကုသမှုတွေကို လုပ်ဆောင်ပေးပါတယ်...

♻ ဂရုစိုက်မှု
လူနာတိုင်းရဲ့ ကျန်းမာရေးရာ ခံစားချက်တွေကို စိတ်ရှည်လက်ရှည် နားထောင်ပြီး အကောင်းဆုံးဖြေရှင်းနည်းတွေကို အသေးစိတ်ရှင်းပြပေးပါတယ်...

ကျန်းမာရေးကောင်းမွန်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ပုလဲသုခအထူးကုဆေးခန်း ကို အခုပဲ လှမ်းလာခဲ့ပါ...💯

ဆက်သွယ်စုံစမ်းရန်

☎ 09766263657,
☎09956475250

🔷 Address - အမှတ် (၂၀၅) ၊ ဘုန်းကြီးလမ်း/အာသာဝတီလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ပုလဲသုခအထူးကုဆေးခန်း



အဆစ်အမြစ်နဲ့ အရိုးနာကျင်မှုတွေကြောင့် လှုပ်ရှားရတာ ခက်ခဲနေပြီလား❓နေ့စဥ်ဘဝမှာ လမ်းလျှောက်တာ၊ အလေးအပင်မတာ၊ အားကစားလုပ်တာ စ...
05/09/2025

အဆစ်အမြစ်နဲ့ အရိုးနာကျင်မှုတွေကြောင့် လှုပ်ရှားရတာ ခက်ခဲနေပြီလား❓

နေ့စဥ်ဘဝမှာ လမ်းလျှောက်တာ၊ အလေးအပင်မတာ၊ အားကစားလုပ်တာ စတဲ့ လှုပ်ရှားမှုတွေတိုင်းကို နာကျင်မှုတွေနဲ့ဖြတ်သန်းနေရတာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေရပြီဆိုရင် အကောင်းဆုံးဖြေရှင်းနည်း ရှိပါတယ်👩‍⚕️

ပုလဲသုခ ရဲ့ အထူးကုဆရာဝန်များက နာကျင်မှုရဲ့အရင်းအမြစ်ကို တိကျစွာရှာဖွေပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ကုသပေးနေပါပြီနော်...👩‍⚕️

နာတာရှည်အဆစ်အမြစ်ရောဂါတွေ၊ အရိုးပွရောဂါတွေနဲ့ ထိခိုက်ဒဏ်ရာတွေကို အမြန်ဆုံး သက်သာစေမယ့် နည်းလမ်းတွေနဲ့ ခေတ်မီ စက်ကိရိယာများကိုအသုံးပြုကာ ကုသပေးမှာပါ...

ပုလဲသုခရဲ့ ဝန်ဆောင်မှုကြောင့်
နာကျင်မှုကင်းပြီး ပေါ့ပါးလန်းဆန်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်...💯

နေ့စဥ်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ကင်းစွာ လုပ်ဆောင်နိုင်မယ်✔

အချိန်ကုန်သက်သာပြီး ရေရှည်အတွက် စိတ်ချရတဲ့ ကုသမှုကို ရရှိမယ်✔

ယုံကြည်စိတ်ချရတဲ့ အထူးကုဆရာဝန်တွေရဲ့ စောင့်ရှောက်မှုကို ခံယူနိုင်မယ်✔

နာကျင်မှုကို ဒီထက်မခံစားဘဲ လှုပ်ရှားမှုတိုင်းကို လွတ်လပ်စွာ ခံစားနိုင်မယ့်ဘဝအတွက် ပုလဲသုခ ကို အခုပဲလာရောက်ကုသလိုက်ပါ... 💁

ဆက်သွယ်စုံစမ်းရန်

☎ 09766263657,
☎09956475250

🔷 Address - အမှတ် (၂၀၅) ၊ ဘုန်းကြီးလမ်း/အာသာဝတီလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ပုလဲသုခအထူးကုဆေးခန်း



လူကြီးတောင် ဖျားနာလွယ်တဲ့ မိုးအေးအေးမှာ နုနယ်တဲ့ကလေးငယ်လေးတွေဟာ ပိုလို့ဂရုစိုက်သင့်တယ်နော်။မိုးရွာပြီဆို မိုးရေထွက်ချိုး...
02/09/2025

လူကြီးတောင် ဖျားနာလွယ်တဲ့ မိုးအေးအေးမှာ နုနယ်တဲ့ကလေးငယ်လေးတွေဟာ ပိုလို့ဂရုစိုက်သင့်တယ်နော်။

မိုးရွာပြီဆို မိုးရေထွက်ချိုးတာ၊ သွားရင်းလာရင်း မိုးမိတာတွေအပြင် စိုထိုင်းဆများတဲ့ မိုးရာသီမှာ
👉🏻 ဖျားနာတာ၊ ချောင်းဆိုး၊ နှာစေး၊ မျက်စိနာ၊ ဝမ်းလျောတာနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေဟာ အဖြစ်များပါတယ်။

ဒီလိုရောဂါတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ? 🤔

✅ အအေးမမိအောင် နွေးနွေးထွေးထွေး ထားပါ။
အရမ်းအေးမနေရင်တောင် လက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။

✅ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ကာ သန့်ရှင်းတဲ့အစားအစာတွေကိုသာ ကျွေးပါ။

✅ နေ့ခင်းနေ့လယ်အိပ်မယ်ဆိုရင်လည်း ခြင်ကိုက်မခံရအောင် ခြင်ထောင်ထောင်အိပ်ပါ။

တကယ်လို့ ကျန်းမာရေး အခြေခံကုသမှုများမှအစ အဆင့်မြင့်ကုသမှုများအထိ Service များကို တစ်နေရာတည်းမှာ ပြည့်စုံစွာ ရရှိနိုင်လို့ အကောင်းဆုံးသော ကုသမှုတွေအတွက် “ပုလဲသုခ အထူးကုဆေးခန်း” ကိုလာခဲ့လိုက်ပါနော်

☎️ Phone - 09766263657 , 09956475250
🛣️ Address - အမှတ် (၂၀၅)၊ ဘုန်းကြီးလမ်း/ အာသာဝတီလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။

#ပုလဲသုခအထူးကုဆေးခန်း


မိန်းမကိုယ်ကတစ်ဆင့်ရိုက်တဲ့အာထရာဆောင်း(TVS)  💁‍♀️❓ Transvaginal Ultrasound (TVS)ကို 'ပုလဲသုခ'အထူးကုဆေးခန်းမှာ ပိတ်ရက်မရှ...
31/08/2025

မိန်းမကိုယ်ကတစ်ဆင့်ရိုက်တဲ့အာထရာဆောင်း(TVS) 💁‍♀️❓

Transvaginal Ultrasound (TVS)ကို 'ပုလဲသုခ'
အထူးကုဆေးခန်းမှာ ပိတ်ရက်မရှိ ကြိုတင်စာရင်းပေးပြီးလာရောက်ရိုက်ကူးနိုင်ပါပြီရှင်...

TVS Ultrasound ဆိုတာဘာလဲ ❓

Ultrasound စက်နှင့် Ultrasound Probe အသုံးပြု၍ မိန်းမကိုယ်​ မွေးလမ်းကြောင်း ထဲသို့ ထည့်သွင်းပြီး အမျိုးသမီးရောဂါနှင့် ကိုယ်ဝန်ကျန်းမာရေးတို့ကို စစ်ဆေးနိုင်ပြီးလွယ်ကူရိုးရှင်းတဲ့ Ultrasound ရိုက်ခြင်းဖြစ်ပါတယ်။

TVS Ultrasound ကိုဘယ်လိုလူနာများရိုက်လေ့ရှိကြလဲ ❓

🩺 ဆီးမတင်းထား / နိုင်သောလူနာများ

🩺သားအိမ်အတွင်း အသားလုံး အကြိတ်၊ အရည်အိတ် ရှိသူများ

🩺သန္ဓေအောင်ခြင်း နှင့် ပတ်သက်သောစစ်ဆေးမှုများ

🩺သားအိမ်ပြင်ပသန္ဓေတည်ခြင်း/ကိုယ်ဝန်ပျက်ကျခြင်း

🩺သားအိမ်အတွင်း သန္ဓေတားပစ္စည်းထည့်ထားသူများ

🩺ဓမ္မတာလာချိန် မှန်/ မမှန်စစ်ဆေးခြင်းနှင့် ပုံမှန်မဟုတ်သော သွေးဆင်းခြင်း

🩺ဆီးစပ်တစ်ဝိုက် ဗိုက်အောင့်ပိုင်း နာကျင်ကိုက်ခဲသူများ

🩺သန္ဓေသားနှလုံးခုန်မှန် /မမှန် စစ်ဆေးခြင်း

TVS Ultrasound ရိုက်ရင်နာကြင်မှုရှိမှာလား❓

Ultrasound Probe လို့ခေါ်တဲ့အသံလှိုင်းထုတ်လွှတ်သည့်ပစ္စည်းကိုမိန်းမကိုယ်ထဲထည့်တဲ့အချိန်မှာတော့အနည်းငယ် ကသိကအောက်ဖြစ်စေမှာပါ၊တစ်ခါသုံးအစွပ်အသုံးပြုထားသောကြောင့် ကူးစက် ရောဂါများအတွက်လည်းစိတ်ချရပါတယ် နောက်ပြီး Ultrasound Gel ကိုပါအသုံးပြုထားပေးပြီး နာကျင်မှုဖြစ်မှာကိုလည်းကြောက်စရာမလိုပါဘူး၊ ပုံမှန်စမ်းသပ်ကုတင်ပေါ်တွင်သာ စစ်ဆေးပြီး၊အချိန်တိုအတွင်း စစ်ဆေးချက် အဖြေများလည်းချက်ချင်းသိရှိနိုင်ပါတယ်ရှင်။

TVS Ultrasound မရိုက်ခင်ဘာတွေကြိုသိထားသင့်လဲ❓

စမ်းသပ်မှုမပြုလုပ်မီ မိနစ်ပိုင်းအတွင်း ဆီးသွားပြီး ဆီးအိမ်ရှင်းထားဖို့တော့လိုအပ်ပါတယ်ရှင်။လုံချည်၊ ဂါဝန်ပွပွ၊ စကပ်ပွပွ ဝတ်ဆင်လာလျှင် ရိုက်ကူးမှုတွင် ပို၍အဆင်ပြေလွယ်ကူပါသည်။(ရိုးရိုး Ultrasound ရိုက်တာနဲ့မတူကွဲပြားခြားနားပါတယ်)

[ မီးယပ်နှင့်သားဖွားကုသမှု မှာနံပတ်(၁)
"ပုလဲသုခ"အထူးကုဆေးခန်းရှိ ဆရာဝန်ကြီးများနှင့်ဆွေးနွေးပြသလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ ]

​ဆေးခန်း ဆက်သွယ်စုံစမ်းရန်
09766263657, 09956475250

ဆေးခန်းဖွင့်ချိန်
(6:00) a.m to (11:00) p.m

Address - အမှတ် (၂၀၅) ၊ ဘုန်းကြီးလမ်း/အာသာဝတီလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ပုလဲသုခအထူးကုဆေးခန်း



Address

အမှတ် (၂၀၅)၊ ဘုန်းကြီးလမ်း/အာသာဝတီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊
Yangon
11031

Telephone

+959766263657

Website

Alerts

Be the first to know and let us send you an email when Pearl Thukha Specialist Clinic & Diagnostic Center ပုလဲသုခ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share